Wednesday, August 28, 2013

လက်ဖက်ခြောက်ဗူးပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် ရိုက်နှိပ်ထားရှိမှု


၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသားကုမ္ပဏီမှ လက်ဆောင်
ပေးသည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ
ပါရှိသဖြင့် တာမွေမြို့နယ် သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့နာယကဥက္ကဌဆရာတော်ထံသို့ အဆိုပါလက်ဖက်ခြောက်ဗူး
ပေါ်တွင် ရွှေတိဂုံစေတီပုံပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း
လျှောက်ထားခဲ့ရာ တိုင်းသံဃာ့နာယကဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှတဆင့် တာဝန်ရှိသူအဆင့်ဆင့်ထံ သတင်းပို့စေခဲ့
ပါသည်။

၂၇.၈.၂၀၁၃ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်းသာသနာရေးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်
နှင့် တာဝန်ရှိသူများမှ ဖူးရှင်းဘရားသားကုမ္ပဏီအကြံပေး ဦးဇင်ဦးအား
ခေါ်ယူ၍သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် စီးကရက်ဗူးပုံသဏ္ဍာန် လက်ဖက်ခြောက်ဗူးငယ်များတွင် ရွှေတိဂုံစေတီတော်ပုံများရိုက်နှိပ်ထားပြီး ၎င်းဗူးငယ်(၉)ဗူးထည့်သည့် စက္ကူဗူးကြီးပေါ်နှင့် လက်ဆွဲအိတ်တို့
ပေါ်တွင်လည်း ရွှေတိဂုံစေတီတော်ပုံ(Logo)အမှတ်အသားများဖြင့်
ကုန်အမှတ်တံဆိပ်အသုံးပြုထားသည့်အတွက် သံဃာတော်များနှင့်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ခံစားရသဖြင့်
ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ်အားဆက်လက် အသုံးမပြုရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

ကုမ္ပဏီအကြံပေးဦးဇင်ဦးမှ ၎င်းတို့ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသားများနှင့်
ပြည်တွင်းမိတ်ဆွေများအား လက်ဆောင်ပေးရန် တရုတ်ပြည်ရှိကုမ္ပဏီသို့ ကမ္ဘာလုံးစီးကရက်စက်ရုံလိပ်စာကိုသာပေးပြီး မြန်မာပြည်အတွက်
အမှတ်တရ(Logo)လုပ်ပေးရန်၂၀၁၃ခုနှစ်၊ဇူလိုင်လအတွင်းကမှာကြားခဲ့ရာ သြဂုတ် လဆန်းပိုင်းတွင် ရွှေတိဂုံစေတီတော်ပုံပါလက်ဖက်ခြောက်ဗူးကြီး (၅၀)ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဦးအိုက်ထွန်းမှ မှာယူရရှိသည့်ဗူး(၅၀)အနက် ၎င်း၏မိတ်ဆွေများနှင့် နိုင်ငံခြားသားများထံ (၁၆)ဗူးလက်ဆောင်
ပေးခဲ့ကြောင်းသိရှိရသဖြင့် ကျန်(၃၄)ဗူးအားသိမ်းဆည်းခဲ့ပြီးလက်ဆောင်ပေးခဲ့ပြီးဖြစ်သည့် (၁၆)ဗူးအား ပြန်လည်သိမ်းဆည်းနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

့yangon police

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...