Monday, August 26, 2013

ဘဝဆိုတာ ပျော်ရွှင်မှု ရှိသလို နာကျင်စရာနောင်တတွေလည်း ရှိမှာပါဘဲ


နောင်တ
ကိုယ်ကျေကျေနပ်နပ် နောင်တရသည်ဖြစ်စေ
ကိုယ် မတော်တဆ နောင်တရသည်ဖြစ်စေ
ကိုယ် ဒေါသကြောင့် နောင်တရသည်ဖြစ်စေ

အရင်ဆုံး ကိုယ့်စိတ်ကိုစမ်းစစ်ကြည့်ပါ
ကိုယ့်နောင်ရေးအတွက် လှေကားအဖြစ်တတ်လို့ ရမယ့် သင်ခန်းစာနောင်တဆိုရင် အမြဲ အမှတ်ရပေးပါ

ဒါမှမဟုတ်ဘူးဆိုရင်တော့ တတ်နိုင်ရင် အားလုံးကိုခဝါချပြီးထားခဲ့ပါ

ဘဝ ဆိုတာ Facebook နဲ့  တူတယ်ဆိုရင်
နောင်တ ဆိုတာ ကိုယ့်Facebook ရဲ့ status လေးတခုပါဘဲ

လူတိုင်းကတော့ ကိုယ့်ဘဝ Facebook Timeline လေးကို
သူတို့ သဘောကျ စိတ်ကြိုက် လာလေ့လာကြမှာဘဲလေ...

နောင်တဆိုတဲ့ Status ကို မမေ့မလျော့ဘဲကိုယ့်ဘဝ Page ရဲ့  Pin to Top ထားတယ်ဆိုရင်တော့ လူတိုင်း ကိုယ့်ရဲ့ နောင်တကို မြင်နေရမှာပါ

နောင်တကို ဖြစ်တဲ့နေရာမှာဘဲထားပြီး အမှားပြင်ဆင်မယ်ဆိုရင်တော့
အဲဒီနောင်တ status လေးက တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝရဲ့ အောက်ခြေကိုအလိုအလျောက်ရောက်သွားမှာပါ

အောက်ခြေကို ရောက်နေတဲ့ သင့် status နောင်တကို ပြန်ဖော်မယ့်သူဆိုလို့  လူ ၃ယောက်ဘဲ ရှိပါတယ်

(၁) သင့်ကို မလိုမုန်းတီးတဲ့သူ
(၂) သင့်ကိုအရင်ချစ်ပြီး သင့်ဘဝမှာ သူဖြေသိမ့်စရာ ဘာများရှိမလဲဆိုပြီး အမြဲစိတ်ပူတတ်သူ နဲ့ 
(၃) သင် ကိုယ်တိုင်ပါဘဲ

ပြင်ပြန်လို့ မရတဲ့နောင်တမှာ စိတ်ညစ်ဝမ်းနည်းနေမယ့်အစား ရှေ့ လာမယ့်အနာဂတ်ကို ဘယ်လိုကြိုးစားရမယ်ဆိုတာ ပိုအဓိပ္ပာယ်ရှိပါတယ်~~~


( ဇင် နှင်း )

2 comments:

This comment has been removed by the author.

Copy လိုက်​ပြီ

Post a Comment

Related Posts Plugin for WordPress, Blogger...