Wednesday, August 14, 2013

ကျိုင်းတုံမြို့ ၀မ်တာပင်းစစ်ဆေးရေးဂိတ်တွင် WY ဆေးပြားများနှင့် မူးယစ်ဆေးများ ဖမ်းဆီးရမိ


14.8.2013

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ ၀မ်တာပင်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံမူးယစ်(အထူး)အဖွဲ့နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြားများနှင့် ICE (မူးယစ်ဆေးတစ်မျိုး) များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ၀မ်တာပင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျိုင်းတုံမူးယစ်အဖွဲ့၊ ပြည်နယ်ရဲ တပ်ဖွဲ့နှင့် အခြားဌာနဆိုင်ရာအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကြူဖန်ဟွာ မောင်းနှင်ပြီး စိုင်းနွံကျောက် လိုက်ပါလာသည့် အီးဇူဇူး အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။

ယာဉ်မောင်း ကြူဖန်ဟွာ ထိုင်ခုံအောက်မှ အားကစားဂျာနယ်စာ ရွက်ဖြင့်ပတ်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၀) ကျော် ကာလတန်ဖိုး ( ၄ ) သိန်းခန့်နှင့် စိုင်းနွံကျောက်၏ ခါးပတ် အတွင်းမှ ICE (မူးယစ်ဆေးတစ်မျိုး) (၀.၁)ဂရမ်ခန့်၊ ကာလတန်ဖိုးအားဖြင့် (၂)သိန်းခန့်ဖိုးတို့အား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံနှစ်ဦးအား ကျိုင်းတုံရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...