Tuesday, September 10, 2013

ပြည့်တန်ဆာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ?



<""" ပြောသူကလဲ ဝေဝေဝါးဝါး ငြင်းသူကလဲ ဝေဝေဝါးဝါးနဲ့ ဆိုရင်တော့ ဆဲကြရုံကလွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးထင်တယ်။ """

တရားဝင် Legal၊ တရားမဝင်မဟုတ် Not Illegal၊ တရားမဝင် Illegal ဘယ်ဟာဖြစ်နေလို့ ဘယ်ဟာဖြစ်ချင်တာလဲ 
   
သူများနိုင်ငံက အနေအထားတွေကို အချိန်ယူပြီး အေးအေးဆေးဆေး ဖတ်ကြည့်ပါ။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ဆိုတာတွေ လိုလာမယ်။ ဘယ်လို လုပ်ကြမလဲ။ သူများ တိုင်းပြည်တွေမှာ ဘယ်လိုရှိလဲ။ အမေရိကန် New York မြို့ လူအများနဲ့ သက်ဆိုင်တဲ့နေရာမှာ မိန်းမတစ်ယောက်ဆီက Condom တွေ့ရင် ပြည့်တန်ဆာ ဥပဒေနဲ့ ရဲက ဖမ်းလို့ရသတဲ့၊ ဖမ်းလဲ ဖမ်းသတဲ့။ 
 ကျွန်တော့် သဘောကတော့ ဒီကိစ္စဟာ အလျှင်စလို ဆွေးနွေးသုံးသပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လိုင်စင် လုပ်ပေးလိုက် ရုံနဲ့ အခုဖြစ်နေတဲ့ ပြဿနာတွေ ရှင်းသွားမှာလား။     ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ။ ကျန်းမာရေး    စောင့်ရှောက်မှု မရတာဟာ လိုင်စင်မရှိလို့လား။ နောက်တစ်ခုက အလုပ်အကိုင် ( ပြည့်တန်ဆာ)   လို့ သူတို့တွေ ပြောရဲကြပြီလား။ လိုင်စင်ဆိုတာ ဘာလဲ။
တရားဝင် အလုပ်လုပ်ခွင့်။ တရားဝင် လုပ်ငန်းဖြစ်လာရင် ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် တရားဝင် ကြော်ငြာခွင့်ဆိုတာ ရှိလာမယ်။ ဆိုင်းဘုတ်ထောင်ခွင့် ရှိလာမယ်။ ကျွန်တော် တခြားနေရာ မှာရေးထားတဲ့ Comment တွေ ဆက်တင်ပါဦးမယ်။ Social stigmata ဆိုတာ ရှိတယ်။ မြန်မာ လူမျိုးများအဖို့ ပြည့်တန်ဆာဆိုတာ ရှက်စရာ အလုပ်လို့ သတ်မှတ်ထားတယ်။ ဒီပြည့်တန်ဆာတွေ အနေနဲ့ သူတို့ကို တရားဝင် တံဆိပ်အကပ်ခံရမှာကို လက်ခံဖို့ အဆင်သင့် ဖြစ်ပြီလား။
 မှတ်ပုံတင်တယ်ဆိုတာ ရော့ကဒ်ပြား ယူသွားဆိုပြီး ပေးလိုက်ဖို့တော့ မဟုတ်ဘူး။ ကာယကံရှင်များဖက်က ကျွန်မတို့ ဖာပါလို့ ရုံးဌာနမှာ မှတ်တမ်းတင် ခံရဲပြီဆိုရင်တော့ ဘေးလူတွေက အနေသာကြီးပါဗျာ။ သူတို့ကိုယ်နှိုက်က "ပြည့်တန်ဆာ လိုင်စင်" ဆိုတာကြီးမှာ နာမည်၊ မှတ်ပုံတင်အမှတ်၊ ဓာတ်ပုံနဲ့ မှတ်တမ်းတင် ခံရဲရင် စားသုံးသူက "ဟဲ့ နင့်မှာ လိုင်စင်ရှိရဲ့လား၊ ပြစမ်း။ မတော် လိုင်စင် မရှိတဲ့သူ ကို ခေါ်မိလို့ ငါ့ပါ အမှုပတ်နေဦးမယ်" လို့ ပြောလာရင် အခုလို "ကျွန်မနာမည်က ......." ဆိုပြီး တွေ့ ကရာ ပြော လို့ မရပြန်ဘူး။ ကျွန်တော်ကတော့ မြန်မာ့လူနေမှု ပတ်ဝန်းကျင်မှာ ပြည့်တန်ဆာ တံဆိပ် အကပ်ခံဖို့ အဆင်သင့်ဖြစ်ကြပြီလား ဆိုတာကိုပဲ တွေးမိတယ်။
 မြန်မာပြည်မှာက ပြောင်းလဲဖို့ဆိုတာ တော်တော်လေး အရှိန်ယူရတယ်။ မြန်မာလူမျိုးရဲ့ စရိုက်ကြောင့်လဲ ပါတာပေါ့ဗျာ။ အမေခေါင်းချတဲ့ နေရာမှာပဲ နေမယ် ဆိုတာမျိုးပေါ့။ ပြောချင်တာက ဒီ Social Value အပြောင်းအလဲကြီးကို မြန်မာတွေ လက်ခံဖို့ တော်တော် အားမွေးယူရမယ်။ ဒါက တစ်ချက်။ နောက် တစ်ချက်က တရားဥပဒေစိုးမိုးမှု။ ဒီလိုင်စင်ကိစ္စကို ဘယ်လို အကောင် အထည် ဖော်မယ် လို့ အဲဒီ လွှတ်တော်အမတ် စဉ်းစားထားလဲ။
သူများ တိုင်းပြည်မှာ ဆိုရင်တော့ ဒီလို စကားပြောလာရင် ပြန်မေးခွန်း ထုတ်ခံရမှာပဲ။ ခင်ဗျားရဲ့ Plan ကို ပြောပြပါလို့ မေးမှာပဲ။ အဟန့်အတား ဖြစ်နေတဲ့ တချို့ကိစ္စတွေကို ဖျက်ပေးလိုက်။ ပြည့်တန်ဆာ တရား ဝင်ပြုရေးထက် ပြည့်တန်ဆာ နှိပ်ကွပ်ရေးမလုပ်ပဲ ပြည့်တန်ဆာ မသိချင်ယော င်ဆော င်ရေး လောက် ဆိုရင် အဆင်ပြေမလားပေါ့။ ကွန်ဒုံးတွေ့လို့ အဖမ်းခံရတာမျိုးတွေ မဖြစ်စေနဲ့။ အခုဟာက ပြည့်တန်ဆာ မသိချင်ယောင်ဆောင်ရေးကို အရင်မလုပ်ပဲ လိုင်စင်လုပ်ရေးဆိုတော့ မြန်မာလူမျိုး အမြင်မှာ လက်ခံဖို့ ခက်ခဲနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တချို့ကိစ္စက သိသာသိစေ မမြင်စေနဲ့လို့ ဆိုတယ် မဟုတ်လား။ ဒီအကြောင်းကို ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ဟာ Sex Worker နဲ့ ပက်သက် တဲ့ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝလို့ ပြောတာလဲ ဖြစ်ကောင်းဖြစ်နိုင်သလို နားစွန်နားဖျား ကြားဖူးတာတွေ ကို သုံးသပ်ပြီး ပြန်ပြောတာလဲ ဖြစ်နိုင်တယ်။
 Sex Worker တွေရဲ့ အလုပ်ကို Legal ဖြစ်အောင် လုပ်တယ်ဆိုတာ ဘယ်လောက် အတိုင်းအတာအထိ လုပ်မှာလဲ။ ကိုယ့်လူမျိုး ကိုယ့်စရိုက်နဲ့ ဘယ်လောက်အထိ လိုက်လျှောညီထွေး   ဖြစ်အောင်လုပ်နိုင် မလဲဆိုတာ စဉ်းစားရမယ်။ တရားဝင် - တရားမဝင်မဟုတ် - တရားမဝင် ဒီ ၃ မျိုးထဲမှာ ဘယ်ဟာကို သုံးမလဲဆိုတာ ကြိုစဉ်းစားရမယ်။ အခု ပြောတာက တရားဝင် ဖြစ်အောင်လုပ်မယ်ဆိုတာ ဖြစ်နေတယ်။ အရမ်းခက်တယ်။
 - အရှေ့တောင်အာရှမှာ ဖာခန်း တရားဝင် ပေးထောင်တဲ့ တိုင်းပြည် မရှိဘူး။ အင်ဒိုနီးရှား က တရားမဝင် မဟုတ်လို့ပြောတယ်။ - ကိုယ်ဖာသာကိုယ် ဖာလုပ်စားတာကို တရားဝင်ခွင့်ပြုတာ ကမ္ဘောဒီးယား၊ စင်္ကာပူနဲ့ တီမောပဲ ရှိတယ်။ မလေးရှားနဲ့ ဘရူနိုင်းနဲ့က တရားမဝင် မဟုတ်လို့ပဲ သဘောထားတယ်။ ဒါဆိုရင် ကျန်တဲ့တိုင်းပြည်တွေမှာ အကုန် တရားမဝင် Illegal အလုပ်လို့ သတ်မှတ်တယ်။
 Sex work is illegal in Lao PDR, Myanmar, Philippines, Thailand and Viet Nam. Sharia law, which is applied to Muslim citizens in Brunei, Malaysia and parts of Indonesia, also criminalizes sex work. In other jurisdictions of South East Asia, although there is no specific prohibition on the act of sex work, sex workers may be arrested for other offences relating to soliciting or public disorder. 
ကျွန်တော် ကိုးကားတာ UNAIDS UNFPA - SEX WORK AND THE LAW IN ASIA AND THE PACIFIC, 2012 စာအုပ်ထဲကဟာနဲ့ ပြောနေတာ။ 
 ဒီတော့ကာ ပြောသူကလဲ ဝေဝေဝါးဝါး ငြင်းသူကလဲ ဝေဝေဝါးဝါးနဲ့ ဆိုရင်တော့ ဆဲကြရုံကလွဲလို့ ဘာမှ   ဖြစ်လာ  မှာ မဟုတ်ဘူးထင်တယ်။ 
Charlatans Toubib စင်္ကာပူမှာ Sex work in private - Legal Soliciting - Illegal Brothels - Illegal ဖြစ်တယ် Sex work is legal but the Women’s Charter criminalizes procuring (Section 140), living on the earnings of sex work (Section 146) and managing a brothel (Section 148). Soliciting in public for the purpose of sex work is an offence under the Miscellaneous Offences (Public Order and Nuisance) Act (Section 19). In practice, police allow a limited number of brothels to operate in well-defined redlight districts (Designated Red-light Areas, or ‘DRAs’). There are no officially ‘licensed’ brothels; however police have an approval process for brothels in the six Designated Redlight Areas. Sex workers in these premises are issued a yellow health card for recording regular medical examinations. All clients are required to use condoms. 
 နိုင်ငံတကာ နိုင်ငံတကာ ဆိုတဲ့အခါမှာ သူတို့တွေ လှုပ်သာရှားသာ ရှိအောင် ဘယ်လို လုပ်ထားတယ် ဆိုတာမျိုးကို ကြည့်ရမယ်။ ဥပဒေစိုးမိုးမှု မရှိပဲနဲ့လဲ Not Illegal လုပ်ဖို့က ခက်တယ်။ ပြည့်တန်ဆာကို တရားဝင်လုပ်ဖို့ထက် ပြည့်တန်ဆာကို ခေါင်းပုံဖြတ်နေတာတွေကို တခြားနည်းနဲ့ ရှင်းရင်   လောလော ဆယ်အဖို့ ပိုအဆင်ပြေမယ်ထင်တယ်။
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...