Friday, September 13, 2013

အချစ်ရေးတင် မဟုတ်ဘဲ အားလုံး အေးအေးဆေးဆေးပါပဲ ဆိုတဲ့ ဝတ်မှုန်ရွှေရည်







အချစ်ရေးတင် မဟုတ်ဘဲ အားလုံး အေးအေးဆေးဆေးပါပဲ ဆိုတဲ့ ဝတ်မှုန်ရွှေရည်လတ်တလောမှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးနေတဲ့ ချာတိတ်ဆို တဲ့ဇာတ်ကားမှာ လူမင်းနဲ့ တွဲဖက်သ ရုပ်ဆောင်နေတဲ့ ဝတ်မှုံရွှေရည်နဲ့တွေ့ ဆုံခိုက် သိလိုသမျှတွေကို မေးခဲ့ပါ တယ်။

မနှစ်က မွေးနေ့ပြီးတော့ လက်ရှိ အသက်အရွယ်မှာ ရတဲ့ အသိဥာဏ်နဲ့ ပြီးခဲ့တဲ့ လေးငါးနှစ်ကိုပြန် သွားချင်တယ် ဆိုတဲ့ ကစ်က ဒီနှစ်ရော အဲဒီလိုပဲလား ဆိုတော့

ဒီနှစ် ကတော့ အဲဒီလိုမဖြစ်ဘူး။ လက်ရှိ မှာပဲ ပျော်အောင်၊ အကောင်းဆုံး ဖြစ်အောင်ပဲ နေပါတယ်။ အသက် တစ်နှစ်ကြီး လာပေမယ့် မရင့်ကျက် သေးပါဘူး။ ရင့်ကျက်အောင်တော့ နေနေရ တာပေါ့။ ပြောင်းလဲသွား တာတွေ၊ ရင့်ကျက် လာတာတွေ တော့လည်းရှိ ပါတယ်။ မွေးနေ့မှာ ဆန်လှူဖြစ် တာက ဒါရိုက်တာ ဦးဝင်း ထွန်းထွန်းက ပြောလို့။ သူက အမြဲ တမ်း မင်းသား၊ မင်းသမီးနှစ် ယောက်တွဲပြီးလှူနေကျ ဆိုတော့ ဩဂုတ်လမှာ လှူမယ် ဆိုပြီး ဦးဝင်း ထွန်းထွန်းကို ပြောထားတာ။ ကစ်မွေးနေ့နဲ့က တိုက်ဆိုင် သွားတာပေါ့။ မလှူခင်တစ်ရက်ကျမှ ကိုစိုင်းနဲ့လှူ ရမယ်ဆိုတာ သိတာပါ။ အဓိကက ဦးဝင်းထွန်းထွန်း စီစဉ်တာပေါ့။

ချာ တိတ်ကားထဲမှာ ကစ်က ယောကျာ်း လျာဇာတ်ရုပ်ဆိုတော့ ကိုယ်တိုင်က ရော မိန်းမဖြစ်ရတာကို ကျေနပ်လား ဆိုတော့

ကျေနပ်ပါတယ်။ ဘုရား ပေးတဲ့ ကိုယ်ဖြစ်နေတဲ့ ဘဝလေး၊ ကိုယ်ရနေတဲ့ ဘဝလေးကို ကျေနပ်ပါတယ်။

အချစ်ရေး ကံမကောင်းဘူး၊ အချစ်က ဒရာမာတွေ များတယ်လို့ ပြောဖူးတဲ့ ကစ်ကရော လက်ရှိမှာ အချစ်ရေးကံကောင်း နေပြီလားဆိုတော့

မပြောတတ်ဘူး။ ကစ်ပြော ပြရလောက်အောင် ထွေထွေထူး ထူးမရှိပါဘူး။ အချစ်ရေး တင်တည် ငြိမ်တာ မဟုတ်ပါဘူး။ အားလုံးက တည်တည်ငြိမ်ငြိမ် အေးအေးဆေး ဆေးပါပဲ။

By 8 Days

လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများ






လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများအခုလို အအေးမိ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိကြပါတယ်။ လည် ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ် ပါတယ်။ လည်ချောင်း နာတာက အများအားဖြင့် ဗိုင်းရပ်စ်ပိုးဝင် တာကြောင့် ဖြစ်တတ် ပြီး အများအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ခံရခက်တဲ့ ဝေဒနာကို အောက်ပါနည်းတွေနဲ့ ကုသပါ။

လည်ချောင်း စိုစွတ်နေပါစေ

လည်ချောင်း ယားယံမှုဝေဒနာ သက်သာစေဖို့ စိုစွတ်အောင် ထားပါ။ နံနက်ခင်းမှာ လည်ချောင်းနာဝေဒနာက ပိုဆိုးတာကို သတိထားမိပါသလား။ တစ်ညလုံး အရည်သောက်သုံးမှုနည်းတဲ့ အတွက် လည်ချောင်းခြောက်ပြီး နာကျင်နေလို့ ဖြစ်ရတာပါ။ အရည် များများသောက်ပေးဖို့ အရေးကြီးပါတယ်။

ငုံဆေး ငုံပါ

ငုံဆေး (lozenges) ဒါမှမဟုတ် သကြားမပါတဲ့ သကြားလုံး အမာကို ဝါးတာကြောင့် တံတွေးထွက်နှုန်းကို လှုံ့ဆော်ပေးနိုင်ပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။

အကိုက်အခဲ ပျောက်ဆေးသောက်ပါ

လည်ချောင်းနာပြီး တစ်ကိုယ်လုံး ကိုက်ခဲနေရင် ပါရာစီ တမော၊ အိုင်ဗျူပရိုဖန်တို့လို အကိုက်အခဲပျောက်ဆေးကို သောက် ပါ။ ဒါပေမဲ့ ကလေးငယ်တွေကို အက်စ်ပရင် မတိုက်ပါနဲ့။

လည်ချောင်းနာချိန် ကြာလျှင် ဆရာဝန်နှင့်ပြပါ

လည်ချောင်းနာတဲ့ ဝေဒနာက အလွန်ဆိုးရွားနေရင် ဒါမှမ ဟုတ် ရက်အနည်းငယ်ကြာတဲ့အထိ မပျောက်ရင်၊ အဖျားကြီးတာ နဲ့ တွဲဖြစ်ရင် ဘက်တီးရီးယား ပိုးဝင်တာကြောင့် ဖြစ်နိုင်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးကို မှီဝဲဖို့ လိုအပ်နေပါပြီ။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြပါ။

လည်ချောင်းနာ သက်သာစေရန်

- သံပရာရည် ခတ်ထားတဲ့ ရေနွေးကြမ်း ပူပူတစ်ခွက် ဒါမှမဟုတ် စွပ်ပြုတ်ပူပူကို သောက်ပါ။

- ငုံဆေးငုံပြီး လည်ချောင်းစိုစွတ်အောင် လုပ်ဆောင်ပါ။

- အိပ်ရေးဝ၀အိပ်ပါ။

- အိပ်နေစဉ် အခန်းထဲမှာ လေထုစိုထိုင်းဆ များစေတဲ့ စက်ကို တပ်ဆင်ထားပါ။ လေထုကို စိုစွတ်စေပြီး လည်ချောင်းနာ သက် သာစေပါတယ်။

By Good Health

အနုပညာ အလုပ်ပေါ်မှာ ပဲ အာရုံစိုက် သွားမယ် ဆိုသူ မြင့်မြတ်







အနုပညာ အလုပ်ပေါ်မှာ ပဲ အာရုံစိုက် သွားမယ် ဆိုသူ မြင့်မြတ်လတ်တလောမှာ မြင့်မြတ်က ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးတဲ့ 'ကြင်ယာတော် ခခလေး' လို့ (ယာယီ) နာမည်ပေး ထားတဲ့ ဇာတ်ကားကို သက်မွန်မြင့်နဲ့အတူ သရုပ်ဆောင်နေ ပါတယ်။ အနုပ ညာလောကမှာ နေရာလေး တစ်နေ ရာရရင်လည်း အဲဒီနေရာမှာ အကြာကြီး မြဲလိမ့်မယ်လို့ မပြောနိုင် ဘူးလို့ မြင့်မြတ်က ပြောပါတယ်။

"အကုန်လုံးက အကျိုးပေး ပါပဲ။ စေတနာ အကျိုးပေးပါတယ်။ အရင် ဘဝက ကုသိုလ်ကံအကျိုး ပေးလို့ပဲ ထင်တယ်။ မအောင်မြင်ခင်က လည်း ကျိန်းသေပေါက်အောင် မြင်လိမ့်မယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။ နေ ရာလေး တစ်နေရာရရင်လည်း အဲဒီနေရာမှာ အကြာ ကြီးမြဲလိမ့် မယ်လို့လည်း မပြောနိုင်ပါဘူး" လို့ မြင့် မြတ်က ဆိုပါတယ်။

အနုပညာ အလုပ်ကိုပဲ တစိုက် မတ်မတ် လုပ်ဖြစ်သွားမယ် လို့ပြောတဲ့ မြင့်မြတ်က "ကျွန်တော်တခြား စီး ပွားရေး ဆိုရင်လည်း မလုပ်တတ်ဘူး။ ဒီအနုပညာ အလုပ်ကိုပဲ ရေရှည်လုပ် ဖြစ်သွားမှာပါ။ ကျန်တဲ့အလုပ်ကျတော့ လည်းဘာမှ မလုပ်တတ်ဘူး။ အဲဒါကြောင့် ဒီ အနုပညာ အလုပ်ပေါ် မှာပဲအာရုံစိုက် သွားမယ်" လို့ ပြောပါတယ်။

တွယ်တာ

By Popular News

အသက်(၁၂)နှစ်ရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားယားအဖြစ်ပြုကျင့်





 
 


ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဖောင်တော်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီးသီးခူးရအောင်ဟု ဖခင်ဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူကို ပြောဆိုခေါ်ဆောင်ပြီး သီလရှင်ကျောင်း ဟောင်းကြီးပေါ်သို့ဆွဲတင်ကာ အလိုမ တူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“ ပြဿနာဖြစ်ပွားခဲ့တဲ့တာက ဒီလ ၄ ရက်နေ့ ညနေ ၂ နာရီအချိန်လောက်မှာဖြစ်ပါတယ်..။ အမှုဖွင့် အရေးယူတာက ၁၀ ရက်နေ့ ညနေ ၂ နာရီအချိန်မှာပါ..” ဟု အဆိုပါ ဒေသခံ တစ်ဦးမှ ဆိုသည်။

၎င်း မိသားစုသည် ရွှေဘိုခရိုင်၊ ခင်မြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့် ထိုနေ့ကဖခင်ဖြစ်သူ ကိုကျော်မိုး အသက်(၃၅) နှစ် ဘုန်းကြီးကျောင်း မီးစက်မောင်း လုပ်ကိုင်သူသည် ၎င်း၏ သမီးအရင်းဖြစ်သူ အသက်(၁၂)နှစ်အရွယ် မ.....(မခင်အေးမြင့်) ဆိုသူကို ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာဘက်သို့ နေကြာစေ့သွားဝယ်ရန် ပြောပြီး ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ရာ၊ အချိန်(၁)နာရီကျော်ခန့် ကြာမြင့်ပြီးနောက် မိခင်ဖြစ် သူ ဒေါ်....(နှင်းနှင်းထွေး) ရှိရာ မီးဖိုချောင်အတွင်းသို့ သမီးဖြစ်သူ မ....ရောက်ရှိလာပြီး ဖင်ဖြစ်သူမှ အလိုမတူဘဲ သားမယား အဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ငိုယို၍ တိုင်တန်းပြောဆိုခဲ့သည်ဟု သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ယင်းကဲသို့ ဖော်ပြ ထားသည်။

အဆိုပါ ပြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရယူနိုင်ရန် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “ ဖုန်းကတော့ ဦးကျော်စိုးရဲ့
ဖုန်းဖြစ်ပါတယ်။ ကျွန်တော်ခဏ ယူကိုင်ထားတာပါ။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အောက်ခြေ၀န်ထမ်းတွေဖြစ်တာကြောင့် မသိပါဘူး..” ဟု ၎င်း ၀န်ထမ်းဖြစ်သူမှ တုန့်ပြန် ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ် လူမှုထောက်ကုပြု ကွန်ရက်အဖွဲ့ ၀င်တစ်ဦး၏ ပြောပြချက်များအရ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူဒေါ်နှင်းနှင်းထွေး အသက်(၃၃)နှစ်၊ ဘခင်အမည် ဦးစိုးမြင့် ဆိုသူမှ ကန့်ဘလူမြို့နယ်၊ ဇီးကုန်နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ (ပ)၂၁၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ရဲစခန်းမှူး ရဲအုပ် ၀င်းမြင့် ဆိုသူမှ အမှုအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုဇေယျာမောင်
by Myanmar News Now

မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ် (ရုပ်/သံ)

မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ် (ရုပ်/သံ)


နှစ်ပေါင်း ၅၀ ကျော်အတွင်း မယ်စကြ၀ဠာ နိုင်ငံတကာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ပထမအဆင့် အလှမယ် ရွေးချယ်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအထဲက ရွေးချယ်ခံရမယ့် Miss Universe Myanmar 2013 ဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။





Related Posts Plugin for WordPress, Blogger...