Saturday, August 17, 2013

ဒီခေတ်မှာ အပျိုစစ်မစစ်က အရေးကြီးလား ။ ကိုယ်ပိုင်အရည်အချင်းအတွေးအခေါ်က အရေးကြီးသလားဟု မြန်မာမိန်းကလေးတစ်ဦးမှ မေးခွန်းထုတ်


By singaporefeel



မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ ... မြန်မာမိန်းကလေးမှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။

ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှားအယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ .

12 comments:

ခေတ်နောက်ပြန်ဆွဲတော့မဟုတ်ဘူးဗျာ ကျွန်တော်လည်းဆရာကြီးမဟုတ်ပါဘူး
ဘယ်ဘာသာတရားနဲ့မှ မကိုက်ညီပါဘူး
ဒီလိုစာမျိုးတွေမရေးသင့်ဘူးထင်တယ်ဒါဟာ
လောကနီတိချို့တဲ့နေသူတွေကို Encourage လုပ်နေသလို ဖြစ်မနေဘူးလား
သူလုပ်မှတော့ငါလည်းလုပ်မကွာ ဆိုတဲ့သူတွေပေါများလာရင် ကျွန်တော်တို့ Community ပဲပျက်မှာပေါ့ဗျာ

သို့ ............
ချစ်ညီမသိစေချင် .................

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ် မှန်သင့်သလောက် မှန်ပါတယ် ....
ဒါပေမယ့် အပျိုဆိုတဲ့ဂုဏ်ကို ထိန်းတာဟာ မျိုးရိုး ဂုဏ်သိက္ခာကို ထိန်းလိုက်တာပါပဲ ...
ယောကျာ်းဆိုတာမျိုးကလည်း ကိုယ်ကသာ ဘာဖြစ်ဖြစ် ကိုယ်ယူမယ့် မိန်းကလေးကို ဖြူစင်တဲ့ ပန်းလေးတစ်ပွင့်အဖြစ် ပိုင်ဆိုင်ချင်ကြတာပါပဲ ... စာရိတ္တလေးလဲကောင်း ပညာလေးလဲတတ် မိဘမျိုးရိုးဂုဏ်သိက္ခာကို တတ်နိုင်သလောက် ထိန်းသိမ်းနိုင်တဲ့သူဆို ပိုလို့တန်ဖိုးရှိတာပေါ့ ...
အိပ်ခံပက်လက် ထမင်းချက်ဆိုတာ မယားဝတ္တရား ထဲမှာ ပါပြီးသားပါ ... အဲလိုသာ မဟုတ်ရင် မိန်းမ ယူတာနဲ့ အိမ်ဖော်ပါတခါတည်း ရှာရမလိုဖြစ်နေပြီ..

``နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ´´ ....... ဟုတ်လား ...............
ဒီနေရာမှာ ကျ အဲဒီလိုပြောလို့ မရတော့ဘူး။ မိန်းမဆိုတာ နဲနဲလောက်သိရင်ကို သိကြောင်းတတ်ကြောင်းပြောချင်ပြချင် ကြတာသဘာဝလေ ယောကျာ်းနဲ့ တန်းတူထက်မြက်တဲ့ မိန်းမဆိုရင် တော့ ပြောမနေပါနဲ့တော့ ... မိန်းမတွေယောကျာ်းယူတယ်ဆိုတာလဲ အဓိက က အားကိုးအားထား ရှာတာပါ ... ကိုယ်အားကိုး ယုံကြည်ရလောက်တဲ့ ယောကျာ်းကို ရထားမှတော့ နှစ်ယောက်ရုန်းနေစရာ လိုသေးလို့လား .... အဲလိုမှတော့ ဘာလို့ ယောကျာ်း မိန်းမ ယူနေဦးမှာလဲ ???
အခု ပတ်ဝန်းကျင်မှာတွေ့နေရတာက နှစ်ယောက်အတူတူရင်ဘောင်တန်းပြီး လုပ်ကိုင်နေပြီးတော့ ....အပြစ်ပြောစရာတွေ တွေ့လာတော့
``နင်ရှာသလောက်တော့ ငါလည်း ရှာနိုင်တာပဲ´´ ဖြစ်ကုန်ရော .. အစပိုင်းတော့ ဟုတ်လိုက်ကြတာ နောက်ပိုင်း ကျတော့ အဲလိုမျိုးတွေက များလာတာလေ တွေ့ဖူးကြမှာပါ .. ကဲပါ ညီမလေးရယ်ပြောမယ်ဆိုရင် ပြောလို့ကုန်မှာ မဟုတ်ပါဘူး ... အတိုက်အခံလုပ်ပြီးပြောတာလည်း မဟုတ်ပါဘူး ...
အဓိကက မယားကောင်း တစ်ယောက်ဖြစ်ဖို့နဲ့ နောက်ဆိုရင်သားသမီးတွေ ရလာတဲ့အခါ မိခင်ကောင်း တစ်ယောက်ဖြစ်နေဖို့ပဲ အရေးကြီးတာပါလို့ ပြောချင်တာပါ ။

မိန်းမနှင့် ယောက်ကျား ရင်ဘောင်တန်း ပခုံးချင်းယျဉ်တဲ့ခေတ် ရောက်နေပြီလို့ ဆိုချင်ဆိုပါစေ..လင်ကလည်း လင့်ကျင့်ဝတ်.မယားကလည်း မယားကျင့်ဝတ်တွေရှိပါတယ်.. ဒီကျင့်ဝတ်ဆိုတဲ့ ကိုယ့်တာဝန် ကိုယ်ကျေကြရင် လူမှုရေး၊ စီးပွားရေ၊ အိမ်ထောင်ရေး စတဲ့ အရေးပေါင်းများစွာဟာ တိုးတက် ဖြောင့်ဖြူးမှာ မလွဲဧကန်ပါပဲ ညီမလေးတို့ရေ ...........

မိန်းမတို့ပြုကျင့်ရမည့် မယားကျင့်ဝတ်(၅)ပါးဆိုတာကတော့....
--(၁) အမှု့ကြီးငယ်ကို ကောင်းစွာ စီရင်ပြုကျင့်ရခြင်း ။
--(၂) နှစ်ဖက်သော ဆွေမျိုးများကို ပေးကမ်း ချီးမြှောက်ရခြင်း ။
--(၃)မိမိလင်မှတစ်ပါး အခြားသောယောက်ကျားတို့နှင့် လွန်ကျူးပြီး မပြုကျင့်ရခြင်း ။
--(၄) ယောက်ကျားကရှာဖွေ စုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်မှုကို ပြုကျင့်ရခြင်း ။
--(၅) အလုံးစုံသော အိမ်မှုကစ္စတို့လိမ္မာပြီး ပျင်းရိမှု မရှိခြင်းတို့ဖြစ်ပါသည် ။

မယားတို့ဝတ္တရာ (၅)ပါး ဆိုတာကတော့...
--(၁) လင့်အပေါ် နှစ်ခြိုက်ဖွယ် ပြုလေ့ရှိပြီး ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း ။
--(၂) ခင်ပွန်းသည် ရိုသေလေးစားအပ်သော အမိ အဖ ရဟန်း သာမဏေများကို အရိုအသေပြုခြင်း ။
--(၃) အိမ်တွင်းမှုတှိုတွင် ကျွန်းကျင်ပြီး မပျင်းမရိ စီမံပြုလုပ်နိုင်ခြင်း ။
--(၄) အစေခံ ကျေးကျွန်တို့ အပေါ်တွင် အခြေနေ အရပ်ရပ်ကို သိရှိကာ ရထိုက်သော အဖို့စုကို ဝေဖန်ပိုင်းခြား ပေးနိုင်ခြင်း ။
--(၅) လင်ယောက်ကျား ဆောင်ယူလာသော ပစ္စည်းဥစ္စာကို မပျက်စီးရအောင် စောင့်ရှောက်နိုင်ခြင်းတို့ဖြစ်ပါသည် ။

ထူးချွန်ထက်မြက်မိန်းမမြတ်လေးဖြစ်ပါစေလို့ ဆန္ဒပြု ရေးသားလိုက်ပါတယ် ။
kowinminn@gmail.com

လိုရာဆွဲတွေး သီအိုရီနဲ့ ပြောလိုက်တာာာာာာာာာလားးးးးးအဟ
တော်တော်လေးထက်ထက်မြက်မြက်ရှိမယ့် မိန်းကလေးပဲ
sex ကိစ္စကို တော်တော်လေး အလေးထားပုံရတယ် . . .
အကြောင်းအရာတိုင်းက ဆိုးကျိုးနဲ့ကောင်းကျိုး နှစ်ခု ဒွန်တွဲနေတာ။
ကိုယ်လုပ်လိုက်တာက ကောင်းကျိုးဘယ်လောက်ဖြစ်ပီး ဆိုးကျိုးဘယ်လောက်အထိ ခံသွားရနိုင်တယ်ဆိုတာာာာာာာ . . . သေချာပိုင်းခြားကြည့်ပီးမှ တင်တာပိုကောင်းမယ်။

ဒီပိုစ့်တင်တဲ့သူဟာ ကြက်မ ဖြစ်နေမလား

ခေတ်နဲ့ အညီ ထူးချွန်ထက်မြက်အောင်ကြိုးစားဖို့ လိုသလို...
မြန်မာအမျိုးသမီးဖြစ်သည်နှင့် အညီ မိမိကိုယ်ကိုယ်တန်ဖိုးထားထိန်းသိမ်းတတ်ဖို့ လဲလိုမယ်ထင်ပါတယ်
ထက်မြက်ပီးအပျိုဂုဏ်ထိန်းသိမ်းနိုင်တဲ့ မြန်မာအမျိုးသမီးတွေ အများကြီးပါ ။
ဘယ်သူမပြု မိမိမှုပါပဲ...ခေတ်တွေဘယ်လိုပြောင်းပြောင်း ခံယူချက်မပြောင်းဖို့ ပဲလိုအပ်ပါတယ်.

Yes.. i am afraid of this kind of woman...To keep virginity is not so important in woman' life she want to express...If you marry with this kind of woman you will be trouble in your life..She want to compare with you about i can do it, my income is more than you,,,i know it.. don't command to me..These kinf of words will come out from her mouth one day...Dangerous woman..Becareful gentemen..She has no respect to you too..

It's really important thing to girls. This question is good encouragement for girl who wasn't virgin with many cases and was feeling upset of it. But every girl should prevent their life before married. And boy shouldn't ask to stay with them before married. Think, the boy can be: he's not a bachelor before married, Does the girl forgive him or not?? So how's the girl????

ဒီသတင်းဌာန အက်မင်များကို တစ်ခုတော့ ပြောချင်ပါသည်။စာရေးသူများက ဘယ်လိုပို့စ်
မျိုးကို တင်သည်ဖြစ်စေ ယဉ်ကျေးတဲ့ စကားလုံးများကို အသုံးပြုတင်ပြခြင်းအား ဖေါ်ပြပေး
သည်ကို နားလည်နိုင်ပါသည်။သို့သော် ပို့စ်နှင့် ဆီလျှော်သော်လည်း မဖွယ်မရာပုံများအား
ဖေါ် ပြပေးခြင်းသည် အများလေ့လာစရာ သတင်းဆိုဒ်တစ်ခုအနေနှင့် မဟုတ်တော့ပဲ သီး
သန့် အညှိအဟောက် ဆိုဒ်တစ်ခုအဖြစ်သာ ဦးတည်နေပါသဖြင့် “ မြန်မာ” ဟူသော ဝေါ
ဟာရကိုပင် အသုံးပြုနေခြင်းမှာ မြန်မာစာဖတ်ပရိတ်သတ်အားလုံးကို စော်ကားခြင်းပင်
ဖြစ်နေပါသည်ဟု သတိပြုစေလိုပါသည်။

ဘယ်ဘက်က ကြည့်ကြည့် မှန်နေတာပါပဲ..။
အခု စာရေးသူ တင်ထားတဲ့ သဘောက မိန်းကလေးတွေ ကိုယ်က မမှားခဲ့ပေမယ့် ကိုယ့်ချစ်သူရဲ့ အလိုကို လိုက်လျောမိကာမှ မှားခဲ့တဲ့ အမှားတစ်ခုအတွက်နဲ့ ကိုယ့်ကိုယ်ကို ဘ၀မှာ ကြောက်ရွံ့ ထိတ်လန့်စွာ အသက်မရှင်စေလိုတဲ့ သဘောနဲ့ ရေးတာပါ.။
မှန်ပါတယ် အပျိုဂုဏ်ဆိုတာကို ထိန်းဖို့ ပြောတဲ့ အကိုတွေရဲ့ စေတနာကို နားလည်ပေမယ့် အကိုတို့လို လူစိတ်မရှိပဲ မိန်းကလေး တကာကို လိုက်ဖျက်ဆီးနေတဲ့ လူတွေနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတွေအတွက်တော့ ကြေကွဲဖွယ်ရာတွေပါ..။ အဲ့ဒီလို ကြုံတွေ့တဲ့အခါ စိတ်ဓါတ်မကျဖို့၊ လူတော မတိုးရဲတာတွေ မဖြစ်ဖို့၊ သူက တိုက်တွန်းအားပေးတဲ့သဘောပါ..။ ယောက်ျားလေးတွေက လက်ထပ်တဲ့အခါ ခြောက်ပစ်ကင်း သဲလဲစင်ကိုပဲ လိုချင်ကြတာပါ..။ အဲ့ဒီအခါမှာ အပစ်အနာအဆာ ရှိတဲ့ မိန်းမ တစ်ယောက်အနေနဲ့ ယောက်ျားမရလဲ ကိုယ့်ဘ၀ကို ရုန်းကန်နိုင်ဖို့ တိုက်တွန်းပေးထားတာပါ..။ ဒီခေတ်ကြီးမှာ ယောက်ျားကို အားကိုးလို့ ယူတယ်ဆိုတာ ရှားသွားပါပြီ။ ယောက်ျားကို နိုင်ဖို့ ပြောနေတာ မဟုတ်ပါဘူး ၊ ပခုံးချင်း ယှဉ်ဖို့ ပြောနေတာ မဟုတ်ပါဘူး..။ မောင်တစ်ထမ်း မယ်တစ်ရွက်လို့ ဆိုလိုချင်တာပါ.။ အကြွေပန်းဘ၀နဲ့ နေရတဲ့ မိန်းကလေးများရဲ့ ဘ၀ကို စာနာ နားလည်သောအားဖြင့် အားပေးတာပါ..။ အိမ်ထောင်မပြုမီ Sex ကို ဦးစားပေးဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး .။ တခါသေဖူး ပျဉ်ဖိုး နားလည်စေချင်ပြီး ပြုပြင်စေချင်တဲ့ စေတနာလို့ပဲ မြင်ပါတယ်။

မှန်ပါတယ်.. မိန်းကလေးဘက်ကနေ ခံလိုက်ရတဲ့ လောကဓံသဘောတရားကို ပြောပြထားတာပါ.. ခေါင်းငုံ့ အားငယ်နေပြီး လူတောမတိုးတော့ တဲ့ အဖြစ်မျိုး မဖြစ်အောင် ပြောတာပါ.. အားပေးတဲ့သဘောပါ.. မိန်းကလေးတွေ မဖြစ်သင့်တာမဖြစ်အောင် သွန်သင်ဖို့ ပဲပြောပေးပါရှင်..

အေး..အဲဒီလိုဆို နင်တို့တွေပြောပြောနေကျ လက်သုံးစကား 'မိန်းမသား' ဆိုတာကြီးကိုအရင်ဖျောက် လူကိုလူလိုမြင်နိုင်အောင်အရင်ကြိုးစား 'လူ'သားအစစ်အမှန်ဆိုတာဘာလဲဆိုတာ သေချာမြင်အောင် ဥာဏ်နဲ့ ကြည့် မဟုတ်ရင် ဒုံရင်းပဲဖြစ်လိမ့်မယ် ငါ သိပ်အများကြီးမပြောချင်ဘူး မထိုက်မှာကြောင့်မို့...ယောက်ျား..မိန်းမ... ဘာလဲဆိုတာမသဲကွဲသေးရင် ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစား အငှားဦးဏှောက် သုံးစားလို့မရဘူး..ဒါပဲ

ယောကျာ်းကိုအားကိုးလို့ယူတယ်ဆိုတာရှားသွားပြီဆိုတဲ့စကားကိုတစ်သက်လုံးမှတ်ထားလိုက်ပြီဟေ့.... ဘယ်သူ့ကိုမှအပစ်မပြောပါဘူး လွတ်လပ်စွာခံယူနိုင်တယ် လူတိုင်းကခံယူချက်ချင်းတော့ဘယ်တူပါ့မလဲနော့်...

Post a Comment

Related Posts Plugin for WordPress, Blogger...