Monday, August 26, 2013

ငြိမ်းချမ်းရေးသည် အရာအားလုံးထက်မြတ်နိုးစရာအကောင်းဆုံးဟု မြောက်ကိုရီးယားဆို


မြောက်ကိုရီးယားထိပ်တန်း စစ်ဖက်အရာရှိတစ်ဦးက မိမိတို့ က စစ်ကိုအလိုမရှိကြောင်း၊ ငြိမ်း ချမ်းရေးကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ ဤသို့ပြော ကြားမှုကို နှစ်နိုင်ငံအကြား သုံး နှစ်အတွင်း မိသားစုများပြန်လည် တွေ့ဆုံမှုအတွက် လက်မှတ်မထိုး မီပြောကြားလိုက်ခြင်းဖြစ်သည်။

လများစွာတင်းမာမှုများ ဖြစ်ပေါ်နေခဲ့ပြီးနောက် သော ကြာနေ့က နောက်လတွင် မိသား စုများတွေ့ဆုံကြရန် သဘောတူ ညီခဲ့ကြသည်။ မြောက်ကိုရီးယားက ပူးတွဲစီးပွားရေးဇုန်ပြန်လည်ဖွင့် လှစ်ရန်လည်း အကြုံပြုခဲ့သည်။

''ငြိမ်းချမ်းရေးဟာ အရာ ရာတွေထက် ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပြည်သူတွေ လူနေမှု အဆင့်မြင့်ဖို့နဲ့ စီးပွားရေးအင် အားတောင့်တင်းဖို့ကိစ္စဟာ ကျွန် တော်တို့ရဲ့ရည်မှန်းချက်ပါ''ဟု ကိုရီးယားပြည်သူ့တပ်မတော် ဒု တိယကာကွယ်ရေးဦးစီးချုပ် ချိုရီယောင်ဟဲက စနေနေ့တွင် ပြုံယမ်းမြို့၌ပြုလုပ်သည့် နိုင်ငံ ရေးအစည်းအဝေး၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

ကိုရီးယားများသည် စစ်မ လိုလားကြောင်း၊ ညီအစ်ကို မောင် နှမသတ်ဖြတ်သည့်စစ်ကို ရှောင် လွှဲကာ နှစ်နိုင်ငံငြိမ်းချမ်းစွာပြန် လည်ပေါင်းစည်းရေးကို တစ်စုံ တစ်ရာအနစ်နာခံ၍လုပ်ရမည် ဖြစ်ကြောင်း ချိုကပြောခဲ့သည်။

ကွန်မြူနစ်နိုင်ငံက စစ်ပွဲအ သစ်ဖြစ်ပွားမှုကို ကိုရီးယားကျွန်း ဆွယ်၌တားဆီးသွားရမှာဖြစ်သ လို ကမ္ဘာ့တခြားဒေသများနှင့် လည်း ရင်းနှီးစွာဆက်ဆံသွားရ မည်ဟု ၎င်းကပြောကြားသွားခဲ့ သည်။
မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်၍ တောင် ကိုရီးယားနှင့် အမေရိကန်တို့အား ခြိမ်းခြောက်ခဲ့ပြီးနောက် မကြာမီ ကမှ အဆောတလျင်ပြန်လည် သင့်မြတ်မှုကို ပြုလုပ်လာခဲ့သည်။

Yangon Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...