Saturday, September 7, 2013

မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား






နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်

မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာသာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူး

NTM။ နန်းနန်းအနေနဲ့ ပထမဆုံးပြောချင်တာ နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူးဆိုတာပါ။ ပြီးတော့ အဲဒီဥပဒေထဲက အချက်တွေကိုလည်း အများကြီးမဖတ်ဖူးပါဘူး။ ဒါပေမယ့် အဲလိုမျိုးကန့် သတ်မှုတွေရှိနေတာမျိုးကြီးတွေ မနှစ်သက်ပါဘူး။ လူကိုလူလို့ ပဲမြင်ပါတယ်။ ဥူးဝီရသူကိုလည်း သံဃာတစ်ပါးအနေနဲ့ ရှုမြင်ဖို့ နန်းနန်းနည်းနည်းတွေဝေမိပါတယ်။ ဘုရားရှင်ရဲ့ သားတော်တစ်ပါးကို ဝေဖန်ဖို့ လည်း နန်းနန်းဘုရားကိုကြောက်ပါသေးတယ်ရှင့်။

မေး။ Miss International ဖြစ်တဲ့ နန်းခင်ဇေယျာအနေနဲ့ လည်း ၉၆၉ကို လက်မခံဘူးလို့ ပြောခဲ့တယ်နော်။ ဒါနဲ့ ပတ်သတ်ပြီးရော?

NTM။ ဟုတ်ကဲ့။ မမနန်းခင်က နန်းနန်းလေးစားရတဲ့ လူတစ်ယောက်ပါ။ သူ့ ရဲ့ လုပ်ရပ်မှန်ကန်လိမ့်မယ်လို့ နန်းနန်းအကြွင်းမဲ့ယုံကြည်ပါတယ်။ သူ့ ကိုလည်း ၉၆၉မှာအသုံးချဖို့ ချဉ်းကပ်ခဲ့တယ်လို့ လဲ ထုတ်ဖော်ပြီး ပြောခဲ့ပါတယ်။ နန်းကိုလည်း အခုလာပြောတဲ့လူတွေရှိပါတယ်။ ၉၆၉ကဘယ်လိုကောင်းပါတယ်ဆိုပြီး ပရိုမိုရှင်းလာလုပ်တဲ့လူတွေရှိတယ်။ ၉၆၉ က အကြမ်းမဖက်ဘူးလို့ လဲပြောသေးတယ်၊ အတင်းအဓမ္မ အကြမ်းဖက်ပြီးလက်ခံခိုင်းနေတယ်။ နန်းနန်းတို့ ကပွင့်လင်းသူတွေပါ။ ကိုယ်ကြိုက်တဲ့လမ်းကိုလျှောက်မှာပဲ။ အတင်းလာပြောလို့ လဲလက်ခံလိုက်မယ့် လူစားမျိုးထဲမှာ နန်းနန်းမပါဘူး။

မေး။ အခုလို မျိုးစောင့်ဥပဒေထဲမှာ လက်ထပ်ဖို့ အတွက် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး ကန့် သတ်ထားတာနဲ့ ရောဘာပြောလိုပါသလဲ

NTM။ နန်းနန်းတို့ ကဟောလီးဝုဒ်ထိ ထိုးဖောက်ဖို့ ရည်ရွယ်ထားတာ။ ဒီလို အတွေးခေါင်လို့ မရဘူး၊ ခရစ်ယာန်နဲ့လည်းဆက်ဆံရမယ်၊ အစ္စလာမ်နဲ့ လည်း ဆက်ဆံရမယ်၊ လူဖြူလူမည်းအကုန်လုံးနဲ့ ဆက်ဆံရမှာပါ။
နိုင်ငံတကာက ဖက်ရှင်မင်းသားတွေလာရင်လည်း ကူးလူးဆက်ဆံရတာတွေရှိလာမယ်။ လက်ထပ်ဖို့ ဆိုတာကတော့ နောက်ထားပါ။ ဥပဒေရဲ့  ရည်ရွယ်ချက်ကိုက မရိုးသားဘူးလို့ နန်းနန်းပွင့်ပွင့်လင်းလင်းပြောပါရစေ။ နန်းနိုင်ငံရေး အရမ်းမသိပေမယ့် ဒီလောက်ကတော့သဘောပေါက်ပါတယ်ရှင့်။
နန်းနန်းလေးစားရတဲ့ ဦးကျော်သူ၊ မမနန်းခင်ဇေယျာ၊ ကိုနေတိုးတို့ ကလည်း ပြတ်ပြတ်သားသားပြောပြီးသားမို့ နန်းနန်းလည်း သူတို့ နဲ့ ထပ်တူပါပဲ။ နန်းနန်းအဲ့ဒီအမျိုးစောင့်ဥပဒေကြီးကို စိတ်မ၀င်စားသလို လက်လည်းမခံနိုင်ပါဘူး၊ နန်းနန်းလျှောက်တဲ့ အနုပညာလမ်းကို နိုင်ငံရေးလုပ်ကြံသူတွေအနေနဲ့ မပိတ်ဆို့ စေချင်ပါဘူး။

မေး။ ဟုတ်ပြီ၊ ညီမလေးရေ။နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးရှိရင်ရော
ပြောပါဦး၊ ပရိသတ်ကိုရော ဘာများပြောချင်သေးလည်း?

NTM။ နိုင်ငံရေးသမားတွေအနေနဲ့ လည်း အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး လက်ရှိအနုပညာလောကကို ခေတ်နောက်ပြန်ဆွဲဖို့ မကျိုးစားပါနဲ့ လို့ ။
နန်းနန်းကိုချစ်တဲ့ပရိသတ်ကိုလည်း နန်းနန်းကအရမ်းချစ်ပါတယ်လို့ ၊ နန်းနန်းရဲ့ ပရိသတ်ကြီး ကျန်းမာကိုယ်စိတ်မြဲပါစေလို့ ၊ လူမျိုးရေး ဘာသာရေး အရောင်တွေ မစွန်းထင်းကြပါစေနဲ့ လို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။

မေး။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

NTM။ ဟုတ်ကဲ့။ နန်းနန်းကလည်း အကိုတို့ ဂျာနယ်ကို အထူးကျေးဇူးတင်ပါတယ်။


နေ့စဉ်သုံးအင်္ဂလိပ်စကားလုံးတွဲများအပိုင်း (၄)



အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ (Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။ I didn't mean to + (verb) -မရည်ရွယ်ခဲ့ပါဘူး
တစ်စုံတစ်ယောက်ကိုစိတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်းမရည်ရွယ်ဘဲထိခိုက် ဝမ်းနည်းစေသောပုံစံမျိုးတွင် အဆိုပါ ပုံစံကိုအသုံးပြုနိုင်ပါသည်။

ဥပမာ - - I didn't mean to hurt your feelings. မင်းရဲ့ ခံစားချက်ကိုထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။ - I didn't mean to call you so late. မင်းကိုနောက်ကျပြီးမှ ဖုံးဆက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ - I didn't mean to lie about what happened. ဘာတွေဖြစ်ခဲ့တယ်ဆိုတာမင်းကိုလိမ်ပြောဖို့ မရည်ရွယ်ခဲ့ပါဘူး။ - I didn't mean to embarrass you. မင်းကိုအခက်တွေ့ဖို့၊ ရှက်ကိုးရှက်ကန်း ဖြစ်သွားစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ - I didn't mean to stay out so late. မင်းကိုအပြင်မှာတော်တော် နောက်ကျတဲ့ နေဖို့ မရည်ရွယ်ခဲ့ပါဘူး။ - I did not mean to cause trouble. ပြဿနာဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။

I don't have time to + (verb) - အချိန်မရဘူး၊ အချိန်မရှိဘူး။ ကိစ္စတစ်ခု၊ အကြောင်းအရာတစ်ခုခုအတွက် ပြုလုပ်ရန် အချိန်မရသည့်အခါ၊ အချိန်မရှိသည့် အတွက် ပြောပြသည့် ပုံစံမျိုးတွင် အသုံးပြုနိုင်ပါသည်။
ဥပမာ - - I don't have time to explain. ရှင်းပြနေဖို့ အချိန်မရှိဘူး။
- I don't have time to eat. စားဖို့တောင် အချိန်မရဘူး။
- I don't have time to exercise. လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရဘူး။
- I don't have time to watch my favorite TV show. ကျွန်တော့် အကြိုက် တီဗွီအစီအစဉ် ကြည့်ဖို့တောင် အချိန်မရဘူး။
I promise not to + (verb) - မ ____ ဘူးလို့ကတိပေးပါတယ်။
တစ်စုံတစ်ခုနှင့် ပတ်သက်၍ဖြစ်စေ၊ တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ဖြစ်စေ၊ မလုပ်ပါ မပြောပါ မသွားပါ စသည်ဖြင့် ကတိပေးသည့် ပုံစံတွင် အသုံးပြုနိုင်ပါသည်။
ဥပမာ - - I promise not to tell. မပြောဘူးလို့ ကတိပေးပါတယ်။
- I promise not to go without you. မင်းမပါဘဲဘယ်မှ မသွားပါဘူးလို့ ကတိပေးပါတယ်။ -
I promise not to be so late. နောက်မကျပါဘူးလို့ ကတိပေးပါတယ်။
- I promise not to hurt your feelings. မင်းစိတ် မထိခိုက်စေရပါဘူးလို့ ကတိပေးပါတယ်။
- I promise not to wake you up. မင်းကိုမနိုးပါဘူးလို့ ကတိပေးပါတယ်။ “အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ

…………………” အောင်ကိုဦး(UMK)

Baby Maung ရဲ့ အလှအပများကို ခံစားရအောင်

 
 

 


 




 


 

 




 

 

 

 

 

 


 





စာနယ်ဇင်းကောင်စီ(ယာယီ) ဘာနဲ့ ထမင်းစားလဲ



တစ်လောက စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတ ကြီးက သိန်း၅၀၀ လှူဒါန်း ဆိုပြီး ထွက်
လာတယ်။ အဲ့ဒီမှာ သတင်းတွေ က ရှုပ်ကုန်ကြတယ်။ တဖက်ပိတ်တွေး တဲ့ သူတွေရဲ့  ဂွင် ထဲ
ရောက် သွားတယ်လို့ ပဲပြောရ မလားပဲ။ အကုန်လုံးကို စုံနေအောင်ရေးကြ ၊ပြောကြနဲ့  ရှုပ်နေ
တာပဲ။ အဲဒီမှာ သေချာအောင်ရှင်း ထားတာ ကတော့ သမ္မတကြီးရဲ့ ကိုယ်ပိုင်ငွေ ထဲ က လှူတာ
မဟုတ်ဘဲ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ လိုအပ်နေတဲ့ အခက်အခဲတွေ ကိုေ အာင်ြ မင်အောင်
ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်ပိုင် ဘတ်ဂျက်ငွေတွေ ထဲက လှူဒါန်းခြင်းဖြစ်တယ် ဆိုတာ ပါပဲ။
အဲ့ဒီလိုကိုယ် ထင်ရာဆွဲတွေး တတ် တဲ့ လူတွေ ထဲမှာလဲ နိုင်ငံရေး ဂုရု ဆိုသူတွေကော၊ စာရေး
ဆရာဆိုသူတွေပါပါလာတာတွေ့ ရတယ်။ နောက်ပြီးသမ္မတကြီးလှူလိုက်တဲ့ ငွေကို လက်ခံခဲ့တဲ့
စာနယ်ဇင်းကောင်စီ (ယာယီ) ကိုပါဝေဖန်မှုတွေပြုလုပ်နေကြတာတွေ့ ရတယ်။

အဲ့ဒီလိုဝေဖန်မှုတွေ ပြုလုပ်နေတဲ့ ဂရုကြီးတွေကို တချက်လောက် မေးစမ်း ကြည့် ချင်ပါသည်။
၈၈မျိုးဆက် ဆိုသော အဖွဲ့ ကော ဘာအလုပ်တွေ လုပ်ကိုင် စားသောက်ပြီး နိုင်ငံရေး လုပ်နေ
ကြသလဲဆိုတာပါပဲ။အစိုးရနှင့် ပြေလည်သော အဖွဲ့ များကို ခလောက် ဆန်နေကြသော ပုဂ္ဂိုလ်
ကျော်ကြီးများကိုလဲ နားမလည်နိုင်အောင်ဖြစ်မိပါသည်။ ယခုအချိန်ကာလသည် နေရာ တကာ
မှာအမျိုးမျိုးလိုက်လံဝေဖန်မည့်အစား မိမိတို့ ရည်မှန်းချက်၊ ဦးတည်ချက်ကို တစ်စည်း တစ်လုံး
တည်းလျှောက်လှမ်းရမည့် အချိန်ဖြစ်ပါသည်။နေရာတကာကန့်လိုက်တိုက်ကာအဖျက်သဘော
မျိုးပြုလုပ်နေကြလျှင်ဖြင့် တိုင်းပြည်၏ အနာဂတ်အတွက် ရင်လေးစရာပင်ဖြစ်ပါသည်။

၈၈ ကျောင်းသား သုံးဦး ပေါင်းပြီး ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင် သော ဂစ်တာ တစ်လုံး ကို ကျပ်သိန်းပေါင်း ၅၈၈ သိန်း ဖြင့် Sky Net ရုပ်သံလိုင်းမှ အထွေထွေ မန်နေဂျာ ဦးဝင်းနို င် က ၀ယ်ယူခဲ့ပြီး ဂီတပညာရှင် အယောက် ၈ဝ ၏ဖြေဖျော်မှု၊ ၈၈ ကျောင်းသားေ ခါင်းဆောင် များ ထောင် ထဲ ရှိနေစဉ်အတွင်း ရေးစပ်ထားသော ကဗျာ ရွတ်ဆိုမှုများ ပါဝင်သည့် ကုသိုလ်ဖြစ် ပွဲတော်မှ စုစုေ ပါင်း ငွေကျပ် သိန်းပေါင်း ၃,၀၀၀ ကျော် လက်ခံရရှိခဲ့သည်။ ဒီအလှူငွေများအနက် ကျပ်သိန်းပေါင်း ၆ဝဝ ကို ရေေ ဘး ဒုက္ခသည်၊ လူမှုရေးဆိုင်ရာ အရေးအခင်း ဖြစ်လျက်ရှိတဲ့ ရခိုင်ဒေသ၊ ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များ အတွက် အသီးသီးလှူဒါန်းမည်ဟု ဆိုခဲ့သည်။

ထို့ပြင် ကိုမင်းကိုနိုင်ရရှိခဲ့သည့် ဆုတံဆိပ်များမှ Gwangju Prize for Human Rights ဆုသည် ဆုကြေးအဖြစ် ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်လေ့ရှိသည်။ The Civil Courage Prize သည် ဒေါ်လာ ၁၀၀၀ ဆုကြေးပါဝင်ပြီး The Student Peace Prize သည် စတာလင်ပေါင် ၅၀၀၀ ခန့်ရရှိသည်။ The John Humphrey Freedom Award ကတော့ ကနေဒါဒေါ်လာ ၂၅၀၀၀ ခန့်ရရှိသည်။

အထက်ပါ ကိန်းဂဏန်များကို ကြည့်ပါက ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် တက္က သိုလ် ကျောင်းသားဘ၀အဆုံးမှ ယနေ့ နာမည်ကြီး နိုင်ငံရေးသမားအထိ ပြင်ပတွင် ၄ နှစ် မျှသာ နေခဲ့ရသည်။ ထို ၄ နှစ်ကာလအတွင်းလည်း စီးပွားရေးလုပ်ချိန် မရခဲ့ပါ။ သို့သော် ဆုတံဆိပ်များမှ ရရှိငွေ သည် ခန့်မှန်းခြေ ဒေါ်လာ တစ်သိန်းအထက်တွင် ရှိပြီး ကျန်သည့် ရောင်းချမှုများ၊ လှူဒါန်း ကူညီမှုများမှ ရရှိငွေသည် ကျပ် သိန်း ၁၀၀၀ ခန့်ရှိသည်။ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးကို တွက်ပါက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကချင်ပြည်နယ်သွားရောက်စဉ်အတွင်းနှင့် အခြား လမ်းကြောင်းများမှ တရားမ၀င် ရရှိနိုင်သည့် ငွေများမပါ ငွေကျပ် သိန်း ၂ ထောင် ကျော် ပိုင်ဆိုင် ပါသည်။ထို့ ပြင်၈၈ငွေရတုပွဲမှရရှိသော ငွေကျပ်သိန်း ၁၈၃၆သိန်းမှာ လဲ မည်သည့် အလှူအတန်း လှုပ်ရှားမှုမျိုးမှ ထွက်၍ မလာသေးပေ။

ထို့ အတွက်ကြောင့် နိုင်ငံတော် သမ္မတမှ နိုင်ငံတော်ပိုင် ဘတ်ဂျက်ဖြင့် လှူတန်းသည့် ကိစ္စကို
ပြောနေမည့်အစားနိုင်ငံတော်ကို ခုတုန်းလုပ်ကာ လုပ်စားနေကြသောနိုင်ငံရေး သမားများအား
မြင်အောင်ကြည့်ကာတက်ညီလက်ညီဖြင့် ရှေ့ဆက်သွားကြမည်ဆိုလျှင်ဖြင့်နိုင်ငံတော်အတွက်
အကျိုးရှိမည်ဟု ထင်မြင်သုံးသပ်မိပါသည်။

မောင်သန့်စင်(စစ်တွေ)

တတိယလိင် မြန်မာမယ်




ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။

သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။





သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။

သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အထူးပြု သင်ကြားလျက် ရှိသည်။
သညာမောင်သည် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိကာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သည့်အပြင် ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးအတွက် စေတနာ့ဝန်ထမ်း အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။
Miss International Queen 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်းကို သူက “ကျွန်မလို အမျိုးတူ Gender အပြောင်းအလဲ ဖြစ်နေသူတွေအတွက်လည်း အခွင့်အရေးကောင်းတွေ ရစေချင်လို့ပါ” ဟု ရင်ဖွင့် ပြောပြသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ရန်ကုန်မြို့တော် အခြေစိုက် အလှ ဖန်တီးရှင် အသိုင်းအဝိုင်းက တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တူညီစွာ ပြောဆိုကြသည်။
“ဒီပွဲကိုဝင်ပြိုင်ရခြင်းက မြန်မာ့ဂုဏ်ဆောင် တစ်ဦးဖြစ်ချင်တာ” ဟုလည်း သညာမောင်က ဆိုသည်။

Miss International Queen 2013 ပြိုင်ပွဲကို Tiffany’s Show pattaya Co., Ltd. က စီစဉ်ပြီး ပြိုင်ပွဲဝင်များသည် ထိုင်းဘတ်ငွေ တစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်ရန်အတွက် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကုန်ကျခံရမည် ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းပြိုင်ပွဲသည် တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်း ဖြစ်ပြီး ဆွဲဆောင်မှုရှိသော ပြိုင်ပွဲဝင် ၃၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နာမည်ကျော် အလှဖန်တီးရှင် မိတ်ကပ်တိုးတိုးကမူ “ပြိုင်ပွဲဝင်တာက အဘက်ဘက်က အရည်အချင်း ပြည့်စုံလို့ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် တတိယလိင်အဖြစ် ခံယူထားသူများကို အချို့က ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ စသည်ဖြင့် တိုင်းတာကာ လက်ခံနိုင်ခြင်း မရှိကြဘဲ အချို့ကလည်း လူ့ခွင့်အရေး ရှုထောင့်က ရှုမြင်ကာ ထောက်ခံအားပေးသူများလည်း ရှိသည်။
ခေတ်အဆက်ဆက် အစိုးရကမူ တတိယလိင် ကိစ္စကို အားမပေးသော်လည်း မနှိမ့်ချသကဲ့သို့ ထောက်ခံခြင်းလည်း မရှိပေ။

ရန်ကုန်မြို့တော်ကြီးတွင် တတိယလိင် ခံယူသူတို့၏ မော်ဒယ်လ်ရှိုး လျှောက်ပွဲများကို ၂၀၀၉ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်၌ ပထမဆုံး ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် အမျိုးသမီးစစ်စစ် များပင် အရှုံးပေးရလောက်အောင် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။
ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် မော်ဒယ်လ်ရှိုး လျှောက်ပွဲကို Excel Tower တွင် ကျင်းပခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ တတိယလိင်အဖြစ် ခံယူထားသည့် အလှပဂေးများက တရားဝင် လာရောက် ဖျော်ဖြေကြသည်။
ထိုပွဲတွင် မော်ဒယ်လ်အဖြစ် လမ်းလျှောက်သူ အသက် ၂၄ နှစ်အရွယ် အလှဖန်တီးရှင်တစ်ဦးကမူ “မြန်မာနိုင်ငံမှာလည်း ဒါမျိုးရှိုးပွဲတွေ များများလုပ်စေချင်တယ်။ သညာမောင် ဝင်ပြိုင်တာလည်း ဆုရစေချင်တယ်” ဟု နွဲ့နှောင်းသောအသံဖြင့် ဆိုသည်။

သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queen ပြိုင်ပွဲကို ပတ္တရားကမ်းခြေတွင် ကျင်းပခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းကပင်ဖြစ်ပြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက Kevin Balot က ရရှိထားသည်။
၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော ယင်းပြိုင်ပွဲဆုများကို ထိုင်းနိုင်ငံမှ သုံးကြိမ်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့က တစ်ကြိမ်စီ ရရှိထားသည်။

ကမ္ဘာတစ်ဝန်းရှိ တတိယလိင်အဖြစ် ခံယူထားသူများ စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ သညာမောင်က ပထမဆုံး စတင်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
သညာမောင်က“ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားပြီးတော့ ကျွန်မလိုဘဝတူတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးချင်လို့ပါ” ဟု ပြောပြသည်။

ဘုရင်မ သရဖူကို ပုံဖော်ထားသော Miss International Queen လိုဂိုအနီးတွင် ပန်းရောင်ဇာပေါက် အင်္ကျီကို ဝတ်ဆင်ထားသည့် စူးရှရှမျက်လုံးများဖြင့် ကြည့်နေသည်။ လိုဂိုအောက်တွင် Contestant -Miss Tanya Maung ဟု ရေးသားထားသည့်အပြင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် နေရာတွင်လည်း မြန်မာဟု ဖော်ပြထားသည်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖြစ်သည်။

Miss International Queen 2013 ဆု ရမရကိုတော့ နိုဝင်ဘာ ၁ ရက်နေ့တွင် စောင့်ကြည့်ရဦး မည်ဖြစ်သည်။

မင်းထက်စံ
From: The Voice

Vanity Fair ၏ နှစ် ၁၀၀ ပြည့် အထူးထုတ်မျက်နှာဖုံးရှင် ကိတ်အပ်တန်






ကိတ်သည် (၁၉၁၃)ခုနှစ်က စတင်တည်ထောင်သည့် မဂ္ဂဇင်းကြီး၏ ဂုဏ်ယူဖွယ်ရာ အထူးထုတ် မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ပေးခွင့် ရခဲ့ရာ ပထမဆုံး မဂ္ဂဇင်း မျက်နှာဖုံး ပုံရိပ်၏ ခေတ်ဟောင်းရိပ် လွှမ်းသော ဖက်ရှင်ဖြင့် ညှို့ချက်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့သည်။

ကမ္ဘာကျော် ဖျော်ဖြေရေး မဂ္ဂဇင်းကြီး Vanity Fairသည် မဂ္ဂဇင်းတိုက် ရပ်တည်မှု သက်တမ်း နှစ်(၁၀၀)ပြည့် အထူးထုတ်အတွက် ကိတ်အပ်တန်ကို အထူးတလည် ရွေးချယ်ခဲ့သည်။ ကိတ်သည် (၁၉၁၃)ခုနှစ်က စတင်တည်ထောင်သည့် မဂ္ဂဇင်းကြီး၏ ဂုဏ်ယူဖွယ်ရာ အထူးထုတ် မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ပေးခွင့် ရခဲ့ရာ ပထမဆုံး မဂ္ဂဇင်း မျက်နှာဖုံး ပုံရိပ်၏ ခေတ်ဟောင်းရိပ် လွှမ်းသော ဖက်ရှင်ဖြင့် ညှို့ချက်ပြင်းပြင်း ကိုယ်ဟန်ပြပေးခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကိတ်သည် လက်ထဲတွင် မွေးနေ့ကိတ်မုန့်ကို ကိုင်ကာ ဆွဲဆောင်မှုရှိသည့် ရွှေရောင် အတွင်းခံ ဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံထားခြင်း ဖြစ်သည်။ Vanity Fairသည် အထူးထုတ် မဂ္ဂဇင်းအတွက် ထင်ရှားသော စာရေးဆရာများ၊ ဓာတ်ပုံဆရာများကို ဖိတ်ကြား အသုံးပြုခဲ့သလို ကိတ်၏ ဓာတ်ပုံကို အသက်အဝင်ဆုံး ရိုက်ကူးပေးနိုင်ရန် နာမည်ကျော် ဓာတ်ပုံဆရာ အန်နီလီဘိုဗစ်ဇ်ကို တာဝန်ပေးခဲ့သည်။

ကိတ်သည် (၁၉၁၃)ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ထုတ် Dress & Vanity Fair မဂ္ဂဇင်း မျက်နှာဖုံး ပုံရိပ်ကို ပြန်လည်ကိုးကားကာ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။ Vanity Fair၏ အယ်ဒီတာ ဂရေဒန်ကာတာက "ခေတ်တွေ အများကြီး ကျော်ဖြတ် ပြောင်းလဲပြီးချိန်မှာ ဒီလို ပထမဆုံး မဂ္ဂဇင်း မျက်နှာဖုံး အငွေ့အသက်မျိုးကို ပြန်ဖော်ကျူးရတာ တစ်မျိုးတော့ ထူးခြားနေပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ ယခုအထူးထုတ် မဂ္ဂဇင်းတွင် ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် အထင်ကရ ဖြစ်ခဲ့သည့် ဆောင်းပါးများ၊ မှတ်တမ်းများနှင့် ဓာတ်ပုံများကိုပါ ပြန်လည် ဖော်ပြထားခဲ့ကြောင်း သိရှိရသည်။

Planet

မော်ဒယ်ချောကိတ်အပ်ပ်တန်ရဲ့ မဖော့်တဖော် မပေါ့်တပေါ် ဣတ္ထိယအလှကို ကြည့်ချင်ရင်တော့ အောက်ကလင့်ကို ကလစ်ပြီးသွားရောက်ကြည့်ရှုနိုင်ပါတယ်။



"How to we get rid of blackheads and whiteheads"


"How to we get rid of blackheads and whiteheads" - www.casm.in

Maintaining a clear and beautiful skin, takes time, consistency and effort. Dermatologist may recommend lots of products, but some of them can be expensive and may actually take a long time to work. You can, however, incorporate some home remedies for blackheads and whiteheads into your daily beauty regimen and in a few weeks, you will experience a drastic reduction or even total elimination of the problem.

● Toothpaste – Toothpaste is an effective blackhead and whitehead remover. Apply a thin paste to your infected areas and let it sit on your face for at least 25 minutes. You will probably feel a burning sensation when you apply the toothpaste, but this is normal and will pass. Once you remove the toothpaste, the top of your blackheads and whiteheads will disappear, but you still need to thoroughly wash your face to remove the buildup underneath. Repeat this home remedy every other day for two weeks.

● Tomato – Tomatoes have natural antiseptic properties that dry up whiteheads and blackheads. Peel and mash a small tomato. Apply the tomato pulp to your blackheads and whiteheads before going to bed. Leave the tomato pulp on your face while you sleep and then wash your face in warm water in the morning.

● Lemon -Wash your face in warm water. Then, squeeze the juice of one lemon into a bowl. Add in a pinch of salt and stir the mixture. Apply the mixture to your blackheads and whiteheads. Leave the mixture on for approximately 20 minutes and then wash your face with warm water again.

● Lime – You can also use equal parts of lime juice and cinnamon powder and apply this mixture to blackheads. Leave it on overnight and rinse it off in the morning

● Cornstarch – Mix about a three-to-one cornstarch to vinegar ratio into a paste. Apply it to your problem areas and let sit for 15 to 30 minutes. Remove the paste with warm water and a washcloth.

● Yogurt - Mix three tablespoons of plain yogurt with two tablespoons of oatmeal. Add one teaspoon of olive oil and one tablespoon of lemon juice to the mixture. Stir the mixture thoroughly and apply it to the effective area of the face. Let the mixture sit for five to seven minutes then rinse off with cold water.

● Almond or oatmeal – Mix either oatmeal or almond powder with just enough rose water to make a spreadable paste. Apply it to your problem areas with your fingertips first and then apply it to the rest of your face. Let it set for about 15 minutes and then rinse your face with cold water.


● Rice – Soak rice in milk for 5 hours and then grind this in a blender until it is paste-like in consistency. Use the paste as a scrub on affected areas of the body.

● Potatoes – Grate raw potatoes and then rub the area with the mixture. Wash it off after 15 minutes.

● Fenugreek leaves – Crush some fenugreek leaves and mix with water to form a paste. Put this on the face for 15 minutes and then remove it. Do this every night to keep your face free of blackheads.

● Coriander leaves – Mix some coriander leaves and a little turmeric powder with water and form a paste. Use this as a mask to eliminate blackheads.

● Oatmeal -Grind oatmeal into a powder in a blender and then add some rose water. Use this on affected areas for 15 minutes and then wash it off with cold water.

● Baking soda – Prepare a mixture of equal parts of baking soda and water and rub it onto your face or other body areas prone to blackheads. Leave it on for 15 minutes and then rinse it off with warm water.

● Honey is also good for removing blackheads. Spread honey on the affected area and remove it after 15 minutes.

Remember – Be gentle to your skin. Never pinch, scrape, poke, press, or squeeze too hard!

✔ Like ✔ “Share” ✔ Tag ✔ Comment ✔ Repost
To SAVE this , be sure to click SHARE so it will store on your personal page.

ခင်ဝင့်ဝါ ဆု (၄) ဆု ရရှိ




From : .. mg satan



Miss Supranational ပြိုင်ပွဲ ရဲ့ Official Webpage မှာ
မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်ကို အနဲဆုံးသတ်မှတ်ထားတဲ့
၁၀မဲကို ၅ဒေါ်လာပေးပြီးတော့ Credit/Debit Card Payment System နဲ့ငွေချေပြီးတော့မဲပေးရတဲ့ Online Voting ပြိုင်ပွဲကတော့ပြီးဆုံးသွားပါပြီ။

Miss Myanmar Khin Wint Wah ကမဲအရေအတွက် 3600 နဲ့
ကျန်တဲ့ပြိုင်ပွဲဝင်တွေအားလုံးကိုအပြတ်အသတ်ဖြတ်ကျော်ပြီးMiss Supranational Internet! ဆုကိုရရှိသွားပါတယ်။

Miss Supranational Internet! ဆုကိုရရှိသွားတဲ့အတွက်
ခင်ဝင့်ဝါဟာ ဒီညမှာကျင်းပမဲ့ Miss Supranational ပြိုင်ပွဲရဲ့
Final ပွဲစဉ်မှာ Top (20) စာရင်းထဲကို အလိုအလျောက်ပါပြီးသားဖြစ်သွားပါပြီ။

မူရင်းပြိုင်ပွဲကပေးတဲ့ Miss Supranational Internet! ဆုအပြင်
Missosology website ကနေပေးတဲ့
People Choice Award!
Face of Miss Supranational 2013!

Belarus website ကပေးတဲ့
Most Beautiful Girl in the World! စတဲ့ Title (4)ခုကို
လက်ရှိအချိန်မှာ ခင်ဝင့်ဝါ တစ်ယောက်ပိုင်ဆိုင်နေပြီ
ဖြစ်ပါတယ်။

Miss Myanmar Khin Wint Wah ရရှိခဲ့တဲ့ဆုလေးခုစလုံးဟာ
အွန်လိုင်းမဲအရေအတွက် အများဆုံးရရှိမှုကိုဆုံးဖြတ်ပြီး
ပေးအပ်ချီးမြှင့်တာဖြစ်တဲ့အတွက် Vote လုပ်ပေးခဲ့ကြတဲ့ပရိတ်သတ်များရဲ့
ကျေးဇူးကြောင့်ရရှိခဲ့တာလိုပြောရင်လွန်မယ်မထင်ပါဘူး။

ယနေ့ညမြန်မာစံတော်ချိန် ၁၀နာရီခန့်မှာကျင်းပမယ့်
Miss Supranational 2013 ပြိုင်ပွဲရဲ့ Final ပွဲစဉ်
မှာ Miss Myanmar Khin Wint Wah တစ်ယောက်
1st Runner-up ဆုကိုရရှိပါစေလို့
ဆုမွန်ကောင်းတောင်းရင်းရင်ခုန်စွာနဲ့စောင့်မျှော်
အားပေးကြပါဦးပရိတ်သတ်ကြီးရေ။

အောက်ကလင့်ခ်တွေမှာ စောင့်ကြည့်နိင်ပါတယ်။ @Shine Sezar
http://www.misssupranational.com/

http://ont.by/projects/projects/misssupranational2013

http://www.missosology.info/forum/viewtopic.php?f=1&t=203872

ဈေးသက်သာတဲ့ မှဲ့ ခြောက်နဲ့ တင်းတိပ် ပျောက်နည်း







အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက် ကင်း အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါ တိုင်း အောက် ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေး ပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း အောက်ခံ အဖြူသားပါအောင် စားလိုက် ကြရအောင်နော်။

မျက်နှာပေါ်က အမဲစက် ပျောက်နည်းမျက်နှာပေါ်မှာ အမည်း စက် ရှိ လို စိတ် ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ် မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးမို့ပါ။ လုပ် ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့နည်းလမ်းပါ။ အိမ်ရှင် မများ ဟင်းချိုချက်တဲ့အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်းအတိုင်း နေ့စဉ်လုပ်ပေးပါက တစ်ပတ်အတွင်းသိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ ဆေးနည်း ကောင်းလေးပါ။ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ myanmar local news မှ ပြန်လည် မျှဝေပေးလိုက်တာပါ။

ဦဇော်သိသမျှ မျှဝေရာအရပ်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

သင့်ကွန်ပြူတာရဲ့ Hardware Information တွကေို အသေးစိတ်ပြပေးမယ့် Speccy

သင့်ကွန်ပြူတာမှာပါရှိတဲ့ Hardware တွေ အကြောင်းအသေးစိတ်သိချင်ရင်တော့ Speccy ဆိုတဲ့ Freeware ကိုသုံးပါ။ နာမည်ကြီး CCleaner ရဲ့ Developers တွကေ ပြုလုပ်ထားတာဖြစ်ပြီး Portable Version လည်းရှိပါတယ်။ တစ်ခြားကွန်ပြူတာက Hardware တွကေို စစ်ဆေးချင်ရင်တော့ Portable Version ကအဆင်ပြေပါတယ်။
Speccyကိုျြunလို့ Error Message ကျလာရင် Administrator အနေနဲ့ျြun ပေးရပါမယ်။ျြun ပြီးရင် သင့်ကွန်ပြူတာရဲ့ Detailed Overview ကိုတွေ့မြင်ရမှာပါ။


Section တစ်ခုချင်းစီမှာ အသေးစိတ်အချက်အလက်တွကေိုကြည့်နိုင်ပါတယ်။ CPU panel မှာ Processor က Support ပေးတဲ့ Technology တွရေဲ့ အသေးစိတ် အချက်အလက်တွကေို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Code Name, Family, Bus Speeds, Temperature တွနေဲ့ တစ်ခြား အချက်အလက်တွကေို တွေ့မြင်နိုင်ပါတယ်။


Graph Indicators တွကေို နှိပ်ပြီး Temperature, Speed တွကေိုကြည့်နိုင်ပါတယ်။


ျြAM panel မှာတော့ Brand, Part Number, Frequency, Latencyနဲ့ တစ်ခြားအချက်အလက်တွကေို တွေ့မြင်နိုင်ပြီးျြAM ထပ်စိုက်ရင်ဖြစ်ဖြစ်၊ Upgrade လုပ်ရင်ဖြစ်ဖြစ် ဒီသတင်းအချက်အလက်တွကေ အသုံးဝင်ပါတယ်။

Motherboard Page မှာတော့ Chipset, BIOS တွကေို တွေ့မြင်နိုင်ပါတယ်။


Speccy က သင့် ကွန်ပြူတာရဲ့ Hardware နဲ့ ပတ်သက်တဲ့ အချက်အလက်တွကေို အသေးစိတ်ပြပေးနိုင်ပြီး အဲဒီသတင်းအချက်အလက်တွဟော ကွန်ပြူတာ ပြဿနာတွကေို အဖြေရှာတဲ့ နေရာမှာ အလွန်အသုံးဝင်ပါတယ်။ ဒါ့အပြင် လက်ရှိ Hardware တွရေဲ့ သတင်းအချက်အလက်တွကေို Snapshot အနေနဲ့ သိမ်းပေးထားနိုင်ပါတယ်။အဲဒီအတွက် နောင်တစ်ချိန်မှာ ပြန်ပြီးသိရှိနိင်သလို ကွန်ပြူတာ ပြဿနာတက်တဲ့အချိန်တွမှောလည်း Support Team တွဆေီ သတင်းအချက်အလက်တွကေို ပေးပို့နိုင်ပါတယ်။


Speccy ကို XP,Vista,2000,2003 နွဲျှ့indows 7 (32 & 64-bit versions) တို့မှာ သုံးနိုင်ပါတယ်။

Related Posts Plugin for WordPress, Blogger...