Tuesday, September 10, 2013

တန်ဖိုးရှိသော စာစုလေး




ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီး
အခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။
ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို

မေးလိုက်တယ်။

“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”

“မရခဲ့ပါဘူး”

"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"

“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။

“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”

“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”

ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။
လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။

“အမေ့ အလုပ်ဖြစ်တဲ့ အ၀တ်လျှော်တာကို ကူလုပ်ပေး ဖူးသလား”

"မလုပ်ဖူးပါဘူး မေမေက ကျနော့်ကို စာသင်ဖို့ နဲ့ စာဖတ်ဖို့ ပဲ လုပ်ခိုင်းပါတယ်။ ဒါတင်မကပါဘူး မေမေက ကျနော့်ထက် အ၀တ်လျှော်တာလည်း မြန်တယ်ခင်ဗျ။"

“ဟုတ်ပြီ..” ဒါရိုက်တာက ပြောလိုက်တယ်..

“ငါမင်းကို တစ်ခု လုပ်ခိုင်းစရာ ရှိတယ်။ အိမ်ပြန်ရောက်တဲ့ အခါ အမေ့ ရဲ့  လက်တွေကို
သန့် ရှင်းရေး လုပ်ပေးလိုက်ပါ။ ပြီးရင် မနက်ဖြန်ကျရင် ငါ့ကို ထပ်ပြီး လာတွေ့ ပါ ။”

လူငယ်လေးက ဒီအလုပ်ကို ရပြီလို့  ခံစားမိပြီး ပျော်သွားတယ် ။
ဒီလိုနဲ့ အိပ်ပြန်ရောက်သွားတယ်။ အမေကို တွေ့ တော့ ဒါရိုက်တာ ပြောလိုက်တဲ့ အတိုင်း
သူ့ အမေ လက်ကို သန့် ရှင်းရေးလေး လုပ်ပေးပါရစေလို့ ပြောလိုက်တယ်။ သူ့ အမေက ထူးဆန်းနေတာပေါ့။ ပြီးတော့ ပျော်လည်း ပျော်သွားတယ် ။

တခါမှ ဒီလို လုပ်ပေးပါရစေလို့ 
သူ့ သားက မပြောဖူးတာကို ။ ဒါနဲ့  သူမလက်ကို သန့် ရှင်း ပေးဖို့  ခွင့်ပြုလိုက်တယ်။

ပထမဆုံး လူငယ်လေးဟာ သူ့ အမေလက်ကို ကိုင်ပြီး ဖြေးဖြေးလေး ဆေးကြောလိုက်တယ်။
သူ့ မျက်ရည်တွေ ကျလာတယ်လို့  ခံစားမိလိုက်တယ်။ ဘာလို့ လဲ ဆိုတော့ သူ့ အမေရဲ့  လက်ဖ၀ါးတွေက ချောမွေ့ မနေပဲ အဆင်းကြောင်းတွေ ထနေတယ်လေ ။

ပြီးတော့ ကြမ်းလည်း တော်တော် ကြမ်းနေတာတွေ တွေ့ လိုက်ရတယ်။ သူ့ အမေရဲ့  လက်က အဆင်းကြောင်းတွေကို သူ့ လက်နဲ့ ထိမိတိုင်း ရင်ထဲမှာလည်း နာကျင်လာသလိုပါပဲ။



ပထမဆုံးအကြိမ်ပါပဲ ။ သူ့ ကို နေ့ တိုင်း ကျောင်းတက်နိုင်ဖို့  ထောက်ပံ့ပေးနေရတဲ့
အမေ့ လက်တွေက ဒီလို ဖြစ်နေတယ် ဆိုတာ အခုမှ သိလိုက်ရတယ်။ လက်ဖ၀ါးက အဆင်းကြောင်း တစ်ခု စီတိုင်းဟာ သူ့ ပညာရေး အတွက် ၊ သူ့ ကျောင်းတက်နိုင်ရေး

အတွက် ၊ သူ့  အနာဂတ်အတွက် ဖြစ်ပေါ်ခဲ့တဲ့ အဆင်းကြောင်းလေးတွေပဲဆိုတာ သူ သဘောပေါက်လိုက်တယ်။
သူ့ အမေရဲ့  လက်ဖ၀ါးလေးတွေကို ဆေးကြောပေးပြီးတဲ့ အခါမှ ထိုလူငယ်လေးဟာ သူ့ အမေ လျှော်ဖို့  ကျန်နေသေးတဲ့ အ၀တ်အစားတွေကို မြန်မြန်ပဲ ကောက်လျှော်

ပေးလိုက်တယ်။
အဲ့ဒီညမှ အမေဖြစ်သူနဲ့ သားဖြစ်သူ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။


-------------------------

နောက် တစ်နေ့ မနက်ကျတော့ လူငယ်လေးဟာ ဒါရိုက်တာရဲ့  ရုံးခန်းကို ရောက်သွားတယ်။
ဒါရိုက်တာဟာ ကောင်လေးရဲ့ မျက်လုံးမှာ မျက်ရည်တွေ အနည်းငယ် စို့ နေတာကို
တွေ့ လိုက်ရတော့ ။

“မနေ့ ညက မင်းအိမ်မှာ မင်းဘာတွေ သင်ယူခဲ့သလဲ ဆိုတာ ပြောပြနိုင်မလား” ဆိုပြီး။ မေးလိုက်တယ်။

လူငယ်လေးက…

“ကျနော့် အမေလက်ကို သန့် ရှင်းရေး လုပ်ပေးခဲ့တယ် ။ ပြီးတော့ အမေလျှော်ဖို့  ကျန်နေသေးတဲ့ အ၀တ်တွေ ကိုလည်း လျှော်ပေးခဲ့တယ် ”

“ကျနော် သိလိုက်ရတယ်။ မေမေသာ မရှိရင် ကျနော် ဒီနေ့  ဒီနေရာမှာ ရှိခဲ့မှာ မဟုတ်ဘူး ။ အမေ အကူအညီသာ မရှိရင် ကျနော်ကိုယ်တိုင် ဒီရာထူးတွေ ဂုဏ်တွေဆိုတာ

ရနိုင် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး ။ဒါကြောင့် မိသားစု ရဲ့  အကူအညီဆိုတာ တန်ဖိုးရှိပြီး
အရေးကြီးတယ် ဆိုတာ ကျနော် အသိအမှတ်ပြုလိုက်ပါပြီ။”

ဒါရိုက်တာက … “ဒါပဲ ငါရှာနေတဲ့ မန်နေဂျာ ဆိုတာ …

တစ်စုံတစ်ယောက်ရဲ့ အကူအညီ အထောက်အပံ့ ကို အသိအမှတ်ပြုနိုင်ရမယ် ။
ဒီအလုပ်တွေ ပြီးမြောက်ဖို့ တခြားသူတွေ ဘယ်လိုကြိုးစားလုပ်ကိုင်ခဲ့ရသလဲ ဆိုတာ နားလည်သိမြင်နိုင်တဲ့သူဖြစ်ရမယ်။ ပြီးတော့ သူ့  ဘ၀ မှာ တစ်ခုတည်းသော

မျှော်မှန်းချက်က ငွေတစ်ခု ပဲလို့  သတ်မှတ်မထားတဲ့ သူ ဆိုတာမျိုးပါ။ ဒီတော့…

“မင်းကို အလုပ်ခန့် လိုက်ပြီ..”


လူငယ်လေးဟာ အလုပ်တွေ အရမ်းကြိုးစားခဲ့တယ် ။ ပြီးတော့ မိမိ အကြီးအကဲရဲ့ လေးစားမှု တွေကိုလည်း ရခဲ့တယ်။ ဘယ် အလုပ်သမား တိုင်း၊ လုပ်ဖော်ကိုင်ဖက်တိုင်းနဲ့ 
မဆို ဘက်ညီညီ အချိတ်အဆက် လုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့ ကုမ္မဏီရဲ့  လှုပ်ရှားမှု များဟာ အရှိန်အဟုန် နဲ့  နာမည်ရ တိုးတက် လာပါတော့တယ်။

------------------------------------

ကလေးတစ်ယောက်ဟာငယ်စဉ်က မိဘက အလိုအရမ်းလိုက်ထားတယ် ။ သူဘာလိုချင်ချင် ပေးခဲ့တယ်။ သူ့ အတွက် အရာရာဟာ ဖြစ်ချင်တိုင်း ရချင်တိုင်း ရခဲ့တယ်။


သူအတွက် ပူပန်မှု ဆိုတာ မရှိဘူး ။ အချိန်တန်ရင် ရချင်တာ ရနေတော့ အဆင်ပြေနေတယ်။ ဒီတော့ သူ့  မိဘတွေရဲ့  အားထုတ်မှုကို လျစ်လျူရှုနေတော့တယ်။ ဒီလိုနဲ့ 

သူဟာ အရွယ်ရောက်လို့ အလုပ် စလုပ်တဲ့ အခါမှာ ပညာနောက်ခံ ကလည်း ကောင်းနေတော့ ။ မန်နေဂျာလို နေရာကနေ လုပ်တော့မယ် ဆိုပါတော့ ။ သူ့  ဘာပြောပြော

အလုပ်သမားတွေက သူပြောတာ နားထောင်ရမယ် လို့  ယူဆထားမယ် ။ အဲ့ဒီအခါကျရင် မိမိ လုပ်ဖော်ကိုင်ဖက် တွေဟာ ဘယ်လိုကြိုးစားလုပ်ကိုင်ခဲ့ကြတယ်ဆိုတာ

ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်တဲ့ အတွက်
မခံစားပေးနိုင်ဘူး ။ အမှားတွေ တွေ့ ရင် အတူတူဖြေရှင်မယ် မကြံဘူး ။

သူများကိုပဲ အပြစ်ဖို့ လာမယ်။ ဒီလို လူမျိုးတွေကျတော့ ဘယ်လောက်ပဲ ပညာနောက်ခံ အရည်အချင်းတွေ ကောင်းနေပါစေ ။ သူအောင်မြင်ရင်လည်း ခဏပဲ အောင်မြင်ပါလိမ့်မယ်။

တကယ့် အောင်မြင်မှု အစစ်အမှန်ကို မခံစားရနိုင်ပါဘူး။ ဒီလိုမျိုးဆိုရင် ကြာလာရင် ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေလိမ့်မယ်။ အမုန်းတွေပွားပြီး တစ်ေ

ယာက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့ ပဲ ဖြစ်လာနိုင်ပါတယ်။

@ ဒီလို မဖြစ်စေဖို့ 

အကယ်လို့  သင်ကိုယ်တိုင်ကလည်း မိဘတစ်ဦး ဖြစ်ခဲ့မယ် ဆိုရင် ကလေးတွေကို ချစ်ခင်ကြင်နာယုယမှု မပြတာ ဒါမှမဟုတ် ကလေးတွေကို လျစ်လျုရှု တာတွေကို
ရှောင်ရမှာ ဖြစ်ပါတယ်။

သင့် ကလေးကို အိမ်အကြီးကြီးမှာ ထားနိုင်တယ်။ အစားကောင်းကောင်းတွေ ကျွေးနိုင်တယ်။ ဇိမ်ခံပစည်းတွေ ထောက်ပံ့ပေးနိုင်တယ် ။ ဒါပေမဲ့ သင်မြက်ကို ရိတ်တဲ့အခါဆိုရင်
သူတို့ ကို အတွေ့ အကြုံရအောင် ပြသတာ ဖြစ်ဖြစ်၊ အစားစားပြီးတဲ့ အခါ ကိုယ့် ပန်းကန်
ကိုယ် ဆေးခိုင်းတာ ဖြစ်ဖြစ် ။ အိမ်ဖော်မလိုပါဘူး ကိုယ်တိုင် ထိန်းကျောင်းခြင်းဖြင့် မှန်ကန်တဲ့ ချစ်ခြင်းကို ပြသရမှာပါ။

ဘယ်လောက်ပဲ ချမ်းသာတဲ့ သူ ဖြစ်ပါစေ တစ်ချိန်ချိန်မှာ အားလုံးက အရောင် မှေးမှိန်သွားမှာ ဖြစ်ပါတယ်။ အမေဆိုတာကလည်း တစ်ချိန်က ငယ်ရွယ်ခဲ့ ဖူးတဲ့ သူဆိုသလိုပါပဲ ။
ပိုပြီး အရေးကြီးတာကတော့ သင့်ကလေးကို ကိုယ်တိုင် ကြိုးစားပြီး အတွေ့ အကြုံ
တွေ ယူစေမယ်။ မိဘများဘက်က ဖြစ်သင့်တာမျိုးကို ဆိုပါတယ်။


@ တကယ့်အောင်မြင်မှု အတွက်

Teamwork စိတ်နဲ့ အလုပ်လုပ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အလုပ်တွေ အတူတူ လုပ်ရင်း အရည်အသွေးတက်အောင် သင်ကြားကြမယ်။ အောက်ခြေကနေ ညီတူမျှတူ စသွားရင်
ကျနော်တို့ တကယ့် အောင်မြင်မှု ဆိုတာ တကယ် ရရှိမှာ ဖြစ်ပါတယ်။


---------------
အင်တာနက်မှ ရရှိသော ပို့ စ်တစ်ခုကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

Credit To Freddy ( MM Social Sky)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...