Thursday, August 29, 2013

ဂျာမနီအခြေစိုက် Mercedes Benz ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းကို ပြည်လမ်း၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်ရန် စီစဉ်

AA-29-8
Mercedes-Benz ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် The New  E-Class Model ကားအား တွေ့ရစဉ်
ကမ္ဘာ့ထိပ်တန်း ဂျာမနီအခြေစိုက် Mercedes Benz ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းကို ရန်ကုန်မြို့ ပြည်လမ်း၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း Cycle & Carriage Automobile Myanmar Co.,Ltd မှ သိရသည်။
"Mercedes Showroom ကို အမှတ် (၅၁)၊ ပြည်လမ်း၊ ကုန်းမြင့်သာအနီးမှာ ဆောက်လုပ်နေပါတယ်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လထဲမှာဖွင့်ဖို့ စီစဉ်ထားပါတယ်" ဟု Cycle & Carriage Automobile Myanmar Co.,Ltd မှ Sales Manager ဒေါ်အေးဝင်းထွန်းက ပြောကြားသည်။
ထို့အပြင် လာမည့်နှစ် အစောပိုင်းတွင် Mercedes-Benz ၏ Main Showroom ကို အမှတ် (၅၁)၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်နှင့် Car Workshop ကို အမှတ် (၄/၅/၁၅/၁၆)၊ ရွာမကျောင်းလမ်း၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Daimler AG နှင့် Jardine Cycle and Carriage Ltd တို့ ပူးပေါင်း၍ Mercedes-Benz ကားများကို ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်သွင်းမည့်အပြင် ဂျာမနီမှ နည်းပညာရှင်များ၏ ၀န်ဆောင်မှုကိုလည်း ပေးသွားမည်ဖြစ်ကြောင်း Jardine Cycle and Carriage Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံမှ တိုက်ရိုက်တင်သွင်းလာသော Mercedes -Benz ကားများကို ဦးစားပေးဝန်ဆောင်မှု ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ တစ်ဆင့်ခံ နိုင်ငံများမှ တင်သွင်းလာသော Mercedes -Benz ကားများမှာ ကုမ္ပဏီသို့ အာမခံကြေး ပေးသွင်းရမည်ဖြစ်ပြီး ကုမ္ပဏီမှ အာမခံချက် ရရှိပါက Mercedes -Benz ကားကုမ္ပဏီ၏ Original Spare Parts နှင့် အထွထွေဝန်ဆောင်မှုကို ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခု ဂျာမနီနိုင်ငံမှ တိုက်ရိုက်တင်သွင်းလာသော Mercedes-Benz ကားများသည် လောင်စာဆီအဖြစ် ဓာတ်ဆီကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကျန်လောင်စာဆီသုံး ကားများကို လက်ရှိအချိန်တွင် Mercedes-Benz ကုမ္ပဏီမှ တင်သွင်းခွင့် မပြုသေးကြောင်း Cycle & Carriage Automobile Myanmar Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...