Wednesday, September 25, 2013

ခင်လပြည့်ဇော်ကိုအားပေးကြပါဦး


ခင်လပြည့်ဇော်အားlikeလုပ်၍ဆက်လက်အားပေးကြပါရန်မေတ္တာရပ်ခံ

နိုင်ငံပေါင်း ၁၀၀ ကျော်မှ မော်ဒယ်များ ယှဉ်ပြိုင်ကြမည့် 
Miss Tourism Queen International တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံကိုယ်စားပြု မော်ဒယ်ခင်လပြည့်ဇော်အား
[www.facebook.com/#!/photo.php?fbid=537845716285390&set=a.233384846731480.55219.233381826731782&type=1&theater ]
လင့်ခ်တွင် ၀င်ရောက် like လုပ် ၍အားပေးကြောင်းသိရပြီး
ယင်းသို့  [https://www.facebook.com/photo.php?fbid=537845716285390&set=a.233384846731480.55219.233381826731782&type=1&theater]တွင်
like လုပ် ၍ ဆက်လက်အားပေးကြပါရန်လည်း
ကာယကံရှင်များဖြစ်ကြတဲ့ခင်လပြည့်ဇော်နဲ့ မော်ဒယ်အေဂျင်စီတို့ 
ကမေတ္တာရပ်ခံအပ်ပါသည်။

photo credit-

ဝှက်ထားသည့် ငွေ သိန်းနှစ်ဆယ် ပျောက်ဆုံးမှုကြောင့် အိမ်အကူကို စွပ်စွဲ





Mizzima - News in Burmese

 ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၈ မိနစ်

ဆန်ပုံးအတွင်း ဆန်များအောက် ဝှက်ထားသည့် ငွေကျပ်သိန်း(၂၀) ပျောက်ဆုံးမှုအတွက် အိမ်အကူဖြစ်သူအား ခိုးယူသူအဖြစ် စွပ်စွဲပြီး သင်္ဃန်းကျွန်းရဲစခန်း၌ စက်တင်ဘာ ၂၃ တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အဆိုပါ အမှုကို ဦးစိုးမောင်(၇၈)နှစ်၊ မြန်မာ့ဆိပ်ကမ်း(ငြိမ်း) အမှတ်၂၀၅၊ ငမိုးရိပ် (၈)လမ်း၊ လိုင်း(၁)၊ ငမိုးရိပ်ရပ်ကွက်နေသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

၎င်းသည် လွန်ခဲ့သော (၂၀)ရက်မှ စတင်၍ မသန်းသန်းဝင်း (စုံစမ်းဆဲ) အား အိမ်အကူအဖြစ် တစ်လလျှင် လေးသောင်းကျပ်ပေး၍ အိမ်အကူအဖြစ် နေထိုင်စေခဲ့သည်ဟု ဆိုထားသည်။ ထို့ပြင် စက်တင်ဘာ ၁၀ ရက်က မသန်းသန်းဝင်း၏ အခန်းအတွင်း ထားရှိသော ကော်ဆန်ပုံးအတွင်း ဆန်များအောက်၌ ငွေကျပ် သိန်း(၂၀)အား ဝှက်ထားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် မော်ကျွန်းမြို့နယ်၊ ကျိုက်ပိ ကျေးရွာသို့ အလှူကိစ္စဖြင့်
နေအိမ်အား သော့ပိတ်ပြီး မိသားစုလိုက် သွားရောက်ခဲ့သည်ဟုလည်း တရားလိုက ရဲကို တိုင်တန်း ပြောပြထားသည်။

ထို့နောက် စက်တင်ဘာ ၁၆ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင် အိမ်အကူဖြစ်သူ မသန်းသန်းဝင်းက အိမ်ဖော် မလုပ်လိုကြောင်းပြောသဖြင့် အလုပ်မထွက်ရန် ပြောဆို ခဲ့သော်လည်း စက်တင်ဘာ ၁၈ ရက်တွင် ဦးစိုးမောင်တို့ မရှိခိုက် နေအိမ်မှ ထွက်သွားခဲ့သည်။

၎င်းနေထိုင်သည့် အခန်းအတွင်း ထားရှိသော ကော်ဆန်ပုံးအတွင်းမှ ဆန်များ အောက်ဝှက်ထားသည့် ငွေကျပ်သိန်း (၂၀)အား နေရာပြောင်းရွှေ့ သိမ်းဆည်းရန် ကြည့်ရှုရာတွင်လည်း ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဦးစိုးမောင်က အိမ်အကူ ဖြစ်သူ မသန်းသန်းဝင်းအား ငွေများခိုးယူသူအဖြစ် စွပ်စွဲတိုင်တန်းထားခြင်းလည်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို သင်္ဃန်းကျွန်း ရဲစခန်းက (ပ)၃၈၅/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စွပ်စွဲ တိုင်တန်း ခံထားရသူအား ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းနှင့် ခိုးယူသွားကြောင်း ဟုတ်မှန်ပါက ပုဒ်မ ၃၈၁ ဖြင့် တရားစွဲမည် ဖြစ်ကြောင်း တိုင်းရဲဌာနက ဆိုထားသည်။

(Miss Universe Myanmar 2013) ဆန်ခါတင် အယောက် ၂၀ လေ့လာရေးခရီး


၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ မယ်စကြာဝဠာ (Miss Universe Myanmar 2013) ဆန်ခါတင် အယောက် ၂၀ တို့သည် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဟော်ကီ အားကစားရုံချုပ်၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ၊ လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း နှင့် ကင်ဆာဖောင်ဒေးရှင်းတို့အား သွားရောက်လေ့လာခဲ့ကြစဉ်။ (ဓါတ်ပုံ - ဟောင်ဆာ ၊ မဇ္ဈိမ)





























မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…


သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…

ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ… တော်တော်လေးကို ခေတ်မီနေပါပြီလေ…

အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ…

ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်…

ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…

ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းက ဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…

မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား…ရှင်ယောကျာ်းကော် ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေးရေးချိုးနေတာကို အထဲဝင်လာပြီး အပေါ့သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…

“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာခြားထားသေးတယ်မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ… ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီးသေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ…မျက်စိမိတ်ထားရင်တောင် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့လိုသေးလို့လာ… ”

“ရှင်…” သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက်ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်…

မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ…

အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်… ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမျာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်… “ငါအင်္ကျီဝတ်နေတယ်…”

တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…

နာရီဝက်လောက်ကြာမှ သူထွက်လာတယ်… ၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူပေါ်မှာ နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…

ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲစားပြီး အိမ်ပြန်လာခဲ့တယ်…

ကျနော်အိမ်ထဲဝင်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့သူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့…

သူဘာအကြံအစည်တွေရှိနေပါလိမ့်…

ကျနော် စကားတစ်ခွန်းကို သွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…

“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယားမဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်းထုတ်ထားတာကောင်းမယ်…”

ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင် အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်ဆီယူထားမယ်…”

ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…

နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ…
နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှမထိရ…
…..
ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်…

“သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…

အစကတော့ သူ့ဒေါသကိုစွပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ်ကိုကောက်ထိုးလိုက်တယ်…

“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူနေနေရတုန်းမှာ ရှင့်ကိုဆက်ပြီးတော့ထမင်းချက်ကျွေးမယ်… ”

ဒီစည်းကမ်းချက်တွေရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှုမရှိတော့သလိုဘဲ… အစပိုင်းရက်တွေမှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့နေရာကိုရှာနေတယ်… ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…

မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီးသေမလားဆိုတာကိုကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…

ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…

တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…

“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်ကလွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…

“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ်ကို သေချာကြည့်နေတယ်…

“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…

“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ် အသက်မပါတဲ့ရယ်သံနဲ့ရယ်လိုက်တယ်…

“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့လူတစ်ယောက်ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…

“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီးတစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…

“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…

မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….

ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…

အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကိုတွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…

သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…

ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကိုတုန်တုန်နဲ့ အသေဖက်ထားတယ်… “ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကိုပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ….

ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာ မောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးသေးလေးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင်မွေးချင်တာတောင် မမွေးလိုက်ရဘူး…

“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…

ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး… “သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင်ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…

“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ”

ကျနော်သူ့ကိုလိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”

“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကိုလာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”

သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…

ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…

ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလားဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကိုတွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေးမေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…

“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ပေါက်တယ်… “တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”

ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…

နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြတယ်…
ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကိုမိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ…လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…

“ငါ ကွာရှင်းဖူးတာနဲ့ သူများထက်တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…

ကျနော် သူ့မေးခွန်းအတွက် အဖြေမရှိဘူး… ကျနော်ကိုယ်တိုင်လဲ မသိဘူး… သူကျနော့လည်ပင်းကို ဖက်ထားတာ အရမ်းကို နာနေပြီ… ဖက်မယ်ဆိုရင်လဲ ဆက်ဖက်ထားပါစေ… သေမှမသေနိုင်တာ… နောက်ကျရင် အတူတူမှ မနေရတော့တာ… ဖက်စေချင်ရင်တောင် အခွင့်အရေးမရှိတော့ပါဘူးလေ…

ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…

နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်…

ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…

ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…

သူလဲ နိုးလာပြီ…

သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ”

ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…

“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”

အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်… ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင်ကောင်းမလား…

“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေစားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး… ” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…

ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်…

“အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…” မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…

သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…“လက်သွားဆေးတော့… ထမင်းစားရအောင်…”

ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်…

ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…

“စားတော့…”

ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…

“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…

“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
…….

စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင်ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး…ငါဘဲ ဆေးလိုက်ပါ့မယ်…”

“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေးသိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော်ရေနွေးကြမ်းတစ်ခွက်ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…

သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကိုမေးလိုက်တယ်…
“ရှင် ဒီနေ့ဘာလို့ ဒီလောက်ထိအားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…”
“ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လိုလျှော်ရမလဲဆိုတာမေ့နေပြီ… မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကိုဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်…

သူလဲ ငြိမ်သက်သွားတယ်…

အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲဆိုတာလဲ မသိလိုက်ဘူး…

ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာ လုံးဝဟာတာတာဖြစ်သွားတယ်…

စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော်ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကို ဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…

အခန်းထဲမှာတော့ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာ အရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…

“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်…

အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာ အရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူလွှတ်ခဲ့တဲ့တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်…
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်…

“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကိုအော်ပြောလိုက်တယ်…
ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ… ”

ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…

ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…

ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”

ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်…

အိမ်ထဲမှာ မီးပိတ်ထားတယ်…ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…

ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…

“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက်သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…

ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး…တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန် သူထွက်ခွာသွားပြီးတဲ့အချိန် ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့က တောက်လျှောက်ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား…ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!

နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?

“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ…ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေဝယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေးသင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”

“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံးဝယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ… ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်းထည့်ပေးလိုက်… ”

“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်းသူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကိုပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့နော်… ဒါက ဖေဖေနဲ့မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန်တစ်ခါတည်းထည့်ပေးလိုက်… ”

သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေးတုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ဖြစ်ပါ့မလားဆိုတာ မသိဘူး…

“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစားတောင်းပန်လေးလိုက်နော်…” အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ… “ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ဟာတွေပါဘဲ…”
သူမတ်တပ်ရပ်ပြီး လေးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”

ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံးအချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…
သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော်ယောက်ျားမဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…

“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး ကလူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”

ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး…ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်…

ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…

မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်…
တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…

သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကိုခြားပြီးပြောလိုက်တယ်…
တံခါးပိတ်သံကြားလိုက်ရတယ်…
ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်…
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်… “ခဏစောင့်… မသွားသေးနဲ့ဦး…”

ကျနော် လှေခါးအောက်ကိုပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်… “အောက်ဆင်းလာပြီးလိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ်အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင်စပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက်လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”

“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါတော်တော်လေးကြိုးစားခဲ့တယ်…”

“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး…နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုးပြောထွက်လာရတာလဲ…

“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင်နောက်တစ်ခေါက်ကျမကို လက်ထပ်ခွင့်တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေးပေါ်နေတယ်…

“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက်ထောက်ပြီး သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်…

“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…

“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်… ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…

အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကိုရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…

ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ… လက်စွပ်က ဘယ်ရောက်နေပါလိမ့်…

ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကိုရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်း ပွဲကြည့်ပရိသတ်တွေ…

ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…”

သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…

“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…

{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}
ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော် ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…

Zane

MayThetKhaing,






 
 
 
 

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး







ကသာ ၊ စက်တင်ဘာ ၂၄။ ။ စစ် ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြရ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည် အရက်မူး ၍ ဇနီးဖြစ်သူ မအေးကြည် ၁၉ နှစ်အား လူမှုရေးဖောက်ပြန်သည် ဟုစွပ်စွဲကာ ရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ဖြစ်မှု ကိုအခြေခံ၍ ဇနီးဖြစ် သူ မအေးကြည်အားအရိုးအသွား ၁၈လက်မရှိဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ်ဘက်လက် ချောင်းများပြတ်ရှကုန်ပြီး ဝဲဘက် နံရိုးအောက်သို့လည်း ဓားစိုက် ဝင်သွားခဲ့သည်။ ထို့နောက် သမီးဖြစ် သူ မနှင်း ပွင့်ဖြူ အသက် ငါးနှစ် နှင့် မလှိုင် လှိုင်ထွန်း အသက်နှစ်နှစ်တို့အား ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်။

ကလေးများ ငိုသံကြား၍ ဒေါ်အေးကြည်မှ ထကြည့်စဉ် မြင့်သန်းက မအေးကြည်အား အရိုးအသွား၁၈လက်မရှိ ဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ် ဘက်လက်ချောင်းများ ပြတ်ရှကာ ဝဲဘက်နံရိုးအောက်သို့လည်း ဓား စိုက်ဝင်သွား ခဲ့ပြီး နှစ်နှစ် သမီးအရွယ်ရှိ မလှိုင်လှိုင်ထွန်းအား ဓား ဖြင့်ထပ်မံမွှန်းခဲ့ရာ ဘယ်ဘက် လက်ကောက်ဝတ်၌ ပြတ်လုနီးနီး ဓားဒဏ်ရာနှင့်အတူ ထိရှဒဏ်ရာ အများအပြားရရှိခဲ့ပြီးနောက် ထိုသမီးငယ်၏ ဝဲဘက်ဝမ်းဗိုက် ကိုလည်း ဓားဖြင့် ထိုး သွင်း သတ် ဖြတ်ခဲ့သည်။

ထိုသို့ သမီးငယ်အား ထိုး သတ်ပြီး သမီးကြီးဖြစ်သူ မနှင်း ပွင့်ဖြူ ငါးနှစ်အား ထပ်မံ၍ ဓား ဖြင့်ထိုးခဲ့ရာ မနှင်းပွင့်ဖြူ၏ဝမ်း ဗိုက်ပေါက်ပြဲခဲ့သည်။ မြင့်သန်း သည် ကလေးများကို ဓားဖြင့်ထိုး ပြီး မိမိကိုယ်ကိုလည်း ဓားဖြင့်ထိုး ခဲ့သည်။ ထိုအခြေ အနေတွင် ဇနီး ဖြစ်သူ မအေးကြည်က ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့ပြီး ကျေး ရွာကို အကူအညီတောင်းခံခဲ့သည်။ ကျေးရွာလူထုမှ မြင့်သန်းနှင့် ကလေးများဖမ်းထားရာနေအိမ် သို့ဝိုင်းသောအခါ မြင့်သန်းမှ လာ ရောက်ကယ် တင်သူ အား သတ် မည်ဟုဆိုကာ အရှည်လေးတောင် ရှိမှိန်းနှင့် အရှည်၁၈လက်မရှိဓား ကို ကိုင်ဆောင်၍ ကြိမ်းမောင်းနေ မှုကြောင့် မည်သူမှ အနားသို့ မကပ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးတွင် ရပ်ကွက်တာဝန် ရှိသူများမှ အင်းရွာရဲ စခန်းသို့ သွား တိုင်ခဲ့ရာ စက်တင်ဘာ ၂၄ရက် နံနက်ရနာရီတွင် လူသတ်တရားခံ မြင့်သန်းအား ဖမ်းဆီးရမိခဲ့သည်။

ထိုဓားထိုးမှုဖြစ်စဉ်ကြောင့် နှစ်နှစ်သမီးအရွယ်ရှိ မလှိုင်လှိုင် ထွန်းမှာ နေရာ၌ ပွဲချင်းပြီးသေဆုံး သွားခဲ့ပြီး မအေးကြည်နှင့် မနှင်း ပွင့်ဖြူတို့မှာ ဒဏ်ရာပြင်းထန်လွန်း သဖြင့် ကသာခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် အရေးပေါ်ခွဲစိတ်ကုသ မှုခံ ယူနေ ရဆဲဖြစ်သည်။ ခွဲစိတ်မှု အခြေအနေမှာ သတင်းရေးသား ချိန်အထိ စိုးရိမ်ရဆဲအခြေအနေ တွင် ရှိနေသည်။

လူသတ်တရားခံမြင့်သန်း မှာ အရက်ကို နေ့စဉ်စွဲမြဲစွာသောက် သုံးသူဖြစ်သဖြင့် အရက်ကြောင် ကြောင်ကာ ကိုယ့်မိသားစုတစ်စု လုံးကို ယခုလို ရက်စက်စွာသတ် ဖြတ်ခဲ့မှုဖြစ်ပေါ်ခဲ့သည်ဟု သက် ဆိုင်ရာရဲတပ်ဖွဲ့မှ ကောက်ချက် ချထားသည်။ ထိုလူသတ်မှုနှင့် ပတ်သက်၍ အင်းရွာလေးကျေး ရွာနေ မြင့်သန်းအား အင်းရွာရဲ စခန်းမှ (ပ)၁၁၁/၂၀၁၃ဖြင့် တိုင် ချက်ရေးသွင်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂/၃၂၆ဖြင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လူသတ်တရားခံမြင့်သန်း က ပြောပြရာတွင် သူသည် ၁၇ နှစ် သားအရွယ်မှ စတင်၍ အရက် သောက်ခဲ့ကြောင်း၊ လွန်ခဲ့သော ခုနစ်နှစ်က ဘုရားတွင် အရက်လှူ ခဲ့ပြီး ပြန်သောက်ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သောလေးရက်က အရက် ဖြတ်တာကို ဆေးဝါး အကူအညီ မယူဘဲ အစိမ်းဖြတ်ထားကြောင်း ပြောသည်။ လူသတ်တရားခံ မြင့် သန်း၏ဖခင် တစ်ရွာတည်းနေ ဦးသောင်းစိန်က သူ့သားမြင့်သန်း အရက်ဖြတ်ထားသည်မှာ နှစ်ရက် ခန့်ပင် ရှိသေးကြောင်း၊ လွန်ခဲ့ သောခြောက်လ ကျော်က မြင့်သန်း နှင့်ညီဖြစ်သူတို့ စကားများရာမှ ညီဖြစ်သူက ဓားဖြင့်ထိုးခဲ့၍ မြင့် သန်း၏ဝမ်းဗိုက်ကို ခွဲစိတ်ကုသ မှု ပြုလုပ်ခဲ့ရသေးကြောင်း ပြော ပြခဲ့သည်။

ဟာဂျူလီ
(ရန်ကုန်တိုင်းမ်သတင်းစာ)



မြန်မာငွေ ၂ ကျပ်နဲ့ 10 ဒေါ်လာ လဲနိုင်ပြီ



online မှာ ငွေရှာလို့ရတယ် ဆိုတာသိကြမှာပါနော် ခုကျွန်တော် ပေးတဲပ link မှာ Register လုပ်ပြီးအကောင့် ၀င် ပါ

အကောင့်လုပ်ရတာလဲ လွယ်ကူပါတယ် ..

မိမိအကောင့် ၀င်လိုက်ပြီးဆိုရင် ပုံမှာပြထားတဲ့အတိုင်း ၁ (Earnings Area) နေရာလေးကို နှိပ်လိုပ်ပါ..

ပြီးရင် 2 (Paid to Click Ads) ကို နှိပ်ပါ ..

3 အဆင့် မှာ View Advertisements လေးတွေ့ရလာပါဖြစ်ပါတယ် တစ်ခုကြော်ငြာပေးရင် ၁၀ ဒေါ်လာရပါတယ်
တစ်ခုကြော်ငြာ ရင် ၁ မိနစ် စောင့်ပေးရပါတယ်

ကိုကို မမ သူငယ်ချင်းတိုရယ် ၂ ကျပ် နဲ့ ၁၀ ဒေါ်လာ လဲနိုင်ပါတယ်



လုပ်ချင်တယ် ဆိုရင် အောက်က link တွေမှာ စတင်နိုင်ပါပီ ဗျာ...



http://www.tendollarbux.com/

http://www.Paynized.com/?invite=17605

အကောင့် ၀င်လိုက်ရင် ဒါလေးတွေပါမယ်
 

မြှားလေးပြထားသေားနေရာလေး ( Earnings Area ) ကို နှိပ်လိုက်ပါ 
အောက်ပါပုံလေး တွေရှိပါမယ် 

 

မြှားလေးပြထားသေားနေရာလေး  (Paid to Click Ads )ကို နှိပ်လိုက်ရင်တော့ ကြော်ငြာမဲံ link လေးတွေ ပေးလာပါလိမ်မယ်  ပေးသလောက်ပဲရမှာနော် 
လောဘတတ်မနေနဲ့ ...ကိုကိုမမ တိုရယ် တော်ကီ ပစ်နေတာ များနေပီ ..အဆင်ပြေပါစေနော် မေးချင်တာများရှိရင် chitthodar@gmail.com ကို မေးနိုင်ပါတယ်






 









Related Posts Plugin for WordPress, Blogger...