Thursday, August 15, 2013

ပြိုင်ဘက်ကို နောက်ပြောင်ကာ ဘောင်းဘီဆွဲချွတ်ခဲ့သည့် ကစားသမား

Thursday, August 15, 2013

လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။

နောက်နောက်ပြောင်ပြောင် နေထိုင်တတ်သည့် ချက်စ်တာဖီးလ် တောင်ပံ ကစားသမား ဂယ်ရီရောဘတ်စ်တစ်ယောက် ပြိုင်ဘက်အသင်း ကစားသမားကို စနောက်ခဲ့သော်လည်း ဒိုင်လူကြီး သဘောကောင်းခဲ့၍ ပြစ်ဒဏ်နှင့် ကင်းလွတ်သွားသည်။ လိဂ်တူးပွဲစဉ်အဖြစ် ချက်စ်တာဖီးလ်နှင့် ချယ်လ်တန်ဟမ်တို့ ရင်ဆိုင် ကစားစဉ် ဒိုင်လူကြီး ရှေ့တည့်တည့်၌ ရောဘတ်စ်က ပြိုင်ဘက် အသင်းသားအား ဘောင်းဘီဆွဲချွတ်ခဲ့သည်။ ရောဘတ်စ်သည် ပြစ်ဒဏ်ဘောကို ကန်တင်ရန် ပြင်ဆင်နေချိန်တွင် ၎င်းရှေ့၌ ရှိနေသည့် ချယ်လ်တန်ဟမ် အသင်းသား ရက်ဆဲလ်ပန်၏ ဘောင်းဘီကို ဆွဲချွတ်လိုက်ခြင်း ဖြစ်သည်။ လီဗာပူးလ် လူငယ်ခြံပေါက် ကစားသမားဟောင်းသည် နောက်ပြောင် ကျီစယ်သည့် သဘောမျိုးဖြင့် ယင်းကဲ့သို့ ပြုမူခဲ့ဟန် ရှိသည်။

ပန်မှာလည်း အလွန်ရှက်ရွံ့သွားဟန် မရှိလှဘဲ ဒူးစပ်နားထိ ဆွဲချွတ်ခံထားရသည့် ဘောင်းဘီနှင့်ပင် ဒိုင်ဘက်လှည့်၍ စကားပြောလိုက်သေးသည်။ သာမန်အားဖြင့် ယင်းအပြုအမူသည် ပြိုင်ဘက် ကစားသမား တစ်ဦးကို တိုက်ခိုက် စော်ကားမှုအဖြစ် ယူဆကာ ပြင်းထန်သော ပြစ်ဒဏ်မျိုး ပေးနိုင်သော်လည်း ဒိုင်လူကြီး မိုက်ခ်ဘူးလ်က ရောဘတ်စ်၏ စိတ်ဆန္ဒသည် ဘဝတူ ကစားသမားချင်း နောက်ပြောင်မှု သက်သက်သာဖြစ်ကြောင်း နားလည်ဟန်ဖြင့် ရယ်မောနေရုံသာ ရှိခဲ့သည်။ ထိုအခြေအနေသည် ရောဘတ်စ်အတွက် ကံကောင်းမှုဟုလည်း ယူဆနိုင်သည်။ အဆိုပါ ပွဲစဉ်တွင် ချက်စ်တာဖီးလ်က (၂-၀)ဖြင့် အနိုင်ရပြီး ရောဘတ်စ်က ပထမဂိုးကို သွင်းယူသွားခဲ့ကြောင်းလည်း သိရှိရသည်။

 Planet.com.mm

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...