Tuesday, September 10, 2013

မြန်မာ-ဂျပန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူ၌ ကျင်းပမည်




Tuesday, September 10, 2013

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး Wazo Travels နှင့် NAING MOE ENTERTAINMENTမှ စီစဉ် ကျင်းပသည့် မြန်မာ- ဂျပန်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကိုလာမည့် စက်တင်ဘာ၂၁ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာ-ဂျပန် လက်ဝှေ့စိန်ခေါ်ပွဲအဖြစ် တွဲဆိုင်း နှစ်ဆိုင်းပါဝင်မည်ဖြစ်ပြီး ကျန်ပြည် တွင်း လက်ဝှေ့တွဲဆိုင်း ခုနစ်ဆိုင်း ထိုးသတ်ကြမည်ဖြစ်သည်။ လက်ဝှေ့ တွဲဆိုင်းများမှာ ရှမ်းလေး (၀ါဆို)နှင့် ရဲရင့်ထွန်း(မုဒုံသား) ၊ ရဲမြတ်အောင်(၀ါဆို)နှင့်မိုက်ခဲ(Top One)၊လှစ်လှစ်လေး (အဖြူရောင်သွေး သစ်)နှင့် အားမန်(T&T)၊ ရန်တိုင်းကျော် (၀ါဆို)နှင့် နေရူဘီ (အဖြူရောင်သွေးသစ်)၊ စောသဲအောင်(Twann Tay)နှင့် ဇမ္ဗူကျော်(Thakayta)၊ စောဂေါ်မူဒိုး (Thut Ti)နှင့်ရဲတံခွန်(အလင်းရောင်)၊ သပြေညို (ဘိလပ် မြေ)နှင့် ဖိုးသားကြီး (မန္တလေး)တို့ဖြစ်ကြပြီး မြန်မာ-ဂျပန်တွဲဆိုင်းနှစ်ဆိုင်းအဖြစ် နေလင်းအောင် (မြန်မာ) နှင့် ဖူဂျီဟာရာ (ဂျပန်)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ဆာမူကာဝါ(ဂျပန်)တို့ ဖြစ်ကြသည်။

ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို မွန်းလွဲ ၂ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ၀င်ကြေးလက်မှတ်ခမှာ ကျပ် ၇၀၀၀၊ ၁၂၀၀၀ နှင့် ၁၅၀၀၀ တို့အဖြစ် သတ်မှတ်ထားသည်။

မဇ္ဈိမ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...