Thursday, September 12, 2013

“ အိမ်အကူကို နှိပ်စက်သည့် ပဲခူး တရားသူကြီး ဇနီး ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး ”


ပဲခူးတိုင်း ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး၏ ဇနီးကို အိမ်အကူအလုပ်သမ တဦးအား လက်ရောက် ကျုးလွန်မှုများဖြင့် ဝရမ်း ထုတ်ထား သော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးကို မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် ကျူးလွန်ထားမှုဖြင့် တရားစွဲ ခံထား ရသည့် ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထား သော် လည်း ပုန်းရှောင်နေသည့် နေရာကို မသိသဖြင့် မဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးမြဝင်း က “ဝရမ်း ထုတ်ထားကတည်းက ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ (ဒေါ်ဖြူဝင်းသက်) ဘယ်မှာရှောင်တိမ်း နေတယ်ဆိုတာ သတင်းအတိအကျ မရလို့ မဖမ်းနိုင်သေးတာပါ၊ သူရောက်တယ်လို့ သတင်းကြားတဲ့ နေရာတွေက စခန်းတွေကိုတော့ အကြောင်းကြားထားတာတွေတော့ လုပ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားမှုသည် ၂၀၁၂ ခုနှစ် မတ်လထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ၂ လ အကြာတွင် ကာယကံရှင် မအေးယုအောင် က ပဲခူးမြို့နယ် အမှတ် (၃) ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ချိန်မှ စ၍ ဒေါ်ဖြူဝင်းသက်မှာ တိမ်းရှောင် နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းအမှုကို တရားစွဲဆိုထားသည့် ကာယကံရှင်များနှင့် မျက်မြင်သက်သေများကို ပဲခူးမြို့နယ်တရားရုံးက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ထားပြီး ဒေါ်ဖြူဝင်းသက်ကို တုတ်၊ ဓား စသည်တို့ဖြင့် ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ တရားလိုက အမှုဖွင့်ထားသော်လည်း ထွက်ပြေးတိမ်းရှောင်နေခြင်း ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း ပဲခူးမြို့နယ် တရားရုံးထံမှ သိရသည်။

ပဲခူးမြို့နယ် တရားရုံး ရုံးတာဝန်ရှိသူ တဦးက “တရားလိုတွေ၊ မျက်မြင်တွေ စစ်ပြီးသွားပြီခင်ဗျ၊ အားလုံးစစ်ပြီးသွားမှ ဒေါ်ဖြူဝင်းသက် ကို တရားခံပြေး၊ ဝရမ်းပြေးအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ အခင်းဖြစ်ပွားပြီး နောက် ဒေါ်ဖြူဝင်းသက်၏ ခင်ပွန်း ဦးအောင်ဖုန်းဝင်း ကိုလည်း တောင်တွင်းကြီး မြို့သို့ ရွှေ့ပြောင်း တာဝန် ထမ်းဆောင် စေခိုင်း ထားကြောင်း သိရသည်။

ယင်းအမှုကို တရားလိုဘက်မှ ဥပဒေ လမ်းကြောင်းအရ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအေးမြင့် ကလည်း “တရားလိုနဲ့ ရပ်ကွက် သက်သေတွေလည်း စစ်ပြီးပြီ၊ အမှုက ပေါ်တယ်၊ ဒေါ်ဖြူဝင်းသက်က ထွက်ပြေးနေတုန်း၊ ရဲကလည်း မမိသေးဘူး၊ သူရောက်တယ် ဆိုတဲ့ နေရာတွေကိုလည်း ဝရမ်းထုတ်ပြီး ရဲကို အဖမ်းခိုင်းနေတယ် တရားရုံးက”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်ဖြူဝင်းသက်နှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်း တို့ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများရရှိထားပြီး ယင်း မတိုင်ခင် ကလည်း ဦးခေါင်းအား ပုလင်းနှင့် ရိုက်ထားသည့် ဒဏ်ရာများ၊ ရင်ဘတ်ကိုလည်း ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာများ၊ ဆေးစာများနှင့် အတူ တရားလိုဘက်မှ တရားစွဲဆိုထားကြောင်း သိရသည်။

ထိုအချိန်က အခင်းဖြစ်ပွားပြီးချိန် တလကျော်ကြာသည်အထိ ဒေါ်ဖြူဝင်းသက်နှင့် ဦးအောင်ဖုန်းဝင်းတို့က မအေးယုအောင် ကို ဒဏ်ရာများ ပျောက်ကင်းချိန် အထိ ထိန်းသိမ်း ထားခဲ့သေးသော်လည်း နောက်ပိုင်း ရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲခံခဲ့ရသည်။

တရားခံပြေးကို ရဲများက ရှာမတွေ့နိုင်သော်လည်း ဒေါ်ဖြူဝင်းသက်၏ ဆွေးမျိုးများက တရားလိုနှင့် နီးစပ်သူများကို ကျေအေးရန် လာရောက် ညှိနှိုင်းမှုများ ရှိနေကြောင်း ပဲခူးမြို့နယ်တရားရုံး တာဝန်ရှိသူ တဦးက ပြောသည်။

The Irrawaddy (Burmese Version)

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်မည် ဟူသော သတင်းများလည်းထွက်ပေါ်...




အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။


ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။





ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။





ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။


ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ကမ္ဘာ့ဘဏ် ရှင်းပြီ

ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ကမ္ဘာ့ဘဏ် ရှင်းပြီ (Burmese Version)

 

 


ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စ ကမ္ဘာ့ဘဏ် ရှင်းပြီ (English Version) 

 

 


ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများ ဘာမှမကူညီသဖြင့် မလေးရှားရောက် တရားမဝင်မြန်မာ တစ်ရက်လျှင် ရာနှင့်ချီ အောက်လမ်းဖြင့် ပြည်တော်ပြန်


From : ..the voice


တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် အော်ပရာစီ စစ်ဆင်ရေးကြောင့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား တစ်ရက်လျှင် သုံးရာခန့် မြန်မာနိုင်ငံသို့ တရားမဝင် နယ်စပ်လမ်းကြောင်း (အောက်လမ်း) မှတစ်ဆင့် ပြန်လာနေကြကြောင်း အဆိုပါ ပြည်တော်ပြန် လုပ်သားများကို မေးမြန်းချက်များအရ သိရှိရသည်။

တရားမဝင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာရန် ပွဲစားကို မလေးရှားရင်းဂစ် ၉၀၀ (ကျပ်သုံးသိန်းခန့်) ပေးရပြီး ပွဲစားအစီအစဉ်ဖြင့် ပြန်လာပါက ဖမ်းဆီးခံရခြင်း မရှိကြောင်း စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာသူ ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောကြားသည်။

အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် နယ်စပ်လမ်းကြောင်းမှ နေရပ်ပြန်သူ ယခုရက်ပိုင်းအတွင်း အဆမတန် များပြားလာကြောင်း၊ သွားရောက်မည့် နေရပ်ဝေးကွာမှုအပေါ် မူတည်ကာ ဝန်ဆောင်ခခွဲခြား သတ်မှတ်ကာ ပို့ဆောင်ပေးနေကြောင်း မလေးရှားနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ပွဲစားများက ပြောဆိုကြသည်။

“တစ်ရက်ကို အယောက် ၇၀ နဲ့ ၁၀၀ ကြား ပို့နေရတယ်” ဟု ထိုင်းနိုင်ငံ နယ်စပ်တွင် အလုပ်လုပ်ကိုင်သည့် ပွဲစားတစ်ဦးက ၎င်းတစ်ဦးတည်း ပို့ဆောင်ပေးနေမှု အခြေအနေကို ရှင်းပြသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်နေသည့် အော်ပရာစီ စစ်ဆင်ရေး Ops 6P Bersepadu ကြောင့် တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေးသည့် မြန်မာ ၆၅ ဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာန ဖြစ်သည့် Bernama သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အောက်လမ်း ဆိုသည်မှာ မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ ဘားအံစသည့် မြို့များမှ မြန်မာနိုင်ငံသို့ ပြန်လာခြင်းကို ဆိုသည်။

တရားမဝင် နယ်စပ်လမ်းကြောင်းက မဟုတ်ဘဲ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် နိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (Certificate of Idenity) ထုတ်ယူကာ တရားဝင် လမ်းကြောင်းဖြင့် သွားလာနိုင်သော်လည်း အဆိုပါ အထောက်အထားယူပါက နောက်တစ်ကြိမ် တရားဝင် သွားရောက် လုပ်ကိုင်ခွင့်ရရန် ခက်ခဲကြောင်း လုပ်သားများထံမှ သိရှိရသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နေရပ်ပြန်ခွင့်ရရေး၊ အလုပ်ဆက်လုပ်လိုသည့် တရားမဝင် မြန်မာများ တရားဝင် အလုပ်လုပ်ခွင့် ရရှိရန် နှစ်နိုင်ငံ ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာလုပ်သားများ အရေးကို ဖြေရှင်းရန် မလေးရှားနိုင်ငံသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိနေသည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

စက်တင်ဘာလ ၁ ရက်နေ့က စတင်သည့် မလေးရှားနိုင်ငံ အော်ပရာစီ စစ်ဆင်ရေးတွင် မြန်မာနိုင်ငံသား ၆၀၀ ခန့် အပါအဝင် တရားမဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀၀၀ ကျော် ဖမ်းဆီးထားပြီး ဖြစ်ကြောင်း မလေးရှား သတင်းများအရ သိရှိရသည်။

သမီး ရေချိုးတာကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့ ပထွေး






စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။


တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။


၂၀၁၀ ခုနှစ် အောက်တိုဘာလက ကျူးလွန်ခဲ့သော ထိုပြစ်မှုအတွက် ပထွေးဖြစ်သူအား ထောင်သုံးလကျခံ စေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


From : .... New Myanmar News

ယဉ်ကျေးမှုနှင့် အနာဂတ် မြန်မာ နိုင်ငံ.....





လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့် Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။
သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။
အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။
၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။
သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။
No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို ပြီး စိတ် ၀င် တစား ရှိ ကြ သည်
ဟု သိရသည်။

နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။



အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။


ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။

” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး မိန်း ကလေး တွေ မှာ တော့
ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။
လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု သိရသည်။
No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။
အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။
လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး အုပ်ထား တာ ထက် စာရင်
အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ ဆင်း မှု ကို ဟန့်
တား နိုင်တယ် ဟု သုံး သပ် ကြသည်။
အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ 
ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။

ဘုရားကို ပစ်ပယ်.. ကုလားကို ချစ်တယ်..






ရှက်တတ်ရင် လဲ သေဖို့ကောင်းပါတယ်၊ ရခိုင်လို ဒေသတွေမှာ ဒို့လူမျိုးတွေ ဘယ်ကောင်တွေ နဲ့ဘယ် လိုတွေဖြစ်နေလဲ၊ ဒို့ပြည်တွင်းမှာ ဘယ်ကောင်တွေ နဲ့ ဘယ်မြို့တွေမှာ ဘယ်လို တွေဖြစ်နေလဲ အဲဒါ ကျွန်မတို့နဲ့ မဆိုင် ဒီမိုကရေစီခေတ်ပါ လွတ်လပ်စွာ ချစ်လို့ ကြိုက်လို့ ရပါတယ်ဆိုတဲ့ကျနော်တို့ ဘာသာဝင် မိန်းကလေးတွေ တစ်လွဲဆံပင်ကောင်းပြီး အပါလွယ်တာကို ကျနော်တို့ အဖွဲ့က ပိုကြောင် ပါတယ်၊ အဲ့လို စိတ်ဓါတ်မျိုး ရှိတဲ့ မိန်းကလေးငယ်တွေများနေခြင်းဟာ တစ်ကယ်မကောင်းပါဘူး၊ ဘာသာ၊ သာသနာအတွက် ရင်လေးစရာပါ၊ ခုလို ပညာတွေတတ်၊ဘွဲ့ဒီဂရီတွေအများကြီးတွေရပြီးမှ ဘာ သာခြားနောက်ကောက်ကောက်ပါ သွားရတာတွေ၊ ပါတီနိုင်ငံရေးတွေမှာ၊အမျိုးသားရေးက အစွန်းရောက် တယ်၊ ဒီမိုကရေစီကသာ အပြည့်ဝဆုံးလူ့အခွင့်ရေးပါဘဲဆိုပြီးငပြူးက ငပြဲပြော တဲ့သူတွေ များပြား လာခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေနဲ့ ကင်းကွာ ခဲ့ရ မူ့တွေကြောင့်ပါ၊ သို့ပါ၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ပေးခြင်း မိဘများမှသားသမီး များအား ဘုရားကျောင်းကန်များ၊ တရားစခန်းပွဲများတွင်ဝင်စေခြင်းဖြင့် မိမိတို့ သားသမီးခလေးငယ်များရဲ့ ရင်တွင်းမှာ သာသနာလက်ဆင့်ကမ်းပြုနိုင်ကြပါစေ။

"""မရှက်ဘူးလား"""

=တစ်ပြားနှစ်ပြား စုပါများ
ကုလား တိုက်ကြီးတည်။

=မူးစုတ် မတ်စုတ် စု၍လုပ်
တရုတ် ကားကြီးဝယ်။

=တစ်ပြားနှစ်ပြား သုံးပါများ
ဗမာများ မွဲသွားတယ်။

=ဗမာမလေးက ငွေမက်တယ်
ကုလားကြီးက ငွေနဲ့ဝယ်
ဘုရားကို ပစ်ပယ်..
ကုလားကို ချစ်တယ်..
မရှက်ဘူးလားကွယ်။
(ဒီပုံထဲကလို ဗမာမလေးတွေ ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်။
မရှက်တတ်ရင်တော့ ငရဲပြည်သို့ ဂျောင်းလိမ့်မယ်။)

မှတ်ချက်။ ။ စာသားနှင့် ဓာတ်ပုံကို Face book pageမှ ကူးယူသည်။

အထူးမေတ္တာရပ်ခံချက်။ ။ ဒီပိုစ့်လေးကို မျှဝေပေးကြပါ။ ဒီပိုစ့်ဖတ်တဲ့ ဗုဒ္ဓဘာသာဝင် ဒကာမလေးများ ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှမလုပ်ကြပါနဲ့။ မိမိလည်း မလုပ်သလို မိမိရဲ့ ဆွေးမျိုး ညီမ အစ်မ သူငယ်ချင်းမိတ်ဆွေများကိုလည်း ပြောပြ နားချ သတိပေးကြပါ။ မြင်ရတွေ့ရတာ တစ်စက်လေးမှ စိတ်ချမ်းသာစရာမရှိသလို ကျက်သရေလည်း မရှိပါဘူး။ စိတ်မချမ်းသာမှန်းသိသိကြီးနဲ့တင်ပေးရခြင်းကား အချိန်မီ တားဆီးကာကွယ်ရန်အတွက်သာဖြစ်ပါသည်။ ထပ်၍ သတိပေးပါဦးမည်။ အမျိုးဖျတ်မဘဝ ဘာသာဖျတ်မဘဝ၊ သာသနာဖျတ်မဘဝမျိုး အရောက်မခံကြပါနဲ့လို့ သတိပေးလိုက်ပါသည်။ တစ်သံသရာလုံး ဆင်းဒုက္ခရောက်မည့်အဖြစ်မျိုး မခံယူချင်ကြပါနဲ့လို့ ထပ်မံတိုက်တွန်းလိုက် ပါသည်။
ဗုဒ္ဓဘသာာဝင်များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် မိမိအကျိုး သူတစ်ပါးအကျိုး လောက အကျိုး သာသနာ့အကျိုးကို ဆထက်တိုးပြီး ဆောင်ရွတ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါသည်။

မေတ္တာဖြင့် အရှင်ဝိမလဝံသ
FROM-SOUTH ALAR AND LEE MOHARMAD

KIA ၏ အဆင်အခြင်မဲ့ လုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီလော



ကျဆုံးသူ အရာရှိအမည် ။ ဗိုလ်ဇော်မျိုးထက် ( DSA 52)
တပ်အမည် ။ ။ ခလရ ၁၃၇ ( မချမ်းဘော )
ခြုံခိုတိုက်ခံရသည့် ရက်စွဲ ။ ၂၈ . ၈ .၂၀၁၃
အလောင်း ရှာတွေ့ သည့် စစ်ကူတပ် ။ ခလရ ၁၃၈ ( မူလာရှီးဒီ )
ခြုံခို တိုက်ခံရသည့် နေရာ ။ အင်ဂျန်ဘောက် ၊ မချမ်းဘော မြို့ အနီး ။
ပူတာအိုခရိုင် ။ကောင်လေးက လူတော်လေးပါ၊ သူ့အဖေက ယာဉ်မောင်းပါ၊
ကြိုးစားပြီး အရာရှိ ဖြစ်လာတာပါ၊
သူ့ညီမလေးက လည်းဒီနှစ် (၁၀)တန်းအောင်ပြီး ဆေးကျောင်း တက်နေပါတယ်၊
အရမ်း ၀မ်းနည်းစရာ ကောင်းပါတယ်..

- လူ့အခွင့်အရေးဆိုသည်မှာ အစိုးရ၀န်ထမ်းများနှင့် စစ်သားများအတွက်မပါ..
- တပ်မတော်သားများ ရက်စက်စွာ အသတ်ခံရသော်လည်း ပြည်တွင်းစစ်
ချက်ချင်းရပ်ဆိုသူများ မည်သော အခါမျှ ဆန္ဒမပြကြ...
(ဘယ်ပြမလဲ ဟိုကို ဆန္ဒပြတော့ ဘယ်သူက၊ ဘယ်ကွန်ယက်က၊
ဘယ် NGO က ထောက်ပံ့မလဲ၊ ဘယ်က အညတရ သူရဲကောင်းဆု ဘာညာသာရကာတွေ ပေးမလဲ.....)

- အစိုးရလူကြီးမင်းများ အနည်းငယ်မှားလျှင် (သို့) မှားသည်ဟု မီဒီယာမှ
နားစွန်နားဖျားကြားရလျှင်ပင် ပက်ကနဲ ထေ့၊ ရိ၊ သရော်လေ့ရှိသော
ရွှေဥာဏ်တော်စူးရောက်သည့် အတိုက်အခံဝါဒီများ စစ်သားများ အသက်ဆုံးရှုံးတိုင်း
နှာစေးလျက်ရှိ..(ဘယ်သူတွေ မျက်စိတစ်ဖက်မှိတ်ထားလည်း တွေးကြည့်..)

- ပန်းရဲ့လမ်း၊ ငြိမ်းချမ်းရေးနှင်းဆီ ဘာညာသာရကာများ ပျောက်ချင်းမလှ ပျောက်လျက်ရှိ...
(အင်း.. တပ်က အလှူငွေမှ မထည့်ပဲပဲ..ပဲ..)
ခုလောလောဆယ် ဒီစာကို စိတ်တိုလို့ရေးတယ်.။
ကျွန်တော် ဒေါ်စုမွေးနေ့က ဆုတောင်းပေးဖူးတယ်၊
အတိုက်အခံထဲက သဘောကျတဲ့သူကို သဘောကျတယ်လို့ ပြောဖူးတယ်.၊
ယုတ်စွအဆုံး ဘယ်ပါတီက ဘယ်အချက်တွေကောင်းတယ်၊
ဘယ်အချက်တွေ လိုတယ်လို့ အပြုသဘောနဲ့တောင် ရေးဖူးတယ်.။
(နာမည်တပ်မပြောတော့ ..) ..။

ခင်ဗျားတို့ပြောနေတဲ့ Brain wash လုပ်ခံခဲ့ရပါတယ်ဆို စစ်သားတစ်ယောက်တောင်
အဲဒီလို ဆန့်ကျင်ဖက်က လူတော်တွေ၊ လူကောင်းတွေကို ချီးကျူးဖို့
သတ္တိမွေးနိုင်ရင်. ခင်ဗျားတို့တွေက ဘာစားပြီးကြီးလို့ ရှေ့တန်းမှာ
အသက်ဆုံးရှုံးတဲ့ စစ်သည်တော်ကို မျက်နှာလွှဲနိုင်ကြတာလဲ....။
ဘာကြောင့်မို့ သေပြီးတဲ့ ပုဂ္ဂိုလ်ကိုတောင် ပုတ်ခတ်နိုင်ကြသေးတာလဲ..။
စဉ်းစားဦး.။ ဘယ်သူက Brain wash လုပ်ခံထားရသလဲ???

ပူတာအို ခရိုင်အတွင်း ဖြစ်ပွားသော....
ခြုံခို တိုက်ခိုက်ခံရမှုတွင်.....
ဖမ်းဆီးရမိသော စစ်သုံ့ ပန်း အရာရှိအား ....
ကျန် သုံ့ ပန်း စစ်သည်များရှေ့ တွင် ...
ခေါင်းဖြတ် ဗိုက်ခွဲကာ ....
ဗိုက်ထဲသို့ ခေါင်းကို ထည့်ပြခဲ့ပြီး.....
သုံ့ ပန်း စစ်သည်အချို့ အားလည်း ...
သွေးအေးအေးဖြင့် ရက်စက်စွာ ပစ်သတ်ခဲ့သော....
ကေအိုင်အေ အဖွဲ့ အား....
အပြင်းအထန် ရှုံချပါသည်.....

Myanmar Express

မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့မဖွဲ့ဖို့ ကန့်သတ်



မြန်မာနိုင်ငံမှာ ​မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ​သံဃာတော်တွေပါဝင် ​ပတ်သက်မှုကို ​ကန့်သတ်နိုင်ဖို့အတွက် ​နိုင်ငံတော် ​သံဃမဟာနာယက ​အဖွဲ့ကနေ ​တားဆီးမိန့် ​တစ်ခုထုတ်ပြန် ​လိုက်တယ်လို့ ​သိရပါတယ်။





မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်မှုမြင်ကွင်း

မြန်မာနိုင်ငံမှာ ​ပြီးခဲ့တဲ့လတွေ ​အတွင်းဖြစ်ပွားခဲ့တဲ့ ​ဘာသာရေး ​အကြောင်းပြု ​အကြမ်းဖက်မှုတွေမှာ ​ဗုဒ္ဓဘာသာ ​သံဃာတော်တွေ ​ဦးဆောင်ပါဝင်မှုတွေ ​ရှိခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်တွေရှိခဲ့ရာက ​အခုလို ​တားမြစ်တဲ့ ​ညွှန်ကြားချက် ​ထွက်ပေါ်လာတာ ​ဖြစ်ပါတယ်။
စက်တင်ဘာလ ​၂ ​ရက်နေ့ကတည်းက ​ထုတ်ပြန်ခဲ့တဲ့ ​နိုင်ငံတော် ​သံဃမဟာနာယက ​အဖွဲ့ရဲ့ ​အမိန့်စာမှာ ​၉၆၉ ​လှုပ်ရှားမှုနဲ့ပတ်သက်တဲ့အဖွဲ့တွေ ​တရားဝင်ဖွဲ့စည်းခွင့်မပြုကြောင်း ​ကန့်သတ်ချက် ​ထုတ်ထားပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ​၆၉၆ ​လှုပ်ရှားမှုခေါင်းဆောင်အဖြစ် ​သတ်မှတ်ခံရတဲ့ ​အရှင်ဝိရသူကတော့ ​ဒါဟာ ​ဒီမိုကရေစီမဆန်ဘူးလို့ ​ဝေဖန်လိုက်ပါတယ်။
ဂေါတမဗုဒ္ဓရဲ့ ​ဂုဏ်တော်တွေကို ​ရည်ညွှန်းထား ​ဖြစ်တယ်ဆိုတဲ့ ​၉၆၉ ​ဂဏန်းကိုသုံးပြီး ​မွတ်စလင်ဆန့် ​ကျင်ရေးလှုပ်ရှားမှု ​သင်္ကေတအဖြစ် ​အသွင်သွတ်သွင်းခဲ့တဲ့ ​လှုပ်ရှားမှုဟာ ​မြန်မာနိုင်ငံစုစုပေါင်း ​လူဦးရေ ​သန်း ​၆၀ ​ထဲမှာ ​၅ ​ရာခိုင်နှုန်းသာရှိတဲ့ ​မွတ်စလင်တွေကို ​ခွဲခြားထားဖို့ဖြစ်တယ်လို့ ​နိုင်ငံတကာ ​သတင်းဌာနတချို့က ​ဖေါ်ပြပါတယ်။
၉၆၉ ​လှုပ်ရှားမှုရဲ့ ​ဦးစီးဦးဆောင်အဖြစ် ​သတ်မှတ်ခံရတဲ့ ​အရှင်ဝီရသူကတော့ ​သူ့အနေနဲ့အကြမ်းဖက်မှုကို ​အားပေးအားမြောက်မလုပ်ဘူးလို့ဆိုပေမယ့် ​၉၆၉ ​လှုပ်ရှားမှု ​ပေါ်ပေါက်လာတာနဲ့အတူ ​အကြမ်းဖက်မှုတွေ ​တွဲဖက်ပါလာခဲ့တာ ​ဖြစ်တယ်လို့ ​ရိုက်တာသတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။
အရှင်ဝီရသူကတော့ ​အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့အတွက် ​စိတ်ထိခိုက် ​ရကြောင်းပြောခဲ့သလို ​လူမှုအသိုင်းအဝိုင်းတွေအခြင်းခြင်းအကြားငြိမ်းချမ်းရေးတည် ​ဆောက်သင့်တယ်လို့လည်း ​ပြောခဲ့တဲ့အကြောင်း ​သိရပါတယ်။
ဘာသာရေးအကြောင်း ​ပြုအကြမ်းဖက်မှုတွေကြောင့် ​လူပေါင်း ​၂၃၀ ​ကျော် ​အသက်ဆုံးခဲ့ရပြီး ​လူပေါင်း ​တစ်သိန်းခွဲထက်မနည်း ​အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ​အများစုက ​မွတ်စလင်တွေဖြစ်တယ်လို့ ​နိုင်ငံတကာသတင်းဌာနတချို့က ​ဖေါ်ပြကြပါတယ်။

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာပိတ်သိမ်း







ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅)တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာ
သောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊
Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ
ဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့
၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့
၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်
ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊
Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရတနာပုံဆိုက်ဘာစီးတီး က ကျောင်းပြေးတွေကို အလိုမလိုက်ကြပါနဲ့




လာမယ့် ၂၃- စက်တင်ဘာမှာ အတန်းတင်စာမေးပွဲမှာ ဖြေဆိုခွင့်မရလို့ ဆန္ဒပြကြတဲ့ ရတနာပုံ ဆိုက်ဘာ စီးတီး က သူငယ်ချင်းတွေ အကြောင်းပြောပြချင်ပါတယ် ။ကျွန်တော်တို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)မှာ ကျောင်းသား/သူ ၂၀၅၈ယောက် တတ်ရောက်နေပါတယ် ။ ကျောင်းစအပ်ပါပြီ ဆိုက တည်းက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မှ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ် ဆိုတဲ့ စည်းကမ်း ချက်ပါရှိပါတယ် ။ မိဘတွေနဲ့ ကျောင်းသား/သူတွေကိုယ်တိုင် သိရှိပါကြောင်း လိုက်နာပါမယ် ဆိုတဲ့ အကြောင်း လက်မှတ် ထိုးခဲ့ပြီးဖြစ်ပါတယ်။ကြေငြာဘုတ်မှာလည်း အမြဲသတိပေးစာ ကပ်ရှိထားပါတယ်။ (၂)လ တကြိမ်လည်း ကျောင်းသား/သူတွေ ကိုယ်တိုင် မိမိတို့ကျောင်းတတ်ချိန်ရာခိုင်နှုန်းကို သိရှိစေဖို့ ထုတ်ပြန်ပေးတတ်ပါတယ်။
တကယ်တော့ အခုလို ဆန္ဒပြပြီး အသနားခံစာတင် တဲ့ ဖြစ်စဉ်ထဲက ကျောင်းသား/သူတွေ ဟာ ကျောင်းပြေး တဲ့ လူတွေဖြစ်ပါတယ် ။ အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့ ဆိုက်ဘာစီးတီး က ပြင်ဦး လွင်မှာ ဖွင့်လှစ် ထားတာပါ ။ဒီတော့ လည်စရာပတ်စရာတွေ အများသားပေါ့ဗျာ။ တက္ကသိုလ်ဟာ ရတနာပုံမြို့သစ်ထဲမှာ ရှိတယ် ဆိုပေမယ့် အပြင်ထွက်ဖို့ လမ်းတွေအများကြီးပဲဗျ။ မြို့ခံနည်းပြီး နယ်ကျောင်း သားတွေများတော့ ကျောင်းပိတ်ရက်အပြင် ကျောင်းဖွင့်ရက်ကိုပါ ကျောင်းပြေးပြီးလျှောက်လည်ကြ၊ အတွဲရှိသူတွေက ချိန်းတွေ့ကြပေါ့ခင်ဗျာ။မန္တလေးကလာတတ်တဲ့ ကျောင်းသားတွေနဲ့ တစ်ချို့ကျောင်း သားတွေ ဆိုရင် ကျောင်းဖွင့်ရက်ကို မန္တလေးထိဆင်းတတ်ကြ ပါသေး တယ်။ ကျောင်းသားတော်တော် များက သင်ခန်းစာ တတ်ရောက်မှူခေါ်ကြိမ်ခေါ်ဆိုမှူ(roll call)အချိန် အထိ လက်ချာခန်း ကို ရောက်မ လာတတ်ကြပါဘူး။ ရောက်လာတဲ့သူတွေထဲက တဝက်လောက်ကလည်း ခုံပေါ်မှောက်အိပ်နေတဲ့ လူတွေများပါတယ်။ တစ်ချို့ကတော့ ဖုန်းကလိနေသူတွေအပြင် ရှေ့က (roll call)) ခေါ်နေတဲ့ ဆရာ/မ ကိုအားမနာ ရိုသေမှူမရှိပဲ အော်ကြီးဟစ်ကျယ် စကားပြောနေသူတွေ နဲ့ ဖွန်ကြောင်နေသူတွေလည်း ရှိပါသေးတယ်။ကန်တင်းကနေ မထတဲ့သူတွေလည်းရှိပါသေးတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ နာပေမယ့်လည်း ကျောင်းသားပေါင်း နှစ်ထောင်ကျော်တတ်တဲ့ တက္ကသိုလ်မှာ ဘာမဟုတ်တဲ့ စည်းကမ်းပျက်ကျောင်းသား ၁၀၀ ကျော်လောက်ကြောင့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာ စီးတီး က ကျောင်းသားတွေက ဒီလိုချည်းလားဆိုတဲ့ အမြင်နဲ့အပြောကို မခံချင်လို့ ငါးခုံးမ တွေအကြောင်း ကို ပြောပြရခြင်းပါခင်ဗျာ။
ကျောင်းသား/သူတွေဟာ ပြင်ဇာရွှာနားမှာ အဆောင်ငှားနေကြတာပါ။တစ်ချို့ကျောင်းသားတွေဆို ပရက်တီ ကယ်(လက်တွေ့)ချိန် ရှိမှသာ ကျောင်းလာကြတာတွေလည်းရှိပါတယ်။ အခုကိစ္စမှာ ကျောင်းသားတွေ ဘက်ကလွန်သလား ၊ကျောင်းပြေးတွေလွန် သလားဆိုတာ မိဘပြည်သူများပဲ ဆုံးဖြတ်ပေးကြပါ ခင်ဗျာ။ ကျောင်းသားပေါင်း ၂၀၂၅ ယောက်ရှိတဲ့ကျောင်းမှာ ကျန်တဲ့ကျောင်းသား ၁၈၄၇ ယောက် က ကျောင်းမှန်မှန်တတ်လို့ စာမေးဖြေဆိုခွင့်ရရှိပြီး အခုဆန္ဒပြ တောင်းဆိုတဲ့ကျောင်းသား ၁၇၈ ယောက်( ၈% လောက်ပဲရှိတဲ့ကျောင်းသားတစ်စု)က ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေခွင့်မရဘူး ဆိုတာ ဘယ်သူတွေ အလွန်ပါလဲ။ကျောင်းမှာလည်း ခေတ်နဲ့အညီ ဗ-က-သ တွေဖွဲ့ပါတယ် ။ဘာလုပ်ပါ သလဲ။ ကျောင်းပြေး ခေါင်းဆောင်တွေများတဲ့ အဖွဲ့ပါပဲ။စာသင်ခန်းထက် ပြင်ဦးလွင်လမ်းမမှာ လမ်းကွေ့ ဘယ်နှကွေ့၊ဘယ်နေရာမှာ ဆီဆိုင်၊ဘယ်နေရာမှာ ကွမ်းယာဆိုင် ဆိုတာပိုသိတဲ့သူတွေချည်းပါပဲ ။နောက် ရှိပါသေးတယ်။ W.U .S (We are University Students) ဆိုတဲ့ အဖွဲ့တွေပါပဲ ။သူတို့အလုပ်က ငါတို့က တက္ကသိုလ်ကျောင်းသားတွေ ၊ငါတို့ကိစ္စငါတို့ဖြေရှင်းမယ်၊ဘာဖြစ်ဖြစ် ငါတို့အဖွဲ့ကဖြေရှင်းပေးမယ် ဆိုတဲ့ အဖွဲ့ပါပဲ။အဲဒီအဖွဲ့ထဲမှာ ဗ-က-သ လည်းပါတယ်။ အလကားအဖွဲ့ပါဗျာ။ တက္ကသိုလ်မှာ ကျောင်းသားရေးရာ ကိစ္စတွေ ကျောင်းပျော်ပွဲရွှင်ပွဲ တွေမှာသူတို့နှစ်ဖွဲ့စလုံး ဘယ်မှာမှ သုံးစားမရတဲ့ သူတွေ စုစည်းနေ တဲ့သူတွေပါပဲ။ အခုဖြစ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး W.U.S နဲ့ဗ-က-သ တွေ အာကျယ်ပြီး ဖင်မနိုင်ပဲ ပဲဟင်းစားတဲ့ အဖြစ်ကိုပြောပြပါ့မယ်။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းခေါ်ကြိမ်ကို ဘာသာရပ် အလိုက် လည်း ၇၅ ရာခိုင်နှုန်းပြည့်အောင် တတ်ရောက်ရပါတယ်။ လက်တွေ့သင်ခန်းစာကိုတော့ ၁၀၀ ရာခိုင်နှုန်း လုပ် ဆောင်ရပါတယ်။ ကျွန်တော်တို့သင်ရတဲ့ပညာတွေက သတင်းအချက်အလက် အိုင်တီနည်းပညာတွေ နဲ့ ပတ်သတ်တာတွေချည်းပါပဲ။ တကယ်တတ်မြောက်မှ ရတဲ့ပညာရပ်တွေပါပဲ။ ဒါကြောင့် သင်ပေး သူ တွေကလည်း ဖိဖိစီးစီး သင်ပေးသလို ကျောင်းသား/ သူတွေ ကလည်း ကိုယ်တိုင် သင်ယူလိုစိတ် တတ်မြောက် လိုစိတ်နဲ့ သေသေချာချာလိုက်နာ သင်ယူကြရပါ တယ်။ ကျောင်းပျက်တဲ့ အခါ ကျောင်းသား ကိုလည်းကောင်း၊ မိဘကိုလည်းကောင်း သတိပေးပါတယ် ။
ကျောင်းသားတွေဟာ သူတို့ကို သိန်းဆယ်ဂဏန်း နဲ့ ကျောင်းထားပေးပေမယ့် သူတို့ကျောင်းပြေး အလေရိုက်နေတာကို အိမ်ကသိရင် ဗျင်းမှာစိုးလို့ ငါတို့တက္ကသိုလ်ကျောင်းသားကိစ္စ ငါတို့ဖြေရှင်းမယ် အိမ်ကိုခေါ် စရာမလို အသိပေးစရာမလိုဆိုပြီး W.U.S က အဖွဲ့တွေဖွဲ့ပြီး လုပ်တော့တာပဲ။ အဲဒါေ ကြာင့် ကျောင်းသားတွေ ကျောင်းပြေးနေတာကိုအချိန်မှီတားမြစ်နိုင်ဖို့ ကျောင်းက ကြိုးစားထားပေမယ့် အသုံးမကျတဲ့ W.U.S နဲ့ဗ-က-သ ဖွန်ကြောင်၊ ငမူးကောင်တွေက ဦးဆောင်ပြီး တစ်ခြားကျောင်းသားတွေ အတွက်ကို လည်း မိဘကိုမခေါ်ပဲ ဟုတ်ကဲ့နောက်တစ်ခါမဖြစ်စေရပါဘူး ဆိုတဲ့စကားတွေနဲ့ ထပ်ခါထပ်ခါကျောင်းပြေးလိုက် အလေရိုက်လိုက်လုပ်နေပြီး အခုလိုကျောင်းရဲ့ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်တဲ့အတွက် စာမေးပွဲ ဖြေဆိုခွင့် မရခဲ့ခြင်းပါ ခင်ဗျာ။အဲဒါကြောင့်လည်း အခုစာမေး ပွဲဖြေခွင့်မရတဲ့အထဲမှာ သူတို့နှစ်ဖွဲ့က လူတွေတစ်ဝက်လောက် ပါပါတယ်။ အခုကျမှ သူတို့တွေကပြော ပါသေးတယ်။ ပေါင်ချိန်ဇာတ်ကား ထဲကလို မတရားခံရတာပါတို့၊ ဂုဏ်သိက္ခာ ကျပါတယ် တို့ ဆိုပြီးတော့ လေလုံးထွားကြပါသေးတယ်။မိဘပြည်သူများနှင့် တာဝန်ရှိသူများခင်ဗျား။ လက်ချာ ချိန် ကျောင်းပြေး လိုက် ဆော်ကြောင်လိုက် လမ်းသလားလိုက် လုပ်နေပြီး စာမေးပွဲဖြေ ခါနီးမှ ကျောင်း ကိုလာ၊ခေါ်ကြိမ်မပြည့်လို့ စာမေးပွဲဖြေခွင့်မရ ၊ဖြေခွင့်မရတော့(ကျပေါ့-ဒါများအဆန်း လုပ်လို့) W.U.S နဲ့ ဗ-က-သ က ကွမ်းဂျိုးတွေဦးဆောင်မှူနဲ့ ဆန္ဒပြကြတာပါ။
တစ်ကျောင်းလုံးရဲ့ ၈% သော ကျောင်းပြေးတစ်စုရဲ့ အလိုကိုလိုက်ပြီး စာမေးပွဲဖြေဆိုခွင့်ပေးမယ်ဆိုရင်တော့ ကျန်သော ကျောင်းတတ် မှန်တဲ့ကျောင်းသား တွေကလည်း သူတို့လို ကျောင်းပြေးနေပြီး စာမေး ပွဲ ဖြေဆိုချိန် ကျမှ ဆန္ဒပြပြီး စာမေးပွဲဖြေခွင့်တောင်းပါတော့မယ် ။ ဒါကြောင့် ဒီကိစ္စ ကို ပြတ်ပြတ် သားသား စံပြ အနေနဲ့ ထိရောက်စွာ အပြစ်ပေးဖို့နဲ့ သူတို့ကျောင်းပြေးတွေတောင်းဆိုတာကို မလိုက်လျော ဖို့ ပြန်လည်တောင်းဆိုပါတယ်ခင်ဗျား။


ဖိုးထက်(ICT)

(အောက်ပါပုံ တွင် ကျောင်းစအပ်စဉ်က သိရှိလိုက်နာပါမည့်အကြောင်း စည်းကမ်းများ နှင့်ဝန်ခံကတိပြုချက် များကိုဖော်ပြထားပါသည်)






Apple တို့ ကြေညာလိုက်တဲ့ iPhone 5S





From : .... အောင်ခမ်း (ရိုးရာလေး)





မနေ့ညက လူတိုင်း စောင့်ဆိုင်းနေတဲ့ iPhone 5S ကို ကြေညာပြီးသွားပါပြီ။ ထူးခြားလာမှု အနေနဲ့ ကတော့ ကမ္ဘာ့ ပထမဆုံး 64 bit စမတ်ဖုန်းလို့ ဝံ့ကြွားနိုင်လိုက်ခြင်း ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတစ်လုံးအနေနဲ့ သူ့ Processor က 64 bit အလုပ်လုပ်တယ်ဆိုရင် ကွန်ပြူတာ တစ်လုံးရဲ့ မြန်ဆန်မှုနဲ့ သိပ်တောင် မကွာတော့ ပါဘူး။ Apple ရဲ့  နောက်ဆုံး ထွက်A7 Chip ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ iPhone 5C မှာတော့ A6 ပါ။ 5S မှာ နောက်ထပ်ထူးခြားချက်က လက်ဗွေ လုံခြုံရေး စနစ် ပါဝင်ခြင်း ဖြစ်ပါတယ်။ Touch ID Finger Print Scanner ကို Home Buttom မှာ ထည့်ပေးထားခြင်း ဖြစ်ပါတယ်။

ကင်မရာ ကတော့ 8 megapixel ထဲပါ။ ဒါကိုလည်း နည်းတယ်လို့တော့ ဆိုလို့ မရပါဘူး။ သူ့မှာ Pixel အရည်အသွေးက 1.5µ ရှိပါတယ်။ ရှေ့ မှာလည်း 2.2 iSight Camera ပါရှိပါသေးတယ်။ LED flash ပါမယ်။ Auto Image Stablization ပါဝင်ပါမယ်။ Slomotion Video ရိုက်ကူးနိုင်မှုကလည်း ထူးခြားချက် တစ်ခုပါ။ အားလုံး ကြားခဲ့တဲ့ သတင်းအတိုင်း ရွှေရောင် ဗားရှင်းလည်း ထွက်ပါတယ်။ ခဲရောင်၊ ရွှေရောင်၊ မီးခိုးနုရောင် တို့ ဖြစ်ပါတယ်။ ဘက်ထရီကောင်းပါတယ်။ iOS 7 နဲ့ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ လေးလက်မ Display ပါပဲ။ ဒီဇိုင်းအားဖြင့်ကလည်း iPhone 5 နဲ့ တူနေပြန်ပါတယ်။

ဈေးနှုန်းကတော့ Unlocked ဗားရှင်း 16GB, 32 GB, 64 GB, ကို ၆၄၉ ဒေါ်လာ၊ ၇၄၉ ဒေါ်လာ၊ ၈၄၉ ဒေါ်လာ အစရှိသဖြင့် အသီးသီးကုန်ကျမှာ ဖြစ်ပါတယ်။ ရွှေရေင်ဗားရှင်းက ပစ္စည်းပျက်လောက်အောင် လူကြိုက်များမယ် လို့ ခန့်မှန်းမိပါတယ်။ မကြာမီ ဈေးကွက် ရောက်ရှိတော့မယ် iPhone 5S အကြောင်း အသေးစိတ်ကို ၎င်းတို့ Official site မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
.

www.apple.com

ရင်သားထွားချင်သူများ ဖတ်ဖို့ ဗဟုသုတ



From : .... New Myanmar News






အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။


ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။



ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။


ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။


မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။




သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။

(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။

အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။

အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။

ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။

• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။





ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။



B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။

By Healths

အာရှ-ပစိဖိတ်နိုင်ငံအချို့၌ အမျိုးသား ၄ ဦးတွင် ၁ ဦးက လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ဖူး




From : planet



အာရှ-ပစိဖိတ် ဒေသ နိုင်ငံအချို့တွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အမျိုးသား အများအပြားသည် ဘဝတွင် အမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှု အနည်းဆုံး တစ်ကြိမ်မျှ ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများတွင် အမျိုးသား (၁၀၀၀၀)မျှကို ဖြန့်ကျက် မေးမြန်းသော အင်တာဗျူးတွင် (၂၄) ရာခိုင်နှုန်းက မိမိတို့သည် ဘဝတွင် အမျိုးသမီး တစ်ဦးကို အနိုင်အထက် ပြုကျင့်ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ တောင်အာဖရိက ဆေးသုတေသန ကောင်စီမှ ရေချယ်လ်ဂျူးကက်စ်က ယခုစစ်တမ်းသည် အာရှ-ပစိဖိတ် ရပ်ဝန်းတွင် မုဒိမ်းမှုများ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ယခုစစ်တမ်းက ညွှန်ပြနေကြောင်း ဆိုသည်။

ယခုစစ်တမ်းတွင် ဖြေကြားသူ အမျိုးသား (၁၀)ဦးတိုင်း (၁)ဦးက ဘဝတွင် မိမိ၏ ချစ်သူ၊ လက်တွဲဖော် မဟုတ်သော အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ဖူးကြောင်း ဝန်ခံခဲ့ပြီး ချစ်သူအမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှုများပါ ထည့်ပေါင်းတွက်ချက်သည့်အခါ (၂၄)ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရသည်။ ယင်းသည် အမျိုးသား (၄)ဦးလျှင် (၁)ဦးက ပြစ်မှုကျူးလွန်ဖူးသည့် သဘောမျိုး သက်ရောက်နေသည်။ မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံဖူးသူ အားလုံး၏ ထက်ဝက်မပြည့်သော အရေအတွက်ကမူ မိမိတို့သည် အမျိုးသမီး တစ်ဦးထက် မနည်းကို ကျင့်ကြံဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြေဆိုသူ အမျိုးသား (၁၁)ရာခိုင်နှုန်းက မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံခဲ့ပြီး ပါပူအာ နယူးဂီနီ နိုင်ငံရှိ ဘူဂိန်ဗီးလ် အရပ်မှ ဖြေကြားသူများတွင် (၆၀)ရာခိုင်နှုန်းက အဆိုပါ အတွေ့အကြုံ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယခုသုတေသန ရလဒ် အပြည့်အစုံကို Lancet Global Health ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂျူးကက်စ်က "ဒီစစ်တမ်းက အာရှ-ပစိဖိတ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေတယ် ဆိုတာကို ညွှန်ပြနေတယ်။ ဒီပြစ်မှု ကျူးလွန်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကျွန်တော်တို့ ပိုနားလည်လာဖို့ အရေးကြီးပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က မိန်းကလေး တစ်ဦး ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်က အာရှနိုင်ငံအချို့တို့တွင် အမျိုးသမီးများ၏ ဘဝကို အခြေခံကျကျ ကာကွယ်ရန် ပိုမိုလိုအပ်နေသည့် သက်သေဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

ယခုစစ်တမ်းအတွက် အင်တာဗျူးခံသူ အမျိုးသားများကို အထူးလေ့ကျင့်ထားသည့် မေးမြန်းသူများက ဆွဲဆောင်ကာ လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မုဒိမ်းကျင့်သည်ဆိုသော အသုံးအနှုန်းကို ရှောင်ဖယ်ကာ မုဒိမ်းမှုမြောက်သည့် အခြေအနေများ ပြုလုပ်ခဲ့ဖူးခြင်း ရှိမရှိကို သွယ်ဝိုက် မေးမြန်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် "ခင်ဗျားရဲ့ ဇနီးဖြစ်ဖြစ်၊ ရည်းစားဖြစ်ဖြစ် မဟုတ်တဲ့ အမျိုးသမီး တစ်ဦးကို အင်အားသုံးပြီး လိင်ဆက်ဆံဖူးသလား"ဆိုသော မေးခွန်းမျိုးဖြင့် ချဉ်းကပ်ခဲ့ခြင်းဟုလည်း သိရှိရသည်။

တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်




From : ..the voice



မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော တေးသံရှင်ဆိုတေး၏ ကျန်းမာရေး အခြေအနေမှာ ပိုမို တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များက ပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ကျန်းမာရေး ကောင်းမွန်လာမှုကြောင့် စက်တင်ဘာ၂ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင် သို့ ပြောင်းလဲ ကုသပြီးသည့် နောက်ပိုင်းတွင် သိသာစွာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ဖခင်ဖြစ်သူ ဦးမင်းလွင် က ပြောကြားသည်။
"လူနာ စကားပြောခြင်းတော့ မရှိသေးပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေ အနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ဇနီး၊ ခယ်မတို့နှင့်အတူ တောင်သာမြို့သို့ သွားရောက်စဉ် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်မှာ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ ခြေထောက်နှင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။


Miss Grand International ယှဉ်ပြိုင်မည့် ထားထက်ထက် နှင့်တွေ့ဆုံခြင်း




From : .. YMG


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲအား နိုဝင် ဘာ ၃ရက်မှစတင်ပြီးကျင်းပမည်ဖြစ်ရာ ၁၉ရက်တွင် ဖိုင်နယ်ပွဲအပြီးပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ Miss Supranational Myanmar အော်ဂနိုက်ဇေးရှင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ထားထက်ထက်က မြန်မာတူရိယာစောင်းနှင့်အတူ ကျွမ်းဘားအားဆက်စပ်ပြီး ယှဉ်ပြိုင်ဖျော်ဖြေမည် နှင့်ပတ်သက်၍ အခုလိုသွားရောက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။


မေး - ညီမက ဘယ်တော့ပြိုင်ပွဲဝင်ပြိုင်မှာလဲ။
ဖြေ - ညီမက နိုဝင်ဘာ ၃ရက် အရောက်သွားရမှာ။ နိုဝင်ဘာ ၁၉ရက်မှာ ပွဲလုပ်မယ်။ အခု ညီမရှေ့က နန်းခင်တို့ ခင်ဝင့်ဝါတို့ပြိုင်တုန်းက မြန်မာပရိသတ်တွေက ဠသအန ပေးပြီး အားပေးကြ တယ်။ ညီမအလှည့်ကျရင်လည်း သူတို့ထက်ပိုပြီးတော့ အားပေးဖို့မျှော်လင့်ပါတယ်။ ပရိသတ်က လည်း ညီမကို အများကြီးမျှော်လင့်သလို ညီမကလည်း ပရိသတ်ကိုအများကြီး မျှော်လင့်ပါတယ်ရှင့်။

မေး - ဘယ်မော်ဒယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲ။
ဖြေ - ၂၀၁၂ခုနှစ် မစ္စမြန်မာပြိုင်ပွဲကနေစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၂ခုနှစ် ပြိုင်ပွဲပြီးကတည်းက အင်တာနေရှင်နယ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ စပြီးတော့လေ့လာတယ်။ အင်တာ နက်ကနေလည်း လေ့လာတယ်။ နောက်ဆုံး Miss Grand အင်တာနေရှင်နယ်အဖြစ် နိုင်ငံကိုယ် စားပြုရွေးချယ်တဲ့အချိန်မှာ အစအဆုံး ခန္ဓာကိုယ်ကအစ ထရိန်နင်ဝင်ရပါတယ်။ အဲဒီပြိုင်ပွဲအတွက် အသေးစိတ်ကအစ အကုန်ပြင်ဆင်နေပါတယ်။

မေး - အခုလို အင်တာနေရှင်နယ်ပြိုင်ပွဲကိုသွားပြိုင်မှာဆိုတော့ ညီမအတွက် ဘယ်လိုမျိုးအတွေ့ အကြုံတွေကို ယူလာမလဲ။
ဖြေ - အတွေ့အကြုံကတော့ တခြားနိုင်ငံမှာ သွားပြိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု ဖလှယ် တာမျိုးပေါ့။ သူတို့ရဲ့ အသိပညာ၊ ဗဟုသုတ၊ သူတို့ရဲ့ယဉ်ကျေးမှုတွေကို ကိုယ်က အတုယူမယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို သူတို့ကိုထုတ်ပြမယ်။ ကိုယ့်အတွက် အခွင့်အရေးလည်းရမယ်။ မြန်မာ နိုင်ငံအတွက်လည်း အတွေ့အကြုံရမယ်။ ပြီးတော့ ညီမအတွက်လည်း အတွေ့အကြုံ အများကြီးရမယ် လို့ထင်ပါတယ်။

မေး - အဲဒီပြိုင်ပွဲကနေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကိုရော ဘယ်လိုဖော်ထုတ်သွားမလဲ။
ဖြေ - မြန်မာဝတ်စုံကိုတော့ လူတိုင်းသိပ်မသိသေးတော့ မြန်မာဝတ်စုံကို ဘယ်နေရာသွားသွား ကိုယ့်ရဲ့ ယဉ်ကျေးမှုဖြစ်အောင်ပြမယ်။ Talent ရှိုးကျရင် တူရိယာဖြစ်တဲ့မြန်မာ့စောင်းကို တစ်ကမ္ဘာလုံးသိ အောင်လို့ စောင်းတီးပြဖို့ရှိပါတယ်။

မေး - စောင်းနဲ့ ကျွမ်းဘားကို ပါဝင်ပြီးယှဉ်ပြိုင်ဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ရော ပြောပြပေးပါဦး။
ဖြေ - မြန်မာ့တူရိယာတစ်မျိုးဖြစ်တဲ့စောင်းက တခြားနိုင်ငံတွေမှာမရှိဘူးလေ။ အဲဒါကို တီးပြ ချင်တာ။ နောက်တစ်ခု စောင်းတင်မဟုတ်ဘဲ ကျွမ်းဘားကိုလည်း ထည့်ပြီးယှဉ်ပြိုင်မှာ ညီမက မြန်မာ့လက်ရွေးစင်ကျွမ်းဘားမယ်တစ်ဦးဖြစ်တဲ့အပြင် အဲဒါကိုနှစ်ခုတွဲပြီးတော့ အထူးတလည်အ ဆန်းဖြစ်အောင် လုပ်ပြချင်တာ။ အဲဒါကြောင့် နှစ်ခုတွဲပြီးလုပ်ဖို့ကို စဉ်းစားဖြစ်ခဲ့တာပါ။

မေး - Miss Grand International ပြိုင်ပွဲအတွက် အခု ညီမဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ် နေပြီလဲ။
ဖြေ - ညီမစောင်းသင်တာ တစ်နှစ်လောက်တော့ရှိပါပြီ။ အဓိက မြန်မာသီချင်းလည်း တီးတယ်။ နိုင်ငံခြားသီချင်းကိုလည်း မြန်မာ့တူရိယာစောင်းနဲ့တီးလို့ရတယ်ဆိုတာကို သူတို့ကို ပြသချင်တယ်ပေါ့ နော်။ အခုလည်း အဲဒီပြိုင်ပွဲအတွက်ကို အိမ်မှာ ဆရာမခေါ်ပြီး သေချာတော့ လေ့ကျင့်နေပါတယ်ရှင့်။

မေး - စောင်းသင်တယ်ဆိုတာက ပြိုင်ပွဲအတွက် သီးသန့်လား။ ဒါမှမဟုတ် ဝါသနာပါတာလား။
ဖြေ - အရင်ကတည်းက သင်ဖို့စိတ်ကူးရှိပါတယ်ရှင်။ ငယ်ငယ်ကတည်းက သင်ချင်ပါတယ်။ ဒါပေမဲ့ အချိန်လည်းမပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မသင်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုနောက် ပိုင်းမှာ စောင်းတီးတာကို သေချာလုပ်ဖြစ်နေပါတယ်။

မေး - အခု ခင်ဝင့်ဝါပြန်လာပြီး ဆုတွေရယူလာတဲ့အပေါ် ညီမရဲ့ခံစားချက်လေးပြောပြပေးပါဦး။
ဖြေ - ညီမတို့ သူသွားတုန်းက ဆုအများကြီးမမှန်းခဲ့ဘူးပေါ့နော်။ ပြန်လာတဲ့အခါကျတော့ ဆု တွေအများကြီးယူပြီးပြန်လာတဲ့အခါ မမျှော်လင့်ထားဘဲ အများကြီးရလာတော့ သူ့အတွက် ဂုဏ်ယူ မိတယ်။ ညီမတို့လည်း မထင်မှတ်ဘဲဆိုတော့ သိပ်ဝမ်းသာပါတယ်။

မေး - မြန်မာနိုင်ငံကပရိသတ်တွေ ညီမကို ဘယ်လိုမျိုးအားပေးစေချင်လဲ။
ဖြေ - အခု ညီမပြိုင်မယ့် Grand International ပြိုင်ပွဲမှာလည်း ပေါ်ပြူလာဘုတ်ဖြစ်တဲ့ People Choice Award ဆိုတာ ပါပါတယ်။ အဲဒီဆုအတွက် ညီမကို ပြည်သူပြည်သားတွေက အား တက်သရောနဲ့ အားပေးမယ်ဆိုရင် အဲဒီဆုကတော့ ရနိုင်ပါတယ်။ တခြားဆုကိုတော့ ညီမအရည် အချင်းနဲ့ရအောင်လို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ အသေးစိတ်ကအစ ပြင်ဆင်နေပါတယ်။

မေး - ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲ။
ဖြေ - မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားမယ်။ ပြန်လာရင် ဥပမာ-မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေမှာ ကိုယ်တတ်နိုင်သလောက်လုပ်ပေးသွားဖို့ရှိပါတယ်ရှင့်။

မေး - ညီမအတွက် လိုအပ်မယ့်စကားတစ်ခွန်းကို ပရိသတ်သိအောင်ပြောပြပေးပါဦး။
ဖြေ - ညီမရှေ့မှာ တခြားနှစ်ယောက်ကိုလည်း အားပေးခဲ့ကြသလို ညီမကိုလည်း အားပေးဖို့မျှော် လင့်ပါတယ်။ ညီမကို တချို့ပရိသတ်တွေသိပ်မျှော်လင့်ထားသလို ညီမလည်းဆုရရှိဖို့ မျှော်လင့်ပါတယ်။






Related Posts Plugin for WordPress, Blogger...