Thursday, August 15, 2013

ရင်သားထဲကို ဆီလီကွန်ထည့်ခြင်း




Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်တုန်းက breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) စသည်တို့ကို ပြုပြင်ပြောင်း လဲရန်အတွက် အသုံးပြုခဲ့ကြပါတယ် ။ ၁၉၈၅ ခုနှစ်မှာတော့ ခွဲစိတ် ဆာဂျင် Vincez Czerny ဟာ လူနာရဲ့ ကိုယ်ပိုင် adipose တစ်ရှူး တွေ ၊ ဖယ်ထုတ်လိုက်တဲ့ အန္တရာယ်ရှိ benign lumbar lipoma တွေကိုအသုံးပြုပြီး ကျူမာတစ်ခုကနေ သူဖယ်ထုတ်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက်ရင်သားမညီတဲ့ ပြဿနာကို ဖြေရှင်းခဲ့ခြင်းအားဖြင့် ခွဲစိတ် မှုကို ပြုလုပ်ခဲ့ပါတယ် ။ ၁၈၈၉ ခုနှစ်မှာတော့ ခွဲစိတ်ဆာဂျင် Robert Gersuny ဟာ ပါရာဖင် ထိုးဆေးထိုး သွင်းခြင်း ကိုစမ်းသပ်လုပ်ဆောင်ခဲ့တယ် ။ ၂၀ ရာစုအစောပိုင်းမှာတော့ ဆရာဝန်တွေဟာ breast implant filters တွေဖြစ် တဲ့ ivory ၊ ဖန်ဘောလုံး ၊ ရာဘာ ၊ နွားထီး အရိုးနု ၊ Terylene wool ၊ gutta-percha ၊ Dicora ၊ polyethylene အစရှိတို့ကို ဆက်လက် အသုံးပြုလာခဲ့ကြပါတယ် ။

Breast Implant သုံးမျိုး

၁ ။ saline impants ( saline အရည် ထည့်သွင်းထားခြင်း)
၂ ။ silicone implants ( ဆီလီကွန်ဂျယ် ထည့်သွင်းထားခြင်း)
၃ ။ Alternative- composition implants ( soy အဆီ ၊ polypropylene string ၊ et cetera စသည်တို့ ထည့်သွင်းခြင်း ) စတဲ့ သုံးမျိုးဖြစ်ပါတယ် ။

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ



မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

(အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှဖြေကြားပါသည်။)

Ref : wikipadia/breast implant

ပါတီအချို့ KTV များဖွင့်ဟု





ကလေးမြို့၊တပ်ဦးသီတာ ရပ်ကွက် ပါတီအချို့ အမည်ခံများဖြင့် ဖွင့်လှစ်ထား သော ကေတီဗွီ များ ရှိနေ ကြောင်း၊ အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦး မှ ပြောကြားခဲ့သည်။ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စ များနှင့် ပတ်သက် ၍ နေပြည် တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိလာ ချိန်ကတည်း က တရားမ၀င်အမှု များအားလိုက်လံဖော်ထုတ်လျက် ရှိရာ ကလေးမြို့ ကေတီဗွီများ လည်းပိတ် ထားပြီးမြို့နယ်အုပ်ချုပ် ရေးရုံးမှလည်း ဇူလိုင်လ (၄) ရက် ကတည်းက တရားမ၀င် လုပ်ကိုင် နေသော ကေတီဗွီလုပ်ငန်းများအား သက်ဆိုင်ရာရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

““လက်ရှိ ကျွန်တော်တို့ ရပ် ကွက်မှာ ကေတီဗွီ သုံးခုရှိတယ်။ တစ်ခုက NLDပါတီစည်းရုံးရေးမှူး ကသူ့ အမည်နဲ့ ဖွင့်ထားတယ်။တစ်ခုက ကလေးဝက ၈၈မျိုးဆက်ကျောင်းသားဆိုတဲ့သူက လူတစ် ယောက် နာမည်နဲ့ ဖွင့်ထားတာ၊ အခု မိန်းမက မန်နေဂျာလုပ်နေ တယ်။အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ် ခေါက်လာတယ်။ နောက်တစ်ခု ကတော့ ကျားဖြူပါတီ အမည်ခံနဲ့ပါ”” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ကေတီဗွီများ ဖွင့်လှစ်ခြင်းမရှိ သော်လည်း တိတ်တဆိတ် ပြည်တန်ဆာ လုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။

By MyanmarDailyStar

ပုရိသတို့အကြိုက် ကိုးရီးယားမင်းသမီးချောလေးများရဲ့ ဖက်ရှင်


ပုရိသတို့အကြိုက် ကိုးရီးယားမင်းသမီးချောလေးများရဲ့ ဖက်ရှင်




မှတ်ချက်။ မြန်မာမလေးများ အတုယူမမှားရ













































Sphynx kitten လို့မည်ရှိတဲ့ ကြောင်မျိုးနွယ်


ဒါလေးက မြောက်အမေရိကားမှာရှိတဲ့ ကြောင်လေးပါ Sphynx kitten လို့မည်ရှိတဲ့ ကြောင်မျိုးနွယ်စုတစ်ခုလည်း ဖြစ်ပါတယ် သူပုံစံက ဂြိုလ်သားလေး ကဲသို့ ထူးခြားနေတာကို တွေမြင်နိုင်ပါသည်.......






ကိုမျိုး (S.M ကနောင်)

ဂါရ၀ဖြင့်

ကျွန်တော်ဗိုလ်မှူးဘ၀က ကွပ်ကဲမှုဌာနချုပ်တစ်ခုရဲ့ တပ်မှူးကြီးလက်အောက်မှာ စစ်ဦးစီးအရာရှိအဖြစ် အမှု ထမ်းဆောင်ခွင့်ရခဲ့သည်။ ကျွန်တော့်တာဝန်တွေထဲက တစ်ခုကတော့ တပ်မှူးကြီးထံရောက်လာသော စာတွေ၊ သူက ပို့တဲ့စာတွေကို မှတ်ပုံတင်ထားရခြင်းပင်ဖြစ်သည်။

ကျွန်တော်တို့ တပ်မတော်မှာ နှစ်စဉ်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာများအပြန်အလှန်ပေးပို့သော အစဉ်အလာရှိသည်။ တပ်ရင်း၊တပ်ဖွဲ့၊ဌာနချုပ်အားလုံးက ကိုယ်စီလွတ်လပ်ရေးနေ့ သ၀ဏ်လွှာများရိုက်နှိပ်ပြီး အထက်တပ်ဖွဲ့များ၊ အထက် အရာရှိများ၊ လုပ်ဖော်ကိုင်ဘက်တပ်ဖွဲ့များ၊ လုပ်ဖော်ကိုင်ဘက် အရာရှိများထံ ပေးပို့ကြသည်။

ဒီတော့ ကျွန်တော်ကလည်း ကျွန်တော့်တပ်မှူးကြီးထံရောက်လာသော သ၀ဏ်လွှာတွေကို စုစည်းတင်ပြရသလို သူပေးပို့ မည့် သ၀ဏ်လွှာများကိုလည်း စီစဉ်ပေးရသည်။ အဲဒီမှာ တပ်မှူးကြီးရဲ့ထူးခြားမှုကို သတိပြုမိသည်။ သူ့ထံရောက်လာ သော သ၀ဏ်လွှာများကို သေသေချာချာဖတ်သလို သူပို့မည့် သ၀ဏ်လွှာများကိုလည်း သူကိုယ်တိုင် ရေးသားလက်မှတ် ထိုးသည်။ များသောအားဖြင့် တပ်ရင်းမှူးလောက်ဖြစ်လာလျှင်ပင် လေးစားစွာဖြင့် ဆိုသည့် စာသားနှင့် တပ်ရင်းမှူးနှင့် အရာရှိ၊ အရာခံအကြပ် တပ်သားများဆိုသည် စာသားကို တံဆိပ်တုံးလုပ်ပြီး သ၀ဏ်လွှာမှာရိုက်နှိပ်ပေးပို့ လေ့ရှိရာ တပ်မှူး ကြီး၏ အပြုအမူက အထူးအဆန်းဖြစ်နေသည်။

ဒါနဲ့ သူရေးသားလက်မှတ်ထိုးထားသော သ၀ဏ်လွှာများကို စာအိပ်တွင်းထည့်ရင်း ဖတ်ကြည့်တော့ အခုလိုတွေ့ရသည်။

လက်အောက်တပ်ဖွဲ့များရဲ့တပ်မှူးများထံပေးပို့ သော သ၀ဏ်လွှာမှာဆိုလျှင် သင့်ရဲဘော် ဟု ရေးပြီး လက်မှတ်ထိုး သည်။ တစ်ခါ တစ်လေ ဘာမှမရေး ၊ လက်မှတ်မထိုးပဲ ××× နှင့် အရာရှိအရာခံအကြပ်တပ်သားများဟုသာ တံဆိပ်တုံး ရိုက်ပေးလိုက်သည်။ သူနဲ့ အဆင့်တူတပ်မှူးများထံသို့ ပေးပို့လျှင်တော့ ခင်မင်စွာဖြင့် နှင့် ခင်မင်လေးစားစွာဖြင့် ဟု နှစ်မျိုးရေးပြီး လက်မှတ်ထိုး သည်ကို တွေ့ရသည်။

သူရဲ့ အထက်အရာရှိများ၊ အထက်အရာရှိဖြစ်ခဲ့ဖူးသူများထံ ပေးပို့လျှင်တော့ ဂါရ၀ဖြင့်၊ ရိုသေလေးစားစွာဖြင့် ၊ လေးစားစွာဖြင့် ဟု သုံးမျိုးရေးပြီး လက်မှတ်ထိုးသည်ကိုတွေ့ရသည်။

ပထမတစ်နှစ်တော့ ဘာ့ကြောင့်ဆိုတာမမေးရဲ။ နောက်နှစ်ကျတော့ သားအဖလို ဖြစ်နေသဖြင့် အရဲစွန့်ပြီး အဲဒီလို အမျိုး မျိုးခွဲခြားရေးရသည့်အကြောင်းကို မေးကြည့်မိတော့ တပ်မှူးကြီးက အခုလို ရှင်းပြခဲ့သည်။

လက်အောက်တပ်ရင်းတွေက သ၀ဏ်လွှာပို့သည့်အခါ တစ်ချို့တပ်မှူးတွေက ကိုယ်တိုင်လက်မှတ်ထိုးသည်။ တစ်ချို့က လက်အောက်ရဲဘော်ကို တံဆိပ်တုံးရိုက်ခိုင်းပြီး တာဝန်ကျေပို့လိုက်သည်။ ဒါ့ကြောင့် ကိုယ်တိုင်လက်မှတ်ထိုးပို့သူတွေထံ သူကိုယ်တိုင်လက်မှတ်ထိုးပြီး ပြန်ပို့ခြင်းဖြစ်သည်။ လက်မှတ်မထိုးသူတွေထံတော့ လက်မှတ်မထိုးပဲ ပြန်ပို့သည်။

သူနဲ့ အဆင့်တူတပ်မှူးတွေထဲမှာ လုပ်ဖော်ကိုင်ဘက်အဖြစ် ခင်မင်ရင်းနှီးသူတွေရှိသည်၊ ဒီလူတွေကိုတော့ ခင်မင်စွာဖြင့် ဟု ရေးသည်။ တစ်ချို့ အဆင့်တူတပ်မှူးတွေထဲမှာ အရည်အချင်းအရ၊ ကိုယ်ကျင့်တရားအရ သူကိုယ်တိုင်လေးစားရသူ တွေရှိသည်။ ဒီလိုလူတွေကိုတော့ ခင်မင်လေးစားစွာဖြင့် ဟု ရေးပါသတဲ့။

ဒီလိုပါပဲ။ လက်ရှိအထက်အရာရှိများထဲမှာ ၊ ဟိုတုံးက အထက်အရာရှိဖြစ်ခဲ့သူတွေထဲမှာ ရာထူးတာဝန်အရသာ လေးစားနိုင်ပြီး ကိုယ်ကျင့်တရား အပါအ၀င် အကြောင်းတစ်ခုခုကြောင့် သူမနှစ်သက်တဲ့လူတွေရှိသည်။ အဲဒီလူ တွေကိုတော့ လေးစားစွာဖြင့် လို့ပဲရေးသည်။ ရာထူးတာဝန်အရအပြင် အရည်အချင်းအရ၊ ကိုယ်ကျင့်တရားအရလည်း လေးစားရ၊ တန်ဖိုးထားရသူတွေကိုတော့ ရိုသေလေးစားစွာဖြင့် လို့ ရေးသည်။ တစ်ချို့ပုဂ္ဂိုလ်တွေကျတော့ တပ်မတော် ထဲမှာ တာဝန်ထမ်းဆောင်ဆဲသူတွေသာမက အခုအချိန်မှာ အငြိမ်းစားယူနေသူများဖြစ်နေသည့်တိုင် သင်ဆရာ၊ မြင်ဆရာ အဖြစ် လေးစားရသူ၊ ကိုယ်ကျင့်တရားအရရော၊ အရည်အချင်းအရရော လေးစားရသူတွေဖြစ်လို့ ဂါရ၀ဖြင့် လို့ ရေးသား ခြင်းဖြစ်ပါသတဲ့။

တပ်မှူးကြီးရှင်းပြတာကြားရတော့ စကားလုံးများရဲ့ လေးနက်မှုကို သဘောပေါက်သွားခဲ့သည်။ သူပို့သည့် သ၀ဏ်လွှာ တွေကို တစ်ခုခြင်းပြန်ကြည့်တော့ အဲဒီပုဂ္ဂိုလ်တွေကို သူ့ဘာကြောင့် ဒီလိုခွဲခြားရေးတယ်ဆိုတာကို သဘောပေါက်မိသည်။ မှတ်မှတ်ရရ ထိုအချိန်က ဘုန်းမီးနေလတောက်ပလှသော ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်ကျင့်တရားအရမကြိုက်လို့ ထင်ပါရဲ့ လေးစားစွာဖြင့် လို့ပဲ ခပ်တိုတိုရေးထားသည်ကို တွေ့ရသည်။

ထိုအချိန်က ကျွန်တော့်ဆရာသမားရှင်းပြသည့် အချက်ကို ဘယ်သူကိုမှ မပြောပြခဲ့၊ သူကိုယ်တိုင်လည်း ကျွန်တော်က လွဲလို့ ဘယ်သူ့ကိုမှ ပြောပြပုံမရ။ ပြောပြလိုက်ရင်လည်း အတော်ပြဿနာတက်မည့်ကိစ္စဖြစ်သည်။ အခုတော့ မိဘ လို ချစ်ခင်လေးစားရသည့် ဆရာလည်းကွယ်လွန်သွားခဲ့ပြီ။ ဒါပေမယ့် သူသင်ပြ ပေးခဲ့သော အယူအဆကတော့ ရင်ထဲမှာ စွဲနေခဲ့သည်။ သို့တိုင်အောင် သူ့လို ကျင့်သုံးဖို့တော့ အတော် လက်တွန့် ခဲ့သည်ကိုလည်း ၀န်ခံရမည်ဖြစ်ပါသည်။

သြဂုတ်လ ၁၁ ရက်နေ့ က ဆရာမောင်ဝံသ အိမ်သို့ နာရေးသတင်းမေးရန်ရောက်သွားခဲ့သည်။ စာဖတ်ဝါဿနာပါသော ကျွန်တော့်အတွက် အချို့စာရေးဆရာများကို လူချင်းခင်သော်လည်း သူတို့စာတွေကို လေးစားလို့ မရတာရှိသည်။ အချို့ ဆရာသမားများကြတော့လည်း စာတွေဖတ်ပြီးလေးစားခဲ့သမျှ ကိုယ်တိုင်ထိတွေ့ဆက်ဆံရသောအခါ၊ ဒါမှမဟုတ် သူတို့ အကြောင်းတွေကြားရသည့်အခါ လူအပေါ် လေးစားမှုလျော့ရပြန်သည်။ အချို့စာရေးဆရာ၊ စာနယ်ဇင်းဆရာများကြ တော့လည်း စာကိုရော၊ လူပုဂ္ဂိုလ်ရောလေးစားရပါသည်။ သူတို့နဲ့ အယူအဆကွဲပြားမှုရှိသည့်တိုင် သူတို့အပေါ် လေးစား မှုက မလျော့။ ဆရာမောင်ဝံသ ကား ဆက်ဆံဖူးသူတိုင်းက စာအတွက်ရော၊ အရည်အချင်းနှင့် ကိုယ်ကျင့်တရားအရပါ လေးစားရသူဖြစ်သည်။

ဒါပေမယ့် ကျွန်တော့်အတွက် ဆရာမောင်ဝံသက မြင်ဆရာလည်းဖြစ်သည်။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀မှာ ဆရာ့ စာအုပ်တွေက နိုင်ငံတကာအရေးကို စိတ်ဝင်စားအောင် ပို့ဆောင်ပေးခဲ့သည်။ နောက်ပိုင်း ကျွန်တော်နိုင်ငံတကာရေးရာ ဆောင်းပါးများရေးတော့ ဆရာ့ဘာသာပြန်ဟန်၊ စကားလုံးအသုံးအနှုန်းများကို အတုယူခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှာတော့ ကျွန်တော် ဌာနဆိုင်ရာတာဝန်ဖြင့် ချင်းတွင်းမြစ်အတိုင်း စုံဆင်းခရီးသွားခဲ့သည်။ ခရီးမှ အပြန် ဆောင်းပါး တစ်ပုဒ် ရေးပြီး ဖေ့ဘွတ်မှာတင်တော့ ဆရာမောင်ဝံသက ပြည်သူ့ခေတ်မှာ ထပ်ဆင့်ဖော်ပြပေးခဲ့သည်။ ဒါ့အပြင် ကျွန်တော်ကို ရသ လက်ရှိတယ်၊ ရေးပါဆိုပြီး အားပေးခဲ့သည်။ ဘယ်လိုခံစားပါ၊ ဘယ်လိုရေးပါ ၊ စကားလုံးကို ဘယ်လိုသုံးပါဆိုပြီး သင် ပေးခဲ့သည်။ ဒီလိုနဲ့ အခုနောက်ပိုင်း ရသစာတမ်းဆန်ဆန် စာစုလေးများကို ထုံ့ပိုင်း ထုံ့ပိုင်းရေးဖြစ်သွားသည်။ ကြိုက် သွားမှာပါလို ဆောင်းပါးကိုတော့ အတွေးအမြင်မှာပင် ထပ်ဆင့်ဖော်ပြပေးခဲ့သည်။ ဒီတော့ ဟိုတုံးက မြင်ဆရာသာ ဖြစ်ခဲ့ သောဆရာသည် ကျွန်တော့်အတွက် သင်ဆရာပါ ဖြစ်ခဲ့သည်။

အခုတော့ ဆရာမရှိတော့။ ဆရာ့အတွက် ၀မ်းနည်းခြင်းမှတ်တမ်းမှာ ရေးပြီးသည့်အခါ အောက်မှာ ဂါရ၀ဖြင့် ဟု ရေးသား လက်မှတ်ထိုးခဲ့သည်။ လူတွေကို တစ်ဦးချင်းအကဲဖြတ်ပြီး သ၀ဏ်လွှာကို အမျိုးမျိုးရေးခဲ့သည့် ကျွန်တော့်ဆရာသမားက တော့ ကျွန်တော်ဘာ့ကြောင့်ဒီလိုရေးသည်ကို နားလည်ပြီးကျေနပ်နေလိမ့်မည်ထင်ပါသည်။

ရဲထွဋ်

ရထားပေါ်မှာ ၇ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ


From : ..http://newmyanmarpyi.blogspot.com/2013/08/blog-post_15.html





အသက် ၇ နှစ် အရွယ် မိန်းကလေး ကို ရထားတွဲ အိမ်သာထဲ မှာ အဓမ္မပြုကျင့်ခဲ့ တဲ့ သံသယ ရှိသူ တွေ ကို အိန္ဒိယ ရဲတပ် ဖွဲ့  က အပူ တပြင်း လိုက်လံ ဖမ်းဆီးနေ ပြီ ဖြစ်ပါတယ်။

သောကြာနေ့  ည ဘက် ဒါမှမဟုတ် စနေ နေ့ မနက် လင်းအားကြီး အချိန် မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော် ကား ခံရတာ ဖြစ် တယ်လို့  ရဲတပ် ဖွဲ့  က အင်္ဂါနေ့ ကျမှ သတင်း ထုတ် ပြန်ပါတယ်။


လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေး ကို စနေ နေ့ မနက် မှာ ရထား ဘူတာရုံ မှာ တွေ့ ရှိ ပြီး နောက် ရဲတပ် ဖွဲ့  က ဆေးရူံ ကို ပို့ ဆောင်ခဲ့ ပါတယ်။

မိန်းကလေး ရဲ့  ပြော ပြ ချက် အရ သူ့ ကို သားမယား ပြု ကျင့်ခဲ့ သူဟာ အသက်၄၀ လောက်ရှိ ပြီ လို့  ဆိုပါတယ်။

ဘီလပူုရ ရဲတပ် ဖွဲ့  က သံသယ ရှိသူ ကို သတင်း ပေး နိုင်ခဲ့ ရင် အမေရိကန် ဒေါ်လာ၄၀၈ ဒေါ်လာ နဲ့  ညီမျှ တဲ့ ရုပီး ငွေ ကို ပေးမယ်လို့  ကြေငြာထား ပါတယ်။

သားမယား ပြု ကျင့်ခဲ့သူ က မိန်းကလေး ကို ရူပီး ၁၆ ဆင့် ပေးခဲ့ တယ် လို့  မိန်းကလေးရဲ့ ပြောကြား ချက် ကို ကိုးကား ပြီး ရဲတပ် ဖွဲ့  က ပြောပါတယ်။


၂၀၁၂ ခုနှစ် ဒီဇင်ဘာလ က အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူ လေး ကို နယူးဒေလီက ဘတ်(စ) ကား ပေါ် မှာ မုဒိမ်းကျင့် ပြီး ရိုက် နှက် သတ် ဖြတ် မှု ပေါ်ပေါက် ပြီး နောက် အိန္ဒိယ နိုင်ငံ တ၀ှမ်းမှာ အမျိုးသမီး အခွင့် အရေးတောင်းဆို တိုက် ပွဲ ၀င်မှု တွေ ပေါ်ပေါက် ခဲ့ ပါတယ်။

ကုလကိုယ်စားလှယ် ဘင်္ဂလီပွဲစား ကင်တားနား


ယနေ့အချိန်အခါတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးပဋိပက္ခပြဿနာရပ်များကိုလည်းကောင်း၊ နိုင်ငံ အချင်းချင်းအကြားဖြစ်ပွားနေသည့် ပဋိပက္ခပြဿနာရပ်များကိုလည်းကောင်း ကုလသမဂ္ဂအဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ခြင်းထက် တစ်ဖက်နှင့် တစ်ဖက်အကြမ်းဖက်ဆန့်ကျင်တိုက်ခိုက်မှုများ၊ စစ်ရေးအရ အင်အားပြလေ့ကျင့်မှုများ၊ နယ်မြေတိုးချဲ့လွှမ်းမိုးလိုခြင်းများကိုသာ တိုးမြှင့်လုပ်ဆောင်လာ ကြခြင်းဖြင့် ပဋိပက္ခပြဿနာရပ်များမှာ ပို၍ပင် ပြင်းထန်ကျယ်ပြန့်မှုများဖြစ်ပေါ်လာကြောင်းကိုလည်း တွေ့ရှိ နေရပါတယ်။ 

မြန်မာနိုင်ငံတွင်လည်း ကာလကြာရှည်စွာ တည်ရှိဖြစ်ပေါ်နေခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခပြဿနာမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေး အောင် အဓိကဖန်တီးလျက်ရှိသည့် အကြောင်းရပ်တစ်ခုဖြစ်သည်ဟု ယူဆမိပါတယ်။ ဤကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးနစ်နာခဲ့ရမှုများမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး အတွက် (မိအေးနှစ်ခါနာ)ဆိုသည်ထက်ပင် ဆိုးဦးမည်ထင်ပါတယ်။ 

ထိုထက်ပို၍ဆိုးသည်မှာ နွားကွဲလျှင်ကျားဆွဲမည့်အကြံဖြင့် ဘင်္ဂလီကုလားမွတ်စလင်များအရေးမှာ ၎င်းတို့၏အမျိုးတူ၊ ဇာတ်တူ အစ္စလာမ္မစ်နိုင်ငံများ၏ထောက်ပံ့ကူညီမှုများနှင့်အတူ ကုလသမဂ္ဂ၏အရေးကိစ္စ အဖြစ်ပင် တိုးမြှင့်လုပ်ဆောင်နေတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ ကုလသမဂ္ဂအနေဖြင့်လည်း လူ့အခွင့် အရေးဆိုသည့် အမြင်တစ်မျိုးတည်းဖြင့်သာ လုပ်ဆောင်နေလျက်ရှိရာ “နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာများကို မည်သည့်အရေးကိစ္စများအတွက် ကျင့်သုံးလုပ်ဆောင် ရမည်နည်း” ဟု ဘင်္ဂလီကုလားမွတ်စလင်အရေးကို ဆောင်ရွက်မည့် ကုလားပွဲစားကင်တားနားကိုမေးလိုပါ တယ်။ 

ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာလူထုတစ်ရပ်လုံး၏အရေးကိစ္စကို ဆောင်ရွက်မည့် ကိုယ်စားလှယ် မျိုးကိုသာ စေလွှတ်ခြင်းဖြင့် ပြည်သူအများ၏ အခွင့်အရေးဆိုင်ရာများကို အကျိုးပြုဆောင်ရွက်နိုင်မည် ဖြစ်ပါ သည်။ ယခုလိုမျိုး ဘင်္ဂလီကုလားမွတ်စလင်များအရေး ဆောင်ရွက်ရန်အတွက်သာ လာရောက်သည့် ကင်တားနားကဲ့သို့ ကုလားပွဲစားအတွက်ကတော့ ပြည်သူအများ၏ ဆန့်ကျင်ကန့်ကွက်ပြစ်တင်ဝေဖန်ခံရမှု များသာ ပို၍ရရှိမှာဖြစ်ပါတယ်။ ကုလကိုယ်စားလှယ်ကင်တားနားမှ အကျိုးဆောင်ပြုတော်မူနေသည့် ဘင်္ဂလီ ကုလားမွတ်စလင်များမှာ မြန်မာနိုင်ငံတွင် ၎င်းတို့ရရှိခံစားပိုင်ခွင့်မရှိသော အခွင့်အရေးများကို တရားမ၀င် ရယူရန် အကြံကြီးကြီးဖြင့် အလစ်ချောင်းနေသူများသာဖြစ်ပါတယ်။ 

ဘင်္ဂလီကုလားမွတ်စလင်များအနေဖြင့် မြန်မာနိုင်ငံ၏ လုံခြုံရေးအင်အားလျော့နည်းချိန်နှင့် တရား ဥပဒေစိုးမိုးမှုအားနည်းချိန်ကာလများကို အခွင့်ကောင်းယူ အသုံးချ၍ အကြမ်းဖက်ဝင်ရောက်အမြတ်ထုတ် ရယူထားသူများသာ ဖြစ်သည့်အပြင် ပို၍ထူးခြားသောအချက်မှာ မြန်မာလူမျိုးများ၏ လူမှုကျင့်ဝတ်နယ်ပယ် တွင် မရှိသည့် ဇနီးမယား(၄/၅/၆----) ယောက်ကို အစုလိုက်ပိုင်ဆိုင်ရယူခွင့်ရှိသည့် လူ့အခွင့်အရေးထက် ကျော်လွန်၍ တိရစ္ဆာန်အခွင့်အရေးများကိုပင် ရရှိခံစားနေရသူများဖြစ်ပါတယ်။ 

ဤကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားမဟုတ်သူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြု ပေးရမည်ဆိုပါက ၎င်းတို့၏မူလဇာတိတစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ရှိ လူဦးရေသန်း ၁၈၀ သော ဘင်္ဂလီ ကုလား မွတ်စလင်များကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်ခြင်းနှင့် အတူတူပင်ဖြစ်မည်သာ ဖြစ်ပါတယ်။ 

မြန်မာတိုင်းရင်းသားများမဟုတ်သည့် ခိုးဝင်ကျူးကျော်မှု၊ အကြမ်းဖက်မှုများဖြင့် တရားမ၀င်ရောက်ရှိ နေထိုင်နေသည့် အိမ်ထောင်တစ်ခုမှ တစ်နှစ်လျှင် သားပေါက်နှုန်း (၄/၅/၆)ယောက်နှုန်းရှိသည့် လူ့အခွင့်အရေးအပြင် တိရစ္ဆာန်ကဲ့သို့ အခွင့်အရေးများကို ရယူခံစားနေရုံသာမက မြန်မာနိုင်ငံ၏ အမျိုးသား လုံခြုံရေးကိုပါ လွှမ်းမိုးခြိမ်းခြောက်လာမည့် ဘင်္ဂလီကုလားမွတ်စလင်များကို ၎င်းတို့၏ဆွေမျိုးရင်းချာ အစ္စလာမ္မစ်နိုင်ငံများသို့ ကုလသမဂ္ဂ၏အစီအစဉ်ဖြင့် ခွဲဝေပို့ဆောင်နေထိုင်စေခြင်းဖြင့်သာ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပါတယ်။ 

မောင်ကောင်း

လျှို့ဝှက် ကင်မရာကာကွယ်ရေး





အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

လက်ထပ်လျှင် စဉ်စားသင့်သော မိန်းမများ



ယခုတလော အကျွန်ုပ် ဟနစံ ၏ အစ်ကိုတော်များဖြစ်ကြသော ဂေါ်မစွံ လူပျိုကြီးများ မိန်းမယူချင်သည့် ရောဂါဖြစ်နေကြသည်။ မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု ညီမငယ်ဖြစ်သော အကျွန်ုပ်အား အားကိုးအားထားမေးလေသော် အကျွန်ုပ်က ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။ ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူ
ပါလေ ဟု မှာကြားလိုက်ပေသည်။
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁ ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့ လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။ သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင် ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏ မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍ မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန် စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန် လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင် သင် အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည် ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို ၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ ဟု မှာကြား လိုက်ပေသည်။



ဟနစံ

လီမွန်ထမင်း


လီမွန်ထမင်းကတော့ အိန္ဒိယတောင်ပိုင်းရဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
ဆီပြန်အသားဟင်းများနဲ့ လိုက်ဖက်သလို သက်သတ်လွတ်စားချင်သူများအတွက်လည်း
အာလူးချက်ကဲ့သို့ ဟင်းရံများနှင့် စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
....................
• Basmati ဆန် (သို့) ရိုးရိုးဆန် - ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
• လီမွန်အရည် - စားပွဲဇွန်း ၃ ဇွန်း
• မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပျဉ်းတော်သိမ် - အနည်းငယ်
• ချင်း - လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
• မြေပဲဆံ - အနည်းငယ်
• ကုလားပဲခြမ်း - စားပွဲဇွန်း ၁ ဇွန်းခန့်
• ငရုတ်သီးခြောက် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ဆား - အနည်းငယ်
• နနွင်း - လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ

ချက်နည်း
.............
၁။ ဆီကိုအပူပေးပြီး မုန်ညင်းစေ့ကိုထည့်ကြော်ပါ။
၂။ မုန်ညင်းစေ့လေးတွေ အပူကြောင့် ပေါက်လာပြီဆိုရင် မြေပဲနှင့်
ကုလားပဲများကိုထည့်ကာ ရွှေညိုရောင်သမ်းအောင် မီးနဲနဲနှင့် ကြော်ပါ။
၃။ ပျဉ်းတော်သိမ်နဲ့ ချင်းကိုထည့်ပါ။ ငရုတ်သီးခြောက်များကိုလည်း ထည့်ကြော်ပါ။
၎။ နောက်ဆုံးမှာ ဆား၊ နနွင်းထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ။
၅။ ချက်ပြီးသားထမင်းများကို အသာအယာထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ။

...................
Evy's Kitchen

FOOD Magazine

သွေးအမျိုးအစားနှင့် ကိုယ်ရည်ကိုယ်သွေး


''လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်'' ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ''တိုရှီတာကာနိုမီ'' ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။


သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။

အခြေခံ စိတ်နေသဘောထား

လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။

မိမိ၏ သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘဝပေး အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်အရ အနည်းနှင့် အများသာ ကွာခြား တတ်ကြသည်။

အိုသွေးပိုင်ရှင် တို့သည် လွန်စွာ ပြင်းပြင်းထန်ထန် တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သူများ ဖြစ်၍ ရည်မှန်းချက် ကြီးကြီးမားမား ထားတတ်ကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။ ထို့ပြင် အားသွန်ခွန်စိုက် ဆောင်ရွက် တတ်သူများ ဖြစ်သည်။

အေသွေး ပိုင်ရှင်တို့သည် စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်၍ ဝေဖန် ခံနိုင်မူ စွမ်းရည်နည်းသည်။ ဘီသွေး ပိုင်ရှင်တို့သည် မိမိတို့ စိတ်ချမ်းသာသလို နေထိုင်ပြုမူ တတ်ကြသည်။ ချုပ်ချယ်မှု မခံယူလိုဘဲ လွတ်လွတ်လပ်လပ် နေလိုစိတ် ပြင်းပြသူများ ဖြစ်၏။ အေဘီသွေး ပိုင်ရှင်တို့သည် အေနှင့်အို သွေးပိုင်ရှင်တို့၏ ကြား ဖြစ်၏။အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြ၏။ မိမိသဘောဆန္ဒ သက်သက်ကို မကြည့်ဘဲ အများ၏ သဘောဆန္ဒအရ ဆောင်ရွက်လေ့ ရှိကြသည်။

ငွေကြေးရှာဖွေသုံးစွဲခြင်း

ငွေကြေးရှာဖွေ သုံးစွဲခြင်းနှင့်ပတ်သက်၍ သွေးအမျိုးအစား အလိုက် မည်သို့ဆန္ဒ ရှိတတ်သည်၊ မည်သို့ ဆင်ခြင်သင့်သည်ကို အကြံပေး လမ်းညွှန်ထားသည်။

အိုသွေးပိုင်ရှင် တို့သည် ရည်မှန်းချက် အောင်မြင်လျှင် နောက်ရည်မှန်းချက် ကြီးကြီးသို့ ခြေလှမ်း ပြင်တတ်ကြသည်။ ရည်မှန်းချက် အတိုင်း မဖြစ်မနေ ငွေရှာရာ၌ လောင်းကစားခြင်း သို့မဟုတ် ထိုကဲ့သို့ ဆန်ဆန် ပြုမူရသည်ကို လုပ်ဆောင် တတ်ကြသည်။

ယင်းတို့ အနေဖြင့် ထိုအချက်များကို ဆင်ခြင်ပြီး တစ်ဖက်စွန်း မရောက်စေရန်၊မလွန်ကဲစေရန် သတိပြု သင့်ပေသည်။ အေသွေး ပိုင်ရှင်တို့သည် ငွေအသုံး လွယ်တတ်သည်။ အိုသွေးပိုင်ရှင် တို့ကဲ့သို့ ပြင်းပြင်းထန်ထန် ရှာဖွေ စုဆောင်းခြင်း ပြုလေ့ မရှိကြ။

ယင်းတို့အနေဖြင့် ငွေကိုကြိုတင် စုဆောင်းထားသော အလေ့အကျင့် မွေးမြူသင့်သည်။ ဘီသွေးပိုင်ရှင် တို့သည် ငွေသုံးစွဲပုံ နှစ်မျိုး ရှိတတ်ကြသည်။ မိမိကြိုက်နှစ်သက် ရာ ကိစ္စအတွက် သို့မဟုတ် ပစ္စည်းအတွက် ဆိုလျှင် ငွေမည်မျှ ကုန်ပါစေ၊ နှမြောတွန့်တိုခြင်း မရှိကြဘဲ မိမိအတွက် ပျော်ရွှင်မှု မပေးနိုင်သည့် အကြောင်းအရာများ အတွက်မူ ငွေကုန်ခံရန် လွန်စွာ တွန့်တိုတတ်ကြသည်။ ထိုသူများ အနေဖြင့် မျှမျှတတ စဉ်းစားချင့်ချိန်၍ ငွေသုံးစွဲတတ်ရန် လိုသည်။ အေဘီသွေး ပိုင်ရှင်တို့သည် ဝေငှသုံးရာတွင် များသောအားဖြင့် အေးအေးဆေးဆေး ချင့်ချိန်သုံးလေ့ ရှိကြသည်။

အချစ်ရေး

သွေးအုပ်စု အမျိုးအစားအလိုက် အခြေခံ၍ မိမိချစ်သူကို ရွေးချယ်ရန် မလိုပါ။ မိမိ မေတ္တာသက်ဝင် ချစ်ခင်သူ၏ အချစ်ရေးနှင့် ပတ်သက်သည့် အခြေခံ စိတ်နေ သဘောထားကို သိထားပါက သူနှင့် မိမိတို့၏ အချစ်ရေး ရေရှည်ခိုင်မြဲကာ သာယာဖြောင့်ဖြူး နိုင်ရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။

အိုသွေးပိုင်ရှင် တို့သည် မိမိကိုယ်ကို မိမိ အချစ်ကြီးသည်။ အစွဲအလမ်း ကြီးလွန်းသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပါ။ ချစ်သူနှင့် ခွဲခွာခဲ့ရလျှင် မကြာခင် ဖြေဖျောက်နိုင် ပါလိမ့်မည်။ အေသွေးပိုင်ရှင် တို့သည် အချစ်ကြီး တတ်သူများ ဖြစ်၏။ တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြ၏။ ချစ်သူနှင့် ခွဲရပြီ ဆိုလျှင် အခြားသူများထက် ပို၍ ခံစားရလေ့ရှိ၏။ ဘီသွေးပိုင်ရှင် တို့သည် တစ်ခါတစ်ရံ အချစ်ကို ပေါ့ပေါ့ဆဆ သဘောထား တတ်ကြ၏။ မိမိကိုယ် မိမိသာ ပိုမိုခင်တွယ်တတ် ဦးစားပေးတတ် သဖြင့် ချစ်သူ၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။ ထိုအချက်မျိုးကို ဘီသွေးပိုင်ရှင်တို့ ဆင်ခြင်သင့်သည်။ အေဘီသွေး ပိုင်ရှင်တို့သည် အချစ်ရေးနှင့် ပတ်သက်လျှင် စိတ်ကူးယဉ် အိပ်မက် မက်လွန်းသူများ ဖြစ်ကြ၏။ အခြေအနေ မှန်နှင့် ကင်းကွာ နေတတ်ကြ၏။ ထိုအချက်ကို ဆင်ခြင် သတိပြုသင့်သည်။

ဤသည်တို့မှာ ယေဘုယျအားဖြင့် မှန်ကန်ကြ၍ ထိုသွေးအုပ်စု ဝင်တိုင်း ထိုသို့ ဖြစ်ရမည်ဟု ပုံသေကားချပ် တစ်ယူသန် စွဲမှတ်ပြီး ဆက်ဆံကြရန် မလိုပါ။

ဖြစ်တတ်သည့် သဘောကိုသာ တင်ပြခြင်းဖြစ်သည်။ ။

မလေးရှားနိုင်ငံမှ ပိုးကောင်ဟင်းနှင့် ခံတွင်းမြိန်သူများ

မလေးရှားနိုင်ငံမှ ပိုးကောင်ဟင်းနှင့် ခံတွင်းမြိန်သူများ


မလေးရှားလူမျိုးတို့သည် ကောင်းသော၊ အရသာရှိသော အစားအသောက်ကို အလွန်ခုံမင် တတ်ကြသည်။ ထိုသူများ အထဲမှပင် အများ တကာထက် အကောင်းကြိုက်သူ များသည် ပိုးကောင်များဖြင့် ကြော်လှော် ချက်ပြုတ် ထားသော ဟင်းများကို နှစ်သက်စွာ စားသုံးကြသည်ဟု ဆိုသည်။


ပိုးကောင်ဟင်းတို့မှာ အာဟာရ တန်ဖိုးနှင့်လည်း ပြည့်စုံသည်ဆို ပြန်၏။ ပင့်ကူဟင်းဆိုပါက ဝါးစားလိုက်သည့် အခါ ကြိုးကြိုးကြွပ်ကြွပ်နှင့် အရသာ ရှိလှသည်ဟု စားဖူးသူတို့က ဆိုကြသည်။ သူတို့ကရိုးရိုး သားငါးဟင်းများနှင့်မတူသော အရသာကိုခံစားကြ၏။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAOသည် ထိုကဲ့သို့သော ဟင်းလျာများကို သူတို့၏ နေ့စဉ် အစား အသောက် များ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ကြိုဆိုကြရန် တောင်းဆိုခဲ့သည်။

မလေးရှားဟင်းလျာ စာရင်းတွင် ပိုးကောင်ဟင်းလျာများ ပါရှိမည်ဟု မထင်ရပေ။ မလေးရှားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ရွှေတံဆိပ် ဆုရ ကိုယ်ကာယ ဗလမယ် အသက် ၄၁နှစ်ရှိပြီ ဖြစ်သော လီလီယံတန်သည် ယခုအချိန်မှာ ထုတ်မပြောဘဲ လျှိုထားဖို့ မရှိပါဘူးဟုဆိုပြီး ပရိုတိန်းဓာတ် မြင့်မားသော ဓာတ်စာဖြစ်သည့် တီကောင်များကို နေ့စဉ်ပန်းကန်လုံး တစ်လုံး စားသုံးပါကြောင်း ပြောကြား သွားခဲ့သည်။ ပရိုတိန်းဓာတ် အထူးကြွယ်ဝသော အစားအစာမှာ ပိုးကောင် ဟင်းလျာများ ဖြစ်နေကြောင်း အမှတ်မထင် တွေ့ရှိသွားခဲ့သည်ဟု သူကဆိုသည်။

အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သော ဆာရာဝက်ကျွန်းသား ဘရင်ဒန်လိုရစ်က ''သူစားသောက်ရမည့် အစားအသောက် ထဲမှာ ပိုးကောင်တွေ ပါနေလို့ကတော့ စိတ်မဆိုးပါဘူးဗျာ၊ ဘယ်လို အရသာမျိုးလဲဆိုပြီး မြည်းစမ်းရင်းက အမြဲတမ်း အံ့သြ နေတာပဲ ရှိပါတယ်''ဟု ဆိုသည်။

ဘွဲ့လွန်သင်တန်းသား တစ်ယောက်က ပြောရာတွင် ပိုးကောင်ဟင်းသည် ကြိုးကြိုး ကြွပ်ကြွပ်နှင့် ဝါးစားရသည့် ခံစားမှု မှာ အလွန်ကောင်းသည်။ တစ်ခါတစ်ရံ အလှမွေးသည့် ရွှေငါးကလေးတွေကို စားကြည့်တော့ ပိုပြီး အရသာရှိသေးသည် ဟု ဆိုသည်။

ကထိက မဲလ်ဆော်ဟိုင်း မီဖက်ဇေးလ်က ''မလေးရှားတို့ အနေနဲ့ တခြားစားစရာ မရှိဘူးဆိုရင်တော့ ပိုးကောင်တွေကို မဖြစ်မနေ စားရတော့မှာပေါ့'' ဟုဆိုသည်။ ''လူအများရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်ပြီး အသက်ရှင်ဖို့ အတွက်တော့ ဒါတွေကိုမစားပါဘူး''ဟု ပြောသူက ပြောသည်။ အစာစားခြင်းသည် ဗိုက်အဆာပြေအောင် ဖြည့်တင်းခြင်း သက်သက် ထက် ပို၍ နက်ရှိုင်းသော အဓိပ္ပာယ်ရှိသည်။ တကယ်တော့ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဖြစ်သည့် အစား အစာ များကိုသာ ကျွန်တော်တို့၏ ပါးစပ်ထဲ ထည့်သင့်ကြပါသည် ဟူ၍ ပြောသည်။

အလွန်အမင်းဆင်းရဲ မွဲတေသူများသာ သူတို့ဗိုက်ပြည့်ပြီးရော ဟူသော သဘောမျိုးထားကာ စားတတ်ကြကြောင်း၊ အသား များကို ပြုတ်ကြော် သဘောမျိုး လုပ်ပြီးချက်သည့်အခါ ဟင်းခတ် အမွှေးအကြိုင်များကို ထည့်ပြီး အရသာ ရှိအောင်၊ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ် စားသောက်ကြရသည်။ မလေးရှား တက္ကသိုလ် မနုဿဗေဒနှင့် လူမှုရေး ဗေဒဌာန ကထိက ကာမဲလ်ဆောဟိုင်းမိသည် တိုင်းရင်းသား လူမျိုးများနှင့် သူတို့၏ ဓလေ့များကို သုတေသန လုပ်ထား သည် ဆို၏။

ရွံစရာကောင်းသည်ဟု ထင်မြင်၍ အပြစ်တင် နေခြင်းသည် အာဟာရ စွမ်းအားကို တိုးပွားစေသော အနှီပိုးကောင် အစား အစာများကို ကျွန်ုပ်တို့ ပစ်ပယ်ရာကျနေသည်ဟုဆို၏။

ကျွန်ုပ်တို့ ပိုးကောင်တွေကို တကယ် စားမှဖြစ်မည်။ မစားလျှင် လုံးဝမဖြစ်ဘူးဆိုသော အခြေအနေမျိုးနှင့် ကြုံလာပါက ရွံစရာ ကောင်းသည်ဆိုသော စိတ်ကို ကျော်လွှားပြီး စားသုံးနိုင်ရမည်ဟုဆို၏။ ဥပမာပြရလျှင် မလေးရှား တို့သည် ငါးခေါင်းချဉ်ရေစသည့် ငါးခေါင်းနှင့် ချက်ပြုတ်ထားသည့် ငါးခေါင်းဟင်းကို အလွန်နှစ်သက်စွာ စားသုံးကြသည်။ သို့သော် အမေရိကန် များက ငါးခေါင်းသည် အလွန်ရွံရှာဖွယ်ရာ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိ သွားသည်ဟုဆို၏။

ကြောက်စရာကောင်းသည်။ အရသာရှိသည်ဟူ၍ သတ်မှတ်သည်မှာ လူမှုရေး ဆိုင်ရာ အလွှာဖွဲ့စည်းမှု နှင့်လည်း ဆိုင်သည်။ အကယ်၍ ကျွန်ုပ်တို့ ပိုးကောင်တွေကို ရွံစရာကောင်းသည်၊ မကောင်းဘူး ဆိုသည့် အတွေးအခေါ် အယူ အဆများကို ကျော်လွှားနိုင်မှသာ ရပါမည်။ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းရပ်ကြီး တစ်ခုလုံး (အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရ ဌာနများနှင့် အေဂျင်စီများ)က ပိုးကောင်များကို အများပြည်သူ စားချင်စဖွယ် ဖြစ်အောင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် အဆင့်မြင့်ပြုပြင်ပြီး ထုတ်လုပ်သွား မည်ဆိုပါက စားသုံးရန် ဟင်းအမည်သစ် တိုးလာပြီး စားသုံးသူများ ကလည်း လက်ခံ မှာပါဟုဆို၏။

FAO၏ အစီရင်ခံစာကို လက်ခံ သင့်သည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ပိုးကောင်များကို စားသုံးလာသည့် အချိန်ကာလ ကြာမြင့် လာခြင်း နှင့်အတူ ကျွန်ုပ်တို့ ယဉ်ကျေးမှု၊ ဘာသာရေး ယုံကြည်မှုများ နှင့်လည်း မဆန့်ကျင်ဘူးဟု ဆိုလျှင် ဖြစ်နိုင် ပါသည်ဟု ဆို၏။ လူအများက ယဉ်ကျေးမှု အသစ်ကို အမြဲတမ်းလက်ခံ လေ့ရှိသည့် အပြင် လူမှုရေး ဖွဲ့စည်း တည်ဆောက်မှုကလည်း အမြဲပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။

တချို့က ''ပိုးကောင်တွေကို ဘာဖြစ်လို့ မစားချင်ကြတာလဲ'' ဟု မေးခွန်းထုတ်သူက ထုတ်၏။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်ဖြင့် ပြောမည်ဆိုလျှင် အသီးအရွက်များကို ပိုမိုစားသုံးခြင်းကဲ့သို့သော အယူအဆမှာ လက်တွေ့ ကျပြီး ဒေသခံ လယ်ယာ လုပ်ကိုင်သူများကို အထောက်အကူပြုသော်လည်း အသေးစား တစ်ပိုင်တစ်နိုင် မွေးမြူရေး သမားများကို သိပ်အထောက်အကူ မပြုပါပေ။

ပြဿနာက အစားအသောက်က အရင်းအမြစ်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့အတွက် စားရေရိက္ခာ စဉ်ဆက်မပြတ် ထုတ်လုပ် ပေးနေသည့် ယာသမား များကို ပြန်ကြည့်မည်ဆိုလျှင် နေ့စဉ်အစားအသောက် စာရင်း၌ ပိုးကောင်ဟင်း ထည့်သွင်း စားသုံးရေးကို သိပ်အားမပေးလို ဖြစ်သည်ဟုဆို၏။

FAO ၏ အစီရင်ခံစာထိရောက်မှု ပရိသတ်ကိုကြည့်လျှင် ပိုးကောင်ဟင်းသည် အဓိက အစားအသောက် အမည်ကြီးထဲ တွင် မပါဝင် နိုင်သော်လည်း လူကြိုက်များလာသော အစားအသောက်တစ်မျိုးတော့ ဖြစ်နိုင်သည်ဟုဆိုသည်။ အသားစား သူက အသီးအရွက် စားသူ (သက်သတ်လွတ် စားသူ) မည်သို့ဗိုက်ဝ သွားသည်ကို နားလည်သဘော မပေါက်နိုင်ပါ။ သူထင်ထားသည်မှာ ဘယ်လောက်ပဲစားစား စိတ်ထဲက ဗိုက်ပြည့်သော်လည်း အာသာမပြေသေးဟု ဆိုလိုခြင်းဖြစ် သည်။

ဆာရာဝက်တွင် တချို့ တိုင်းရင်းသားများ တီကောင်ကို စားကြသည်။ သူတို့က အရသာရှိ၍စားသည် ဟုဆို၏။ အဓိက အစားအသောက် အမည် စာရင်းဝင် မဟုတ်ဟုတော့ ထင်သည်။ အဘယ်ကြောင့် တိုင်းရင်းသားများသည် အာဟာရ ဖြစ်ရန်အတွက် ပိုးကောင်များ အပေါ်၌ မှီခိုနေရသနည်း။ သူတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်များ နှင့် စားသုံးနိုင်သော အသီးအနှံအပင်များ မြောက်မြားစွာရှိနေပါလျက် ပိုးကောင်များကို ဘာကြောင့် စားသုံးရသနည်းဟု စဉ်းစားမိသည် ဆို၏။

ယခုဆိုလျှင် သက်ကြီးပိုင်း တိုင်းရင်းသားများ သာလျှင် တီကောင်များကို စားသုံးကြပြီး မလေးကျွန်းဆွယ်၏ မြောက်ပိုင်း ဝေးလံခေါင်းပါးသော လယ်ယာမြေသစ်များ၌ နေထိုင်ကြသော ကျေးရွာသားများသည် ၁၉၆ဝ ပြည့်နှစ် အလွန်လောက် က နှံကောင်ငယ် လေးများကို စားသုံးခဲ့ကြပြီး အော်ရန်အစလိုတို့က ပိုးကောင်များကို စားသုံးခြင်း မပြုကြချေ။ မလေးရှား အစားအသောက် အသင်းကြီး၏ ဥက္ကဋ္ဌ ပါမောက္ခ ဝင်နီချီးက ''ပိုးကောင်တွေမှာ ယေဘုယျအားဖြင့် အသား ဓာတ်နဲ့ ကယ်လိုရီဓာတ်တွေပဲ ပါတာပါ'' ဟုဆို၏။

ဥပမာဆိုရလျှင် ပုရစ် ၁ဝဝဂရမ်တွင် ကယ်လိုရီ ၁၂၁ဂရမ်ပါဝင်ပြီး အဆီ ၅ဝဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၅ဂရမ်၊ ပရိုတိန်းဓာတ် ၁၂ ဂရမ် ပါဝင်၍ တချို့ ပိုးကောင်များတွင် သံဓာတ်နှင့် အခြားသတ္တုဓာတ်များ ပါဝင်သည်ဟု ဆိုသည်။

သူကဆက်၍ ပြောရာတွင် ''ပိုးကောင်များကို ဆင်းရဲမွဲတေသည့် နိုင်ငံများတွင် ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ရန် အတွက် စားသုံးကြခြင်း ဖြစ်သည်။ အာဟာရ ချိုတဲ့သော နေရာများနှင့် သမားရိုးကျ အစားအသောက်များ ရှားပါးသည့် နိုင်ငံ များတွင်သာ ပိုးကောင်များကို စားသုံးကြခြင်း ဖြစ်၍ မလေးရှားတွင် ပိုးကောင်များကို စားသုံးရန် မလိုအပ်သဖြင့် စားရန် အကြံမပြု''ဟုဆို၏။

ကမ္ဘောဒီးယားတွင် ဆီပူထဲ၌ ကြွပ်နေအောင် ကြော်ထားသည့် ပင့်ကူများနှင့် ရေနွေးပွက်ပွက်ဆူသည့် အထဲတွင် ပြုတ် ထားသော ပက်ကျိများ၊ ထိုင်းနိုင်ငံမှ အခြောက်လှန်းထားသော နှံကောင်များ၊ တီကောင်များနှင့် ပိုးကောင်များ အခြား မလေးရှား လူမျိုးများအဖို့ ပိုးကောင် စားသုံးခြင်းသည် မည်မျှအဓိပ္ပာယ်နှင့် ပြည့်စုံပါစေ၊ ကျွန်တော့အတွက် ပိုးကောင် ဟင်းသည် မလေးရှား အမျိုးသား အစားသောက်အမည် စာရင်းတွင် မထည့်သွင်း သင့်ပါကြောင်း ပါမောက္ခ ဝင်နီချီးက သူ၏သ ဘောထားကို ပြောကြားခဲ့ ပါကြောင်း...။ ။

ဆောင်းပါးရှင်(ကိုကိုဟန်)

မြဝတီ

သက်ရှိ ကျောက်ရုပ်

သက်ရှိ ကျောက်ရုပ်

သက်ရှိကျောက်ရုပ်လို သရုပ်ဆောင်ထားပြီး အနုပညာမြောက်စွာ ၂ ကိုယ့် တစိတ် ဖန်တီး သရုပ်ပြကွက် ဖြစ်ပါတယ်။ အနုပညာမြောက် ဖန်တီး ဖျော်ဖြေမှုဖြစ်ပြီး တစိမ့်စိမ့် ကြည့်ရင်း အံ့သြမှုတွေ ဖြစ်စေပါလိမ့် မယ်။

အနုပညာရဲ့ စွမ်းပကားဟာ လူသားတွေကို မှင်သက်သွားစေပြီး ခံစားမှုတစုံတရာကို ရစေမှာလည်း ဖြစ်လို့ ပြန်လည် မျှဝေလိုက်ပါတယ်။






ဧရာဝတီBlog

ရွှေစေတီကျောင်းဝင်းထဲကို ဖိနပ်စီးပြီးဝင်တဲ့ ကင်တား




ဗုဒ္ဓဘာသာဘုန်းကြီးရှေ့မှာ ဒူးထောင်ပေါင်ကားနဲ့ မထီမဲ့မြင်ပုံစံဆက်ဆံပြီး
ဗလီဆရာကိုကျတော့ ဒူးလေးတုပ်ပြီး တော်တော်သိသိသာသာကို ရိုသေပြနေတယ်။
ဒီလိုမျိုး ဘာသာရေးခေါင်းဆောင်တွေကို တွေ့ရာမှာတောင် ဗလီဆရာဘက်ကို အလေးသာနေတဲ့ ကင်တားနွားဟာ ဗုဒ္ဓဘာသာရခိုင်တွေနဲ့ မွတ်ဆလင်ဘင်္ဂါလီတွေကြားမှာ တရားမျှတစွာ ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ ကင်တားနွားရဲ့ ပြောဆိုခဲ့တာတွေ ပြုမူခဲ့တာတွေကလည်း ဘင်္ဂါလီဘက်က တစ်ဖက်စောင်းနင်း သိက္ခာမဲ့စွာဖြစ်နေတာမိုလို့ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ ပါတီကြီးတွေကနေ ကင်တားနွားကို ပြတ်ပြတ်သားသား ကန့်ကွက်ဖို့ တောင်းဆိုလိုပါတယ်။
ကင်တားနွား မြန်မာပြည်ကိုလာပြီး ခုလို လူပါးဝနေတာတွေဟာ 
အစိုးရ၊ အာဏာရပါတီနဲ့ NLD လို ပါတီတွေရဲ့ ခေါင်းဆောင်တွေက တိုင်းရင်းသားဘက်က ပြတ်ပြတ်သားသား မရပ်တည်ဘဲ ပျော့ညံ့လွန်းလို့သာ 
ဖြစ်တယ်လို့ ယူဆပါတယ်။

ကင်တားနွားကို မတရားတာကို လက်မခံတဲ့ ဒေသခံပြည်သူတွေက ကန့်ကွက်ဆန္ဒပြကြပေမဲ့ ထစ်ခနဲဆို ဗျစ်ကနဲ ဆန္ဒပြတတ်တဲ့ နော်အုံးလှလို၊ ကိုထင်ကျော်လို permanet ဆန္ဒပြစားသမားတွေက ဆန္ဒပြတာ တစ်ခါမှ မတွေ့ဘူးပါဘူး။ဘာသာရေးနဲ့မဆိုင်တဲ့ နိုင်ငံရေးသမားတွေ လွှတ်မပေးရင် ရက်အကန့်အသတ်မရှိ အသက်ကိုပဓာနမထားဘဲ အစာငတ်ခံဆန္ဒပြမယ်ဆိုတဲ့ ဘုန်းကြီးကလည်း အခုလို ကိစ္စကျတော့ ဆန္ဒပြရကောင်းမှန်းမသိဘူး။ တကယ်ဆန္ဒပြသင့်တာ ဒီလို ကိစ္စတွေမှာ ပြသင့်တာ။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
====================================

သြဂုတ် ၁၃ ရက်နေ့ နံနက် ၉ နာရီမှာ မစ္စတာ ကင်တားနားနဲ့အဖွဲ့ စစ်တွေမြို့ ရွှေစေတီ ကျောင်းတိုက်ကို ရောက်လာပြီး ဆရာတော် ဘုရားကြီးကို လာတွေ့ပါတယ်။ ကျောင်းဝင်းထဲကိုလည်း ဖိနပ်စီးပြီး ၀င်လာပါတယ်။ ကျောင်းပေါ်ရောက်မှ ဖိနပ်ချွတ်ပါတယ်။ ဒါပေမဲ့ ခြေအိတ်ကို လုံးဝမချွတ်ပါဘူး။ ပြီးတော့ ဘာသာရေး ကွဲပြားမှုအရ ဆရာတော် ဘုရားကြီးကို ၀တ်မပြုချင်ရင်နေပါ။ ဆရာတော် ဘုရားကြီးရှေ့မှာ တင်ပျဉ်ခွေ ထိုင်တာတော့ မကောင်းပါဘူး" ဟု ရွှေစေတီ ကျောင်းတိုက်မှ သံဃာတော် တစ်ပါးက မိန့်ကြားသည်။

အလားတူ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ဥက္ကဋ္ဌ ဦးဥာဏက "သံဃာတော်ကို ရိုသေလေးစားတဲ့ အပြုအမူမျိုး လုံးဝမရှိပါဘူး။ ဆရာတော်ကြီး တစ်ပါးနဲ့ တွေ့တဲ့အခါ ရိုသေ၀ပ်တွားပြီး လျှောက်ထားတဲ့ ပုံစံမဟုတ်ဘဲ ငြင်းခုံနေတဲ့ပုံစံ ဖြစ်နေပါတယ်။ ရွှေစေတီ ဆရာတော် ဘုရားကြီးကို မစ္စတာ ကင်တားနားက လျှောက်ထားမေးမြန်းတယ်။ ဆရာတော် ဘုရားကြီးက သမိုင်းကြောင်းနဲ့ချီပြီး ရှင်းပြနေတဲ့ဟာကို သမိုင်းကို မပြောပါနဲ့၊ လက်ရှိအခြေအနေကိုပဲ ပြောပါဆိုပြီး စကားကို ဖြတ်ချလိုက်ပါတယ်။ သူကမေးလို့ ဆရာတော်ဘုရားကြီးက ဖြေတာပါ။ ဘာသာတွေ ကွဲပြားနေပါစေ၊ ဘာသာတစ်ခုအပေါ် တစ်ခုက လေးစားရမှာက လူ့ကျင့်ဝတ်ပါ။ မစ္စတာ ကင်တားနားနဲ့ အတူပါလာတဲ့ အုပ်ချုပ်ရေး အဖွဲ့က ပုဂ္ဂိုလ်တွေကလည်း ဘာမှပြောထားပုံ မရဘူးနဲ့ တူပါတယ်" ဟု မိန့်ကြားသည်။

စစ်တွေမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က "မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ကိုလာတဲ့ ပထမနေ့မှာ ဘူးသီးတောင်ထောင်ကိုသွားပြီး ဘင်္ဂါလီ အကျဉ်းသားတွေနဲ့ တွေ့တယ်။ ဒုတိယနေ့ မနက်စောစောမှာ စစ်တွေအကျဉ်းထောင်ကိုသွားပြီး ဘင်္ဂါလီ အကျဉ်းသားတွေနဲ့ ထပ်မံတွေ့ဆုံတယ်။ ရခိုင်ပဋိပက္ခ ဖြစ်စဉ်မှာ နှစ်ဖက်စလုံးက ဖြစ်တဲ့အတွက်ကြောင့် ဘာကြောင့်ဘင်္ဂါလီတွေကိုပဲ အဓိက သူသွားတွေ့ရတာလဲ။ စစ်တွေထောင်ထဲမှာ ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရခိုင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့ကို မတွေ့ခဲ့ပါဘူး။ နောက်ပြီး တရားသူကြီးနဲ့ သွားတွေ့တဲ့ အခါမှာလည်း ဒီဘင်္ဂါလီ အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ စစ်တွေဆေးရုံကို သွားတဲ့အခါမှာလည်း ဘင်္ဂါလီ လူနာတွေကိုပဲ သီးသန့်တွေ့ဆုံခဲ့တယ်။ စစ်တွေမြို့ထဲက ဘင်္ဂါလီရပ်ကွက်၊ အောင်မင်္ဂလာထဲက ဘင်္ဂါလီ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီမှာပဲ အချိန်နှစ်နာရီလောက် ကုန်ခဲ့တယ်။ ဒါပေမဲ့ မြို့မိမြို့ဖတွေနဲ့ တွေ့ဖို့အတွက် အချိန်မီ ရောက်မလာခဲ့ဘူး။ ဒါကြောင့် မြို့မိမြို့ဖတွေကလည်း ရတဲ့အချိန် အတွင်းမှာ ဆွေးနွေးလို့လည်း ရမှာမဟုတ်ဘူး။ သူက တစ်ဖက်သတ်လူ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ တွေ့ရုံသာ တွေ့ခဲ့တယ်။ ဘာမှ မဆွေးနွေးဖြစ်ခဲ့ဘူး။ ဒါကြောင့်သူဟာ ဘင်္ဂါလီ အရေးကိစ္စကို တစ်ဖက်သတ် လာရောက်လေ့လာသူ ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်" ဟု ပြောကြားသည်။

14 August 2013
Eleven Media Group

ခြောက်တန်းကျောင်းသူလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသားတစ်ဦးစွပ်စွဲခံရ

အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲ ကာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ကလေးငယ်သည် စာမကျက်ဘဲ မှိုင်တွေနေသည်ကို မိခင်ဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာမှ ယခု ကိစ္စကိုသိရှိပြီး ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တရားလိုဘက်မှ ရဲစခန်းတွင် ထွက်ဆိုထားသည်။
မိဘများက သူတို့သမီးငယ်ကို မေးမြန်းရာတွင် ၎င်းကိုတစ်ရပ်ကွက်တည်းနေ အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးက သြဂုတ် ၃ ရက်ညတွင် တစ်ကြိမ်၊ သြဂုတ် ၄ ရက်တွင် တစ်ကြိမ်၊ သြဂုတ် ၆ ရက် တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ခန့် သားမယားပြုခဲ့သည်ဟု ဆိုသည်။
ကလေးငယ်သည် မိဘများမရှိသည့် အချိန်နေအိမ်တွင်ပင် အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး ယခုကိစ္စကို မိဘများထံပြန်ပြောလျှင် သတ်ပစ်မည်ဟု ထိုအမျိုးသားကခြိမ်းခြောက်ထားသဖြင့် မပြောခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်း တွင် တွေ့ရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံထားရသူမှာ လှည်းကူးမြို့နယ်မှ ကိုနိုင်လင်းထွန်း ဆိုသူဖြစ်ပြီး ၎င်းသည်ကားဆေးမှုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ရဲစခန်းက အတည်ပြုထားသည်။
ယင်းအမှုကို လှည်းကူးရဲစခန်းက အမှုအမှတ်(ပ)၃၀၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရသူကိုလည်း ပြစ်မှုဆိုင်ရာဥပ ဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Mizzima

ရခိုင်ပဋိပက္ခ ဓာတ်ပုံအွန်လိုင်းတင်တဲ့အတွက် မွတ်စလင်တစ်ဦး ဖမ်းဆီးခံရ




From : ..abc

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ လုံထိန်းရဲတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အင်တာနက် အွန်လိုင်းပေါ် တင်ခဲ့တယ်ဆိုပြီး လူတစ်ယောက် ဖမ်းဆီးခံရကြောင်း ရဲနဲ့ လှုပ်ရှားရေးသမားတွေက ပြောပါတယ်။

အဖမ်းခံရသူဟာ သန်းရွှေလို့အမည်ရတဲ့ အသက် ၂၉ နှစ်အရွယ်ရှိသူ ရိုဟင်ဂျာမွတ်စလင်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ရဲတစ်ဦးကတော့ အဲဒီပုဂ္ဂိုလ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ရခိုင်ပြည်နယ်ကို လာရောက် လေ့လာတုန်း ပြဿနာ လုပ်ဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံရတာလို့ ပြောကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ချောင်းတစ်ချောင်းမှာ တွေ့ရတဲ့ အလောင်း တစ်လောင်းကို ရဲတွေက မှုခင်းဆိုင်ရာ စစ်ဆေးဖို့လုပ်တာကို မွတ်စလင်တွေက သူတို့ရဲ့ ရိုးရာဓလေ့အတိုင်း နေ့တွင်းချင်း သဂြိုလ်ရမှာ ဖြစ်တဲ့အတွက် အလောင်းကို ပြန်ပေးဖို့ တောင်းဆိုရာက ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။

ရဲတွေက ရာဘာကျဉ်ဆံနဲ့ ပစ်ခဲ့တဲ့အတွက် လူတစ်ဦး သေဆုံးပြီး ဆယ်ယောက်လောက် ဒဏ်ရာရရှိ ခဲ့ပါတယ်။

အီဂျစ်ဆန္ဒမှုအတွင်း လူ ၂၀၀၀ ကျော်သေ


From : ..abc

ဆန္ဒပြမှုကြောင့် အီဂျစ်နိုင်ငံတခွင်လုံးမှာ သေဆုံးသူဦးရေ ၂၇၈ ယောက်
ရှိသွားပြီလို့ အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောဆို
ခဲ့ပေမယ့် ရာထူးကနေဖယ်ရှားခံရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက်
မော်စီကိုထောက်ခံတဲ့ Muslim Bortherhood ပါတီ ဖက်ကတော့
သေဆုံးသူဦးရေ နှစ်ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ဆန္ဒပြမှုသတင်းတွေကို သတင်းလိုက်ယူရိုက်ကူးခဲ့တဲ့ ဗြိတိန်နိုင်ငံ Sky News သတင်းဌာက ကင်မရာသမားတဦးလည်းပါဝင်
တယ်လို့ အဆိုပါသတင်းဌာက ဆိုပါတယ်။

အခုဆိုရင် အီဂျစ်နိုင်ငံတခွင်လုံးမှာ ကာဖြူးအမိန့် ထုတ်ပြန်ထားပြီး အရေးပေါ်အခြေအနေထုတ်ပြန် ထားတယ်လို့ သိရပါတယ်။

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုအတွင်း လူစုဖြိုခွင်း ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံက ရှုတ်ချခဲ့သလို ကုလသမဂ္ဂ အထွေထွေအတွင်းရေး
မှူးချုပ် ဘန်ကီမွန်းကလည်း ရှုတ်ခဲ့ပါတယ်။

အီဂျစ်နိုင်ငံက ဆန္ဒပြမှုနဲ့ သတ်ဖြတ်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ သြစတြေး
လျနိုင်ငံ ဆစ်ဒနီမြို့ အနောက်တောင်ဖက်မှာရှိတဲ့ အီဂျစ်လူမျိုး သုံးရာလောက်ကလည်း မနေ့ညက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးဘော့ကားကလည်း အီဂျစ်နိုင်ငံကဖြစ်နေ
တဲ့ ဆိုးဝါးတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်မကင်း
ဖြစ်မိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

“ချယ်လ်ဆီးနဲ့ မန်စီးတီးကလွဲပြီး အသင်းကြီးတွေ ရလဒ်ကောင်းဖို့ ရုန်းကန်ရမယ့် ပရီးမီးယားလိဂ် ကန့်လန့်ကာအဖွင့်”


15/8/2013

ပရိသတ်တွေအတွက် ကာလကြာရှည်စွာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေကတော့ တစ်ပတ်ပြန်လည်လာခဲ့ပြန်ပါပြီ။ ဒီတစ်ပတ်ရဲ့ ပွဲစဉ်တွေမှာတော့ နည်းပြသစ်နှစ်ဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ ပယ်လီဂရီနီတို့ရဲ့ အသင်းတွေက နိုင်ပွဲရဖို့ အခြေအနေကောင်းနေပြီး အခြားအသင်းကြီးတွေကတော့ အဖွင့်လှဖို့အတွက် ရုန်းကန်ရဖို့ရှိနေပါတယ်။

လီဗာပူးလ် - စတုခ်

ရာသီသစ်မှာ အက်စ်ပက်၊ ကိုလိုတိုရေး တို့ကိုသာ ခေါ်ယူထားနိုင်ပြီး ဒေါင်းနင်း၊ ရှယ်လ်ဗေး၊ ရိန်နာ စတဲ့အသင်းရဲ့ အဓိက ကစားသမားတွေကို လီဗာပူးလ်တို့ လက်လွှတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အသင်းက ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကြောင့် ကစားသမားတွေကြားမှာ စည်းလုံးမှုပြိုကွဲနိုင်တာကို သတိပြုရမှာဖြစ်ပြီး စတုခ်လို မာကျောတဲ့အသင်းမျိုးကို ခက်ခက်ခဲခဲ ကစားရဖို့ရှိပါတယ်။

စတုခ်အသင်းကလည်း အပြောင်းအရွှေ့ကာလမှာ အပ်ဆန်၊ ဒီလက် ၊ အိုဝင် စတဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပေးခဲ့ပြီး ခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားတွေကလည်း ကြီးကြီးကျယ်ကျယ်မရှိလှပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် လီဗာပူးလ်ကို အခက်တွေ့စေတဲ့ ခြေစွမ်းအရတော့ သရေတစ်မှတ် ရသွားဖို့ ရှိနေပါတယ်။

လီဗာပူးလ်ကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

လီဗာပူးလ် ၀ - ၀ စတုခ်

လီဗာပူးလ် ၂ - ၁ စတုခ်

လီဗာပူးလ် ၀ - ၀ စတုခ်

-----------------------------------------------------------------------------
အာဆင်နယ် - ဗီလာ

ရာသီကြို ခြေစမ်းပွဲရလဒ်တွေအရတော့ အာဆင်နယ်ရဲ့ ကစားပုံက မစွံဘူးလို့ပဲ ပြောရမှာပါ။ အသင်းရဲ့ တိုက်စစ်အတွက် ဆာနိုဂို တစ်ယောက်ပဲ ခေါ်ထားနိုင်သေးတဲ့အပြင် ကစားသမား ၁၅ ယောက်လောက်ကို အသင်းက ထွက်ခွာခွင့်ပေးလိုက်လို့ အားနည်းနေခဲ့ပါတယ်။ မီယာအီချီ၊ ဘန်တနာတို့ အသင်းကို ပြန်ရောက်နေကြပေမယ့်လည်း သူတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းက ထင်သလောက်မဟုတ်ပါဘူး။

ပေါလ်လမ်းဘတ်ရဲ့ ဗီလာအသင်းကတော့ အာဆင်နယ်နဲ့တွေ့တိုင်း ရုန်းကန်ရလေ့ရှိပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ တိုက်စစ်အစွမ်းပြထားပုံနဲ့တော့ အာဆင်နယ်ကို ဒုက္ခပေးပါလိမ့်ဦးမယ်။ အာဆင်နယ်နိုင်ဖို့ရှိပေမယ့် ဂိုးမပြတ်နိုင်ပါဘူး။

အာဆင်နယ်ကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

အာဆင်နယ် ၂ - ၁ ဗီလာ

အာဆင်နယ် ၃ - ၀ ဗီလာ

အာဆင်နယ် ၃ - ၂ ဗီလာ

-----------------------------------------------------------------------------
နောဝှစ်ခ်ျ - အဲဗာတန်

နှစ်သင်းစလုံးက ရာသီသစ်အတွက် အကောင်းဆုံး ပြင်ဆင်ထားကြသူတွေပါ။ နောဝှစ်ခ်ျကွင်းမှာ အဲဗာတန်တို့ ရုန်းကန်ရလေ့ရှိပေမယ့် နည်းပြ မာတီနက်ဇ်ရဲ့ လက်ထက်မှာတော့ အဲဗာတန် နိုင်ပွဲရသွားနိုင်ပါတယ်။

နောဝှစ်ခ်ျကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

နောဝှစ်ခ်ျ ၂ - ၁ အဲဗာတန်

နောဝှစ်ခ်ျ ၂ - ၂ အဲဗာတန်

နောဝှစ်ခ်ျ ၂ - ၃ အဲဗာတန်

-----------------------------------------------------------------------------

ဆန်းဒါးလန်း - ဖူလ်ဟမ်

အယ်လ်တီဒိုး၊ ဒိုင်ယာကီတီတို့ ရောက်လာခဲ့ပေမယ့် ဆန်းဒါးလန်းရဲ့ တိုက်စစ်ကစားပုံကတော့ အားရစရာ မရှိသေးပါဘူး။ ဖူလ်ဟမ်ကတော့ အမိုရီဘီတာ၊ စတီကီလန်ဘတ်တို့ ရောက်လာလို့ အတော်လေး တောင့်တောင့်တင်းတင်း ဖြစ်သွားတယ်။ သရေကျဖို့များနေပြီး အနိုင်ဆိုရင်တော့ ဖူလ်ဟမ်ကိုပဲ ရွေးထားရမယ်ထင်ပါရဲ့။

ဆန်းဒါးလန်းကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ဆန်းဒါးလန်း ၂ - ၂ ဖူလ်ဟမ်

ဆန်းဒါးလန်း ၀ - ၀ ဖူလ်ဟမ်

ဆန်းဒါးလန်း ၀ - ၃ ဖူလ်ဟမ်

-----------------------------------------------------------------------------

ဝက်စ်ဘရွန်း - ဆောက်သမ်တန်

အနယ်လ်ကာ၊ လူဂါနိုတို့လို သဘာရင့်ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့ ၀က်စ်ဘရွန်းတို့ အိမ်ကွင်းမှာ နိုင်ပွဲရအောင်ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းခဲ့တဲ့ ဆောက်သမ်တန်ရဲ့ ကစားပုံကြောင့် မထင်မှတ်ပဲ သရေကျသွားနိုင်ပါတယ်။

ဝက်စ်ဘရွန်းကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ဝက်စ်ဘရွန်း ၂ - ၀ ဆောက်သမ်တန်

ဝက်စ်ဘရွန်း ၁ - ၁ ဆောက်သမ်တန်

ဝက်စ်ဘရွန်း ၁ - ၁ ဆောက်သမ်တန်

-----------------------------------------------------------------------------

ဝက်စ်ဟမ်း - ကာဒစ်ဖ်

ကာရိုးလ်၊ ဒေါင်းနင်းတို့လို အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားနိုင်ခဲ့တဲ့ ၀က်စ်ဟမ်းတို့ တန်းတက်အသင်း ကာဒစ်ဖ်ကို အိမ်ကွင်းမှာ အနိုင်ကစားပါလိမ့်မယ်။ ပရီးမီးယားလိဂ်ကို ပထမဆုံး တန်းတက်လာနိုင်ခဲ့တဲ့ ကာဒစ်ဖ်အတွက်ကတော့ ဂိုးပြတ်မရှုံးဖို့ကိုပဲ အာရုံစိုက်ရမယ့်ပွဲပါပဲ။

ဝက်စ်ဟမ်းကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ဝက်စ်ဟမ်း ၃ - ၀ ကာဒစ်ဖ်

ဝက်စ်ဟမ်း ၀ - ၁ ကာဒစ်ဖ်

ဝက်စ်ဟမ်း ၁ - ၀ ကာဒစ်ဖ်

-----------------------------------------------------------------------------

ဆွမ်ဆီး - မန်ယူ

မိုရက်စ်ရဲ့ လက်ထက်မှာတော့ မန်ယူဟာ ပုံစံကောင်းမှာ ရှိမနေပါဘူး။ ကစားသမား အပြောင်းအရွှေ့ဈေးကွက်မှာ သွေးအေးနေခဲ့တဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီက လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့ရှိနေပြီး ပြီးခဲ့တဲ့ ရာသီတုန်းက တစ်ဂိုးစီသရေကျခဲ့ရတဲ့ ဆွမ်ဆီးရဲ့ အိမ်ကွင်းမှာ ရုန်းကန်ရဦးမှာပါ။ သရေကျဖို့ များနေပြီး ကံဆိုးရင် မန်ယူတောင် ရှုံးသွားနိုင်ပါတယ်။

ဆွမ်ဆီးကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ဆွမ်ဆီး ၁ - ၁ မန်ယူ

ဆွမ်ဆီး ၀ - ၁ မန်ယူ

ဆွမ်ဆီး ၀ - ၀ မန်ယူ

-----------------------------------------------------------------------------

ခရစ္စတယ်ပဲလေ့စ် - စပါး

ဆိုလ်ဒါဒို၊ ပေါ်လင်ဟိုတို့နဲ့ စပါးအသင်းက တန်းတက် ပဲလေ့စ်အသင်းကိုအနိုင်ကစားသွားပါလိမ့်မယ်။ နည်းပြ ဟော်လိုဝေးရဲ့ အသင်းဟာ ချာမက်ခ်လို ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုးပိုင်ဆိုင်ထားပေမယ့် စပါးကို ယှဉ်ကစားဖို့တော့ လွယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘေးလ်၊ဗန်တွန်ဂန် တို့လို အဓိက ကစားသမားတွေ ပါဝင်နိုင်ဖို့မရှိတဲ့ အခြေအနေကြောင့် စပါးဂိုးမပြတ်ပဲ နိုင်သွားဖို့ရှိပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ခရစ္စတယ်ပဲလေ့စ် ၃ - ၀ စပါး

ခရစ္စတယ်ပဲလေ့စ် ၁ - ၃ စပါး

ခရစ္စတယ်ပဲလေ့စ် ၁ - ၁ စပါး
-----------------------------------------------------------------------------
ချယ်လ်ဆီး - ဟူးလ်စီးတီး

အားလုံးကတော့ နည်းပြ မော်ရင်ဟိုကို စောင့်မျှော်နေကြပါပြီ။ အဖွင့်ပွဲစဉ်မှာ တန်းတက်အသင်းနဲ့ တွေ့ဆုံခွင့်ရတာ မော်ရင်ဟိုအတွက် ကံကောင်းမှုပဲ ဖြစ်ပြီး သူ့အတွက် ဂိုးပြတ်နိုင်မယ့် ပွဲတစ်ပွဲကို စီမံပါလိမ့်မယ်။ လူငယ်ကစားသမားတွေ ထုတ်သုံးလာဖို့ရှိပေမယ့် စတမ်းဖို့ဘရစ်ခ်ျမှာတော့ ချယ်လ်ဆီးပဲ အောင်ပွဲခံမှာပါ။

ချယ်လ်ဆီးကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

ချယ်လ်ဆီး ၂ - ၁ ဟူးလ်စီးတီး

ချယ်လ်ဆီး ၀ - ၀ ဟုူးလ်စီးတီး

ချယ်လ်ဆီး ၂ - ၁ ဟူးလ်စီးတီး
-----------------------------------------------------------------------------

မန်စီးတီး - နယူးကာဆယ်

မန်စီးတီးနဲ့တွေ့တိုင်း နယူးကာဆယ်တို့ ဂိုးပြတ်အရှုံးပေးရလေ့ရှိပါတယ်။ မန်စီးတီးရဲ့ နည်းပြသစ် ပယ်လီဂရီရဲ့ လက်ထဲမှာ ကစားသမားကောင်းတွေရှိသလို နီဂရီဒို၊ ဂျိုဗီတစ်၊ ဒီဇီကိုတို့ရဲ့ တိုက်စစ်ပိုင်းက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းအတွက်တော့ ဂိုးပြတ်မရှုံးဖို့ကို အာရုံစိုက်ရမှာဖြစ်ပါတယ်။

မန်စီးတီးကွင်းတွင် နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

မန်စီးတီး ၄ - ၀ နယူးကာဆယ်

မန်စီးတီး ၃ - ၁ နယူးကာဆယ်

မန်စီးတီး ၂ - ၁ နယူးကာဆယ်
-----------------------------------------------------------------------------

ပရီးမီးယားလိဂ်အသင်းများ၏ ဒဏ်ရာရ၊ ပွဲပယ်နှင့် ပါဝင်ရန်မသေချာသူများ

အာဆင်နယ် - ဒိုင်ယာဘီ၊ မွန်ရီရယ်၊ ရမ်ဆေး၊ ဗာမယ်လန်။

ဗီလာ - အန်ဇော့ဘီယာ။

ကာဒစ်ဖ် - ကော်နီလီယပ်စ်၊ တေလာ။

ချယ်လ်ဆီး - ရိုမြူ၊ ချာလိုဘက်။

ခရစ္စတယ်ပဲလေ့စ် - ဂလန်းမာရေး၊ ဂျာရိုမီသောမတ်စ်။

အဲဗာတန် - အယ်လ်ကာရက်ဇ်၊ ဂစ်ဘ်ဆင်၊ ဟစ်ဘတ်။

ဖူလ်ဟမ် - ကာကန်နီကလစ်ဖ်။

လီဗာပူးလ် - အက်ဂါ၊ စကာတယ်လ်၊ ဆွာရက်ဇ်။

မန်စီးတီး - နက်စတာဆစ်။

မန်ယူ - ဖလက်ချာ၊ ဟာနန်ဒက်ဇ်၊ နာနီ၊ ပိုဝဲလ်၊ ရာဖေးလ်၊ ရွန်နီ၊ အက်ရှ်လေယန်း။

နယူးကာဆယ် - ရွိုင်ယန်တေလာ၊ ရီမီ။

နောဝှစ် - ဘတ်ဆောင်း၊ ဟော့ပါး၊ ပီလ်ကင်တန်။

ဆောက်သမ်တန် - ကလိုင်နီ၊ လုခ်ရှော။

စတုခ် - အိုရှေး။

ဆန်းဒါးလန်း - ကတ်တာမိုး၊ ဖလက်ချာ၊ ဂါ့ဒ်နာ၊ ဘော့ဂမ်။

ဆွမ်ဆီး - ဘာ့တ်လေ၊ ဒီဂုဇ်မန်း။

စပါး - ဘေးလ်၊ ဗာတွန်ဂန်။

ဝက်စ်ဘရွန်း - ဘရန့်စ်၊ ဂီရာ၊ ရိဒ်၊ သော်နီ။

ဝက်စ်ဟမ်း - ကာရိုးလ်၊ ကောလင်း၊ မက္ကာတနေး။

Mizzima

အီဂျစ်အဓိကရုဏ်း သေဆုံးသူ ပိုမိုများပြား


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာရှိတဲ့ အကြီးဆုံးသပိတ်စခန်း (၂)ခုကို အဓိကရုဏ်းထိန်းရဲတွေက သံချပ်ကာကားတွေ ဘူဒိုဇာတွေနဲ့ ဝင်ဖျက်ခဲ့ပြီးနောက်မှာတော့ ညမထွက်ရအမိန့်နဲ့ နိုင်ငံပြန်တည်ငြိမ်လာပြီလို့ အီဂျစ်အရာရှိတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၃ ဦးအပါအဝင် လူပေါင်း ၂၇၈ ဦး ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့တယ်လို့ ကြားဖြတ်အစိုးရက ပြောပါတယ်။ ဒါပေမယ့် ဖြုတ်ချခံ သမ္မတ Mohamed Morsi ကို အာဏာပြန်အပ်နှင်း ဖို့ တောင်းဆိုနေတဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ ဆန္ဒပြသူ လူအုပ်ထဲကို ရဲက စက်သေနတ်နဲ့ ပစ်ခဲ့လို့ လူပေါင်း ၂၆၀၀ သေဆုံးခဲ့ ရတယ်လို့ ပြောပါတယ်။

ယာယီဆောက်လိုက်ရတဲ့ ရေခဲတိုက်တွေ ဆေးရုံတွေမှာ အလောင်းတွေ ပုံနေတာကို သတင်းထောက်တွေတွေ့ပါတယ်။ စစ်တပ်ရဲ့ နှိမ်နင်းမှု ကို ဒေါသထွက်ကြလို့ Alexandria, Minya, Assiut နဲ့ Suez မြို့တို့မှာလည်း Islam ဝါဒီတွေ ဆူပူခဲ့ကြပါတယ်။ Mr. Morsi ကို ထောက်ခံသူတွေ အများစုဖြစ်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းမယ်လို့ အစိုးရက ဟိုအရင်ရက်တွေ ထဲက သတိပေးနေတာပါ။ သပိတ်စခန်းတွေကို ဝင်ဖြိုတော့ ရဲက အင်အား အနည်းဆုံးပဲ သုံးခဲ့ပါတယ်။ မျက်ရည်ယိုဗုံးနဲ့ပဲ ပစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး Mohamed Ibrahim က ပြောပါတယ်။

သူ့အဆို နိုင်ငံတဝန်းမှာ ကစဥ့်ကလျားဖြစ်အောင် မွတ်စလင် ညီအကိုတော်များအဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သူက အပြစ်တင်ပါတယ်။ သူတို့က ရဲတွေကို ပစ်ခတ်တယ်။ အစိုးရ အဆောက်အဦးတွေကို တိုက်ခိုက်တယ်။ ဘုရားရှိခိုးကျောင်းတွေကို မီးရှို့တယ်လို့ သူကစွပ်စွဲပါတယ်။ အီဂျစ်နိုင်ငံကို ပြန်ပြီးတည်ငြိမ်အောင်လုပ်ဆောင်ပေးစေချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ကြားဖြတ်အစိုးရက ကြိုးပမ်းပေးနေပါတယ်လို့ Mr. Ibrahim က ပြောပါတယ်။

ဒါပေမယ့် ဒုတိယသမ္မတနဲ့ ပြုပြင်ရေး လိုလားတဲ့ ခေါင်းဆောင်တဦး ဖြစ်သူ Mohamed ElBaradei ကတော့ ဒီသွေးထွက်သံယိုမှုအတွက် တာဝန်မယူနိုင်ဘူးဆိုပြီး ရာထူးက နှုတ်ထွက်သွားပါတယ်။


အီဂျစ်အဓိကရုဏ်း နှိမ်နင်းမှုမြင်ကွင်း။




VOA Burmese

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်းပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ


အပျိုဖော်ဝင်စအရွယ် မိန်းကလေးများဖတ်ရန်




အာဟာရပြည့်လျှင် ရောဂါစင်၊ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ ဆိုသောခေါင်းစဉ်ဖြင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် ဟု ကျန်းမာရေးဝန်ကြီးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာနတို့မှ ကြော်ငြာချက်အရ ကလေးသူငယ်များ အာဟာရပြည့်စွာ စားသောက်နိုင်ရေး သိမှတ်ဖွယ်ရာ အဖြာဖြာကို ရေးသားပြီးခဲ့ပါပြီ။ ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅^၁၆ နှစ်အထိ ကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါသည်။

ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅^၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ ^ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘ၀၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်လေ သည်။ သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများ စားသုံးသင့်ပေသည်။ ထို့အပြင် ဤအရွယ် ပျိုဖော်ဝင်စအရွယ်တွင် သွေးသားပြောင်းလဲချိန်ဖြစ်၍ သွေးသားနှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစား အစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့် ပရိုတင်းဓာတ်နှင့် အင်အားလုံလောက်သော အစားအစာ များကို စားသုံးသင့်ပေသည်။ အထူးသဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲ အမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်း<ကယ်ဝသော အစာများဖြစ်သဖြင့် အထူးဦးစားပေး စားသုံးသင့်ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေရုံမျှမက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအား စသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြုချက်များစွာတို့က ထောက်ခံလျက်ရှိကြရာ ပျိုဖော်ဝင်စ အရွယ် တွင် ဗီတာမင် (အေ) ဓာတ် ကြွယ်ဝသော အ၀ါရောင်နှင့် အစိမ့်ရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။ ထို့အပြင် ပျိုဖော်ဝင်စအရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှပေသည်။ အရိုးကြီးထွား ကျစ်လျစ် ပါမှ အရပ်မြင့်လာနိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွား ကျစ်လျစ်မှုကို အားပေသည့် ထုံးဓာတ် အလုံအလောက်ပါ သော အစားအစာများ (ဥပမာ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့်ပေသည်။

ပျိုဖော်ဝင်စအချိန်အရွယ်မှာ ယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ် ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် စç ရလာသည်။ ယင်းသို့ ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသော ပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိသိုင်းရွိုက်အကြိတ်

သည် အပျိုပေါက်ကာလ၌ အနည်းငယ် ပို၍ ကြီးလာသည်။ ယင်းသို့ကြီးလာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟိုမုန်း ပိုများလာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက်ဖျတ်လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့ မိန်းကလေးများ အစားအသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ်လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်း သောက်ကောင်းအရွယ်များ ဖြစ်ကြသည်။ သို့သော်စားကောင်း ခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အ၀လွန်ရောဂါ ဖြစ်နိုင်ပါသည်။ သုတေသနပညာရှင်များက အ၀လွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။ အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မဖြစ်မနေ စားသုံးသင့်ပါသည်။ ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များ အတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။

ဓါတ်လှေခါးအတွင်း ပိတ်မိသူအမျိုးသမီးနှစ်ဦး မီးသတ်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရ

၁၅.၈.၂၀၁၃၊ ကြာသပတေးနေ့

သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့် ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက်၏ ခြောက်လွှာထပ်နှင့် ခုနစ်လွှာအကြားအရောက်၌ ဓာတ် လှေကားရပ်သွားရာ အမျိုးသမီးနှစ်ဦး ဓာတ်လှေကား အတွင်း ပိတ်မိနေ ကြောင်း မီးပြန်လာသော်လည်း ဓာတ်လှေကားမှာ ပြန်လည်အတက် အဆင်းမလုပ်နိုင်ဘဲ ပိတ်မြဲပိတ်နေ သည်ဟု ၄င်းတိုက်ဝန်းကျင်မှ သတင်းရရှိသည်။

ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ တိုင်းမီးသတ်တပ်ဖွဲ့သို့ သတင်းပေး ထားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ ထွက်လာနေပြီဖြစ်ကြောင်း သိရှိခဲ့ရ သည်။

အခင်းဖြစ်ရာသို့ ကျောက်တံတား မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦးတို့ ညနေ ၄ နာရီကျော်၌ ရောက်ရှိလာကြောင်း တွေ့ရသည်။

မီးသတ်တပ်ဖွဲ့ဝင်များက ပိတ် နေသော ဓာတ်လှေကားတံခါးကို သံတူရွင်းဖြင့် ကြိုးစားဖွင့်ခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် တံခါးပွင့်သွား သဖြင့် အတွင်းအပေါက်ငယ်မှ ပိတ်မိ နေသော အမျိုးသမီးနှစ်ဦးအား ခက်ခက်ခဲခဲ မတင်ကယ်ထုတ်ခဲ့ရ သည်။ (ဝဲပုံ)

ပိတ်မိနေသော အမျိုးသမီးနှစ်ဦး မှာ ကုမ္ပဏီဝန်ထမ်းများဖြစ်သည်ဟု သိရပြီး အင်းစိန်မြို့နယ် ရွာမအရှေ့ ရပ်ကွက် သီရိမင်္ဂလာလမ်းနေ ဒေါ်မြင့် မြင့်ဦး အသက်(၃၅)နှစ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၇) ရပ်ကွက် ကံ့ကော်မြိုင် ၂ လမ်းနေ ဒေါ်ရွှေ ယမင်းဦး အသက်(၂၂) နှစ်တို့ဖြစ် ကြောင်း စုံစမ်းသိခဲ့ရသည်။

¤င်းအဆောက်အအုံတွင် တပ် ဆင်ထားသော ဓာတ်လှေကားတွင် န.ျွ.ီစနစ် တပ်ဆင်ထားသော်လည်း ထိုဓာတ်လှေကားရှိ ဘက်ထရီအိုးမှာ အားနည်းနေသောကြောင့် လျှပ်စစ် ပြတ်တောက်ချိန်တွင် တစ်ပေခန့်သာ ရွေ့လျားနိုင်ပြီး ရပ်တန့်သွားကြောင်း၊ ထို့အတွက် တိုက်ခန်းပိုင်ရှင်အား ဘက်ထရီအိုး အသစ်လဲလှယ်ရန် မီးသတ်တပ်ဖွဲ့က အကြံပေးခဲ့သည်ဟု သိရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

အင်ပါယာသတင်းစာမှ သတင်းထောက်များ အလုပ်ထုတ်ခံရမှု အလုပ်သမားဝန်ကြီးဌာနကိုတိုင်ကြား



အင်ပါယာနေ့စဉ်သတင်းစာတိုက်မှ သတင်းထောက်ခုနစ်ဦးကို သတင်းစာတိုက်ပိုင်ရှင်၏ ခင်ပွန်းက အလုပ်ထုတ် ခဲ့သည့်ကိစ္စကို သတင်းထောက်များက မကျေနပ်သဖြင့် အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြားလိုက်ကြောင်း ကာယကံရှင်များက သြဂုတ် ၁၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားသည်။

“အလုပ်သမားလူတန်းစားနဲ့ မီဒီယာလောကက သတင်းထောက်တွေအပေါ်မှာ အခုလိုလုပ်ရပ်တွေထပ်ပြီး မဖြစ်ပေါ် ဖို့အတွက် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်” ဟု အင်ပါယာသတင်းစာတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုဇမ္ဗူထွန်းက ပြောကြားသည်။

အင်ပါယာနေ့စဉ်သတင်းစာတွင် သတင်းထောက်လုပ်ခဲ့သည့် ကိုဇွဲကလည်း၎င်းကို စတင်အလုပ်ခန့်စဉ်က လစာ ကျပ်တစ်သိန်းခွဲပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ်ချိန်တွင် သုံးသောင်းလျော့နေကြောင်း၊ ထို့ပြင်လစာကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ဖြတ်တောက်သဖြင့် ကျပ်ရှစ်သောင်းသာရသည်ပင်ရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ကိုဇွဲက “ဦးကောင်းမြတ်ထွဋ်က နှစ်ကြိမ်တိုင်ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်စိန်ခေါ်တာ ခံခဲ့ရပါတယ်။ ၀တ်ထားတဲ့ အ၀တ်စားက တိုက်ပုံပင်နီဝတ်ပြီး အာဏာရှင်ဆန်ဆန် အလုပ်ထုတ်ခံရပါတယ်” ဟုလည်း သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောဆိုခဲ့သေးသည်။

သတင်းထောက်ခုနစ်ဦး၏ တိုင်တန်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေကို အလုပ်သမားဝန်ကြီးဌာနထံ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “တစ်ဖက်က အလုပ်ထုတ်တဲ့ပိုင်ရှင်ကို ခေါ်တွေ့မေးမြန်းပြီး ဖြေရှင်းပေးမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အင်ပါယာသတင်းစာတိုက်တွင် လုပ်ခဲ့သည့်သတင်းထောက်များ၏ စွပ်စွဲပြောဆိုမှုခံရသူ ဦးကောင်းမြတ်ထွဋ်ကို လည်း မေးမြန်းရန်ကြိုးစားရာ ၎င်း၏ကိုယ်ရေးအရာရှိ မစုစုချောနှင့်သာ တွေ့ခဲ့ပြီးသူမက “ဦးကောင်းမြတ်ထွဋ်က ရုံးမှာမရှိပါဘူး။ ခရီးသွားနေပါတယ်” ဟုပြောသည်။

အလုပ်ထုတ်ခံရသော သတင်းထောက်ခုနစ်ဦးသည် သတင်းစာတိုက်တွင် ဇွန်လမှစတင် အလုပ်ဝင်ခဲ့ပြီး တစ်လခန့် အကြာတွင် အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။

From : ..mizzima

လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ





Sex ကိစ္စဆွဲဆောင်မူရှိအောင် ၀တ်ဆင်ထားသောမြန်မာ မိန်းကလေးတစ်ဦး






From : ကျင်ဇော်

လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach
ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့်
Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။


သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း
ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။


အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။


၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။


သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။


No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို ပြီး စိတ် ၀င် တစား ရှိ ကြ သည်
ဟု သိရသည်။






” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး မိန်း ကလေး တွေ မှာ တော့
ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။


လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု သိရသည်။


No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။


အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။


လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး အုပ်ထား တာ ထက် စာရင်
အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ ဆင်း မှု ကို ဟန့်
တား နိုင်တယ် ဟု သုံး သပ် ကြသည်။


အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ 
ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ


From : ..eleven

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .

သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင် PMC.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ AP. 04.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ WW.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ RP.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ S&B. 38 Special ကြေးထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးထိ ဖြတ်ထားသည့် စတီးကျည်ဆန် တစ်တောင့်၊ R.P 45 Auto ကြေးထိပ်ဖူးပါ ကြေးကျည်ခွံ နှစ်တောင့်၊ စုစုပေါင်း ကျည်ကိုးတောင့်တို့အား စစ်ဆေးတွေ့ရှိခဲ့၍ ၎င်းထံမှ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။

ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂလာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်


ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)


ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်
တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ
(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက
ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း
ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး
မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့စကားကိုမကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်
နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့
လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို
ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး
ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)


ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်
တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)


အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက်
တာပေါ့............................



အားလုံးကိုလေးစားစွာဖြင့်...
ဟိန်းထက်(ဘိတ်သား)

*ဒေါ်လာလဲလှယ်နှုန်း*


( ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်၊ ကြာသပတေးနေ့ )
-
သိမ်ဖြူငွေလဲကောင်တာ ( နံနက်ပိုင်း @ ၁၀:၄၅ မိနစ်)
ဒေါ်လာ >> ၁ ဒေါ်လာ = ၉၆၈ - ၉၇၈ ကျပ်
[ ၀ယ်ဈေး = ၉၆၈ ကျပ် // ရောင်းဈေး = ၉၇၈ ကျပ် ]
ရန်ကုန်ဈေးကွက် ( နံနက်ပိုင်း @ ၁၀:၄၅ မိနစ်)
ဒေါ်လာ >> ၁ ဒေါ်လာ = ၉၇၁ - ၉၇၄ ကျပ်
[ ၀ယ်ဈေး = ၉၇၁ ကျပ် // ရောင်းဈေး = ၉၇၄ ကျပ် ]
-
ငွေလဲလှယ်နှုန်းသည်
အချိန်နှင့်နေရာပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

ပြိုင်ဘက်ကို နောက်ပြောင်ကာ ဘောင်းဘီဆွဲချွတ်ခဲ့သည့် ကစားသမား

Thursday, August 15, 2013

လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။

နောက်နောက်ပြောင်ပြောင် နေထိုင်တတ်သည့် ချက်စ်တာဖီးလ် တောင်ပံ ကစားသမား ဂယ်ရီရောဘတ်စ်တစ်ယောက် ပြိုင်ဘက်အသင်း ကစားသမားကို စနောက်ခဲ့သော်လည်း ဒိုင်လူကြီး သဘောကောင်းခဲ့၍ ပြစ်ဒဏ်နှင့် ကင်းလွတ်သွားသည်။ လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။ ရောဘတ်စ်သည် ပြစ်ဒဏ်ဘောကို ကန်တင်ရန် ပြင်ဆင်နေချိန်တွင် ၎င်းရှေ့၌ ရှိနေသည့် ချယ်လ်တန်ဟမ် အသင်းသား ရက်ဆဲလ်ပန်၏ ဘောင်းဘီကို ဆွဲချွတ်လိုက်ခြင်း ဖြစ်သည်။ လီဗာပူးလ် လူငယ်ခြံပေါက် ကစားသမားဟောင်းသည် နောက်ပြောင် ကျီစယ်သည့် သဘောမျိုးဖြင့် ယင်းကဲ့သို့ ပြုမူခဲ့ဟန် ရှိသည်။

ပန်မှာလည်း အလွန်ရှက်ရွံ့သွားဟန် မရှိလှဘဲ ဒူးစပ်နားထိ ဆွဲချွတ်ခံထားရသည့် ဘောင်းဘီနှင့်ပင် ဒိုင်ဘက်လှည့်၍ စကားပြောလိုက်သေးသည်။ သာမန်အားဖြင့် ယင်းအပြုအမူသည် ပြိုင်ဘက် ကစားသမား တစ်ဦးကို တိုက်ခိုက် စော်ကားမှုအဖြစ် ယူဆကာ ပြင်းထန်သော ပြစ်ဒဏ်မျိုး ပေးနိုင်သော်လည်း ဒိုင်လူကြီး မိုက်ခ်ဘူးလ်က ရောဘတ်စ်၏ စိတ်ဆန္ဒသည် ဘဝတူ ကစားသမားချင်း နောက်ပြောင်မှု သက်သက်သာဖြစ်ကြောင်း နားလည်ဟန်ဖြင့် ရယ်မောနေရုံသာ ရှိခဲ့သည်။ ထိုအခြေအနေသည် ရောဘတ်စ်အတွက် ကံကောင်းမှုဟုလည်း ယူဆနိုင်သည်။ အဆိုပါ ပွဲစဉ်တွင် ချက်စ်တာဖီးလ်က (၂-၀)ဖြင့် အနိုင်ရပြီး ရောဘတ်စ်က ပထမဂိုးကို သွင်းယူသွားခဲ့ကြောင်းလည်း သိရှိရသည်။

 Planet.com.mm

Zapya v1.8 Apk 5MB



zapya အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံး Update လေးပါ
မရှိသေးရင် အောက်ကလင့်မှာရယူနိုင်ပါတယ်

Dwonload>>>>>mediafire (or)(or)zippyshare
Myanmar Mobile App Store

ပုံမှန်နှစ်များနှင့်မတူ မိုးရွာသွန်းမှု များနေသော်လည်း တောင်ပြုန်းပွဲတော်သို့ ခရီးသွားများ ပိုမိုသွားရောက်


15.8.2013

ယခုနှစ်တွင် မိုးရွာသွန်းမှု များနေသော်လည်း ယခင်နှစ်များနှင့် မတူဘဲ
တောင်ပြုန်းပွဲတော်သို့ ခရီးသွားများမှာ ပုံမှန်သွားရောက် နေခြင်းကြောင့် ပို၍စည်ကားဖွယ်ရှိကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းများမှ သတင်း
ရရှိသည်။

"ဒီဘက်မှာသာ မိုးများနေတာပါ။ ပြောရရင် ၁၁၅ မိုင်ကျော်လောက်ဆိုရင် မိုးမရွာတော့ပါဘူး။ ရန်ကုန်နဲ့ ပဲခူးကျော်ရင် အထက်ဘက်မှာ မိုးမရွာတော့
ပါဘူး။ ဒီနှစ်က မိုးရွာလည်း ကားဂိတ်တွေက သူ့မိတ်နဲ့သူတော့ သွားနေကြတာပါပဲ။ တောင်ပြုန်းသွားတဲ့ သူတွေလည်း ပုံမှန်ပါပဲ။ ဦးတို့ ဘုရားဖူးကားတွေကတော့ ခြောက်စီးထွက်ဖြစ်ပါမယ်။ ရိုးရာနတ် ကိုးကွယ်တဲ့သူတွေ အသွားများတာပေါ့။ နှစ်တိုင်း ပုံမှန်ပို့နေ ရတာပါပဲ" ဟု သုခမိန်စာပေ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးသွား လုပ်ငန်းမှ ဦးမျိုးကြီးက
ပြောကြားသည်။

အဆိုပါ တောင်ပြုန်းခရီးစဉ်သို့ ဘုရားဖူးကားများ သာမက ရထားဖြင့် လည်းကောင်း ကားစီးလုံး ငှားပြီးသော် လည်းကောင်း၊ ကိုယ်ပိုင်ယာဉ်
များဖြင့် လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက်သူလည်း များပြားသောကြောင့် တောင်ပြုန်းအ၀င်လမ်းတွင် ကားပိတ်ဆို့မှုများပင်
နှစ်စဉ်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်ကို နှစ်စဉ်သြဂုတ် ၁၆ ရက်တွင် ကျင်းပလေ့ရှိပြီး နတ်ကိုးကွယ် သူများ၊ ဘုရားဖူး အလည်အပတ် သွားရောက်သူများဖြင့် စည်ကားလေ့ရှိပြီး တောင်ပြုန်းနှင့် ဆက်စပ်ကာ ပြင်ဦးလွင်ရှိ ကိုးမြို့နန်းသို့လည်း သွားရောက်လေ့ရှိကြောင်း သိရသည်။

"သြဂုတ် ၁၄ ရက်ကစပြီး သွားနေကြပါပြီ။ တောင်ပြုန်းပွဲတော် စပြီပေါ့။ သန်းဌေးနဲ့ ရောင်းရင်းများကတော့ ပုံမှန်ခုနစ်စီး ထွက်နေကျပါပဲ။ ၁၅ ရက်နေ့တော့ စထွက်တယ်။ ၄ ရက် ခရီးစဉ်ဖြစ်တဲ့ တောင်ပြုန်း-မန္တလေး -ပြင်ဦးလွင် ခရီးစဉ်နဲ့ တောင်ပြုန်း-မန္တလေး-ပြင်ဦးလွင်-စစ်ကိုင်း-မုံရွာ ၅ ရက်ကြာ ခရီးစဉ်ကို သွားတဲ့သူ များပါတယ်" ဟု သန်းဌေးနှင့် ရောင်းရင်းများ ခရီးသွားလုပ်ငန်းမှ ပိုင်ရှင်ဦးသန်းဌေးက ပြောကြားသည်။

ထို့ပြင် သွားလာနေကျ ဘုရားဖူး ခရီးစဉ်များအပြင် ယခုနှစ် ဘုရားဖူးနေ
ရာဒေသ အသစ်အဖြစ် ပြည်အနောက်ဘက်ခြမ်းသို့ ခရီးသွားများ သွားရောက်နေကြကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းများမှ သိရသည်။

eleven media group

Related Posts Plugin for WordPress, Blogger...