Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

Thursday, November 14, 2013

အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ



ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့က စပါးခြွေပြီးတော့ လယ်တဲထဲမှာ ခဏ၀င်နားနေတာ လေးယောက်ပါ။ ၁၁ နာရီ ထိုးလောက်ကျတော့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ ရဲရှစ်ယောက်လောက်က ရောက်လာပြီး အတင်း ၀င်ဖမ်းပါတယ်။ ကိုငယ်ကို လက်ထိပ်နဲ့ နှစ်ဆင့်ခတ်ပြီး ဖမ်းတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်တယ်။သေနတ်နဲ့ ဆောင့်ထိုးတယ်။ လက်သီးနဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်တာက ဆက်တိုက်ပဲ လေးငါးချက်လောက် ရှိမယ်။ သေနတ်က အ ရှည်ပါ။ သေနတ်နဲ့ ပစ်တာက လက်ထိပ်ခတ်ပြီးမှ ပစ်တာပါ" ဟု လက်ထိပ်ခတ် ဖမ်းဆီးထားသည့် လယ်သမားအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားစဉ် အတူရှိနေသည့် လယ်သမား ကိုသန့်ဇင်ဦးက ပြောကြားသည်။

Eleven Media Group

လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်

Tuesday, October 1, 2013

အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်

Facebook ကို like လေးပေးခဲစေချင်ပါတယ်





အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေးရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏ နေအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မ-----က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းသူက ဆိုထားသည်။

ယင်းအပြင် ကို-----ဆိုသူနှင့် ၎င်း၏ ဇနီး----တို့က သူမအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ထွက်ပြေးလျှင် ခြေထောက်များအား ရိုက်ချိုးပြီး ခန္ဓာကိုယ်အား ဓါးနှင့် မွန်းခြင်းတို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ကြသဖြင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက်တွင် ဒလမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၉ ရက်တွင် မ---နှင့် လှိုင်သာယာမှ ကို----တို့ဇနီးမောင်နှံတို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက (ပ)၄၃၂ /၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲတိုင်တန်းခံထားရသူများကို ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မ၃၇၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနမှ စုံစမ်းသိရသည်။

ဇော်ဇော်ထွေး |Mizzima

Sunday, September 29, 2013

ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ





ခိုလမ် ၊ ၂၉-၉-၂ဝ၁၃


ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ် ၊ ခိုလမ်မြို့ နယ်မြေခံ ခိုလမ်ရဲစခန်း နှင့် တောင်ကြီး မူယစ်အထူး အဖွဲ့ တို့မှ ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ညနေ ၂ နာရီိခန့်တွင် သတင်းအရ ခိုလမ် မြို့နယ်ခွဲ အမှတ်(၅/၁၈) ၊ ပြည်ထောင်စု လမ်း ၊ (၅)ရပ်ကွက် ၊ ဝမ်ဖွီး ကျေးရွာနေ မနန်းခင်စန္ဒာ (ခ) နန်းခမ်းကော် ၃၉ နှစ် (ဘ) ဦးစိုင်းလူ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ မီးဖိုဆောင် နှင့် အောက်ထပ်ခန်း အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေး ပြား (၂၂ဝ)ပြား ၊ ပလပ်စတစ် အဖြူဖြင့် ထုပ်ထားသော ဘိန်းစိမ်း (၉၆)ဂရမ်အား ဖမ်းဆီး ရမိခဲ့ပြီး သတင်းဆက် အရ ရပ်ကွက်(၂) ၊ အိမ်အမှတ် (၄၁)နေ နန်းလှယဉ် ၄၃ နှစ် (ဘ) ဦးလုံးစမ်းစိန် ၏ နေအိမ်အား ဆက်လက်ရှာ ဖွေရာ မူးယစ်ဆေးဝါး တွေ့ရှိခြင်း မရှိဘဲ ၄င်း၏ တူဖြစ်သူ ပီစော ၄၁ နှစ် (ဘ) ဦးလုံကန္န ၏ နေအိမ်အား ဆက်လက် ရှာဖွေစဉ် စိုင်းတိ ၄၁ နှစ် (ဘ) ဦးလုံကောက်ခက်ပန် သည် ရောက်ရှိ လာပြီး ပူပေါင်းအဖွဲ့မှ ရပ်တန့် အစစ်ဆေး ခံရန် ပြောဆိုစဉ် အုတ်တံတိုင်း ကျော်၍ ထွက်ပြေး သဖြင့် လိုက်လံ ဖမ်းဆီးရာ ၄င်းထံမှ ကျကျန်ရစ် ခဲ့သော အနက်ရောင် အိတ်တစ်လုံး သိမ်းဆည်း ရမိခဲ့သည်။


၎င်းနောက်သို့ ထပ်ကြပ် မကွာလိုက်လံ ရှင်းလင်းရာ နောင်ကျောင်း ရေကန်အနီး အရောက်တွင် တရားခံမှ ပစ္စတိုဖြင့် စတင် ပစ်ခတ်ပြီး ရေကူး ထွက်ပြေး သဖြင့် ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရာ ဦးခေါင်း ရှေ့ယာခြမ်း ထိမှန်ဒဏ်ရာ များဖြင့် ရေကန်ထဲတွင် သေဆုံးသွား ခဲ့သည်။ ကျကျန်ခဲ့သော ၄င်း၏ အိတ်အနက်ရောင် မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၆ဝ) ပြားပါ ၁ ထုပ် ၊ ချက်(စ်)နိုင်ငံ လုပ် RAMY အမျိုးအစား ပစ္စတို ၁ လက် ၊ ကျည်ကတ် ၁ ခု ၊ ကျည် ၁၄ တောင့် ၊ အမှတ် (၉၁) လက်ပစ်ဗုံး ၁ လုံး ၊ ငွေကျပ် ၁ဝ သိန်းနှင့် သေဆုံးစဉ် ၄င်း၏ ခါးတွင် ပတ်ထားသော ပျောက်ကျား ခါးပတ်အိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂ဝဝ) ပြားပါ ၆ ထုပ် ၊ (၁၈ဝ)ပြားပါ ၁ ထုပ် ၊ ရေစို ပျက်စီးနေသည့် ဆေးပြား အလေးချိန် (၁ဝ) ဂရမ်ခန့်ပါ ၁ ထုပ် ၊ မှတ်ပုံတင် တစ်ခုအား သိမ်းဆည်း ရမိခဲ့သည်။


အခင်းဖြစ်ပြီး ချိန် ညနေ ၅ နာရီခန့်တွင် ဖြစ်စဉ် မဖြစ်ပွားမီ သေဆုံးသူ စိုင်းတိအား နန်းလှယဉ် ၏နေအိမ်သို့ လာရောက် ပို့ဆောင် ပေးခဲ့သော SURF နက်ပြာရောင် ၊ ယာဉ်အမှတ် (၇ခ/၂ဝ၆၅) နှင့် အတူ စိုင်းစံမင်း (ခ) စိုင်းစော ၁၉ နှစ် (ဘ) ဦးလုံးလု နှင့် စိုင်းစိန် ၂၈ နှစ် (ဘ) ဦးလုံးစိုင်း တို့နှစ်ဦးသည် ၄င်းနေအိမ်သို့ ပြန်လည် ရောက်ရှိ လာသဖြင့် ပူးပေါင်း အဖွဲ့မှ မသင်္ကာ၍ ခိုလမ်ရဲစခန်း သို့ခေါ် ဆောင် ကာ ယာဉ်အား အသေးစိတ် စစ်ဆေးရာတွင် နောက်ခန်း အတွင်းမှ M-22 မောင်းပြန် ရိုင်ဖယ် ၁ လက် (ခေါက်ဒင်ပါ) ၊ ကျည် ၁၆၈ တောင့် ၊ ကျည်ကတ် (၂)ခု ၊ (၉)လုံးကျည် (၁၇) တောင့် ၊ ၄င်းကျည်ခါးပတ် အနက်ရောင် ၁ ခု WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၁ဝဝဝဝ) ပါအထုပ် ၂ ထုပ်တို့သိမ်းဆည်း ရမိခဲ့သည်။







အထက်ပါ ဖြစ်စဉ် များတွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားတန်ဖိုး (၈၆၃၂၈၈ဝဝ) ကျပ် နှင့် ဘိန်းစိမ်း တန်ဖိုး (၄၄၉၅ဝ)ကျပ် ၊ စုစုပေါင်းတန်ဖိုး (၈၆၃၇၃၇၅ဝ) ကျပ်အား သိမ်းဆည်း ရမိခဲ့ပြီး တရားခံ များဖြစ်သော ပီစော ၊ စိုင်းစံမင်း (ခ) စိုင်းစော ၊ စိုင်းစိန် ၊ နန်းခင်စန္ဒာ ၊ နန်းလှယဉ် တို့ (၅) ဦးအား ခိုလမ် ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


Friday, September 27, 2013

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

Facebook ကို like ပေးစေချင်ပါတယ်


From : ..mizzima


မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူက ပြောပြရာတွင် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီအချိန်က နေအိမ်တွင် မီးပျက်နေသဖြင့် လမ်း အတွင်းရှိ ဈေးဆိုင်သို့ ဖယောင်းတိုင် သွားဝယ်ရာမှ ဈေးဆိုင် မရောက်ခင် လမ်းတွင် ပြစ်မှုကျုးလွန် ခံရခြင်း ဖြစ်သည်ဟုလည်း ဖခင်က ရဲကို ထွက်ဆိုထားသည်။

သူမမှာ လမ်းအတွင်းတွင် မျိုးမင်းထိုက် (၃၂)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ ပါသုံးဦးကို အရက်မူးလာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုထားသည်။ ထို့နောက် အမည်မသိသူ နှစ်ဦးက သူမအား လမ်းဘေးသို့ ဆွဲချ၍ မျိုးမင်းထိုက်က သားမယားပြုကျင့်ခဲ့ပြီးကျန်နှစ်ဦးကလည်း ဘေးမှ နေ၍ မဖွယ်မယာပြုလုပ်ခဲ့ကြသည်ဟု ရဲအား တိုင်တန်းထွက်ဆို ထားသည်။

ထို့ကြောင့် မျိုးမင်းထိုက် အပါအ၀င် သုံးဦးစလုံးကို အရေးယူပေးရန် ကာယကံရှင်၏ ဖခင်ဖြစ်သူက စွပ်စွဲ တိုင်တန်း လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် မင်္ဂလာဒုံ ရဲစခန်းက စက်တင်ဘာ ၂၅တွင် (ပ)၅၉၅/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထား ရသူ မျိုးမင်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကာ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းနေသည်။

ယင်းတို့ကို ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆/၁၁၄ဖြင့် တရား စွဲတင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းနေ့တွင်ပင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်အား အသက်(၂၈)နှစ်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦး က အဓမ္မပြုကျင့်ဟုဆိုကာ တိုင်တန်းထားမှု တစ်ခုကိုလည်း တာမွေရဲစခန်းက(ပ) ၄၁၈/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံး၏ မှတ်တမ်းများအရ သိရသည်။

မုဒိမ်းကြံစည်ကုလားအား ထောင်ဆယ်နှစ်ချမှတ်









"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း" ခေါင်းစဉ်ဖြင့် 19.4.2013 နေ့က တင်ခဲ့တဲ့ သတင်းထဲက တရားခံ ဦးတင်အေး (ခ)မာမက်ဇလီ (၄၃)နှစ်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်လိုက်ပါတယ်။
25.9.2013 ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်)မှာ နောက်ဆုံးစီရင်ချက် အမိန့်ချမှတ်ခဲ့တာပါ။
အမှုအမှတ် (ပ) ၂၅၉/၁၃ဖြစ်ပြီး၊ ပုဒ်မ ၃၇၆/၅၁၁။ ၄၅၈ အရ ထောင်ဒဏ် ငါးနှစ်စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။
အဆိုပါ နောက်ဆုံးဒီဂရီချမှတ်ရာနေ့၌ ပြည်သူလူထု ၀ (၁ဝဝ)ဦးခန့်နှင့် ရဟန်းသံဃာ (၂ဝ)ပါးကျော် တက်ရောက် အားပေးခဲ့ကြောင်း သိရပါတယ်။
(ပို့စ်အဟောင်းလေးကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။)
"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း"
7.4.2013မနက်အစော (3:00)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မုဒိမ်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံ့ကော်လမ်းနေဦးသန်းနိုင်+ဒေါ်သူဇာတို့အိမ်မှာ ဖြစ်ပွားခဲ့တာပါ။
သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်းကျောင်းသူလေးကိုကြံစည်တဲ့အမှုပါ။ ကြံစည်သူက ဦးတင်အေး(ခ) မာမက်ဇလီ အသက်(၄၃)နှစ် အရွယ်ရှိ မူဆလင်တစ်ဦးဖြစ်ပါတယ်။
ကျောင်းသူလေး အိပ်မောကျနေတုန်း ခြင်ထောင်ထဲဝင်ပြီးလည်ပင်းညှစ်ထားတာပါ။ ကလေးမလေးက မအော်နိုင်လို့ ရုန်းရင်း ကန်ရင်း ခြေထောင်နဲ့ ကြမ်းခင်းဆောင့်သံပြင်းထန်တာကြောင့် မိသားစုများနိုးလားပြီး ခြင်ထောင်လှပ်ကြည့်ရာမှ တွေ့ရှိခဲ့တာပါ။
မာမက်ဇလီက လက်သည်းညှပ်အကြီးစားထဲမှာပါတဲ့ဓားချွန်နှင့်ထောက်ထားပြီး လက်တစ်ဖက် ကလည်းလည်ပင်းညှစ်ရက်ကြီးနဲ့ "ငါ့မထိနဲ့၊ထိရင်ကောင်မလေးကို ထိုးသတ်ပစ်မယ်"ဟု ကြိမ်းဝါးပါတယ်။ ခဲအိုးဖြစ်သူ ကိုအောင်မျိုးဇော်ကနာသလယ်ကိုဖြတ်ကန်လိုက်လို့ မာမက်ဇလီလဲကျသွားတဲ့အခါ ဖခင်ဦးသန်းနိုင်ကပါ ၀င်ချုပ်ဖမ်းဆီးပြီးလက်သည်းညှပ်ဓားကို လုယူနိုင်ခဲ့ပါတယ်။
ဒီအခါ မာမက်ဇလီက သူ့ကို ဝိုင်းရိုက်နေကြပါတယ်ကယ်ပါအုံး အကူအညီတောင်းလို့ တစ်ရပ်ကွက်လုံးလန့်နိုးကုန်ကြပါတယ်။
ဦးသန်းနိုင်က ရွှေပြည်သာလူငယ်ခေါင်းဆောင်ကိုအောင်ကြီးကို ဖုန်းဆက်ခေါ်ပါတယ်။ ကိုအောင်ကြီးက မြို့နယ်ရဲမှူးထံ သတင်းပို့ပြီး ရဲမှူးနှင့်အတူကားနှစ်စီးနဲ့ ထွက်လာကြတဲ့အခါ နယ်ထိန်းခေါင်းဆောင်ရောက်နေပါပြီ။ မာမက်ဇလီကို လက်ထိပ်ခတ်ထားပါပြီ။ မာမက်ဇလီကို တစ်ရပ်ကွက်လုံးက ဝိုင်းရိုက်မယ်လုပ်လို့ ကိုအောင်ကြီးက "ထောက်ခြောက်ထဲဝင်သွားမယ်။ မလုပ်နဲ့"တားလို့ပြည်သူများသဘောပေါက်သွားကြပါတယ်။
ရဲစခန်းမှာ ပုဒ်မ (၃၇၆/၅၁၁- ၃၂၃၊ ၄၅၆) နှင့်စွဲဆိုထားပြီး 10.4.2013 နေ့မှာ ထောင်ကြီးချုပ်သို့ ပို့ထားပါတယ်။
မာမက်ဇလီဟာ အမဲပေါ်(နွား/ဆိတ် သတ်သမား ) ဖြစ်ပြီး၎င်း၏မိန်းမဟာ ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ကာ မ တရုတ်မလို့ လူသိများတဲ့ ငါးရောင်းသူတစ်ယောက်ပါ။မ တရုတ်မကို တရားဝင်မယား (ကြီး) အဖြစ်ပေါင်းသင်းကာ သားသမီးသုံးယောက်ရှိပါတယ်။ အခြားအမြှောင်မယားသုံးယောက်လုံးကလည်း ဗမာတွေပဲလို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ပြဿနာများ ပူပေါင်းဖြေရှင်းဖို့အတွက်ဘာသာပေါင်းစုံအဖွဲ့ ဖွဲ့စည်း ထားတာ 31.3.2013 ရက်နေ့ကဖြစ်ပါတယ်။
မုဒိမ်းကြံစည်မှုဖြစ်လာတဲ့အခါ မူစလင်ခေါင်းဆောင်များနဲ့ညှိုနှိုင်းပြီး ဆောင်ရွက်ခဲ့ရာမှာ မူဆလင်များက မာမက်ဇာလီတို့ရဲ့ ထရံကာကြမ်းခင်းအိမ်ကိုဖျက်ယူရွှေ့ပေးကြတဲ့အပြင် မုဒိမ်းမှုကို ရှုတ်ချကြောင်းပါ ကြေငြာချက်ထုတ်ပြန်ပေးခဲ့ကြပါတယ်။မူဆလင်းခေါင်းဆောင်ကြီးက"သဘာဝကျပါတယ်။ လုပ်ပေးရမှာပေါ့" လို့ ပြောဆိုပြီးဆောင်ရွက်ပေးခဲ့တာပါ။ အမှိုက်ဆိုတာ ရှုပ်တတ်တဲ့အမျိုးပဲနော် ရှုပ်လာပြီဆိုရင်တော့ မဖြစ်မနေရှင်းရမှာပဲပေါ့။ဒီတစ်ခါ အမှိုက်ကစ ပြသာဒ်မီးလောင်မဖြစ်ရလေအောင် ရှင်းတတ်ဖို့တော့လိုမယ်နော်။
ရွှေပြည်သာမှ ကိုအောင်ကြီးတို့ဖြေရှင်းပုံကိုစံနမူနာယူရမယ်မဟုတ်လားဗျာ။

အကြမ်းဖက်ခံရသောကလေးမလေးသည် ဆံပင်စဆွဲဆောင့်ခံထားရ၍ ဦးရေများ နာကြင်နေပြီး ညအခါတွင်စိတ်ခြောက်ခြားကာ အိပ်မပျော်ဘဲဖြစ်နေပါသည်။ နေ့အခါတွင်လည်းခါတိုင်းလိုပုံမှန်စကားပြောခြင်းမရှိဘဲ ငေးမှိုင်တွေဝေနေကြောင်း သိရပါသည်။ ဦးဝီရသူက ဂုဏ်တော် ပွားအိပ်ဖို့ မှာကြားခဲ့ကြောင်း သိရပါသည်။

ဆက်သွယ်ရန်-
ကိုအောင်ကြီး-09.43070794
ရဲတပ်ဖွဲ့မှူး-09.450542933
နယ်ထိန်းခေါင်းဆောင်-09.43170716
ရဲစခန်း-01.610667







Wednesday, September 25, 2013

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး







ကသာ ၊ စက်တင်ဘာ ၂၄။ ။ စစ် ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြရ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည် အရက်မူး ၍ ဇနီးဖြစ်သူ မအေးကြည် ၁၉ နှစ်အား လူမှုရေးဖောက်ပြန်သည် ဟုစွပ်စွဲကာ ရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ဖြစ်မှု ကိုအခြေခံ၍ ဇနီးဖြစ် သူ မအေးကြည်အားအရိုးအသွား ၁၈လက်မရှိဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ်ဘက်လက် ချောင်းများပြတ်ရှကုန်ပြီး ဝဲဘက် နံရိုးအောက်သို့လည်း ဓားစိုက် ဝင်သွားခဲ့သည်။ ထို့နောက် သမီးဖြစ် သူ မနှင်း ပွင့်ဖြူ အသက် ငါးနှစ် နှင့် မလှိုင် လှိုင်ထွန်း အသက်နှစ်နှစ်တို့အား ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်။

ကလေးများ ငိုသံကြား၍ ဒေါ်အေးကြည်မှ ထကြည့်စဉ် မြင့်သန်းက မအေးကြည်အား အရိုးအသွား၁၈လက်မရှိ ဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ် ဘက်လက်ချောင်းများ ပြတ်ရှကာ ဝဲဘက်နံရိုးအောက်သို့လည်း ဓား စိုက်ဝင်သွား ခဲ့ပြီး နှစ်နှစ် သမီးအရွယ်ရှိ မလှိုင်လှိုင်ထွန်းအား ဓား ဖြင့်ထပ်မံမွှန်းခဲ့ရာ ဘယ်ဘက် လက်ကောက်ဝတ်၌ ပြတ်လုနီးနီး ဓားဒဏ်ရာနှင့်အတူ ထိရှဒဏ်ရာ အများအပြားရရှိခဲ့ပြီးနောက် ထိုသမီးငယ်၏ ဝဲဘက်ဝမ်းဗိုက် ကိုလည်း ဓားဖြင့် ထိုး သွင်း သတ် ဖြတ်ခဲ့သည်။

ထိုသို့ သမီးငယ်အား ထိုး သတ်ပြီး သမီးကြီးဖြစ်သူ မနှင်း ပွင့်ဖြူ ငါးနှစ်အား ထပ်မံ၍ ဓား ဖြင့်ထိုးခဲ့ရာ မနှင်းပွင့်ဖြူ၏ဝမ်း ဗိုက်ပေါက်ပြဲခဲ့သည်။ မြင့်သန်း သည် ကလေးများကို ဓားဖြင့်ထိုး ပြီး မိမိကိုယ်ကိုလည်း ဓားဖြင့်ထိုး ခဲ့သည်။ ထိုအခြေ အနေတွင် ဇနီး ဖြစ်သူ မအေးကြည်က ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့ပြီး ကျေး ရွာကို အကူအညီတောင်းခံခဲ့သည်။ ကျေးရွာလူထုမှ မြင့်သန်းနှင့် ကလေးများဖမ်းထားရာနေအိမ် သို့ဝိုင်းသောအခါ မြင့်သန်းမှ လာ ရောက်ကယ် တင်သူ အား သတ် မည်ဟုဆိုကာ အရှည်လေးတောင် ရှိမှိန်းနှင့် အရှည်၁၈လက်မရှိဓား ကို ကိုင်ဆောင်၍ ကြိမ်းမောင်းနေ မှုကြောင့် မည်သူမှ အနားသို့ မကပ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးတွင် ရပ်ကွက်တာဝန် ရှိသူများမှ အင်းရွာရဲ စခန်းသို့ သွား တိုင်ခဲ့ရာ စက်တင်ဘာ ၂၄ရက် နံနက်ရနာရီတွင် လူသတ်တရားခံ မြင့်သန်းအား ဖမ်းဆီးရမိခဲ့သည်။

ထိုဓားထိုးမှုဖြစ်စဉ်ကြောင့် နှစ်နှစ်သမီးအရွယ်ရှိ မလှိုင်လှိုင် ထွန်းမှာ နေရာ၌ ပွဲချင်းပြီးသေဆုံး သွားခဲ့ပြီး မအေးကြည်နှင့် မနှင်း ပွင့်ဖြူတို့မှာ ဒဏ်ရာပြင်းထန်လွန်း သဖြင့် ကသာခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် အရေးပေါ်ခွဲစိတ်ကုသ မှုခံ ယူနေ ရဆဲဖြစ်သည်။ ခွဲစိတ်မှု အခြေအနေမှာ သတင်းရေးသား ချိန်အထိ စိုးရိမ်ရဆဲအခြေအနေ တွင် ရှိနေသည်။

လူသတ်တရားခံမြင့်သန်း မှာ အရက်ကို နေ့စဉ်စွဲမြဲစွာသောက် သုံးသူဖြစ်သဖြင့် အရက်ကြောင် ကြောင်ကာ ကိုယ့်မိသားစုတစ်စု လုံးကို ယခုလို ရက်စက်စွာသတ် ဖြတ်ခဲ့မှုဖြစ်ပေါ်ခဲ့သည်ဟု သက် ဆိုင်ရာရဲတပ်ဖွဲ့မှ ကောက်ချက် ချထားသည်။ ထိုလူသတ်မှုနှင့် ပတ်သက်၍ အင်းရွာလေးကျေး ရွာနေ မြင့်သန်းအား အင်းရွာရဲ စခန်းမှ (ပ)၁၁၁/၂၀၁၃ဖြင့် တိုင် ချက်ရေးသွင်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂/၃၂၆ဖြင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

လူသတ်တရားခံမြင့်သန်း က ပြောပြရာတွင် သူသည် ၁၇ နှစ် သားအရွယ်မှ စတင်၍ အရက် သောက်ခဲ့ကြောင်း၊ လွန်ခဲ့သော ခုနစ်နှစ်က ဘုရားတွင် အရက်လှူ ခဲ့ပြီး ပြန်သောက်ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သောလေးရက်က အရက် ဖြတ်တာကို ဆေးဝါး အကူအညီ မယူဘဲ အစိမ်းဖြတ်ထားကြောင်း ပြောသည်။ လူသတ်တရားခံ မြင့် သန်း၏ဖခင် တစ်ရွာတည်းနေ ဦးသောင်းစိန်က သူ့သားမြင့်သန်း အရက်ဖြတ်ထားသည်မှာ နှစ်ရက် ခန့်ပင် ရှိသေးကြောင်း၊ လွန်ခဲ့ သောခြောက်လ ကျော်က မြင့်သန်း နှင့်ညီဖြစ်သူတို့ စကားများရာမှ ညီဖြစ်သူက ဓားဖြင့်ထိုးခဲ့၍ မြင့် သန်း၏ဝမ်းဗိုက်ကို ခွဲစိတ်ကုသ မှု ပြုလုပ်ခဲ့ရသေးကြောင်း ပြော ပြခဲ့သည်။

ဟာဂျူလီ
(ရန်ကုန်တိုင်းမ်သတင်းစာ)



Tuesday, September 24, 2013

တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ရ




ယခုလ ၁၉ ရက် နေ့လည်ပိုင်းက မန္တလေး - ကလေး လမ်းပိုင်း ပုံတောင် ပုံညာကြား ကြော့ကျေးရွာ အနီးတွင် ခရီးသည်တင် ပို့ဆောင်ရေး ယာဉ်တစ်စီး တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ အရှိန်လွန်ပြိး ချောက်ကမ်းပါး ထိပ်ပေါ်တွင် ချိတ်တင် နေခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန္တလေး မှ ကလေးသို့ သွားသည့် ရွှေသဇင် ခရီးသည် ပို့ဆောင်ရေး ယာဉ်သည် ပုံတောင် ပုံညာကြား လမ်းပိုင်းတွင် ခရီးသည် ၂၆ ဦးကို တင်ဆောင်ပြီး တောက်တင်လမ်း အတိုင်း ကလေးမြို့ သို့ သွားစဉ် လမ်းပေါ်ရှိ ကြီးမားသည့် ချောက်ကြီး တစ်ခုကို ကွေ့ဝိုက်ရာမှ အရှိန်လွန်ပြီး လမ်းဘေး ၀ဲဘက်ရှိ ချောက်ကမ်းပါး တစ်ခုနှင့် ချိတ်တင် နေခဲ့ကြောင်း သိရသည်။



" အခုလောက် ပဲ ဖြစ်တာက ကျွန်တော်တို့ တော်တော်ကို ကံကောင်းလို့ပါ ၊ ဟိုဘက်ချောက် က အနက်ကြီးပဲ ၊ အောက်ကို မြင်တောင် မမြင်ရဘူး ၊ ကျသွား ခဲ့ရင်တောင် ကျွန်တော်တို့ ခရီးသည် တွေအတွက် မတွေးဝံ့ ပါဘူး ၊ ဒီလမ်းပိုင်းက ယာဉ်မောင်း တွေ အနေနဲ့ တော်တော့်ကို ဂရုစိုက် ရပါတယ် ၊ မိုးတွင်း ဆိုတော့ ချောက်တွေ ၊ ကျင်းတွေက ပိုများပြီး စလစ် ဖြစ်နိုင်တဲ့ နေရာတွေ ကလည်း ပေါပါတယ် .... " ၊ " ကျွန်မလည်း တော်တော် ကြောက်သွား တာပါ ၊ ဘုရားစာတွေ ဆိုလိုက်ရတာ မပြော ပါနဲ့တော့ ၊ ပြုတ်ကျ လိုက်လို့ ကတော့ မတွေးဝံ့ စရာပဲ ၊ ဘာပဲ ဖြစ်ဖြစ် ကားဆရာတွေ အနေနဲ့ မိုးတွင်း ဘက်မှာ လမ်းတွေက ချော်ပြီး တောင်တက် လမ်းတွေ ဖြစ်နေတော့ သတိကြီး စွာထားပြီး မောင်းစေချင် ပါတယ် .... "ဟု အဆိုပါ ကားဖြင့် လိုက်ပါ လာသည့် ခရီးသည် များက ပြောကြား ခဲ့သည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ချောက်ကမ်းပါး ပေါ် မေးချိတ်တင် နေသော မော်တော်ယာဉ် အား ပြန်လည် ဆွဲတင် နေမှုကြောင့် ခရီးသည် တင်ယာဉ်များ သည်လည်း တောင်တက်လမ်း ဖြစ် ကျဉ်းမြောင်း သဖြင့် ညနေ ၅ နာရီ ကျော်မှသာ အဆိုပါ လမ်းပိုင်းကို သွားလာ အသုံးပြု ခဲ့ရ၍ ခရီးသွား ပြည်သူများ ခရီး ကြန့်ကြာမှု ဖြစ်ပေါ် ခဲ့ရကြောင်း သိရှိရသည်။ (မောင်မျိုး - ဧရာဝတီ )

“ဗမာမိန်းကလေးကို မုဒိမ်းကျင့်ပြီး ရောင်းစားဖို့ ကြံခဲ့ကြ”






21.9.2013 ရက်စွဲဖြင့် တင်ခဲ့သော “မိတ္ထီလာမှာ ကုလား (၆) ယောက်နှင့်အတူ ဖမ်းမိသော ဗမာမိန်းကလေး ဆေးမိသလိုဖြစ်နေ” သတင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
ဝမ်းတွင်းမြို့၊ သဲတော၊ အမှတ် (၃) ရပ်ကွက်နေ ဦးညွန့်ဝင်း+ဒေါ်တင်မြတို့၏သမီး မအေးမြသူ အသက် (၂၁) နှစ်၊ E-မေဂျာ ဖြင့် ဘွဲ့ယူမည့်သူ ပျောက်သွားတာ (12.9.2013) ရက်နေ့ကပါ။
ဖြစ်စဉ်က..............................
မအေးမြသူကို ကိုစိုးထက်အောင် (၂၆) နှစ် ကလေးနှစ်ယောက်အဖေ တစ်ခုလတ်က မူဆယ်မြို့မှ ဗမာ/ဗုဒ္ဓ ယောင်ဆောင်ပြီး ချဉ်းကပ်ပါတယ်။ ကိုစိုးထက်အောင်က ဆိတ်အရောင်းအဝယ်နဲ့ ခရီးအမြဲထွက်နေလို့ ဝမ်းတွင်းကမှန်း ကောင်မလေးက မသိရှိပါဘူး။ မူဆယ်ကပဲ ထင်နေတာပါ။ မအေးမြသူက ကုလားရုပ်ပေါက် နေတဲ့ ကိုစိုးထက်အောင်ကို ကြောက်လန့်ပြီး လက်မခံပါဘူး။ ဒါကို သူ့ဓာတ်ပုံအတင်းထိုးပေးထားခဲ့တာပါ။
အဲဒီနောက်ပိုင်း ဖုန်းခဏခဏဆက်ပါတယ်။ ကောင်မလေးက ဖုန်းမကိုင်ပါဘူး။ အပြင်လည်း မထွက်တော့ ပါဘူး။ ဒီလိုနဲ့ သဲတောမှ ဝမ်းတွင်းသို့ ကွန်ပျူတာသင်တန်းလာတက်တာကို ကိုစိုးထက်အောင်က ခြေရာခံမိ သွားတာပါ။
12.9.2013 ရက်နေ့ မွန်းလွဲ 1:00 နာရီခန့်မှာ ကွန်ပျူတာ သင်တန်းကအပြန် ကိုစိုးထက်အောင်က စကား နည်းနည်းပြောချင်လို့ ဆိုလာပါတယ်။ ဒါဆို ဒီနားပြောဟု ကောင်မလေးကပြောတဲ့အခါ တစ်ခွန်းနှစ်ခွန်းထဲပါ ပြောပြီး ဆိုင်ကယ်ပေါ် ဆွဲတင်ခေါ်သွားပါတယ်။
ဆိုင်ကယ်က IPSUM အမျိုးစားဖြစ်ပြီး ဘယ်ခေါ်သွားမှန်းမသိရလို့ ကောင်မလေးက ခုန်ချမယ် ပြောပါတယ်။ ဒါကို ခုန်ချလို့မရအောင် အမြန်မောင်းပြေးတာပါ။ ဆိုင်ကယ်က အမြင့်ကြီးလည်းဖြစ် အမောင်းကလည်းကြမ်းလို့ ခုန်မချရဲပါဘူး။
12.9.2013 ညမှာ တောင်သာ ဇဂျမ်းရွာရောက်တော့ ဖောက်ပြီးသားအဖျော်ရည်ဗူး ပေးတိုက်ပါတယ်။ ကောင်မလေးက မသောက်တော့ ပါးစပ်ဖြဲပြီး အတင်းတိုက်ပါတယ်။ သူတို့ တည်းတဲ့အိမ်က အဖိုးအဖွားနှစ်ယောက်တည်းရှိပြီး တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးတယ်ဆိုပါတယ်။ 13.9.2013 ရက်နေ့ မှာ ကောင်မလေးကို တစ်ယောက်ထဲထားပြီး စိုးထက်အောင် ထွက်သွားပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးက အိမ်ကိုဖုန်းဆက်ချင်ပေမယ့် ဖုန်းကို စိုးထက်အောင်က သိမ်းသွားလို့ မဆက်နိုင်ပါဘူး။ ထွက်ပြေးဖို့ကြံတော့ လည်း စိုးထက်အောင်ရဲ့ လူတွေချည်းဖြစ်နေလို့ မိမယ်ဆိုတာ သိနေပါတယ်။
ညနေမှာ စိုးထက်အောင် စာချုပ်စာတမ်းတွေနဲ့ ပြန်လာပါတယ်။ “ဘာသာမတူတဲ့အတွက် ပြဿနာတွေ ဖြစ်မှာ လက်မှတ်မထိုးရင် ငါထောင်ကျမှာ ငါ့ဘက်မှာ အမြဲရပ်တည်ရမယ်” လို့ပြောပြီး ရွာလူကြီးဆီ ခေါ်သွားပါတယ်။
စိုးထက်အောင်ဟာ ဆိတ်ဝယ်နေကျဖြစ်လို့ ရွာလူကြီးအပေါ်လည်း သြဇာညောင်းပါတယ်။
ကောင်မလေးဟာ အခြိမ်းခြောက်ခံထားရလို့ ကြောက်လန့်နေပြီး သွေးလန့်နေပါတယ်။ ဒါကို အခွင့်အရေးယူပြီး စိုးထက်အောင်က ကောင်မလေးကို ဆေးခန်းလိုက်ပို့ပါတယ်။ သူနာပြုဆရာမက စိုးထက်အောင် နင်ဆေးထိုးမှာလား မေးပါတယ်။ စိုးထက်အောင်က အေးမြသူ နင်သွားထိုးချေ ခိုင်းလိုက်ပါတယ်။ ကောင်မလေးက ဆရာမကို ဘာဆေးထိုးမှာလည်း ခဏခဏမေးပါတယ်။ ဆရာမက ဘာမျှပြန်မဖြေဘဲ ဆေးထိုးပေးလိုက်ပါတယ်။
ည မိုးချုပ်ကြီးမှာ ဆိုင်ကယ်နှင့်တင်ပြီး ခေါ်လာပါတယ်။ မိုးရွာထဲမှာ ကောင်မလေးကို တွန်းချပါတယ်။ ကောင်မလေးက စိုးထက်အောင် မေ့ကျန်ခဲ့တဲ့ဖုန်းနဲ့ သူမသူငယ်ချင်း မဝေဇင်အောင်ဆီ ဖုန်းဆက်အကြောင်း ကြားတာ သိသွားလို့ နှိပ်စက်တာပါ။ နင်ဖုန်းဆက်လို့ ငါတို့နေရာသိသွားတာပြောပြီး ရိုက်နှက်နှိပ်စက်တာပါ။
မဝေဇင်အောင်ဆီ ဆက်သွယ်တဲ့ဖုန်းနံပါတ်နဲ့ ဝမ်းတွင်းမြို့မှ ကိုမောင်ဦးက စိုးထက်အောင်ဆီ ဖုန်းဆက်မေးပါတယ်။ ကောင်မလေးရဲ့ အဒေါ်ဖြစ်သူ ဒေါ်ချစ်ချစ်အောင်ကလည်း ဖုန်းဆက်မေးပါတယ်။ သူ့လက်ထဲမှာ ကောင်မလေးမရှိဘူး။ သူနဲ့ပြေးတာမဟုတ်ဘူးလို့ ဘူးခံနေပါတယ်။
စိုးထက်အောင်ရဲ့ မိဘတွေဆီ သွားပြောတော့လည်း ငြင်းလွှတ်ပါတယ်။ ဒါနဲ့ အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီး ရဲစခန်းမှာ လူပျောက်တိုင်ထားပါတယ်။
ကောင်မလေးရဲ့ အဒေါ် ဒေါ်ချစ်ချစ်အောင်က ဖုန်းဆက်တိုင်း စိုးထက်အောင်နဲ့ပဲ တွေ့ရပြီး မဟုတ်ဘူး မရှိဘူး ဘဲ ငြင်းနေပါတယ်။ ငြင်းလို့မရအောင် ပြောတဲ့အခါကျတော့လည်း အေးမြသူက စကားမပြောချင်လို့တဲ့ ဆိုကာ ဖုန်းချချသွားပါတယ်။ ဒေါ်ချစ်ချစ်အောင်က ဆယ်ငါးမီးနစ်တစ်ခါ နာရီဝက်တစ်ခါ အမြဲဖုန်းဆက်ပြီး မေးနေ တာပါ။
17.9.2013 မွန်းလွဲ 2:00 နာရီ ခန့်မှာ ဖုန်းထပ်ဆက်တော့ ကောင်မလေးနဲ့ သူနဲ့ တစ်နေရာဆီမှာဖြစ်နေလို့ 4:30 နာရီမှ ရောက်မှာ 4:30 နာရီမှ ပြန်ဆက်မယ်ပြောပေမယ့် ပြန်မဆက်လို့ ဒေါ်ချစ်ချစ်အောင်ကပဲ ထပ်ဆက်ရပါတယ်။ ဆက်တော့လည်း ဆိတ်တင်တဲ့ကားက ဗွတ်နစ်နေလို့ ညကျမှ ပြန်ဆက်မယ်။ ထပ်ပြောပါတယ်။ အခုဘယ်နေရာရောက်နေလဲမေးတော့ ပုပ္ပါးရောက်နေတယ် ဖြေပါတယ်။ အရင်က ပခုက္ကူ ရောက်နေတယ် မန္တလေးရောက်နေတယ်လို့ လှည့်ဖြေခဲ့တာပါ။
ဒေါ်ချစ်ချစ်အောင်က ည 7:00 နာရီမှာ ထပ်ဆက်ပါတယ်။ လာရှိုးကနေ ပြန်လာရမှာ နောက်ကျမယ်ပြောပါတယ်။ ဒါဆို ည 11:00 နာရီနောက်ပိုင်း မလာခဲ့နဲ့ တာဝန်မယူနိုင်ဘူး။ နောက်ကျရင် မနက်မှလာခဲ့ လို့ ပြန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ အဲဒီည 17.9.2013 11:05 နာရီမှာ အဖမ်းခံရတဲ့သတင်း ရောက်လာပါတယ်။ စိုးထက်အောင်နှင့် အခြားကုလားငါးယောက်က ကောင်မလေးကို ကားနဲ့တင်ခေါ်လာတာပါ။ မိတ္ထီလာ ပထမဂိတ်မှာ ကောင်မလေးကို ဝှက်ထားကြလို့ လွတ်သွားပါတယ်။ ဒုတိယဂိတ်ရောက်တော့ မသင်ကာတာနဲ့ တံခါးဖွင့် ရှာကြည့်မှ ကောင်မလေးကို တွေ့ရတာပါ။ ကုလားခြောက်ယောက်ကို အမှတ် (၂) စခန်းမှာ (ပ) ၆၇/၂၀၁၃ နှင့် ချုပ်ထားပြီး ကောင်မလေးကို ဒုရဲအုပ်ကတော်နှင့်အတူ သိပ်ထားပါတယ်။
18.9.2013 ရောက်တော့ မိသားစု လိုက်လာပါတယ်။ စခန်းမှူးအိမ်မှာ တွေ့ခွင့်ရပါတယ်။ ဆေးမိထားသလို ခပ်ကြောင်ကြောင်ဖြစ်နေလို့ မေးမြန်းလို့ မရခဲ့ပါဘူး
21.9.2013 ရောက်မှ သတိပြန်ကောင်းလာတာပါ။ ကောင်မလေးက ဆိုင်ကယ်ပေါ်ဆွဲတင်ခေါ်သွားတာအစ ဆေးထိုးခံရတာတွေပါ အကုန်ဖွင့်ပြောလာပါတယ်။ သားမယားအဖြစ်လဲ သုံးကြိမ်တောင် အကျင့် ခံခဲ့ရပါတယ် တဲ့။
အဖမ်းမခံရမီက မင်းမင်း ဆိုတဲ့ကုလားက ဖုန်းဆက်ပြောပါတယ်။ သာကော ဆိုသူဆီကိုပါ။ (သာကော=တရုတ် စကား=အကိုကြီး)
မင်းမင်းက သာကောကို အခြေအနေမေးတော့ ကားက ဘယ်နေရာမှာ ဘယ်လိုစီစဉ်ထားတယ်ဆိုတာတွေ ပြောနေတာ ကောင်မလေးက ကြားနေရပါတယ်။ သာကောနဲ့ချိတ်ဆက်ပြီးမှ ကားနဲ့ထွက်လာကြတာပါ။ ဘယ်နေရာရောက်နေလဲမေးတိုင်း ကုလားတွေက မသိဘူးပဲ ဖြေကြပါတယ်တဲ့။
မနက်ဖြန် 24.9.2013 ရက်နေ့ဆို သူတို့အားလုံး လွတ်ပါပြီ။ မိဘတွေက ရဲကိုတိုင်ထားပေမယ့် ကောင်မလေးရဲ့ ထွက်ချက်က ပဓာနဖြစ်လို့ ဝမ်းတွင်းရဲစခန်းက ကောင်မလေးကို သွားထုတ်မှာပါ။ မိတ္ထီလာခရိုင်မှူးကလည်း ကုလားခြောက်ယောက်ကို ဝမ်းတွင်းထိ လိုက်ပို့ပြီး စစ်ဆေးမှာပါ။
ကောင်မလေး သတိမကောင်းခင်မှာ ကောင်မလေးကပဲ ခိုးရာလိုက်ပြေးသလို မိဘတွေကပဲ ကောင်မလေး ကုလားနဲ့ ဖြစ်နေတာ သိသလို ကုလားက ကောင်မလေးအိမ် အဝင်အထွက်ရှိသလို အပြစ်ဖို့ ပြောဆို နေကြတာကို မိဘတွေက မကျေနပ်ကြပါဘူး။
ကုလားက ကလေးအဖေဆိုတာရော ဝမ်းတွင်းမှာနေတာကိုပါ ကောင်မလေးက လုံးဝမသိတာပါ။ မူဆယ်ကပြောလို့ မူဆယ်ကပဲထင်နေပြီး ဗမာ/ဗုဒ္ဓပြောပေမယ့် မဲမဲသဲသဲဖြစ်နေလို့ ကုလားမှန်းသိပြီး အဆက်အသွယ်မလုပ်ဘဲ ရှောင်နေ ပုန်းနေခဲ့တာပါ။
ဒီအကြောင်းကို အဒေါ်ဖြစ်သူ ဒေါ်ချစ်ချစ်အောင် 09-423689562 က ဖြစ်ကြောင်းကုန်စဉ် ပြောပြမည့် အကြောင်းနှင့် နယ်ထိန်းခေါင်းဆောင် တင်ထွန်းအောင် 09-402609169 ကို ဆက်သွယ်စုံစမ်း နိုင်ကြောင်းပါ။

Wira Thu

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့တွင် ဒေါ်စိန်ညွန့်ဖြူ အသက်( ၃၇)နှစ်သည် ကုလားများကို





ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့တွင် ဒေါ်စိန်ညွန့်ဖြူ အသက်( ၃၇)နှစ်သည် ကုလားများကို ဒီဇယ်သွားရောင်းရာ အဆိုပါ ပစ္စည်းများနှင့် အတူ ကျောက်တော်မြို့နယ် ပေါက်လေ ကျေးရွာမှ ရဟန်းတော်များဖမ်းမိ ကြောင်းသိရှိရပါသည်။



အမျိုးသား သစ္စာဖောက်မ ဒေါ်စိန်ညွန့်ဖြူ (၃၇)နှစ်အား ဒီနေ့ နေ့လည် တွင် ပုဏ္ဏားကျွန်းမြို့ တစ်ပတ် (ကျွန်မ အမျိုးသား သစ္စာဖောက်မ ) ဟုအော် ခိုင်းမည်ဟုလည်း သိရှိရပါသည်။




မှ မောင်သောင်း

Saturday, September 21, 2013

လူရွှင်တော် 5 Stars အဖွဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား






လူရွှင်တော် 5 Stars အဖွဲ့သည် ရန်ကုန်- နေပြည်တော် ၊ အမြန်လမ်း (၁၆) မိုင်တစ်ဖာလုံတွင် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း၊ ကျောက်ကြီးဖျော်ဖြေပွဲ မှအပြန် လမ်းမပေါ်တွင် စက်ပျက်နေသည့် ယာဉ်တစ်စီးအား ၀င်ရောက်ကူညီနေစဉ် ယာဉ်တိုက်မှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း 5 Stars အဖွဲ့မှ အောင်သော်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်ဘက်နေပြီး တက်လာတဲ့ စူပါကာစတန်ကားက ဘတ္ထရီ မကောင်းဖြစ်နေလို့ ကူညီပြီး ပြင်ပေးနေတဲ့ အချိန်မှာ
အခုလိုဖြစ်တာပါ။ ကျွန်တော်တို့ အဖွဲ့ပိုင် ဟိုက်အေ့စ်ကားနဲ့ နှစ်ကား စလုံး ခေါင်းချင်းဆိုင် မီးထိုးပြီးပြင်နေတဲ့အချိန်မှာ ရန်ကုန်ဘက်က တက်လာတဲ့ ကားကဖြတ်ပြီး တိုက်လိုက်တာပါ။ ကျွန်တော်အဖွဲ့ထဲက နှစ်ယောက်က ကားပြင်နေတယ်ဆိုတာကို အချက်ပြနေတာပါ။ နောက်ပြီး ကျွန်တော်တို့ ကားတွေက ဘေးကို ချပြီး ပြင်နေကြတာပါ။ အဲဒီအချိန်မှာ ၀င်တိုက်သွားတာပါ၊ ကျွန်တော်တို့က ကျောက်ကြီးဖျော်ဖြေပွဲဖြစ်တဲ့ ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ဘုရားပွဲကနေပြီး ပြန်လာတာပါ၊ တစ်ဖက်က အခုလိုထိခိုက်ပျက်စီးတာနဲ့ ပတ်သက်ပြီး၊ အဆင်ပြေအောင် ပြန်လည် လုပ်ပေးမယ်လို့ ပြောပါတယ်” ဟု အောင်သော်ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် လူရွှင်တော် 5 Stars အဖွဲ့ပိုင်ကားသည် ယာဉ်မောင်းဘက်အခြမ်းမှ ပျက်စီးခဲ့ပြီး ၎င်းတို့အဖွဲ့မှ ၀င်ရောက်ကူညီပေးနေသည့် ကားမှာ တံခါးပျက်စီးသွားခဲ့သည်။

“ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မဖြစ်ခဲ့ပါဘူး။ ကိုကျင်ဝှက်ရဲ့သားက ပါးမှာ ဒဏ်ရာရသွားတယ်။ အောင်သော်ရဲ့ ညီနဲ့ ညီမကတော့ ခြေ၊ လက်တွေ ထိခိုက်သွားတယ်။ ၀င်တိုက်တဲ့ ကားမှာပါတဲ့ လူတွေကတော့ ညှပ်ရိုးကျိုးသူကျိုး၊ တင်ပါးဆုံရိုးကျိုးတဲ့လူ ကျိုးသွားပါတယ်” ဟု မျောက်ရှုံးက ဆိုသည်။

ယင်းထိခိုက်မှုကြောင့် 5 Stars အဖွဲ့မှ ဒဏ်ရာရသူများကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိသည်။ လူရွှင်တော် 5 Stars အဖွဲ့တွင် အောင်သော်၊ အောင်မော်၊ မျောက်ရှုံး၊ ကြာစိ၊ ကျင်ဝှက်တို့ပါဝင်ပြီး လူရွှင်တော်ရွှေဖလားပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကအတွင်းသို့ ရောက်ရှိလာကြသူများဖြစ်သည်။

_______________________________________

Mizzima

ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး




ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည် လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။

လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။


Sunday, September 15, 2013

မန်းမြန်မာဈေးချိုပလာဇာတွင် စိတ်ကြွဆေးပြား ကျပ်သိန်း၃၀၀ဝကျော်ဖိုး ဖမ်းမိ



မန္တ လေးမြို့ မန်းမြန်မာဈေးချိုပလာ ဇာတွင် ကာလတန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝကျော်ဖိုး စိတ်ကြွရူး သွပ်ဆေးပြားများ စက်တင်ဘာ ၉ရက် ညနေ ၄နာရီက ဖမ်းဆီး ရမိကြောင်း သိရသည်။
ချမ်းအေးသာဇံမြို့နယ် ၂၇* ၂၈ လမ်းကြား၊ ၈၄*၈၅ လမ်း ကြားရှိ မန်းမြန်မာဈေးချိုပလာ ဇာမှာ မန္တလေးဈေးချိုတော်ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်သူ များဖြင့် စည်ကားသည့်ဈေးကြီး ဖြစ်သည်။ ဈေးချိုပလာဇာရှိ ဝမ် ဝမ်(၂)အထည်ဆိုင်သို့ ပြည်ကြီး တံခွန်မြို့နယ် မူးယစ်ဆက်စပ် သတင်းအရ မန္တလေးတောင်ပိုင်း မူးယစ်(အထူး)အဖွဲ့မှ ဒုရဲအုပ်ချန် ထွန်း ဦးဆောင်သောပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ် ကြွဆေးပြား ၆၆၀၀၀ အလေး ချိန် ၆ဒသမ၆ကီလိုဂရမ်ခန့် တွေ့ ရှိဖမ်းဆီးရမိကြောင်း သိရသည်။
အထည်ဆိုင်အတွင်းရှိ ပိုင် ရှင် စိုင်းသိန်းဟန်(ခ)အားဝမ်ပိုင် သစ်သားဗီရိုအောက်ထပ်မှ စတင် ရှာဖွေရာ U-LOVEEIT စာတန်း ပါ ဂျပ်စက္ကူပုံးအတွင်း မိုင်းကိုင် စက္ကူဖြင့်ထုပ်ထားသော တိပ် အကြည်ပတ်အထုပ်မှ တစ်တောင့် လျှင် ၈၈နှင့် ၁ စာတန်းပါ နီညို ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝစီပါ အပြာရောင်ပလတ်စ တစ်ကပ်ခွာအိတ် ၁ဝအိတ်၊ စိတ် ကြွရူးသွပ်ဆေးပြား၂၀၀၀၊ အလေး ချိန် ၂၀ဝဂရမ်ခန့်စီပါ ၃၃တောင့် ရှာဖွေတွေ့ရှိကြောင်း သိရသည်။
အဆိုပါမူးယစ်မှုမှာ စက်တင် ဘာ၉ရက် နံနက်၁၁နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်း (စ)ရပ်ကွက် ၅၄* ၅၅လမ်း ကြား ကျန်စစ်သားလမ်းမပေါ် တွင် မန္တလေးတောင်ပိုင်းမူးယစ် (အထူး)အဖွဲ့မှ ဒုရဲအုပ်ချန်ထွန်း ဦးဆောင်၍ သတင်းအရ စောင့် ဆိုင်းနေစဉ် ကျန်စစ်သားလမ်းမ အတိုင်း အနောက်မှ အရှေ့သို့ မဥမ္မာထွေး(ခ) အငယ်လေး မောင်း နှင်လာသည့် ၃၃ယ/---- Follow Me 125 ၁၂၅ စိမ်း၊ နက်ရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ လွယ်ထားသည့် AOTAN စာတန်းပါ အနက်ရောင်ဘေး လွယ်အိတ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ် တိပ်အကြည်ပတ် ဖြင့်ပတ်ထားပြီး မိုင်းကိုင်စက္ကူ ဖြင့်ထုပ်ထားသည့်အိတ်ထဲမှ တစ် တောင့်လျှင် ၈၈နှင့် ၁စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၂၀ဝစီပါ အပြာရောင်ပလတ် စတစ်ကပ်ခွာ အိတ်၁ဝအိတ်၊ စိတ် ကြွရူးသွပ်ဆေးပြား ၂၀၀၀၊ အ လေးချိန် ၁ဒသမ၂ကီလိုဂရမ်ခန့် နှင့် ဝ၉-၄၀----ကတ်ပါ G-Five အမျိုးအစား အဖြူရောင်လက် ကိုင်ဖုန်းတစ်လုံးတို့ကို စစ်ဆေး တွေ့ရှိကြောင်း သိရသည်။
မဥမ္မာထွေး(ခ)အငယ်လေး အား စစ်ဆေးမေးမြန်းရာ ချမ်း အေးသာဇံမြို့နယ် ပြည်ကြီးပျော် ဘွယ်အနောက်ရပ် လမ်း၃၀*၉၁ လမ်းထောင့်ရှိ စိုင်းသိန်းဟန်(ခ) အားဝမ်မှ ပို့ခိုင်းခြင်းဖြစ်ကြောင်း သိရသဖြင့် စိုင်းသိန်းဟန်၏နေ အိမ်ကို သွားရောက်ရှာဖွေရာ နေ အိမ်တွင် မူးယစ်ဆေးဝါးဆက်စပ် ပစ္စည်းတစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိသဖြင့် စိုင်းသိန်းဟန်ကို ဖမ်း ဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိသည့် မူးယစ် ဆေးဝါးမှာ တန်ဖိုးငွေကျပ်သိန်း ၃၀၀ဝဖိုးရှိသဖြင့် မူးယစ်ဆေးဝါး ရောင်းချသူ စိုင်းသိန်းဟန် (ခ) အားဝမ် ၃ဝနှစ် (ဘ) ဦးလုံးစုကို ချမ်းအေးသာဇံမြို့နယ် အမှတ် (၆)ရဲစခန်းမှ မယ(ပ)၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ဖြင့် အမှုဖွင့် အရေးယူ ထားပြီး မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိသူ မဥမ္မာထွေး(ခ)အငယ် လေး ၁၈နှစ် (ဘ) ဦးလေးမောင် ကို ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်း မှ မယ(ပ)၂၀/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။

Friday, September 13, 2013

အသက်(၁၂)နှစ်ရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားယားအဖြစ်ပြုကျင့်





 
 


ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဖောင်တော်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီးသီးခူးရအောင်ဟု ဖခင်ဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူကို ပြောဆိုခေါ်ဆောင်ပြီး သီလရှင်ကျောင်း ဟောင်းကြီးပေါ်သို့ဆွဲတင်ကာ အလိုမ တူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“ ပြဿနာဖြစ်ပွားခဲ့တဲ့တာက ဒီလ ၄ ရက်နေ့ ညနေ ၂ နာရီအချိန်လောက်မှာဖြစ်ပါတယ်..။ အမှုဖွင့် အရေးယူတာက ၁၀ ရက်နေ့ ညနေ ၂ နာရီအချိန်မှာပါ..” ဟု အဆိုပါ ဒေသခံ တစ်ဦးမှ ဆိုသည်။

၎င်း မိသားစုသည် ရွှေဘိုခရိုင်၊ ခင်မြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့် ထိုနေ့ကဖခင်ဖြစ်သူ ကိုကျော်မိုး အသက်(၃၅) နှစ် ဘုန်းကြီးကျောင်း မီးစက်မောင်း လုပ်ကိုင်သူသည် ၎င်း၏ သမီးအရင်းဖြစ်သူ အသက်(၁၂)နှစ်အရွယ် မ.....(မခင်အေးမြင့်) ဆိုသူကို ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာဘက်သို့ နေကြာစေ့သွားဝယ်ရန် ပြောပြီး ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ရာ၊ အချိန်(၁)နာရီကျော်ခန့် ကြာမြင့်ပြီးနောက် မိခင်ဖြစ် သူ ဒေါ်....(နှင်းနှင်းထွေး) ရှိရာ မီးဖိုချောင်အတွင်းသို့ သမီးဖြစ်သူ မ....ရောက်ရှိလာပြီး ဖင်ဖြစ်သူမှ အလိုမတူဘဲ သားမယား အဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ငိုယို၍ တိုင်တန်းပြောဆိုခဲ့သည်ဟု သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ယင်းကဲသို့ ဖော်ပြ ထားသည်။

အဆိုပါ ပြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားသတင်းအတည်ပြုချက်ရယူနိုင်ရန် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “ ဖုန်းကတော့ ဦးကျော်စိုးရဲ့
ဖုန်းဖြစ်ပါတယ်။ ကျွန်တော်ခဏ ယူကိုင်ထားတာပါ။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အောက်ခြေ၀န်ထမ်းတွေဖြစ်တာကြောင့် မသိပါဘူး..” ဟု ၎င်း ၀န်ထမ်းဖြစ်သူမှ တုန့်ပြန် ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ် လူမှုထောက်ကုပြု ကွန်ရက်အဖွဲ့ ၀င်တစ်ဦး၏ ပြောပြချက်များအရ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး မိခင်ဖြစ်သူဒေါ်နှင်းနှင်းထွေး အသက်(၃၃)နှစ်၊ ဘခင်အမည် ဦးစိုးမြင့် ဆိုသူမှ ကန့်ဘလူမြို့နယ်၊ ဇီးကုန်နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ (ပ)၂၁၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ရဲစခန်းမှူး ရဲအုပ် ၀င်းမြင့် ဆိုသူမှ အမှုအား ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုဇေယျာမောင်
by Myanmar News Now

Thursday, September 12, 2013

သမီး ရေချိုးတာကို ဖုန်းနဲ့ ဗီဒီယို ခိုးရိုက်တဲ့ ပထွေး






စင်္ကာပူနိုင်ငံတွင် အသက်(၁၁)နှစ်အရွယ် မယားပါသမီး ရေချိုးနေတာကို လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ခိုးရိုက်ကူးထားခဲ့ကာ ထိုဖုန်းမှတဆင့် thumbdrive ထဲကို အသက်(၃၄)နှစ်အရွယ် ပထွေးတော်စပ်သူ ထိုအမျိုးသားက download လုပ်ခဲ့ပါတယ်။


တနေ့တွင် ၎င်း၏ဇနီးဖြစ်သူ (မိန်းကလေး၏မိခင်)က အကြောင်းကြောင်းဖြင့် ထို thumbdrive ကို ဖွင့်ကြည့် မိရာမှ ထိုထဲမှာရှိနေသည့် သမီးဖြစ်သူ၏ ရေချိုးခန်းမှတ်တမ်းကို တအံ့တသြ မြင်လိုက်ရ သည့် အတွက် တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုသူ၏ အကြံပေးချက်အတိုင်း ယင်း အဖြစ်ကို ရဲတိုင် ခဲ့တာဖြစ်ကြောင်း သိရသည်။


၂၀၁၀ ခုနှစ် အောက်တိုဘာလက ကျူးလွန်ခဲ့သော ထိုပြစ်မှုအတွက် ပထွေးဖြစ်သူအား ထောင်သုံးလကျခံ စေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


From : .... New Myanmar News

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်သည့် Day Club အား စစ်ဆေးကာပိတ်သိမ်း







ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ်(၁၅)တွင် (Black & White)အမည်ဖြင့် Day Club ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် ကျား/မ လူငယ်များ အရက်သေစာ
သောက်စားကာ ဆူညံစွာကခုန်လျက်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများစိတ် အနှောက်အယှက်ဖြစ်ရကြောင်း၊
Club မှထွက်လာသည့် လူငယ်များသည် မူးယစ်နေကြ၍ ယာဉ်များအား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ
ဖြစ်ပေါ်လေ့ရှိကြောင်း သတင်းရရှိသဖြင့် ၉.၉.၂၀၁၃ ရက်နေ့
၁၆၀၀ အချိန်တွင် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သောအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်နှင့်ပတ်သက်သည့် ယစ်မျိုးလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ဗီဒီယိုလိုင်စင်များ မရှိသဖြင့် ၁၀.၉.၂၀၁၃ရက်နေ့
၁၀၀၀ အချိန် ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်
ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင်အားခေါ်ယူ၍ ယစ်မျိုးရောင်းချခြင်း၊
Day & Night Club ဖွင့်လှစ်ခြင်းတို့မပြုရန်၊ ဆိုင်အားပိတ်ထားရန် ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Wednesday, September 11, 2013

၁၇ နှစ်သမီးကို အသက် ၃၀ ကျော် အိမ်နီးချင်းက ခိုးပြေးသဖြင့် အမှုဖွင့်




From : ..mizzima


၁၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၃၄ နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက ခိုးပြေးသည် ဟု ဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား ကွမ်းခြံကုန်းရဲစခန်းက စက်တင်ဘာ ၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်ပေး နေရသည်ဟု တိုင်းရဲဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါအမှုမှာ စက်တင်ဘာ ၄ ရက်ကတည်းက ကွမ်းခြံကုန်းမြို့နယ် မေတ္တာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုမှမိန်းကလေး၏ အုပ်ထိန်းသူ အဒေါ်ဖြစ်သူက အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

တိုင်တန်းသူက တူမတော်စပ်သည့် မ....... (၁၇)နှစ်အား နေအိမ်အောက်ထပ်တွင် ထင်းများ စီးခိုင်းထားရာတွင် ည ၉ နာရီအချိန်ထိ အိမ်ပေါ်သို့ တက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲကို ထွက်ဆိုထားသည်။

ထို့ကြောင့် လိုက်လံစုံစမ်းရာတွင် အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက ခိုးယူထွက်ပြေးသွားကြောင်း စုံစမ်းသိရှိခဲ့ ရသည်ဟုလည်း ဆက်လက်ထွက်ဆိုထားသည်။

ထိုသို့ တိုင်တန်းမှုကြောင့် ရဲစခန်းကအမှုအမှတ် (ပ)၁၈၃/၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲခံထားရသူအား ဖမ်းဆိးရမိပါ က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနကဆိုသည်။

အမျိုးသမီးငယ်လေး ၁ ဦး သေစေလောက်တဲ့ အထိ လူအစုလိုက်အပြုံလိုက် အဓမ္မကျင့်သူ အမျိုးသား ၄ ဦး အပြစ်ရှိကြောင်း အိန္ဒိယတရားရုံး ဆုံးဖြတ်



From : ..voa





.



ပြီးခဲ့တဲ့နှစ်က ဘက်စ်ကားပေါ်မှာ အမျိုးသမီးငယ်လေး ၁ ဦး သေစေလောက်တဲ့ အထိ လူအစုလိုက်အပြုံလိုက် အဓမ္မကျင့်တဲ့အမှုမှာ အမျိုးသား ၄ ဦးကို အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နယူးဒေလီ တရားရုံးက တရားသူကြီးတွေကနေပြီး ဆုံးဖြတ်ချက်ကို ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ဗုဒ္ဓဟူးနေ့မှာ ပြစ်ဒဏ်ချမှတ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တရားခံအမျိုးသားတွေကို ကြိုးပေးကွပ်မျက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

သေဆုံးသူ အသက်၂၃ နှစ်အရွယ် အမျိုးသမီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သံတုတ်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာပါ။ သူနဲ့အတူပါလာတဲ့ အမျိုးသားအဖော်ကိုလည်း ရိုက်နှက်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ပြီး နှစ်ပတ်ကြာတဲ့နောက်မှာတော့ အမျိုးသမီးငယ်လေးဟာ သူဆေးကုသမှုခံယူတဲ့ စင်္ကာပူဆေးရုံမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

Tuesday, September 10, 2013

လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး



ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။(၁၀၀)




Monday, September 9, 2013

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ




ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးမူးယစ်အဖွဲ့မှ အရာရှိတစ်ဦးက "ဘိန်းထွက်ရှိမှု အနေနဲ့ ကချင်ပြည်နယ်က ရှမ်းပြည် နယ်ကို မမီပါဘူး။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးတွေဟာ ရွှေမှော်ကျောက်မှော်တွေမှာ ဈေးကွက်ကြီး တစ်ခု ဖြစ်နေတယ်။ ငွေရှာရလွယ်တော့ သုံးစွဲတဲ့လူလည်း များတယ်။ ထောင် ထဲမှာလည်း လူဦးရေ ငါးပုံလေး ပုံဟာ မူးယစ်ဆေးကြောင့်ပဲ" ဟု ပြောကြား သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန် ဆိုင်းက "မြို့နယ်တိုင်းမှာ တင်ပြတဲ့ ပြဿနာပါ။ ကျွန်တော်တို့နိုင်ငံသာ ခံရတာ မဟုတ်ဘူး၊၊ ဆင်းရဲ/ချမ်းသာ တိုင်းပြည်တိုင်း ခံစားနေရတာပါ။ ဘိန်းအစားထိုး ကိစ္စကို ဒေသအေးချမ်းတာနဲ့ စီစဉ်ပါ့မယ်။ မူးယစ်ဆေး ၀ါးက ငွေနဲ့ပတ်သက်နေတော့ တိုက်ဖျက်ရတာ အရမ်းခက်တယ်" ဟု ၀ိုင်းမော်မြို့၌ လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖားကန့်ဒေသခံ ဦးတင်ထွန်းလင်းကမူ "ဖားကန့်မှာတော့ နံပါတ်ဖိုးကို ပွဲတန်းကြီးလို ရောင်းနေတာ။ လူငယ်တွေလည်း တိုက်ရိုက်ထိုးကြတာ များတယ်။ ဒီကိုရောက်လာမှ ဆရာဝန်တွေကအစ မူး ယစ်ဆေးကြောင့် ဘ၀ ဆုံးသွားကြတယ်" ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ် ပွားနေသော ၂၀၁၁ ခုနှစ် နောက်ပိုင်း တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်

Friday, September 6, 2013

ရည်းစားဟောင်းက အဓမ္မကျင့်ရန်ကြံသည်ဟု ရဲစခန်းတွင်တိုင်တန်း



ရည်းစားဟောင်းက အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို စက်တင်ဘာ ၄ ရက်က သာကေတမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်မှာ သာကေတမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် ယင်းနေ့မွန်းလွဲ ၄ နာ ရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း အိပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

သူမ၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားက အိမ်သို့ရောက်လာပြီး ပွေ့ဖက် နမ်းရှုပ်ပြီး အဓမ္မကျင့်ရန်ကြံစည်သည်ဟု ကာယကံရှင် အမျိုးသမီးက စွပ်စွဲတိုင်တန်းထားသည်။

အဆိုပါအမျိုးသားမှာ အရက်မူးနေကြောင်း၊ သူမကလည်း ရုန်းကန်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံသဖြင့် ထိုသူမှာ အိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း ရဲကိုကာယကံရှင်က ထွက်ဆိုသည်။

ယင်းအမှုကို သာကေတမြို့နယ် ရဲစခန်းကအမှုအမှတ်(ပ) ၆၂၅/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံရသည့် အမျိုးသားကို ရဲကဖမ်းဆီးစစ်ဆေးနေပြီဖြစ်ရာ ထိုသူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့်တရားစွဲခံရနိုင်ချေရှိသည်ဟု ရဲများကသုံးသပ်ကြောင်း တိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

Related Posts Plugin for WordPress, Blogger...