Wednesday, August 14, 2013

ဘီယာဗိုက်အကြောင်း အမှန်တရားများ

ဘီယာဗိုက်အကြောင်း အမှန်တရားများ


သင်ဟာ ဘီယာကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့လို့ ယခုတော့ သင့်ရဲ့ ဗိုက်ဟာ စည်ပိုင်းလေးလို ပူနေပြီလား။ သင်ဟာ ဒီလို “ဘီယာဗိုက်” ပိုင်ရှင် ဖြစ်နေခဲ့ပြီ ဆိုရင် သေချာတာ တစ်ခုက သင်တစ်ယောက်တည်း မဟုတ်ပါဘူး ဆိုတာပါပဲ။

ကမ္ဘာပေါ်မှာ ရှိသမျှ ဘီယာ စွဲစွဲမြဲမြဲ သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဗိုက်ရွှဲလာဖို့ သေချာပါတယ်။ အထူးသဖြင့် ယောက်ျားတွေက ဘီယာသောက်တာချင်း အတူတူ မိန်းမတွေထက် ပိုဗိုက်ရွှဲကြကြောင်း သိရပါတယ်။
ဘီယာဗိုက်လို ဗိုက်ရွှဲရွှဲဟာ ဘီယာကြောင့်ပဲ ဖြစ်ရတာလား ??? ဘီယာသောက်သူတိုင်းမှာ ဘီယာဗိုက် မရှိကြသလို တချို့ အားကစားသမားတွေဟာလဲ အသက်အရွယ် နည်းနည်းလေး ရလာရုံနဲ့ အရမ်းဗိုက်ပူ တတ်ကြပါတယ်။ ဒါဆို ဘယ်အရာက အမျိုးသားအများစုနဲ့ အမျိုးသမီးအချို့ကို ဗိုက်ရွှဲစေတာ ပါလိမ့်။

အဖြေက ရှင်းပါတယ်။ သင့်ရဲ့ သေသပ်ချပ်ရပ်တဲ့ ခါးကို ဘောင်းဘီရှေ့မှာ ပူထွက်လာစေတာ ဘီယာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကယ်လိုရီတွေ များများ စားလို့ ဖြစ်ပါတယ်။ နေ့စဉ်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ ပါတဲ့ ကယ်လိုရီ ဆိုတဲ့ စွမ်းအင်ပမာဏထက် အဆမတန် လှုပ်ရှားမှုနည်းရင် ဗိုက်မှာ အဆီစုလာမှာ သေချာပါတယ်။ ကယ်လိုရီမြင့်တဲ့ အစားအသောက်များ ဖြစ်တဲ့ အရက်၊ သကြားပါသော အချိုရည်များ၊ ကစီဓာတ်နဲ့ အဆီဓာတ်ပေါ် အခြေခံထားတဲ့ အစားအသောက်များ (အမြည်း) စတာတွေအားလုံးဟာ သင့်ကို ဗိုက်ရွှဲစေပါလိမ့်မယ်။ ဘီယာတစ်ခု တည်းကြောင့် ဗိုက်ရွှဲတာတော့ မဟုတ်ပါဘူး။

“ယေဘုယျသဘော ပြောရရင် ဘီယာပဲဖြစ်ဖြစ် အရက်ပဲဖြစ်ဖြစ် သောက်တဲ့သူများဟာ ခါးတုတ်လာဖို့ သေချာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသည်းက ကယ်လိုရီများများကို ဘီယာတွေ အရက်တွေထဲမှာ ပါနေတဲ့ အယ်လ်ကိုဟောဆီကနေ ရတဲ့ အတွက် ခန္ဓာကိုယ်ထဲက အဆီတွေကို ချေ ဖျက်ခြင်း မလုပ်တော့လို့ ဖြစ်ပါတယ်” လို့ အင်ဒိုခရိုင်းပါရဂူ နဲ့ အ၀လွန်မှု သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ Michael Jensen က ရှင်းပြပါတယ်။

ပုံမှန် ဘီယာ တစ်ခွက်မှာ ကယ်လိုရီ ၁၅၀ လောက်ပါပါတယ်။ လူတစ်ယောက်ဟာ (အလုပ်ကြမ်းသမား မဟုတ်ရင်) တစ်နေ့လုံး ပုံမှန် သွားလာ လှုပ်ရှားဖို့ ကယ်လိုရီ ၃၀၀၀ ကနေ ၄၀၀၀ ကြားရရင်ပဲ လုံလောက်နေတာမို့ ဘီယာသောက်ရင် သင်တစ်ထိုင်ထဲ ဘယ်နှခွက်လောက် သောက်သလဲ တွက်ကြည့်ပါဦး။ သေချာတာကတော့ ကယ်လိုရီတွေကို အ၀င်နဲ့ အထွက် မမျှတစေတော့ပဲ overload ဖြစ်စေမှာ ပါပဲ။

နောက်တစ်ချက်က ဘီယာနဲ့မြည်းတဲ့ အစားအသောက်တွေ ကြောင့်လည်း ပါပါတယ်။ အယ်လ်ကိုဟောဟာ သင့်ကို ခံတွင်းကောင်းကောင်း လိုက်စေတော့ သောက်ထားတဲ့အချိန်မှာ စားကောင်း နေတတ်တာမို့ ပုံမှန်အချိန်ထက် ပိုဝင်တတ်ပါတယ်။ ဒါ့အပြင် ဘီယာနဲ့ မြည်းဖို့ ဆိုင်တွေ မှာ ရောင်းတဲ့ စားစရာတွေကလည်း ပီဇာ၊ အာလူးကြော်၊ တောင်ပံအကြွပ်ကြော် စတဲ့ ကယ်လိုရီများတဲ့ ဆီကြော်မုန့်တွေ ဖြစ်နေတတ်လို့ပါပဲ။

ကျန်းမာရေး အန္တရာယ် နည်းအောင် ဘယ်လို သောက်မလဲ ???
ကျွန်တော်လဲ ဘီယာကြိုက်သူတစ်ယောက် ပါပဲ။ ဒါကြောင့် ဒီနေရာမှာ အကြံပြုလိုတာက ဘီယာသောက်ရင် တတ်နိုင်သမျှ ဆီကြော်မုန့် တစ်မျိုးလောက်ပဲ ထည့်ပြီး အသီးအရွက်ကြော်တွေ ပါအောင် မြည်းစေချင်ပါတယ်။ အသီးအရွက်ကြော်တွေဟာ ဆီကြော်မုန့်တွေထက်တော့ ကယ်လိုရီနည်းပါတယ်။ အသီးအရွက်သုပ်တွေကို အစားထိုးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

ပန်းဂေါ်ဖီ အစိမ်းနဲ့ ချောကလက်တို့ရဲ့ အဆီနဲ့ ကယ်လိုရီပမာဏချင်း နှိုင်းယှဉ်ပြထားတဲ့ ပုံပါ
ပြီးတော့ သီဟိုဠ်စေ့လို အဆန်မျိုးတွေနဲ့ တွဲမြည်းရင် သွေးကြောတွေ အသည်းတွေကို အယ်လ်ကိုဟောဒဏ်ကြောင့် ပျက်စီးခြင်းမှ ခံနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တကယ်တန်ဖိုးရှိတဲ့ အချက်တစ်ခု ပြောပြရရင် အရက်ဘီယာ တစ်ခုခု သောက်ခါနီးမှာ နျုရိုဘီယမ်အပြာ၊ အင်နာဗွန်စီ တို့လို Vitamin B Complex ပါတဲ့ အားဆေးတစ်ခုခု ကြိုသောက်ခြင်းဟာလည်း အသည်းခြောက်ခြင်းကို တစ်ဖက်တစ်လမ်းက ထိထိရောက်ရောက် ကာကွယ်နိုင် တာ သေချာပါတယ်။

အရက်ကို အသည်းထဲမှာ အဆိပ်မဖြစ်အောင် ဖျက်ဖို့ ခန္ဓာကိုယ်က B1 လိုပါတယ်။ အရက်နဲ့ မျက်နှာသစ်ပြီး နေ့နေ့ညည သောက်နေတဲ့ သူတွေ၊ ဒါမှမဟုတ် နည်းနည်းသောက်ပေမယ့် နေ့စဉ်မှန်မှန် သောက်သူတွေမှာ B1 ချို့တဲ့နေမှာ သေချာပါတယ်။ B1 တွေ မရှိတော့ရင် အသည်းက ဖြစ်ရာ ရရာ နည်းတွေနဲ့ အယ်လ်ကိုဟောကို ချေဖျက်ပါတယ်။ ဒီအခါမှာ အသည်းထိပါတယ်။ ကြာလာရင် အသည်းအဆီ စဖုံးလာကာ အသည်း ကြီးလာပါတယ်။ အသည်းရောင် သွားလို့ပါ။
နောက်ကြာလာရင်တော့ အသည်းက မကြီးတော့ဘဲ ကျုံ့ကျုံ့လာပါတယ်။ အသည်းခြောက်ခြင်းဟာ အဲသလို ဖြစ်ရတာ ဖြစ်ရတာ ဖြစ်ပါတယ်။

ဒီတော့ B1 လုံးဝ ချို့တဲ့မနေဘူး ဆိုရင် အသည်းခြောက်ခြင်း အန္တရာယ် ရာခိုင်နှုန်းများစွာ လျော့ကျသွားမှာ သေချာပါတယ်။ ဆေးကျောင်းသား ဘ၀ကနေ အခုအထိ ၀ိုင်းဖွဲ့နေကျ ကျွန်တော်တို့ သူငယ်ချင်းတွေဆို အင်နာဗွန်စီလေးတွေ မသောက်ခင် ကြိုသောက် ကြပါတယ်။ ကောင်းရော……..Tongue out
ယောက်ျားလေးနဲ့ မိန်းကလေးတွေဟာ အရွယ်မရောက်ခင် အထိတော့ အဆီစုပုံချင်း တူကြပေမယ့် အရွယ်ရောက်ပြီးရင်တော့ မတူတော့ပါဘူး။ အမျိုးသမီးတွေကျတော့ ကယ်လိုရီတွေဟာ အဆီအဖြစ် လက်မောင်း၊ ပေါင် နဲ့ တင်ပါးတွေမှာ အများဆုံး သွားစုကြပြီး ဗိုက်မှာတော့ စုတာ နည်းသွားပါတယ်။ အမျိုးသားတွေကျတော့ လက်မောင်း၊ ပေါင် နဲ့ တင်ပါးတွေမှာ အဆီတွေ သိပ်မရှိလို့ နောက်လာတဲ့ အဆီတွေက အဲနေရာတွေကို မသွားတော့ဘဲ ဗိုက်မှာ အများဆုံး စုကြတာ ဖြစ်ပါတယ်။
ဘီယာဗိုက်ဟာ အသက်ကြီးရင်လည်း ပိုထင်ရှားလာပါတယ်။ အကြောင်းရင်းတွေက အသက်ကြီးလာသူတွေရဲ့ ခန္ဓာကိုယ်က ကယ်လိုရီ လိုအပ်မှု နည်းလာလို့၊ အပင်ပန်းမခံနိုင်တော့တဲ့ အတွက် လှုပ်ရှားမှု နည်းလာလို့ ဖြစ်ပါတယ်။

အမျိုးသားကော အမျိုးသမီးတွေမှာပါ အသက်လေးရလာတာနဲ့ မျိုးပွားဟော်မုန်း ပမာဏကလည်း လျော့နည်း ကျဆင်းလာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အလယ်ပိုင်း (ခါး) မှာ အဆီစုလာကြတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာလည်း ခါးမှာ အဆီစုဖို့ နီးစပ်တယ်လို့ ကျန်းမာရေး ပညာရှင်များက ဆိုပါတယ်။

ဘီယာဗိုက် ရှိရင် ဘာအန္တရာယ်တွေ ဖြစ်နိုင်သလဲ
မကောင်းတဲ့ အချက်တွေဟာ အလှအပ ပျက်ပါတယ်၊ ဘောင်းဘီတွေ မတော်တော့ပါဘူး ဆိုတဲ့ အချက်တွေ ထက် ပိုပါတယ်။ ဆီးချိုအမျိုးအစား အမှတ် ၂၊ သွေးတိုးနဲ့ နှလုံးသွေးကြောပိတ်ခြင်း ဆိုင်ရာ ရောဂါများ တိတိကျကျကို ဖြစ်စေနိုင်ပါတယ်။
ဝတာချင်း တူရင်တောင် ဗိုက်ရွှဲတဲ့ သူတွေက ပေါင်တွေ တင်ပါးတွေမှာ ၀တဲ့ သူတွေထက် အန္တရာယ် ပိုများပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ ဗိုက်ပေါ်မှာ အဆီတွေ အများကြီး စုနေတယ် ဆိုရင် ၀မ်းဗိုက်ထဲက ကလီစာတွေ ပတ်ပတ်လည်မှာပါ အဆီတွေ ဖုံးနေတယ်ဆိုတာ ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ် ကြီးပါတယ်။

ကလီစာတွေ ဘယ်လောက်အထိ အဆီဖုံးနေသလဲ ဆိုတာကို ခါးအ၀န်း (waist circumference) တိုင်းတာခြင်းဖြင့် ခန့်မှန်းနိုင်ပါတယ်။ ခါးအ၀န်းဟာ အမျိုးသမီးတွေမှာ ၃၅ လက်မ၊ အမျိုးသားတွေမှာ လက်မ ၄၀ ထက်ကျော်မယ် ဆိုရင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်ပြီး သက်တမ်းကို တိုးစေတဲ့ သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် သင့်ရဲ့ကျန်းမာရေးအတွက် သင့်ရဲ့ ခါးဆိုက်ကို ဒီလက်မတွေထက် မကျော်အောင် ထိန်းထားသင့်ပါတယ်။
ဗိုက်ရွှဲခါးတုတ်ခြင်းကို ဘယ်လို လျှော့မလဲ
ဗိုက်ရွှဲခါးတုတ်ခြင်းကို လျှော့ချဖို့ ကယ်လိုရီ လျှော့စားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ ကလွဲရင် မှော်တန်ခိုးဆန်ဆန် နည်းလမ်းတွေ လုံးဝ မရှိပါဘူး။ ဗိုက်အဆီတွေကိုပဲ ရွေးချပေးတဲ့ အဆီချဆေးလည်း မရှိသလို အပြင်ကနေ ဆေးလိမ်း၊ စုပ်ထုတ်၊ အပူပေးတဲ့ နည်းတွေမှာလည်း ဆိုင်ရာ ဆိုးကျိုးတွေ ရှိနေပါတယ်။ တိရိ စ္ဆာန်အဆီ (ဥပမာ ၀က်ဆီ၊၀က်ခေါက်) တွေဟာ စားလိုက်ရင် ဗိုက်ခေါက်ထဲကို တိုက်ရိုက်တန်းဝင်တာကို စမ်းသပ်တွေ့ရှိထားရလို့ ဒါတွေကိုတော့ ဗိုက်ကျချင်ရင် ရှောင်ကြပါ။
အရက်နဲ့ ဘီယာ ယှဉ်ရင်တောင် ဘီယာက ပိုဗိုက်ရွှဲစေတာ အားလုံးသိမှာပါ။ ဘာလို့လဲ ဆိုတော့ အကြောင်းရင်းက ၂ ချက်ရှိပါတယ်။ သိတဲ့အတိုင်းပဲ ဘီယာသောက်ရင် ရေချိန်ရောက်အောင် များများ သောက်ရတော့ ကယ်လိုရီ အဆမတန် ရစေပါတယ်။ နောက်ပြီး ဘီယာထဲမှာ တစေးပမာဏ အများအပြား ပါဝင်ပါတယ်။ တစေးတွေနဲ့ ပုံမှန်ထိတွေ့နေတဲ့ အတွက်ကြောင့် အူတွေ ကလီစာတွေဟာ ကြီးထွားလာခြင်း (Organomegaly) ရလာစေပါတယ်။ ဒီနှစ်ချက်ကြောင့် ဘီယာဗိုက် ဖြစ်လာစေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အယ်လ်ကိုဟော ဆိုရင်တော့ အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။ အရက်ကို ဘ၀နဲ့ ချီပြီး မက်ခဲ့လို့ ဘ၀နဲ့ချီပြီး ပျက်ခဲ့ရသူတွေ၊ ဝေဒနာမျိုးစုံ ရုပ်ပျက်ဆင်းပျက် ခံစားနေရသူတွေ ရှိနေတာကို မယုံရင် ဆေးရုံတွေမှာ သွားကြည့်ကြပါ။ (ဒီလူတွေထဲမှာ အသိဥာဏ် ပညာအဆင့်အတန်း နည်းတဲ့ အခြေခံ လူတန်းစားတွေ ပါသလို ပြည့်စုံကြွယ်ဝတဲ့ ပညာရှင်လူတန်းစားတွေလည်း ပါတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရက်နဲ့ ပတ်သက်ရင်တော့ ပညာသားပါပါ မဆင်ခြင်စွာ သောက်သုံးခဲ့ကြလို့ ဖြစ်တယ်ဆိုတာ ရောဂါရာဇ၀င်ယူခြင်း (History Taking) လုပ်ကြည့်သမျှ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဘ၀နဲ့ချီပြီး ထိခိုက်လောက်အောင်တော့ အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး



လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေး အကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ
အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁)လက်ဖက်ရည်ကြမ်းနှင့် ကင်ဆာ
လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓါတ်တိုးဆန့် ကျင်ပစ္စည်းဟာ ဗီတာမင်စီထက် စွမ်းအား ၁ဝဝ ဆ သာပြီး၊ ဗီတာမင်အီးထက် ၂၅ ဆသာပါတယ်။ လက်ဖက်ရည်ကြမ်းဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ကင်ဆာနဲ့ဆက်နွယ်နေတဲ့ ဆဲပျက်ဆီးခြင်းကို ကာကွယ်ပေးပါတယ်။

(၂) လက်ဖက်ရည်ကြမ်းနှင့် နှလုံးရောဂါ
လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာကိုလက်စထရောကိုကျဆင်းစေတာကြောင့်
နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ရာရောက်ပါတယ်။ နှလုံးရောဂါခံစားနေရသူတွေဆို ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးဆဲလ်ကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေပါတယ်။

(၃) လက်ဖက်ရည်ကြမ်းနှင့် အိုမင်းရင့်ရော်ခြင်း
လက်ဖက်ရည်ကြမ်းမှာပါတဲ့ ပိုလီဖီနော ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ပါးရည်တွန့်ခြင်း၊ အသားအရေပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ ဖရီးရာတီကယ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေကို တိုက်ဖျက်ပေးပြီး အသက်ရှည်စေပါတယ်။


(၄) လက်ဖက်ရည်ကြမ်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း
လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း ထိရောက်စွာ ကူညီပေးပါတယ်။ အဆီတွေကိုလောင်ကျွမ်း သွားစေပြီး၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ လက်ဖက်ရည်ကြမ်းဟာ တနေ့ကို ကယ်လိုရီ ၇ဝ လျှော့ချပေးနိုင်ပြီး တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ပေါင် လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

(၅) လက်ဖက်ရည်ကြမ်းနှင့် အသားအရေ
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အသားအရေကို ပျက်စီးစေတဲ့ ဖရီးရာဒီကယ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

(၆) လက်ဖက်ရည်ကြမ်းနှင့် အဆစ်ရောင်နာ
လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့် အဆစ်နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်ပြီး၊ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲသည့်ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။ အရိုးနုတွေကို ပျက်စီးစေတဲ့ အင်ဇိုင်းပိတ်ဆို့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၇) လက်ဖက်ရည်ကြမ်းနှင့် အရိုး
လက်ဖက်ရည်ကြမ်းမှာ ဖလူအိုရိုက်ဒ် ဒြပ်ပေါင်းမြင့်မားစွာပါဝင်တာကြောင့် အရိုးကို သန်မာစေနိုင်ပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဖြင့် အရိုးကို သိပ်သည်းကျစ်လစ်စေပါတယ်။

(၈) လက်ဖက်ရည်ကြမ်းနှင့် ကိုလက်စထရော
လက်ဖက်ရည်ကြမ်းဟာ ကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောနဲ့ မကောင်းတဲ့ကိုလက်စထရောတို့ရဲ့ အချိုးအစားကို မျှတကောင်းမွန်လာနိုင်တဲ့အစွမ်း ရှိပါတယ်။

(၉) လက်ဖက်ရည်ကြမ်းနှင့် အဝလွန်ခြင်း
လက်ဖက်ရည်ကြမ်းဟာ အဆီဆဲလ်အတွင်း သကြားဓါတ်ရွှေ့လျားမှုကို ရပ်တန့်စေခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကိုစား၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လက်ဖက်ရည်ကြမ်းသောက်ပေးမယ်ဆိုရင်တော့ အဝလွန်ခြင်းဖြစ်လာနိုင်စရာ လုံးဝမရှိပါဖူး။

(၁ဝ) လက်ဖက်ရည်ကြမ်းနှင့် သွေးချိုရောဂါ
လက်ဖက်ရည်ကြမ်းဟာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး သွေးတွင်းသကြားပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်းကို ကာကွယ်ပေးပါတယ်။


(၁၁) လက်ဖက်ရည်ကြမ်းနှင့် အယ်လ်ဇိုင်းမားစ်
လက်ဖက်ရည်ကြမ်းဟာ မှတ်ဥာဏ်စွမ်းအားကို ကောင်းမွန်လာစေတဲ့အစွမ်းရှိတာကြောင့် မှတ်ဥာဏ်ချို့ယွင်းလာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားစ်ရောဂါကို သက်သာစေပါတယ်။ အယ်လ်ဇိုင်းမားစ်ရောဂါကို ကုသနိုင်ခြင်းမရှိပေမယ့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ဦးတည်နေတဲ့ ဦးနှောက်တွင်း ဖြစ်စဉ်တစ်ခုကို နှောင့်နှေးစေနိုင်တဲ့အစွမ်း လက်ဖက်ရည်ကြမ်းမှာ ရှိပါတယ်။

(၁၂) လက်ဖက်ရည်ကြမ်းနှင့် ပါကင်ဆန်
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အကြောအားနည်း၍ ခြေတုန်လက်တုန်ကိုဖြစ်စေတဲ့ ဦးနှောက်တွင်းဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့သူတွေမှာ ခြေတုန်လက်တုန်ရောဂါဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။

(၁၃) လက်ဖက်ရည်ကြမ်းနှင့် အသဲရောဂါ
လက်ဖက်ရည်ကြမ်းဟာ အသဲပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေအတွက် အတွင်းအင်္ဂါအစားထိုးကုသမှု မရနိုင်ခြင်းကို တားဆီးပေးပါတယ်။ အသဲအဆီတွင်းမှာရှိတဲ့ အန္တရာယ်ပေးတဲ့ ဖရီးရာဒီကယ်တွေကို ဖျက်စီးပစ်ကြောင်း သုတေသနအတော်များများက တွေ့ရှိခဲ့ပါတယ်။

(၁၄) လက်ဖက်ရည်ကြမ်းနှင့် သွေးတိုးရောဂါ
သွေးအရမ်းတက်ခြင်းကိုကာကွယ်ပေးပါတ်။ သွေးတိုးခြင်းကိုဖြစ်ပေါ်စေတဲ့ angiotensin တွေကို နှိပ်ကွပ်ပေးခြင်းဖြင့် သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။

(၁၅) လက်ဖက်ရည်ကြမ်းနှင့် အစာအဆိပ်သင့်ခြင်း
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ catechin ဓါတ်ဟာ အစာအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားနဲ့ အဲဒီဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့ အဆိပ်ဓါတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။

(၁၆) လက်ဖက်ရည်ကြမ်းနှင့် သွေးတွင်းသကြားဓါတ်
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ မြင့်မားလာတဲ့ သွေးတွင်းသကြားဓါတ်ကို လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနောနဲ့ ပိုလီဆက်ချာရိုက်ဓါတ်တို့က ထိရောက်စွာ ကျဆင်းစေပါတယ်။

(၁၇) လက်ဖက်ရည်ကြမ်းနှင့် ကိုယ်ခံစွမ်းအား
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနော်နဲ့ ဖလာဗီနွိုက်ဓါတ်ပေါင်းဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်ပေးနိုင်တာကြောင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေပါတယ်။

(၁၈) လက်ဖက်ရည်ကြမ်းနှင့် အအေးမိ၊ဖျားနာ
လက်ဖက်ရည်ကြမ်းသောက်ပေးခြင်းဖြင့် အအေးမိ၊ ဖျားနာခြင်းကို ကာကွယ်နိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဗီတာမင်စီဟာ သာမာန်ဖျားနာခြင်းကို ကုသနိုင်တဲ့အစွမ်းရှိပါတယ်။

(၁၉) လက်ဖက်ရည်ကြမ်းနှင့် ပန်းနာရင်ကျပ်
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ theophyline ဟာ အသက်ရှုလေပြွန်ကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို ပြေလျှော့စေတာကြောင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်။

(၂ဝ) လက်ဖက်ရည်ကြမ်းနှင့် နားရောဂါ
လက်ဖက်ရည်ကြမ်းဟာ နားရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ချည်စလေးကိုလုံးပြီး လက်ဖက်ရည်ကြမ်း စွတ်ပြီး နားတွင်းသန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။

(၂၁) လက်ဖက်ရည်ကြမ်းနှင့် ရေယုန်
လက်ဖက်ရည်ကြမ်းဟာ ရေယုန်ရောဂါအတွက် ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ နှပ်ထားတဲ့ လက်ဖက်ရွက်ကို ရေယုန်ပေါ် လိမ်းပေးပြီး ခြောက်သွားအောင်ထားလိုက်ပါ။

(၂၂) လက်ဖက်ရည်ကြမ်းနှင့် သွားပျက်စီးမှု
ခံတွင်းရောဂါကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးအမျိုးမျိုးကို ချေဖျက်ပေးပါတယ်။ ခံတွင်းနံ့ဆိုးဝါးမှုကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုကိုလည်း လျှော့ချပေးပါတယ်။

(၂၃) လက်ဖက်ရည်ကြမ်းနှင့် စိတ်ဖိစီးမှု
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ L-theanine ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို လျော့ကျဖြေဖျောက်ပေးနိုင်ပါတယ်။

(၂၄) လက်ဖက်ရည်ကြမ်းနှင့် ဓါတ်မတည့်ခြင်း
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ EGCG ဟာ ဓါတ်မတည့်မှုဖြစ်ခြင်းကို သက်သာစေပါတယ်။ ဓါတ်မတည့်ကို ခံစားနေရပြီဆိုရင်တော့ လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

(၂၅) လက်ဖက်ရည်ကြမ်းနှင့် HIV
ဂျပန်သုတေသနပညာရှင်တွေဟာ လက်ဖက်ရည်ကြမ်းမှာပါတဲ့ EGCG ဓါတ်ဟာ HIV ပိုးတွေ ကောင်းတဲ့ခုခံအားဆဲလ်တွေဆီ ပေါင်းစည်းခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဒါဟာ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့် HIVပိုးပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။
source:http://www.khitlunge.net.mm/HealthBeauty/Healthbeauty
shared by:http://natureenergycare.blogspot.com/2012/10/blog-post_3817.html#more

By Health Articles

စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်


၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။ ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။

သူ့အမည်က ကက်နက် ဖြစ်သည်။ အင်တာနက်ပေါ်တွင် လူငယ်တို့ ထုံးစံအတိုင်း Skype ကို သုံးစွဲရာ မှ ဂျိုအန်း ဆိုသည့် မိန်းကလေး တစ်ဦးနှင့် ချိတ်ဆက်မိသည်။

Skype ကိုတော့ အထွေအထူး ပြောစရာ လိုမည် မထင်ပါ။ ရုပ်မြင်သံကြား အပြန်အလှန် ဆက်သွယ် နိုင်သည့် အွန်လိုင်း စနစ်တစ်ခု ဟုသာ ဆိုရပါမည်။

လူငယ်တို့သဘာဝ ပြောဆို ကြူမိရာမှ တစ်ဦးနှင့်တစ်ဦး အမြင်တွေ လွန်ကျူးအောင် စကားတွေ စလာ တော့သည်။ ကောင်မလေးဘက်က အကြံနှင့် ဆက်သွယ်နေမှန်း မသိသော ကက်နက်က ကောင်မလေးကို အပေါ်ပိုင်း ချွတ်ပြရန် ကမ်းလှမ်းလိုက်မိသည်။ ကောင်မလေးကလည်း မပေါ့တပေါ် မလုံ့တလုံလေး လုပ်ပြလိုက်သည်။

ကောင်မလေးကလည်း ကောင်လေးကို သူတော့ အပေါ်ပိုင်း ချွတ်ပြ ပြီးပြီ ကောင်လေးကို အပေါ်ပိုင်း တီရှပ် ချွတ်ပြရန် တောင်းဆိုတော့ သည်။ ကောင်လေးကလည်း ကောင်မလေးက တောင်းဆိုလာသဖြင့် တီရှပ်ကို ချွတ်ပြလိုက်သည်။ နောက် တစ်ဆင့် တက်လာသည်။ ချိန်းတွေ့ ကြမည်ဟု ကောင်မလေးက တောင်းဆိုလာသည်။ ကောင်လေးကလည်း ရက်ရောစွာဖြင့် မိမိ ဖုန်းနံပါတ်ကို ကောင်မလေးအား ပေးလိုက်သည်။ အမှားကတော့ စပြီ။

ကောင်လေးက ကောင်မလေးထံမှ ဖုန်းနံပါတ်ကို တောင်း သည်။ ကောင်မလေးက ချွဲတဲတဲဖြင့် ဖုန်းနံပါတ် ပေးမည်၊ ရှိတာအကုန် ချွတ်ခိုင်းတော့သည်။ မိမိ ဖုန်းနံပါတ် လိုချင်လျှင် ကောင်လေးကို တစ်ကိုယ်လုံး ချွတ်ပြဟု ပြောသည်။ ကက်နက် တစ်ယောက် အယုံသွင်း ခံလိုက်ရသည်။ ကောင်မလေး ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက် လုပ်သည်။ လုံးဝ အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။

ဖုန်းနံပါတ်ကို ကောင်လေးက တောင်းလိုက်ချိန်တွင် ကောင်မလေးက ဖုန်းထဲကတစ်ဆင့် သူ၏ မဖွယ်မရာ ကိုယ်လုံးတီးပုံကို ရိုက်ယူ ထားကြောင်း ပြလိုက်သည်။ ပြီးလျှင် ဒေါ်လာ ၅၀၀၀ ကို မိမိထံ လွှဲပေး ရမည် ဖြစ်ကြောင်း၊ မလွှဲပေးပါက သူ့ပုံကို အွန်လိုင်းသို့ လွှင့်တင်လိုက် မည် ဖြစ်ကြောင်း စတင် ခြိမ်းခြောက်တော့သည်။ သူမပေးမည့် ဘဏ်စာရင်း နံပါတ်အတိုင်း ငွေများကို ပို့ပေးရန် ပြောသည်။ ကောင်လေး ကြောက်လန့်ပြီး တစ်လုံးတစ်ခဲတည်း မပေးနိုင်ကြောင်း ပြောသဖြင့် ယနေ့ ဒေါ်လာ ၂၀၀၀ လွှဲပေးရန်၊ မနက်ဖြန် ကျန် ဒေါ်လာ ၃၀၀၀ ကို လွှဲပေးရန်၊ မလွှဲပေးလျှင် ဗီဒီယိုဖိုင်ကို အင်တာနက်သို့ လွှင့်တင်လိုက်မည်ဟု ပြောပြီး အဆက်အသွယ် ဖြတ်လိုက်သည်။

မကြာမီ ကက်နက်ထံ ပို့ပေးရမည့် ငွေစာရင်း နံပါတ်ကို ဖုန်းကတစ်ဆင့် စာဖြင့် ပို့လိုက်သည်။ ကောင်လေး ဒုက္ခကောင်းကောင်း တွေ့ရပြီ ဖြစ်သည်။ စုထားသည့် ငွေများကို ဘဏ်က သွားထုတ်ရ သည်။ ပြီးလျှင် သူမပြောသည့် ဘဏ်စာရင်းသို့ လွှဲပေးလိုက်ရသည်။ အဖြစ်အပျက်က မိဘကိုလည်း ပြန် မပြောရဲ။ ကိစ္စကလည်း ငွေပေးလိုက်လျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။

နောက်တစ်နေ့တွင် ကျန်ငွေများကို ပေးပြီးနောက် သူ့ထံ ဖုန်းဝင်လာ သည်။ ကောင်မလေး၏ ရည်းစားဆိုသူက ဆက်ခြင်း ဖြစ်သည်။ သူကလည်း ဘဏ်စာရင်း နံပါတ်တစ်ခု ပေးမည် ဖြစ်ကြောင်း၊ ထိုစာရင်းထဲသို့ ဒေါ်လာ ၆၀၀၀ ထည့်ပေးရန်နှင့် မထည့်ပေးလျှင် သူ့ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြန်သည်။ ထိုသူကလည်း ငွေ မပေးလျှင် ကောင်မလေး ဖခင်ထံ ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်မည်ဟု ပြောပြန် သည်။

ကက်နက်တစ်ယောက် နောက်ထပ် ဒေါ်လာ ၆၀၀၀ လွှဲပေးလိုက်ရပြန်သည်။ မကြာမီ ဖုန်းဝင်လာဖြင့် ကက်နက် ကိုင်လိုက်ရာ ကောင်မလေး ဖခင်ဆိုသူက သူ့ ဗီဒီယိုဖိုင်ကို တွေ့ပြီး ဖြစ်ကြောင်း၊ မိမိပေး သည့် ဘဏ်စာရင်း အတိုင်း ဒေါ်လာ ၆၀၀၀ ထပ်လွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗီဒီယိုကို အင်တာနက်တွင် တင်လိုက်မည်ဟု တတိယအကြိမ်မြောက် ခြိမ်းခြောက် ငွေတောင်းပြန်သည်။ ကက်နက်ဘဝက ဘယ်လိုမှ မတတ်နိုင်တော့သည့် အခြေအနေ ဖြစ်သည်။ သူတို့ တောင်းသည့် နောက် ထပ် ငွေကို ထပ်လွှဲပေးလိုက်ရပြန်သည်။

ဤသို့ဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်သို့ ရောက်ခဲ့သည်။ ကက်နက် တစ်ယောက် ဘဏ်ပေါင်း ၈၉ ခုတိတိသို့ ငွေများ လွှဲပြောင်း ပို့ပေးခဲ့ရသည်။ မကြာခဏ ငွေညှစ် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကာ မတတ်နိုင်တော့သည့်အဆုံး၊ ငွေလည်း တစ်ပြားမျှ မရှိတော့သဖြင့် ဖခင်ကို ဖွင့်ပြောလိုက်ရတော့သည်။

စုစုပေါင်း ဒေါ်လာ တစ်သိန်းလောက် ပြောင်မှ ဖခင်ကို ဖွင့်ပြောပြခြင်း ဖြစ် သည်။ ဖခင်က သူ့ကို ရဲစခန်းသို့ ခေါ်သွားသည်။ ကက်နက် ကလည်း ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြလိုက်ရတော့သည်။ ရဲအရာရှိများ က သေချာစွာ မှတ်တမ်းတင်ပြီး ဆယ်လခန့် အကြိမ်ကြိမ် ငွေညစ်ခဲ့ခြင်းကို ရင်ဖွင့်ခဲ့ရ သည်။ ဘဏ် ငွေစာရင်း နံပါတ် ခြောက်ခုခန့် ပြောင်းလဲ ပို့ပေး ခဲ့ရသည်။ ရဲက ကောင်လေးထံက ဖုန်းကို သိမ်းထားလိုက်ပြီး ဖုန်းနံပါတ်များ ဆက်သွယ်ထားမှုကို မှတ်တမ်းဖြင့် စစ်ဆေးကြည့်ကာ ခြေရာ စခံခဲ့သည်။

ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲပြီး သူ့ကဏ္ဍအလိုက် အမှုကြောင်းကို ခြေရာခံတော့ သည်။ ဖုန်းနံပါတ်များ၊ ဘဏ်စာရင်း နံပါတ်များကို နောက်ကြောင်း လိုက်ကြ သည်။ လွန်ခဲ့သည့် ၁၀ လအတွင်း ဖုန်းနံပါတ်များ၊ ဆက်သွယ်မှုများ အားလုံး ကို ပြန်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ကောင်မလေး နာမည်ကို Facebook ကတစ်ဆင့် ခြေရာခံမိပြီး ပုံပါ အတိအကျ ရရှိလိုက် ကြသည်။ ကက်နက်ကို ကောင်မလေးပုံအား ပြပြီး အတည်ပြုခိုင်းပြီးနောက် ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။ နောက် ဆုံး ကောင်မလေး နေထိုင်သည့် တိုက်ခန်းကို ခြေရာခံမိပြီး ရဲများက သွားရောက် စစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် အခန်းအတွင်း အတူ ပြစ်မှု ကျူးလွန်သည့် ယောက်ျားလေး သူငယ်ချင်းကိုပါ အတူ ဖမ်းမိလိုက်သည်။

ယခုအဖြစ်အပျက်လေးကို Facebook ပေါ်တွင် တစ်ယောက်ယောက်က မျှဝေထားသည်ကို ပြန်လည် ကြည့်မိကာ ရေးပြခြင်း ဖြစ်ပါသည်။ ပြဿနာ အစ အွန်လိုင်း Chatting တွေက ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့၊ ရိကြ၊ ကလိကြရင်းက အကြံသမား တစ်ယောက်၏ ပိုက်ကွန်ကို လူငယ်တို့ တိုးဝင်ပြီး ဒုက္ခရောက်ရပုံကို ထိမိစွာ ဗီဒီယိုဖြင့် တင်ပြနိုင်ခဲ့သည်။

တကယ်တော့ ဖြစ်ရပ် အားလုံးကို ဂျိုအန်း၏ ရည်းစားဖြစ်သူ အလက်ဇန်းဒါး ဆိုသူက ကြိုးကိုင် ဖန်တီးသွားခြင်း ဖြစ်သည်။ ပြစ်မှု ထင်ရှားသဖြင့် သူ့ကို ထောင်ဒဏ် ငါးနှစ် ချလိုက်သည့်အပြင် ကြိမ်ဒဏ် ငါးချက်လည်း ပါလိုက်သေးသည်။ ဂျိုအန်း အမည်ခံ ရပ်ဆွေတင်းကိုတော့ ၂၄ လ ကောင်း စွာ နေထိုင်စေရန်နှင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ အမိန့်အပြင် နာရီပေါင်း ၁၃၀ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်စေနှင့် မိဘများကလည်း အာမခံကြေး ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့် ချမှတ်ခြင်း ခံရသည်။

ဤဖြစ်ရပ်လေးသည် ခေတ်သစ် လူငယ်များကို သင်ခန်းစာများစွာ ပေးပါ သည်။

ကွန်ပျူတာ Web ကင်မရာရှေ့တွင် မဖွယ်မရာ အပြုအမူ၊ အနေအထိုင် အပြောအဆိုများ မလုပ်မိ ပါစေနှင့်။ အွန်လိုင်းပေါ်တွင် အပေးအယူ တောင်း ဆိုမှုများကို သတိပြုပါ။ ဖြစ်ပေါ်လာသည့် ပြဿနာများကို မိမိ တစ်ယောက် တည်း ကြိတ်ပြီး ဖြေရှင်းမည့်အစား မိဘများ သို့မဟုတ် ယုံကြည် စိတ်ချရသည့် သူများကို ဖွင့်ဟ တိုင်ပင်သင့်ပါသည်။

ဆိုရှယ် မီဒီယာများ ခေတ်စားနေချိန်တွင် အမှား တစ်ချက်ကြောင့် ဘဝ ပျက်သွားနိုင်ပါသည်။ ကက်နက်နေရာတွင် လူတိုင်း ဖြစ်နိုင် သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ဆိုရှယ် မီဒီယာနှင့် နည်းပညာများက ခြေသွက်လှသည်။ မိနစ်ပိုင်းအတွင်း အမှား တစ်ခု ကြောင့် ဘဝ ဆုံးရှုံးသည့်အပြင် အသက်ပါ ဆုံးရှုံးရသူတွေ လည်း မနည်းတော့ပြီ။ စဉ်းစား ဆင်ခြင် သတိနှင့် ခေတ်မီစေချင်ပါသည်။

သတင်းပေါင်းစုံ

ဒီယုန်မြင်လို့ ဒီချုံထွင်နေတာလားကင်တားနား



သြဂုတ်လ ၁၂ ရက်နေ့ကစစ်တွေမြို့ကိုရောက်လာတဲ့ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး သောမတ်စ် ကင်တားနားကိုဒေသခံပြည်သူတွေကအလိုမရှိကြောင်းဆိုင်းဘုတ်နဲ့ ပိုစတာတွေကိုင်ပြီး ဆန္ဒပြကြိုဆိုကြ တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေ ဘာဖြစ်လို့ ခါးခါးသီးသီး ဆန္ဒပြကြသလဲဆိုတာအမေးရှိရင် အဖြေရှိရမှာပဲ ဖြစ်ပါတယ်။ ကင်တားနားရဲ့ ဒီတစ်ကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွက်တော့ ၀င်ဝင်ချင်း စောက်နဲ့ထွင်းဆိုသလိုလူ့အခွင့်အရေးအလွဲသုံးစားပြုသူလို့ စွပ်စွဲခံရပြီး GET OUT !ထွက်သွားဆိုပြီး နှင်ထုတ်ခံလိုက်ရပါတယ်။ ကင်တားနားကိုဘာဖြစ်လို့ အဲဒီလိုသုံးနှုန်းခေါ်ဆို ဆန္ဒပြရသလဲဆိုတာသူပြောခဲ့၊ လုပ်ခဲ့တဲ့ဖြစ်ရပ်တွေကလည်းလက်ခံနိုင်စရာမရှိဘဲကိုး။

ရခိုင်ပြည်နယ်ကိုခြောက်ကြိမ်မြောက် လာရောက်စဉ်က ၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်း မှာအကြမ်းဖက်ခေါင်းဆောင် လုပ်ခဲ့တဲ့ ဒေါက်တာထွန်းအောင်နဲ့ သွားတွေ့တယ်၊ အစိုးရနဲ့ တွေ့တဲ့အခါကျတော့ ဒေါက်တာထွန်းအောင်ကိုလွှတ်ပေးရင် ရခိုင်ပြည်နယ် အရေးအခင်းကိစ္စ ငြိမ်းအေးသွားမယ်လို့ပြောခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့တယ်။ မောင်တောအရေးအခင်းတုန်းကအဓိကကြိုးကိုင်ခဲ့လို့ အရေးယူထားတဲ့ အပြစ်သား တစ်ယောက်ကို လွှတ်ပေးဖို့ပြောတာဟာဒီနိုင်ငံရဲ့ ဥပဒေကို ၀င်စွက်ဖက်ခဲ့တဲ့ ကင်တားနားဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းကိုသုံးသပ်ပြခဲ့ရာမှာလည်းဇွန်လ ၈ ရက်နေ့ကမောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီကုလားတွေက ရခိုင်တွေကိုစတင် တိုက်ခိုက်ပြီးရခိုင် အိမ်တွေဖျက်ဆီးခဲ့မှုနဲ့ ရခိုင်တွေ အသေအပျောက်များတာကိုမသိဟန်ဆောင်ပြီးရခိုင်များကသာဘင်္ဂလီတွေကိုစပြီးတိုက်ခိုက်ခဲ့တာလို့ တဖက်သတ်စွပ်စွဲပြောဆိုခဲ့တာလဲကင်တားနားပဲဖြစ်ပါတယ်။
ကင်တားနားဟာရခိုင်ပြည်နယ်ကို (၆) ကြိမ်တိုင်တိုင် လာရောက်ခဲ့ဖူးသူဖြစ်ပြီး အဲဒီလိုလာတဲ့အကြိမ်တိုင်းမှာဘင်္ဂလီများနဲ့သာတွေ့ဆုံလေ့ ရှိပါတယ်။ ခရီးစဉ်ပြီးဆုံးချိန်တိုင်းမှာ လဲဘင်္ဂလီတွေကိုတိုင်းရင်းသားအဖြစ်လက်ခံဖို့ ၊ OIC ရုံးဖွင့်ခွင့် ပေးဖို့ အစိုးရကိုတိုက်တွန်း ရုံသာမကသူနဲ့ဘာမှမသက်ဆိုင်နိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့တွေကိုပါ တိုက်တွန်းလေ့ ရှိတာကြောင့် ရခိုင်တိုင်းရင်းသားတွေသာမကလူထုတစ်ရပ်လုံးကပါ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
ဒါ့ပြင် ကင်တားနားကရခိုင်ပြည်နယ်ကိုလာတိုင်းဘင်္ဂလီတွေရဲ့ အသနားခံငိုယိုတောင်း ပန်မှုတွေကိုကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းထံကိုအစီရင်ခံလေ့ရှိတာကြောင့် ဘန်ကီမွန်းကတောင် ရခိုင်လူမျိုးတွေရဲ့ ခံစားချက်ကိုလျစ်လျူရှုပြီး ဘင်္ဂလီတွေကိုတိုင်းရင်းသားအဖြစ်လက်ခံပေးဖို့ ဖိအားပေးတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အဖြစ်မှန်ကိုဖုံးကွယ်ပြီးလူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာရခိုင်တွေရဲ့ဒုက္ခကိုမျက်ကွယ်ပြု၊ ဘင်္ဂလီတွေအရေးရှေ့တန်းတင်ပေးခဲ့တဲ့ ကင်တားနားဟာဘက်လိုက်တဲ့ လူဖြစ်နေတဲ့အတွက် အခုလာတဲ့ခရီးစဉ်ကို ဆန္ဒပြကြိုဆိုခဲ့ကြတာဟာရခိုင်လူမျိုးတွေ လုပ်သင့်လုပ်ထိုက်တဲ့ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။
ခရီးစဉ်မစခင်ကတည်းကကင်တားနားဟာစစ်တွေအကျဉ်းထောင်ကိုသွားပြီးဦးကျော်လှအောင်၊ ဒေါက်တာထွန်းအောင် တို့နဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုပြီးသတင်းတွေ ထွက်ပေါ်နေခဲ့တဲ့အတိုင်းအမှန်တကယ်လဲစစ်တွေအကျဉ်းထောင်ကိုသွားခဲ့ ပါတယ်။ ပြီးတော့ အကျဉ်းထောင်မှာအပြစ်ခံနေရတဲ့ ဦးကျော်လှအောင်၊ ဒေါက်တာထွန်းအောင်နဲ့ ဘင်္ဂလီအမျိုးသမီး (၅) ဦးတို့ကိုတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကင်တားနားရဲ့ ပြောနေကြဓါတ်ပြားဟောင်းကြီးပဲ ပြန်ကြားရပါဦးမယ်။ သူမလာခင်ရက်ပိုင်း ကစစ်တွေဘင်္ဂလီကယ်ဆယ် ရေးစခန်းမှာချောင်းထဲမှာတွေ့ရတဲ့ ဘင်္ဂလီလူသေအလောင်းကိစ္စနဲ့ ရုန်းရင်းဆန်ခတ်ပြဿနာများ ဖြစ်ပွားခဲ့ပါတယ်။ ပြဿနာရဲ့အဖြစ်အပျက်အမှန်ကို ကင်တားနားကဥာဏ်ဆင်ပြီးပြောဖို့ စကားလုံးတွေစီပြီးနေလောက်ပါပြီ။ အဲဒီရုန်းရင်းဆန်ခတ်မှုက ကင်တားနားအတွက် အစိုးရမှ ဘင်္ဂလီများအားပစ်ခတ်နေပါတယ်လို့ ကမ္ဘာကိုသတင်းလွှင့်နိုင်ဖို့ အထောက် အထားအဖြစ် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။
ကင်တားနားဟာစစ်တွေမြို့နယ်မှာရှိတဲ့ ဘင်္ဂလီတွေနဲ့ သီးခြားတွေ့ဆုံမယ်။ အစိုးရအဖွဲ့၊ ဒေသခံလူမှုအဖွဲ့အစည်း၊ မြို့မိမြို့ဖများနဲ့လည်းတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ကင်တားနားဘာတွေ ပြောမလဲဆိုတာ ကြိုတင်သိရှိနေပြီး ဖြစ်ပါတယ်။ မနေ့တစ်နေ့ကစစ်တွေဒုက္ခသည်စခန်းမျာဖြစ်ခဲ့တဲ့ ဘင်္ဂလီတစ်ဦးသေဆုံးမှုအပေါ် တာဝန်အရ ဆောင်ရွက် နေတဲ့ ရဲဝန်ထမ်းတွေကို အုပ်စုဖွဲ့နှောက်ယှက်တားဆီးခဲ့လို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အဖြစ်မှန်ကိုမဟုတ်မဟတ် ဇာတ်လမ်းဆင်ပြီးဘင်္ဂလီဘက်ကကာကွယ်ပြောဆိုပေးမှာသေချာပါတယ်။
ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဘင်္ဂလီတွေအတွက် အခွင့်အရေးသာရမယ်ဆိုရင် ကင်တားနားကအမှန်တရားကိုအမှားလုပ်ဖို့ ၀န်လေးတက်သူ မဟုတ်ပါဘူး။ သူဟာကုလသမဂ္ဂက တာဝန်ပေးစေလွှတ်လိုက်တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကလူ့အခွင့်အရေး ချိုးဖောက်နေတာဖြစ်လို့ လက်ရှိဆန္ဒပြနေကြတဲ့ ဒေသခံရခိုင် လူမျိုးတွေနဲ့အတူ မြန်မာတစ်မျိုးသားလုံးကကင်တားရဲ့ ခရီးစဉ်ကိုလက်မခံကြောင်း ဆန္ဒပြဖို့ လိုအပ်ပါတယ်။
ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေးတွေကိုမလုပ်ပေးဘဲဘင်္ဂလီတွေအရေးကိုသာတဖက်သတ်လုပ်ဆောင်နေတဲ့ ကင်တားနားဟာဘင်္ဂလီတွေ နေရာတည်မြဲဖို့နဲ့ အခွင့်အရေးရဖို့အတွက် တစ်ဖက်ကိုတော့ အပြစ်ရှာအပုတ်ချမှာဖြစ်ပါတယ်။ ဆန္ဒပြနေကြတဲ့ ပြည်သူအပေါင်းကကင်တားနားရဲ့ လှည့်ကွက်ထဲမပါဖို့ သတိထားရပါမယ်။ ဘင်္ဂလီတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ လတ်တလောမှာမဖြစ်အောင် ဆင်ခြင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတာ့ ကင်တားနားကဒီယုန်မြင်လို့ ဒီချုံ ထွင်နေတဲ့ ဘင်္ဂလီဘက်တော်သားလူ့အခွင့်အရေးချိုးဖောက်နေသူတစ်ဦး ဖြစ်လို့ပါဘဲ။

အောင်ချေ(စစ်တွေ)
အမေ့အိမ်

( အရှက်နှင့် အကြောက် )


ကျွန်မတို့နိုင်ငံမှာ သတိမပြုဘဲ မနေနိုင်လောက်အောင် လူပြောများလာတဲ့ ကိစ္စတစ်ရပ်ကတော့ အမျိုးသမီးအချို့ရဲ့ မလုံမခြုံ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ယိုသူမရှက် မြင်သူရှက် ဖြစ်ရလောက်အောင် အမျိုးသမီးတွေ အရှက်ကင်းမဲ့လာမှုဟာ လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတာ မြင်တတ်သူတိုင်း သိကြပါတယ်။
ဝတ်စားဆင်ယင်မှုဟာ မိမိစိတ်ကြိုက် ၀တ်ဆင်ခွင့်ရှိတယ်၊ ဘုရားဟောတဲ့ ဟိရီသြတ္တပ္ပတရားနဲ့ မဆိုင်ဘူးလို့ ဆင်ခြေပေးနေသူတွေလည်း ရှိပါတယ်။ မကောင်းမှုမှ ရှက်ခြင်း (ဟိရီ) မကောင်းမှုပြုရန် ကြောက်ခြင်း (သြတ္တပ္ပ)ဆိုတဲ့ ကမ္ဘာစောင့် တရားနှစ်ပါးနဲ့ အမျိုးသမီးတွေရဲ့ ကာမဂုဏ်အာရုံ ဖြစ်လောက်အောင် ၀တ်ဆင်မှုတွေ သက်ဆိုင်ကြောင်းကို ကျမ်းဂန်အထောက်အထားနဲ့ မငြင်းဆိုနိုင်အောင် ဖြေကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ဒေါ်ယဉ်ကျေး (ပုဂံမြို့ဟောင်း)
ဒေ၀ဓမ္မဇာတ်ဟူသော ဇာတ်တော်တစ်ခု ရှိပါသည်။ ထိုဇာတ်တော်ကို ဟောတော်မူရခြင်း၏ အကြောင်းအတ္ထုပ္ပတ်ကား ဤသို့ ဖြစ်၏။
ဘုရားရှင် လက်ထက်တော်က သာဝတ္ထိမြို့သား သူဌေးတစ်ယောက်သည် ဇနီးဖြစ်သူ ကွယ်လွန်သောအခါ ရဟန်းပြုလေ၏။ ငွေကြေးပြည့်စုံသောကြောင့် ကိုယ့်ကျောင်းကိုယ်ကန် ကိုယ်စီမံ၍ စားနပ်ရိက္ခာ အပြည့်အစုံသိုလှောင်ကာ ကျေးကျွန်များကို မိမိစိတ်တိုင်းကျ ချက်ပြုတ်ခိုင်းပြီး သုံးဆောင်၏။ များသော အသုံးအဆောင် ရှိ၏။ သင်္ကန်းကိုပင် နေ့ဝတ်ဖို့ ည၀တ်ဖို့ ခွဲခြားထား၏။ သူ့ကို ဘုရားရှင်က ဆုံးမတော်မူသောအခါ စိတ်ဆိုးပြီး “သို့ဖြစ်လျှင် ဤသို့ပင် နေတော့မည်”ဟုဆိုကာ ပရိသတ်အလယ်တွင် အပေါ်ရုံ ဧကသီကို ချွတ်၍ ရပ်ပြလေ၏။ မြတ်စွာဘုရားက “ရဟန်း၊ သင်သည် ရှေးအခါ ရေကန်စောင့်ဘီလူး ဖြစ်စဉ်က ဟိရီသြတ္တပ္ပ အရှက်အကြောက်တရားကို တစ်ဆယ့်နှစ်နှစ်တိုင် ရှာဖွေခဲ့၏။ ယခု ရဟန်းဖြစ်ကာမှ အဘယ့်ကြောင့် ဟိရီသြတ္တပ္ပ ကင်းမဲ့ရဘိသနည်း”ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူလေ၏။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်းကြီးတွင် မဟိံသနှင့် စန္ဒကုမာရဟူသော သားတော်နှစ်ပါး ထွန်းကား၏။ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် မင်းကြီးသည် အခြားမိန်းမ တစ်ယောက်ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လေ၏။ ထိုမိဖုရားခေါင်ကြီးမှ သူရိယဟူသော သားတော်တစ်ပါး မွေးဖွားလေရာ ထိုမင်းသားအရွယ်ရောက်လေလျှင် ထီးနန်းလွှဲအပ်ပေးဖို့ တောင်းဆိုလေသည်။ မင်းကြီးက ငါ့တွင် သားတော်နှစ်ပါး ရှိသေးသည်ဟုဆိုကာ ငြင်းဆိုသော်လည်း အထပ်ထပ် တောင်းဆိုလေ၏။
သားတော်နှစ်ပါးအတွက် စိုးရိမ်လာသော မင်းကြီးသည် သားတော်နှစ်ပါးကို ခေါ်ကာ ယခုအချိန်တွင် တောထဲ၌ သွားနေကာ သူနတ်ရွာစံမှ ပြန်လာ၍ မင်းပြုကြဟု မှာကြားလေ၏။ နောင်တော်နှစ်ပါး သွားရာသို့ သူရိယမင်းသားလည်း လိုက်ပါလာ၏။
သူတို့သည် ဟိမ၀န္တာသို့ ရောက်ရှိလာခဲ့ကြပြီးနောက် ခရီးပန်းလာခဲ့ကြ၍ သစ်ပင်ရင်းတွင် နားနေကြပြီး မဟိံသမင်းသားက သူရိယမင်းသားကို ရေရှာခိုင်းလိုက်သည်။ သူရိယမင်းသားသည် ရေကန်တစ်ခုအတွင်းသို့ ရေခပ်ရန်ဆင်းလိုက်ရာ ရေကန်စောင့် ဘီလူးတစ်ကောင်သည် သူ့ကို ဖမ်းယူကာ “သင်သည် ဒေ၀ဓမ္မကို သိသလော”ဟု မေးလေ၏။ “သိပါသည်၊ နေနှင့် လတို့သည် ဒေ၀ဓမ္မများ ဖြစ်ကြသည်”ဟု ပြောရာ ဘီလူးက “သင်သည် ဒေ၀ဓမ္မကို မသိ”ဟုဆိုပြီး ရေအောက်သို့ ယူသွားကာ သူ့နေရာတွင် ထားလိုက်လေသည်။
သူရိယမင်းသား ပြန်မလာ၍ စန္ဒကုမာရမင်းသားကို ထပ်၍လွှတ်ပြန်ရာ သူလည်း ရေကန်စောင့် ဘီလူး၏ ဖမ်းယူခြင်းခံရပြန်၏။ သူ့ကိုလည်း ဒေ၀ဓမ္မကို မေးပြန်ရာ “အရပ်လေးမျက်နှာ”ဟု ဖြေမိသဖြင့် ရေအောက်သို့ ခေါ်သွားခံရပြန်၏။
ညီတော်များ ပြန်မလာသဖြင့် မဟိံသကိုယ်တိုင် လိုက်သွားရာ ရေစပ်ရွှံ့ညွန်ပေါ်တွင် ညီတော်နှစ်ပါး၏ ဆင်းသက်သော ခြေရာများကိုသာ တွေ့ရပြီး တက်သောခြေရာကို မတွေ့ရသောကြောင့် ဤရေကန်သည် ဘီးလူးစောင့်သော ရေကန်ဖြစ်ရမည်ဟု စဉ်းစားမိပြီး ရေကန်တွင်းသို့ မဆင်းပေ။ ဘီလူးက မုဆိုးအသွင်ဖြင့် ရောက်လာပြီး ရေကန်တွင်းသို့ ဆင်းရန် တိုက်တွန်းလေသည်။ မင်းသားက ရေကန်စောင့်ဘီးလူးမှန်း သိရှိပြီး “သူ့ညီငယ်များကို သင် ဖမ်းထားသည်မဟုတ်လော”ဟု မေးရာ ဟုတ်မှန်ကြောင်း ၀န်ခံ၏။
မဟိံသက ဖမ်းရသည့်အကြောင်းရင်းကို မေးရာ “ဝေဿ၀ဏ်နတ်မင်းကြီးသည် ဤရေကန်ထဲသို့ ဆင်းသူများအား စားခွင့်ပေးထားပါသည်။ ဒေ၀ဓမ္မကို သိသူများကိုကား စားခွင့်မရှိပါ”ဟု ဘီလူးက ပြောလေသည်။ ဟိရီ နှင့် သြတ္တပ္ပ တရားနှစ်ပါးကို ဒေ၀ဓမ္မဟု ခေါ်ကြောင်း မဟိံသက ပြောဟောရာ “သင်သည် ဒေ၀ဓမ္မကို အမှန်ပင် သိရှိသူဖြစ်၏။ သင်၏ ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကို ယူပါလော့”ဟု ဆိုလေသည်။ မဟိံသက “ညီငယ် သူရိယမင်းသားကို ပေးပါ”ဟု ပြောရာ “သင်သည် အကြီးကို ကျော်လွန်၍ အငယ်ကို တောင်းချေသည်၊ ဒေ၀ဓမ္မကို သိသော်လည်း မကျင့်ချေတကား”ဟု ဆိုလေသည်။
မဟိံသမင်းသားက “ကျွန်ုပ်တို့ ဤတောသို့ လာခဲ့ကြရသည်မှာ ဤညီထွေးကြောင့်ပင် ဖြစ်၏ဟု ရှင်းပြကာ ကျွန်ုပ်တို့ပြန်သွားသောအခါ ညီထွေးကို တောထဲ၌ ဘီးလူးတစ်ကောင် စားသွား၏ဟု ပြောသော်လည်း မည်သူမျှ ယုံကြလိမ့်မည်မဟုတ်၊ ထီးနန်းလိုချင်၍ သတ်ပစ်သည်ဟုသာ ထင်ကြလိမ့်မည်၊ လူတို့ကဲ့ရဲ့ခံရမည်မှ ကြောက်သောကြောင့် ညီထွေးကို တောင်းခြင်းဖြစ်ပါသည်ဟု ပြောလေသည်။ ထိုအခါမှ ဘီလူးက သာဓုခေါ်ကာ “သင်မင်းသားသည် ဒေ၀ဓမ္မကို သိလည်းသိသူ၊ ကျင့်လည်း ကျင့်သူဖြစ်ပါ၏”ဟု မင်းသားနှစ်ပါးလုံးကို လွှတ်ပေးလေသည်။
အထက်ပါဇာတ်ဝတ္ထုတွင် ပစ္စုပ္ပန်ဝတ္ထုအရ သူဌေးကိုယ်တော်ကြီး၏ ပရိသတ်အလယ်တွင် အပေါ်ရုံ သင်္ကန်းကို ချွတ်ပစ်သည့်လုပ်ရပ်အား ဘုရားရှင်က ဟိရီသြတ္တပ္ပကင်းမဲ့သည့်လုပ်ရပ်ဟုကဲ့ရဲ့တော်မူ၏။ အတိတ်ဝတ္ထုတွင် ဇေဋ္ဌာပစာယနကမ္မ = အကြီးကိုအလေးအမြတ်ပြု ဦးစားပေးရမည့် အစဉ်အလာကို ချိုးဖောက်ကာ ညီထွေးအား အလွှတ်ခိုင်းသည့် လုပ်ရပ်အား ဒေ၀ဓမ္မနှင့် မညီသည့်လုပ်ရပ်ဟု ဘီလူးက ကဲ့ရဲ့လေသည်။
ထို့ကြောင့် “(အဟိရိက-အနောတ္တပ္ပ = ဟိရီသြတ္တပ္ပ မရှိ”ဟူရာ၌ “လုံခြုံအောင် ဖုံးကွယ်ရမည့် အင်္ဂါကြီးငယ်တို့ကို မဖုံးကွယ်ခြင်း သက်သက်ကိုသာ အဟိရိက အနောတ္တပ္ပဟု ခေါ်သည်” ဆိုလျှင် မမှန်သကဲ့သို့ “၀တ်စားဆင်ယင်မှုသည် ဟိရီသြတ္တပ္ပတရားနှင့် မဆိုင်”ဟု ဆိုလျှင်လည်း မှားပါသည်။
မိမိ၏ ၀တ်စားဆင်ယင်မှုက မိမိကိုရော သူတစ်ပါးကိုပါ ရာဂတရား တိုးပွားစေမည်ဆိုလျှင် သို့မဟုတ် လူကြီးမိဘများကို မလေးစားရာ ရောက်နေမည်ဆိုလျှင် ထိုသို့သိပါလျက် မိမိနှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ၀တ်စားဆင်ယင်သူကို ဟိရိသြတ္တပ္ပ ကင်းမဲ့သူဟု မဆိုထိုက်ပေဘူးလား။
လောဘ,ဒေါသစသည် တိုးပွားစေသော မကောင်းမှုမှန်သမျှကို ပြုလုပ်ရမည်မှ ရှက်ရွံ့ကြောက်လန့် မနေဘဲ ပြုလုပ်ရဲရာ၌ အဟိရိက အနောတ္တပ္ပသဘော ပါဝင်ပါသည်။ တနည်းအားဖြင့် မကောင်းမှု ပြုလုပ်မိခြင်းမှန်သမျှ ဟိရီသြတ္တပ္ပ ကင်းမဲ့သွား၍ ဖြစ်ပါသည်။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံတတ်ပါ။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့တတ်ပါ။ (မဟာဋီ၊၂၊၁၄၉။)
အမျိုးသမီးများ မလုံမခြုံဝတ်ဆင်ကြရာ၌ အချို့က Exhibitionism ဟူသော ဖုံးကွယ်အပ်သည့် အရာတို့ကို တမင်တကာ လှစ်ပြချင်သည့် စိတ်ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိမိ၏ လှပမှုကို ပြချင်သည့်စိတ်၊ ထင်ပေါ်ချင်သည့် စိတ်များဖြင့် မလုံမခြုံဝတ်ဆင်ကြရာ၌ကား အလွန်အကျွံ မဖြစ်သင့်ပါ။ “ဣတ္ထီနဉ္စ ဓနံ ရူပံ = မိန်းမတို့၏ ဥစ္စာသည် အဆင်းတည်း”ဟူသော နီတိဆရာတို့၏ စကားကား တစ်စိတ်တစ်ပိုင်း မှန်သော်လည်း နာတတ်လျှင် နာဖို့ကောင်းပါသည်။ မိန်းမများသည် အဆင်းလှမှသာ ဥစ္စာရှာနိုင် ရနိုင်သည်၊ အခြားအရည်အချင်းဖြင့် ဥစ္စာမရှာနိုင်ဟု အဓိပ္ပါယ်ရောက်နေ၏။ ထို့ကြောင့် အလှကို ပြဖို့ထက် အရည်အချင်းကို ပြနိုင်အောင် ကြိုးစားသည့်ပါသည်။
ဟိရီ သြတ္တပ္ပအကြောင်း ဆက်ရလျှင် ပုထုဇဉ်တို့၏ သန္တာန်၌ ဟိရီ သြတ္တပ္ပတရား နည်းပါးလေ မကောင်းမှုပြုမိလေ၊ မကောင်းမှု ပြုသူများလေ လောကကြီးပျက်စီးဖို့ အကြောင်းများလေ ဖြစ်ရကား ဟိရီ သြတ္တပ္ပဟူသော လောကပါလ တရားများ တိုးပွားအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို အမြွက်မျှ ဖော်ပြလိုပါသည်။
ဟိရီဖြစ်ရန် မိမိကိုယ်ကို အလေးအမြတ်ပြု၍ စဉ်းစားရ၏။ သြတ္တပ္ပဖြစ်ရန် သူတစ်ပါးကို အလေးအမြတ် ပြု၍ စဉ်းစားရ၏။
ဟိရီဖြစ်ရန် မိမိကိုယ်ကို မဏ္ဍိုင်ပြု၍ “မိမိ၏ ၁။ အမျိုးဇာတ် ၂။ အသက်အရွယ် ၃။ ရဲရင့်သည်၏အဖြစ် ၄။ ဗဟုသုတရှိသည်၏အဖြစ်တို့ကို ဆင်ခြင်၍ ဟိရီကို မွေးမြူရ၏။
(၁) မျိုးရိုးညံ့ဖြင်းသူတို့သာ ဤကဲ့သို့သော မကောင်းမှုများကို ပြုလုပ်ကြသည်၊ ငါတို့မျိုးရိုးတွင် ဤကဲ့သို့ ပြုလုပ်သူမရှိ၊ မျိုးရိုးမြင့်မြတ်သူတို့သည် ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်ကောင်း၊
(၂) ဤသို့သော မကောင်းမှုများကို အသိဉာဏ်မရင့်ကျက်သေးသော ငယ်ရွယ်သူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အရွယ်ရောက်ပြီးသူအဖို့ ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
(၃) ဤသို့သော မကောင်းမှုများကို ခွန်အားနည်းသူတို့သာ ပြုလုပ်ကြ၏။ ငါကဲ့သို့ ရဲရင်တည်ကြည်သူ အဖို့ ဤကဲ့သို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
(၄) ဤသို့သော မကောင်းမှုများကို အသိဉာဏ် ဗဟုသုတမရှိသူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အသိဉာဏ် ဗဟုသုတရှိသူအတွက် ဤကဲ့သို့ မပြုလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း ဟိရီကို မွေးမြူရ၏။
သြတ္တပ္ပဖြစ်ရန် လောကကို ဗဟိုပြု၍ “ငါသည် ဤကဲ့သို့သော မကောင်းမှုကို ပြုလိုက်လျှင် လူအများက ကဲ့ရဲ့ကြလိမ့်မည်ဟုလည်းကောင်း၊ ငါ့ကိုအကြောင်းပြု၍ ငါ့မိဘ ငါ့ဆရာသမား ငါ့ဆွေမျိုး ငါ့အပေါင်းအသင်းများလည်း အကဲ့ရဲ့ခံရလိမ့်မည်ဟုလည်းကောင်း ဆင်ခြင်၍ သြတ္တပ္ပကို မွေးမြူရ၏။
ငါ ဤမကောင်းမှုကို ပြုလိုက်လျှင် “မလုပ်သင့်သည်ကို လုပ်မိလေခြင်း”ဟု မိမိကိုယ်ကို အပြစ်တင် ဝေဖန်မိခြင်း-ဟူသော အတ္တာနုဝါဒဘေး၊ သိသူမြင်သူများက ကဲ့ရဲ့ပြစ်တင် ဝေဖန်ကြခြင်းဟူသော ပရာနုဝါဒဘေး၊ ပြစ်မှုမြောက်လျှင် အရေးယူခံရခြင်းဟူသော ဒဏ္ဍဘေး၊ သေပြီးနောက် အပါယ်သို့ လားရောက်ရခြင်းဟူသော ဒုဂ္ဂိဘေးများ တွေ့ကြုံရနိုင်၏ဟု ဆင်ခြင်၍လည်း သြတ္တပ္ပကို မွေးမြူနိုင်သည်။
နိဂုံးချုပ်ပါတော့မည်။ “အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ သြတ္တပ္ပ မဟုတ်၊ မာယာသဘောသာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။

ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ၊ ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက်သော အမူအရာတို့ကား ဟိရီ သြတ္တပ္ပ အစစ်သာ ဖြစ်သည်။” (နိဗ္ဗာနဂါမိနိပဋိပဒါ- စတုတ္ထတွဲ)ဟူသော အဆုံးအဖြတ်ကို မှတ်သားကာ…
မစင်ပေနေသော သံလုံး နှင့် ရဲနေအောင် မီးဖုတ်ထားသော သံလုံးဟု သံလုံးနှစ်လုံးရှိရာ အသိဉာဏ်ရှိသူသည် မစင်ပေနေသော သံလုံးကို စက်ဆုပ်ရွံရှာသောကြောင့် မကိုင်သကဲ့သို့ မိမိသန္တာန်၌ မကောင်းမှုကို ရှက်ရွံ့စက်ဆုပ်ခြင်း ဟိရီဖြစ်အောင်၊ မီးဖုတ်ထားသော သံလုံးကို ပူမှာကြောက်သောကြောင့် မကိုင်သကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သော သြတ္တပ္ပဖြစ်အောင် ကြိုးစားကာ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကြပါစေ။ 

အရှင်ကောဝိဒ (ယော)

ဆယ်ကျော်သက်တွေ ဘာကြောင့် ပိန်ရသလဲ



ဆယ်ကျော်သက်တွေ ဆိုတာ မြီးကောင်ပေါက် အရွယ်တွေကို ခေါ်ကြတာ ဖြစ်ပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာတော့ Teenager လို့ ခေါ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ကနေ ၁၈ နှစ်ကြား အရွယ်ဟာ ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။ အပျံသင်ခါစအရွယ်၊
အရာရာကို စူးစမ်းလေ့လာလိုစိတ်၊ အတုခိုးလိုစိတ်တွေ၊ အားကျစိတ်တွေ အပြည့်ရှိနေတဲ့ အချိန်လည်း ဖြစ်တယ်။ မိဘတွေအနေနဲ့ အဲဒီအရွယ်မှာ စနစ်တကျ ထိန်းသိမ်းနိုင်မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို ရယူနိုင်မှာ ဖြစ်တယ်။ ထစ်ခနဲဆိုတာနဲ့ စိတ်အပြောင်းအလဲ မြန်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် သေချာ ဂရုစိုက်ရပါတယ်။

သူတို့ဘာကြောင့် ပိန်ရတာလဲ..

ဆေးပညာ စစ်တမ်းများအရ ဒီအရွယ်မှာ အဝလွန်နေတဲ့ ကလေးတချို့ကို တွေ့ရတတ်ပေမယ့် အများစုကတော့ ပိန်ကြတယ်လို့ ဆိုပါတယ်။ ပိန်ကြတဲ့ နေရာမှာတော့ ယောက်ျားလေး၊ မိန်းကလေး ဦးရေနှုန်းဟာ သာတူညီမျှသာ ရှိကြတယ်လို့ ဖော်ပြထားတယ်။ ဒါဆိုရင် သူတို့ဘာကြောင့် ပိန်ရသလဲ...။ ဒီအဖြေကတော့ နက်နဲပြီး ရှုပ်ထွေးပါတယ်။ အဓိပ္ပါယ်ဖော်ဖို့လည်း တော်တော်လေး ခက်ခဲတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ အဓိက ကတော့ အားကျစိတ်၊ စွဲလမ်းစိတ်၊ အတုခိုးတတ်တဲ့ စိတ်တွေကြောင့် ဖြစ်ရတယ်လို့ ဖော်ထုတ်ကြပါတယ်။ ရောဂါကြောင့် ပိန်ရတာ တစ်ရာမှာတစ်ယောက်လို့ ဆိုရလောက်အောင် အရေအတွက် နည်းပါးပါတယ်။ အဖြေကတော့ ဒီအရွယ်မှာ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ပိန်ပိန်ပါးပါးနဲ့ လှပချင်ကြတယ်။ ပိန်အောင် ကြိုးစားကြတယ်။ ဘယ်သူမှ ဒီအချိန်မှာ ဝမနေချင်ဘူး။ ဖက်တီးလို့ အခေါ်ခံရမှာကို အလွန်ပဲ စိုးရွံ့ကြတယ်လို့ ပြောကြပါတယ်။ နောက်တစ်ချက်ကတော့ သူတို့အားကျ အတုယူတဲ့ Celebrity တွေ ပုံစံအတိုင်း အတုခိုးပြီး နေထိုင်တတ်ကြပါတယ်။ ဝဖြိုးနေတဲ့ မိန်းကလေးတွေက ပိန်ဆေးတွေ သောက်ကြတယ်။ အစားလျှော့စားပြီး ဝိတ်ကျအောင် ကြိုးစားကြတယ်။ သူတို့လိုပဲ ယောက်ျားလေးတွေကလည်း ညဘက် အစာမစားတာ။ လက်ဖက်ရည်သောက်ပြီး လေခံအောင်၊ အစာစားချင်စိတ် ပပျောက်အောင် ကြိုးစားကြပါတယ်။ ပိန်အောင် ကြိုးစားတဲ့နေရာမှာ ယောက်ျားလေး၊ မိန်းကလေး အားလုံးအတူတူပဲ ဖြစ်ပါတယ်။

အတုခိုး မှားယွင်းခြင်း

ပိန်ရတဲ့ နောက်အချက် တစ်ခုကတော့ အတုခိုး မှားယွင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တချို့က ကိုယ်အားကျ အတုယူတဲ့ သူရဲ့ပုံစံအတိုင်း လိုက်လံပြုမူ နေထိုင်လေ့ ရှိတာကြောင့် မူးယစ်ဆေး သုံးစွဲသွားတတ်တယ်။ ဆေးလိပ်သောက်၊ အရက်သောက်သွားတတ်ကြပြီး ကျန်းမာရေးကို ထိခိုက်ကာ ပိန်ချုံးနေကြခြင်း ဖြစ်ပါတယ်။ မိန်းကလေးတွေကျတော့ လှချင်၊ ပချင်စိတ် ကြီးမားရင် ပိန်ချုံးတတ်ကြပါတယ်။ သူတို့ရဲ့ လှပလိုစိတ်က သူတို့ကို ပိန်ချုံးစေတာ ဖြစ်ပါတယ်။

စိတ်အလိုမကျခြင်း

စိတ်အလိုမကျစေတာကလည်း ဆယ်ကျော်သက်တွေကို ပိန်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ ရည်းစားနဲ့ ကွဲကွာနေခြင်းကြောင့် ဖြစ်ဖြစ်၊ သူတို့စိတ်တွေဟာ စားချင်သောက်ချင်စိတ် မရှိကြတော့ဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။

ကိုမိုး (တောင်ကြီး)Ref: 7Day Shopping Guide posted on Yatanarpon.com.mm - news - news-69747

By ရွှေမြန်မာများအတွက် ShweBeauty

online ပေါ်တွင် sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းမှ ရှောင်ကြဉ်ပါ



မြန်မာမိန်းကလေးများ online ပေါ်တွင် sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းမှ ရှောင်ကြဉ်ပါ (ပေးစာ - ၁၆၆)
ဒီလို Chatting မျိုးက အနောက်တိုင်းမှာ အင်မတန် ရေပန်းစားပါတယ်။ အနောက်တိုင်းရယ်လို့တောင်မဟုတ်ပဲ ဂျပန်၊ တောင်ကိုရီးယား၊ဖိလစ်ပိုင်၊ အစရှိသဖြင့် အာရှနိုင်ငံများမှာပါရေပန်းစားလာတဲ့ Chatting ဖြစ်ပါတယ်။

စကားပြောဆိုရုံ Chatting, ရုပ်မြင်ရုံ ဗီဒီယိုChatting တင်မဟုတ်တော့ပဲ မမြင်သင့်တာတွေကိုပါ မြင်အောင်
ပြတဲ့ Chatting အမျိုးအစား ဟာမြန်မာပြည်မှာပါ ရေပန်းစားလို့နေပါပြီ။ အများစု က နိုင်ငံခြားရောက်နေ တဲ့ ချစ်သူနဲ့ စကားပြော ဆက်သွယ်တဲ့အခါမှာ ဖြစ်ပါတယ်။

အနောက်တိုင်းမှာ ခေတ်စားတာကတော့ မဆန်းပြားပါဘူး။ ဒီလိုတွေခေတ် စားသလို Video Chatting က Record လုပ်ထားတာတွေဟာလည်း ပလူပျံနေတတ်ကြပါတယ်။

မြန်မာဖြစ် Sexy Chatting – မှတ်တမ်းတင် ထားမှုတွေဟာလည်း အနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့ အင်တာနက်စာမျက်နှာတွေမှာပလူပျံနေပါပြီ။ချစ်သူချင်းမဟုတ်ပဲ အွန်လိုင်းမှာ သိပြီး စိတ်ဝင်စားတဲ့ သူအချင်းချင်းတောင် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ တဲ့ အထိတောင်ကြားနေရပါတယ်။

ဒါဟာဘာကြောင့်လဲ?

ဘုရားဟောတရားနဲ့သာ တရားကိုယ်ကောက်ရရင် တဏှာအရင်းခံပြီး ဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။
အိန္ဒြိယ လက္ခဏာ ချို့ ယွင်းမှု တစ်ခုပါပဲ။ ချစ်ရုံကြိုက်ယုံနဲ့ မိမိမှာရှိတဲ့ အရှက် (ဟီရိ) တရားပါ လက်လွတ် စပယ်ပြုလိုက် တာမျိုးဟာမရင့်ကျက်တဲ့ သူများ ဖြစ်ပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များ၊ အသက်ကြီးသော် လည်း စာရိတ္တပျက်ပြားသော အမျိုးသား၊
အမျိုးသမီးများ ဖြစ်ပါတယ်။ပြန့်လွင့်သွားနိုင်တဲ့ ဗီဒီယိုတွေကို ပြန်ပြီး Recover လုပ်ပေး မယ့် ဆော့ဖ်ဝဲ၊ဘာညာ အစရှိသဖြင့် ပေါ်ပေါက်လာပါတယ်။

သို့ပေမယ့် အင်တာနက်ခေတ်ကြီးထဲမှာ ဒါတွေဟာ ပုရွတ်တစ်ကောင်လောက်အောင် အစွမ်းမထက်ပါဘူး။
သို့ပေမယ့် အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက အင်တာနက်ပေါ် ပျံလွင့်မှု လုံးဝ မဖြစ်စေတော့ပါဘူး။လုံးဝ (လုံးဝ) Sexy Chatting မလုပ်ဖို့ပဲဖြစ်ပါတယ်။

ကိုယ်နဲ့ ယခုမှ စသိတဲ့သူပဲ ဖြစ်ဖြစ်၊ နှစ်လရှည်ကြာ တွဲလာတဲ့ ချစ်သူပဲ ဖြစ်ဖြစ်ချက်တင်ထိုင်တဲ့အခါ လိင်ပိုင်း
ဆိုင်ရာ ရိုင်းစိုင်းသော ပြောဆိုမှု ကို ရှောင်ရှားရန် လိုအပ်ပါတယ်။

အဲလို သာရှောင်ရှားရင်တော့ Sex Chatting ဘက်ကို ရောက်ဖို့ အင်မတန်ဝေးသွားပါပြီ။ အချို့ ကျ သိသိမသိသိ တစ်ဖက်သားကို ဇွတ်အတင်းမြင်အောင်၊ ဖတ်အောင် ကြိုးပမ်းကြ သူများ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဘလော့ (Block) ပစ်ဖို့လိုအပ်ပါတယ်။ချစ်သူအရင်းခေါက်ခေါက် ဖြစ်နေခဲ့ရင် လမ်းခွဲမယ်လို့ သတိပေးတဲ့အဆင့် ထိ ပြောဆိုရန် သတ္တိရှိပါတယ်။

ဟုတ်ပါတယ်။ဒီလို မကြိုက်ဘူး လို့ ပြောထားရဲ့ သား ဇွတ်အတင်း ပြောဆိုပြသနေရင် ဒါ တကယ်ချစ်တာမဟုတ်
ပါဘူး။အကယ်၍ ပျံလွင့်သွားရင် ဖြစ်လာမယ့် အကျိုးဆက်က စာရေးသူ မပြောလည်း သိကြမယ် ထင်ပါတယ်။

အချို့ ကျတော့ Chatting မဟုတ်ပဲ Record လုပ်ထားတဲ့ အပျော် ဗီဒီယို၊ အသံဖိုင် အစရှိသဖြင့် ဖြန့်ဝေ ကြပါတယ်။ဒီမှာလည်း ထိုနည်းတူစွာပါပဲ။

ဒီကိစ္စတွေကို ရှောင်ရှား ထားရင် ပြဿနာဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

မရှောင်ရှားနိုင်ဘူးဆိုရင်တော့ ဗီဒီယို ရိုက်တဲ့ ချစ်သူမျိုးဆိုရင် မတွဲသင့်တာ လုံးဝ သေချာနေပါပြီ။ ဒါဘာရည်ရွယ်ချက်လည်း။ ဘာလို့မှတ်တမ်းတင်တာလဲ။

အသိဥာဏ်ရှိရှိ စဉ်းစား တွေးခေါ် သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ဒါကြောင့် ဒီ ပြဿနာတွေ၊ အန္တရာယ်တွေ ကင်းအောင် တစ်ခုတည်းသော နည်းလမ်းက လုံးဝ (လုံးဝ) မပြုလုပ်ခြင်း၊ ရှောင်ကြဉ်ခြင်းသာဖြစ်ပါတယ်။


ANDROID USER တွေအကြိုက်တွေ့ စေမဲ့  PUFFIN WEB Browser



ANDROID USER တွေအကြိုက်တွေ့ စေမဲ့  PUFFIN WEB Browser လေးကိုအသစ်အစမ်းကိုမှ
စမ်းသုံးချင်တဲ့ ကျွန်တော့် ဘော်ဒါတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီကောင်လေးက Android 2.2 and up နှင့် အထက်မှာအသုံးပြုလို့ ရပြီးဖိုင်ဆိုဒ်က12 MB ထဲပါ။
flash player လည်း support လုပ်ပေးထားသလို Incredible Loading Speed
☆ Adobe Flash Support
☆ Download to Cloud (Up to 100M per file)
☆ Theater mode for Flash video and game
☆ Virtual Trackpad (Mouse Simulator)
☆ Virtual Gamepad
☆ Add-ons functions (Pocket, Evernote, Facebook, Translator and more)
☆ Color Theme for Toolbar and Slidebar
☆ Fastest JavaScript Engine
☆ Full Web Experience (Desktop view and mobile view) ဒါတွေအားလုံးကိုလည်း suppot လုပ်ပေးပါတယ်။









အောက်မှာဒေါင်းလုပ်ယူပေးပါခင်ဗျာ

Thinzar Nwe Win










အမိုက်စား ဇာတ်ကား ၁၆ ရက်နေ့မှစ၍ ရုံတင်ပါပြီ

ရန်ကုန်မြို့ရှိလူဂုဏ်တန်ရပ်ကွက်တွင် ဦးလင်းခေါင်နှင့် ဒေါ်ခင်ခင်ကျော့တို့နေထိုင်ကြပြီး သမီးနှစ်ယောက်မှာ မီမီကျော့နှင့်သီသီကျော့တို့ဖြစ်သည်။ 


ဦးလင်းခေါင်က ကုမ္ပဏီများတည်ထောင်ထားသူဖြစ်ပြီး ဒေါ်ခင်ခင်ကျော့၏ မိဘနှစ်ပါးဖြစ်သော ဦးဘထွားနှင့် ဒေါ်စိနကျော့တို့အပြင် တူမနှစ်ယောက်ဖြစ်သော အိစိမ့်နှင့် ယုန်မတို့သည်လည်း ၄င်းတို့နှင့် အတူတူနေထိုင်ကြသည်။
ဦးလင်းခေါင်နှင့် သမီးဖြစ်သူ သီသီကျော့၊ တူမဖြစ်သူအိစိမ့်တို့က ရောခ့်ဂီတကိုဝါသနာပါပြီး ဒေါ်ခင်ခင်ကျော့ သမီးဖြစ်သူ မီမီကျော့နှင့် တူမဖြစ်သူယုန်မတို့က ရောခ့်ဂီတကို ၀ါသနာပါပြီး ခေါ်ခင်ခင်ကျော့ သမီးဖြစ်သူ မီမီကျော့နှင့်တူမဖြစ်သူယုန်မတို့က ရက်ပ်ဂီတကိုဝါသနာပါသူများဖြစ်ကြသည်။အိမ်တွင် အမြဲတမ်းလိုလိုတေးဂီတ၀ါသနာပါတာချင်းမတူသဖြင့် မကြာခဏစကားများကြရသည်။
တစ်နေ့တွင် ဦးလင်းခေါနှင့် ဒေါ်ခင်ခင်ကျော့က သမီးနှစ်ယောက်ရှေ့ရေးအတွက် နယ်မှာရှိသော၎င်းတို့နှင့် အလွန်တရာရင်းနှီးသော မိတ်ဆွေနှစ်ဦး၏သားနှစ်ယောက်ကို ရန်ကုန်သို့ခေါ်ပြီးသမီးနှစ်ယောက်နှင့်နေရာချထား ပေးဖို့အတွက်စီစဉ်ကြသည်။



G mailအကောင့်တွေအများကြီး ဖွင့်ကြမယ်



gmail အကောင့်သစ်ကို အလွယ် တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..
သိတဲ့သူများကတော့ ကျော်ဖတ်သွားပါ။ မသိသေးသူများအတွက်ပြန်လည်းမျှဝေလိုက်တာပါ။

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ်

ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...Andriod ဆိုတဲ့နေရာမှာလည်း

Android ဖုန်းတိုင်းမရပါဘူး ...သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...
gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..


ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application
ပါပါတယ် ...

စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)

ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...

အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကိုသွားပါ ..


အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..





sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ



နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ

ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ


ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ


အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်

Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ

နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ

ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..

( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)

အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်

ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်


ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Next ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့ gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..

ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...

အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...

ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ

ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၇၀ ကျော်နေပြီဖြစ်ပါတယ်

ကဲ .. အဆင်ပြေပါစေဗျာ
Credit by အိုင်တီမုဆိုး

မြန်မာပြည်ကိုယ်စားပြု အလှမယ်နှစ်ဦ့း ရွေးချယ်လိုက်ပါပြီ





ကမ္ဘာအဆင့် အလှမယ်ပြိုင်ပွဲ၂ခုကို မြန်မာပြည်ကိုယ်စားပြု အလှမယ်နှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ဖို့ရွေးချယ်ပြီး သွားပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဦးညီငယ်ပေးပို့ထားပါတယ်။ ရိုက်ကူး-ညီငယ်၊ ညိုမာသက်


အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့် ကိစ္စရှင်းလင်း


From : ..myat ma kha

အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သောရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

သတင်းထောက် ၇ ဦးသည် သြဂုတ်လ ၃ ရက်နေ့က သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ ဇွန်လအတွက် ရသင့် ရထိုက်သည့် လစာကိုလည်း မရရှိခဲ့သည့်အပြင် ဇူလိုင်လအတွက်ရရန်ရှိသည့်လစာကို လကုန်ပြီး ၃ ရက်၌ တောင်းဆိုခဲ့ ရာ ပိုင်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ ပေးအပ်ခြင်း မပြုပဲ အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်တို့က ဆိုသည်။

“ကျွန်တော်က လစာမရသေးတဲ့အကြောင်း ၀ှိုက်ဘုတ်မှာ သွားရေးတော့ ဘယ်သူရေးတာလဲဆိုပြီး၊ တစ်ယောက်ချင်း ထိုးမယ်ဆိုပြီး ရန်ရှာပါတယ်။ ဒါပေမယ့် ကျွန်တော်ကထိုင်ရာကမထပဲ သည်းခံလိုက်ပါတယ်”ဟု အလုပ်ထုတ်ခံရသူများ၌ ပါဝင်သည့် သတင်းထောက်ဇွဲက ပြောသည်။

အဆိုပါပွဲတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းခံရသည်ဟုဆိုသည့် အင်ပါယာမှ သတင်းထောက် အဂ္ဂမင်း၊ အောင်ကိုကို၊ ဇွဲနှင့်ဘာသာပြန်သတင်းထောက် ဇမ္ဗူထွန်းတို့မှ ၎င်းတို့ အလုပ်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

“အင်ပါယာမှာ အလုပ်စလုပ်တုန်းက နှုတ်နဲ့ပဲ လက်ခံခဲ့တယ်ဆိုပေမယ့် အလုပ်စ၀င်တုန်းက ပြောတဲ့ လစာ၊ ရာထူးတို့က တကယ်အလုပ်လုပ်တဲ့အခါမှာ ကွဲလွဲနေပါတယ်။ ဇွန်လမှာလည်း သတင်းစာရှုံးလို့ဆိုပြီး ၂၀ ရာခိုင်နှုန်းဖြတ်မယ်ပြောပြီး လုပ်ချင်လုပ် မလုပ်ချင်ရင် ထွက်တဲ့လို့ပြောပါတယ်”ဟု သတင်းထောက် ကိုအဂ္ဂမင်းက ပြောသည်။

အလုပ်ရုံစည်းကမ်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ထားကာ ထိုဖြစ်စဉ်ကို မြန်မာဂျာနယ်လစ်ကွန်ရက်မှလည်း အပြင်းအထန်ရှုတ်ချထားပြီး ရပိုင်ခွင့်ရှိသည့် လစာများနှင့် နစ်နာကြေးများကို အလုပ် သမားဥပဒေများနှင့်အညီ ပေးဆောင်ရန် အင်ပါယာသတင်းစာတိုက်ပိုင်ရှင်သို့ တိုက်တွန်းထားသည်။

“အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဆိုတာ မဆန်းပေမယ့် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အလုပ်သမားဥပဒေတွေ ကို သိစေချင်တယ်၊ နောက်ထပ်လည်း ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထပ်ဖြစ်မလာစေဖို့ပါ”ဟု သတင်းထောက် ကိုအောင်ကိုကိုမှ ပြောကြားသည်။

အင်ပါယာမှ အလုပ်ရှင်ဦးကောင်းမြင့်ထွဋ်ကို မီဒီယာများမှ မေးမြန်းရာတွင် မထုတ်ပါဘူးဟုဆိုကာ အလုပ်ထုတ်ခံရသည့် လုပ်သားများအနေဖြင့် အလုပ်ပြန်လာလုပ်ချင်ရင် လာလုပ်နိုင်သည်ဟု ယခင်နေ့များက မီဒီယာများသို့ ပြောကြားထားကြောင်း သိရသည်။

ဦးကောင်းမြင့်ထွဋ်မှာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။





.. www.MyanmarExpress.net

မွတ်ဆလင် သူပုန်များကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဖိလစ်ပိုင်တွင် ဒုက္ခရောက်


From : ..voice

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရ တပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင် သူပုန်များ ကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ဒေသခံ ၂၀၀၀ ခန့် နေရပ် စွန့်ခွာ ထွက်ပြေးနေရကြောင်း အစိုးရ အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။

ဒေသခံ မိသားစုများက အဝတ်အစားများ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များကို ယူဆောင်ပြီး မင်ဒါနာအို ကျွန်းပေါ်ရှိ နလာပန်ရွာ သို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။

“ဒီနားကကို တိုက်ပွဲသံတွေ ကြားနေရတယ်” ဟု နလာပန် ရွာသူကြီး အဘူက ပြောကြားသည်။

လက်ရှိ နေရာ၌ လုံခြုံ စိတ်ချရသည်ဟု ခံစားရသော်လည်း အခြေအနေများ ပိုမို ဆိုးရွားလာပါက နလာပန်ရွာ အနီးရှိ ပီကစ်မြို့သို့ သွားရောက် ခိုလှုံမည် ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်အစိုးရ တပ်ဖွဲ့ဝင်များနှင့် ဘန်ဆာမိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး (BIFF) တိုက်ခိုက်ရေး သမားများကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြီးခဲ့သည့် သောကြာနေ့မှ စ၍ ရွာသားများ ထွက်ပြေးလာ ရခြင်း ဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး မန်ဒိုဇာက ပြောကြားသည်။

“ဒေသခံ ၂၀၀၀ လောက် အထက်တန်းကျောင်းအတွင်း ခိုလှုံနေပါတယ်” ဟု မန်ဒိုဇာက AFP သတင်းကို ပြောကြားသည်။

မန်ဒါနာအိုကျွန်း အလီယိုဆန်မြို့ အနီးရှိ ကျေးရွာများတွင် တိုက်ခိုက်မှု များ ဖြစ်ပွားနေပြီး ဥပဒေမဲ့ သူများကို စစ်ဆင်ရေး ပြုလုပ်နေကြောင်း ဖိလစ်ပိုင် တပ်မတော်က သတင်း ထုတ်ပြန်သည်။

“အဝေးပြေး လမ်းမကြီးကို စစ်သားတွေ ကာကွယ်ပေးနေပါတယ်။ သူပုန် လက်ထဲကို အပါခံလို့ မရပါဘူး။ အဲဒီလို ဖြစ်ရင် ကိုတာဘာတိုနဲ့ အခြား ပြည်နယ်တွေရဲ့ စီးပွားရေး ယိမ်းယိုင် သွားပါလိမ့်မယ်” ဟု ဒေသခံ စစ်ဒေသ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဟာမိုဆိုက မှတ်ချက်ပြုသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အင်အား အကြီးမားဆုံး မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးနှင့် အစိုးရအဖွဲ့ ကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုများ တိုးမြှင့် ပြုလုပ်နေသော်လည်း ယင်း ဆွေးနွေးမှုများကို ဘန်ဆာမိုရို အစ္စလာမ္မစ်လွတ်မြောက်ရေး (BIFF) တိုက်ခိုက်ရေးသမားများက အနှောင့်အယှက်ပေးလျက် ရှိကြောင်း ဖော်ပြထားသည်။

မင်ဒါနာအို ကျွန်း၌ ဗုံးခွဲ တိုက်ခိုက်မှုများ မကြာသေးမီက ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၁၄ ဦး သေဆုံးကာ ၇၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဖွဲ့မျိုးစုံက ဖောက်ခွဲမှုများ ပြုလုပ်နေကြောင်း ဖိလစ်ပိုင်သမ္မတ အကွီနိုက ကြာသပတေးနေ့က သတိပေးလိုက်သည်။




သံလျှင် GTC က စုံတွဲ လည်း သဘောပေါက်သွားကြပြီ

သံလျှင် GTC က စုံတွဲ လူကြီးစုံရာ နဲ့ လက်ထပ် သွားကြပါပြီ။

လူငယ်ဆိုတာ အမှားနဲ့ မကင်းပါဘူး။ အတင်းအဖျင်း ပြော သူတွေ ရပ်တန်းက ရပ်နိုင်ကြပါစေ။



သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် နှစ်ဘက်မိဘစုံလင်စွာဖြင့်မင်္ဂလာဆောင်..



မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ




Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။



နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။



တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။


Backup မှာရှာပါ။

စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။




Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။

Hard Disk Drive Vs Solid State Drive
အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။


အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။



Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ 
သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/

http://ict.com.mm/how-to/the-way-to-turn-find-the-fault-file/

From: Myanmar ICT

save the childern


၁။ သရော်လှောင်ပြောင်မှုများကို ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်သူရဲဘောနည်းသူ သတ္တိကြောင်သူမျိုးဖြစ်လာ တတ်ပါသည်။

၂။ အမြဲတစေပြစ်တင် ဝေဖန်မှု့ကိုခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်သူတစ်ပါးကို အပြစ်တင်တတ်သူ ရှုံ့ ချတတ်သူဖြစ်လာသည်။

၃။ အရာရာမယုံ မသင်္ကာမှုများကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည်ကောက်ကျစ်စဉ်းလဲသူ ဖြစ်လာနိုင်လေသည်။

၎။ မိမိပြုသမျှဆန့်ကျင်ဘက်ပြုခြင်းကိုသာ ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်ရန်လိုတတ်သူ ဖြစ်လာတတ်ပေသည်။

၅။ ကြင်နာယုယမှုကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးအပေါ်တွင်မေတ္တာထားတတ်သူဖြစ်လာနိုင်သည်။

၆။ အားပေးထောက်ခံမှုများဖြင့် ခံစားပြီး ကြီးပြင်းလာရသော ကလေးသူငယ်များသည်မိမိကိုယ် မိမိယုံကြည်အားကိုး စိတ်ရှိသူဖြစ်လာနိုင်သည်။

၇။ ဘာသာတရားဖြင့်ခြံရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အမှန်တရားကိုမြတ်နိုးဆောင်ရွက်တတ် သူဖြစ်လာနိုင်ပေသည်။

၈။ ချီးမွမ်းမှု့များကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အရာရာတွင်နားလည်စာနာတတ်သူ ဖြစ်လာလေ့ရှိပါသည်။

၉။ စာပေဗဟုသုတတို့ဖြင့် စာသံပေသံကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည်ဥာဏ်ပညာ အမြော်အမြင်ဖြင့် ပြည့်စုံတတ်ပေသည်။

၁၀။ တန်းတူညီမျှ ခွဲဝေခံစားခြင်းတို့ဖြင့် ကြီးပြင်းလာရသော ကလေးသူငယ်သည်လူများအပေါ်ခွင့်လွတ် စာနာတတ်သူဖြစ်လာနိုင်ပါသည်။

၁၁။ ကိုယ်၊ နှုတ်၊ နှလုံးကိုစောင့်ထိန်းတတ်သော ပတ်ဝန်းကျင်၌နေထိုင် ခွင့်ရလာသော ကလေးသူငယ်သည်သည်းခံစိတ်ရှည်လေ့ရှိပါသည်။

၁၂။ စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့ မှု ၀န်းရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်မေတ္တာတရားနှင့် ချစ်ခင် နှစ်လိုဖွယ်ရာအလှအပ တရားကိုခံယူတတ်သူအနုပညာဖြင့်သိမ့်မွေ့နူးညံ့သူဖြစ်လာ တတ်ပေသည်။

နုနယ်သောကလေးငယ်များသည် ပတ်ဝန်းကျင်ဓလေ့၊ စရိုက် အရ အများဆုံး ပြောင်းလဲကြပါသည်...ထို့ကြောင့် မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်တို့အား တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့

ကလေးများအတွက်

Related Posts Plugin for WordPress, Blogger...