Thursday, August 15, 2013

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာသင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်




From EMG

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITE သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား ၂၁ ဦးတို့မှ သေဆုံးသူ၊ ပျောက်ဆုံးသူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။

အဆိုပါ သင်္ဘောပေါ်တွင် သေဆုံးသူ ကပ္ပတိန်တစ်ဦး၊ ပျောက်ဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦး၊ အသက်ရှင် လွတ်မြောက်လာသူ ခုနစ်ဦးတို့အတွက် စုစုပေါင်း လျော်ကြေးငွေ ဒေါ်လာတစ်သန်းကျော် ပေးအပ်ခဲ့ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ (office engineer) တစ်ဦးအတွက် ဒေါ်လာရှစ်သောင်း၊ crew တစ်ဦးအတွက် ဒေါ်လာခြောက်သောင်းတို့ကို ပေးလျော်ခဲ့သည်။

ထို့အပြင် သေဆုံးနှင့် ပျောက်ဆုံးသင်္ဘောသားများထဲတွင် အသက်၂၁ နှစ်အောက် သားသမီးများ ကျန်ရှိခဲ့ပါက တစ်ဦးလျှင် ဒေါ်လာငါးထောင်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

"အခုနစ်မြုပ်တဲ့ သဘောင်္က နီကယ်သယ်တဲ့ သင်္ဘောပါ။ စက်ပျက်တာရယ်၊ ရာသီဥတုရယ်၊ အခြားစက်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကြောင့် တစ်စင်းလုံး နစ်မြုပ်သွားတာပါ။ အမေရိကန် နိုင်ငံက ABS အာမခံ ကုမ္ပဏီမှာ အာမခံ ထားရှိတာဖြစ်တဲ့အတွက် လျော်ကြေးငွေအတွက် သူတို့ဘက်ကပဲ ပေးလျော်တာပါ။ ပျောက်ဆုံးသွားတဲ့ သူတွေကိုလည်း အာမခံ ကုမ္ပဏီက နေပြီးတော့ နစ်မြုပ်တဲ့ အချိန်ကနေစပြီး တစ်နှစ်ကြာတဲ့အထိ ရှာဖွေဦးမှာပါ" ဟု SSR ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးသန်းနိုင်က ဆိုသည်။

ယခု နစ်မြုပ်ခဲ့သည့် သင်္ဘောသည် အင်ဒိုနီးရှားပိုင်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံရှိ Ocean Sentinels Ship Management PTE.Ltd မှ စီမံခန့်ခွဲကာ မြန်မာနိုင်ငံရှိ Siam Sea Ray & Big Trans Shipping company မှ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...