Saturday, August 17, 2013

မေထုန်မဲ့ သားစပ် သင်တန်း ဖွင့်လှစ်




From : .. MWD

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် မွေးမြူ ရေးနှင့်ကုသရေး ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော နွား မေထုန်မဲ့ သားစပ်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲတွင် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အမှာစကား ပြောကြားပြီး လပွတ္တာခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဝင်းက နွားမျိုးကောင်း မျိုးသန့်များဖြင့် မေထုန်မဲ့ သားစပ်လျှင် သမားရိုးကျထက် နွားနို့ ရှစ်ပိဿာမှ ၁ဝ ပိဿာ အထိ ပိုမို ထွက်ရှိခြင်း များကိုလည်းကောင်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းက အသား တိုးနွား မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် နွားမွေးမြူသူများ ဝင်ငွေ တိုးတက်ရရှိပြီး အသားထုတ်လုပ်မှု တိုးတက်ရရှိနိုင်ခြင်းကို လည်းကောင်း အသိပညာပေး ဆွေးနွေး တင်ပြ ကြသည်။

အဆိုပါ သင်တန်းသို့ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၃ဝ မှ ကျေးလက် မွေးမြူရေး သင်တန်းသား ၃ဝ ဦး တက်ရောက်ကြ ပြီး သင်တန်း ကာလမှာ သုံးရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...