Wednesday, August 28, 2013

အောင်ဆန်း နီတိ(၂)


ဆရာနတ်မောက်ဘုန်းကျော်သည် ဗိုလ်ချုပ်အောင်ဆန်းစစ်ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်တွင် "ငမိုး"အား "လူပေါ"ဟု ပြောဆိုခဲ့ခြင်းအပြင် ငမိုးသွားမည့် လမ်းအား အတားခိုင်းခဲ့ခြင်းနဲ့ပါတ်သက်ပြီး အခြားသူတစ်ဦးဆိုလျှင် ထိုစကား ထိုလုပ်ရပ်များအတွက် ဒုက္ခလှလှကြီးရောက်သွားနိုင်ကြောင်း ဖွင့်ဟခဲ့သည်။ ငမိုးသည် ငါထိပ်သီးဟူသော မာန်မာနမရှိ ဟန်ကြီးပန်ကြီး မလုပ်တတ် ဘွင်းဘွင်းရှင်းရှင်း ရှိကြောင်းဆိုခဲ့၏။ယနေ့ခောတ် နိုင်ငံရေးလောကတွင် ငမိုးလောက် အလုပ်မလုပ် ငမိုးလောက် တိုင်းပြည်ကို အကျိုးမပြုပါပဲလျှက် ငါလူ့ထိပ်သီး ငါသာလျှင် ပြည်သူ့ခေါင်းဆောင်ကြီး ငါလုပ်သမျှတင့်တယ်သည်ဟု အထင်ရှိနေသူများကို ကျွန်တော်တွေ့မြင်သိနေရသောအခါ ငမိုးနှင့် ယှဉ်စဉ်းစားမိ၏။ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်နေ့က ကျွန်တော်တို့သူငယ်ချင်းတွေ ရွှေတီဂုံစေတီတော် သို့လာကြသော ဘုရားဖူးများအား အယုတ်အလတ်အမြတ်မရွေး အအေးဘူးများ ကမ်းပြီး လှူဒါန်းခဲ့ ကြ၏။
       
      ထိုနေ့မှာပင် ဘုရားတက်ဖူးသောအခါ လူအများကြိတ်ကြိတ်တိုး စည်ကားနေ သည်ကို တွေရှိရ၏။ ထိုအချိန်တွင် ကျောင်းသားခေါင်းဆောင် ဆိုသူ လူကြီးတစ်သိုက်သည် ဘုရားလာဖူးသည် ကိုတွေ့ခဲ့ရ၏။ ထိုသူများသည် ဘုရားပေါ်သို မိမိတို့အား ၀န်းရံထားသူများခြံရံလျှက် ဓါတ်ပုံ ဗီဒီယို ကင်မရာ မင်းများနှင့် အခြံအရံ ဗိုလ်ပါအပေါင်းစုံညီလျှက် မိမိတို့ကိုယ်ကို တကယ့်ထိပ်သီးကြီးတွေ အမှတ်နှင့် ရောက်လာကြပုံ ကို မြင်လိုက်တော့ ကျွန်တော်စိတ်ထဲ ငမိုးကို ပြေးသတိရမိ၏။ငမိုးသာ ရှိလျှင် ထိုသူများကို လက်ညှိုး ထိုးကာ နတ်မောက်ဘုန်းကျော်အား ပြပြီး ပြောပေလိမ့်မည် ဟေ့..ကြည့်စမ်း ဟိုမှာ လူပေါ တစ်သိုက် ဘုရားတက်လာသကွ လို့ပြောချေလိမ့်အံ့။ တစ်ခါ ဘယ်တိုင်းစစ်ဌာနချုပ် တံဆိပ် ဘယ်ဝန်ကြီးဌာန ယာဉ် ၀င်ခွင့် တံဆိပ် စစ်ဦးထုပ်အနီပါတ် အစိမ်းပါတ် များ ကားဒက်ရှ်ဘုတ်ပေါ်တင်ပြီး ကြမ်းရမ်း စွာမောင်းနှင် နေသော အရပ်ဝတ်အရပ်စားဖြင့် လူငယ် လူရွယ်လေးတွေကို တွေ့သောအခါတွင်လည်း စစ်ဝန်ကြီးငမိုးထုတ်ခဲ့သော အမိန့် နှင့် သူကိုယ်တိုင်လိုက်နာခဲ့ပုံလေးတွေကိုလဲ ယှဉ်မိ၏။အရပ်ဝတ်ဖြင့် သွားသောကြောင့် ကားအလံတိုင် မှ ရာထူးအဆင့်အတန်း အလံလေးတွေ ဖြုတ်ခံရသော ငမိုး တုန့်ပြန်ပုံက "ကဲ ငါသွားနိုင်ပြီလားကွ" တဲ့လေ ကွာခြားလိုက်ပုံများပြောပါတယ်။ "ကျုပ်တို့မြန်မာပြည် မိဘ တိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲ ကောင်တွေ မွေးရမယ်" ဆိုတဲ့ သီချင်းလေးကြားမိတိုင်း လူငယ်တွေ ဗိုလ်အောင်ဆန်းကို ကဗျာရေး ရုံ အာဇာနည်နေ့ လမ်းလယ်ခေါင်တက် ကားဟွန်းတီး ဥသြ ဆွဲ ရုံ နဲ့တော့ ဘာမှမထူးဘူး လို့ပဲပြောချင်တယ်။အောင်ဆန်းကို တကယ်လေးစားရင် အောင်ဆန်း လိုကျင့်ကြ ရမယ်။အောင်ဆန်း ဘယ်လို ကျင့်ခဲ့သလဲ သိအောင်လုပ်ရမယ်။အောင်ဆန်း ဘယ်လို ကြံခဲ့ သလဲ လေ့လာ ရမယ်။ သိနေ လေ့လာနေရုံနဲ့တော့လဲ မပြီးဘူး အောင်ဆန်း လိုလဲ လက်တွေ့ကျင့်ရမယ်။ ဒါမှသာ တိုင်းပြည်အတွက် တကယ့်ကို မျိုးချစ်စိတ်အပြည့်နဲ့ သူရဲကောင်းလူငယ်တွေပေါ်ထွန်းလာနိုင်မယ်။ 
 
     နိုင်ငံ့ရှေ့ရေး လက်ဆင့်ကမ်းဖို့ သူရဲကောင်းလူငယ်တွေ လိုအပ်တယ်။ယနေ့ခေတ်မှာ လူငယ်တွေဟာ ကိုယ်တိုင် သူရဲကောင်း အကျင့်ကျင့်ဖို့ထက် သူရဲကောင်းအောက်စွဲ သူရဲကောင်းဖော်လံဖား လုပ်ဖို့လောက်သာ ပိုပြီး စိတ်အားထက်သန်နေကြတယ်။ကိုယ် ကိုယ်တိုင် သူရဲကောင်းအကျင့် ကျင့်ကြံနေနိုင်ပါလျှက် သူရဲကောင်းဟု ယုံစားသူများကို ဖော်လံဖားလုပ်တတ်ကြတယ်။ဒါကိုလဲ သူရဲကောင်း သို့မဟုတ် ထိပ်သီးကြီးဟု ကိုယ့်ကိုယ်ကို ထင်နေသူတွေက ပျော်မွေ့နေတတ်ကြတယ်။ အောင်ဆန်း စစ်ဝန်ကြီးဘ၀က ရုံးအဆင်းတစ်နေ့မှာ သူ့ ဖိုင်တွဲကြီးရယ် ဂျပန်ဓါးကြီးရယ် နဲ့ လက်ဆွဲအိတ် အလေးကြီးရယ်နဲ့ အတော်ကလေးကိုးလို့ကန့်လန့် ဖြစ်ပြီး ရုံးဆင်းလာတယ်။ဒါကို သူ့ကိုယ်ရံတော် တပ်မှုးက တွေ့တော့ အပြေးလေးနဲ့ "ဗိုလ်ချုပ် ကျွန်တော့်ပေးပါလား" ဆိုတော့ အောင်ဆန်းက သူ့ ဖလဖ လုပ်တယ်ထင်ပြီး "မင်းအလုပ်က ငါ့ကိုယ်ရံတော်ဗိုလ်အလုပ်၊မင်းဟာငါ့ ကူလီမဟုတ်ဘူး။ ငါ့ဘာသာ ငါ အနိုင်သားဘဲ" လို့ ဘုပြောခဲ့သတဲ့။ဒီလိုပါပဲ သူရဲကောင်းဆိုတာ မျိုးဟာ အသေးအဖွဲ ကိစ္စမှာတောင် ဖော်လံဖား အလုပ်မခံကြပါဘူး။အောင်ဆန်းသည် နောက်လိုက်မမွေး ငါကို ဗဟိုပြုပြီး လှုပ်ရှားကြ ငါလုပ်ပေးမှ ရကြစေ ဆိုသောအကျင့် မရှိ အများညီညွတ်စွာလုပ်ကြဖို့ကိုသာလျှင် လိုလားသူဖြစ်သည်။ယနေ့ခေတ်တစ်ချို့ နိုင်ငံရေးသမားတွေပြောကြသည် မိမိအာဏာလိုချင်တာဟာ မိမိ တို့အတွက် မဟုတ်ပါကြောင်း အများပြည်သူအတွက်သာလျှင်ဖြစ်ကြောင်းကို အထပ်ထပ်ပြောကြ ဆိုကြသည်။အာဏာရမှသာ တိုင်းပြည်အတွက် လုပ်ပေးနိုင်မည်ဟုယူဆကြပုံရသည်။အာဏာရ မှ လုပ်ပြမည်ဟု ဖြစ်ပေသည်။ထို့ကြောင့်ပင်လျှင် အာဏာမရရအောင် နောက်လိုက်တွေမွေးကြသည်။
အာဏာအတွက် နည်းမျိုးစုံကြိုးပမ်းကြသည် ပါတီကြီးတစ်ခုပင်လျှင် ပါတီတွင်းအာဏာ အတွက် အောက်ခြေပါတီဝင်အချင်းချင်း အုပ်စုဖွဲ့ ကွဲနေကြသည်။ ထိုသို့သော အခြေအနေမျိုး ကိုအောင်ဆန်း ပြောကြားခဲ့သည်က " မဟုတ်ပါဘူး ဘာစကားများနေစရာရှိလဲ၊ မင်းတို့ အလကားစကားများနေတာပဲ၊ ဒီလောက် မိုက်တွင်းမနက်ကြနဲ့ ငါသာ"အာဏာရှင် လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ၊..ရဲဘော်တွေထဲကလဲ စောက်သုံးမကျတဲ့ကောင်တွေ အများကြီးပဲ၊ဆိုရှယ်လစ်ထဲကလဲ ဘ၀င်မြင့်ပြီး အလကားအထင်ကြီးနေတာတွေ တစ်ပုံကြီး၊ပြောချင်သေးတာက မင်းတို့ ဆိုရှယ်လစ်တွေဟာ ကွန်မြူနစ်ကို ဖဆပလ ထဲက ထုတ်မပစ်ခင်တုန်းက အပေါက်မျိုးတွေ အားကြီး လုပ်နေတာ တွေ့ရတယ်။ ဒါတွေကိုရပ်တန်းကရပ်ရင်ကောင်းမယ်။…ပြောချင်သေးတယ်၊ငါဟာဘယ်တော့မှ နောက်လိုက်မစုဘူး၊သိသားပဲ တစ်ချို့ခေါင်းဆောင်တွေ ရာထူးပေးအာဏာပေးပြီး နောက်လိုက် စုနေကြတယ်။ငါတို့တော့ဘယ်တော့မျှ ဒီလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်းလုပ်သွားမှာပဲ ဘယ်တော့မှနောက်လိုက်မမွေးလို့ အခုလဲ တစ်ယောက်ထီးတည်းသမားပဲ။မင်းတို့ကောင်တွေ အလကား စာအုပ်လေးနှစ်အုပ်သုံးအုပ်လောက်ဖတ်ပြီး စကားများနေကြတယ်။ကဲ ငါမေးမယ် (what is revolution)ကဲဖြေကြစမ်း..။ရဲဘော်တွေမေးရင် တစ်မျိုးရမယ် ဆိုရှယ်လစ်တွေမေးရင် အဖြေတစ်မျိုးရမယ်။အဲ့ဒီတော်လှန်ရေးရဲ့ အယူအဆ တောင်မှ တစ်ဦးနဲ့တစ်ဦးတူအောင် မညှိနှိုင်းနိုင် သေးဘူး မစုစည်းနိုင်သေးဘဲနဲ့ ဘာလို့ဖင်ခေါင်းကျယ်ချင် ရတာလဲ၊ အချင်းချင်းလဲ တည့်အောင် ဘယ်တော့မျှ မနေကြဘူး၊မင်းတို့ မညီညွတ်ရင် "အားလုံးဖင်စုတ်သွားမယ်" သိရဲ့လား။မင်းတို့တတွေ မညီညွတ်ရင် ဘာတွေဖြစ်ကုန်မယ်ဆိုတာသိရဲ့လား ပြီးတော့ မင်းတို့ နှစ်ဦးသဘောတူ ဖွဲ့ထားတဲ့ ငါးဦးကော်မတီ ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာကြပေါ့။မညီညွတ်ဘူးဆိုတာနဲ့ ပါတ်သက်ပြီး ညီညွတ်အောင်လုပ်ဖို့ကတော့ အလွယ်ကလေးပဲ တစ်ဦးနဲ့တစ်ဦးတစ်ဖက်စကားနဲ့ အထင်လွဲ ဟိုလုပ်ဒီလုပ်လုပ်ရင် တော့ဘယ်တော့မှညီညွတ်မှာမဟုတ်ဘူး။ငါ့တော့ဘာမှမနာလိုမရှိကြနဲ့ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံရေးကထွက်မှာပဲ။လွတ်လပ်ရေးရပြီးလျှင် ဆွဲထားတောင်မနေဘူး၊ စကားများမနေကြနဲ့ ဒါပဲ.။"ဟု စတုထ္ထအကြိမ် ပြည်သူ့ရဲဘော်ညီလာခံတွင် ပြောကြားခဲ့ပါသည်။

    သူ့အပြော သည် ရှင်းသည် ပြတ်သားသည် သူ့နောက်လိုက်ပါဟု တစ်ခွန်းမဆို သူလုပ်ပေးမှဖြစ် မည်ဟုမပြော ညီညွတ်ရေးကို ကိုယ့်ဖာသာတည်ဆောက်ကြရမည် မညီညွတ်လျှင် ဒုက္ခရောက်ကြ ရမည်ကို သတိပေးခဲ့လေသည်။ညီညွတ်အောင်ကား ကိုယ့်ဖာသာပင်ကြိုးပမ်းကြရမည်ဖြစ်ပေသည်။
သူလုပ်နိုင်တာကို လက်တွေလုပ်ပြသည်။ပြီးလျှင် ကျန်တာတွေအတွက် ကိုယ့်ဖာသာလျှောက်လှမ်း ကြ စေ တော့ သူကတော့ ၀င်ရောက်စွက်ဖက်ခြင်း ပဏာ ၀င်ယူခြင်းပြုတော့မည်မဟုတ်ပဲ လုပ်နိုင် သလောက် လုပ်ပေးခဲ့ပြီးထားခဲ့ပေတော့မည်။အောင်ဆန်းသည် ထိုသို့သောလူစားမျိုး ဖြစ်သည်။

(ဆက်ရေးပါဦးမည်)

(ဆန်းသစ်)

ပလပ်စတစ်အိတ်တွင်မွေး၍ ပလပ်စတစ်အိတ်တွင် သေခဲ့ရသူ

၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ မွေးဖွားပြီး မွေးရာ ပါ ရောဂါဖြစ်တဲ့ SCID နဲ့အတူ လောကထဲ ရောက်ရှိလာပါတယ်။ တစ်ကမ္ဘာမှာ နှစ်ယောက်တောင် တွေ့ဖို့ခဲတဲ့ ရောဂါ ဖြစ်ပြီး David Vetter (ဒေးဗတ်တာ) ကတော့ သေဖို့ ကြိမ်းသေနေပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Montgomery မြို့ မှာ ဖြစ်ပြီး မွေးပြီး လပိုင်းနဲ့တင် တက္ကဆက် ကလေးဆေးရံကို ပြောင်းရွှေ့ နေထိုင် ရပါတယ်။ SCID အမည်ရ ရောဂါတစ်မျိုးဟာ ခုခံအား လုံးဝ ထုတ်မပေးနိုင် တဲ့ ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် လေထုအခြေအနေ၊ အစားအသောက်များနဲ့ လုံးဝထိတွေ့လို့ မရပါဘူး။ အပြင်လေထုနဲ့ ထိတွေ့လိုက်ရင် မိနစ်ပိုင်းအတွင်း သေရလောက်အောင် အင်မတန် ကြောက်စရာ ကောင်းပါတယ်။ သာမန်လူတစ်ယောက် အာကာသ အပြင်ဘက်ကို ဘာမှ မပါပဲ ထွက်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သူ့ရဲ့ ရိုးတွင်းခြင်ဆီ က သွေးဖြူဥ၊ သွေးနီဥ ထုတ်လုပ်ဖို့ အလုပ်လုပ်နိုင်မှ သာ သာမန်လူ တစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလှူရှင်ပေါ် နိုးနိုး နဲ့ စောင့်ဆိုင်းပါတယ်။ အမျိုးအစားတူတဲ့ ရိုးတွင်းခြင်ဆီ တွေ့ဖို့က စိန်ရှာတာထက်ကို ခဲယဉ်းပါတယ်။

ဒါကြောင့် သူ့အတွက် ဆေးရုံမှာတင် ပလပ်စတစ် အိမ်ငယ် ကလေး ပြုလုပ်ပေးပါတယ်။ အမေရိကန် နာဆာ မှလည်း သူ့အတွက် အပြင်လေထုနဲ့လုံးဝ မထိတွေ့နိုင်တဲ့ ဝတ်ဆုံတစ်မျိုး ဖန်တီး ပေးပါတယ်။ ဒီအတွက် အမေရိက်ဒေါ်လာ ၅ သောင်း သုံးစွဲ ခဲ့ရပါတယ်။ ၂၀၁၂ ငွေကြေး တန်ဖိုးနဲ့ တွက်ချက်ရင် ဒေါ်လာ ၂ သိန်း နီးပါး ဖြစ်ပါတယ်။ အပြင် အနည်းငယ်ထွက်မိတဲ့ အတွေ့အကြုံကြောင့် ကြောက်လန့် စိတ်ဝင်နေ တဲ့ ဒေးဗစ်ဟာ အပြင်ထွက်ဖို့ ငြင်းဆန်ခဲ့ ပါတယ်။

ဒီလိုနဲ့ အသက် ၁၂ နှစ်ဝန်းကျင်ချိန်ထိ နေလာတော့ ဒေးဗစ်ဟာ စိတ်ပုံမှန် မရှိတော့ပါဘူး။ သူ့အတွက် ပညာသင်ကြားမှု၊ ဖျော်ဖြေရေးတို့ကို အတတ်နိုင်ဆုံး ပြုလုပ်ပေးပေမယ့် အလွယ်တကူ ဒေါသ ထွက်လွယ် လာပါတယ်။ အပေါင်းအသင်းမရှိ၊ အထီးကျန်ဘဝ၊ လောင်အိမ် ထဲက အခြေအနေတစ်ခုကြောင့် စိတ်ရောဂါလိုလို ဖြစ်လာပါတယ်။ ဒါကြောင့် ဆေးပညာရှင်များဟာ ရိုးတွင်းခြင်ဆီ မတူလည်း အသက်ရှင်ရန် ဖြစ်နိုင်တယ်လို့ ယူဆပြီး အစားထိုးပေးခဲ့ပါတယ်။ မိဘများ လည်း သဘောတူပြီး စစချင်းမှာ ကောင်းလာမယ့်လို့ ယုံကြည်ကြပါတယ်။

ထင်သလို ဖြစ်မလာပါဘူး။ ရက်အနည်းငယ်အတွင်း အဖျားတက်လာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်လာခြင်း၊ သွေးထွက်လွန်ခြင်းတို့ ဖြစ်ပြီး အသက်သေ ဆုံးသွားပါတော့တယ်။ ပြန်လည် စစ်ဆေးကြည့်လိုက်မိချိန် မှာတော့ အဓိက မှားယွင်းချက်က အမျိုအစား မတူတဲ့ ရိုးတွင်းခြင်ဆီကို အစားထိုးပေး လိုက်မှုကြောင့် ဖြစ်ပါတယ်။ ကမ္ဘာပေါ်နဲ့ သူနဲ့ ရိုးတွင်းခြင်ဆီ တူတဲ့ လူတွေ့ဖို့ဆိုတာကလည်း ရှာမှရှားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ် တစ်ယောက်ဟာ လှောင်အိမ်မှာနေ၊လှောင်အိမ်မှာ အသက်ကုန်ဆုံးသွားရပါတယ်။

အသက် ၁၂ နှစ်သား (၁၉၈၄၊ ဖေဖော်ဝါရီ ၂၂) မှာ သေဆုံးပြီး Bubble boy ဟာ ကမ္ဘာကျော်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူနဲ့ အလားတူ ရောဂါဝေဒနာ ခံစားရသူ နောက်ထပ် ကလေးတစ်ဦးလည်း ရှိပါသေးတယ်။ သို့ပေမယ့် ရောဂါအမျိုးအစားက မတူပါဘူး။ Aplastic anemia လို့ခေါ်ပြီး သူလည်း ပလပ်စတစ် အိမ်မှာသာ နေလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ သူလည်း ပလပ်စတစ်အိမ်ထဲ ၈ နှစ်ကျော်ကြာနေထိုင်ပြီး အသက်သေဆုံးသွား ရသူ ဖြစ်ပါတယ်။

ဒေးဗစ်က လူပိုသိများပါတယ်။ သူ့အတွက်နဲ့တင် အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁.၃ သန်း အသုံးပြုခဲ့ရပါတယ်။ ယနေ့ငွေကြေး တန်ဖိုးနဲ့ တွက်ချက်ရင် ဒေါ်လာ ၅ သန်း မကပါဘူး။ ဒီလောက် ရင်းနှီးခဲ့တာတောင် SCID ကို ကုသနိုင်မယ့် နည်းလမ်း မတွေ့ရှိခဲ့ပါဘူး။ Bubble Boy အမည်နဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း ကမ္ဘာကျော်သွားရပါတယ်။

ပိုးသတ်ပြီး သဘာဝလေထုနဲ့ပိုင်းခြားထားတဲ့ ပလပ်စတစ်အိမ်မှာနေပြီး ယင်း ပလပ်စတစ်အိမ်မှာပဲ ကံကုန်သွားရတဲ့ ဒေးဗစ်ရဲ့  ဇာတ်လမ်းကတော့ ဝမ်းနည်း စရာ တစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်။
--
Ref: wiki

အောင်ခမ်း (ရိုးရာလေး)

အောင်ဆန်းနီတိ(၁)


        ကျွန်တော်သည် ငမိုးခေါ်ခေါ် ဦးအောင်ဆန်းခေါ်ခေါ် ဗိုလ်တေဇခေါ်ခေါ် ဗိုလ်ချုပ်ခေါ်ခေါ် လူအများ နှစ်သက်သလိုခေါ်တွင်သော အနှီးအောင်ဆန်းဆိုသော အမျိုးသားခေါင်းဆောင် ပုဂ္ဂိုလ် ကြီးအား အလွန် ကြည်ညိုအားကျလေးစားသည်။ထိုထက်ပိုရလျှင် ရူးသွပ်စွာ စွဲလမ်းသော ကျွန်တော်၏ စံပြ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ကျွန်တော်၏နေ့စဉ်ဘ၀ အချို့သော အဖြစ်အပျက်များအကြောင်းအရာများတွင် ထိုအောင်ဆန်း ဆိုသော အမျိုးသားခေါင်းဆောင်ကြီး၏ စိတ်နေစိတ်ထား ခေါင်းဆောင်မှုပညာ အဆိုအမိန့် ကိုယ်ကျင့်တရား စသည်တို့နှင့် ချိန်ထိုး နိုင်းယှဉ်ကာ စဉ်းစားတတ်မြဲဖြစ်သည်။ ထိုမျှ ကျွန်တော် အောင်ဆန်း အား တမ်းတ စွဲလန်းသည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေး ပါတီရေး အမျိုးသားရေး ဘာသာ သာသနာအရေး ဘာအရေး ညာအရေး စသည်တိုင်းတို့တွင် အောင်ဆန်း ၀ါဒ အောင်ဆန်းလမ်းစဉ် အောင်ဆန်း အဆုံးအမ စသည်တို့နှင့် အမြဲ ယှဉ်ထိုး ဆင်ခြင်ကြည့်တတ်သည်။ ကျန်ခဲ့သော ဇူလိုင်လ၁၉ ရက်နေ့တွင် အောင်ဆန်းတို့ ကျဆုံးခဲ့သော ၆၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်ခဲ့ပါသည်။ ဤတွင် အကြောင်းအရာဆက်စပ်၍ အောင်ဆန်းအကြောင်းမှတ်သားဖတ် ရှုဖူးသည်ထဲမှပြောပြရလျှင် အောင်ဆန်းသည်မသေခင်ကပင်သူ့အား အာဇာနည်အဖြစ်သတ်မှတ်ခံခဲ့ ရကြောင်းနှင့် သူ့အား သူရဲကောင်းကြီးအဖြစ် ချီးကျူးမိကြသူများအားလည်း "ကျုပ် ဘယ်ကလာ, အာဇာနည် ရမှာလည်း အာဇာပန်းရောင်တောင် မဖြစ်သေးဘူး" ဟု ဘုပြန်ပြန်ပြောတတ်သေးကြောင်းသိရသည်။
     ၁၉ ဇူလိုင်တွင် အောင်ဆန်းအား ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အရောင်အဆင်းအစုံအလင်ဖြင့် အလေးပြုကြသည်။ အမှတ်တရ စကားတွေဆိုကြသည် ပွဲလမ်းသဘင်တွေလုပ်ကြသည်။အောင်ဆန်း စိတ်ဓါတ် အောင်ဆန်းအကျင့် အောင်ဆန်းကဲ့သို့ ရိုးသားမှုကြိုးစားမှုရှိဖို့ ကြိုးစားဖို့လိုကြောင်းကား အထပ်ထပ်ပြောကြသည်။ သိုရာတွင် ထိုတစ်နေ့တည်းမျှသာဖြစ်ပြီး ကျန်သော ၃၆၄ရက်သည် အောင်ဆန်း စကား အောင်ဆန်းအဆုံးအမ အောင်ဆန်းအစဉ်အလာတို့သည် ထိုသူတို့အဖို့ အဟောသိကံ ဖြစ် ကုန်တော့သည်။ အောင်ဆန်းသည်ရန်ငြိုးထားလိုစိတ်မရှိ မိမိအား ချောက်ချခဲ့သူကိုပင် နားလည်ပေး နိုင်စွမ်းကားရှိခဲ့သည်။ 
         ဇူလိုင် ၁၉ ရက်နေ့ မှ ရက်ပေါင် ၂၀ မျှ အလွန် ၈ လ ၈ ရက် နေ့တွင် အောင်ဆန်း ကဲ့သို့ ကျင့်ကြဖို့ တိုက်တွန်းခဲ့သော အနှီးပုဂ္ဂိုလ်အပေါင်းတို့ပင်လျှင် အငြိုးအာဃာတ များရောပြွန်းစွာဖြင့် ကာလဆိုးကြီး၏နှစ်ပါတ်လည် ကို နှောင်းလူငယ်တို့ စိတ်ထဲ ရက်စက်စွာ ရိုက်သွင်းခဲ့ပြန်သည် အငြိုးအတေးကြီးမားလှပေစွ။အောင်ဆန်းစိတ်ဓါတ်ဟူသည်ကား ငြိုးမာန်မဖွဲ့တတ် ထိုအကြောင်းကို ဆရာ မင်းသုဝဏ်က အောင်ဆန်း တက္ကသိုလ်ကောင်စီ အဖွဲ့ဝင်ဖြစ်နေချိန်တွင် ဦးတင်ထွတ်က ဒုတိယ အဓိပတိ ဖြစ်နေသည်။အောင်ဆန်းလုပ်သမျှ ဦးတင်ထွတ်က အမြဲ နှိမ်လေ့ရှိ၏ ဦးတင်ထွတ် လုပ်သမျှ အောင်ဆန်းက အမြဲကန့်ကွက်လေ့ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် ဘယ်တော့မှ သင့်မြတ်သည် မရှိ ဆေးချေးနှင့် တောက်တဲ့လို သူတို့နှစ်ဦးမှာ ပနံမစားကြ။
    အောင်ဆန်းသည် အစိုးရအဖွဲ့ဝင် ဒုတိယဥက္ကဌဖြစ်နေချိန်တွင် ဦးတင်ထွတ်အား ကလဲ့စား ချေမည်ဆိုပါက ဦးတင်ထွတ်ခဗျာ ဒုက္ခရောက်ဖို့သာရှိ၏။အောင်ဆန်းကား လက်စားချေဖို့ဝေးစွ "ဦးတင်ထွတ်ဟာ လူတော်တစ်ယောက်ဗျ သူကို ကျုပ်တို့ ထဲရောက်အောင် ဆွဲယူပြီးသုံးရမယ်"ဟုပြော၏။ပြောသည့်အတိုင်းပင် သူ့ကို အမြဲနှိမ်လေ့ရှိသော ဦးတင်ထွတ်ကို သူ့လူဖြစ်အောင်လုပ်သွား၏ သင့်မြတ် လိုက်ကြတဲ့ဖြစ်ခြင်း သိကြသည့်အတိုင်းပင် ဟုဆရာမင်းသုဝဏ်က ဆိုခဲ့၏ ထို့အပြင်အောင်ဆန်းသည် သူ့အား လူသတ်သည် ဟူသောစွဲချက်ဖြင့် ရဲဘော်ရဲဘက်ချင်း ချောက်ချခဲ့သူအား ပင်လျှင် "သူကလည်း သူ့အကြောင်းနဲ့ သူမို့ ပြောရတာဖြစ်မှာပါ ကွာ" ဟုနားလည်ခွင့်လွှတ်ပေးခဲ့၏။ထိုသို့ အငြိုးအတေးအာဃတ ကင်းသောအောင်ဆန်းဖြစ် ပေသည်။အောင်ဆန်းသည် အငြိုးအတေးကင်းရုံသာမက မိမိအမှားနှင့် လက်အောက် ငယ်သား၏ အမှန်အပေါ်မှာလဲ နားလည်နိုင်စွမ်းရှိ၏။မမောက်မာတတ်။ ငါသာလျှင် အမြဲအမှန်ဟု မယူဆတတ်ကြောင်းကို နတ်မောက်ဘုန်းကျော်ကရဲ့ စာအုပ်ထဲတွင် ထိုသို့ဖတ်ရှု့လေ့လာ ခဲ့ရသည် 
      " ဟေ့ကောင် …မြိုင်ရုံက ပြဇာတ်သွားကြည့်ကြရအောင်…။အီမဲလ်ဘန်းရေးသော "ကွန်မြူနစ်ဝါဒ ဆိုတာဘာလဲ" ဟူသော စာအုပ်ကို ကျွန်တော်က အိပ်ရာပေါ်တွင် ပက်လက်လှန်ဖတ်နေ၏။ ငမိုးသည် အိမ်မကြီးနှင့်ကပ်၍ ဆောက်ထားသော ကျွန်တော့်တဲထဲသို့ စွတ်ဝင်လာကာ အထက်ပါ အတိုင်းပြော လေသည်။ ကျွန်တော်သည် အိပ်ယာမှ လူးလဲထကာ သူ့အားအလေးပြုပြီး သူထိုင်မှ ထိုင်လိုက်သည်။ ကျွန်တော်က ငိုင်နေသည် "မင်း..လိုက်ခဲ့" သူကပြောပြန်သည်။ပြဇာတ်ကို သူဘာကြောင့် ကြည့်ချင် သည် ကို ကျွန်တော်က ဓါတ်သိပြီးသားဖြစ်သည်။သူ့လို လူတစ်ဦးသည် ဤမျှ နိုင်ငံရေးပြသနာတွေ ကြီးမားလာသည့်အချိန် ကုပ်ကုပ်နေသင့်သည်။ဟိုသွား ဒီသွား မသွားစေချင်။ တစ်ခါ နှစ်ခါပြော ဖူး၏။ အငေါက်ခံရသည်။ကျွန်တော်၏ စိတ်တွင်ပြောမရ၍ ချဉ်စူးလာ၏။ ထိုချဉ်စူး ပြီးသားစိတ်ကလေးက ခိုးလိုးခုလု ရှိလှသဖြင့် ကျွန်တော်သည် သူ့အား ငေါ့ချ လိုက်မိ၏။ကျွန်တော်က ပြောလိုက်သည် "မလိုက်ချင်ဘူး" သူက " ဘာလို့လဲကွ" ကျွန်တော်က "ဟာ ဒီလောက် အရေးကြီးတဲ့ အချိန်ကာလထဲမှာ ပြဇာတ်သွားကြည့်ကြတယ်ဆိုတာ လူပေါတွေမှ လုပ်တာပဲ.." ငမိုးသည် ကျွန်တော့်ကို ရှုသိုသိုနှင့် ကြည့်ပြီး ထိုင်နေရာမှ ထသွား၏။
      ကျွန်တော်အလေးပြုသည်ကိုမျှ စောင့်ငဲ့၍ ပြန်မကြည့်ချေ။မြည်တွန်၍ ထွက်သွားလေသည်။ "မလိုက်ချင်နေပေါ့ ကွ" ကျွန်တော်လဲ ပြုံးရင်း ကျန်ရစ်ခဲ့၏။ "၀ူး"..့ကျွန်တော်ရပ်ေ နသော ပြတင်းပေါက်နှင့်မလှမ်းမကမ်းမြေနီလမ်းကလေးမှ ၀က်စလေ နက်ပြာရောင်ကားလေးသည် ထွက်ခွာစပြုနေလေသည်။ကားပေါ်တွင် ငမိုးနှင့်မမကြည်တို့ ပါ၍သွား၏။တစ်စုံတစ်ခုကို မြင်လိုက်သဖြင့် ကျွန်တော်သည် စားပွဲပေါ်ရှိတယ်လီဖုန်းကို ကောက်ကိုင်ကာ ကင်းဂိတ်ဝရှိ ကင်းဗိုလ်ထံအရေးတကြီး လှမ်း၍အမိန့်ပေးလိုက်ရ၏။" ဟေ့ …ရပ်" ကားကလေးသည် လှံစွပ်တပ်ထားသော သေနတ်ဖြင့် ရဲဘော်လေးတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။ "ဟေ့ရဲဘော် ဘယ်သူ့အမိန့်နဲ့ တားရသလဲ" "တပ်မှုးအမိန့်နဲ့ တားရပါတယ် ဗိုလ်ချုပ်" "ကဲ မင့်တပ်မှုး သွားခေါ်ချေစမ်း" ရဲဘော်တစ်ဦး လာခေါ်သဖြင့် ကျွန်တော်လိုက်သွားပြီး ကားဘေးတွင်ရပ်က ငမိုးကို အလေးပြုလိုက်ပါသည်။ငမိုးမှာ ရှူသိုးသိုးတွင် အတော် စိတ်ဆိုးနေပုံရ၏။ ဘန်ကောက်လုံချည် တစ်ပါတ်နွမ်းနှင့် တီရှပ် လက်ရှည်ကို ၀တ်ထား၏။" မင်း… အတားခိုင်းတယ်ဆို" "ဟုတ်ပါတယ်ဗိုလ်ချုပ် " "ဘာပြုလို့လဲကွ" ကျွန်တော်မှ ပါးစပ်ဖြင့် ပြန်အဖြေမပေးပါ ကားထိပ်အလံတိုင်သို့သွားပြီး စစ်ဝန်ကြီးရာထူး၊စစ်သေနာပတိရာထူး၊မေဂျာဂျင်နရယ် ရာထူးဟူသော ရာထူးအလိုက်တပ်ဆင်ထားသည့် အလံသုံးဆင့်စလုံးကို ဖြုတ်ယူ၍ ကားပြတင်းပေါက်မှ သူ၏လုံချည်ပေါ်သို့ ပစ်ချပေးလိုက်ပါသည်။
  "မြန်မာ့တပ်မတော်အရာရှိများသည် မိမိတို့၏ အဆင့်အတန်းအလိုက် ရရှိ ထားသော မော်တော်ကားအလံများကို စစ်ဖက်ယူနီဖောင်း အ၀တ်အစား မ၀တ်ဆင်ပဲ နှင့် တပ်ဆင် သွားလာခြင်းမရှိစေရ။အရပ်သားအ၀တ်အစားကို ၀တ်ဆင်သွားလာနေစဉ် အတွင်းမတပ်ဆင်ရ" ဟုတပ်မတော် တစ်ခုလုံးသို့ ငမိုး က အမိန့်ထုတ်ထား၏။ ယခုလည်း အလံကို တမင် ပကာသန လုပ်လို၍ တပ်လာဟန်မတူ မော်တော်ယာဉ်မောင်းရဲဘော်လဲမေ့နေဟန်ရှိ၏။ ငမိုးသည် များကိုကြည့်လိုက် ကျွန်တော့်ကို မော့်ကြည့်လိုက်နှင့် အူကြောင်ကြောင် ဖြစ်သွား၏။နောက် မှ တဖြည်းဖြည်း ပြုံးရယ်လာကာ တစ်ဟားဟားဖြင့် ရယ်မောနေလေ၏။ပြီးမှ "ကဲ ငါသွားနိုင်ပလား ကွ" ဟုမေးလေသည်။ကျွန်တော်လဲ အဖြေကို ပါစပ်မှမဖြေပဲခြေစုံရပ်ပြီး အလေးပြုလိုက်၏။ ထိုကိစ္စနှင့် ပါတ်သက်၍ ကျွန်တော်သည် ငမိုးကို အသေအလဲ ရိုသေလေးစားမိသည်" ဟု ဆရာနတ်မောက် ဘုန်းကျော်က ရေးသားထားခဲ့ပါသည်။

(ဆက်လက်ရေးသားပါမည်)

(ဆန်းသစ်)

နိုင်ငံတော်သမ္မတအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက် ပြောပြသောပြည်သူ့ဝန်ထမ်းများအတွက် ဥပမာ


လူနှစ်ယောက် ကွင်းပြင်ကြီး တစ်ခုထဲ မှာ တစ်ယောက်က
ကျင်းတွေတူးပြီး နောက် တစ်ယောက် က အဲဒီ့တူးပြီးသား
ကျင်းတွေထဲကိုမြေကြီးတွေပြန်ဖို့နေကြတယ်..

သူတို့ နှစ်ယောက် လုပ်ဆောင်ချက်ကိုကြည့်နေတဲ့ အခြားသူ
တစ်ယောက်က မနေနိုင်တော့ဘဲ

ခင်ဗျားတို့ နှစ်ယောက် တစ်ခုခုတော့ လွဲနေပြီ..တစ်ယောက်က
ကျင်းတူးတယ်..နောက်တစ်ယောက်က တူးပြီးသားကျင်းထဲကို
မြေကြီးတွေပြန်ဖို့တော့ ဘာအကျိုးရှိမှာလဲ..ဆိုပြီးပြောပြတယ်...

အဲဒီအခါမှ ကျင်းတူးတဲ့သူနဲ့..မြေဖို့တဲ့ သူနှစ်ယောက်က..ဟုတ်
တယ်ဗျ..လွဲတာတော့လွဲနေပြီ..ကျွန်တော်တို့ လဲဘာလွဲနေတယ်
ဆိုတာမသိဘူး တဲ့..

အမှန်ကတော့ ပျိုးပင် စိုက်လုပ်ငန်း ကို တာဝန်ပေးထားတာလူ
သုံးယောက်ပါ..
တစ်ယောက်ကမြေကြီးတူးရတဲ့တာဝန်
တစ်ယောက်ကမျိုးစေ့ချရတဲ့တာဝန်
တစ်ယောက်ကမြေကြီးဖို့ရတဲ့တာဝန်ပ

အဲဒီ့အထဲမှာ မျိုးစေ့ချရတဲ့ လူတစ်ယောက်က ခွင့်ယူထားလို့
မလာနိုင်တဲ့ အတွက် ကျ န်နှစ်ယောက် က ကိုယ့် တာဝန်ကို
ထမ်းဆောင်နေကြတာပါ

ကျွန်တော့်တို့ ၀န်ထမ်းတွေလဲ အပြင်မှာ လက်တွေ့အဲဒီ့လိုပါပဲ..
ကိုယ့် တာဝန်ကိုယ် ပြီးရင် ပြီးရော လုပ်နေကြတာများပါတယ်..
တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်မှုမရှိ..တစ်ယောက်အလုပ်
တစ်ယောက်မသိကိုယ့်အလုပ်ပြီးရင်တာဝန်ကျေပြီလို့ထင်နေကြ
တယ်..

တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့စိတ်
ဓာတ်လေးတွေမရှိဘဲ..လက်တွေ့အပြင်မှာတစ်ကယ်ပဲတွေ့ကြုံနေ
ရတာပါ..

ပညာတတ် အမျိုးသမီးများက အရက်ပိုမို သောက်သုံး



၁၉၇၀ လောက်ကတည်းက လန်ဒန်မှာ စစ်တမ်းကောက်ပြီး လေ့ လာတွေ့ရှိထားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ပညာတတ်အမျိုးသမီးများက သာမန် အမျိုးသမီးများထက် အရက်ပိုမို သောက်သုံးကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

တက္ကသိုလ်တက်ပြီး ပညာတတ်မြောက်တဲ့ အမျိုးသမီးများဟာ ဘွဲ့မရတဲ့ အမျိုးသများထက် ၂ ဆ လောက် အရက်ပိုသောက်နိုင်ကြပါတယ်။ ထိုနည်းတူ စွာ စာသင်ခန်းမှာ အဆင့်ကောင်းပြီး စာပိုတော်တဲ့ အမျိုးသမီး များဟာ အဆင့်နည်းတဲ့ စာညံ့တဲ့ မိန်းကလေးများထက် အရွယ်ရောက် ရင် ၁.၇ ဆလောက် အရက် ပိုမို သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်က ယခုလို ဖြစ်ပါတယ်။

ပညာတတ်အမျိုးသမီးများဟာ လုပ်ငန်းခွင်ကို ထိုးဖောက်နိုင်ပြီး အမျိုးသား များနဲ့ တန်းတူ ပြောဆိုဆက်ဆံရပါတယ်။ ဒီလို အတူ ပူးပေါင်း လုပ်ကိုင်ရာ မှာ လုပ်ကိုင်နိုင်စွမ်းရည် တန်းတူညီမျှ ရှိပြီး အမျိုးသားများနဲ့ ယှဉ်ဘောင် တန်း လုပ်ကိုင်နိုင်ကြောင်း စိတ်က အလိုအလျောက် အသိပေး တိုက်တွန်းနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ယင်းအမျိုးသမီးများဟာ အမျိုးသားများကဲ့သို့ အရက်၊ ဘီယာများ ကို သောက်သုံးတယ်လို့ သိရပါတယ်။
--
Ref: telegraph

Aung Kham (ရိုးရာလေး)

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလျှော့မည်


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို ရိက္ခာတချို့ လျှော့မယ်လို့ ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) က အတည်ပြုပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်း ၃ သောင်းလောက် ခိုလှုံနေတာဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ဆန်ကို လျှော့ပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီလျော့နည်းတဲ့အတွက် ဒီဇင်ဘာလကစလို့ ဆန်ရိက္ခာ စလျှော့ချမယ်လို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။

“လက်ရှိမှာတော့ ဒုက္ခသည်တွေက ဆန် ၁၂ ကီလိုရပါတယ်။ တချို့တွေက ဆက်ပြီးတော့ ၁၂ ကီလိုရမှာ ဖြစ်ပေမယ့် တချို့က ၁၀ ကီလိုရပါလိမ့်မယ်။ ဘယ်သူက အစားအသောက် အလိုအပ်ဆုံးလဲဆိုတာကို အသိုင်းအ၀န်းက ဆုံးဖြတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်တိုင်းကို အခုလို ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။ တချို့က ဆန် ၈ ကီလိုရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သိပ်မလိုအပ်သလို မိသားစုအတွက် လိုအပ်တဲ့ အစားအသောက်ကို ကိုယ်တိုင် ရှာဖွေနိုင်လို့ ဖြစ်ပါတယ်။ သူတို့က မှီခိုစရာမလိုသလို အစားအသောက်ရရှိဖို့ တခြားနည်းလမ်းတွေကို အသုံးပြုနိုင်လို့ပါ။”

အရွယ်ရောက်ပြီးသူတွေကိုပဲ ရိက္ခလျှော့မှာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ကလေးတွေရဲ့ ရိက္ခာကိုတော့ အရင်ဝေနေကျ နှုန်းထားအတိုင်း ပေးမှာလို့ ဆိုပါတယ်။

ဒီလို ရိက္ခာလျှော့တဲ့နေရာမှာ ဒုက္ခသည်စခန်းမှာ အမြဲနေထိုင်သူ၊ စခန်းမှာ မိမိကိုယ်မိမိ ရပ်တည်နိုင်တဲ့၊ လိုအပ်တဲ့သူတွေနဲ့၊ အလိုအပ်ဆုံးသူတွေဆိုပြီး အဆင့်တွေ သတ်မှတ်ထားပါတယ်။

ဒီလိုအဆင့်တွေ သိနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး စာရင်းကောက်နေတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆရာ အောနက်က ပြောပါတယ်။
အဆင့်သတ်မှတ်ရာမှာ ခက်ခဲသလို ရိက္ခလျှော့လိုက်တဲ့အတွက်လည်း ဒုက္ခသည်တွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။

“အဲဒါ ကျနော်တို့ အတွက်ကတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေကတော့ အပြင်မှာ ထွက်လုပ်နေတဲ့ လူတွေ ရှိရင်ရှိသလို စခန်းထဲမှာလည်း အလုပ်တွေရှိပြီးသား လူတွေ သူတို့လစာတော့ နည်းနည်းပါးပါးပဲ ရတယ်လေ။ ဒါပေမယ့် အစားအစားတွေအတွက်တော့ သူတို့ အခက်အခဲတွေ ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်ထားတယ်။”

ရိက္ခာလျှော့ချမယ်သတင်းကြောင့်လည်း ဒုက္ခသည်တွေစိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ Sally Thompsonက အစားအစာလုံလောက်အောင် ရည်ရွယ်လုပ်ဆောင်တာပါလို့ ဖြေကြားပါတယ်။

“ဒီအပြောင်းအလဲကို အားလုံး သေသေချာချာနားလည်အောင် သတင်းနဲ့ ဆက်သွယ်ရေးလှုပ်ရှားမှုကို စခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှာပါ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က တကယ်ကိုလိုအပ်ပြီး ထိခိုက်လွယ်မယ့်သူတွေအတွက် အစားစာ လုံလောက်အောင် ရရှိစေဖို့ဖြစ်ပါတယ်။ အလိုအပ်ဆုံးလူတွေကိုတော့ အစားအစာတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။”

အရင်က ဒုက္ခသည်တဦးကို တလမှာ ဆန် ၁၅ ကီလိုပေးခဲ့ပေမယ့် ၂၀၁၃ ခု နှစ်ဆန်းပိုင်းကစပြီး လူကြီးတဦး ဆန် ၁၂ ကီလိုနဲ့ ၅ နှစ်အောက် ကလေးတယောက်ကို ဆန် ၆ ကီလိုသာ ပေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်နဲ့ နိုင်ငံရေး ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်ကြပါတယ်။

တီဘီဘီစီအဖွဲ့ဟာ နိုင်ငံ (၉) နိုင်ငံက နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး အစားအစာ၊ အမိုးအကာ နဲ့ တခြားပစ္စည်းအမယ်တွေကို မြန်မာပြည်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းပုန်းအောင်နေထိုင်သူတွေကို ဆယ်စုနှစ်နဲ့ချီ ထောက်ပံ့လာခဲ့တာ ဖြစ်ပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)

"လွှဲ" သံသရာထဲမှာဝဲကာလည်နေမှာလား ဗိုလ်ချုပ်ရုပ်ရှင်



လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို နောင်လာနောက်သားတွေ သိရှိနိုင်အောင် ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာခဲ့တာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ရုပ်ရှင်အနုပညာရှင် တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒီကိစ္စအတွက် ကော်မတီဖွဲ့ကြလေတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ လုပ်ပြီး လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ၀ိုင်း၊ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မိုးသူ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ ကိုလွင်(စနိုးဝှိုက်)၊ သရုပ်ဆောင် ဝေဠုကျော်၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း၊ သရုပ်ဆောင် (ဦး) အောင်လွင်၊ လူရွှင်တော် အရိုင်းတို့နဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ နောက်တော့ မောင်မောင်ဦး( စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်) တို့ကို အကြောင်းတစုံတရာ မသိရဘဲ အဖွဲ့ထဲမှာ မတွေ့ရတော့ပါဘူး။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ရုံးခန်းဖွင့်ပွဲ လုပ်တဲ့အခါ ဇာတ်ညွှန်းရေးဆရာ ဦးဇော်သက်ထွေးနဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်တို့ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီအခါမှာတော့ ဦးဇော်သက်ထွေးက ပြန်ကြားရေး တာဝန်ခံ၊ ဒေါ်အိအိခိုင်က ဘဏ္ဍာရေးမှူး၊ ထွန်းအိန္ဒြာဗို ကတော့ စာရင်းစစ် ဆိုတဲ့ တာဝန်တွေနဲ့ပါ။ ဒီ ဗိုလ်ချုပ် ရုပ်ရှင်ကြီး ဖြစ်မြောက်ဖို့အတွက် တနိုင်ငံလုံးကလည်း အုန်းအုန်းကြွက်ကြွက်နဲ့ ၀ိုင်းဝန်းလှူဒါန်းခဲ့ကြ ပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ထဲ ပါတာ၊ မပါတာ ပတ်သက်ပြီးတော့လည်း တော်တော် လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ပြီးမှ ဦးကျော်သူရဲ့ အဖေ ဦးစိန်တင်က သူပိုင်တဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ဇာတ်ကား ရိုက်ဖို့ လှူတန်းခဲ့ ပြန်ပါတယ်။

ဒီမှာလည်း ပြဿနာနဲ့ပါ။ ဦးကျော်သူ တို့ရဲ့ အမျိုးသား ရုပ်ရှင် ဆိုတာ အရင်က နှစ်စဉ် အခွန်ကြေး မပေးဆောင်တော့တဲ့ အတွက် အပိတ်ခံထားရတဲ့ ကုမ္ပဏီ တခုပါ။ ဒါကိုမှ လာလှူရသလား ဆိုပြီး ပြဿနာ တက်ခဲ့တာတွေလည်း ရှိခဲ့ပြန်ပါတယ်။ တကယ်တော့ ရုပ်ရှင် ကုမ္ပဏီ တခု အတွက် မြန်မာငွေ ၃ သိန်းလောက် ပေးရင် ရုပ်ရှင်တကား ထုတ်လုပ်လို့ ရတဲ့ခေတ်မှာ ဦးကျော်သူတို့ရဲ့ အမျိုးသားရုပ်ရှင် အတွက် အရင်က မပေးဆောင်ခဲ့တဲ့ နှစ်အလိုက် အခွန်ကြေးတွေကို ကျပ်သိန်း ဆယ်ဂဏန်းကျော် သုံးစွဲ အလျော်ပေးပြီး ရှင်းခဲ့လင်းခဲ့ ပေးရတယ်လို့လည်း သိခဲ့ရပြန်ပါတယ်။ တကယ်တော့ ဒီပိုက်ဆံ တွေဟာ ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေတွေဆိုရင် မမှားပါဘူး။

နောက်တော့ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ စာရေးဆရာ ဦးချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာ ဦးငြိမ်းမင်း တို့တတွေ ဗိုလ်ချုပ် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးပါတော့တယ်။ ဒါပေမယ့် ဦးငြိမ်းမင်းက နောက်ပိုင်းမှာ ထွက်သွားခဲ့ပြန်ပါရော။ သူ့နေရာမှာ မြမြင့်မိုရ် ဖြစ်လာပါတယ်။ တနှစ်နီးပါး အချိန်ယူရေးခဲ့တဲ့ ဒီဇာတ်ညွှန်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းကျမှ ပြီးပါတော့တယ်။ ဒီဇာတ်ညွှန်းရေး ဆရာတွေကို အနုပညာကြေး ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာတော့ မစပ်စုတို့ ဘယ်လိုမှ စုံစမ်းလို့ မရခဲ့ပါဘူး။

ဒါပေမယ့် ဒီလို ပြီးစီးသွားပါပြီဆိုတဲ့ ဗိုလ်ချုပ် ဇာတ်ညွှန်းကို ပြန်ရေးဖို့ ဇာတ်ညွှန်ရေး ဆရာတွေ ပဲခူးမြို့ကို ထွက်သွားတယ်လို့ ကြားရပြန်တော့ အံ့အားသင့်လို့ ဗိုလ်ချုပ်ရုပ်ရှင် ကော်မတီကို မေးခဲ့ပေမယ့် ဖြေမယ့်သူ မရှိခဲ့ပါဘူး။ တခါ၊ အခု မေမြို့ကို ဒါရိုက်တာတွေ ဖြစ်ကြတဲ့ အိအိခိုင်၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ၀ိုင်း တို့က ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ညွှန်း သွားရေး ပြန်ပြီလို့ ဆိုလာပြန်ပါပြီ။ ဒါနဲ့ မစပ်စုလည်း ဘယ်လိုမှ မနေနိုင်တော့တာနဲ့ အမိအရ လိုက်စုံစမ်း ခဲ့ပါတော့တယ်။





ပထမ ဇာတ်ညွှန်းရေး ဆရာကြီးတွေ ရေးထားပြီးသွားပြီလို့ ဆိုတဲ့ ဇာတ်ညွှန်းကို နောက် ဇာတ်ညွှန်းရေး ဆရာတွေက မေမြို့သွားပြီး ထပ်ရေးကြ ပြန်တယ်လို့ ကြားရတော့ ပထမ ဇာတ်ညွှန်းက ဘာကြောင့်လဲ၊ မကောင်းလို့လား၊ မပြည့်စုံ လို့လားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတော့တယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်က “ဒီကိစ္စတွေကို ဗိုလ်ချုပ်ရုပ်ရှင် ပြန်ကြားရေးက ဦးဇော်သက်ထွေးကို
မေးကြည့်လိုက်ပါ။ ကျမတို့ရဲ့ကိစ္စတွေကို ပြန်ကြားရေးတခုတည်းကပဲ ဖြေကြားပေးဖို့သဘောတူထားလို့ပါ”
လို့ ဧရာဝတီကို ပြောပါတယ်။

ဒါနဲ့ မစပ်စုလည်း ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပြန်ကြားရေးက ဦးဇော်သက်ထွေးကို
မေးကြည့်ပါတော့တယ်။

“အမှန်တကယ်တော့ ကျနော်တို့ ရုပ်ရှင်ကားတကား ရိုက်တဲ့အခါမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ရိုက်မယ်ဆိုရင် သူ့ရဲ့ Time Limit ရှိပါတယ်။ အဲဒီတော့ Oscar Nominate လုပ်တဲ့ ဇာတ်ကားတွေက ၃ နာရီထက် ပိုလို့ မရပါဘူး။ ၃ နာရီအောက်ကို ဖြစ်ရပါလိမ့်မယ်။ အဲဒီတော့ ဆရာသုံးယောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀တွေကို အပိုင်းလိုက် ခွဲပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ် အလှုပ်ရှားရဆုံး၊ တကယ့်ကို ရသ အမြောက်ဆုံးတွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်း တွေနဲ့ ရေးချ လိုက်တာပါ။ အဲဒီလို ရေးချလိုက်၊ ဘ၀အပိုင်းတွေကို ပြန်လည် ဆက်စပ်လိုက်တဲ့ အခါမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇာတ်ကား တခုလုံးကို Over view ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားက ၃ နာရီစာ ရှည်လျားတဲ့ ဇာတ်ညွှန်း အခန်းတွေကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီအထဲကမှ ၃ နာရီစာ Frame ထဲ ပြန်ဝင်ပြီးတော့ ဇာတ်လမ်းရဲ့ အတက်အကျတွေ၊ တိုင်းပြည်ရဲ့ မသိရသေးတဲ့ သမိုင်း အချက်အလက်တွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသားဆန်မှုတွေ ပါအောင်လို့ သူ့ဟာနဲ့သူ အစီစဉ် တကျ ရရှိဖို့အတွက် ဆရာကြီးတွေ ရေးပြီးသား ဇာတ်ညွှန်း ကို ပြန်လည်ပြီး နေရာတကျ စီစဉ်ထားသိုမှုတွေ ပြန်လုပ်ရတာပါ။ ဒါကြောင့်မို့လို့ အခုလိုမျိုး ပြန်လည် ပြင်ဆင် တည်းဖြတ်ရတာ ဖြစ်ပါတယ်” လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

မူလက ဇာတ်ညွှန်းရေးခဲ့တဲ့ ဦးချစ်ဦးညိုကို မေးကြည့်တော့ “နယ်သွားရေးတယ် ဆိုတာ ကျနော်တို့ ကြားတောင် မကြားမိပါဘူး။ ကျနော်တို့ သိထားတာတော့ ကျနော်တို့ရဲ့ သုံးခုကို သမအောင် စပ်မယ်၊ ပေါင်းမယ်ပေါ့။ အဲဒီအပေါ်မှာမှ ထပ်ပြီးတော့ နည်းနည်း ပြင်စရာရှိတာ ပြင်မယ်၊ တည်းဖြတ်မယ်ပေါ့။ အဲဒီလိုပဲ သိထားတယ်။ အဲဒီလို လုပ်လားတော့ မသိဘူး။ ဒီလို ပြန်လုပ်တဲ့ အပေါ်ကိုလည်း ဘယ်လိုမှ မသုံးသပ်ချင် တော့ဘူး။ ဘာမှလည်း မပြောချင်တော့ပါဘူး။ လုပ်ချင်တာသာ လုပ်ကြတော့၊ ဒါပဲ ပြောချင်ပါတယ်။ ဘယ်လိုမှ မခံစားတော့ပါဘူး။ စိတ်ထဲက ကိုယ့်ကို တာဝန်ပေးတာ ပြီးသွားပြီလို့ပဲ သဘောထား လိုက်တယ်။ အဲဒါကို ကြိုက်ခြင်း မကြိုက်ခြင်း၊ အသစ်ပြန်ရေးခြင်း မရေးခြင်းကို စိတ်ထဲ ဘယ်လိုမှ မထားတော့ဘူး” လို့ ဆိုပါတယ်။

ဒီကြားထဲ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာမှာ The Iron Lady နဲ့ King’s Speech တို့ရဲ့ ထုတ်လုပ်မှု မန်နေဂျာ Kate James နဲ့ တွေ့ဆုံကြတယ်လို့ဆိုပြန်တော့ မစပ်စု တော်တော် လေးစားသွားမိပါတယ်။ မစပ်စုတို့ရဲ့ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကြီးကို အကြီးကျယ် အခမ်းနားဆုံး ဖြစ်အောင် တကယ် လုပ်ဆောင်နေကြတာပဲလို့ပါ။ ဒါပေမယ့် အဲဒီ သြစတြေးလျ နိုင်ငံသူ Kate James ဟာ Iron Lady၊ King’s Speech ဇာတ်ကားတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ဆိုတာကို သိလာရတော့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့သားတွေ ဘာကြောင့် ဒီလို ဖော်ပြရတာလဲ ဆိုတာကို သိချင်လာပြန်တော့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေး ကိုမေးတဲ့အခါ Kate James က Iron Lady၊ နဲ့ King’s Speech ဇာတ်ကားတွေနဲ့ မပတ်သက်ဘူး ပတ်သက်တယ် ဆိုတာကို ဘာမှ မှတ်ချက်မပေးဘဲ အခုလိုပဲ ပြောပါတယ်။

ဦးဇော်သက်ထွေးက “ကျနော်တို့ ဘက်ကလည်း Kate James က ကျနော်တို့ဇာတ်ကားကို တာဝန်ယူမယ်လို့ ဘယ်တုန်းကမှ သတင်း မထုတ်ပြန်ခဲ့ဖူး ပါဘူး။ ကျနော်တို့ ပြောထားတာက နိုင်ငံတကာ ရုပ်ရှင်လုပ်ငန်း ထုတ်လုပ်တဲ့ အတွေ့အကြုံရှိတဲ့ Kate James ကို မလေးရှားက Art Audio ရဲ့ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ နိုင်ငံတကာ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရင် ဘာတွေ လိုအပ်မလဲ ဆိုတာကို သူက လိုအပ်တဲ့ အချက်အလက်တွေ လာရှင်းပြတာ။ Kate James ရှင်းပြတဲ့ အချက်အလက်တွေကို မှတ်သားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ပြန်ပြောပြတာ။ ဘယ်လိုလည်း ဆိုတော့ နိုင်ငံတကာအဆင့် ရုပ်ရှင်ဇာတ်ကား ရိုက်တဲ့အခါ ကျနော်တို့က ဒီအတိုင်း လုပ်လို့မရဘူး။ ကျနော်တို့မှာ လိုအပ်တဲ့ ဖြတ်သန်းမှုတွေရှိတယ်၊ အဆင့်တွေရှိတယ်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ၀င်ပြီးမှသာ ကြယ်ပွင့်သတ်မှတ်ချက်အရ နိုင်ငံတကာ ရုံတွေကို တင်လို့ရတာ။ ကြယ်ပွင့် သုံးပွင့်ဆိုရင် ဘယ်နိုင်ငံက ရုံမှာ အရင် တင်မယ်၊ နှစ်ပွင့်ဆိုရင် ဘယ်လိုဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့က ဆွေးနွေးခဲ့တာ။ တကယ်လို့ နိုင်ငံတကာ အဆင့် သွားမယ်ဆိုရင် တကယ့်ကို Professional ဖြစ်တဲ့ ဘယ်လို ကုမ္ပဏီ၊ ဘယ်လို လူတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရမလဲ၊ နောက် တခုက ရုပ်ရှင်ဒါရိုက်တာ မရွေးခင်မှာ ပရောဂျက် ဒါရိုက်တာ တယောက်ကို ရွေးပြီးမှ အဲဒီ ပရောဂျက် ဒါရိုက်တာက လုပ်ငန်း အကောင်အထည်ဖော်ဖို့ စနစ်တွေ၊ ဇယားတွေနဲ့ လုပ်ရမယ်ဆိုတာတွေကို ဆွေးနွေးခဲ့တာပါ။ ကျနော်တို့က Kate James ကို တာဝန်ပေးတာ မဟုတ်ပါဘူး” လို့ပဲ ပြောပါတယ်။



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သားများနဲ့ Kate James တွေ့ဆုံသည်ကို (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာတွင် တွေ့ရစဉ်)

ဒါ့အပြင် Kate James ကို ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့က အကုန်အကျခံ ခေါ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးမှူး ဖြစ်တဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်ကို မေးတော့ ဘာမှမပြောဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆီ ပြန်လွှဲလိုက်ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီကိစ္စက တကယ်တော့ ပြန်ကြားရေးရဲ့ တာဝန်ခံ ကိုဇော်သက်ထွေး ဖြေရမှာပေါ့။ အဲဒီတုန်းက သူမပါတဲ့ အတွက် ကျနော်တို့ နည်းနည်း ပြောလို့ရတာလေးတွေ ရှိတယ်။ ကိုဇော်သက်ထွေးကို သွားမေးရင်လည်း နည်းနည်း ရှုပ်ထွေးနိုင်ဖွယ် ရှိတဲ့အတွက်၊ ကျနော်ကလည်း အဲဒီတုန်းက ရှိနေခဲ့တဲ့ သူဖြစ်တဲ့အတွက် နောက်ဆုံး အချိန်အထိ သိနေခဲ့တဲ့ သူတယောက် အနေနဲ့ နည်းနည်း ၀င်ပြောပါ့မယ်။ ဒါက ကျနော့်ရဲ့ တာဝန်တော့ မဟုတ်ဘူး။ ဒီဟာကို တာဝန်ယူပြီး ဖြေလိုက်ပါမယ်။ အဲဒီမှာ သူ့ကို ခေါ်တယ် ဆိုတာကလည်း မလေးရှားကနေ ဒီကို ရုပ်ရှင်အစည်းအရုံးကိုရော၊ ဗိုလ်ချုပ် အောင်ဆန်း ရိုက်ကူးရေး အဖွဲ့နဲ့ပါ တွေ့ဖို့ကို ဒီခရီးစဉ် အတွက် လမ်းစရိတ် ထုတ်ပေးလိုက်ရုံပဲ ရှိတယ်။ အသွားအပြန် လေယာဉ်စရိတ်နဲ့ ဟိုတယ်စရိတ်အတွက် ဒေါ်လာ ၆၀၀ ထုတ်ပေး လိုက်တာပဲ ရှိတယ်။ သူနဲ့ အလုပ်လုပ်မယ် ဆိုပြီး သူ့ကို တခြား ငွေကြေး ပမာဏ ပေးတာလည်း မရှိသေးပါဘူး။ ဆွေးနွေး ထားတာလည်း ဘာမှမရှိဘူး။ ကနဦး တွေ့ဆုံမှုပဲ ရှိသေးတယ်” လို့ ရှင်းပြပါတယ်။

မစပ်စုတို့က ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ချင်ပါတယ်။ ဒီဇာတ်ကားကြီး ဖြစ်မြောက်ဖို့အတွက် ကြိုးစားပမ်းစား ၀ိုင်းဝန်း လုပ်ကိုင်သူတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် ဘာမှ ပွင့်ပွင့်လင်းလင်း မရှိတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်ရပါတော့တယ်။ သရုပ်ဆောင်တွေ ရွေးထားပြီး ဘာဆက်လုပ်မယ် ဆိုတာ ရေရေရာရာ မရှိတာလည်း အံ့သြစရာပါ။ ဒီနေရာမှာ သူတို့မဖြေပေမယ့် မေးချင်တာကတော့ ၁။ ဒါရိုက်တာ ဘယ်သူလဲ၊ ၂။ နိုင်ငံခြားက ဘယ်ရုပ်ရှင် ကုမ္ပဏီတွေက ရိုက်မှာလဲ၊ ဂျပန်ကလား၊ အင်္ဂလန်ကလား၊ ၃။ ဒီဇာတ်ကားရိုက်ကူးဖို့  ရန်ပုံငွေ ဘယ်လောက် ရှိလဲ၊ တနိုင်ငံလုံးက လှူထားတဲ့ ပိုက်ဆံတွေထဲက ဘယ်လောက်ကို အသုံးပြုထားပြီးပြီလဲ၊ ၅။ ဘာပြီးရင် ဘာဆက်လုပ်မယ် ဆိုတဲ့ တိကျသေချာတဲ့ လုပ်ငန်းစဉ်တွေရှိလား၊ ရှိရင် ဘာလို့ ပြည်သူတွေကို အသိမပေးတာလဲ၊ ၆။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ် အဖွဲ့သားတွေပဲ ပိုင်တယ်လို့ ထင်ထားကြသလား ဆိုတာတွေပါပဲ။ ဒါပေမယ့် မစပ်စု မမေးသာခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မေးလိုက်ရင် တယောက်က တယောက်ကို ဟိုလူလွှဲ၊ ဒီလူလွှဲနဲ့ လွှဲသံသရာ မဆုံး ဖြစ်နေမှာမို့ပါ။ ဒါကြောင့် ၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိတော့ လွှဲမနေကြပါစေနဲ့ လို့ပဲ ဆုတောင်းမိလိုက် ပါတော့တယ်။

Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာ ယှဉ်ပြိုင်မည်



From : ..the voice

ရှရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလအတွင်း (၆၁) ကြိမ်မြောက်အဖြစ် ကျင်းပမည် ဖြစ်သော Miss Universe အလှမယ် ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Miss Myanmar Universe Organization တာဝန်ယူထားသော Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ်က ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း ရှိရမည် ဖြစ်ကြောင်း၊ စကားပြော ယဉ်ကျေး သိမ်မွေ့ရမည့် အပြင် မြန်မာ ဆန်သော အမျိုးသမီး ဖြစ်ရမည် ဖြစ်ကြောင်း၊ အပျို ဖြစ်ရမည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရန် မလိုကြောင်း၊ ယှဉ်ပြိုင်လိုသူများသည် Hello Madam Media Group သို့ ဆက်သွယ်၍ ပြိုင်ပွဲ ဝင်ခွင့် လျှောက်လွှာများ ဝယ်နိုင်ပြီး ဆန်ခါတင် ရွေးချယ်၍ Miss Myanmar Universe ကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် ဆုငွေ ကျပ်သိန်း ၁၀၀ ကို ရရှိမည် ဖြစ်ပြီး ရှရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင် ရမယ်ဆိုတော့ အရမ်း ကောင်းပါတယ်။ ဒီပွဲ အကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်း သူများနိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်”ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

ယခုအချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့် ရှိပြီး သြဂုတ်လကုန်ထိ လျှောက်လွှာ တင်နိုင်ကြောင်း၊ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ် က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ် ဆက်တိုက် သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခု ၂၀၁၃ ခုနှစ်ကျမှ ပြန်လည် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမီးများ အများဆုံးပါဝင်


မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ် ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။

ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ် တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။

''ဒီနှစ်လာရောက်ဆေးဖြတ် သူတွေမှာလူငယ်တွေပိုများတယ်။ နောက်ပိုင်းမိန်းကလေးတွေပါ ပါ ဝင်မှုများလာတယ်။ သူတို့ကိုယ် ပိုင်အသိစိတ်ဓာတ်နဲ့ လာရောက် ဆွေးနွေးတိုင်ပင်တဲ့အခါ ကျွန် တော်တို့အနေနဲ့ Refer လုပ်ပေး ရတာပေါ့။ ဆေးရုံကိုပို့ဆောင်ပေး ပြီးဆေးဖြတ်နိုင်ဖို့ကူညီဆောင် ရွက်ပေးပါတယ်''ဟု ကိုလှထွန်း မျိုးက ပြောသည်။

၂၀၁၂ခုနှစ်တစ်နှစ်လုံး တွင် လာရောက်ဆေးဝါးစောင့် ရှောက်မှုခံယူသူမှာ ၃ဝကျော်သာ ရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ် အထိ ဆေးဝါးစောင့်ရှောက်မှု ခံယူသူဦးရေမှာ ၂ဝကျော်ရှိခဲ့ ကြောင်းသိရသည်။

အဆိုပါမူးယစ်ဆေးဝါးသုံး စွဲနေသူအမျိုးသမီးအများစုသည် အသက် ၃၅နှစ်အောက် လူငယ် များဖြစ်ကြပြီး ဈေးကြီးပေး၍ဝယ် ယူရသော နံပါတ်ဖိုးနှင့်စိတ်ကြွဆေးလိုမျိုး မူးယစ်စေသည့်အရာ များကို ပိုက်ဆံရှိလူတန်းစားနှင့် အနုပညာရှင်များအသုံးပြုနေကြ သလို အခြားသောငွေကုန်ကြေး ကျသက်သာသည့် မူးယစ်စေနိုင် သည့်အရာများကိုသုံးစွဲနေသူ အခြေခံလူ တန်းစားများလည်းရှိ နေကြောင်းMANA ဥက္ကဋ္ဌ ဦး ခင် မောင်ထွန်းကပြောသည်။

ဦးခင်မောင်ထွန်းက''မူးယစ် ဆေးဝါးဆိုတာ စမ်းသပ်သုံးစွဲနေ ရာကစွဲသွားကြတာပါ။ သုံးစွဲနေ သူအမျိုးသမီးတွေကတော့ အ သက် ၃၅နှစ်အောက်လူငယ်တွေ များတယ်။ ဆေးသုံးစွဲသူတွေက တော့ လူတန်းစားမျိုးစုံပါပဲ။ အ လုပ်သမားတွေ၊ အနုပညာရှင်တွေ ကနေလုပ်ငန်း ရှင်တွေအထိရှိကြ တာပဲ။ တစ်ဖက်နိုင်ငံကနေပြန် လာပြီး ဆေးစွဲလာတာမျိုးတွေ လဲရှိတယ်။ ဒီစင်တာမှာဆေးဝါး ကုသမှုခံပြီးရင် ပြန်လည်ထူထောင် ရေးနဲ့ အလုပ်ရရှိရေးကို(MANA) က လုပ်ဆောင်ပေးပါတယ်''ဟု ပြော သည်။
လက်ရှိရန်ကုန်တိုင်းအ တွင်း မူးယစ်ဆေးဝါးအပြင် မူး ယစ်စေတတ်သောအရာများ သုံး စွဲမှုများတွင် လူငယ်အမျိုးသမီး များပါဝင်လာမှုသည် တဖြည်း ဖြည်းများပြားလာကြောင်းနှင့် အရေးယူခံရမည်ကို စိုးရိမ်နေသ ဖြင့်လာရောက် အကူအညီတောင်း ခံမှုမရှိသော လူငယ်အမျိုးသမီး များလည်းတွေ့ရှိနေရကြောင်း ဆက်လက်ပြောသည်။

ကိုလှထွန်းမျိုးက''တချို့မိန်း ကလေးတွေဆိုသုံးနေတာ၊ ဆေး စွဲနေတာသိနေတယ်။ တွေ့နေရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီ ရောက်မလာတာတွေရှိပါတယ်။ အကူအညီလာမတောင်းကြဘူး။ ကျွန်တော်တို့က အင်န်ဂျီအိုအဖွဲ့ ပါ။ ဘယ်သူ့ကိုမဆိုကူ ညီပေးမှာ ပါ။ အစိုးရနဲ့ မဆက်နွှယ်ပါဘူး။ တချို့တွေက ထင်ပါလိမ့်မယ်။ မူး ယစ်ဆေးဝါးလာဖြတ်ရင်အရေး ယူခံရမှာတွေ၊ ကျွန်တော်တို့ ဒါကို တာဝန်ယူပါတယ်။ ဘာမှမဖြစ် စေရပါဘူး''ဟု ပြောသည်။

အမျိုးသမီးလူငယ်အများ စုသုံးစွဲနေခြင်းမှာ ငွေကြေးတတ် နိုင်ခြင်း၊ အပေါင်းအသင်းစုံခြင်း နှင့် အမှန်တကယ်ဆေးစွဲနေသူ များအနေဖြင့် ဆေးဖြတ်ရန်မှာ မလွယ်ကူကြောင်း တောင်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းမှ''လွန်ခဲ့တဲ့သုံးလ လောက်တုန်းကတော့မြင်ဖူးတယ်။ မိန်းကလေးတစ်ဦးပါ။ အသက်က ၁၉၊၂ဝအရွယ်လောက်ပဲရှိမယ်။ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ပါပဲ။ သူနဲ့ပတ်သက်နေတဲ့ သင်္ဘောသား တစ်ဦးကြောင့် သုံးတတ်သွားတာ လို့သိရတယ်။ သူသုံးနေရာကနေ ဖြတ်မရတဲ့အဆုံးနောက်ပိုင်း ရောင်းချတဲ့အထိဖြစ်လာတယ်။ အခုတော့မတွေ့ရတော့ဘူး။ အ ဖမ်းအဆီးတွေများလာတာ ကြောင့်ဖြစ်မယ်''ဟု ပြောသည်။

ယင်းကျန်းမာရေးစောင့် ရှောက်မှုစင်တာကို မြန်မာနိုင်ငံ တွင်၂၀၀၉ခုနှစ်စက်တင်ဘာမှ စတင်ဖွင့်လှစ်ခဲ့သည်။



ဝယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ

ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက်၊ ဆွေမွန်

ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏကိုးကားပြောဆိုလေ့ရှိသည့် “၀ယ်သူသည်သာ ထာဝရမှန်ကန်သည်”ဆိုသည့်ဆိုရိုးစကားမှာ မြန်မာပြည်အတွက်မူ ဟုတ်ဟန်မတူ။ ထိုစကားကို အနည်းငယ်မျှပင် သံသယရှိစရာမလိုဘဲ လက်ခံကြသည့် လူ့အချို့တော့ရှိသည်။ ထိုသူတို့မှာ မြန်မာနိုင်ငံက တယ်လီဖုန်းသုံးစွဲသူများပင်။

အစိုးရက ဖုန်းဆင်းမ်ကတ်တစ်ခုကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချခဲ့ပြီး ၀ယ်လိုအားများလာသော ဖုန်းအခွံ(Handset)ဈေးကွက်ကြောင့် ရန်ကုန်အပါအ၀င် နိုင်ငံအနှံ့တွင် ဖုန်းဟန်းဆက်အရောင်းဆိုင်များ မှိုလိုပေါက်လာခဲ့သည်။ သို့သော်လည်း အဆိုပါဆိုင်များအနက် အချို့ကသာ သူတို့ရောင်းချသည့်ပစ္စည်းများ တစ်စုံတစ်ရာ ပြဿနာပေါ်ပါက ဖြေရှင်းပေးရန် တာဝန်ယူကြသည်။

နိုင်ငံတကာတွင်ကျော်ကြားသည့် Apple ၏ အိုင်ဖုန်းကအစ Samsung ၏နောက်ဆုံးပေါ်ဖုန်းများအလယ် HTC,Huawei အဆုံး နာမည်ကျော်တံဆိပ်များကို သူ့ထက်ငါဦးအောင် ရောင်းချနေသော်လည်း ရောင်းပြီးနောက် ၀န်ဆောင်မှုပေးသည့်အပိုင်းတွင်မူ ကြော်ငြာထားသလို ၀န်ဆောင်မှုပေးဖို့ စိတ်အားထက်သန်ခြင်းမရှိကြ။

“အာမခံတစ်နှစ်ပေးထားတယ်ဆိုပြီး သွားပြင်တော့ တစ်လနှစ်လကြာမှရမယ်ဆိုပြီးချိန်းတယ်”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကိုဖြိုးက လွန်ခဲ့သည့်နှစ်လခန့်က သူ၏ Samsung S3 ဖုန်းပျက်စဉ်က အတွေ့အကြုံကို ပြောပြသည်။

Samsung ၏ မြန်မာနိုင်ငံအတွက် တရားဝင်ဖွင့်လှစ်ထားသည့် ပြုပြင်ရေးဌာနသို့ သွားရောက်အကြောင်းကြားသော်လည်း ၎င်းတို့ထံမှ ၀ယ်ယူခြင်းမဟုတ်သောကြောင့် ပြင်ဆင်ပေးရန်ငြင်းဆန်ခဲ့ကြောင်း ကိုဖြိုးကပြောသည်။

ကိုဖြိုးကဲ့သို့ပင် အရောင်းဆိုင်များမှရောင်းပြီး ပစ္စည်းကိုတာဝန်မယူမှုများ ကြုံတွေ့ရသူ အများအပြားရှိခဲ့သည်။

“ဖုန်းဝယ်တာ Samsung Glaxy Ace ကိုရီးယားဖြစ်ဆိုပြီး ပြောရောင်းတယ်။ ဖုန်းကိုကြည့်တော့ ဗီယက်နမ်ဖြစ်နေတယ်။ ဆိုင်ကိုဖုန်းဆက်ပြောတော့ ဆိုက်ရောက်တဲ့နေရာချင်းပဲကွာတာ။ ဖုန်းအသားမှာ တံဆိပ်ရိုက်ထားတာပဲလို့ ပြောတယ်”ဟု တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းအနီး ဟန်းဆက်အရောင်းဆိုင်နှင့် ဖြစ်ပွားခဲ့သည့်ပြဿနာကို ကာယကံရှင်က 7Day Daily သို့ ပြောသည်။

ဈေးကွက်ထဲတွင်ရောင်းချနေသည့် Samsung အမှတ်တံဆိပ်ပါပစ္စည်းတိုင်းကို အာမမခံနိုင်ကြောင်း Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာကပြောသည်။ ဈေးကွက်အတွင်း Samsung ဟု ရောင်းချနေသော ဟန်းဆက်များထဲတွင် Samsung မှ တရားဝင်တင်သွင်းထားခြင်းမဟုတ်ဘဲ ရောင်းချနေသည့် ဟန်းဆက်အများအပြားရှိနေခြင်းကြောင့် ထိုပစ္စည်းများအတွက် အာမခံချက်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

Samsung အမှတ်တံဆိပ်ဖြင့် တရားဝင်ရောင်းချပေးနေသည့် ဟန်းဆက်အရောင်းဆိုင်မှာ တစ်နိုင်ငံလုံးတွင် ဆိုင်နှစ်ဆယ်ခန့်ရှိပြီး ထိုဆိုင်များမှရောင်းချပေးနေသည့် ပစ္စည်းများနှင့် Samsung ၏ ပစ္စည်းအစစ်အမှန်များကိုသာ တရားဝင်အာမခံပေးကြောင်း အဆိုပါအထွေထွေမန်နေဂျာကပြောသည်။

“Samsung Service ဆိုင်တွေမှာလာပြင်တဲ့ ပစ္စည်းဆိုရင် ကြည့်လိုက်တာနဲ့ သိသာတယ်။ တရားဝင်သွင်းတဲ့ပစ္စည်း ဟုတ်လား မဟုတ်လားဆိုတာ။ အခုနောက်ပိုင်းဖုန်းတွေဆိုရင် တရားဝင်သွင်းထားတဲ့ဖုန်းတွေမှာ ကုတ်နံပါတ်တို့၊ မြန်မာဖောင့်တို့ပါတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့ ဖုန်းတွေမှာကျတော့ အဲဒါတွေမပါတော့ဘူး။ အဲဒီဖုန်းတွေဆိုရင် ဆိုင်ကတာဝန်မယူပေးဘူး”ဟု Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာ ဦးဇာနည်ဝင်းထက်ကပြောသည်။

တရားဝင်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ Samsung အမည်တပ်ကာ ဖွင့်လှစ်ထားသည့် အခြားဟန်းဆက်ဆိုင်များကိုလည်း Samsung အမှတ်တံဆိပ်သုံးစွဲမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းကပြောသည်။

“ရေရှည်မှာတရားစွဲဆိုတာတွေ ဖြစ်လာနိုင်တယ်”ဟု ဦးဇာနည်ဝင်းထက်ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းကို လူလတ်တန်းစားများ လက်လှမ်းမီသုံးစွဲလာနိုင်သည်မှာ သုံးနှစ်ဝန်းကျင်သာရှိဦးမည်။ ထို့ကြောင့် ဖုန်းဟန်းဆက်ကဲ့သို့သော ပစ္စည်းများမှာ လူအများနှင့်နီးစပ်မှုမရှိပါ။

ထိုကဲ့သို့ သုံးစွဲသူများ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ ပုံစံတူတံဆိပ်အတုများ၊ အရည်အသွေးညံ့ပစ္စည်းများရောင်းချခြင်း၊ ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲ Application များ ထည့်သွင်း၍ ငွေကြေးမတန်မရာတောင်းခံခြင်းများ၊ ၀န်ဆောင်မှုကိုပြရောင်းကာ ရောင်းပြီးပစ္စည်းများအတွက် တာဝန်ယူဖြေရှင်းမှုမရှိခြင်းတို့က ဟန်းဆက်ဝယ်သူများ နေ့စဉ်ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲသူအများစု လက်ခံအားပေးနေသည့် Huawei အမှတ်တံဆိပ်ပါ ဟန်းဆက်များသည်လည်း အထက်ပါကဲ့သို့ အခက်အခဲများကြုံတွေ့နေရကြောင်း သုံးစွဲသူများကပြောသည်။

“Huawei တံဆိပ်ပစ္စည်းတွေ အဓိကရောင်းတဲ့ဆိုင်ကို သွားဝယ်တယ်။ အာမခံပေးထားပေမယ့် သွားပြင်တော့အဆင်မပြေဘူး။ ဈေးတွေလျှော့ပြီးရောင်းတယ်။ ပစ္စည်းကျ အမှန်အကန်မရောင်းဘူး။ ရောင်းပြီးဝန်ဆောင်မှုကတော့ ဘာမှမရှိဘူး။ Huawei ကိုဆက်သွယ်ပြီး မေးမြန်းကြည့်တော့ အဲဒီဆိုင်က Huawei ရဲ့ တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ဆိုင်မဟုတ်ဘူးလို့ အကြောင်းပြန်တယ်”ဟု လှည်းတန်းစံရိမ်ငြိမ် ၆ လမ်းထိပ် ဟန်းဆက်ဆိုင်တွင် ၀ယ်ယူခဲ့သူတစ်ဦးကပြောသည်။

အဆိုပါပြဿနာများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို Huawei ၏ မြန်မာနိုင်ငံဆိုင်ရာရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင် စာနယ်ဇင်းများထံ ဖြေကြားလေ့ရှိသည့် Huawei မှ တာဝန်ရှိသူများက ဖြေကြားရန်ငြင်းဆိုခဲ့သည်။

အခြားနာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော iphone, HTC,Sony, LG မှစပြီး တံဆိပ်မျိုးစုံ ၀ယ်ယူသုံးစွဲနေရသည့် ပြည်တွင်းမှသုံးစွဲသူများလည်း အလားတူပြဿနာများ ကြုံတွေ့ရသူများစွာရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူသိများသည့် လျှပ်စစ်ပစ္စည်း၊ ဖုန်းဟန်းဆက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ကြီးများအပါအ၀င် အရောင်းဆိုင်များသည် ၀ယ်ယူသုံးစွဲသူများအပေါ် ရောင်းချပြီးနောက်ပိုင်း
ကတိပြုထားသည့်ဝန်ဆောင်မှုကိုပေးရန် ပျက်ကွက်မှုအမြောက်အများရှိကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်သူများအသင်းသို့ တိုင်ကြားလာမှုများကိုအခြေခံပြီး ယင်းအသင်း၏ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောသည်။

ရောင်းချသည့်ဆိုင်များသည် အလွန်အကျွံကြော်ငြာမှုများ ပြုလုပ်နေပြီး သုံးစွဲသူဘက်မှ ၎င်းတို့ဝန်ဆောင်မှုအပေါ် စောဒကတက်လာပါက ဖြေရှင်းပေးရန် ငြင်းဆန်နေသည့် နာမည်ကျော်
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များပင်ရှိကြောင်း ၎င်းကပြောသည်။

“များသောအားဖြင့် ဖြေရှင်းမပေးနိုင်ဘူး။ သူတို့ထိခိုက်တဲ့ကိစ္စပေါ်လာမှ လိုက်လျောတာများတယ်။ ဥပမာဆိုင်နာမည်ကို မီဒီယာတွေကတစ်ဆင့် ပြောတာတွေကျမှ ဖြေရှင်းပေးတယ်”ဟု ဦးဗအုပ်ခိုင်ကပြောသည်။

ဟန်းဆက်အရောင်းဆိုင်အချို့က ကျင့်ဝတ်မလိုက်နာဘဲ အလွန်အကျွံအာမခံကာ ရောင်းချခြင်းကြောင့် ပြဿနာဖြစ်ပွားမှုများရှိသကဲ့သို့ သုံးစွဲသူများဘက်က အာမခံကိုနားလည်မှုလွဲမှားသောကြောင့် ဖြစ်ပွားသည့် ပြဿနာများလည်းရှိကြောင်း အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“သုံးစွဲသူဘက်က အမှားကြောင့်ဖြစ်တဲ့ပြဿနာတွေကိုကျရင်တော့ အာမခံပေးလို့မရဘူး။ တချို့ကအာမခံထဲက စာကိုသေချာမဖတ်တာလည်းရှိတယ်”ဟု ၎င်းကပြောသည်။

ပြည်တွင်းတွင် ဟန်းဆက်တင်သွင်းသူအများစုသည် တရားဝင်တင်သွင်းခြင်းမဟုတ်ဘဲ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းကြခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက်မရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖုန်းအရောင်းဆိုင်များကပြောသည်။ သို့သော်လည်း ယင်းဟန်းဆက်များကို ပြည်တွင်းဆိုင်များက အာမခံပေးမည်ဟု လိမ်လည်ရောင်းချမှုများရှိကြောင်း ၎င်းတို့ကပြောသည်။

“ကျွန်တော်တို့ ဒိုင်တွေဆီက ၀ယ်တာတောင် ၁၀ လုံးလောက်ဝယ်မှ ကတ်ဖတ်၊ မဖတ် စစ်ခွင့်ရတယ်။ သုံးရက်အတွင်း ပြန်မလဲလို့ ကိုယ့်လက်ထဲပျက်ရင်အဆုံးပဲ။ဒိုင်ကတောင် သုံးရက်ပဲ အာမခံပေးတယ်။ ဆိုင်တွေက တစ်နှစ်လောက် အာမခံပေးတယ်ဆိုတာ စဉ်းစားစရာရှိတယ်”ဟု အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်တစ်ခုမှ ပိုင်ရှင်ကပြောသည်။

နိုင်ငံတကာတွင်တော့ စားသုံးသူများ၊ ပစ္စည်းသုံးစွဲသူများကို ရောင်းချသူများဘက်မှ ကတိက၀တ်ဖောက်ဖျက်ပါက ကူညီအရေးယူဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးသည့် ဥပဒေများမရှိခြင်းကြောင့် ယခုကဲ့သို့ နစ်နာမှုများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပညာရှင်များကပြောသည်။

အာဆီယံနိုင်ငံများတွင် စားသုံးသူအရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့်ဌာနများ (သို့မဟုတ်) အဖွဲ့အစည်းများစာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

စားသုံးသူများ၊ သုံးစွဲသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည့်အစီအစဉ်ကို အဆိုပါဝန်ကြီးဌာနသို့ 7Day Daily က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားမည့်အရာရှိ လွှတ်တော်သို့ သွားရောက်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။ အခြားအဆင့်ဝန်ထမ်းများကလည်းမေးမြန်းသည့်မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။

သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဌာနခွဲမှ စားသုံးသူများ၏ တိုင်တန်းချက်များကို မကြာမီ လက်ခံဖြေရှင်းမည်ဖြစ်ကြောင်း အဆိုပါဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း၏ ပြောစကားများကိုကိုးကား၍ အပတ်စဉ်ထုတ် စိုက်ပျိုးရေးနှင့် စီးပွားရေးသတင်းဂျာနယ်ဖြစ်သည့် The Farmer က ရေးသားသည်။ ၀န်ကြီးဌာနက စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ကြိုးစားနေကြောင်း၊ ဥပဒေပေါ်ပေါက်လာပါက စားသုံးသူများ၏ တိုင်တန်းချက်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဦးမောင်မောင်ထွန်းကို ကိုးကားပြီး ရေးသားထားသည်။

“ဥပဒေကိုအတည်ပြုပြီးရင် ကျွန်တော်တို့ စားသုံးသူရေးရာဌာနခွဲကို တိုင်ကြားနိုင်ပါပြီ”ဟု သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆောက်အအုံတွင် ကျင်းပသည့် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲအတွင်း ဦးမောင်မောင်ထွန်း၏ ပြောစကားများကို ကိုးကားပြီး အဆိုပါဂျာနယ်က ရေးသားသည်။

ယခုအချိန်အထိ နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများက ၎င်းတို့အမှတ်တံဆိပ်ရိုက်နှိပ်ကာ ရောင်းချနေသည့် ကုန်ပစ္စည်းများ၊ ကုမ္ပဏီမှ အာမခံသည်ဟု ရောင်းချသည့်ပစ္စည်းများကြောင့် စားသုံးသူများ၏နစ်နာနေမှုကိုဖြေရှင်းပေးရန် ထင်သာမြင်သာသည့် ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ မတွေ့သေးပေ။

ထို့အတူ အစိုးရဘက်ကလည်း တိုင်းသူပြည်သားများ ကုန်ပစ္စည်းဝယ်ယူသုံးစွဲရာတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို တားဆီးဖြေရှင်းပေးမှုများလည်း မတွေ့ရသေး။

ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များက မကြာခဏကိုးကားပြောဆိုသည့် “၀ယ်ယူသူသာ ထာဝရမှန်ကန်သည်”ဆိုတဲ့ဆိုရိုးက မြန်မာပြည်မှ ဟန်းဆက်ဝယ်ယူသူများအတွက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ “၀ယ်သူသာ ထာဝရခံနေရဆဲဖြစ်သည်”။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

7Day News Journal

Android ပေါ်ကနေ ပရိတ်တရားတော်နာရအောင်




ဒီ apk လေးကတော့ Android ပေါ်မှာ ပရိတ်တရားတော် နာယူလိုသူတွေအတွက် သင့်တော်ပါတယ်. ဘာသာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ ပရိတ်တရားတော်ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တန်ဖိုးရှိတယ်မဟုတ်လား.. ဒီ App က ပရိတ်တော်ရွတ်ဖတ်သံကို နာယူရင်း စာသားတွေကိုပါဖတ်နိုင်ပါတယ်..


အဆင်ပြေပါစေ..



မောင်ပေါက်

နေပြည်တော်တွင် ဆူညံပူညံလုပ်လျှင် အချိန်မရွေးဆွဲကုပ်မည်





ည ၁၀ နာရီကျော်ကျော်လောက်မှာ နေပြည်တော်မြို.မဈေးကနေ ပြန်လာတော့ လမ်းမှာ ကျောင်းတုန်းကအတူတူနေခဲ့တဲ့ သူငယ်ခင်း ၂ ယောက်နဲ.ပြန်တွေ.တယ်။ မတွေ.ရတာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေဆိုတော့ ၀မ်းသာအားရနဲ. တစ်ယောက်နဲ.တစ်ယောက် အော်ကြီးဟစ်ကျယ်နှုတ်ဆက်ကြတာပေါ့။
ပြီးတော့ ကျောင်းတုန်းကအကျင့်အတိုင်း တစ်ယောက်နဲ.တစ်ယောက် လက်မောင်းကိုထိုးလိုက် ဗိုက်ကိုထိုးလိုက် လုပ်ပြီး စနောက်နေကြတုန်း
ကျွီဆိုပြီး light truck တစ်စီးက ဘေးမှာလာရပ်တယ်။

ပြီးတော့ လူ ၅ ယောက်ဆင်းလာတယ်။ ကျွန်တော်တို.က
သူတို.ကို ကြောင်ပြီးကြည့်နေတုန်း
“ဘာဖြစ်နေကြတာလည်း ညီလေးတို.” ဆိုပြီး လာမေးတယ်။
ကျွန်တော်တို.ကလည်း ဒီလူတွေ ဘာသဘောနဲ.လာမေးတာလဲမသိဘူးဆိုပြီး မဖြေဘဲနေနေတော့ “ရန်ဖြစ်နေကြတာတော့ မဟုတ်ပါဘူးနော်” ဆိုပြီး
သူတို. က ထပ်လာမေးတယ်။ “မဖြစ်ပါဘူး၊ ကျွန်တော်တို.က သူငယ်ချင်းတွေပါ၊ စနေကြတာပါ” ဆိုတော့မှ “သြော်..ဟုတ်လား။ ဆောရီး ညီလေးတို.။
ကိုယ်တို.က တစ်ခုခုဖြစ်နေတာ ထင်လို. ထိန်းပေးမလို.ပါ။ ” ဆိုပြီး ကားပေါ်တက်ပြန်ထွက်သွား တယ်။ အရပ်ဝတ်ဝတ်ထားတဲ့ ညပိုင်း နေပြည်တော်လုံခြုံရေးတွေပါ။ သူတို.အလုပ် သူတို. လုပ်နေကြတာပါ။

နေပြည်တော်ကမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်က ပြောတယ်။ “မင်းတို.နေပြည်တော်ကလည်း ဆူညံပူညံ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ.။
လုပ်တာနဲ. ဆွဲကုပ်ပစ်လိုက်မယ့်သဘောပဲ။
တစ်နိုင်ငံလုံး အဲတိုင်းလုပ်နိုင်ရင် ကောင်းမယ်ကွ” တဲ့။
ဖြစ်လာတော့မှာပါသူငယ်ချင်းရာ လို.ပြန်ပြောရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို
အေးအေးဆေးဆေးပြောကြဖို. ရာဇဌာနီလမ်းမကြီးနားက ဆိုင်တွေကို
ချီတက်ခဲ့ကြပါတယ်။

ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ


အောက်ဆုံးအဆင့် ရဲဝန်ထမ်းလစာ ၆ သောင်းသာရရှိသည့်အတွက် တရား ဥပဒေစိုးမိုးရေးကိုထိခိုက်စေပြီး လာဘ်ပေး လာဘ်ယူမှုကိုဖြစ်စေကြောင်း တာမွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

”အောက်ဆုံးအဆင့် ရဲဝန်ထမ်း တစ်ယောက်က လစာ ၆ သောင်းပဲရ တယ်။ တစ်နေ့မှ ၂ ထောင် နောက်ပြီး တော့ သူတို့မှာ မိသားစုတွေ ရှိတယ်။ ကျောင်းနေရမယ်။ မလောက်ဘူး။ မလောက်တဲ့အခါမှာ ရဲဝန်ထမ်းတွေရဲ့ အမျိုးသမီးတွေဆို ပြည်သူတွေရဲ့အိမ်မှာ အဝတ်လျှော်ရ တယ်။ ကြားပေါက်လေး ရအောင် လုပ်နေတာတွေ ရှိတယ်။ အများကြီးဘဲ။ နောက် ဘာဖြစ်လာသလဲ ဆို သူတို့ရဲ့ သားသမီးတွေက ပညာရေး မှာ မဖွံ့ဖြိုးကြတော့ဘူး။ အဆိုးဆုံး တရားဥပဒေ စိုးမိုးရေးမှာ မတည်ငြိမ်မှု တွေ ဖြစ်လာတယ်။လာဘ်ပေးလာဘ် ယူမှုတွေဖြစ်လာ တယ်။ နောက်ပြီးတော့ မဟုတ်မမှန်တဲ့ အမှုတွေကို တီထွင်ကြံဆ လာတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ လစာ နည်းမှုအပေါ် မှာ ဖြစ်လာတဲ့ ပြဿ နာ လေးတွေလာဘ်စားတာတွေ ပြည်သူတွေ အပေါ် ခေါင်းပုံဖြတ်တာတွေ၊ လစာ များများနဲ့သာ ထိန်းသိမ်းနိုင်မယ်ဆိုရင် လာဘ်စားတာတွေ ပ ပျောက်သွားမယ်။နောက်ပြီး ပြည်သူတွေက ရဲတွေအပေါ် မှာ ကြည်ညိုလာမယ်။ အားကိုးအားထား အစစ်အမှန်ဆိုတာ ပြည်သူတွေက လက်ခံသွားလိမ့်မယ်” ဟု ၄င်းကိုယ်တွေ့ အောက်ခြေအဆင့် ရဲဝန်ထမ်းများ၏ မိသားစုအခြေအနေကို ပြောသည်။

အဆိုပါ အောက်ခြေအဆင့် ရဲ တပ်ဖွဲ့ဝင်များ၏ လစာစရိတ်၊ ဝတ်စုံ၊ ရဲစခန်းပြင်ပ အိမ်ငှားနေရသည့် အခြေ အနေ၊ မွမ်းမံသင်တန်း တက်ရောက်ခြင်း၊ အချုပ်သားများကို ရဲက ယခုအချိန် အထိ ရိုက်နှက်မှုရှိနေခြင်း၊ အမျိုးသမီး ရဲဝန်ထမ်းများ အခြေအနေများနှင့် ပတ် သက်၍ သြဂုတ် ၂၆ရက်တွင် ပြည်သူ့ လွှတ်တော်၌ မေးမြန်းရာ ပြည်ထဲေ ရး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ”ရဲတပ်ဖွဲ့ဝင်များ၏ လစာမှာ အရာရှိ၏ အမြင့်ဆုံးလစာ မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအနေဖြင့် ၁၅ဝဝဝဝကျပ်ဖြစ်ပြီး အနိမ့်ဆုံးလစာမှာ ရဲတပ် သား ၆ဝဝဝဝ ကျပ်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရိက္ခာထောက် ပံ့ငွေအဖြစ် တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက် လျှင် ၅ဝဝကျပ်နှုန်းဖြင့် ၂ဝ၁၁-၁၂ခုနှစ် ဘဏ္ဍာရေးနှစ်၊ ၂ဝ၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစပြီး တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ၈ဝဝ ကျပ်နှုန်း သို့တိုးမြှင့်ခံစားစေလျက်ရှိကာ နောင်ဘဏ္ဍာရေးနှစ် များတွင် ဒေသန္တရဈေးနှုန်းများနှင့် ကိုက်ညီမည့် နှုန်းထားများဖြင့် တိုးမြှင့်တောင်းခံနိုင် ရန်ဆောင်ရွက်လျက် ရှိပါကြောင်း” လွှတ်တော်တွင် ဖြေကြားခဲ့သည်

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များကို ပြည်ပ နိုင်ငံသို့ စေလွှတ်ရာတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များစေလွှတ်မှုနှင့်ပတ်သက် ပြီး နိုင်ငံခြားသင်တန်းဖြစ်သော အမေရိ ကန်၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊အိန္ဒိယ နိုင်ငံနှင့် မလေးရှားနို င်ငံများ၌ရှိသော သင်တန်းအမျိုးအစား ၅ မျိုးကို သင်တန်း သား ၅၂ ဦးဖြင့် စေလွှတ်ထားကြောင်း၊ အမေရိကန်နိုင်ငံ သို့ စေလွှတ်သော သင်တန်းသားများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် အမျိုးသားများသာစေ လွှတ်ခြင်း ဖြစ်ပြီးတရုတ်၊ အိန္ဒိယနှင့်မလေးရှားနိုင်ငံ များသို့စေလွှတ်သော သင်တန်းများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များကိုပါ စေလွှတ် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

စိုင်းနောင်
Popular

အိမ်ခြံမြေ ပွဲစားတွေ အကွက်ရွှေ့သမျှ ခံနေရတဲ့ ရန်ကုန်လူထုရဲ့ နေရေးဒုက္ခ

housing-YGNရန်ကုန်မှာ အရမ်း ဒုက္ခရောက်ရတာက နေရေးထိုင်ရေးပါပဲ။ စားသောက်ရေးကို အဆင်ပြေအောင် ရှာဖွေနိုင်ပေမယ့် ကျောတခင်းစာ နေရာအတွက်ကတော့ အင်မတန် ခက်ခဲပါတယ်။ ပွဲစားတွေ ဈေးကစားပြီးရင်း … ကစားရင်း၊ အရင်က သူ့တန်ဖိုး တလ တသိန်းလောက်ပဲ ရှိတဲ့ အိမ်ခန်းတခန်းဟာ ခြောက်လ သုံးခါ (နောက် တနှစ်ခွဲ) လောက်ဆို အနည်းဆုံး နှစ်သိန်းခွဲလောက် အသာလေး ဖြစ်သွားပါပြီ။
Ma Ei
သျှင်မင်းခသည် Sunday အနုပညာ ဂျာနယ်၏ အယ်ဒီတာချုပ် အိဖြူအောင် ဖြစ်ပြီး မဂ္ဂဇင်း၊ ဂျာနယ်များ၌ ကဗျာ၊ ဝတ္ထုတို ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။
ခြောက်လ တကြိမ် ငါးသောင်း တက်မပေးရင် ဆက်မငှားဘူး ဆိုတာမျိုး အိမ်ငှားနေတဲ့ လူတိုင်း ကြုံဖူးကြမှာပါ။ အရင်ကတော့ ကျမ ပွဲစားတွေနဲ့ ပတ်သက်ပြီး အမှုမဲ့ အမှတ်မဲ့ ပါပဲ။ အခု တခါမှာတော့ အံ့သြစရာ ကောင်းလွန်းလို့၊ ကိုယ်တွေ့မို့ အိမ်ငှား သမားတွေဘက်က မခံနိုင်လို့ ရေးမိတာပါ။ ကျမ အလုပ်အတွက် မြေညီထပ်တခန်းကို ငှားထားတာ ခြောက်လ တကြိမ် စာချုပ်မို့ တခါ ချုပ်တိုင်း ငါးသောင်း တက်နေတာနဲ့ ဒီတခေါက်တော့ တခြား အခန်း ရှာမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိမ်ရှင်ကတော့ ထုံးစံအတိုင်း ငါးသောင်း တက်တော့ အရင် နှစ်သိန်းဆို အခု နှစ်သိန်းခွဲပေါ့။ အလုပ် ဆိုတာကလည်း မကောင်းတလှည့် ကောင်းတလှည့်ဆိုတော့ အလုပ်သမားတွေ ပုံမှန် ၀င်ငွေလေးရဖို့အတွက်ပဲ လုံးပန်းနေရတာလေ။
ဒါဆို နှစ်သိန်းတန် လောက်ပဲ ရှာမယ်ဆိုတော့ … အိမ်ရှင်ကလည်း ရှာပေါ့။ ပွဲစား တယောက်ကို ဖုန်းဆက် ကြည့်လိုက်တယ်။ ကျမ အိမ်ခန်း တခန်းရှာချင်လို့ ဆိုတော့ သူက ဘယ်လမ်း၊ တိုက်နံပါတ် ဘယ်လောက်မှာ ရှိတယ်။ ကြည့်မလားတဲ့။ ကျမက ကြည့်မယ်ဆိုတော့ ရယ်စရာ ကောင်းလောက်အောင် ကျမ လက်ရှိ ငှားထားတဲ့ အခန်းပဲ ဖြစ်နေပါတယ်။
ကိုယ် လက်ရှိ ငှားထားတဲ့ အခန်းကို သူက မသိဘဲ လိုက်ပြမယ်တဲ့။
ကျမက ဒါဆို ဈေးကဘယ်လောက်လဲလို့ မသိချင်ယောင် ဆောင်ပြီး မေးကြည့်တော့ … သုံးသိန်းခွဲတဲ့ … ဘုရားရေ။ ကျမက လျှော့မလားလို့ သွေးတိုးစမ်းတော့ မလျှော့ဘူးတဲ့။ ဖြစ်ရလေ။ အိမ်ရှင်က တိုက်ရိုက်ပြောတဲ့ နှစ်သိန်းခွဲကိုတောင် တဖြည်းဖြည်း များလာလို့ မငှားတော့ဘူး ဆိုတဲ့ အခန်းက ပွဲစား ပါးစပ်ထဲ၊ လက်ထဲမှာ သုံးသိန်းခွဲဆိုတော့ …။
ရန်ကုန်မှာ အိမ်ခန်း ငှားနေရတဲ့ ဘ၀တွေ အတွက် ရင်လေးပြီးရင်း ရင်လေးမိပါရဲ့။ အဲဒီလို ဘ၀ပေါင်းများစွာဟာ … ရတဲ့ လစာနဲ့ နေထိုင်စရိတ် မကာမိတဲ့ ဒဏ်ကို အလူးအလဲ ခံစားနေရတယ်ဆိုတာ …၊ အကူအညီမဲ့ နေကြတယ်ဆိုတာ…။
နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မ၀င်လို့ ဈေးနှုန်း လျှော့ချရမယ် ဆိုတာထက်၊ ကိုယ့်လူမျိုးတွေ လက်ရှိ ဒုက္ခတွေကို အရင်ဆုံး ဖြေရှင်း ပေးသင့်တယ်လို့ ယူဆပါတယ်။ နယ်က အလုပ်လာလုပ်တဲ့ ကလေးတွေ လစာ တသိန်းဆိုရင် အိမ်ခန်း စုငှား နေပေမယ့် တလ သုံးလေးသောင်းတော့ နေရေးအတွက် အနည်းဆုံး သုံးရတာ။ မိသားစု တစု ဆိုရင်လည်း ရန်ကုန်မှာ အိမ်ခန်း တခန်းဆို တလ တသိန်းခွဲ မပေးဘဲ နေလို့မရတဲ့ အနေအထား ဖြစ်နေပါပြီ။ အိမ်ထောင်ဦးစီး လုပ်သူရဲ့ ၀င်ငွေဟာ
တလ နှစ်သိန်း ရရင်တောင် ကျန်တဲ့ငွေနဲ့ ကလေးတွေ ကျောင်းလခ၊ စားသောက်စရိတ်၊ ကျန်းမာရေး ဘယ်လိုမှ အဆင်ပြေနိုင်တဲ့ အနေအထား မဟုတ်ဘူးဆိုတာ တွေးကြည့်စရာ မလိုတဲ့ အနေအထားပါပဲ။
အလကားနေရင်း ဈေးမရှိတဲ့ မြေကွက်တွေကို ဈေးတွေ မိုးပေါ်ရောက်လာအောင် တလအတွင်း ဆောင်ရွက်နေကြတဲ့ အရည်အချင်းပြည့် “ငါ့ဖို့” သမား ပွဲစားတွေ အကြောင်းလည်း တာဝန်ရှိသူတွေ အနေနဲ့ ကောင်းကောင်းကြီး သိနားလည် ကြမယ်လို့ ထင်ပါတယ်။ အစိုးရရဲ့ ပေါ်လစီ အားနည်းချက်ကို ကောင်းကောင်းကြီး အသုံးချပြီး ဈေးကစားချင်တိုင်း ကစား နေကြတာလို့ မြင်ပါတယ်။
အဲဒီ ဒေသမှာ နေထိုင်ကြတဲ့ လူတွေ၊ စီမံကိန်းမြေ ဖြစ်တော့မယ်ဆိုပြီး နှင်ထုတ်တဲ့ အခါမှာ … တောင်ပြေးမြောက်ပြေး နေစရာ ရှာမရတဲ့ ဒေသခံတွေကိုရော ထည့်စဉ်းစား ကြည့်ဖူးပါသလား။ ဈေးတက်လာမယ် အထင်နဲ့ ရှိစု၊ မဲ့စု ငွေကြေးလေးကို ခြံကွက်ဝယ်လိုက်ပြီး နောက်၊ ချက်ခြင်း ဈေးပြန်ကျသွားလို့ ရှိတာလေး ပြုတ်သွားတဲ့ မိသားစုတွေရဲ့ လောင်းကစား ဆန်ဆန် အရှုံးအမြတ် တွေကိုလည်း တွေ့မြင်ရပါတယ်။
အခုလို မြေဈေးကွက်တွေ၊ အိမ်ဈေးတွေ၊ အခန်းခတွေ ဖြစ်ချင်တိုင်းတွေ ဖြစ်နေကြတာတွေက အဓိက လက်သည်ဟာ ဘယ်သူတွေဆိုတာ သိရဲ့သားနဲ့ ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်တဲ့ အကြောင်းအရာက ဘာတွေများပါလဲ။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီ ဖော်ဆောင်နေပါတယ် ဆိုတဲ့ ပြည်သူ့ အစိုးရ အဖွဲ့တွေ အားလုံးက ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းသင့်ပါပြီ။
ရှာသမျှ နေစရိတ်ထဲ ရောက်နေရင် … ပြည်သူတွေ စိတ်အေးချမ်း နိုင်ပါ့မလား၊ စာရိတ္တတွေရော ကောင်းနိုင်ပါ့မလား၊ စီးပွားရေးရော ဖွံ့ဖြိုး လာနိုင်ပါ့မလား။
အခုဆို အရပ်ထဲ လှည့်နေတဲ့ ပွဲစားတွေဆီမှာပဲ မဆောက်ရသေးတဲ့ အိမ်တွေ၊ ဆောက်လုပ်ဆဲ အိမ်တွေ၊ ဆောက်ပြီးသား အိမ်တွေကို လက်ဝါးကြီး အုပ်ထားတာ တွေ့ရမှာပါ။ အခန်းတွေကို ငွေစုပြီး အိတ်ထဲ ထည့်ထား၊ တကယ်လိုလို့ ရောင်းချင်၊ ငှားချင်တဲ့လူ ရှိရင် အမြတ်ကြီးစား တင်ရောင်း၊ တင်ငှား။ ပွဲစားခ ကလည်းရ၊ ရင်းနှီးထားတဲ့ ငွေကလည်း အကျိုး အမြတ်ရ။
ငှားနေတဲ့ လူတွေရဲ့ ဘ၀က မပြောင်းလဲပေမယ့်၊ ပွဲစားတွေကတော့ နေ့ချင်းညချင်းကို ကြီးပွား တိုးတက်သွားလိုက်တာ။ မုဒိတာ မပွားနိုင်တာ မဟုတ်ပေမယ့် တကယ့် ဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုရဲ့ နေရေးက ပိုပြီး ဂရုဏာ သက်စရာပါပဲ။
အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတွေ အဖြစ် တရားဝင် သတ်မှတ်ထားတဲ့ လုပ်ငန်းကြီးတွေကို တင်းကျပ်တဲ့ အခွန်နှုန်းနဲ့ ဘယ်မြို့နယ်၊ ဘယ်အလွှာ၊ ဘယ်အကျယ်အ၀န်း ဆိုရင် ဘယ်ဈေးနှုန်း ဆိုပြီး တိတိကျကျ သတ်မှတ်မယ်၊ အဲဒီ ဈေးနှုန်း အတိုင်း မဖြစ်ရင် ဘယ်လို အရေးယူမယ် စတဲ့ နည်းလမ်းကလည်း ပြည်သူတွေအတွက် အကူအညီဖြစ်စေမှာပါ။
ဒီဈေးကွက်ကို မကျွမ်းကျင်တဲ့အတွက် ပညာရှင်တဦးလို မစဉ်းစား မသုံးသပ်နိုင်ပေမယ့် လက်ရှိတွေ့ကြုံနေတဲ့ အကြောင်းအရာတွေက ကိုယ့်တွေ့မို့ ရေးကြည့်မိတာပါ။
အခုလို ပါးစပ် ပွဲစားကြောင့် ပြည်သူလူထု အများစုက ဒုက္ခရောက်နေတာကို ထိုင်ကြည့် မနေကြဖို့နဲ့ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီလို ဒုက္ခတွေကို စာနာပြီး အမြန်ဆုံး အကောင်အထည်ဖော် ကူညီပေးကြပါလို့ပဲ တောင်းဆိုလိုက် ပါရစေ …။

ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များတွင် နောက်ကွယ်၌ လှုံ့ဆော်သူ အမျိုးမျိုး ရှိနေသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြား

X-28-8 
ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံအ၀န်း ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များမှာ ကနဦးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် သာမန်မှုခင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားရာမှ အစပြုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ၏ နောက်ကွယ်၌ လှုံ့ဆော်သူ အဖွဲ့အစည်း အမျိုးမျိုး ရှိနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြားနေသော်လည်း ကျူးလွန်သူများကို ဖမ်းမမိသေးကြောင်း သိရသည်။
ပြည်တွင်း၌ သာမန်ဖြစ်စဉ်များမှ အစပြု၍ ပဋိပက္ခဖြစ်စဉ်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ်၊ မေ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော် ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ အဓမ္မပြုကျင့်ပြီး ပစ္စည်းများလုယူကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှ စတင်ကာ ကျောက်နီမော် ကျေးရွာရှိ ရခိုင်လူမျိုး ၁၀၀ ခန့်မှ ကျောက်နီမော် ရဲစခန်းသို့ ရောက်လာပြီး ပြစ်မှုကျူးလွန်သူ သုံးဦးကို ထုတ်ပေးရန် တောင်းဆိုခဲ့ရာမှ အစပြုပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထိုနည်းတူစွာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးမြို့နယ် တို့တွင် လည်း တစ်ကျော့ပြန် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့သည်။
    ထို့နောက် အဆိုပါ ပဋိပက္ခများသည် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များသို့လည်း ကူးစက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင်လည်း ပဋိပက္ခများ ဖြစ်ပေါ်စေ ရန် အော်ဟစ်ဖန်တီးမှုများနှင့် ကောလာဟလ ထုတ်လွှင့်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု များ ဖြစ်ပေါ်ခဲ့ရသည်။
ယင်းကဲ့သို့ ကောလာဟလများ ထွက်ပေါ်ပြီးနောက် မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်တွင် ရွှေဆိုင်တစ်ဆိုင်တွင် ရွှေလာပေါင်ခြင်းကိစ္စ သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွေကို သာမန်လေးကအစ အကြီးကြီးအထိ ဖြစ်ပွားခဲ့တာကတော့ နောက်ကွယ်က လှုံ့ဆော်သူတွေရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်မှာပေါ့။ ပြည်သူတွေ အများစုက အခုမှစပြီးတော့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ စည်းကမ်းနဲ့ တရားဥပဒေ စိုးမိုးမှုကို အသားမကျသေးဘူးလို့ ထင်တယ် . . . . .
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍လည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း မတ်လအတွင်းက မိတ္ထီလာဖြစ်စဉ်၏ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားသူများ ရှိနေသည်ဟု သုံးသပ်ခဲ့သည့် အပြင် ကောလာဟလ ထွက်ပေါ်ခဲ့သည့် သတင်းများကလည်း ပဋိပက္ခ ဖြစ်စဉ်အပေါ် ကြောက် စရာ ကောင်းလောက်သည်ဟု ပြောကြားခဲ့သည်။
      ဧပြီ ၃၀ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ ဈေးတောင်ဘက် ဘုရားကြီးလမ်းတွင် ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတို့ တိုက်မိပြီး သပိတ်ကျကွဲသွားရာမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့မှုများ၊ သတ်ဖြတ်မှုများကြောင့် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်းဆောင်ရွက်ကာ ငြိမ်သက်အောင် ပြုလုပ်ခဲ့ရသည်။
         အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့ရန် ကြံစည်ရာမှ အကြမ်းဖက် ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် အပြစ်မဲ့ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး အသက်များစွာ ဆုံးရှုံးခဲ့ရသည်။ 

အဆိုပါ မန္တလေးတိုင်း ဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့မှုနှင့် ပြည်တွင်း၌ ပဋိပက္ခ ဖြစ်ပွားနေမှုအပေါ် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးထွန်းနိုင်က "ဖြစ်စဉ်တွေကို သာမန်လေးကအစ အကြီးကြီးအထိ ဖြစ်ပွားခဲ့တာကတော့ နောက်ကွယ်က လှုံ့ဆော်သူတွေရဲ့ ရည်ရွယ် ချက်ပဲ ဖြစ်မှာပေါ့။ ပြည်သူတွေ အများစုက အခုမှစပြီးတော့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ စည်းကမ်းနဲ့ တရားဥပဒေ စိုးမိုးမှုကို အသားမကျသေးဘူးလို့ ထင်တယ်။ အကြောင်းအရာ တစ်ခုကို မကျေနပ်ရင် သေချာမစဉ်းစားဘဲ ထစ်ခနဲဆိုတာနဲ့ အုပ်စုလိုက် ဆန္ဒပြမယ်၊ အုပ်စုလိုက် အကြမ်းဖက် ရမ်းကားမယ် ဆိုတာချည်းပဲ ခေါင်းထဲရောက်နေတယ်လို့ ကျွန်တော်ထင်တယ်။ အသေးအဖွဲ ကိစ္စတွေ အပေါ်မှာ တရားဥပဒေ ဆောင်ရွက်မှုကို အသိမရှိဘဲနဲ့ လူစုလူဝေး လုပ်ပြီးတော့ ဖျက်ဆီးနေကြတယ်။ ပဋိပက္ခ ဖြစ်စဉ်တွေမှာလည်း နောက်ကွယ်ကနေ ကြိုတင်လှုံ့ဆော်သူတွေ အမျိုးမျိုး ရှိနေတယ်။ လှုံ့ဆော်သူတွေကလည်း မိမိရဲ့ လှုံ့ဆော်မှုက ခံယူတဲ့သူအပေါ်မှာ အမြင်စောင်းမှုတွေ မကျေနပ်မှုတွေ ရှိလာနိုင်တာတွေကို ကြိုတင်မစဉ်းစားထားဘူး။ ဥပမာ- ၉၆၉ နဲ့ ပတ်သက်ပြီးတော့ လှုံ့ဆော်သူတွေက မလှုံ့ဆော်ခင် ကတည်းက ခံယူတဲ့ ပြည်သူလူထုတွေရဲ့ အခြားသက်ရောက်မှုတွေ ရှိမရှိကို အစကတည်းက စဉ်းစားပြီး ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ အခုအချိန် အထိတော့ နောက်ကွယ်ကနေ လှုပ်ရှားတဲ့သူတွေကို ဖမ်းမမိသေးပါဘူး" ဟု သြဂုတ် ၂၇ ရက် မွန်းလွဲက သုံးသပ်ပြောကြားခဲ့သည်။
        အလားတူ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မရဲစခန်းက မြို့နယ်မှူး ရဲမှူးမြင့်မောင်က "ကျွန်တော့်မြို့နယ်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကလည်း ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ မမျှော်လင့်တဲ့အထိ ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တယ်။ ကိုရင်လေးတစ်ပါးကို ၀င်တိုက်ခဲ့တဲ့ အမျိုးသမီးက အဲဒီနေရာမှာပဲ ကိုရင်လေးကို တောင်းပန်မယ်၊ သပိတ်ကို ပြန်ဝယ်ပေးမယ်ဆိုပြီးတော့ ပြောမယ်ဆိုရင် ဒီလောက်အထိ ဖြစ်မယ်လို့ မထင်ဘူး။ အမျိုးသမီးဘက်ကလည်း လူအများကြီးရှေ့မှာ ရှက်ကြောက်ပြီးတော့ ထွက်ပြေးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချို့သူတွေက မထီမဲ့မြင် ပြုလုပ်တယ်ဆိုပြီးတော့ ဖြစ်စဉ်ကိုချဲ့ထွင်ပြီး ပြဿနာကြီးအောင် ပြုလုပ်ခဲ့တာပါ" ဟု သြဂုတ် ၂၇ ရက် နံနက်က သုံးသပ်ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ကိုစိုးလင်းက "အဖြစ်အပျက်တွေ ဖြစ်လာတိုင်း သေးသေးလေးက စတာပဲ။ များသောအားဖြင့် လူစည်တဲ့ နေရာဖြစ်တဲ့ ဈေးတို့မြို့လယ်ကောင်တို့ အထူးသဖြင့် လူစုလွယ်တဲ့ နေရာတွေမှာ အဖြစ်များတယ်။ မြို့ခံတွေကစတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူး။ မိတ္ထီလာမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ဆိုရင် အဝေးကလာတဲ့ ဧည့်သည်က ရွှေလာရောင်းတယ်။ ပြီးတော့ လူစည်ကားတဲ့ ဈေးနေရာမှာ စဖြစ်တယ်။ စဖြစ်တယ် ဆိုတာနဲ့ ထူးခြားတာတစ်ခုက ကောလာဟလ အမျိုးမျိုးထွက်လာပြီး ချက်ချင်းလူအုပ်စုကြီး ဖြစ်လာတယ်။ နောက်ဆက်တွဲက ပြဿနာကို မကြီးကြီးအောင် ကောလာဟလ အမျိုးမျိုး ထွက်လာတယ်။ မတ်လတုန်းကဖြစ်ခဲ့တဲ့ ကိစ္စမှာဆိုရင် နောက်ပိုင်းအဖြစ်အပျက်တွေမှာ အာဏာပိုင်တွေက ရပ်ကြည့်နေတယ်လို့ မဆိုလိုပေမယ့် ဆောင်ရွက်ပုံတော့ အားနည်းတယ်။ အဲလို အားနည်းတဲ့ အခါကျတော့ မိတ္ထီလာမြို့ တစ်ဝက်လောက်က ပျာပုံဖြစ်ပြီး အထိနာခဲ့တယ်။ လူစုလူဝေး အမျိုးမျိုးက သွေးထိုးလှုံ့ဆော်မှုတွေ အလိုလို ထွက်ပေါ်လာတယ်။ လူစုလူဝေးမှာတဲ့ လူတွေကို မြင်ဖူးသလို ရှိပေမယ့် နောက်ပိုင်းအဲဒီလူတွေအားလုံး ပျောက်သွားတယ်။ အာဏာပိုင်တွေရဲ့ အချိန်နဲ့ တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိတာက မိတ္ထီလာမြို့မှာ မတ်လအတွင်း သုံးရက်ကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတယ်" ဟု ပြောကြားသည်။

"ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ အဓိကက သည်းခံစိတ် မထားတတ်တာ။ ပြောရမယ်ဆိုရင်တော့ ကိုယ်ဘာသာ သူ့ဘာသာ အယူဝါဒ စိတ်ဓာတ်တွေ ပြင်းထန်ပြီး ဖြစ်ကြတာပါ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အားလုံးက ဖြူစင်အောင် ကျင့်ကြံနေထိုင်ကြတဲ့ ဘာသာတွေချည်းပါပဲ။ နောက်ပြီး ကိုယ့်ရဲ့ယုံကြည် ကိုးကွယ်ရာ လွတ်လပ်ခွင့်ပေးထားပြီ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းကျောင်းပြီး သွားကြဖို့ပဲ မြင်ပါတယ်။ နောက်ကွယ်ကနေ ကြိုးကိုင်နေတာလားတော့ ပြောရခက်တယ်။ အတိအကျကြီးလည်း မသိနိုင်ဘူး။ မှန်တယ်မမှန်ဘူးဆိုတာ ထဲထဲဝင်ဝင် လေ့လာစုံစမ်းနိုင်မှ အကြောင်းအရင်းမှန်ကို သိနိုင်မှာ။ ဒီလိုဖြစ်နေကြတာတွေမှာ နောက်ကွယ်က အဖွဲ့လေးတွေ ရှိကောင်းရှိနေနိုင်တယ်။ သီးခြားအဖွဲ့အစည်း တစ်ခုအနေနဲ့တော့ ရှိနေလိမ့်မယ် မထင်မိဘူး။ ဘယ်အရာမဆို ဖုံးကွယ်လို့မှ မရတာ။ အချိန်တန်ရင်တော့ အမှန်တရားက ဗူးပေါ်သလို ပေါ်လာမှာပဲ။ အထူးသဖြင့် ဘာသာတရားဆိုတာ ပိုတောင်ဆိုးသေးတယ်။ တို့ဗုဒ္ဓဘာသာတွေက မဟုတ်တာလုပ်ရင် ထိခိုက်မှာပဲ" ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားသည်။
"စနစ်တကျ ဖြစ်သွားတယ်လို့ မထင်ရဘူး။ တကယ်သာဆို ဒီထက်ပျက်စီးမှာ။ ပဋိပက္ခ ဖြစ်မယ်ဆိုရင် ဒီထက်မက သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ ရှိလာနိုင်တယ်။ ဘာသာရေး လှုပ်ရှားမှုဆိုရင်လည်း နှစ်ဦးနှစ်ဖက် ကိုယ်စီလှုပ်ရှားနေကြတာမို့ တစ်ဖက်တည်းကို ဇောင်းပေးပြီး အပြစ်ဖို့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်တဲ့ပြဿနာတွေက သေးသေးလေးပါ။ ကောလာဟလတွေကြောင့် မလိုအပ်ဘဲ အကြီးကြီး ဖြစ်သွားတာပါ" ဟု လားရှိုးမြို့ ၇ ရပ်ကွက်နေသူ ကိုလှိုင်ထူးက ၎င်း၏ထင်မြင် ယူဆချက်အား ပြောကြားသည်။
"အခု ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပေါ်မှာ အခြေခံလာတယ်လို့ ယူဆပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းကန်ဘုရားတွေ ဖျက်ဆီးခံရတဲ့ အပေါ်မှာ စိတ်ထိခိုက်ကြတာတွေ ရှိတယ်။ နောက်ပြီး နောက်ကွယ်ကနေ လှုံ့ဆော်နေတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား အခွင့်အရေးရဖို့၊ လူ့အခွင့်အရေး အကြောင်းပြပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဓိကကတော့ ဒီဘက်မှာက အမျိုးဘာသာ၊ သာသနာကို စော်ကားတယ်ဆိုပြီး လက်တုံ့ပြန်ချင်လို့ ဖြစ်နေတာလို့ ထင်ပါတယ်" ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ပဋိပက္ခ ဖြစ်စဉ်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးသော် လည်း နေအိမ်များအား မီးရှို့ဖျက်ဆီးသူများ၊ လူသတ်မှု ကျူးလွန်သူများနှင့် တုတ်ဓားလက်နက် ကိုင်ဆောင်ထားသူများကို စစ်ဆေးဖော်ထုတ်ကာ အရေးယူမှုများ ရှိနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင်လည်း သြဂုတ် ၂၄ ရက် ညနေပိုင်းက ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ စတင်ပြီး လူနေအိမ် ၄၀ နီးပါး မီးရှို့ဖျက်ဆီး ခံရသည်အထိ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်ရှိ ဒေသခံ အများစုက အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်တွင် နောက်ကွယ်၌ ကြိုးကိုင်သူ ရှိသည်ဟု သုံးသပ်ရခြင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ညနေ ၅ နာရီ ၀န်းကျင်တွင် ဖြစ်ပွားခဲ့ပြီး တစ်နာရီခွဲ အချိန်အတွင်း ကန့်ဘလူမြို့နယ်နှင့် ဆက်စပ်မြို့နယ်တွေကလူတွေ အုပ်စုလိုက် လာရောက်ပြီးတော့ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြတဲ့ အကြောင်းရင်းကြောင့်ဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုစိုးလွင်က ပြောကြားခဲ့သည်။
Eleven

မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်

မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်းအ၀ိုင်း နှစ်ခုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာအစိုးရ တာဝန်ရှိသူများ အနေဖြင့် ယခုနောက်ဆုံး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် ဖြစ်ပွားခဲ့သော ကိစ္စများကိုလည်း ဥပဒေအတိုင်း အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန် ပြုလုပ်သင့်သည်ဟု APHR က ပြောကြားသည်။
"ဒီပဋိပက္ခတွေကို တားဆီးဖို့အတွက် အစိုးရဟာ လုံလောက်တဲ့ အရေးယူမှုတွေ မပြုလုပ်ခဲ့ပါဘူး" ဟု APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Eva Kusuma Sundari က ဝေဖန်သည်။
"တကယ်လို့ အစိုးရက သူတို့တစ်ဦးတည်း မဖြေရှင်းနိုင်ဘူးဆိုရင် လူမှုအဖွဲ့အစည်းတွေကို ၀င်ရောက်ကူညီ ခိုင်းသင့်ပါတယ်။ ဒီလူ့အဖွဲ့စည်း နှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စဟာ သူတို့ချင်း အဖြေရှာမှပဲ ရနိုင်ပါလိမ့်မယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

Eleven

သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ်ဒီဇိုင်းအတွက် နယူးဇီလန်ဝန်ကြီးချုပ် ဂုဏ်ယူ


နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗလာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။ 


ဓာတ်ပုံ - မစ္စကေး

လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲ တခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စ ကေးဟာ ကိုယ့် ကိုယ်ကိုယ် အ၀တ်ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့ သူ့ သင်ခန်းစာတွေရဲ့ အစိပ်အပိုင်းဖြစ်ခဲ့ပါတယ်။ 

ကျနော်တို့ကတော့ သူ အခု လုပ်နေတဲ့ အလုပ် အ ပေါ် အရမ်း ဂုဏ်ယူတယ်” လို့ နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ကေး က ပြောတာကို ဗြိတိန် အခြေစိုက် Sunday Times က ဖော်ပြထားပါတယ်။ 

၂၀၁၁ ခုနှစ်တုန်းကလည်း မစ္စတာ ကေးရဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မက်စ် ဟာ မိသားစုတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါသေးတယ်။ ဒါကတော့ ၀န်ကြီးချုပ် အိမ်ရာမှာ ဆိုဖာတခုပေါ်မှာ ကန့်လန့်ဖြတ် အိပ်စက်
နေ တဲ့ ဓာတ်ပုံတပုံကြောင့် ပါ။ 

အိမ့်သံစဉ်~~




ဖြူထိပ်ထား လို့ ခေါ်ပါ

 ~
ရတနာဖြူဖြူအောင် နာမည်ပြောင်းလိုက်ပါပြီ။ သူ့ကို ဖြူထိပ်ထား လို့ ခေါ်ပါ တဲ့။
နာမည်သစ်က ၅ဝ% ပိုပြီးတိုသွားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ နာမည်ဟောင်းနဲ့တုန်းက နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့ ကြော်ငြာခဲ့ပါသေးတယ်။
နေတိုး၊ သက်မွန်မြင့်တို့နဲ့အတူတူ သရုပ်ဆောင်မှာပါ။


(သက်မွန်မြင့်၊ နေတိုး၊ ဖြူထိပ်ထား)

အဲဒါက ဖြူထိပ်ထားတို့မိသားစုရဲ့ Queen Jewel ကနေ ထုတ်လုပ်မယ့် ဇာတ်ကား ဖြစ်ပါတယ်။
ရုပ်ရှင်ကားကြီးမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

အခုတော့ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် ဖြူထိပ်ထား ဖြစ်သွားပါပြီ။
ဖြူထိပ်ထားဖြစ်သွားကြောင်းကို ဒီကနေ့ သတင်းစာ အများအပြားမှာလည်း ကြော်ငြာထည့်ထားပါတယ်။

သူက သီချင်းလည်း ဆိုပါသေးတယ်။
အိပ်မက်ကလေး လို့ နာမည်ပေးထားတဲ့ တကိုယ်တော်စီးရီး မကြာသေးခင်က ထွက်ထားတယ်လို့ ယူဆရပါတယ်။

သြရသ နဲ့ သူနဲ့ တွဲဆိုထားတဲ့ သီချင်းရုပ်သံကို http://www.youtube.com/watch?v=OgjZ9aUJ8LA မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။ 

ဒီမိုကရေစီကို ဖင်ခုထိုင်ပြီး သရုပ်ပျက်ဝတ်စားလာသော မြန်မာ မော်ဒယ်များ



အမြင်မတော်တော့လည်း ရေးကြည့်ချင်သည်။ သို့ပေမယ့် ဤလောကသားအားလုံးကို တိုက်ခိုက်ခြင်းလည်း မဟုတ်သလို အပြစ်ဆို၍ တမင်ရေးသားခြင်းလည်းမဟုတ်ပါဘူး။ မျိုးဆက်သစ် လူငယ်လေးတွေ လမ်းမှားတွေနောက်မလိုက်မိစေလိုသောကြောင့်ရေးသားခြင်းသာဖြစ်ပါတယ်။ ဒီနေ့Facebook စာမျက်နှာနှင့် ဘလော့ဂါတစ်ချို့မှာ အကျယ် တ၀င့်ဖေါ်ပြပြီး ဝေဖန် မှုပေါင်းများ စွာနဲ့ကြုံရတဲ့ Myanmar Model Show တစ်ခုကြောင့် မြန်မာပြည်ကြီး ဤသို့ဖြစ် ကုန်ပြီလား..မြန်မာ့ ယဉ်ကျေး မှု ဆိုတာကကော စာအုပ်ထဲ မှာ ပုံပြင်အဖြစ်နဲ့သာ ရှိနေ ခဲ့ပြီလော..ဒီလို သရုပ်ပျက် ၀တ်စား ဆင်ယင်မှု ကိုကော ထိန်းချုပ်မယ့် ဥပဒေ မရှိတော့ပြီလား ဆိုပြီး တွေးမိ လာပါတယ်။ ဒီလိုသရုပ်ပျက်မှုတွေအတွက် ပညာပေး ဆောင်းပါး ပေါင်းများစွာလည်း ဖက်ရှုဖူးခဲ့ရသလို ကိုယ်တိုင် လည်း ရေးသားဖူးပါပြီ..ဒါပေမယ့် လက်ရှိ အခြေအနေက ပိုမိုဆိုး ရွာလာသော အခြေအနေ တရပ် အဖြစ် မြင်ယောင် သုံးသပ် မိပါတယ်။

မော်ဒယ်လောက ကို လူငယ်တွေ ဘာလို့လျှောက်ချင်ကြသလဲဆိုရင် အနုပညာ(သရုပ်ဆောင်) ပိုင်းတစ် ခုမှာ နေရာရချင်သောကြောင့် ဤနေရာမှ အစပျိုး၍ စတင်ကြ သည်ဆို လည်းမမှား ပါဘူး...တစ်ချို့ ငွေကြေးတက်နိုင်ပြီး အရှိန်အ၀ါ(ပေါ်ပြူလာ)ဖြစ်ချင်လို့ လုပ်တာရှိသလို တစ်ချို့လည်း ၀ါသနာ အ ရ လုပ်တာရှိကြပါတယ်..တစ်ချို့ကျ ငွေကြေးမတက်နိုင်ပဲ ဒီလမ်းကြောင်းထဲမှာ ကျင်လည်ရင်း ဘ၀ ပျက် သွားသူတဲ့ မော်ဒယ် များလည်း များစွာပင်ရှိပါသည်။

ဂျာနယ်တစ်စောင်မှာ မော်ဒယ် တစ်ယောက်ပြောထားတာဖက်ဖူးပါတယ်" ဘ၀ပျက်တယ်ဆိုတာ
ငွေကြေးမလုံလောက်လို့ ဆပွန်ဆာရှာရင်း ပျက်စီးသွားကြတာပါ။ မော်ဒယ် ရှိုးလ် တစ်ခု တက်ဖို့ဆိုက အ၀တ်အစား အတွက် ကုန်ကျစရိတ်..ပြီးတော့ သွားလာဖို့အတွက် ကားလည်း အဆင်သင့်ရှိနေဖို့လိုပါတယ်၊ အဲဒီအချက်တွေမရှိရင် အောင်မြင်မှု ရှာဖို့မလွယ်ကူတာကြောင့် ဆပွန်ဆာရှာရင်းကနေ တစ်ချို့ ဘ၀တစ်ခုလုံးပုံပေးလိုက်ရတာမျိုးလည်းရှိပါတယ်" လို့ တက်သစ်စမော်ဒယ် တစ်ယောက်က ပြောထားပါသေးပါတယ်။

ဒါပေမယ့် လက်ရှိ မော်ဒယ်ရှိုးတွေအတွက်က အ၀တ်အစားဖိုး သိပ်ပြီး မလိုအပ်တော့ဘူးလို့ထင်ပါတယ်။ အတွင်းခံ ဘောင်းဘီ နဲ့ ဘော်လီ တစ်ထည်ရှိရုံဖြင့် မြန်မာ့မော်ဒယ်လောကကို ၀င်ရောက်နိုင်ပြီဖြစ်ပါတယ်။ အခုလို ၀တ်စားဆင်ယင်လာတာကို ခွင့်ပြုတဲ့ မိခင် များကိုပါ အံ့သြမိတာ အမှန်ပါ။ အဖေရှေ့ အမေ ရှေ့ တွင် အတွင်းခံ ဘောင်းဘီနဲ့ သွားလာရတာ မရှက်မကြောက်ဖြစ်လာတဲ့ မြန်မာမော်ဒယ်များ၏ ခံယူချက်သည်ကား ခေတ်လွန်ဝတ်စားဆင်ယင်မှုကို ဖော်ကျူးနေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ၀တ်စားပြီး ပြိုင်နေကြတာပဲလို့ မပြောပါနဲ့လား ...အရင်ဆုံးသိထားရမှာက ငါနေထိုင်နေတာ
မြန်မာနိုင်ငံဆိုတာပါပဲ....ပြီးတော့ လက်ရှိ လူငယ်တွေက ပြောလိုက်ရင် "ဒီမိုကရေစီခေတ် ရောက်နေတာတောင် အတွေးခေါင်နေသေးတယ်"တဲ့..အတွေးခေါင်တာမဟုတ်ပါဘူး...တကယ်ဒီမိုကရေစီဆိုတာကို နားမလည်ကြတာက ဒီလို သရုပ်ပျက် မော်ဒယ်လောကသားတွေပါပဲ...ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို ခုတုံးလုပ်ပြီး သရုပ်ပျက်နေထိုင် သရုပ်ပျက် ၀တ်စားလာကြတာဟာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်လာကြတယ်ဆိုတာလည်းသိထားသင့်ပါတယ်။ ဖေါ်မှ လှတာမဟုတ်ပါဘူး...
မဖေါ်နဲ့လို့လည်းမတားပါဘူး...သင့်တင့်ယောက်ပက်အောင်တော့ ဖေါ်ပါ။ မလွန်စေနဲ့ပေါ့။ အဲဒီကိစ္စနဲ့ပက်သက်ပြီး မင်းသမီးတစ်ယောက်က လည်း တုံ့ပြန်ပြောဆိုထားပါသေးတယ်(နာမည်ကိုတော့ ထည့်မပြောတော့ပါဘူး)" ဖေါ်တိုင်း အကျင့်ပျက်တာမဟုတ်ပါဘူး ..ခေတ်နဲ့ညီအောင်တော့ လိုက်ပြီး ၀တ်စားတာပဲလေ...ဒါကိုရိုင်းတယ်လို့လည်း မဆိုနိုင်ပါဘူး..အားလုံးက
နိုင်ငံတကာနဲ့ယှဉ်နေတာဆိုတော့လေ..ဘာပဲပြောပြော sexy ကျကျနေထိုင်တာလေး သဘောကျမိတယ်"ကဲဗျာ ခေတ်ကို အပြစ် ပုံချပြီး အဲလိုပြောသွားတော့ သူ့ပရိတ်သက်တွေလည်း အတုယူပြီး ချွတ်ပြကြတာ ဆန်းကြယ်မယ်မထင်ပါဘူး...လမ်းပြတွေကမှ အကျင့်မကောင်းတာ..လမ်းပြမကောင်းတော့ နောက်လိုက်တွေလည်း မဖြောင့်နိုင်တော့ဘူးလေ...

ကျွန်တော် ထင်ပါတယ် နောက် ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံတော်ကြီးဟာ သရုပ်ပျက်ဝတ်စားမှု ထိပ်ဆုံးနိုင်ငံထဲမှာပါလာလိမ့်မယ်လို့...ဒီအတွက်လည်း တာဝန်ရှိသူတွေအနေနဲ့ ဥပဒေတရပ်ပြဌာန်းသင့်တယ်လို့ထင်တယ်။ ဥပမာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာဆို ကျောင်းသူတွေကို ဆံပင်အရှည်မထားရဘူး..လည်ပင်းကုတ်လောက်သာထားခွင့်ရှိတယ်(၂၀၁၃ မှာ ဒီဥပဒေကို ပြင်ဆင်လိုက်ပြီလို့ သိရပါတယ်)အဲလို ဥပဒေမျိုး ကာလရှည်စွာ ချမှတ်ခဲ့တယ်။ ထိုနည်းတူပဲ မလေးရှားနိုင်ငံမှာဆိုရင်လည်း မလေးမိန်းခလေးတွေဟာ အပြင်သွားရင် ခေါင်းမြီးခြုံထားတဲ့ဟာမပါရင် ရဲကဖမ်းဆီးစစ်ဆေးခွင့်ရှိသလို ထောင်ဒဏ်လည်းကျခွင့်ရှိတဲ့ ဥပဒေ တစ်ရပ်ကို ခုထိ ကျင့်သုံးနေဆဲလို့ စာရေးသူ အသိတစ်ယောက် ပြောပြလို့ သိရပါတယ်။ ဒီတော့ မျိုးရိုးစဉ်ဆက် ယဉ်ကျေးပြီး ခြေမျက်စိ မပေါ်အောင် ၀တ်စားလာတဲ့ ကျွန်တော်တို့ မြန်မာမိန်းခလေးတွေဟာ အခု လူမြင်ကွင်း ပြိုင်ပွဲကြီးတွေမှာ သားနှင့် အမေ..အဖေ နဲ့ သမီး မကြည့်ရဲအောင်ပဲ ၀တ်စားဆင်ယင်ပြီး ဓါတ်ပုံတွေရိုက်ခံ ..ရုပ်သံတွေမှာပါအောင် ဖေါ်ပြ ချွတ်ပြပြီး သရုပ်ပျက် အလှအပတွေကို ထုတ်ဖေါ်ပြသနေခြင်းဟာ နိုင်ငံကို စော်ကားတာနဲ့တူသလို အဘိုး အဘေး တွေကိုလည်း
စော်ကားနေတာနဲ့တူတယ်လို့ စာရေးသူ မြင်မိပါတယ်။

ရှိပါသေးတယ်..တစ်ချို့ မော်ဒယ်ရူးလေးတွေလည်း...ပြိုင်ပွဲထိ မရောက်သေးပဲ နာမည်ရချင်နေတာကြောင့် အဖေါ်အချွတ် ပုံတွေရိုက်ပြီး မြန်မာမော်ဒယ်များ ဆိုတဲ့ ဆိုဒ်နဲ့ ဘလော့ဂါ တွေဆီကို ပုံတွေ ပေးပို့ ကြော်ငြာခိုင်း ..မိမိ facebook စာမျက် တွေမှာ မရှုမလှ ကြည့်ရန်မသင့်တောင်လောက်အောင် ပုံတွေကို ဂုဏ်ယူဝင့်ကြွားစာ တင်ပြပြီး ဂုဏ်ယူနေတဲ့ ဘေးလွယ်အိတ်မော်ဒယ်ရူး မြောက်မြားစွာလည်း တွေ့နေရပါတယ်။ ဒီတော့ မြန်မာ မိန်းခလေးတွေအနေနဲ့ အနုပညာ ဆိုတဲ့ စကားကို ဗန်းပြ ..ဒီမိုကရေစီ ဆိုတဲ့ စကားကို ဖင်ခုထိုင်ပြီး သရုပ်ပျက်ဝတ်စားဆင်ယင်မှုမျိုးကိုအတက်နိုင်ဆုံး ရှောင်ကြည်သင့်တယ်လို့လည်း မြင်မိတွေးမိပါတော့တယ်။
မော်ဒယ် ရူးလေး ရူးပြီး ဘ၀ မပျက်မိစေဖို့နဲ့ နိုင်ငံဂုဏ်ရည်ညှိုးနွမ်းအောင် မလုပ်မိစေဖို့ မြန်မာမော်ဒယ်ပေါက်စလေးများသို့ ပန်ကြားအပ်ပါတယ်ခင်ဗျာ................

ကြမ်းပိုးလေး

ပြည်တွင်းမီဒီယာအချို့၏ အဆင်ခြင်မဲ့လုပ်ရပ်များအပေါ် ပြည်သူအများမှ စိတ်ပျက်လျက်ရှိ


Myanmar Newsweek ဂျာနယ် ရဲ့လုပ်ရပ်ကတော်တော်တရားလွန်သွားပြီဗျာ။ Myanmar Newsweek ဂျာနယ်ရဲ့
အတွဲ(၂) အမှတ် (၉၇) (၂၉.၈.၂၀၁၃)ရက်စွဲ နဲ့ ၂၇.၈.၂၀၁၃မှာဖြန့်ချီခဲ့တဲ့ သူတို့ရဲ့ဂျာနယ်မှာ ဖော်ပြထားသော
"အကြမ်းဖက် ဖောက်ခွဲရေးသမား(၃)ဦးကို မြိတ်ကျွန်းစု၌ဖမ်းဆီးရမိ" ဆိုတဲ့သတင်းမှာ ကျနော်ပုံကို အထင်အမြင်
လွဲမှားစေရန် ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေး သိက္ခာကျ ပြဿနာများအောင်တမင်ကြံစည်ပြီးဖော်ပြတယ်လို့ ထင်မြင်ယူဆမိပါတယ်။

မြင်နေရတဲ့ဖော်ပြပါပုံနဲ့ ယခုစာအောက်ကLink ကပုံနဲ့နှိုင်းယှဉ်ပြီးလေ့လာကြည့်ပါ။
http://www.imagebam.com/image/fe55de272594914

သတင်းမှားဖြစ်ကြောင်းကျနော်ဖြေရှင်းထားတဲ့ပို့စ်ကပုံကိုမှလုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံအလယ်စာကို ဖျက်ပြီးတော့
အပေါ်အောက်ပြောင်းပြီး ဖြတ်ဆက်ထားတာကိုမြင်တွေ့နိင်ပါတယ်။

ဖော်ပြထားတဲ့သတင်းဖြစ်တဲ့ဖောက်ခွဲရေးသမား သုံးယောက် ဖမ်းမိတယ် ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားတာ ကြားထားရတဲ့အတွက် ဒီသတင်း ကလဲသတင်းမှားကြီး ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကို ဖြန့်ချိတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြပြီး လိမ်ညာဖြန့်ချိတဲ့အပြင် တစ်ဖက်သားကို သိက္ခာကျ ပြဿနာများအောင် လုပ်တာမျိုးကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဘယ်လိုမှ မကိုက်ညီတာ ထင်ရှား ပေါ်လွင်လှပါတယ်။

အခုလိုမမှန်မကန်သတင်းတွေကို ပုံနှိပ်ဖော်ပြတဲ့ Myanmar Newsweek ဂျာနယ်ရော ဂျာနယ်လစ်ကိုရော အတော်ကို စိတ်ပျက်မိပါတယ်။

ဖြစ်ရပ်မှန်နဲ့ပက်သက်ပြီးဂျာနယ်တိုက်ကိုလဲ လူကိုယ်တိုင်သွားရောက်ဖြေရှင်းဦးမယ့်အပြင် ယခုလိုဖြစ်ရပ်မျိုး အပြစ်မရှိတဲ့
တခြားသူတွေဓားစာခံ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာဂျာနယ်လစ်အစည်းအရုံး ဂျာနယ်လစ်ကွန်ယက်နဲ့ပြန်ကြားရေး ဝန်ကြီးဌာနကိုပါ အသိပေးတိုင်ကြားသွားမှာပါ။

ယခုရေးထားတဲ့စာကို အများပြည်သူသိအောင် ရှဲပေးကြပါရန်အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။
 
လေးစားလျှက်

မောင်စေတန်
==============================

Kyaw Myint Hlaing တရားဆွဲလေတောင်းပန်လဲမကျေအေးနဲ့ အဲ့ဒါမှမှတ်မှာ
Like · Reply · 16 · 8 hours ago via mobile

    Zam Khaing အားပေးတယ်
    Like · 1 · 57 minutes ago
    Write a reply...

Bayint Naung ညစ်ပတ် စုတ်ချာတဲ့စိတ်ဓာတ်ပဲ ဟုတ်တယ် မှတ်လောက်သားလောက်အောင်လုပ်
Like · Reply · 2 · 8 hours ago via mobile

Yanmyo Aung ဒီဟာတော့မဖြစ်သင့်ဘူးစာဖတ်သူတွေကစောက်ရူးတွေကျနေတာပဲ
သတင်းဖြစ်ရင်ပီးတာပဲလုပ်နေတာလား
Like · Reply · 2 · 7 hours ago

Breaky Khin တရားစွဲပီးရော်ကြေးပါတောင်းပစ်လိုက် ပီးမှကြေ အေးပေး
Like · Reply · 2 · 8 hours ago via mobile

Lim Wai Min ဒါကြောင့် ဘယ်ဂျာနယ်မှ ဝယ်မဖတ်တာ
Like · Reply · 2 · 8 hours ago

Suzuki Jinjin ရန်ကုန် လေဆိပ် မှာ ရိုက်ထားတာ များလား လို့
Like · Reply · 2 · 8 hours ago via mobile

Lukav D Dark ကိုစေတန်တော့ဆေးအကြီးကြီးမီပီ ငြိမ်မနေနဲ့ဗျို့ အာ့တော့တရားလွန်တွားပီ
Like · Reply · 1 · 8 hours ago via mobile

Ko Shwe Mung ဒီဂျာနယ် ကို တရားစွဲပါ.. ပြန်ကြားရေး၊ ဂျာနယ်လစ်ကွန်ယက်၊ စာနယ်ဇင်းကောင်စီ.. အကုန်တိုင်ပါ.. တရားရုံးမှာ ပုဒ်မ- ၄၉၉/ ၅၀၀ နဲ့ တရားစွဲလို့ရပါတယ်.. ဒီကိစ္စက လွှတ်ပေးထားရမယ့် ကိစ္စမဟုတ်ဖူး.. သိပ်ကို စည်းမဲ့ကမ်းမဲ့နဲ့ လူတစ်ယောက်ရဲ့ သိက္ခာကို စော်ကားတာ
Like · Reply · 1 · about an hour ago

Koung Kin Pyar တရားဆွဲ ဦးစေတန်ရေ
Like · Reply · 1 · about an hour ago

Soe Wai Htun အဲဒီဂျာနာယ်က သတင်းအတုတွေ ခဏခဏထွက်တယ်.. သတင်းလိမ်ရေးတဲ့ သူတွေ... သူတို့ကြောင့် မီဒီယာလောက ပုပ်နိုင်တယ်။ ကြိုတင်သတိထားမှ
Like · Reply · 1 · 6 hours ago

Vincent Valentine တရားစွဲလို့ရပါတယ်အကို..
Like · Reply · 1 · 8 hours ago

Ye Dway စေတန်တော့ကျားကိုက်ပြီ
Like · Reply · 2 · 8 hours ago via mobile

Nila Elect တရားစွဲသင့်ပါတယ်။
Like · Reply · 29 minutes ago via mobile

Nou Pai Nou Pai သတင်းရေးသူကိုပါးရိုက်လိုက်ပေါ့ကွာ။
Like · Reply · 2 · 53 minutes ago via mobile

Zam Khaing အပေါ်က ရုပ်ဖြောင့်ဖြောင့်နဲ့ဘဲကြီးလေ
Like · Reply · 1 · 57 minutes ago

炳成 ထောက်ခံတယ်..တရားစွဲဗျာ..လူတွေကို ရေးချင်ရာရေးပြီး ရောင်းစားနေတာလား မသိဘူး..
Like · Reply · 1 · about an hour ago

Tin Lay Zaw ဖြေရှင်းတာ အကောင်းဆုံးပါ ခင်ဗျားကိုထောက်ခံတယ် ဗလောင်းဘလဲ မီဒီယာကို ရှုတ်ချတယ်
Like · Reply · 1 · about an hour ago

Koung Kin Pyar အဲ့ဒါတော့တော်တော်လွန်သွားပြီ
Like · Reply · about an hour ago

Win Lin Latt ကိုစိန်သန်းကိုဆေးထိုးပီ.....

Like · Reply · 1 · about an hour ago
Siam Thi Ha တ၇ားစွဲ လျော်ကြေးပါတောင်း။ပြောသာပြော၇တယ်။တ၇ား၁ုပဒေကလဲခေတ်နဲ့  မလျော်ညီတော့ လျော်ကြေး၇လဲ ၅၀၀ ~ ၁၀၀၀ လောက် ကုန်ကျစ၇ိတ်ကုန်တာက ၁၀ သိန်းလောက်ဖြစ်နေမှာ။ဟူး...
Like · Reply · 1 · about an hour ago

Nay Thawon တရားစွဲဗျာ…
Like · Reply · 1 · 2 hours ago via mobile

Aung Kyaw Htut အဲဒီ့ဂျာနယ်ရဲ့အဆင့်အတန်းကို ဖော်ပြတာပဲ၊
Like · Reply · 1 · 2 hours ago via mobile

Ko Shwemoe မောင်စေတန်ရေ ဒီကိစ္စ ကမြန်မြန်ရှင်းမှကောင်းမယ်လို့ထင်ပ့တယ် ကျွန်တော်တို့လို အင်တာနက်သုံးနေသူတွေက အကြောင်းသိနေပေမယ့် ဂျာနယ်ကိုယုံစားပြီး ဖတ်တဲ့သူတွေက အမြင်မှားနိုင်ပါတယ် အမြန်ဖြေရှင်းနိုင်ပါစေ
Like · Reply · 1 · 2 hours ago via mobile

Myo Nyunt Kyaw ထမင်းငတ်ရင်ဂျာနယ်လစ်လုပ်ဆိုပြီးဖော်မြူလာထုတ်ပေးလိုက်မယ်စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့မတန်သေးပါစိတ်ဓာတ်တွေအရင်ပြင်ရမယ်။
Like · Reply · 1 · 3 hours ago via mobile

Kokyaw Thaung လူတွေဟာတရားမဲ့နေတာကြာပြီပဲ
Like · Reply · 1 · 5 hours ago

Zay Moe အောက်တန်းကျတာဘဲလား နည်းပညာဘဲ....ရှပ်ပါတယ်ဗျာ တရားဆွဲ
Like · Reply · 1 · 6 hours ago

Yanmyo Aung တရားစွဲလေမုတ်မိအောင်လုပ်ပျစ်
Like · Reply · 1 · 7 hours ago

Aung Thiha Kyaw တရားဆွဲလေကွာ
Like · Reply · 1 · 7 hours ago

Nyein Mg မီဒီယာတွေ စံပြဖြစ်သွားအောင်လုပ်ပါ နောက်ထပ်မလုပ်ရဲအောင်
Like · Reply · 1 · 7 hours ago

Nyein Chan Kyaw ဒီတခါတော့အကြီးကြီး
Like · Reply · 1 · 7 hours ago via mobile

Zaw Lin Tun ဒါ News Week ရဲ့ထုံးစံလိုဖြစ်နေပြီ။
Like · Reply · 1 · 8 hours ago via mobile

Kyithar Kyithar စေတန်ရေ ရမ်း ကူံးမှန်း ကန်တွေကို ဆော်သာ ဆော်ပစ်
Like · Reply · 1 · 8 hours ago via mobile

Aung Pyai Sone မခံနဲ့ကွ မင်းကို သပ်သပ်သိက္ခာချနေတာပဲ
Like · Reply · 1 · 8 hours ago via mobile

All Min Tharlay မလုပ်သင့်ပါဘူးနော်
Like · Reply · 1 · 8 hours ago via mobile

Kaung Myat ကိုနတ်ဆိုးတော့ဂြိုလ်ဆိုးဝင်ပြီကိုယ်ချင်းစာပါတယ်ဗျာ
ထိထိရောက်ရောက်ဆော်ခဲ့ပါအဲ့ကောင်တွေကိုshareလိုက်ပါပြီ
Like · Reply · 1 · 8 hours ago
Ko Phyo-Paung Paung စောက်ကျက်သရေမရှိတဲ့လဖွတ်ဂျာနယ်
Like · Reply · 1 · 8 hours ago via mobile
Ty Legacy နာမယ်ကြီးတာပ
Like · Reply · 1 · 8 hours ago via mobile
အာ ယုေ၇လည်ပဲ့တယ်ကွာ ...
Like · Reply · 1 · 8 hours ago
Sai Loa Main ရုံးတင်တရားစွဲပြီး နေ့တိုင်းလို ရုံးချိန်း
ခေါ်လိုက်..
Like · Reply · 2 · 8 hours ago via mobile
Nyi Nyi Htun ဒါလားကွ media။
Like · Reply · 1 · 8 hours ago via mobile
Jordan Phong အွန်.. ခင်ညားပုံ ဟိုနေ့က ဘာဖစ်တယ်ဆိုလား တင်တာတွေ့လိုက်တေးတယ်.. ဒိရုပ်သေချာမှတ်မိတယ်... ခွေးချီတောင် မမေ့ဘူး ကံဇာတာ အတက်ဖက်ရောက်နေပီ.
Like · Reply · 1 · 8 hours ago
Zulus Kan ဒါနဲ့များ သတင်းဂျာနယ်ထုတ်ချင်နေကြသေးတယ်
Like · Reply · 1 · 8 hours ago via mobile
Rasing Paa နားလည်ပေးလိုက်ပါ သူတို့ ခဗျာ ထည့်စရာသတင်းမရှိလို့ နေ မှာ Pity news week
Like · Reply · 1 · 8 hours ago via mobile
Faceofdice MK တောက်စ်.. ဟာသဘဏ် ကိုပါ နာမည်ပျက်အောင်လုပ်နေတယ်...
Like · Reply · 1 · 7 hours ago
Yar Hu Thar ဟား ဟား စေတန် ခေါင်းဆင်ဆယ်ကောင်နင်းရော ဆေးထိုးခံလိုက်ရပြီပေါ့ LOLz...
Like · Reply · 1 · 8 hours ago via mobile
Min Soe မီဒီယာဆိုပီး..တော်တော်ကို ကျင့်ဝတ်အားနည်းပြီး...။ သတင်တခုကို အခြေ အမြစ်မရှိ...ဖွရပီးရော...စွတ်လုပ်နေတာ၊ မြန်မာ့သတင်းလောကကို ဖျက်ဆီး
နေတာပဲ
Like · Reply · 1 · 8 hours ago
Litle Chris ကိုစေတန်ကြီး ဆေးထိုးခံလိုက်ရပြီ ... ဒီဂျာနယ်က လဲ ပိန်းပ၊ တော်တော်များများ သိနေတဲ့ Fake သတင်းကြီးကို အဟုတ်မှတ်ပြီး တင်တယ်... တော်တော့ကို ပိန်း...

Related Posts Plugin for WordPress, Blogger...