Friday, September 20, 2013

အင်ဒိုနီးရှားနိုင်ငံတွင် အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်









အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။ ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်း သူခြောက် ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော် သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက် လိုကြောင်းလည်း သိရသည်။ သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှ ကာကွယ်ရန် အခြားနည်းလမ်းများ ရှိကြောင်း၊ ယခုအစီအစဉ်သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။ ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။ ၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့် အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

မွေးနေ့အမှတ်တရအဖြစ် Playboy အတွက် ဓာတ်ပုံအရိုက်ခံမည့် ကိတ်မော့စ်






သူမ၏ အသက်(၄၀)ပြည့် အမှတ်တရ အထူးအစီအစဉ်အဖြစ် Playboy မဂ္ဂဇင်းတွင် ညို့အားပြင်းပြင်း ပကတိ အလှဓာတ်ပုံ အရိုက်ခံရန် ကိတ်မော့စ်က သဘောတူညီလိုက်သည်။ လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ ဗြိတိသျှ နာမည်ကျော် မော်ဒယ်လ်ကို အဆိုပါ အထူးထုတ်အတွက် Playboyက ချဉ်းကပ် ကမ်းလှမ်းခဲ့ပြီး ကိတ်ကလည်း လက်ခံခဲ့ခြင်း ဖြစ်သည်။ Playboy၏ အယ်ဒီတာ ဒါရိုက်တာ ဂျင်မီဂျယ်လီနက်ခ်က လော့စ်အန်ဂျလိစ်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ကိတ်သည် အထူးထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက် အသင့်တော်ဆုံး မိန်းကလေး ဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးသွားသည်။

"Playboyဟာ တစ်ကမ္ဘာလုံး သိထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ဒီအတွက် Playboy အထူးထုတ်မှာ တစ်ကမ္ဘာလုံး လူသိများတဲ့ စံပြမော်ဒယ်လ် တစ်ယောက်ကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ အယ်ဒီတာအဖွဲ့အတွက် လူရွေးချယ်ဖို့ တွန်းအားပါပဲ။ ခုတော့ မော်ဒယ်လ်
လောကရဲ့ အကြီးမားဆုံး ကြယ်ပွင့်တစ်ယောက်ကို ကျွန်တော်တို့
ရွေးချယ်နိုင်ခဲ့ပါပြီ။ Playboyရဲ့ နှစ်(၆၀)ပြည့် အစီအစဉ်အတွက် ကိတ်ဟာ လုံးဝ ပြီးပြည့်စုံတဲ့ လက်တွဲဖော် ဖြစ်ပါလိမ့်မယ်"ဟု ဂျင်မီက ပြောကြား
သွားသည်။ Playboy မဂ္ဂဇင်းကို ထူထောင်သည့် ဟုဂ်ျဟက်ဖ်နာက "ကိတ်ဟာ တစ်ကမ္ဘာလုံးအဆင့် ကျော်ကြားတဲ့ နာမည်ကြီး တစ်ယောက်ပါ။
မော်ဒယ်လ်လောကရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

သူဟာ လိင်ဆွဲဆောင်မှု ပုံရိပ်နဲ့ အဆင့်မြင့် မော်ဒယ်လ်ဗီဇတို့ကြားက
ပေါင်းကူးမှုလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုအတွက် သဘာဝအကျဆုံး သင့်တော်သူပါပဲ"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့


........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။

အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။

ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။

"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။

".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )



ပုဂ္ဂလိကဘဏ်များသို့ တရားဝင် နိုင်ငံတကာ ငွေလွှဲနှုန်းတက်






နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ယခင်က ဟွန်ဒီဖြင့်သာ ငွေလွှဲကြရာမှ ယခုနှစ်တွင် ပုဂ္ဂလိက ဘဏ်များသို့ တရားဝင်လွှဲငွေ ဝင်ရောက်မှုနှုန်း တက်လာကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝန်းထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတကာ ငွေလွှဲလုပ်ငန်း စတင်လုပ်ကိုင်သည့် ဖေဖော်ဝါရီလမှ စက်တင်ဘာ လဆန်းပိုင်းအထိ နှိုင်းယှဉ်ပါက တိုးတက်မှု ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘောဇဘဏ် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က ပြောကြားသည်။
“စလုပ်တဲ့အချိန်တုန်းက ငါးနိုင်ငံလောက်ကပဲ အဝင်ရှိတယ်။ အခုနိုင်ငံ ၇၀ လောက်ရှိသွားပြီ” ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

ငွေလွှဲခြင်းလုပ်ငန်းကို Western Union နှင့် ချိတ်ဆက်၍ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့မှအပ ကျန်နိုင်ငံ အားလုံးမှ ငွေလွှဲလျက် ရှိကြောင်း သမဝါယမဘဏ် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သမဝါယမဘဏ်သို့ နိုင်ငံတကာမှ ငွေလွှဲပြောင်း ပေးပို့ရာတွင် ဥရောပနှင့် အာရှနိုင်ငံများထက် အမေရိကန်ပြည်ထောင်စုမှ လွှဲပြောင်းပေးပို့မှု အများဆုံး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လွှဲငွေပမာဏကိုမူ ဗဟိုဘဏ်က တားမြစ်ထားသဖြင့် ပြောဆိုနိုင်ခြင်း မရှိကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။


The Voice Weekly

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်











''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။ ''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။ အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။ ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ








ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။ မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင် ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက် ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။





ရင်သား တွဲကျစေသော အကြောင်းအရာများ


၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေ ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲ လာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။


၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တ ကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲ တာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာအရေး ကြောင်းတွေ ကိုပါ ဖြစ်ပေါ်စေပါတယ်။


၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သား ကို လျော့တွဲလာ စေပါ တယ်။


၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။





ဘယ်လို ကာကွယ်ရမလဲ


၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစား ထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီးခေါင်း ကတော့ အောက် ဆိုက်နေ နိုင်ပါတယ်။


၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။


၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။


၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

အက်ကြောင်လေးနဲ့ မော်ဒယ်ခင်လပြည့်ဇော်


 


 
Xinning China မှာ ကျင်းပမယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မော်ဒယ်ခင်လပြည့်ဇော်ကို စက်တင်ဘာလ ၂၀ရက်နေ့ မနံက်၁၀နာရီက ရန်ကုန်မြို့ Central Hotelမှာ စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ ပြုလုပ်။ 

DVB
 


 


 






မြန်မာမလေး Baby Maung နဲ့ ဘာညာမလေး Baby Maung





















ရေတွင်းထဲ ၁၅ရက်ကြာ ပြန်မတက်နိုင်သူ တရုတ်အမျိုးသမီး အသက်ရှင်လျက်လွတ်မြောက်လာ




From : .... BBC







တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေတွင်းဟောင်းတစ်ခု အတွင်း၌ ၁၅ရက်ကြာပြန် မတက်နိုင်ဘဲ နေထိုင်ခဲ့ရသူ အမျိုးသမီးတစ်ဦးသည် အသက်ရှင်လျက်လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။


စက်တင်ဘာ ၁ရက်က ဟီနန်ပြည်နယ် ဇောင်ဖန်း ကျေးရွာ၌ အသက်(၃၈)နှစ်ရှိ စုကျီကွေ့သည် လူသူလေး ပါး အသုံးပြုခြင်းမရှိတော့သည့် ၁၂ပေနက်သော ရေ တွင်းဟောင်းအတွင်းသို့ လိမ့်ကျ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။


၎င်းသည် ပြောင်းဖူးများကို အစိမ်းလိုက်စား၍ ရေတွင်းထဲသို့ကျလာသော မိုးရေများခံသောက်ကာ အသက်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထပ်မံ ဖော်ပြသည်။ တနင်္လာနေ့ညနေပိုင်း တွင် မီးသတ် သမားများက ၎င်းကိုကယ်တင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူလျက် ရှိသည်ဟု သတင်းများကဖော်ပြသည်။


ပြောင်းဖူးပင်များက ဝိုင်းရံပေါက်နေသဖြင့် ရေတွင်းကို ရုတ်တရက်မမြင်နိုင်ကြောင်း၊ ရေတွင်းနံရံ များမှာလည်း ချောနေသဖြင့် တွယ်တက်ရန်ခက်ခဲကြောင်း သတင်းက ဆိုသည်။ သူသည် ပြောင်း ဖူးခင်းအတွင်း ဆေးဖက်ဝင်သည့် အပင်များကိုလိုက်ရှာစဉ် ရေတွင်းဟောင်းထဲသို့ ကျသွား ခြင်း ဖြစ်သည်ဟု ဟီနန်ပြည်နယ်သတင်းစာ ဒါဟီးက ဖော်ပြသည်။


ယင်းသို့ကျသည့်အခါ ပြောင်းဖူးပင်များကို လှမ်းဆွဲ နိုင်ခဲ့သော်လည်း ယင်းအပင်များပါ သူနှင့် အတူ ရေတွင်း ထဲသို့ ကျခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စက်တင်ဘာ ၁၆ရက် တွင် ရွာသားတစ်ဦးက ပြောင်းဖူး ချိုးလာစဉ် ရေတွင်းထဲမှ ငိုသံကြားသဖြင့် မီးသတ်အဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဒါဟီးသတင်းစာက ရေးသားသည်။

ဆီဒိုးနား နှင့် BHG မဟုတ်မှန်ကြောင်းငြင်းဆို




From : .. Smart Pro Journal





ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်
တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

"Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကို တစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။

လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့ လျက်ရှိပြီးအဆိုပါသတင်း များမှာလည်း မှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။

အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။ လူမှုကွန်ယက်များတွင် ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့် ပတ်သက်ပြီးသတင်းလွှင့်ခြင်း များသည်သက်ဆိုင်ရာကုမ္ပဏီများ၏ အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန် ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသ ယဖြစ်မိကြောင်း အိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။

" Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ် လုပ်ဆောင်လာ တာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။

ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကို
ဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။

အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်း မဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။

အင်တာနက် Bandwidth ကို 40 Gbps အထိ ချဲ့မည်




From : ..dvb


မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိ ပြည်တွင်းသုံးစွဲဖို့အတွက် အင်တာနက် Bandwidth 13 Gbps ရှိရာကနေ လာမယ့် အရှေ့တောင်အာရှ အားကစားပွဲ မတိုင်ခင် အင်တာနက် Bandwidth ကို 20 Gbps အထိ တိုးချဲ့မယ်၊ ဒါတင်မက ၂၀၁၄ ခုနှစ်ရောက်ရင်တော့ အင်တာနက် သုံးစွဲသူ ၁၀၀ မှာ ၇ ယောက်ရှိလာရေး ရည်ရွယ်ပြီး Bandwidth ကို 40 Gbps အထိ တိုးချဲ့ သွားမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၁ သန်း ၂ သိန်းကျော်၊ ADSLလိုင်း တပ်ဆင်ထားသူ ၇၀၀၀ ကျော်ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်မော်ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံက အင်တာနက်လိုင်းတွေဟာ နှေးကွေးလွန်းတဲ့အတွက် စီးပွားရေး လုပ်ငန်း တွေ လုပ်ဆောင်ရာမှာ အဆင်မပြေဘူးလို့ အိုင်တီကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ မဖြူဖြူက ဒီဗွီဘီကို ပြောပါတယ်။

မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်ပြီ





BBC Burmese


အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံသတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

အသက် ၂၂ အရွယ် ဓာတ်ပုံသတင်းထောက်မလေးဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက်ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ငါးယောက်မြောက် မုဒိမ်းသမားက အသက် ၁၈နှစ်အောက်သာ ရှိသေးတာမို့ သူ့ကိုတော့ ကလေးတရားရုံးမှာ သီးခြား တရားစွဲဆိုဖို့ရှိကြောင်း သိရပါတယ်။

ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူလေး တစ်ယောက်ကို အလားတူ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ခဲ့ပြီး လအနည်းငယ်အကြာမှာ ဒီအမှု ဖြစ်ခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာ ခုလို အလားတူ အမှုတွေ ထပ်မံ ဖြစ်ပွားပြီး အမျိုးသမီးတွေ လုံခြုံမှု မရှိတဲ့အပေါ် လူတွေရဲ့ အမျက်ဒေါသတွေ တိုးပွားလာခဲ့ပါတယ်။

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း





အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။

ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။

(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။

တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။

(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်းထားပါ။

(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုး နေရာမှာ ရှိပါစေ။

ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)

(A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။

(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။

တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

** အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။

ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင် နိုင်ကြပါစေရှင်။


credit to Shwe Beauty

နာမည်ကြီးနေသည့် ဆီဒိုးနားဟိုတယ် ဗွီဒီယို အပိုင်း(၁) ထွက်လာ... ရုပ်ရှင်သရုပ်ဆောင်လား၊ လူကြီးသားလား မကွဲပြား (Video File) ကို ၁၈ နှစ် ပြည့်ပြီး သူမှ ကြည့်ရှုပါရန် မေတ္တာရပ်ခံပါသည်


နာမည်ကြီးနေသည့် ဆီဒိုးနားဟိုတယ် ဗွီဒီယို အပိုင်း(၁) ထွက်လာပြီး ရုပ်ရှင်သရုပ်ဆောင်လား၊ လူကြီး သားလား မကွဲပြား ကြောင်း ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်များမှ သိရှိရသည်။ ဆီဒိုးနားဟိုတယ် (အပိုင်း-၁) ခေါင်းစဉ်ဖြင့် နာမည်ကျော် ဒေါက်တာချက်ကြီး ဘလော့တွင် ဖော်ပြထားပြီး DLink တွင် ကြည့်ရှုနိုင်သည်။ (မှတ်ချက်-၁၈ နှစ်ပြည့်မှ ကြည့်ပါ) 
ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု ဖြစ်သော ဆီဒိုးနား ဟိုတယ်တွင် လျှို့ဝှက် ကင်မရာ တပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု အွန်လိုင်းတွင် ပြန့်နှံ့လျက် ရှိကြောင်း သိရှိရသည်။
ယင်းဗီဒီယိုမှတ်တမ်းတွင် အနုပညာရှင် နာမည်ကြီးအသိုင်းအ၀ိုင်းမှ ၂ ယောက်၊ အစိုးရအကြီးအကဲပိုင်းမှ ၃ ယောက်၊ ချမ်းသာသည့် ခရိုနီအသိုင်းအ၀ိုင်းမှ ၅ ယောက်တို့ ပါရှိသည့်အတွက် အထူးပင် လူပြောများ နေကြောင်း သိရသည်။
ဗီဒီယိုမှတ်တမ်းမှာ အရည်အသွေးကောင်းမွန်လှသော High Definition ဗီဒီယိုဖြစ်ကာ အသံဖမ်း စနစ် လည်း အထူးကောင်းမွန်ကြောင်း သိရှိရသည်။ 
အဆိုပါ မှတ်တမ်းမှာ ၂၀၁၃ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် လာရောက် တည်းခိုကြသူများအား ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်နေခြင်းကြောင့် လူထုစိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။ 
 
အောက်ပါ Video ကို ၁၈ နှစ် ပြည့်ပြီး သူမှ ကြည့်ရှုပါရန် မေတ္တာရပ်ခံပါသည်
 
အလားတူ ရန်ကုန်ဆီဒိုးနားအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ ချောင်းသာနှင့် မန္တလေးဒေသများရှိ ဟိုတယ်ပေါင်း ၆ ခုတို့တွင် ၂၀၁၃ ခုနှစ်အတွင်း တည်းခိုခဲ့ကြသူများ၏ မှတ်တမ်းဗီဒီယိုများလည်း ထွက်ပေါ် နေကြောင်း သိရှိရသည်။ နေပြည်တော်မှ ဟိုတယ်မှာ ရွှေနန်းတော် ဟိုတယ် ဖြစ်ပြီး ယင်းဟိုတယ် အခန်းများအတွင်းမှ ဗီဒီယိုမှတ်တမ်းများလည်း လိုချင်သူများ ရှိပါက မျှဝေပေးလျက် ရှိကြောင်း သိရှိရသည်။ 
HD Version ဗီဒီယိုမှတ်တမ်းများတွင် ပါဝင်သည့် ဇာတ်ဝင်ခန်းများကို အောက်ပါအတိုင်း သိရှိရသည်။
(Hotel အခန်းတစ်ခုမှာ ပြောသံတစ်ခု)
................................................
မောင်ရယ် ကျမ****** အိပ်တာ hidden Cam ထဲမှာ ပါသွားမှာစိုးလို့  စောင်ခြုံပြီး အိပ်ပါရစေနော် တဲ့ ......။
(Hotel အခန်းတစ်ခုထဲက ပုံရိပ်များ)
............................................
(အချိန်က လေးနာရီ... အခန်းတံခါးတစ်ခုကို ကောင်မလေးက သူ့ ချစ်သူမျက်နာကို ကြည့်လိုက်ပီး ညင် သာစွာ ပိတ်လိုက်တယ်.. ပြုံးပြတယ်.. ခဏလေးနော် ရေချိုးခန်းကို သွားလိုက်မယ်...တဲ့ ကောင်လေး မှာတော့ သူဖောင်းပီအိပ်ကို နိုက်လိုက်ပြီး... ပိုက်ဆံအိပ်ကိုဆွဲထုပ်လိုက်တယ်... သူ့ မျက်နာ အပြုံးများစွာနဲ့ ........CENSOR CENSOR CENSOR CENSOR အို CENSOR CENSOR CENSOR)
အထက်ပါ ဗီဒီယိုမှတ်တမ်းတွင် ပါဝင်သော လူပုဂ္ဂိုလ်များကို နမူနာအဖြစ် မြည်းစမ်းကြည့်ရှုလိုပါက ဂူးဂဲလ်မှ တစ်ဆင့် လက်ဝယ်ပိုင်ထားသူအား မေတ္တာရပ်ခံကာ DLink တွင် ဒေါင်းလုပ်လုပ်နိုင်ပြီ ဖြစ် ကြောင်း သိရှိရ သည်။ အဆိုပါ နမူနာဗီဒီယို မှတ်တမ်းမှာ (၁၀)နာရီစာ ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ 
ဆီဒိုးနားဟိုတယ် မန်နေဂျာနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ လျှို့ဝှက် ကင်မရာရိုက်ကူးမှု မှတ်တမ်း များကို ယင်းတို့ဟိုတယ် ၀က်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည် ဟု ယူဆလျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ဆီဒိုးနား ဝက်ဆိုက် http://www.sedonasmyanmar.com/ ကို ဖြုတ်ချထားကြောင်း သိရှိရ သည်။ ဟိုတယ် လုံခြုံရေးဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများကိုလည်း ပြန်လည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်များရှိ ဝန်ထမ်း များအတွင်းမှ မဟုတ်ဘဲ ပြင်ပမှ ဝင်ရောက်ကာ တပ်ဆင်သွားခြင်း ဖြစ်သည်။ ၄င်းပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံ တွင် လုံခြုံရေးကင်မရာများ ဖြန့်ဖြူးရောင်းချနေသူ တစ်ဦး ဖြစ်ပြီး ဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ကာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းများကို ၄င်း၏ကွန်ပျူတာတွင် ထည့်သွင်း သိမ်းဆည်းထားခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်များကို Delete လုပ်ထားခဲ့သော်လည်း ဖိုင်များ ပြန်လည်ရှာဖွေသည့် Software များဖြင့် ဖော်ထုတ် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၄င်းပုဂ္ဂိုလ်မှာ ရန်ကုန်မြို့ အခြေစိုက်နေထိုင်သူ မဟုတ်ကြောင်းလည်း သိရှိရသည်။ 
နာမည်ကြီးဟိုတယ်အခန်းများအတွင်း မှတ်တမ်းဗီဒီယိုများကို ဂူးဂဲလ်တွင် ဒေါင်းလုပ်လုပ်၍ ကြည့်ရှုသူ များပြားနေသောကြောင့် လက်ရှိ အချိန်တွင် စိတ်ရှည်သည်းခံစောင့်ဆိုင်း၍ ကြည့်ရှုရမည် ဖြစ်ကြောင်း၊ အကယ်၍ ဂူးဂဲလ်မှ အောက်ပါအတိုင်း Message ပေါ်လာခဲ့ပါက ယနေ့အတွက်တော့ စိတ်လျှော့၍ နောက်တစ်နေ့ ပြန်လည်ကြိုးစားကြည့်ရန် လိုအပ်မည် ဖြစ်သည်။
Sorry, you can't view or download this file at this time. Too many users have viewed or downloaded this file recently. Please try accessing the file again later. If the file you are trying to access is particularly large or is shared with many people, it may take up to 24 hours to be able to view or download the file. If you still can't access a file after 24 hours, contact your domain administrator.
၂၀၁၃ ခုနှစ်အတွင်း ဆီဒိုးနားသို့ သွားရောက်ခဲ့ဘူးသော အမျိုးသား၊ အမျိုးသမီးများအနေဖြင့် အပြင်း အထန် လိုက်လံစုံစမ်းလျက်ရှိပြီး အချို့ဆိုလျှင် သွားရောက်ခဲ့သော စုံတွဲများ ဝါကျွတ်လျှင် မဖြစ်မနေ လက်ထပ်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သိရှိရသည်။ ၂၀၁၃ ခုနှစ်အတွင်း ယင်းဟို တယ်များသို့ သွားရောက်ခဲ့ဘူးသော အချို့သော နာမည်ကြီးအနုပညာရှင်များအနေဖြင့်လည်း ယင်းဗီဒီယို မှတ်တမ်း ပြင်ပ ဈေးကွက်သို့ ထွက်ပေါ်မလာစေရန် ဆုတောင်းကြရတော့မည့် အနေအထား ဖြစ်နေ သည်။ သို့သော်လည်း အွန်လိုင်း အသိုင်းအဝိုင်းအတွင်းမှာမူ ၁၀ နာရီစာ ကွာလတီမြင့် ဗီဒီယို မှတ်တမ်း များ တဖြည်းဖြည်းချင်း ပြန့်နှံ့လျက် ရှိရာ မကြာခင်အချိန်တွင် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့လာတော့မည် ဟု မျှော်လင့်ရပေသည်။
NPT Post

Bladder Cancer ဆီးအိမ်-ကင်ဆာ




(ကင်ဆာ) ဆိုတာ ပုံမှန် (ဆဲလ်) တွေဟာ ပုံမှန်မဟုတ်ဖြစ်မယ်၊ ပုံမှန်ပွါးနည်း မဟုတ်ဘဲ ပွါးများလာတာကို ခေါ်တယ်။ ဆီးအိမ်-ကင်ဆာက အစမှာ အတွင်းဆုံး အလွှာကနေအဲလို ဖြစ်လာတယ်။ များသောအားဖြင့် စောစော သိတတ်ပါတယ်။ ဆေးကုသနည်းတွေကလဲ ဘေးမပြန့်သေးရင် ထိရောက်တယ်။ ကံမကောင်းချင်ရင် ပြန်ပေါ်တတ်တယ်။ ဒါကြောင့် တခါပျောက်တဲ့နောက် ဆေးစစ်နေရမယ်။

Blood in Urine ဆီးထဲသွေးပါတာ သိတာနဲ့ ကင်ဆာ ဟုတ်-မဟုတ် စစ်ဆေးရမယ်။ မျက်စိနဲ့ သွေးကိုမြင်ရတာ မဟုတ်ဘဲ အနုကြည့်မှန်ဘီလူးနဲ့စစ်မှ သိရတာမျိုးလဲရှိတယ်။ ဆီးအရောင် နီနေရင်၊ ညိုနေရင်၊ ရင့်နေရင် စစ်ပါ။ နီရဲရဲက ရှားတယ်။ ဆီးထဲ သွေးပါတိုင်းလဲ ကင်ဆာ မဟုတ်ပါ။ ထိခိုက်မိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပိုးဝင်တာ၊ သွေးကျဲဆေး၊ မူးယစ်ဆေးတွေကြောင့်လဲ ဆီးထဲသွေးပါနိုင်တယ်။

Bladder Changes ဆီးသွားပုံပြောင်းလဲခြင်း
• ဆီးသွားချင်စိတ်ဖြစ်တယ်၊ သွားကြည့်တယ်၊ ဆီးမထွက်ဘူး။
• ခါတိုင်းထက် ဆီးအကြိမ်ရေ ပိုသွားမယ်၊
• ဆီးသွားရင် နာမယ်၊
• ဆီးအသွားရ ခက်မယ်။
• သတိထားဘို့က ဆီးလမ်းပိုးဝင်ရင်လဲ ဒီလိုအပြောင်းအလဲတွေရှိတယ်။

ကင်ဆာမှန်သမျှ ဘာလို့ဖြစ်လဲ တိတိကျကျပြောမရပါ။
• ဆေးလိပ်သောက်သူတွေမှာ ဆီးအိမ်-ကင်ဆာ ၄ ဆ ပိုဖြစ်စေနိုင်တယ်။
• ဓါတုဆေးတွေနဲ့ ထိတွေ့မှုရှိနေသလား သတ္တုတွေကို ကိုယ်တွယ်ရတဲ့အလုပ်မျိုး၊ စက်ပြင်ဆရာ၊ ဆံပင်အလှ ပြင်ပေးရသူတွေမှာ သူများတွေထက် ပိုဖြစ်ကြတယ်။ ဆိုးဆေးတွေ၊ ရာဘာလုပ်ငန်းလုပ်သူတွေ၊ ခြည်ထည် လုပ်ငန်းလုပ်သူတွေ၊ သုတ်ဆေး ကိုင်ရသူတွေ ကိုင်တွယ်တာမှာ အထူးဂရုစိုက်သင့်ကြတယ်။
• ယောက်ျားတွေက မိန်းမတွေထက် ၃ ဆပိုဖြစ်နိုင်တယ်။
• ၁ဝ ယောက်ထဲက ၉ ယောက်ဟာ အသက် ၅၅ နှစ်ကျော်နေပြီ။
• အသားဖြူလူမျိုးတွေက အသားမဲတွေထက် ၂ ဆပိုတယ်။
• မိသားစုထဲ တယောက်မကဖြစ်တာလဲရှိတယ်။

ရောဂါသေခြာအောင်လုပ်နည်း
• ဒါတွေဒါတွေ လုပ်ရမယ်လို့တော့ သတ်မှတ်မထားပါ။ Urine test ဆီးစစ်တာတော့ လုပ်ရမယ်။
• Cystoscopy ကရိယာနဲ့ကြည့်တယ်၊
• Biopsy အသားဖြတ်ယူစစ်ဆေးနည်းက အကောင်းဆုံးဖြစ်တယ်။
• Intravenous pyelogram သွေးထဲကိုဆေးသွင်းပေးပြီး ဓါတ်မှန်ရိုက်နည်း၊
• CT and MRI scans လုပ်မယ်။

Types of Bladder Cancer ဆီးအိမ်-ကင်တာ အမျိုးအစားများ
Transitional cell carcinoma က အဖြစ်အများဆုံးဖြစ်တယ်။ Squamous cell carcinoma နဲ့ Adenocarcinoma တွေက အဖြစ်နည်းတယ်။

Stages of Bladder Cancer ဆီးအိမ်-ကင်ဆာ အဆင့်များ
Stage 0 အတွင်းဆုံးအလွှာမှာသာရှိသေးတယ်။
Stage I ဆီးအိမ်နံရံမှာသာရှိသေးတယ်။
Stage II ဆီးအိမ်-ကြွက်သားအထိရောက်နေပြီ။
Stage III ဆီးအိမ်ဘေးက အဆီနေရာအထိရောက်နေပြီ။
Stage IV တခြားနေရာတွေအထိ ရောက်နေပြီ။

ကုသနည်း
ခွဲစိတ်နည်းကို စောတဲ့အဆင့်မှာ လုပ်တာများတယ်။ တကယ်လို့ ဆီးအိမ်နေရာ အတော်များများမှာ ဖြစ်နေရင် Partial cystectomy ဆီးအိမ် တစိတ်တပိုင်းထုတ်ပြစ်မယ်။ လိုအပ်ရင် Radical cystectomy ဆီးအိမ်တခုလုံးကို ထုတ်ပြစ်မယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဆီးကျိတ် နဲ့ ဆီးသွားပြွန်တွေကိုပါ ထုတ်ဘို့လိုရင် ထုတ်မယ်။ အမျိုးသမီး ဆိုရင် သားအိမ်၊ သားအိမ်ပြွန်တွေ၊ မျိုးဥအိမ်တွေ နဲ့ ဗဂျိုင်းနား တစိတ်တပိုင်းကိုပါ ထုတ်သင့်ရင် ထုတ်မယ်။

ဆီးအိမ်ကို ထုတ်လိုက်ရရင် ဆီးအတွက် နည်းလမ်းသစ်တခုလုပ်ပေးမယ်။ အူအပိုင်းအစတခုယူသုံးမယ်။ External Urostomy bag အိတ်ထဲ ဆီးသွားစေအောင် လုပ်ပေးမယ်။ တချို့ကို ဗိုက်ထဲမှာ ဖန်တီးပေးမယ်။ Artificial bladder ဆီးအိမ်အတုလုပ်တာလဲ ဖြစ်လာနေပြီ။

• Chemotherapy ကင်ဆာဆေးပေးနည်း
• Immunotherapy (အင်မြူနိုသာရာပီ) နည်း
• Radiation ဓါတ်ကင်နည်းတွေလဲရှိတယ်။
• ကုသနည်းသစ်တွေလဲ စမ်းသပ်နေပါတယ်။ Photodynamic therapy လေဆာသုံးကုတယ်။ Gene therapies ဓါတ်ခွဲခန်းမှာ ဗိုင်ရပ်ကို တီထွင်ပြီး ကုတာမှာ သုံးတယ်။

Sex after Bladder Cancer treatment ဆေးကုပြီးနောက် လင်မယား အတူနေနိုင်ရေး
ခွဲရစိတ်ရလို့ အရေးပါတဲ့ အာရုံကြောတွေ ပျက်စီးသွားမယ်။ လိင်အရေးမှာ ခက်ခဲစေတယ်။ လိင်အင်္ဂါ မသန်မာတာ ဖြစ်နိုင်တယ်။ အသက်သိပ်မကြီးသူတွေမှာ အချိန်ကြာရင် ပိုသက်သာလာတာ ရှိပါတယ်။ ယောက်ျားတွေမှာ Prostate gland နဲ့ Seminal vesicles တွေကိုပါ ထုတ်လိုက်ရရင် Semen သုက်ရည် မထွက်နိုင်တော့ပါ။ မိန်းမတွေမှာ Orgasm လိင်ဆန္ဒပြည့်ဝမှု ရဘို့ခက်မယ်။ ဆက်ဆံတဲ့အခါလဲ အရင်လိုမကောင်းတော့ပါ။

Survival Rates ဘယ်လောက်ကောင်းလာနိုင်သလဲ
ရောဂါဖြစ်တာ ဘယ်လောက် စောစောသိသလဲအပေါ် မူတည်တယ်။ ဝေဒနာသည် တဝက်လောက်က စောစော သိကြပါတယ်။ ၅ နှစ်အထိ ရှင်မဲ့သူ ၁ဝဝ% ရှိတယ်။

Dr. တင့်ဆွေ

ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှုကို ဆီဒိုးနားဟိုတယ်မှ ငြင်းဆို





၂၀.၉.၂၀၁၃ သောကြာနေ့

ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှု သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေး အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် ဆီဒိုးနား ဟိုတယ်ရှိ အခန်းများတွင် ပြင်ပလူများက Hidden ကင်မရာ တပ်ဆင်ကာ ရိုက်ကူးမှုမှာ ဖြစ်နိုင်ကြောင်း အဆိုပါ ဆီဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲက ဆက်လက် ပြောကြားသည်။

အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာ အချို့၌ ဆီဒိုးနားဟိုတယ် အခန်းတွင် လျို့ဝှက် ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းမှတ်တမ်းတွင် နာမည်ကြီး ပုဂ္ဂိုလ်များ ပါဝင်ပြီး ဟိုတယ်၏ အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည်ဟု ယူဆရကြောင်းနှင့် လျို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်အတွင်းမှ မဟုတ်ဘဲ ပြင်ပမှ လာရောက် တပ်ဆင်သွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် ဖြုတ်ချထားမှုနှင့် ပတ်သက်ပြီး ၎င်းက ''ဆီဒိုးနားရဲ့ ၀က်ဘ်ဆိုက် အဟက်ခံရတယ်။ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ www.sedonasmyanmar.com

ဝက်ဘ်ဆိုက်က အစကတည်းက ပိတ်ထားတာ ကြာလှပါပြီ။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာ စစ်စတမ်ကို ဟက်ပြီး ဗီဒီယိုဖိုင်တွေ ယူသွားတယ် ဆိုတာ မဖြစ်နိုင်ဘူး။ ၀က်ဘ်ဆိုက်နာမည် အသစ်က လောလောဆယ်မှာ အလွတ်မရလို့ပါ။ နာမည်အသစ် ဖွင့်ထားပြီးပါပြီ။ ၀က်ဆိုက်ဘ်ကို ပိတ်ထားတာက Update လုပ်တဲ့အနေနဲ့ ပိတ်လိုက်တာပါ'' ဟု ဆိုသည်။

ဆက်လက်ပြီး ဆီးဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲကပင် ''ပြင်ပလူက Hidden ကင်မရာတွေနဲ့ အပြင်ကနေလာပြီး ခိုးပြီး တခြားနေရာမှာ တပ်ဆင်သွားတာကတော့ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီထဲမှာပါတဲ့ ဗီဒီယိုထဲက အခန်းတွေက ကျွန်တော်တို့ဆီက ဟုတ်မဟုတ်ဆိုတာ ဗီဒီယိုကို ကြည့်ပြီးမှ ဆုံးဖြတ်လို့ ရမှာလေ။ အဲဒီဗီဒီယိုကို Download လုပ်တာလည်း မရဘူး'' ဟု ဆိုသည်။

''Hidden ကင်မရာတွေ လာတပ်သွားတယ် ဆိုရင်လည်း လုံခြုံရေးပိုင်း အားနည်းတယ်လို့ ပြောတာ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို အခန်းတစ်ခုကို ငှားလိုက်ရင် အခန်းငှားတဲ့သူက ပိုင်သွားတာလေ။ Privacy အရ သူဘာလုပ်တယ်ဆိုတာ ကျွန်တော်တို့က ကြည့်ခွင့်မရှိဘူး။ အခန်းတွေထဲမှာ ကျွန်တော်တို့က ကင်မရာတွေ တပ်ထားတာလည်း မရှိပါဘူး။ ဒီလိုရေးသားမှုမျိုးဟာ ဘာရည်ရွယ်ချက် လဲဆိုတာ မသိသေးပါဘူး'' ဟု အဆိုပါ လုံခြုံရေး အကြီးအကဲက ထပ်မံပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကင်းမြို့မ ရဲစခန်းမှ တာဝန်မှူး စိုးမောင်မောင်က ''ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လာရောက် အကြောင်းကြားတာ မရှိသေးပါဘူး'' ဟု ပြောကြားခဲ့သည်။

EMG

Related Posts Plugin for WordPress, Blogger...