မြစ်ကြီးနား ၊ ၂၆-၈-၂၀၁၃
ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် စီမံချက်များနှင့် အညီ နိုင်ငံ တစ်ဝန်း အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် များ၌ အိုင်အိုဒင်း ချို့တဲ့ရောဂါ ကာကွယ်ရေး ရက်သတ္တပတ် လှုပ်ရှားမှုကို အရှိန်အဟုန် မြှင့်ဆောင်ရွက် လျက်ရှိရာ သြဂုတ်လ ၂၃ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက် မြို့မဈေး (၁) ၊ ဈေး(၂) နှင့် ရေစင်ဝင်းဈေး အတွင်း အိုင်အိုဒင်းဆား ရောင်းချမှု အရည်အသွေး လိုက်လံ စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အိုင်အိုဒင်းဆား အရည်အသွေး စစ်ဆေးရာတွင် မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး နှင့် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်မိုးနီနီလွင် နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ မင်းဌေးနှင့် ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့ ဈေးခေါင်းရုံး ဝန်ထမ်းများ ၊ ဈေးကြီးကြပ်ရေး ကော်မတီဝင်များ ၊ အင်အား(၄ဝ) ကျော် ပူးပေါင်း၍ အဖွဲ့ ငယ်(၃)ဖွဲ့ခွဲကာ အိုင်အိုဒင်းဆား ရောင်းချသည့် အရောင်းဆိုင် (၈ဝ)ကျော်သို့ သွားရောက်ကာ အရည်အသွေး ပြည့်မီသော အိုင်အိုဒင်းဆား ရောင်းချရေးနှင့် အိုင်အိုဒင်း ဓာတ်ပါဝင်မှု များကို လက်တွေ့ စစ်ဆေးခဲ့ ကြကြောင်း သိရှိရသည်။
0 comments:
Post a Comment