Monday, August 26, 2013

ဘဲသားဟင်းမြန်မြန်နူးအောင်






ဘဲသားကို ဆား ၊ အချိုမှုန့်(မသုံးလျှင် ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်)၊ နနွင်းမှုန့် ထည့် ပြီးရင် ဒိန်ချဉ်ထည့် သမအောင်နယ်ပြီး နာရီဝက်ခန့် ထားလိုက်ပါ။ပြီးမှ ချက်ပါ။
နူးလဲနူးလွယ်တယ် အရသာလဲ စားကောင်းပါတယ်။
ဘဲသား ၅၀ ကျပ်သားကို ဒိန်ချဉ် စားပွဲတင်ဇွန်းနဲ့  ၃ဇွန်း ခန့် ထည့်ရပါတယ်။

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး


မှဲ့ တည်နေရာနှင့် အဟော-တွေပါ။ဗဟုသုတအနေနဲ့မျှဝေတာပါ။
အမှန်ကြီးပဲးလိုမပြောနိုင်သလို၊ အမှားတွေပါလိုလဲးမဆိုသာပါဘူး။
ကိုယ့်မှာပါတာလေးတွေနဲ့တိုက်ကြည်ပေါ့။
ကြိုက်လျှင်ယူ၊ မကြိုက်လျှင်ပယ်လိုက်ပါ။ အပြင်းပြေတာပေါ့။




တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ၀ပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ၀ပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။



ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မ၀ါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မ၀ါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မ၀ါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘ၀တစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...

မ၀ါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်၇ှိပြီလဲဟု မေးလိုက်လေရာ မ၀ါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘ၀ကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမ၀ါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။

သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ၀င်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေး များတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မ၀ါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။

ထို့နောက် မ၀ါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ။ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မ၀ါရဲ့။

မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။
အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....


ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။
အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ်တယ်။
အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ၇တနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။
အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။
ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။
သူတို့ရဲ့ ဘ၀တစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူဒလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ၀တ်ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။
အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။
ချစ်ခင်နှစ်သက်သူများ ၀န်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။
သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ကျွန်ုပ်သည် အထက်ပါအတိုင်း မ၀ါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မ၀ါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မ၀ါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးဟားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မ၀ါက...

မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေ၀စ်ရှိ ၀ပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။

လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု


မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချိုသွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။
၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။ ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။
နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ကြတာရဲ့ ရည်ရွယ်ချက်ကတော့ Sexual activity လိင်မှုကိစ္စ္စ လုပ်ကြဘို့ နဲ့ Sexual arousal လိင်စိတ် ထကြွနိုးသန်လာစေဘို့ ဖြစ်တယ်။ တယောက်ကနေ စနိုင်တယ်။ နှစ်ဦးသား စိတ်တူကိုယ်တူ လုပ်နိုင်တယ်။ တဖက်လူကိုလဲ စိတ်ပါလာစေအောင်၊ ယုံကြည်မှုရစေအောင်၊ သက်တောင့် သက်သာ ရှိစေအောင် ဖြစ်စေနိုင်ပါတယ်။
တယောက်နဲ့ တယောက် မတူဘူးဆိုတာ ဒီနေရာမှာလဲ သိသာတယ်။ ရှက်သူ၊ ရှုတ်သူ၊ ကဲသူ၊ စိတ်နည်းသူ စတာမျိုး ရှိနိုင်တယ်။ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလဲ လူချင်း သိကာစ၊ ချစ်ခင်ကာစ၊ သိပ်ရင်းနှီးလွန်းနေပြီ၊ မူးနေကြတာ၊ လင်နဲ့ မယားဖြစ်သွားပြီ စတာမျိုးတွေ ရှိတယ်။ တယောက်ကနေ ဇွတ်ဆက်ဆံချင်တာလဲ ရှိမယ်။ Foreplay ကို အများအားဖြင့် မသိမသာကနေ စကြတယ်။ ပေါင်းဖက်တာ ကြာနေသူတွေဆိုရင် မျက်လုံးကြည့်တာနဲ့ အကဲခတ်တတ်ကြပြီ။
မေးထားတာမှာပါတဲ့ ကိုယ်ခန္ခာချင်း ထိစပ်မှုကိုသာ ရေးပါမယ်။ အရေပြားချင်း၊ ပါးစပ်-နှုတ်ခမ်းချင်း၊ ဒုတိယတန်းစား လိင်အင်္ဂါတွေခေါ်တဲ့ ရင်သား၊ တင်ပါး ဆီးစပ်နေရာ၊ ကိုယ်မွှေးချင်း၊ ထိကိုင်မှု၊ ပွတ်သပ်မှုတွေ အပြန်အလှန် လုပ်နိုင်တယ်။ ကျား-အင်္ဂါ၊ မ-အင်္ဂါချင်း ဆက်ဆံကြတော့မယ်။ ဘယ်ဟာ အရင်လဲ တသမတ်ထဲ မရှိဘူး။ နောက်ရောက် ပြီးလဲ ရှေ့ပြန်လာသေးတယ်။ တပြိုက်နက် လုပ်နိုင်တာကိုလဲ လုပ်တယ်။ တယောက်ထဲကဖြစ်ဖြစ်၊ တလှည့်စီဖြစ်ဖြစ်၊ ပြိုင်တူဖြစ်ဖြစ် လုပ်နိုင်တယ်။ Fantasies အဆန်းအပြား တွေလဲ ရှိတယ်။ Bondage အနှိပ်စက်ခံချင်-ပြုချင်တာမျိုးလဲ ရှိသေးတာဘဲ။ အစပျိုးနေတုံးမှာရော နောက်ပိုင်းမှာပါ လုပ်နိုင်ကြတယ်။
အသုံးပြုလေ့ရှိကြတဲ့ နေရာ၊ နည်းနာတွေနဲ့ဆိုင်တဲ့ ကျန်းမာရေး အကျိုး-အပြစ်တွေ ရေးထားပါတယ်။
- French kiss အနမ်း နဲ့ ကျန်းမာရေး
- Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း
- Anal practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း
- Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ
- Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ
၂။ (က) သာမန် ယောက်ျား တစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိပ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှ အားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။
တခါက မိန်းကလေးတယောက် အလုပ်လျှောက်တယ်။ ပုံစံမှာ ဖြည့်ရတာပေါ့။ Name နာမည်၊ Age အသက် ပြီးတော့ Sex လာတယ်။ မိန်းကလေး ပြန်တွေးပြီးမှ ရေးချလိုက်တာက Twice a week တပါတ် ၂ ကြိမ်။
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို ဆရာဝန်အနေနဲ့ ပြောဘို့ အကိုးအကားရှာရင် (အွန်လိုင်း) မှာ တယောက် တမျိုး ကိုယ့်အတွေ့၊ ကိုယ့်အတွေးတွေသာ ရေးကြတာများတယ်။ တကဲ့သုတေသန နည်းတယ်။ သူများဆီက သုတတွေသာ ရေးနိုင်ပါတယ်။ “ရွှေ” တွေမှာလဲ ထူးခြားမယ် ထင်ရပါတယ်။ နောင်မှာ Online မေးခွန်းတွေကို လေ့လာမှုပြုပြီး စစ်တမ်း တခု ထွက်လာနိုင်မလား မသိဘူး။
Durex (ဂျူးရက်စ်) လေ့လာဆန်းစစ်မှုရဲ့ ၂ဝဝ၁ Sexual Satisfaction လိင်မှုရေးရာ ကျေနပ်မှု စာရင်းဇယားတခုမှာ ဒီလိုပါရှိပါတယ်။
• တနှစ်မှာ အမေရိကန်တွေက (၁၃၂) ကြိမ်၊ ရုရှား (၁၂၂) ကြိမ်၊ ပြင်သစ်တွေက (၁၂၁) ကြိမ်၊ ဂရိစ်တွေက (၁၁၅) ကြိမ် လိင်ဆက်ဆံကြတယ်။
• အနည်းဆုံးနိုင်ငံတွေက တရုတ် (၆၉) ကြိမ်၊ မလေးရှား (၆၂) ကြိမ်၊ ဂျပန် (၃၇) ကြိမ် လိင်ဆက်ဆံကြတယ်။
• Living together လက်မထပ်ဘဲ အတူနေ အတွဲတွေက တနှစ်မှာ ၁၄၆ ကြိမ် လိင်ဆက်ဆံကြတယ်။
• Marriage လက်ထပ်တဲ့ အတွဲတွေက (၉၈) ကြိမ် လိင်ဆက်ဆံကြတယ်။
• Singles တကိုယ်တော်သမားတွေက (၄၉) ကြိမ် လိင်ဆက်ဆံကြတယ်။
• နေ့တိုင်း လိင်ဆက်ဆံသူ ၄% ရှိတယ်။
• ၅၇% က ၇ ရက်တပါတ် ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• အပြင်ထွက် အတူလည်သူ အတွဲတွေဟာ လိင်အတွက် မဟုတ်တာများတယ်။
• ၂၂% က Peers အဖေါ်တယောက်ယောက်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁၉% က Partner အတူနေဖေါ်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁ဝ% က လိင်ကိစ္စ မပါကြဘူး။
Durex Survey ၂ဝဝ၃ လေ့လာမှုအရ -
• လေ့လာသူတွေမှာ ပျမ်းမျှ ၁ နှစ်မှာ ၁၂၇ ကြိမ် လိင်ဆက်ဆံမှုပြုကြတယ်။
• လူမျိုးအရ ပြောရရင် အမေရိကန်တွေဟာ တနှစ်မှာ ၁၁၈ ကြိမ် ဆက်ဆံကြတယ်။ ဆွီဒင် (၁ဝ၂) ကြိမ်၊ မလေးရှား (၁ဝဝ) ကြိမ်၊ စင်္ကာပူ (၉၆) ကြိမ်သာ ဆက်ဆံကြတယ်။
• လေ့လာသူတွေထဲက ၃ ပုံ ၁ ပုံက လိင်ကိစ္စ ကျေနပ်မှု ရကြတယ်။
• အရှေ့ဥရောပနိုင်ငံက အတွဲတွေက ပိုပြီး တက်ကြွမှု ရှိကြတယ်။ တနှစ်မှာ အကြိမ် ၁၅ဝ ဆက်ဆံတယ်။
• ၄၅% ဟာ One night stand အဖေါ်တယောက်ကို တညတာ ပျော်ပါးသူတွေ ဖြစ်ကြတယ်။
• ထိုင်း၊ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံက အတွဲတွေဟာ ရောင့်ရဲမှု ရှိသူတွေဖြစ်တယ်။
• ဖင်လန် နဲ့ ရုရှားတွေက မပျော်ရဆုံးလူတွေ ဖြစ်တယ်။
• ၄၈% အမျိုးသမီးတွေက Fake orgasm (အောဂဇင်) အတုလုပ်တယ်။
• နာမည်ကြီး ယောက်ျားတွေထဲက David Beckham, George Clooney and Ben Affleck တို့နဲ့ မင်းသမီးထဲက Jennifer Lopez, Catherine Zeta Jones, Halle Berry and Britney Spears တို့ကို Sexy (ဆက်ဆီ) အဖြစ်ဆုံးတွေလို့ ရွေးတယ်။
Durex Survey ၂ဝ၁ဝ လေ့လာမှုအရ -
• ၄၄% အတွဲတွေက လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရကြတယ်။
• ၄၈% က Orgasm (အော်ဂဇင်) ရလေ့ရှိကြတယ်။
• ယောက်ျားတွေက ၆၄% နဲ့ မိန်းမတွေထက် နှစ်ဆ Orgasms (အော်ဂဇင်) ရကြတယ်။
• အသက် ၆၅ နှစ် ကျော်ပေမဲ့လဲ တပါတ် အနည်းဆုံး ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• Mutual respect အပြန်အလှန် လေးစာမှု ရှိကြတာဟာ လိင်ကိစ္စ ကျေနပ်မှုရစေဘို့ရာ အလွန်အရေးပါတယ်။
• ကျေနပ်တယ်လို့ ဆိုသူတွေထဲက ၈၂% က အဲလို လေးစားသမှုရှိတာကို ထုတ်ပြောတယ်။
• ၃၉% ဟာ Love and romance ချစ်မေတ္ကာနဲ့ စိတ်ကူးယဉ်မှုရတာမျိုး ပိုတောင့်တကြတယ်။
• ၃၆% ဟာ Quality time အရည်အသွေးပါတဲ့ ကျနပ်မှုကို လိုလားတယ်။
• ၃၁% ဟာ Fun အပျော်သဘော နဲ့ ဆက်ဆံရေးကောင်းတာကို ပိုလိုလားပြီး၊
• ၂၉% ဟာ Sex drive လိင်စိတ်တွန်းအား ပိုလိုချင်ကြတယ်။
• ၃၇% ဟာ စိတ်ဖိစီးမှု သက်သာသွားတယ်၊ အားကုန်သွားတယ်လို့ ခံစားရတယ်။
အမေရိကန် (အင်ဒီယားနာ) မှာ ရှိတဲ့ National Survey of Sexual Health and Behavior (NSSHB) နဲ့ Center for Sexual Health Promotion at Indiana University’s School of Health, Physical Education and Recreation တို့ ပူးတွဲပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတခုကို အသက် ၁၄ နှစ်ကနေ ၉၄ အထိရှိတဲ့ ၅၈၆၅ ယောက်ကို ဆယ်စုနှစ် နှစ်ခုတွက် လုပ်ခဲ့တယ်။
• (ဗဂျိုင်းနာ) ကို လိင်ဆက်မှုပြုတာတွေထဲက ၄ ပုံ ၁ ပုံ ကသာ (ကွန်ဒွမ်) သုံးတယ်။ တကိုယ်တော်သမားထဲက ၃ ပုံ ၁ ပုံ (ကွန်ဒွမ်) သုံးတယ်။
• (ကွန်ဒွမ်) သုံးစွဲမှု တက်လာပေမဲ့ အများကြီးလိုသေးတယ်။ အဖြူမဟုတ်သူတွေက ပိုသုံးလာကြတယ်။
• လူအတော်များများ သူများတွေရဲ့ လိင်မှုအရေးကို စိတ်ဝင်စားကြတာလဲ တွေ့ရတယ်။
• ချိန်းတွေ့ပြီး အတူနေသူတွေဟာ ဆက်ဆံတာကို တမျိုးမက လုပ်ဆောင်ကြတယ်။ (ဗဂျိုင်းနား) ကို အများဆုံး အသုံးပြုတာ ဖြစ်ပေမဲ့ အဖေါ်နဲ့ (မာစတာဘေးရှင်း) လုပ်တာ၊ (အိုရယ်) ပါးစပ်အသုံးပြုတာတွေကိုပါ တွဲကြတယ်။
• အသက်ငယ်ရွယ်သူတွေ ပိုလုပ်လာနေတာ တွေ့လာရတယ်။
• ယောက်ျားတွေက သူတို့အဖေါ် မိန်းမတွေမှာ Orgasm (အော်ဂဇင်) ရပါတယ်လို့ ၈၅% က ပြောတယ်။
• မိန်းမတွေကနေပြောတာက ၆၄% မှာ Orgasm (အော်ဂဇင်) ရတယ်။
• ယောက်ျားတွေက (ဗဂျိုင်းနား) ကို အသုံးပြုတာကနေ အများဆုံး (အော်ဂဇင်) ရကြတယ်။
• မိန်းမတွေက (အိုရယ်လ်) နည်းပါတွဲတာက ပိုပြီး (အော်ဂဇင်) ရကြတယ်။
• မိန်းမ ၇% နဲ့ ယောက်ျား ၈% တို့ဟာ Gay, Lesbian or Bisexual လိင်တူ ဒါမှမဟုတ် လိင်နှစ်မျိုးလုံး သုံးသူတွေ ဖြစ်ကြတယ်။
• ၁၇ နှစ်အရွယ် ယောက်ျားလေး ၄ဝ% ဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း လိင်ဆက်ဆံခဲ့ကြတယ်။
• ၁၇ နှစ်အရွယ် မိန်းကလေး ၂၇% ဟာ လွန်ခဲ့တဲ့ ရက် ၉ဝ အတွင်းမှာ လိင်ဆက်ဆံခဲ့ကြတယ်။
(ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လို ဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖတ်စရာတွေ ရေးထားပါတယ်။
- Libido ဟိုစိတ်-ဒီစိတ်
- Sex helps elderly women age gracefully (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
- Women need to chat to pep up libido စိတ်နည်းနေသည့် အမျိုးသမီးများ ဆရာဝန်နှင့် စကားပြောပါ။
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ဖြစ်ပါတယ်။
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
ချုပ်လိုက်ရင် အကြိမ်ရေ အကန့်အသတ် မရှိပါ။ အသက်အကန့်အသတ် မရှိပါ။ လင်နဲ့မယား အရွယ်၊ အလေ့အထ တူသူတွေ ညားကြရင် အကောင်းဆုံး ဖြစ်တယ်။ အားနည်းနေသူကို အားကူပေးနိုင်တယ်။ နားလည်မှုရှိရင် အိမ်ထောင်ရေး ပြဿနာကို ရှောင်နိုင်မယ်။ ဖေါက်ပြန်တယ်ဆိုတာ အလိုဆန္ဒကဲလို့ ဖြစ်နိုင်သလို အကျင့် မကောင်းလို့လဲ ဖြစ်သေးတယ်။ မျိုးရိုးနဲ့ ဆိုင်တယ်လို့လဲ ပြောနိုင်တာတွေ ရှိတယ်။ ပတ်ဝန်းကျင် စေ့ဆော်မှုတွေကလဲ သက်ရောက်တယ်။ ဆေးနဲ့ ကုစားလို့ ရတာတွေ ရှိသလို လိင်ဆေးပညာရှင်နဲ့ တိုင်ပင်ရမှာလဲရှိမယ်။

By ဒေါက်တာတင့်ဆွေ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ၊ အ.ထ.က (၅)အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အားရာထူးမှ ထုတ်ပယ်ခြင်းအပေါ်



ရန်ကုန်မန္တလေး တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ပြင်းထန်စွာ ကန့်ကွက်သည့် ထုတ်ပြန်ချက်

Popular Myanmar News Journal

ရာထူး၊ တာဝန်နှင့် ၀တ္ထရား ၊ အဆောင်အယောင်






ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွင် အဆင့်မြင့် ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး၏ အတွေ့အကြုံများကို ပြောပြသဖြင့်

မှတ်သား ခဲ့ရဖူးသည်။ သင်္ဘောကျင်း ဖွဲ့စည်းပုံအရ ဆရာဝန် တစ်ဦးသာ ခန့်ထားခွင့်ရှိပြီး ထိုဆရာဝန်၏ လစာကို ကျန်းမာရေး ဝန်ကြီးဌာန ကပေးသည်။ ထိုစဉ်က သင်္ဘောကျင်း ဝန်ထမ်းများ အတွက် ကျန်းမာရေး စောင့်ရှောက်ရန် ဆရာဝန် တစ်ဦးနှင့် လုံလောက်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆရာဝန် ခွင့်ပြန်လိုသည့်အခါ အခြား ဆရာဝန် တစ်ဦးက လာရောက် တာဝန် ထမ်းဆောင်ရသဖြင့် အဆင်မပြေမှုများ ရှိခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသို့ ဆရာဝန် တစ်ဦး ထပ်မံ ပို့ပေးရန်နှင့် ထပ်မံပို့ပေးသည့် ဆရာဝန်အတွက် လစာကို သင်္ဘောကျင်းမှ ကျခံပါမည်ဟု ညှိနှိုင်းလိုက်ရာ အမျိုးသား ဆရာဝန် သို့မဟုတ် အမျိုးသမီး ဆရာဝန် မည်သူ့ကို ခေါ်လိုကြောင်း ပြန်မေးလာသည်။ ထိုစဉ်က သင်္ဘောကျင်းတွင် အမျိုးသမီး ဝန်ထမ်း ၅ဝ ခန့် ရှိသဖြင့် အမျိုးသမီး ဆရာဝန် ပို့ပေးရန် အကြောင်းပြန်လိုက်ရာ အမျိုးသမီး ဆရာဝန် တစ်ဦး ရောက်လာသည်။

ဆရာဝန် နှစ်ဦးရှိသွားချိန်တွင် ပထမ ရောက်နေသော ဆရာဝန်မှာ လုပ်ဖော်ကိုင်ဖက် တစ်ဦးတိုးလာသဖြင့် ဝမ်းသာနေရမည် ဖြစ်သော်လည်း မျက်နှာမကောင်း ဖြစ်နေသည့်အပြင် တစ်ခုခုကို မကျေမနပ် ဖြစ်နေဟန် ရှိကြောင်း တွေ့ရသည်။ စုံစမ်းကြည့်သောအခါ ပထမ ဆရာဝန်အတွက် ထုတ်ပေးထားသော အရာရှိသုံး စားပွဲက ဟောင်းနေပြီး နောက်ရောက်လာသော ဆရာဝန်အတွက် ထုတ်ပေးလိုက်သော စားပွဲက သစ်လွင်နေသည်ကို မကျေမနပ် ဖြစ်နေကြောင်း သိရသည်။ နောက်ဆရာဝန်အတွက် ထုတ်ပေးသော စားပွဲမှာ သစ်လွင်သော်လည်း အရာရှိသုံး စားပွဲမဟုတ်ဘဲ ရုံးအုပ်အဆင့် အသုံးပြုသော စားပွဲဖြစ်သဖြင့် အရွယ်အစား ငယ်နေသည်။ ပထမဆရာဝန်က စားပွဲဟောင်းဖြင့် ထိုင်ရသည်ကို မကျေမနပ် ဖြစ်နေသည့်နည်းတူ စားပွဲသစ်ဖြင့် ထိုင်ရသော နောက်ဆရာဝန်က စားပွဲငယ်သဖြင့် မကျေမနပ် ဖြစ်ပြန်သည်။

စားပွဲခုံ ထိုင်ရသည်ကို မကျေမနပ် ဖြစ်ကြရာမှ ယာဉ်အသုံးပြုသည့် ကိစ္စသို့ ဆက်သွားသည်။ ပထမ ဆရာဝန်အတွက် အသုံးပြုရန် မော်တော်ယာဉ်ငယ် ဘီ-၆ဝဝ တစ်စီးကို သင်္ဘောကျင်းက စီစဉ် ပေးထားသည်။ ထိုအချိန်က ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှ လက်ထောက် ဆရာဝန်အဆင့် ရှိသူများအတွက် ဌာနသုံးယာဉ် စီစဉ်ပေးသည့် သတ်မှတ်ချက် မရှိသော်လည်း ဒုတိယ ရောက်လာသူ ဆရာဝန်က မော်တော်ယာဉ်တောင်းလာသည်။ သင်္ဘောကျင်းမှာ ဆရာဝန် နှစ်ဦးရှိသည့်အတွက် ယာဉ်နှစ်စီး ပေးထားရမည် ဆိုသည့် သဘောမျိုး မထားရန်၊ လုပ်ငန်း ပမာဏမှာလည်း လျော့နည်းသွားသဖြင့် ကားကိစ္စ သည်းခံပါရန် ဖျောင်းဖျပြီး ပေးထားသည့် ယာဉ်ကိုပဲ သင်္ဘောကျင်းနှင့် အိမ် အသွားအပြန် မျှသုံးကြရန် မေတ္တာ ရပ်ခံလိုက်ရသည်။ ရက်သိပ်မကြာမီ ပထမဆရာဝန်ကို ကျန်းမာရေး ဦးစီးဌာနက ပြန်ခေါ်သွားသဖြင့် ယာဉ်ကိစ္စ အလိုအလျောက် ပြေလည်သွားကြောင်း သိရသည်။

ဆင်မလိုက် သင်္ဘောကျင်းကို ၁၉၆၉-၁၉၇ဝ ပြည့်နှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။ စတင် တည်ဆောက်စဉ်က တပ်မတော် (ရေ) အတွက် ရည်ရွယ်ခဲ့သော်လည်း တည်ဆောက်ရေး လုပ်ငန်း ပြီးစီးသွားသောအခါ အရပ်ဘက်သို့ လွှဲပြောင်းပေးရသည်။ သင်္ဘောကျင်းပိုင် ပစ္စည်း အရပ်ရပ်တို့ကို လွှဲပြောင်း လက်ခံပြီးနောက် သင်္ဘောကျင်းသို့ ဦးစွာ ရောက်သည့် ဌာနမှူးက လက်ဝါးကြီး အုပ်လိုက်သဖြင့် ယခု ဆရာဝန်နှစ်ဦးနှင့် သက်ဆိုင်သော ရုံးသုံး ပရိဘောဂ ကိစ္စက မောက်ကမ ဖြစ်ရသည်ဟု သုံးသပ်ထားသည်။ ရက်ပိုင်းမျှသာ ကြာသဖြင့် ဆရာဝန်နှစ်ဦး၏ အရည်အသွေးကို နှိုင်းယှဉ် ဖော်ပြမထားပေ။

ရာထူးသည် အလုပ်တာဝန် ထမ်းဆောင်ရန် ခန့်အပ်ထားသော အဆင့်ဖြစ်သည်။ တာဝန်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး ဝတ်ကျေတမ်းကျေသာ ဆောင်ရွက်ရသည် မဟုတ်ဘဲ အစ၊ အလယ်၊ အဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစား ရွက်ဆောင်ကြရသည်။ ရာထူး တာဝန်အလျောက် ပြုဖွယ်ကိစ္စ အဝဝကို ရွက်ဆောင်ကြရာ၌ ထွက်ပေါ်လာသော အကျိုးရလဒ်အပေါ် အရည်အသွေး အကဲဖြတ်သူမှာ မိမိကိုယ်တိုင် မဟုတ်ဘဲ အခြားသူများ၏ အကဲဖြတ် ရမှတ်သည်သာ စစ်မှန်သော အရည်အသွေး ဖြစ်သည်။ အခြားသူများ၏ ဝေဖန် အကဲဖြတ်မှုကို ခံနိုင်ရည်ရှိပြီး လိုအပ်ချက်ကို ပြုပြင် ဖြည့်ဆည်းနေရန်မှာ မိမိတာဝန်ဖြစ်သည်။ လုပ်သက် ကြာလာသည်နှင့်အမျှ အတွေ့အကြုံကို စေတနာကောင်းဖြင့် အသုံးချတတ်ခြင်း၊ စည်းစနစ်ရှိခြင်း၊ တီထွင် ဆန်းသစ်ခြင်းတို့သည် ဝန်ထမ်းကောင်းတို့၏ အရည်အသွေးပင် ဖြစ်သည်။

သို့ဖြစ်၍ အရည်အသွေး ကောင်းသော ရတနာတို့ကို လူအများ နှစ်သက်လိုလား တန်ဖိုးထားကြသကဲ့သို့ အရည်အသွေး ရှိသူ၊ အလုပ်နှင့် သက်သေပြသူ တစ်ဦးကိုလည်း လူအများ နှစ်သက် လိုလား တန်ဖိုးထားကြမည်သာ ဖြစ်ပေသည်။

မြန်မာတွေ မျိုးတုန်းသွားနိုင်တယ်


လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ကျုပ် တို့ကိုမသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင်မြင်ကြည့်ကြ ရအောင်။

လူမျိုးတုန်းသတ်ဖြတ်နေတာ၊ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။ တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကိုမတားဆီး၊ မပိတ်ပင်နိုင်ရင်တော့မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေ နဲ့မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို..... အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ........ ....

၁၇-၈-၂၀၁၃ နေ့မှာ တောင်တွင်းကြီးမြို့ အ.လ.က (၁) မှာ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်က ကျောင်းဈေးဆိုင်မှာ ရောင်းချနေတဲ့ မုန့်တွေကိုစစ်ဆေးတဲ့အခါ မှာ ရောင်းချနေတဲ့ မုန့်အများစုဟာ ကလေးများအတွက်အာဟာရ မဖြစ်တဲ့အပြင် အန္တရာယ်ကြီးမားတဲ့ မုန့်တွေပါတွေ့ရှိရပါတယ် ။

ပုံပါအတိုင်း အချိုရည်ဘူးကပြည်တွင်းဖြစ်ပါ။ ရေသန့်မဟုတ်တဲ့ ရိုးရိုးရေထဲမှာ ဆိုးဆေးရော၊ သကြားဆီနဲ့အနံ့ ထည့်ပြီးpacking ပိတ်ထားတာပါ ။

ဆိုးဆေးထည့်တာ လက်ဆများသွားပုံ ရပါတယ် ။ ရေတွေက ပြစ်နှစ်နေပြီး အမှုန်တွေတောင် တွေ့ရပါ တယ်။ မုန့်ထုပ်တွေကတော့ သက်တမ်းလွန်နေတာ တစ်နှစ်နဲ့နှစ်လ ရှိနေပြီဖြစ်တဲ့ တရုတ်မုန့် တွေပါ။

ဒီလိုသက်တမ်းလွန်မုန့်တွေနဲ့ ဆိုးဆေးရည်တွေကိုပိုက်ဆံပေးပြီးမုန့်လုပ်စားနေကြရတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပါ။

ဈေးပေါပေါနဲ့ဝင်လာတဲ့ တရုတ်မုန့်တွေ ၊ ဆိုးဆေးအပြည့်နဲ့ အချိုရည်ဘူးတွေ၊ ဂျယ်လီဘူးတွေ၊ရေခဲချောင်းတွေ ၊ စားအုန်းဆီခဲတွေနဲ့ ကြော်ထားတဲ့အကြော်တွေ ၊ဆိုးဆေးတွေနဲ့ အကင်တွေ ၊ဆိုးဆေးတွေ ဆိုးထားတဲ့ သရက်ကင်တွေ၊သကြားဆီတွေနဲ့ ဘာတွေရောစပ်ထား မှန်းတောင်မသိနိုင်တဲ့ တရုတ်သကြားလုံးတွေ၊

အစရှိတဲ့ မုန့်တွေပဲ နေ့စဉ်နဲ့ အမျှ မြိန်ရည် ရှက် ရည် စားနေကြရရှာတဲ့ ကျွန်တော်တို့ ကလေး များ ကိုဘယ် လိုကယ်ဆယ် နိုင်ကြမ လဲ??

ဒီမုန့်တွေကိုရောင်းချနေတာ ကျွန်တော် စစ်ဆေးခဲ့တဲ့ကျောင်း တကျောင်းထဲမှာပဲ ရောင်းနေတာ မ ဟုတ်ပါဘူး။

မြန်မာနိုင်ငံ တနံတလျားတောရော မြို့ပါကျောင်းတိုင်းကျောင်းတိုင်း မှာ ရောင်းချနေတာပါ ။

ဒါဆိုရင် ကျွန်တော်တို့မျိုးဆက်ကလေးတွေအားလုံးမှာ အန္တရာယ်ကြီးကြီးမားမား ကျရောက်နေပြီ ဆိုတာဟာ ငြင်းလို့မ ရလောက်အောင်ကို သိသာထင်ရှား နေပြီဖြစ်ပါတယ် ။

အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ ဖြစ်နေပါပြီ။

ဒီနှုန်းအတိုင်း ဆိုရင်ကျွန်တော်တို့ကလေးတွေ အားလုံး အသက်၂၀ နဲ့ ၃၀ ကြားမှာ အသည်း ကင်ဆာလို ရောဂါတွေနဲ့သေဆုံးကြ ရဖို့ သေချာနေပါပြီ။

ဒီကလေးတွေသာ မ်ျုးဆက်ပြတ်ကြရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်အုပ်ချုပ် အုပ် ချုပ်။ ဘယ်လောက်ကောင်းတဲ့စနစ်နဲ့ချီတက်ချီတက် တိုးတက်ကြပါ့မလား????

ဒါကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုလို့မပြောရင် ဘာကိုပြောမှာလဲ??????

Credit to - U Kyaw Swe

Posted From News of Myanmar

တရားမ၀င် အလုပ်သွားလုပ်ကြမည့် မိန်းကလေးများအား မိဘထံပြန်အပ်










တောင်ငူမြို့နယ် ဇီးဖြူပင် ကျေးရွာနေ မစောမြသန္တာ ၃၂ နှစ်(ဘ)ဦးမွှေးကို၊ မဝါဝါအေး ၂၂ နှစ် (ဘ)ဦးကြည်အေး ဇီးဖြူပင် ကျေးရွာ၊ မဥမ္မာနွယ် ၂၃ နှစ်(ဘ) ဦးတင်ထွန်း ပြသောင်ရွာ၊ မသင်းသင်းနွယ် ၂၇ နှစ် (ဘ)ဦးအေးလှိုင် ပြသောင်ရွာ၊ မသူဇာ ၂၅ နှစ်(ဘ)ဦးကြည်အေး ဇီးဖြူပင် ကျေးရွာနေသူတို့ ငါးဦးသည်

ထိုင်းနိုင်ငံတွင် စက်ချုပ်လုပ်ငန်း သွားရောက် အလုပ် လုပ်ကိုင်ရန် အတွက် ဇီးဖြူပင် ကျေးရွာထိပ်ရှိ ကွမ်းယာဆိုင်၌ ရောက်ရှိနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက် အရ တောင်ငူမြို့မ ရဲစခန်းမှ နယ်ထိန်း အရာရှိ ဒုတိယ ရဲအုပ် ဝင်းကိုကိုနှင့် အဖွဲ့၊လူကုန်ကူးမှု တားဆီး ကာကွယ်ရေး တပ်ဖွဲ့မှ ရဲအုပ် ဇော်ဝင်း ဦးစီးသည့် အဖွဲ့တို့သည် ဇီးဖြူပင်ကျေးရွာသို့ သွားရောက်၍ မဝါဝါအေးပါ ငါးဦးအား တောင်ငူမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့နှင့် မြို့မ စခန်းမှူး ဒုတိယရဲမှူး တင်ဝင်းတို့က လူမှောင်ခို/လူကုန်ကူး အသိပညာပေး ဟောပြောမှုများ ပြုလုပ် ပေးခဲ့ပြီးနောက် အဆိုပါ မိန်းကလေး ငါးဦးအား မိဘဆွေမျိုးများထံ ပြန်လည် အပ်နှံပေး ခဲ့ကြောင်း သိရသည်။
By မြ၀တီ

မျောက်များပုံပြင်

သိပ္ပံစမ်းသပ်ချက်တစ်ခုမှာ မျောက် ၅ ကောင်ကို
လှောင်အိမ်တစ်ခုထဲ အတူတူ စုထည့်ထားပြီး
လှောင်အိမ်ရဲ့ အလည်တည့်တည့်က လှေကားပေါ်မှာ
ငှက်ပျောတစ်ဖီးကို တင်ထားတယ်။
မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးစားချင်လို့
လှေကားပေါ်တက်ဖို့ ကြိုးစားတိုင်း ကျန်တဲ့မျောက်တွေကို
နေမထိထိုင်မသာဖြစ်အောင် ရေခဲရေနဲ့ ပက်ဖြန်းတယ်။
ကြာတော့ မျောက်တစ်ကောင် လှေကားပေါ်တက်ဖို့
ကြိုးစားတာနဲ့ ကျန်တဲ့လေးကောင်က အဲဒီအကောင်ကို
ဝိုင်းထုနှက်ကြတော့တယ်။
အဲဒီအချိန်မှာ ရေခဲရေနဲ့ ပက်ဖြန်းတာကို ရပ်ထားလိုက်တယ်။
နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ဆွဲဆောင်မှူ အားကောင်းပေမဲ့
ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို
တက်ဖို့ မကြိုးစားရဲတော့ဘူး။
ဒါနဲ့ မူလမျောက်ငါးကောင်ထဲက တစ်ကောင်ကို
လှောင်အိမ်ထဲက ထုတ်ပြီး
သူ့နေရာကို မျောက်အသစ်တစ်ကောင်နဲ့
အစားထိုး လဲလှယ်လိုက်တယ်။
မျောက်အသစ်ဟာ လှောင်အိမ်ထဲရောက်တာနဲ့
လှေကားပေါ်ကို ပြေးတက်ပြီး
ငှက်ပျောသီးကိုစားဖို့ ကြိုးစားတယ်။
ကျန်တဲ့မျောက်လေးကောင်က
မဆိုင်းမတွ သူ့ကို ၀ိုင်း သမကြတယ်။
လှေကားပေါ်တက်မယ် ကြိုးစားတိုင်း ထုနှက်ခံရတော့
အသစ်ရောက်လာတဲ့ မျောက်လည်း
(အကြောင်းရင်းကို မသိပေမယ့်)
လှေကားပေါ်ကို မတက်ရဲတော့ဘူး။
ဒုတိယ မျောက်အသစ်တစ်ကောင်ကို
မျောက်အဟောင်းတစ်ကောင်ရဲ့ နေရာမှာ
ထပ်မံအစားထိုး လိုက်တဲ့အခါမှာလည်း
အလားတူ ထပ်ဖြစ်တယ်။
ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အထဲမှာ
သူ့အရင် အစားထိုးရောက်လာတဲ့ မျောက်သစ်ကပါ
ဘုမသိဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရတယ်။
ဒီလိုနဲ့ တတိယမျောက်အသစ် တစ်ကောင်ကို
မူလမျောက်အဟောင်း တစ်ကောင်နေရာမှာ အစားထိုးတယ်
ထုနှက်တာ ခံရတယ်။
စတုတ္ထမျောက်အသစ်လည်း ခံရတယ်။
နောက်ဆုံးလက်ကျန် မျောက်အဟောင်းနေရာမှာ
ပဉ္စမမျောက်အသစ်ကို လဲထည့်လိုက်တယ်။
အခုဆိုရင် လှောင်အိမ်ထဲမှာ မျောက်အသစ်တွေချည်းပဲ ရှိတော့တယ်။
သူတို့အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို
တစ်ခါမှ မကြံဖူးကြဘူး။
ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင်
လှေကားပေါ်ကိုတက်ဖို့ ကြိုးစားရင်တော့
ကျန်တဲ့ကောင်တွေက ၀ိုင်းပြီး ထုကြနှက်ကြဆဲပဲ။
Credit- ဆရာအော်ပီကျယ်
 ဒီလိုနဲ့ ပုံပြင်ထဲက မျောက်ကလေးလိုလူတွေ တစ်စတစ်စ များပြားလာတဲ့ အခါ အိမ်မှာဆို အိမ်တွင်းရေး မသာယာတော့ဘူး - နိုင်ငံနဲ့ ချီတော့ နိုင်ငံရေးတွေ ရှုပ်ထွေးလာတယ် - မင်းမဲ့စရိုက်ဆန်လာတယ် - ကမ္ဘာနဲ့ ချီတော့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာကြတယ်။ 

ဒီလိုပါပဲ သစ်ပင်ပေါ်မှာ နားနေတဲ့ ငှက်က ဘယ်သောအခါမှ
သစ်ကိုင်းကျိုးကျမှာ မကြောက်ဘူး
သူ့ရဲ့ယုံကြည်မှုက သစ်ကိုင်းပေါ်မှာ မဟုတ်ဘဲ
သူ့ရဲ့ကိုယ်ပိုင်အတောင်ပံတွေပေါ် မှာတည်ရှိလို့ပဲ

မပျံတတ်ရင်တော့ ကိုင်းကျိုးကျမှာကို ကြောက်နေရမှာပါပဲ
ကိုယ့်ကိုကိုယ်အမြဲယုံကြည်မှုရှိနေပါစေ....။

ဆရာ အော်ပီကျယ်ရဲ့ မျောက်များပုံပြင်အဆုံးမှာ….ကျွန်တော်တို့ ကိုကျွန်တော်
တွေ့ရှိလိုက်ရပါတယ်။

လူထုကျန်းမာရေး(သင့်သွင်ပြင်ကညွန်းဆိုနေသောသင့်ကျန်းမာရေး)



သင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ဟန်ပန် ငယ်ရွယ်နုပျိုတဲ့အသွင်ဟာ သင့်ကျန်းမားရေးကောင်းနေတယ်ဆို တာကို ညွှန်ပြနေပါတယ်။ အသက်အရွယ်အိုမင်းလာမှုအပေါ် အပြစ်တင်မိတာတွေ မျက်နှာပေါ်က အရေး အကြောင်းတွေ လက်သည်း ခြေသည်းပျက်စီးတာတွေ၊ ဆံပင်ကျွှတ်တာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

တကယ်တော့အဲဒီအပြစ်အနာအဆာတွေဟာပုန်းကွယ်နေတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
အဲဒါတွေကိုသတိမမူမိဘဲထားလိုက်ရင်မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။


**အရေးအကြောင်းများ**

အသက်အရွယ်ရလာရင် အရေးအကြောင်းတွေပေါ်ပေါက်လာတတ်တာ မှန်ပေမယ့်၊ ဒါဟာအရိုးပွရောဂါရဲ့
လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ အရေးအကြောင်းတွေနဲ့ စောစီးစွာသွေးဆုံးတဲ့ အမျိုးသမီးတွေရဲ့အရိုး ကျန်းမာရေးဆက်စပ်နေတယ်ဆိုတာက သုတေသနအသစ်တစ်ခုက အံ့သြဘွယ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အရေးအကြောင်းပိုများလေလေ အရိုးသိပ်သည်းဆ နည်းပါးမှု အန္တရာယ်ပိုများလေလေ။ အရေးအကြောင်း ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းဟာ အသက်အရွယ်ကြောင့်ဆိုပေမဲ့ ဆေးလိပ်သောက်လွန်တာနဲ့ နေရောင်ခြည်ဒဏ်ခံလွန်းရင်လည်း အရေးအကြောင်း တွန့်ခြင်းကို ပိုမိုဖြစ်လွယ်စေပါတယ်။


**ခြေထောက်ရောင်ခြင်း**

ခြေထောက်ရောင်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဆစ်လွဲခြင်း၊ ပင်ပန်းမှုဒဏ်၊ ဒဏ်ရာအနာတရ၊ ပိုးဝင်ခြင်းစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်၊ အ၀လွန်ခြင်းနှင့် အခြားကျန်းမာရေးအခြေအနေတွေမှာ ခြေဖျားလက်ဖျားတွေမှာအရည်ကို ထိန်းချုပ်ထားတဲ့ ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ခြေထောက်ရောင်ရမ်းနိုင်ပါတယ်။
ခြေသည်းလက်သည်းတွေ ပုံစံမမှန်ခြင်း၊ ခြေသည်းလက်သည်းတွေ ချိုင့်ဝင်နေခြင်း၊ ရွဲ့စောင်းနေခြင်း၊
ဝါညိုရောင်သန်းနေခြင်း၊ ဒါမဟုတ် ခြေသည်းလက်သည်းတွေ ပုံမှန်မဟုတ်ပဲ ထူထဲနေခြင်း၊ လက်သဲခွံဟခြင်းတို့ဟာ ကျန်းမာရေးပြဿနာ အများအပြားကို ညွှန်ပြနေပါတယ်။ မျက်နှာနီရဲခြင်း ရှက်စရာကိစ္စ တခုမှမရှိဘဲ သင့်မျက်နှာဟာ နီရဲနေတာမျိုးဖြစ်ဘူးပါသလား။ မျက်နှာတခုလုံးနီရဲပြီး စပ်လာတာမျိုးဟာနာတာရှည်အရေပြားဝေဒနာ တစ်မျိုးရဲ့ လက္ခဏာဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျမည်သူမျှမသိပေမဲ့ အဲဒီလိုဝေဒနာရှိတဲ့သူတွေရဲ့
မျက်နှာဟာ နီရဲနေတတ်ပါတယ်။ ဖြစ်နိုင်တာကတော့ မျက်နှာအောက်မှာရှိတဲ့သွေးကြောတွေ ကြီးထွားတာကြောင့်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။


**အရေပြားအပေါ်က အနက်ရောင်အကွက်များ**

လည်ပင်းနောက်ဖက်က အနက်ရောင်အကွင်းတွေဟာ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းမှုကို ညွှန်းဆို နေသလိုပါပဲ၊ ဒါပေမဲ့အမှန်ကတော့ Acanthosis Nigricans အခြေအနေကြောင့်ဖြစ်ပါတယ်။ အဲဒီအနေအထားရောက်ရင် အရေပြားဟာ ထူထဲသွား၊ မည်းသွားပြီး ခန္ဓာကိုယ်အတွန့်ကြောင်း တစ်လျှောက်မှာ ရှိတတ်ပါတယ်။ ဒီအနေအထားဘာကြောင့်ဖြစ်ရသလဲဆိုရင် သွေးချိုဆီးချိုဝေဒနာရှင်တွေ၊အ၀လွန်သူတွေနဲ့ တခြားကင်ဆာဝေဒနာရှင်တွေမှာ အဲဒီလိုအနက်ရောင်း အကွက်တွေဖြစ်ပေါ် တတ်ပါ တယ်။


**ဆံပင်ကျွှတ်ခြင်း**

ဆံပင်ကျွှတ်ခြင်းဟာ ကိုယ်ဝန်ဆောင်နေချိန်၊ စိတ်ဖိစီးမှုရောဂါတစ်ခုခု၊ ဆေးဝါးကုသမှုတစ်ခုခုနှင့်
ဟောမုန်းပြောင်းလဲမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာ ဆံပင်ခြောက်သွေ့ခြင်း၊
ပါးခြင်းတို့ဟာ သိုင်းရွိုက်လုပ်ငန်း ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ့်ဆီမှာ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ရှိ မရှိကို သွေးစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

FatBooth v.2.3 Apk 4MB


မျက်နှာကို ဖောအောင်လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ

သူငယ်ချင်း မျက်နှာတွေကို ယူပြီးလုပ်လို့ ရတာပေါ့ဗျာ

စိုင်းစိုင်း တွေ့ရင်တော့ ဒေါသထွက် မလား မသိဘူးနော် :P

အသုံးပြုမယ်ဆို အောက်မှာရယူနိုင်ပါတယ်


Down>> app.box.   

Down>> sendmyway


သူငယ်ချင်းတွေကို စနောက်တာလည်း လုပ်လို့ရတယ်

ကိုယ်ပုံကိုလည်း လုပ်ကြည့်ပေါ့ အဲလို ထိပ်ပြောင်ရင် ခန့်ချောကြီး ဖြစ်လာမှာလားဆိုတာ

အောက်ကလင့်မှာ ရယူနိုင်ပါတယ်


Down>>app.box 

Down>> sendmyway

by အမျိုးကောင်း သာ


လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား


လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊သေနတ်နဲ့ပစ်၊ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ကျုပ်တို့ကိုမသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင်မြင်ကြည့်ကြရအောင်။

လူမျိုးတုန်းသတ်ဖြတ်နေတာ၊ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။ တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကိုမတားဆီး၊ မပိတ်ပင်နိုင်ရင်တော့မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေနဲ့မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို..... အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ........ ....

၁၇-၈-၂၀၁၃ နေ့မှာ တောင်တွင်းကြီးမြို့ အ.လ.က (၁) မှာ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်က ကျောင်းဈေးဆိုင်မှာ ရောင်းချနေတဲ့ မုန့်တွေကိုစစ်ဆေးတဲ့အခါ မှာ ရောင်းချနေတဲ့ မုန့်အများစုဟာ ကလေးများအတွက်အာဟာရ မဖြစ်တဲ့အပြင် အန္တရာယ်ကြီးမားတဲ့ မုန့်တွေပါတွေ့ရှိရပါတယ် ။

ပုံပါအတိုင်း အချိုရည်ဘူးကပြည်တွင်းဖြစ်ပါ။ ရေသန့်မဟုတ်တဲ့ ရိုးရိုးရေထဲမှာ ဆိုးဆေးရော၊ သကြားဆီနဲ့အနံ့ ထည့်ပြီးpacking ပိတ်ထားတာပါ ။ ဆိုးဆေးထည့်တာ လက်ဆများသွားပုံ ရပါတယ် ။ ရေတွေက ပြစ်နှစ်နေပြီးအမှုန်တွေတောင် တွေ့ရပါ တယ်။ မုန့်ထုပ်တွေကတော့ သက်တမ်းလွန်နေတာ တစ်နှစ်နဲ့နှစ်လ ရှိနေပြီဖြစ်တဲ့ တရုတ်မုန့် တွေပါ။ဒီလိုသက်တမ်းလွန်မုန့်တွေနဲ့ ဆိုးဆေးရည်တွေကိုပိုက်ဆံပေးပြီးမုန့်လုပ်စားနေကြရတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပါ။

ဈေးပေါပေါနဲ့ဝင်လာတဲ့ တရုတ်မုန့်တွေ ၊ ဆိုးဆေးအပြည့်နဲ့အချိုရည်ဘူးတွေ၊ ဂျယ်လီဘူးတွေ၊ရေခဲချောင်းတွေ ၊ စားအုန်းဆီခဲတွေနဲ့ကြော်ထားတဲ့အကြော်တွေ ၊ဆိုးဆေးတွေနဲ့ အကင်တွေ ၊ဆိုးဆေးတွေ ဆိုးထားတဲ့ သရက်ကင်တွေ၊သကြားဆီတွေနဲ့ ဘာတွေရောစပ်ထားမှန်းတောင်မသိနိုင်တဲ့ တရုတ်သကြားလုံးတွေ၊အစရှိတဲ့ မုန့်တွေပဲ နေ့စဉ်နဲ့ အမျှ မြိန်ရည် ရှက် ရည် စားနေကြရရှာတဲ့ကျွန်တော်တို့ ကလေး များ ကိုဘယ် လိုကယ်ဆယ် နိုင်ကြမ လဲ??

ဒီမုန့်တွေကိုရောင်းချနေတာ ကျွန်တော် စစ်ဆေးခဲ့တဲ့ကျောင်းတကျောင်းထဲမှာပဲ ရောင်းနေတာ မ ဟုတ်ပါဘူး။ မြန်မာနိုင်ငံ တနံတလျားတောရော မြို့ပါကျောင်းတိုင်းကျောင်းတိုင်းမှာ ရောင်းချနေတာပါ ။ဒါဆိုရင် ကျွန်တော်တို့မျိုးဆက်ကလေးတွေအားလုံးမှာ အန္တရာယ်ကြီးကြီးမားမားကျရောက်နေပြီ ဆိုတာဟာ ငြင်းလို့မရလောက်အောင်ကို သိသာထင်ရှား နေပြီဖြစ်ပါတယ် ။

အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ်အများဆုံးဒုတိယ လိုက်တဲ့နိုင်ငံ ဖြစ်နေပါပြီ။

ဒီနှုန်းအတိုင်း ဆိုရင်ကျွန်တော်တို့ကလေးတွေ အားလုံး အသက်၂၀ နဲ့ ၃၀ ကြားမှာ အသည်း ကင်ဆာလို ရောဂါတွေနဲ့သေဆုံးကြရဖို့ သေချာနေပါပြီ။

ဒီကလေးတွေသာ မ်ျုးဆက်ပြတ်ကြရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်အုပ်ချုပ် အုပ် ချုပ်။ ဘယ်လောက်ကောင်းတဲ့စနစ်နဲ့ချီတက်ချီတက် တိုးတက်ကြပါ့မလား????

ဒါကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုလို့မပြောရင် ဘာကိုပြောမှာလဲ??????

Credit to - U Kyaw Swe

ကော့သောင်းဆီအုန်းခြံမှ တူးဖော်ရရှိသည့်ရှေးဟောင်းပုတီးစေ့များ ထိုင်းနှင့် မလေးရှားဝယ်

Monday, August 26, 2013

တန င်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့မှ ၃၁မိုင်ဝေးသည့် ဆီအုန်းခြံ တစ်ခြံတွင် တူးဖော်ရရှိသည့်ရှေး ဟောင်းပုတီးစေ့များနှင့် အသုံး အဆောင်ပစ္စည်းများကို ထိုင်းနှင့် မလေးရှားနိုင်ငံများမှ ဝယ်ယူကြ ကြောင်း ကော့သောင်းမြို့ရှိရှေး ဟောင်းပစ္စည်းအရောင်းဆိုင်များ နှင့် ပုတီးစေ့တူးဖော်နေသူများ ထံမှ သိရသည်။

ယင်းရှေးဟောင်းပစ္စည်း များကို လွန်ခဲ့သည့်သုံးနှစ်ခန့်က တည်းက တူးဖော်ရရှိနေပြီး အဆင်း မျိုးစုံ၊ သဏ္ဌာန်မျိုးစုံ၊ အရွယ်မျိုးစုံ ရှိသည့်ပုတီးစေ့များကို ရှေးဟောင်း ပစ္စည်းအရောင်းဆိုင်များတွင် ပြန် လည်ရောင်းချကြကြောင်း တူးဖော် သူများက ပြောသည်။
''ဆီအုန်းစိုက်ဖို့ မြေတူးတော့ အိုးကွဲစတွေပေါ်လာလို့ ဆက်တူး ရာက စတွေ့တာ။ ရှေးဟောင်း ပစ္စည်းဆိုင်မှာသွားပြတော့ ရှေး ဟောင်းလက်ရာ၊ တန်ဖိုးရှိတယ်လို့ ပြောပြီး ဝယ်ယူလာတော့ တူးတဲ့ သူတွေများလာတယ်''ဟု မလိဝမ်း ကျေးရွာသား ဦးစိုးက ပြောသည်။
ပန်းအိုး၊ ကွမ်းအစ် စသည့် အသုံးအဆောင်ပစ္စည်းများကိုတူးဖော်ရရှိပြီး တချို့ကံကောင်း သူများသည် ရွှေစရွှေလုံးကလေး များရသည်ဟု တူးဖော်နေသူများ က ပြောသည်။

ယင်းသို့ပစ္စည်းလာရောက် တူးဖော်သူများသည် ဆီအုန်းခြံလုပ် သားများနှင့် အနီးအနားကျေးရွာ မှဒေသခံများဖြစ်သည်။ နောက် ပိုင်းတွင် ယင်းပစ္စည်းများကိုဝယ် ယူသည့် အဝယ်ဒိုင်များရှိလာကာ ဝယ်ယူသူအများစုသည် ပသျှူး လူမျိုးများဖြစ်ပြီး ထိုင်းနှင့် မလေး ရှားသို့ ပြန်လည်ရောင်းချသည်ဟု တူးဖော်သူများက ပြောသည်။

လက်ရှိတွင် ပုတီးစေ့တူးဖော် သူ တဖြည်းဖြည်းများလာပြီး တချို့နေရာများတွင် လူတစ်ရပ် ကျော်ခန့်အထိနက်ကာ ဆီအုန်း ပင်များ လဲကျသည်မျိုးရှိကြောင်း ယင်းဆီအုန်းခြံအတွင်းတွင် တူး ဖော်နေသည့် အမျိုးသမီးတစ်ဦး က ရှင်းပြသည်။

''လာတူးတယ်ဆိုပေမယ့် တစ်နေ့လုံးတူးလို့ တစ်လုံးမှမရ တာလဲရှိတယ်။ ရရင်လဲ ဈေးဖိုး လေး ဘာလေးကာမိအောင်လို့ အားတဲ့အချိန်လေး လာတူးတာ ပါ။ ဆီအုန်းပင်တွေ ပျက်စီးလို့ဆို ပြီး ဆီအုန်းခြံက မန်နေဂျာနဲ့စစ် တပ်က လာဖမ်းတာ၊ ခြောက်လှန့် တာမျိုးတော့ရှိတယ်။ ဒါပေမဲ့ သူ တို့ပြန်သွားရင် တူးမယ့်သူတွေပြန် ရောက်လာတာပဲ''ဟု အထက်ပါ အမျိုးသမီးကဆိုသည်။

တူးဖော်ရရှိသည့်ပုတီးစေ့ များကို ဆွဲကြိုးအဖြစ်သီပြီး ရှေး ဟောင်းပစ္စည်း အရောင်းဆိုင်များ ကိုရောင်းချရာ တစ်ကုံးလျှင် ထိုင်း ဘတ်ငွေသုံးထောင်မှ ခုနစ်ထောင် ကျော်အထိဈေးရှိကာ ပုတီးစေ့ အရွယ်အစားအလိုက် ဈေးနှုန်း အမျိုးမျိုးသတ်မှတ်ကာ ဝယ်ယူ ကြောင်း၊ ထိုင်းထက် မလေးရှား ကပိုဝယ်ကြောင်း ကော့သောင်း မြို့ အဏ္ဏဝါရပ်ကွက်ရှိ ရှေးဟောင်း ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

ယင်းဆီအုန်းခြံအပါအဝင် အော်ကြီးကျေးရွာရှိ ဥယျာဉ်ခြံ တစ်ခြံတွင် တူးဖော်တွေ့ရှိသော် လည်း ခြံရှင်ကတူးခွင့်မပြုဘဲ ပိတ် ထားကြောင်း၊ တခြားတူးဖော်တွေ့ ရှိသည့်နေရာများတွင် မတူးဖော် ရန် စစ်တပ်မှတားမြစ်ထားကြောင်း ဆီအုန်းခြံအလုပ်သမားများက ပြောသည်။

Yangon Media Group

ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ



Micronutrients များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက် အကူ အင်ဇိုင်း အဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများ အဖြစ် လည်းကောင်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပါသည်။ Macronutrients ( အကြီးစား အာဟာရများ) အကြောင်း ကို ပထမပိုင်းတွင် တင်ပြခဲ့ပြီး ဖြစ်၍ ဤ ဒုတိယ ပိုင်းတွင် Micronutrients ( အသေးစား အဟာရများ) ၏ အလုပ် လုပ်ပုံနှင့် ရနိုင်သည့် အစားအစာ၊ စားသုံး သင့်သည့် ပမာဏနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာများ ကို တင်ပြ လိုက်ပါသည်။

1. ဗီတာမင်များ (Vitamins)

ဗီတာမင်ကို ရေတွင် ပျော်ဝင်သော ဗီတာမင် (Water-soluble Vitamins) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင် (Fat-soluble Vitamins) ဟူ၍ နှစ်မျိုး ခွဲခြား ထား ပါသည်။ ဗီတာမင် C နှင့် B အုပ်စုဝင် များသည် ရေတွင် ပျော်ဝင်သည့် ဗီတာမင်များဖြစ်ပြီး ဗီတာမင် A, D, E နှင့် K များသည် အဆီတွင် ပျော်ဝင်သော ဗီတာမင်များ ဖြစ်သည်။ ကွဲပြား သည်မှာ အဆီတွင် ပျော်ဝင်သော ဗီထာမင် တချို့ကို ခန္ဓာကိုယ် မှ ထဲမှာပင် ထုတ်လုပ် သော ကြောင့် အစားအစာ များတွင် ၀ါဝင်ရန် မလိုပါ၊ သို့သော် လည်း ၎င်းတို့၏ အသုံးဝင်ပုံနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာ များကို သိရှိထား ရန် လိုအပ်ပါသည်။ ရေတွင် ပျော်ဝင်သော ဗီတာမင်များ သည် ခန္ဓာကိုယ် ထဲတွင် သိုလှောင် ထားခြင်း မရှိ သော ကြောင့် နေ့စဉ် ပုံမှန် စားသုံးရန် လိုအပ်သည့် မရှိမဖြစ် သည့် အာဟာရ များ ဖြစ်သည်။

ဗီတာမင် A

ခန္ဓာကိုယ် အတွင်း အပေါ်ရံ ဆဲလ်များနှင့် ချွဲသလိပ် ရှိရာဆဲလ် ( Mucosa cells) ကို ပုံမှန် ဖွဲ့စည်း စေ၍ အလင်းရောင် နည်းသော နေရာတွင် အမြင် အာရုံကို ပိုမို ကြည်လင် အောင် ဆောင်ရွက် ပေးသည်။ ၎င်းကို တိရိစ္ဆာန် ထွက် အစားအစာများ၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက် မုံလာဥစသည့် ဟင်းသီး ဟင်းရွက်များ နှင့် အသီးနှံ အမျိုးမျိုး တွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ညဘက် မမြင်ရခြင်း၊ အရေပြား ကြမ်း၍ ခြောက်ခြင်း နှင့် ရေရှည် ချို့တဲ့နေပါက မျက်ကြည်လွှာ ခြောက်ခမ်း တွန့်လိမ်ပြီး မျက်စိကွယ် သည် အထိ ဖြစ်နိုင်ပါသည်။

ဗီတာမင် B1

ကာဗွန် ဟိုက်ဒရိတ်အစာ ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် နာ့ဗ်ဆဲလ်များ အဟာရအတွက် အထောက်အကူ ပြုပေးသည်။ ၎င်းကို ကစီဓါတ် အစာမျိုးမျိုး၊ ပဲ၊ အသား၊ အာလူးနှင့် သစ်စေ့များ၊ လိမ္မော်သီး၊ ဖရဲသီးနှင့် ထောပတ်သီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အစား အသောက်ပျက်ခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ခြင်း (neuritis)၊ Beriberi ဟုခေါ်သည့် ဖေါ်ရောင်ခြင်း ( Wet beriberi) သို့မဟုတ် အလွန်အမင်း ပိန်ချုံးခြင်း (Dry beriberi) စသည့်တို့ကို ဖြစ်စေနိုင်ပါသည်။ ရေရှည် ဖြစ်နေပါက အာရုံကြောများ ပျက်စီး ယိုယွင်း လာခြင်းနှင့် နှလုံးရောဂါကြောင့် အသက် ဆုံးရှုံး သည်အထိ ဖြစ်နိုင် ပါသည်။

ဗီတာမင် B2

၎င်းကို ကာဗွန် ဟိုက်ဒရိတ်အပြင် အသားဓါတ် ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် သွေးနီဥ ထုတ်လုပ်သည့် နေရာတွင် အသုံးပြု ပါသည်။ ၎င်းကို အသည်း၊ နို့၊ ဥများနှင့် ကီဝီသီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား၊ လျှာနှင့် ပါးစပ်အချွဲအမြှေးပါး ရောင်ရမ်းခြင်း (angular stoma titis)၊ နှုတ်ခမ်းကွဲပြီး ကျီးကန်း ပါးစပ်နာ ဖြစ်ဖြင်း၊ ခြေဖ၀ါးများ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယားပြီး ပူစပ်ပူလောင်ဖြစ်ဖြင်းနှင့် အလင်းရောင် အပေါ် ခံနိုင်ရည် မရှိခြင်း တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B3

အပေါ်ယံ သွေးကြောကို ကျယ်စေခြင်း၊ အဆီဓါတ်နှင့် ကော်လက် စရောလ်ကို ကျဆင်း စေခြင်း အတွက် အသုံးပြု သည့်အပြင် အရေးကြီး သည့် တစ်ရှူးများ အသက်ရှူ သည့် လုပ်ငန်းတွင် လိုအပ်သော အင်ဇိုင်းကို ၎င်းမှ ဖွဲ့စည်း ပေးပါသည်။ ၎င်းကို ဗီတာမင် B2 ပါ အစားအစာ များတွင် ရနိုင်သည့်အပြင် ငှာက်ပျောသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးနှင့် မက်မန်းသီး များတွင် လည်း ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား ရောင်ခြင်း၊ ၀မ်းလျှောခြင်း၊ စိတ်ဓါတ်ကျ ခြင်းများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B6

ကာဗွန် ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ် စသည့် တို့၏ ဇီဝကမ္မ လုပ်ငန်း များ အတွက် အကူ အင်ဇိုင်းအဖြစ် ဆောင်ရွက် ပေးသည်။ ထို့အပြင် သွေးနီဥထဲရှိ ခန္ဓာကိုယ် အတွက် အောက်စီကျင် သယ်ဆောင် ပေးသည့် ဟီမိုဂလိုဘင် မော်လီကျူးကို ဖွဲ့စည်းရာ တွင်လည်း အကူအညီ ပေးသည်။ ၎င်းကို အာဟာရ အကြီးစား အမျိုးမျိုးတွင် ရနိုင်ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့် ဖရဲသီးများတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ပါးစပ် အမြှေးပါး ရောင်ရမ်းခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ရမ်းခြင်း၊ နှတ်ခမ်းကွဲခြင်းနှင့် သွေးအားနည်း ရောဂါ တမျိုး (Hypochromic anaemia) တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B12

ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် မည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။

ဗီတာမင် C

အနာ ဒဏ်ရာများ ကျက်လွယ်စေခြင်း၊ ရောဂါကို ခံနိုင်ရည်ရှိစေခြင်း၊ ကာဗွန်ဟိုက်ဒရိတ်နှင့် သံဓါတ် အစာခြေဖျက်မှု လုပ်ငန်းစဉ်၊ အဆီ နှင့် အသားဓါတ် ထုတ်လုပ်မှု၊ သွား၊ အရိုးနှင့် ဆံချည်မျှင် သွေးကြော နံရံများအား ထိန်းသိမ်း စောင့်ရှောက်မှု၊ အဆိပ် ဖြစ်စေသည့် အရာ များအား ခုခံတိုက်ဖျက်မှု၊ သံဓါတ် စုပ်ယူမှု၊ သွေးနီဥ ထုတ်လုပ်မှု၊ ဆဲ အတွင်းရှိ ပစ္စည်းများ ထုတ်လုပ်မှု စသည့်အတွက် ဗီတာမင် စီကို မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို အချဉ် ဓါတ်ရှိသော လတ်ဆတ် သည့် မည်သည့် အစားအစာ များတွင် မဆို ပေါများစွာ ရရှိနိုင်ပါသည်။ ချို့တဲ့ပါက Scurvy ဟု ခေါ်သည့် ရောဂါကို ရရှိနိုင်ပြီး သွားဖုံး ရောင်၍ သွေးထွက်ခြင်း၊ မွေးညင်းပေါက် ပတ်လည်တွင် သေးငယ်သော အနီစက်များ ပေါ်ခြင်း၊ အရေပြား အောက်ရှိ ပျောက်ပြီးသော အနာ ဒဏ်ရာ ဟောင်းမှ သွေးပြန် ထွက်နိုင်ခြင်း စသည့် လက္ခဏာ များ ကို တွေ့နိုင် ပါသည်။

ဗီတာမင် D

ကယ်လစီယံ (ထုံးဓါတ်) နှင့် တခြား သတ္တုဓါတ် တချို့ကို မျှခြေ ထိန်းညှိ ပေးခြင်း၊ အူသိမ်မှ ကယ်လ်စီယံနှင့် ဖော့စ်ဖိတ် စုပ်ယူရာ တွင် အကူအညီ ပေးသည်။ ၎င်းကို ခန္ဓာကိုယ် အတွင်းရှိ ကော်လက် စထရောလ် နှင့် နေရောင်ခြည် တို့ ပေါင်းစပ်ပြီး ထုတ်လုပ် ပါသည်။ အသည်း နှင့် ငါးအဆီများတွင် အဓိက ရနိုင်ပြီး ၎င်းကို အကျိုးပြု ကော်လက်စရောလ် အဖြစ် ပြောင်းလဲ စေပါသည်။ ၎င်းအတွက် တခြားသော သီးသန့် အစားအစာများ စားရန် မလိုပဲ နေရာင်ခြည်ကို အရေပြားနှင့် ထိတွေ့ခွင့် အပူပိုင်း ဒေသတွင် တနေ့ ၁၀ မိနှစ် ၁၅ မိနှစ်ခန့်၊ အအေးပိုင်း ဒေသတွင် ထိုထက်ပို၍ ရရှိပါက လုံလောက် ပါသည်။ ချို့တဲ့ ပါက လူကြီးများတွင် Osteomalacia နှင့် ကလေး များတွင် Rickets ဟုခေါ်သည့် အရိုးပျော့ခြင်း နှင့် အရိုး ကွေးခြင်း ရောဂါများ ဖြစ်နိုင် ပါသည်။

ဗီတာမင် E

ခန္ဓာကိုယ်ကို အဆိပ် ဖြစ်စေနိုင်သော အရာများကို တိုက်ဖျက်ခြင်း နှင့် ပြည့်ဝဆီ (Saturated Fat) များ ကြောင့် သွေးကြော ပိတ်စေ နိုင်သည့် အခြေအနေ များကို ကာကွယ် ပေးသည်။ ၎င်းကို အဓိက အားဖြင့် အသီးအရွက်၊ Unsaturated Fats (ဥပမာ- သံလွင်ဆီ၊ ပဲပုပ်ပဲဆီ၊ ငါးဆီ၊ နေကြာပန်း ဆီ စသည့်) များ၊ ဥ၊ ထောပတ်၊ ကြမ်းသည့် ကစီဓါတ် (ဥပမာ- လုံးတီးဆန်၊ ဂျုံကြမ်း) စသည် အစားအစာ များတွင် ရနိုင် ပါသည်။ ချို့တဲ့ပါက သွေးအားနည်း ရောဂါနှင့် အစာ စုပ်ယူမှု ချို့တဲ့သည့် ရောဂါ ရှိသည့် လူကြီးများ တွင် အာရုံ မစူးစိုက် နိုင်မှုများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် K

အသည်း တွင်း ရှိ သွေးခဲသည့် အရာများကို ထုတ်လုပ်ရာ တွင် အသုံး ပြုသည်။ သွေး ပျော်စေသည့် အစားအစာများ သို့မဟုတ် ဆေးများ ၏ သက်ရောက်မှုကို ပိတ်ပင် တားဆီး သည်။ ဗီတာမင် E ကို အူမကြီး အတွင်းရှိ ဘက်တီးရီးယား များက ထုတ်လုပ် ပေး ပါသည်။ ချို့တဲ့ပါက သွေးထွက် လွယ်ကူခြင်း၊ ကိုယ်ဝန်ဆောင် တွင် ချို့တဲ့ပါက မွေးခါစ ကလေးတွင် သွေးထွက် လွန်သည့် ရောဂါ ရနိုင် ပါသည်။

၂။ သတ္တဓါတ်များ

သတ္တုဓါတ်အားလုံးသည် မရှိမဖြစ်လိုအပ်ပြီး ထုံးဓါတ်နှင့် သံဓါတ် နှစ်ခုမှလွဲ၍ တခြားသော သတ္တုဓါတ်များသည် အစာ ကောင်းစွာ စား နိုင်သူ များအတွက် သာမာန် အားဖြင့် ချို့တဲ့မှု နည်းပါး ပါသည်။ သံဓါတ်နှင့် ထုံးဓါတ် နှစ်ခုသာ ချို့တဲ့မှုများပြီး တခြားသော သတ္တုဓါတ် များကို ၀မ်း သွားခြင်း၊ သွေးထွက် လွန်ခြင်းနှင့် အန်များခြင်း စသည့် ရုတ်တရက် ရောဂါ တခုခု ၀င်ရောက် လာမှသာ ဖြစ်လေ့ ရှိပါသည်။

ထုံးဓါတ် (Calcium)

ထုံးဓါတ် သည် အရိုး နှင့် သွား ပုံမှန်ဖွံ့ဖြိုးရန်အတွက် အထူး အရေးကြီးပါသည်။ ထို့အပြင် နှလုံး ကြွက်သားနှင့် အာရုံကြော စနစ် လုပ်ငန်း လုပ်ဆောင် ရာတွင် ပါဝင်ခြင်း၊ သွေးကို အဆင့်ဆင့် ပြုပြင်ရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဟော်မုန်းများနှင့် အာရုံကြော ဖြန့်ကျက်သည့် အစိတ်အပိုင်း များကို သိုလှောင် ပေးခြင်းနှင့် ထုတ်ပေးခြင်း၊ ဗီတာမင် B12 ကို စုပ်ယူရာတွင် အကူအညီ ပေးခြင်း စသည် တို့အတွက် ကယ်လ်စီယံကို မရှိမဖြစ် လိုအပ်ပါသည်။ နို့ထွက် ပစ္စည်းများနှင့် အသား ငါးများတွင် အများဆုံး ရနိုင်ပါသည်။

သံဓါတ် (Iron)

ခန္ဓာကိုယ် ထဲရှိ အောက်စီဂျင် သယ်ဆောင် ပေးနေသည့် ဟီမို ဂလိုဘင် အသွင်ဖြင့် အသုံးပြုပါသည်။ ၎င်း ကို အသား၊ အသည်းနှင့် အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက် များတွင် အများဆုံး တွေ့ရပါသည်။

Magnesium

အင်ဇိုင်း များ၏ လုပ်ငန်းစဉ်၊ စားသုံး၍ ပိုလျှံသော ဂလူးကို့စ်ကို အသည်းထဲ၌ သိမ်းထားရန် ဂလိုင်ကိုဂျင် အဖြစ် ပြောင်းခြင်း၊ အသားဓါတ် နှင့် DNA များ ထုတ်လုပ်ခြင်း၊ အာရုံကြောအတွင်း ဓါဓုဗေဒ ဓါတ်ပေါင်းများ ပြန့်နှံ့စေခြင်း၊ သွေးကို မခဲအောင် ပြုလုပ်ခြင်း ထုံးဓါတ် သကဲ့သို့ အရိုးများအား သတ္တုဓါတ် ဖြည့်ပေးခြင်း တို့အတွက် မဂ္ဂနီစီယံကို မရှိမဖြစ် လိုအပ်သည်။ နို့ထွက် ပစ္စည်းများ၊ အသားငါးနှင့် အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များတွင် အများဆုံး ရနိုင်ပါသည်။

Phosphate

အရိုးထဲတွင် အများဆုံး တွေ့ရပြီး ကြွက်သား အပျော့များ ထဲတွင်လည်း အနည်းငယ် တွေ့ရသည်။ ခန္ဓာကိုယ် အတွက် စွမ်းအင် သိုလှောင်ခြင်း နှင့် သယ်ဆောင်ခြင်း။ ဗီတာမင် ဘီ အသုံးပြုရာတွင် ကူညီခြင်း၊ ကျောက်ကပ်မှ ဟိုက်ဒရိုဂျင် စစ်ထုတ် ရာတွင် အကူ ပစ္စည်းအဖြစ် အသုံးပြုခြင်း စသည့် တို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။

Sodium and Potassum

Sodium (ဆားဓါတ်) သည် ဆဲ အပြင်ဘက်ရှိ အဓိက သတ္တုဓါတ်ဖြစ်ပြီး Potassium သည် ဆဲ အတွင်းရှိ အဓိက သတ္တု ဖြစ်သည်။ ၎င်းတို့ နှစ်ခုတွဲ၍ နာ့ဗ်ကြော စနစ်၏ လျှပ်စစ် စီးဖြန်းမှု Action potential ကို ထိန်းပေးပြီး ဆဲအတွင်း Sodium ပါဝင်မှု (0.9g/L) ပုံမှန် ဖြစ်အောင် အရည်၏ မျှခြေကို ထိန်းပေး သည်။ ၎င်းတို့နှစ်ခု ဆဲလ်အတွင်းအပြင် ဟန်ချက်ညီညီ လုပ်ဆောင်၍ ကြွက်သားကို ကျုံ့စေခြင်း ဖြင့် နှလုံး၊ ကျောက်ကပ် စသည်တို့ကို ပုံမှန် အလုပ်လုပ် စေပါသည်။ Sodium သည် ဘိုင်ကာဗွန်နိတ်နှင့် ပေါင်း၍ လည်း ခန္ဓာကိုယ် တွင် ရေ၊ အက်ဆစ်၊ ဘေ့စ်နှင့် သွေးထဲ သွေးရည်ကြည် (Plasma) ပါဝင်မှု ပမာဏတို့ကို ထိန်းညှိ ပေးပါသည်။ နေ့စဉ် ပေါင်းခံရေ မှလွဲပြီး နေ့စဉ် စားသုံး နေသည့် အဟာရတိုင်းတွင် ဆားဓါတ် ပါဝင်ပြီးဖြစ်၍ ဆားကို သီးသန့် ထပ်ဖြည့် စားရန် မလိုပါ။ ဆားကို ချက်ပြုတ် ရာတွင် ဆားကို ဖြည့်စွက် အသုံးပြု နေခြင်းမှာ အရသာ အတွက်သာ ဖြစ်ပါသည်။

Zinc (သွပ်ဓါတ်)

သွပ်ဓါတ်သည် အနာကျက် လွယ်စေခြင်း၊ အသားဓါတ် ထုတ်လုပ်ခြင်း၊ ဗီတာမင် A ရွှေ့လျားရာတွင် အကူအညီ ပေးခြင်း၊ ပုံမှန် အရေပြား လုပ်ငန်းစဉ် အတွက် လိုအပ်သော အင်ဇိုင်းနှင့် ဓါတ်ပြုခြင်း၊ အစားအစာ များ၏ အရသာနှင့် အနံ့ကို နဂို အတိုင်း ဖြစ်အောင် ထိန်းပေး ခြင်းနှင့် ခုခံအား လုပ်ဆောင်ချက် များအတွက် အကူအညီ ပေးသည်။ ချို့တဲ့မှု အဖြစ်နည်းပြီး ဖြစ်ပါက အရေပြား၊ အစာမြိုပြွန်၊ မျက်ကြည်လွှာ ရောဂါများ၊ ကလေးများ တွင် ကြီးထွားမှု နှေးကွေး စေခြင်းများ ဖြစ်နိုင်ပါသည်။

Ref: Public Health in Myanmar

သွေးအား ကောင်းလိုသူတို့အတွက် အပင်ထွက် အာဟာရ

သွေးအား နည်းတတ်သူတွေ၊ အထူးသဖြင့် လစဉ် ဓမ္မတာ ရာသီသွေး ဆင်းနေတဲ့ အမျိုး
သမီးတွေအနေနဲ့ သွေးအား ကောင်းစေဖို့အတွက် စားသင့်တဲ့ သဘာဝ အပင်ထွက် အစား
အစာတွေကို မီးဖိုချောင်ထဲမှာ တွေ့ရှိနိုင်ပါတယ်။

စပျစ်သီး

စပျစ်သီးမှာ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓါတ်၊ ဗီတာမင် အများအပြားနဲ့ အမိုင်နိုအက်စက်


တို့ ပါဝင်မှုများတာကြောင့် အသက်ကြီးသူ၊ အမျိုးသမီးတွေနဲ့ သွေးအားနည်းရောဂါ ရှိသူတွေ
အတွက် အကောင်းဆုံး အားဆေးတလက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ စပျစ်
သီး စားတာကြောင့် သန္ဓေသားဆီကို အာဟာရ ရောက်ရှိမှု ကောင်းစေရုံသာမက အသားအရေ စိုပြည်နီမြန်းစေပါတယ်။

ရွှေဖရုံသီး

ရွှေဖရုံသီးမှာ အပင်ထွက် ပရိုတင်း၊ ကာရိုတင်း၊ ဗီတာမင်တွေ၊ မရှိမဖြစ် အမိုင်နိုအက်စစ်၊ ကယ်လ်


စီယမ်၊ ဇင့် (သွပ်)၊ သံဓါတ်ကိုတော့ ဖော့စ်ဖရပ်စ် စတာတွေ အများအပြား ပါဝင်ပါတယ်။ ကိုဘော့
ဟာ ဗီတာမင် B12 ဖြစ်ပေါ်စေတဲ့ အဓိက ဒြပ်စင်တမျိုး ဖြစ်တာကြောင့် သွေးနီဥတွေရဲ့ ပုံမှန် လုပ် ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဇင့် (သွပ်) ဓါတ်ဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာအ
ပေါ် တိုက်ရိုက် သက်ရောက်မှုရှိပြီး သံဓါတ်ကတော့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ ဒြင်စင်တစ်မျိုး အနေနဲ့ ဆောင်ရွက်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ကာရိုတင်း ပါဝင်မှုများပြီး သွေးအားကောင်းစေတာကြောင့် ဂျင်ဆင်းလို့


တောင် ဂျပန်လူမျိုးတွေက တင်စား ခေါ်ဝေါ်ကြပါတယ်။ မုန်လာဥနီ စွပ်ပြုတ်ကို လူအများ
စုက စားလေ့ရှိသလို မုန်လာဥနီကို ဖျော်ရည်ဖျော်ပြီးလည်း သောက်သုံး နိုင်ပါတယ်။

ကြံရိုး

ကြံရိုးမှာ သံဓါတ်၊ ဇင့် (သွပ်)၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနိစ်ဓါတ်တွေ ပါဝင်မှု မြင့်မား တာကြောင့် သွေးအား ကောင်းစေပါတယ်။

အနီရောင် စွန်ပလွံသီး

အနီရောင် စွန်ပလွံသီးမှာ ဗီတာမင်တွေ၊ ဖရက်တို့စ်နဲ့ အမိုင်နိုင်အက်စစ် အမျိုးမျိုး ပါဝင်ပါတယ်။ တရုတ်ဆေးပညာ အယူအဆအရ အနီရောင် စွန်ပလွံသီးမှာ အနွေးဓါတ် ရှိတယ်လို့ ယုံကြည် တာကြောင့် သွေးအားကောင်းစေသလို သွေးလှည့်ပတ်မှု ကောင်းစေတယ်လို့ ဆိုပါတယ်။ အနီ


ရောင် စွန်ပလွံသီးမှာ သွေးထဲက သွေးနီဥတွေကို အားကောင်းစေတဲ့ ဒြပ်တွေ ပါဝင်တဲ့အပြင်
ရိုးတွင်းခြင်ဆီ လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။

ပဲမည်း

ပဲမည်းဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိပါတယ်။ ပဲမည်းမှာ ပရိုတင်းဓါတ် ပါဝင်မှုများပြီး ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် ပဲမည်းစားရင် သွေးအားကောင်းစေသလို ဆံကေသာ


ကို မည်းနက်တောက်ပြောင် စေပါတယ်။


BY GOOD HEALTH

ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသ အချို့သို့ ကုလ အထူးအကြံပေး သွားရောက် မည်

မြန်မာနိုင်ငံသို့ သြဂုတ်လ ၂၅ ရက်နေ့တွင် ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားသည် ပဋိပက္ခများဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့ အပါအဝင် အခြား ဒေသများသို့ သွားရောက်မည် ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက The Voice သို့ ပြောကြားသည်။

“၂၉ ရက်နေ့မှာ မိတ္ထီလာ သွားမယ်။ တခြားပဋိပက္ခဖြစ်တဲ့ နေရာတွေ ကိုလည်း သွားဖို့စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီးဆင်းရဲ နွမ်းပါးမှု
လျှော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကုလသမဂ္ဂအနေနှင့် အသိအမှတ်ပြု ပါကြောင်း မစ္စတာနမ်ဘီးယားက သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ၌အစိုးရအဖွဲ့တာဝန်ရှိသူ
များနှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များ တွေ့ဆုံစဉ် ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ စတင် ဆောင်ရွက်ခဲ့သည့် ဗီဂျေနမ်ဘီးယားသည် မေလအတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီး ကချင်ပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခဲ့သည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား သည် မြန်မာနိုင်ငံသို့ ဆယ်ရက်ကြာ လာရောက်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း သြဂုတ်လ ၁၉ ရက်နေ့တွင် မိတ္ထီလာမြို့သို့ သွားရောက်စဉ် ဒေသခံများ၏ ဝိုင်းဝန်း ဆန္ဒပြမှု ကြုံတွေ့ခဲ့ရသည်။

ယင်းအပေါ် အစိုးရက လုံခြုံရေး တာဝန်ယူရန် ပျက်ကွက်ခဲ့ကြောင်း မစ္စတာ ကင်တားနားက ဝေဖန်ခဲ့သဖြင့် မြန်မာ အစိုးရက ကင်တားနား၏ ပြောကြားချက်များမှာ မဟုတ်မှန်ကြောင်း ပြန်လည် ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ရှစ်လေးလုံးငွေရတုကြေညာစာတမ်းပါ အချက်သုံးချက်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းမည်

Monday, August 26, 2013

ရှစ်လေး လုံး ငွေရတုအခမ်းအနားမှ ထုတ် ပြန်ခဲ့သည့် ကြေညာစာတမ်းပါ အချက်သုံးချက်ကို ဆက်လက် အကောင်အထည်ဖော်ရန် လုပ် ငန်းကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ သိရသည်။
ယင်းလုပ်ငန်းကော်မတီ ဖွဲ့ စည်းနိုင်ရေးအတွက် ငွေရတုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်း ဝန်းလုပ်ဆောင်ခဲ့သည့် အဖွဲ့များ အားလုံးနှင့် တစ်သီးပုဂ္ဂလတို့အား ဖိတ်ကြား၍ စုံညီကော်မတီအ စည်းအဝေးခေါ်ယူကျင်းပရန် ဩဂုတ် ၂၄ရက်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်) ရုံးခန်းတွင်ပြုလုပ် သည့် ငွေရတုအခမ်းအနားကျင်းပ ရေးဆပ်ကော်မတီအသီးသီး၏ ဒုတိယအကြိမ် စုံညီအစည်းအ ဝေးမှ သဘောတူခဲ့ကြောင်းလည်း သိရသည်။

ရှစ်လေးလုံးငွေရတုအခမ်း အနားကျင်းပရေးလုပ်ငန်းကော် မတီဝင် ၈၈မျိုးဆက် ဦးမြအေး က ''ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ၂၂ဖွဲ့က ရှိပြီးသားပါ။ ဒီအဖွဲ့တွေ ပြန်စုပြီး ဆွေးနွေးသွားဖို့ပါ။ အရင် ဆုံး ငွေရတုလုပ်ငန်းကော်မတီ တွေ ဆပ်ကော်မတီကို ဖျက်သိမ်း ရမယ်။ ငွေရတုကလဲ ပြီးသွားပြီ ဆိုတော့။ ပြီးသွားရင် ကြေညာ ချက်သုံးချက်ကို အကောင်အ ထည်ဖော်ဖို့ လုပ်ငန်းကော်မတီ ကို သတ်သတ်ဖွဲ့ရမယ်။ ဩဂုတ် ၃၁ရက်မှာ အဖွဲ့တွေ စုံညီအစည်း ဝေးခေါ်ပြီး အကောင်အထည် ဖော်မယ့်လုပ်ငန်းကော်မတီဖွဲ့ဖို့ ဆွေးနွေးသွားမယ့်သဘောပါ''ဟု ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြောသည်။

ဩဂုတ် ၆၊ ၇၊ ၈ ရက်များ တွင်ကျင်းပသည့် ရှစ်လေးလုံးငွေ ရတုအခမ်းအနားမှ ကိုယ့်ကြမ္မာ ကို ပြဋ္ဌာန်းခွင့်ရှိပြီး တန်းတူညီမျှ မှုရှိသည့် ဒီမိုကရက်တစ် ဖက်ဒ ရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရန်အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမို ကရက်တစ် ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံတော်သစ် ဖော်ဆောင်ပေး နိုင်ခြင်းမရှိ၍ ပြောင်းလဲရေးဆွဲ ရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရန်နှင့် အထက်ပါအချက် များကို ဖော်ဆောင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဦးတည်သော အမျိုးသားအင်အားစုအားလုံး ပါဝင်သည့်ညီလာခံတစ်ရပ် ကျင်းပ ရန်လိုအပ်သည်ဟုခံယူကြောင်း အစရှိသည့် ကြေညာချက်သုံး ချက်ကို တိုင်းရင်းသားအင်အားစု များ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်း ညီညွတ် စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

Related Posts Plugin for WordPress, Blogger...