Saturday, August 17, 2013

နိုင်ငံ့လုံခြုံရေး အတွက် အိုဘားမားက နည်းပညာ ခေါင်းဆောင်များနှင့် တွေ့ဆုံ



အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုင်ငံ့လုံခြုံရေး ဆိုင်ရာ နည်းပညာများ အဆင့်မြှင့်တင် ထားရှိနိုင်ရန် အတွက် အမေရိကန် ထိပ်သီးနည်းပညာ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်မှ သောကြာနေ့က အတည်ပြု ပြောကြားခဲ့သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြမှု တွင် အိုဘားမားသည် Google အဖွဲ့အစည်းမှ ကွန်ပျူတာသိပ္ပံပညာရှင် ဗန့်ကားဖ်၊ Apple အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်၊ AT&T တယ်လီကွန်း အဖွဲ့အစည်းမှ ခေါင်းဆောင် ရန်ဒယ်လ်စတက်ဖင်ဆန် တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ယင်းအချက်ကို အိမ်ဖြူတော်ကလည်း အတည်ပြုခဲ့သည်။ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အဖွဲ့က '' ယခု နည်းပညာ ခေါင်းဆောင်တွေနဲ့ သမ္မတတို့ရဲ့ တွေ့ဆုံမှုက နိုင်ငံရဲ့ လုံခြုံရေး နည်းပညာပိုင်းကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။ 
ဒီဂျစ်တယ်ခေတ်မှာ နိုင်ငံတစ်ခုရဲ့ လုံခြုံရေးပိုင်းက ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ရေး စစ်တပ်တွေနဲ့ချည်း မရတော့ပါဘူး။ လုံခြုံရေး ထိုးဖောက်မှုတွေ အပေါ်မှာ နည်းပညာရှုထောင့်ကနေ အကောင်းဆုံး တုန့်ပြန်နိုင်ဖို့ အတွက် အခုလို ဆွေးနွေးခဲ့ကြတာပါ'' ဟု ရေးသား ထုတ်ပြန်ခဲ့သည်။ အမေရိကန်ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်း စနိုဒန်က အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ သတင်းအချက်အလက်များကို ဖွင့်ချခဲ့သည့် အချက်မှာ နိုင်ငံ၏သတင်း အချက်အလက် ယိုပေါက်ကို ထပ်မံ တွေ့ရှိစေခဲ့သည့် ဖြစ်စဉ်တစ်ခုဟု သမ္မတ အိုဘားမားက သုံးသပ်ထားပြီး အဆိုပါ နည်းပညာရှင်များက ၎င်းတို့၏အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမေရိကန်အစိုးရ လုံခြုံရေး နည်းပညာပိုင်းကို တာဝန် ထမ်းဆောင်ရန် အိုဘားမားက တောင်းဆိုခဲ့သည်။

စွယ်စုံ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...