Saturday, August 17, 2013

ချစ်ခြင်းမေတ္တာ...



တခါက အလွန် နွမ်းပါးချို့တဲ့ရှာတဲ့ အဖိုးအိုလင်မယား နှစ်ယောက်ရှိကြပါတယ်...

တစ်နေ့မှာတော့ ရှည်လျားတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုက သူ့ဆံပင်တွေကို သေချာကျနစွာ ဖြီးသင်နိုင်ဖို့အတွက် ဘီးတစ်ချောင်း ဝယ်ပေးဖို့ အဖိုးအိုကို ပူဆာပါလေတယ်...

အဖိုးအိုဟာ အဖွားအိုရဲ့ စကားကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ဘီးဝယ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့အတွက် မဝယ်ပေးနိုင်ကြောင်း ဝမ်းနည်းစွာ ငြင်းဆိုခဲ့ရပါတယ်... အဘိုးအိုဟာ မိမိရဲ့ လက်ပတ်နာရီကြိုးပြတ်သွားတာကိုတောင် ဝယ်လဲဖို့အတွက် ပိုက်ဆံ အလုံအလောက် မရှိကြောင်း အဖွားအိုကို သေချာစွာ ရှင်းပြခဲ့ပါတယ်... အဖွားအိုကလည်း အဖိုးအိုရဲ့ စကားကြောင့် ဘီးဝယ်ပေးဖို့ ထပ်မံမတောင်းဆိုတော့ပါဘူး...

နောက်တစ်နေ့မှာတော့ အဖိုးအိုဟာ အလုပ်ကိုအသွား လမ်းမှာရှိတဲ့ နာရီဆိုင်ကိုဝင်ပြီး သူ့ရဲ့ ကြိုးပြတ်နေတဲ့ လက်ပတ်နာရီလေးကို လျှော့ဈေးနဲ့ ရောင်းပြီး အဖွားအိုအတွက် ဘီးကလေး တစ်ချောင်းကို ဝယ်ယူထားလိုက်ပါတယ်...

ညနေ အိမ်ပြန်ချိန်မှာတော့ အဖွားအိုအတွက် ဘီးကလေးကိုကိုင်ကာ ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ပါတယ်... အိမ်ပြန်ရောက်လို့ အဖွားအိုကို မြင်လိုက်ရချိန်မှာတော့ အဖိုးအိုတစ်ယောက် အလွန်အံ့အားသင့်ခဲ့ရပါတော့တယ်... အကြောင်းရင်းကတော့ အဖွားအိုရဲ့ အလွန်ရှည်လျားတဲ့ ဆံကေသာကိုမတွေ့ရတော့ဘဲ တိုတောင်းတဲ့ ဆံပင်ပုံစံနဲ့ အဖွားအိုကို မြင်လိုက်ရတဲ့အတွက်ပါပဲ... ဒါ့အပြင် အဖွားအိုရဲ့ လက်ထဲမှာလည်း လက်ပတ်နာရီကြိုးအသစ်ကလေးကိုလည်း ကိုင်ထားတာကို တွေ့လိုက်ရပါတယ်...

အဲဒီနောက် အဖိုးအိုနဲ့ အဖွားအိုတို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်ရည်များကျဆင်းလာကြပါတယ်... သူတို့ နှစ်ယောက် အပြန်အလှန် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ တရားကို နက်ရှိုင်းစွာ ခံစားမိကြလို့ပဲဖြစ်ပါတော့တယ်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့ရဲ့ ဘဝမှာ.....
ကိုယ်ပေးဆပ်ရတဲ့ အချစ် ဆိုတာ နာကျင်ခံစားရတာကလွဲရင် ဘာမှမဟုတ်ပါဘူး...
ကိုယ့်ကိုချစ်တဲ့ အချစ်ကိုရရင်တော့ တစုံတခုကို သင်ပိုင်ဆိုင်ရခြင်းပါ...
ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ဦးတစ်ယောက်ထဲသာ ဖြစ်ရင်တော့ သင်ဟာ ကံအကောင်းဆုံးသူပါပဲ...
ဒါကြောင့် သင့်မှာ အဲလိုချစ်ရတဲ့ ချစ်သူရှိခဲ့ရင် သင့်ချစ်သူကို တန်ဖိုးထား မြတ်နိုးကြပါ... အပြန်အလှန် နားလည်ဂရုစိုက်ကြပါ...


Translated by..
ကြယ်မင်းတာယာ

အမျိုးသားအများစုကချစ်သူနှင့်ချိန်းတွေ့ချိန် ကုန်ကျစရိတ်များကို အမျိုးသမီးများပါ မျှခံစေလိုကြ





"၅ရရာခိုင်နှုန်းသော အမျိုးသမီးများက ချိန်းတွေ့ရာ တွင် ၎င်းတို့က ငွေကြေးအကုန်အကျခံကြောင်းပြော ခဲ့ပြီး၃၉ရာခိုင်နှုန်းသောအမျိုးသမီး များက ၎င်းတို့၏အကုန်အကျခံမှုကို အမျိုးသားများက ငြင်းဆန်စေ ချင်ကြောင်း ဝန်ခံခဲ့"

အမျိုး သားအများစုက အမျိုးသမီးများ နှင့် ချိန်းတွေ့ချိန်တွင် ကုန်ကျစရိတ် များကို အမျိုးသမီးများကလည်း မျှခံသင့်သည်ဟု ယူဆကြသည်။ သို့သော်လည်း အမျိုးသမီးများထံ မှ ပိုက်ဆံလက်ခံဖို့ကိုမူ အပြစ်ရှိ သလိုခံစားကြကြောင်း အမေရိ ကန်သုတေသန လေ့လာချက်တစ် ခုတွင် ဩဂုတ်လ၁၁ရက်က ဖော်ပြ ခဲ့သည်။

၆၄ရာခိုင်နှုန်းသောအမျိုး သားများက အမျိုးသမီးများနှင့် ချိန်းတွေ့ရာတွင် ပိုက်ဆံကိုခွဲပေး လိုကြပြီး ၄၄ရာခိုင်နှုန်းသောအ မျိုးသားများမှာမူ မည်သူက ပိုက် ဆံရှင်းရှင်း မရှင်းရှင်း ချစ်မှုရေးရာ စိတ်ဝင်စားမှု နက်ရှိုင်းဆဲဟုပြော ကြသည်။ ၇၆ရာခိုင်နှုန်းသောအ မျိုးသားများသည် ၎င်းတို့ချစ်သူ ဖြစ်လာမည့်သူများထံမှ မုန့်ဖိုးပေး ချေမှုနှင့်ပတ်သက်ပြီး အပြစ်မကင်း သကဲ့သို့ ခံစားတတ်ကြသည်။

အဆိုပါလေ့လာချက်များ ကို ကယ်လီဖိုးနီးယားရှိ Chap-man တက္ကသိုလ်မှ စိတ်ပညာရှင် ဒေးဗစ်ဖရီဒီရစ်က လေ့လာထား ကြောင်း သိရသည်။ ၎င်းသည် လူပေါင်း ၁၇၀၀ဝကျော်တို့ထံမှ ထင်မြင်ချက်များကို လေ့လာခဲ့ သည်။ ရှစ်ဆယ့်လေးရာခိုင်နှုန်း သောအမျိုးသားနှင့် ၅၈ရာခိုင် နှုန်းသောအမျိုးသားတို့ထံမှ လေ့ လာချက်အရ ချိန်းတွေ့ချိန်ကုန် ကျစရိတ်များအတွက် အမျိုးသား ကသာပေးဆောင်ရကြောင်း သိ ရသည်။

၅ရရာခိုင်နှုန်းသောအမျိုး သမီးများက ချိန်းတွေ့ရာတွင် ၎င်း တို့က ငွေကြေး အကုန်အကျခံ ကြောင်းပြောခဲ့ပြီး ၃၉ရာခိုင်နှုန်း သောအမျိုးသမီးများက ၎င်းတို့ ၏အကုန်ကျခံမှုကို အမျိုးသား များက ငြင်းဆန်စေချင်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် အမျိုးသား နှင့်အမျိုးသမီးအများစုတွင် ချိန်း တွေ့ချိန်ကုန်ကျစရိတ်များကို မျှ ဝေကုန်ကျစေကြောင်းလည်း တွေ့ ရသည်။

လူသားများ၏စိတ်အား ထက်သန်မှုအပိုင်းကို နားလည် စေရန် လေ့လာမှုများပြုလုပ်နေ ကြောင်း ဖရီဒီရစ်က နယူးယောက် တွင် ဖွင့်လှစ်သောအမေရိကန် လူမှုရေးရာအဖွဲ့အစည်း နှစ်စဉ် တွေ့ဆုံပွဲတွင်တင်ပြခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲကို ဩဂုတ်၁၃အထိပြု လုပ်သွားမည်ဟု သိရသည်။

By Yangon Media Group

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?


17.8.2013

တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။ သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။ သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။ သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။

သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”
အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ!!!!!!

စိတ္တဇ ဟာသများ

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မူဆလင် အကြမ်းဖက်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ထိုင်းရဲအရာရှိ ၄ ဦးသေဆုံး


ဘန်ကောက် ၊ ၁၇-၈-၂၀၁၃

မငြိမ်မသက်မှု များဖြစ်ပွား နေသော ထိုင်းနိုင်ငံ တောင်ပိုင်းရှိ နာရာသီဝတ် ပြည်နယ်တွင် မူဆလင် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့များ၏ ခြုံခို တိုက်ခိုက်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ ထိုင်း ရဲတပ်ဖွဲ့ဝင် အရာရှိ ၄ ဦးသည် သြဂုတ်လ ၁၆ ရက် ညနေပိုင်းက Pickup ကားတစ်စီးဖြင့် မောင်းနှင်လာစဉ် အကြမ်းဖက် အဖွဲ့ဝင်များက ဗုံးခွဲ တိုက်ခိုက်ပြီးနောက် သေနတ်များဖြင့် ၀ိုင်းဝန်း ပစ်ခတ်ခဲ့ရာ ၄င်းတို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

၎င်း ရဲအရာရှိ များသည် ရူဆိုခရိုင် အတွင်းရှိ ဆူပူအုံကြွမှု တစ်ခုကို စုံစမ်း စစ်ဆေးရန် သွားရောက်စဉ် တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း နှင့် ထိုကဲ့သို့ ရဲအရာရှိများ သွားရောက် စစ်ဆေး စေရန် ရည်ရွယ်ချက်ဖြင့် ဆူပူ အုံကြွမှုကိုလည်း မူဆလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့က လုပ်ဆောင် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေး အရာရှိများက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ...


ကြယ်မင်းတာယာ
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းရော တစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...


၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...


ကြောက်တတ်သူများ မဖတ်ရ



(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ
ကြောက်တတ်သူများ မဖတ်ပါနှင့်)


၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ
ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ
ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။

တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ
သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ
အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်။

ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရော ကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်

သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံးအစုံနဲ့ ကြည့်နေရင်းအသက်ပျောက်သွားရရှာပါတယ်
သတို့သားဟာလည်း သွေးချင်းချင်းနီနေတဲ့ သူရဲ့သတို့သမီးအလောင်းကို ကျစ်ကျစ်ပါအောင် ဖက်ပြီးငိုကြွေးနေလေတော့ သူ့ရဲ့ဝတ်စုံကလည်း သတို့သမီးရဲ့သွေးတွေနဲ့ရဲရဲနီနေပါတော့တယ်
ဒီလိုနဲ့သူတို့ဇာတ်လမ်းကလေးဟာ ကြေကွဲစရာတွေနဲ့အဆုံးသတ်သွားပါတယ်

ဒါပေမယ့် ဇာတ်လမ်းက မပြီးခဲ့ပါဘူး
ဗိုလ်ကြီးဟာ သူ့ချစ်သူကို မမေ့နိုင်လေတော့
သူ့ချစ်သူသွေးတွေပေနေတဲ့ အခမ်းအနားဝတ်စုံကို မလျှော်ပစ်ပဲ ဒီအတိုင်း မိုက်ရူးရဲဆန်စွာ သိမ်းဆည်းထားပါတယ်
အားလုံးကဝိုင်းပြောကြပေမယ့် ဗိုလ်ကြီးကို ဘယ်လိုမှပြောလို့မရခဲ့ပါဘူး
ဒီအတိုင်းထားတာဟာ သူမအနားမှာရှိနေသလိုပဲလို့ တတွတ်တွတ်ပြောနေပါတော့တယ်
ဒါကြောင့် အဲ့သည်အရာရှိဟာ စစ်မှုထမ်းဆောင်ရန်ဆက်လက်မသင့်တော်တဲ့ မှတ်ချက်နဲ့ တပ်မတော်ကနေ အနားယူခဲ့ရပါတယ်
သူဟာ တကိုယ်တည်းဘဝနဲ့ပဲ ၂၀၀၉ ခုနှစ်မှာ မိတ္တီလာမြို့ နာမည်ကျော် ရေကျော်ခုနှစ်ပေါက် ရေတံခါးမှာ ရေနစ်သေဆုံးခဲ့ပါတယ်
မသေဆုံးခင်အထိ ညစဉ်ညတိုင်း သူရဲ့ သွေးပေနေတဲ့ သတို့သား ဝတ်စုံကို ရှေ့မှာချပြီး တယောက်တည်းစကားတွေပြောနေတာကို ချောင်းတွေ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်
သူမသေခင် နေ့စဉ်နေ့တိုင်း သူ့အခန်းထဲမှာ ညဘက်ဆို မြန်မာသတို့သမီး ဝတ်စုံဖြူနဲ့ မိန်းကလေးတစ်ယောက်ကို ခဏ ခဏ တွေ့ကြောင်းလဲပြောကြပါတယ်

ဒီလိုနဲ့၂၀၁၀ခုနှစ်(သတို့သမီးသေဆုံးပြီး ၁၄ နှစ် သတို့သားသေဆုံးပြီး တစ်နှစ်မှာပါ)
ကျွန်တော့်သူငယ်ချင်း သေသူရဲ့တူတော်တဲ့သူက မိတ္တီလာစစ်ဆေးရုံမှာ ဆေးမှူးဗိုလ်ကြီးအဖြစ်တာဝန်ကျပါတယ်
ကျွန်တော်တို့နှစ်ယောက်ဟာ အဆောင်မှာ တခန်းထဲနေသူတွေပါ အရမ်းခင်တဲ့ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။

သူကအဲ့သည့်အိမ်ကို အမြဲဝင်ထွက်နေသူဖြစ်တာကြောင့် ဒီဇာတ်လမ်းကိုလည်း ကျွန်တော်ရော သူပါ သိရှိထားပြီးဖြစ်ပါတယ်
အဲ့သည့်နေ့က မှတ်မှတ်ရရ ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်ကပါ
နောက်နေ့ တပ်မတော်နေ့ညစာစားပွဲအတွက် ကျွန်တော့်သူငယ်ချင်းဟာ ဆာဖာရီကုတ်မရှိပါဘူး
ပြန်ချုပ်ဖို့ကလည်း အချိန်မမှီ
ရှိတဲ့သူတွေ အကုန်လုံးက စားပွဲတက်မှာဆိုတော့ ငှားလို့လဲမရဘူးလေ
ဒါနဲ့ဆက်စပ်တွေးလိုက်တော့ မနှစ်ကဆုံးသွားတဲ့ သူ့ဦးလေး ဗိုလ်ကြီးဟောင်းကို အမှတ်ရပါတယ်
ဒါနဲ့ သူ့အိမ်မှာရှိမှာပဲဆိုပီးသွားငှားပါတယ်
ဒီလိုနဲ့ ကျွန်တော်တို့ နာရီစင်နားက သူတို့အိမ်ရောက်တော့ အိမ်သားတွေက "ရှိပါတယ် ဦးလေးပစ္စည်းတွေအကုန်သိမ်းထားပါတယ်"တဲ့ ထူးဆန်းတာတခုက ဒီလောက်နှစ်တွေကြာပြီ သူတို့လည်းသေသေချာချာ လျှော်ဖွပ်ပါတယ် ပင်မင်းတွေပေါင်းစုံအပ်ပေမယ့် အကျီ ရင်ဘတ်ကသွေးကွက်ဟာ ဘယ်လိုမှချွတ်လို့မရဘူးတဲ့
သူတို့ပုံစံကြည့်ရတာ ကြောက်ရွံနေတာအရမ်းသိသာပါတယ်
ဒါပေမယ့် သူငယ်ချင်းက ဆရာဝန်ဆိုတော့ အယုံအကြည်မရှိဘူးလေ
သူက ထုတ်ပြဖို့ပြောတော့
အိမ်သားတွေက အပေါ်ထပ်က အသေပိတ်ထားတဲ့အခန်းကို ကျွန်တော်တို့နှစ်ယောက်စလုံးကို ခေါ်လာတယ် အဲ့မှာပဲခြောက်ခြားစရာ ဆာဖာရီကုတ်ကို နံရံမှာချိတ်ထားတာတွေ့လိုက်ရပါတယ်။

ဖုန်အလိမ်းလိမ်းတက်နေပေမယ့် ဘယ်ဘက်ရင်အုံမှာ ငါးလက်မပတ်လည်လောက်ရှိတဲ့ သွေးကွက်ကြီးကို ထင်ထင်ရှားရှားကြီးတွေ့နေရပါတယ်
ကျွန်တော်က ကြောက်တတ်လို့ပြန်ဖို့ပြောပေမယ့် သူငယ်ချင်းကမရပါဘူး ချက်ခြင်းဆိုသလိုပဲ
အကျီ င်္ကို အစမ်းကောက်ဝတ်ပစ်လိုက်ပါတယ်
အဲ့မှာ တော်တယ်ဆိုပီး ငှားပါတယ်
အဲ့သည့်အိမ်ကလည်း အပိုင်သာယူသွားပါဆိုပီး သေသေချာချာထုတ်ပေးလိုက်ပါတော့တယ်
ဖြစ်တာက အဲ့သည့်ညမှာပါ
ဆာဖာရီကုတ်ဆိုတာ အထူကြီးပါ
ရေလျှော်ပီးရင် တော်တော်နဲ့ မခြောက်လို့
သူငယ်ချင်းဟာ ရောက်ရောက်ချင်းညနေခင်းမှာပဲ လျှော်ပါတော့တယ်
အဲ့သည်လိုလျှော်နေတုန်းခဏတော့ ပျောက်သွားသလိုဖြစ်ပေမယ့်
ခဏနေ နေပူပြန်လှန်းရင် ဒီသွေးကွက်ဟာ နီကျင်ကျင်နဲ့ပြန်ပေါ်လာပါတော့တယ်
ယိုးဒယားက အစွန်းချွတ်ဆေးသုံးပေမယ့်မရပါဘူး
ဒီကောင်တော်တော်စိတ်အိုက်သွားပုံရပါတယ်
ဒီလိုနဲ့အခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဒီဝတ်စုံကြီးကို ကျွန်တော်တို့နှစ်ယောက် အခန်းထဲက စင်မှာ ချိတ်ထားပါတယ်
သူက မကြောက်တတ်ပေမယ့် ကျွန်တော်က အလွန်ကြောက်တာမို့ အပေါ့သွားရင်တောင် လှည့်မကြည့်ရဲပါဘူး
ဒီလိုနဲ့ ည ၁၀ နာရီ ရောက်လာပါတယ်

ကျွန်တော်တို့နှစ်ယောက် စာဖတ်နေရင်း ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူး
ရုတ်တရက် ဝတ်စုံကြီးကို စိုက်ကြည့်ပြီး
"ဘာဖြစ်လို့ ဒီအစွန်းက မကျွတ်ရသလဲကွာ"
ဆိုပီး တယောက်တည်းရေရွတ်လိုက်ပါတယ်
အဲ့သည့်အချိန်မှာပဲ
ရုတ်တရက်မီးပျက်သွားပါတယ်
ကျွန်တော်တို့နှစ်ယောက်လုံးကြောင်သွားတဲ့ မျက်စိတစ်မှိတ်မှာပဲ မီးပြန်လာပါတယ်
ဒါပေမယ့် အခန်းကတော့အရင်လိုမဟုတ်တော့ပါဘူး
ဆာဖာရီ ဝတ်စုံကြီးရဲ့နားမှာ အဖြူရောင်ဝတ်စုံနဲ့ သွေးဆုတ်ဖြူလျော်နေတဲ့ မျက်နှာပိုင်ရှင်သတို့သမီးတစ်ယောက်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်
သူငယ်ချင်းက အားခနဲ အော်လိုက်သလို
ကျွန်တော့်ရဲ့ဦးခေါင်းဟာလည်း အဆမတန်ကြီးထွားသွားသလို ခံစားလိုက်ရပါတယ်
ဒါပေမယ့်
သတို့သမီးက တချက်ပြုံးကြည့်ပြီး
"အစွန်းကဘယ်ကျွတ်မလဲ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ရွှေဝါဆပ်ပြာနဲ့မှ မလျှော်တာ"
လို့ပြောလဲပြော
သူ့ရဲ့ လက်ထဲက ရွှေဝါဆပ်ပြာ နှစ်ပိုင်းကို ကျွန်တော်တို့ကို ပေးလိုက်ပါတယ်
သူငယ်ချင်းလဲ ဝမ်းသာအားရနဲ့ ညတွင်းချင်း လျှော်ပစ်တာ အစွန်းအထင်းမှန်သမျှအကုန်ပျောက်ပီး နောက်တနေ့ dinner ကို ဝတ်စုံအသစ်နဲ့ရင်ကော့ခေါင်းမော့ကာ တက်နိုင်ခဲ့ပါတယ်
ကျေးဇူးပါပဲ ရွှေဝါရယ်
(ဟီဟိ)

Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်




မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကို စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

”ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကို တန်းစီစောင့်ဆိုင်းပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင် လမ်းဘေးဆိုင် တွေမှာပါ ရောင်းချပေးသွားမှာပါ။ နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့ အခါမှာ မြန်မာပြည်သူတွေ အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ” ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack ပြောကြားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့် Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေး ၀န်ဆောင်မှု ၃၅ ရာခိုင်နှုန်းကို ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်း ကျေးလက်ဒေသများ အထိပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါးသည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref & Credit to Eleven Media Group

မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်





ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ
ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူ ဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။

ဒေါက်တာတင့်ဆွေ

ကိုယ့်ဟာကို လုံစေချင်လို့ပါ (မကျွေးချင်မပြပါနဲ့)


By Singaporefeelfeel






မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။ ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေ သည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။

"ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစား လို့ကောင်း မှာပဲာ့။"

"ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ "

"အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ "

"အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။"

"သေလိုက်ပါလား။ မကျွေးပါဘူး။"

ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင်
မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး မကျွေး သဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။

"မကျွေးရင် လုတယ်ပာာ"

ပန်းသ်ီးလုပြီး ပြေးသွားသည်။ အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။ မကျွေးချင်ရင် မပြရဘူးလေ။ ကြွား ချင် ပြ ချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွားတိုင်သည်။

ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင် ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေး လိုက်သည်။

ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။

"ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။ အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်။ အရမ်း စားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က စိတ်မထိန်းနိုင်ဘဲ လုစားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာလည်း အပြစ်မကင်းပါဘူး။ သူ့အပြစ်နဲ့ သူ ခံရတာ။

ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။ အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးေ တွ မြင်ေ အာင် ရင်သားတွေ ပေါင်တွေ ပြတဲ့ အ၀တ်အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ သူတစ်ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။

မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။"

"ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။"

» မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။

နားလည် သဘောပေါက်ပါစေ။

ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား


Saturday, August 17, 2013

ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ရီးယဲလ်မက်ဒရစ် ကစားသမား အများစုက ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် မလိုအပ်ဟု နည်းပြ ကာလို အန်ဆလော့တီကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ စပိန်ထိပ်တန်း ကလပ်အသင်းကြီး သည် တော့တင်ဟမ် ဟော့စပါး အသင်းမှ ဝေလ လက်ရွေးစင်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်း ခေါ်ယူ သွားမည်ဟု သတင်းကြီးနေသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ ရီးယဲလ်သည် ဘေးလ် ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နှင့် အားကစား ဒါရိုက်တာ ဇနီဒင်း ဇီဒန်းတို့က ဘေးလ်ကို စိတ်ဝင်စားနေသည့်တိုင် ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာနှင့် မီဆွတ်အိုဇေးလ် အစရှိသည့် စီနီယာ ကစားသမားများက ယင်းအစီအစဉ်ကို ဆန့်ကျင်နေကြောင်း သိရသည်။ လက်ရှိ ရီးယဲလ်၏ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ကိုယ်တိုင်သည်လည်း ဘေးလ်တစ်ယောက် ဘာနေဗျူး ရောက်ရှိ လာမည်ကို လိုလားဖွယ် မရှိကြောင်း သတင်းများက ရေးသားလျှက် ရှိသည်။

ဘေးလ်နှင့် ပတ်သက်ပြီး ရော်နယ်လ်ဒိုအား သတင်းထောက်များက မှတ်ချက် တောင်းခံခဲ့ရာ ပေါ်တူဂီ လက်ရွေးစင် ကစားသမား က ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာလည်း ကိုယ်ပိုင်အမြင် တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထုတ်ပြောနေမှာတော့ မဟုတ်ဘူးဟု ပြောကြားသွားသည်။

Planet Myanmar Network

"ဥရောပဘောလုံးပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ်များ"

"ဥရောပဘောလုံးပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ်များ"


သြဂုတ် ၁၇ ရက် ညပိုင်းမှ ၁၈ ရက် နံနက်အစောပိုင်းအထိ ယှဉ်ပြိုင်ကစားမည့် ဥရောပလိဂ် ဘောလုံးပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ်အချို့အား စုစည်းဖော်ပြအပ်ပါသည်။

အင်္ဂလန်ပရီးမီးယားလိဂ်
~~~~~~~~~~~~~~
သြဂုတ် ၁၇ ရက်၊ စနေ
--------------------------
လီဗာပူးလ် vs စတုတ်စီးတီး (ညနေ ၆း၁၅)
http://www.livetvstreamin.com/channel1
http://www.atdhe24.net/live-streaming/20130817/vv520ed73d0b1ce5.46885665-621730.html

(ည ၈း၃၀)
အာဆင်နယ် vs အက်စတန်ဗီလာ
http://www.livetvstreamin.com/channel6
http://www.atdhe24.net/live-streaming/20130817/vv520ed893a6a484.05286825-621767.html
နောဝစ်ခ်ျ vs အဲဗာတန်
http://www.livetvstreamin.com/channel7
http://www.atdhe24.net/live-streaming/20130817/vv520ed899408030.45390484-621768.html
ဆန်းဒါးလန်း vs ဖူလ်ဟမ်
http://www.livetvstreamin.com/channel8
http://www.atdhe24.net/live-streaming/20130817/vv520ed89e5a2482.82538097-621769.html
ဝက်စ်ဘရွန်း vs ဆောက်သမ်တန်
http://www.livetvstreamin.com/channel11
http://www.atdhe24.net/live-streaming/20130817/vv520ed8a3bb73c5.82106261-621770.html
ဝက်စ်ဟမ်း vs ကာဒစ်
http://www.livetvstreamin.com/channel14
http://www.atdhe24.net/live-streaming/20130817/vv520ed8c6d0b997.28432320-621773.html
ဆွမ်ဆီး vs မန်ချက်စတာယူနိုက်တက် (ည ၁၁း၀၀)
http://www.livetvstreamin.com/watch-sky-sports-1-live-online-1
http://www.atdhe24.net/live-streaming/20130817/vv520edb4dd81b35.20660967-621819.html

စပိန်လာလီဂါ
~~~~~~~
သြဂုတ် ၁၇ ရက်၊ စနေ
--------------------------
ဆိုစီဒက် vs ဂီတာဖေး (ည ၁၁း၃၀)
http://www.livetvstreamin.com/channel11
http://www.atdhe24.net/live-streaming/20130817/vv520edc26459f08.56871550-621835.html
သြဂုတ် ၁၈ ရက်၊ တနင်္ဂနွေ
------------------------------
ဗယ်လာဒိုလစ် vs ဘီလ်ဘာအို (နံနက် ၁း၃၀)
http://www.livetvstreamin.com/watch-sky-sports-4-live-online-1
http://www.atdhe24.net/live-streaming/20130817/vv520ede5fc47f87.28235131-621869.html
ဗလင်စီယာ vs မာလာဂါ (နံနက် ၃း၃၀)
http://www.livetvstreamin.com/watch-sky-sports-4-live-online-1
http://www.atdhe24.net/live-streaming/20130817/vv520edef799d973.06146728-621878.html

ဂျာမန်ဘွန်ဒက်စ်လီဂါ
~~~~~~~~~~~
သြဂုတ် ၁၇ ရက်၊ စနေ
--------------------------
(ည ၈း၀၀)
ဖရန့်ဖတ် vs ဘိုင်ယန်မြူးနစ်
http://www.livetvstreamin.com/channel4
http://www.atdhe24.net/live-streaming/20130817/vv520ed82d4cd079.49764666-621755.html
ဖရိုင်းဘတ် vs မိန့်ဇ်
http://www.atdhe24.net/live-streaming/20130817/vv520ed81e532125.77274822-621753.html
ဟမ်းဘတ် vs ဟော်ဖန်ဟိမ်း
http://www.livetvstreamin.com/channel17
http://www.atdhe24.net/live-streaming/20130817/vv520ed82422ad10.89878926-621754.html
စတုဂတ် vs လေဗာကူဆင်
http://www.livetvstreamin.com/channel9
http://www.atdhe24.net/live-streaming/20130817/vv520ed80b0e45a1.71433208-621749.html
ဝါဒါဘရီမင် vs အော့စ်ဘတ်
http://www.livetvstreamin.com/channel13
http://www.atdhe24.net/live-streaming/20130817/vv520ed81649a530.66107751-621751.html
ဝုလ်ဘတ် vs ရှော်ကေးလ်
http://www.livetvstreamin.com/channel5
http://www.atdhe24.net/live-streaming/20130817/vv520ed810b39506.91877935-621750.html
မိုချန်ဂလာဘတ် vs ဟန်နိုဗာ (ည ၁၁း၀၀)
http://www.livetvstreamin.com/channel4
http://www.atdhe24.net/live-streaming/20130817/vv520edb598b5d72.53886098-621820.html

Ref : PlanetMyanmar

Thiri Swe


Thiri Swe - Charming Vocalist







Phyu Phyu Ko


Phyu Phyu Ko - The Fashion Shoot













အမျိုးသားများပါ သတိထားလာရတော့မည့် အမျိုးသမီးရောဂါ ၇ မျိုး




မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်း အဆင့် အပြောင်းအလဲကြောင့် တခိျု့ရောဂါတွေက အမျိုးသားတွေမှာထက် အမျိုးသမီး တွေမှာ ပိုပြီး ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိပြု စောင့်ကြည့်သင့်ပါတယ်။
(၁) ရင်သားကင်ဆာ
အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါ ကြောင့် အမျိုးသားတွေ အနေနဲ့ ရောဂါ ရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ စေတဲ့ အချက်တွေပါ။
(၂) အရိုးပါး ရောဂါ
အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေပါတယ်။ အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း အရိုးပါး ရောဂါ ဖြစ်နိုင်ခြေများတဲ့ အတွက် အမျိုးသားတွေ သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အသက် ၆၅နှစ် ကနေ ၇၀ ကျော်လာချိန်မှာ အမျိုးသားတွေရဲ့ အရိုးထုထည်ဟာ စတင် ဆုံးရှုံးလာပါတော့ တယ်။ ကျောက်ကပ် ပြဿနာ၊ သိုင်းရွိုက် ပြဿနာ၊ ဗီတာမင်ဒီ ခိျု့တဲ့တာ၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးတာ၊ ကင်ဆာ ကုထုံးနဲ့ အတက်ကျဆေး သောက်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးမှု အဖြစ်များပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၃) သိုင်းရွိုက် ပြဿနာများ
လည်ပင်း အလယ်အောက်ခြေမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းထွက်ရှိကာ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထွက်ရှိတာကြောင့် နုံးချည့်တာ၊ ကိုယ် အလေးချိန် မြင့်တက်တာ၊ မေ့လွယ်တာ၊ အရေပြားနဲ့ ဆံပင်သား ခြောက်သွေ့တာ တို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထွက်ရှိရင် ကြွက်သား အားနည်းတာ၊ အိပ်ရေးပျက်တာနဲ့ စိတ်တိုတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ခြေ ၅-၈ ဆ ပိုများပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။
(၄) အစာစားခြင်းဆိုင်ရာ ပြဿနာ
အမျိုးသားတွေဟာ ကိုယ်အလေးချိန် လျှော့ချရင်း အစာစားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အစားလျှော့လွန် ရောဂါရနေသူ ၁၀-၁၅ ရာခိုင် နှုန်းဟာ အမျိုးသားတွေ ဖြစ်နေပါတယ်။ အမျိုးသားတွေဟာ အစာ အာဟာရ မလုံလောက်တာကြောင့် နှလုံးပြဿနာ၊ အရိုး သိပ်သည်းဆ ဆုံးရှုံးမှု၊ ကိုယ်အင်္ဂါထိခိုက်မှုနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ ရှိပါတယ်။ အားကစားကို အလွန်အကျွံ ကစားသူတွေ၊ အ၀လွန်တဲ့ လူငယ်တွေနဲ့ အစားအသောက်ကို အလွန်အမင်း လျှော့သူတွေဟာ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၅) ဆီးအိတ် ပိုးဝင်ခြင်း
ဆီးအိတ်ပိုး ၀င်တာက အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေက ဆီးကျိတ်ကြီးတာ၊ ဆီးကျောက်တည်တာနဲ့ ဆီးပြွန် ကျဉ်းတာတို့ ဖြစ်နေရင် ဆီးအိတ်ပိုးဝင်မှု ဖြစ်နိုင်ခြေ များပါတယ်။ ဆီးအိတ်ပိုးဝင်မှုကို ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ မကြာခဏ ဆီးသွားတာ၊ ဆီးထဲ သွေးပါတာ၊ ဆီးအရောင်ရင့်တာ၊ ဆီးသွား တိုင်း ပူစပ်ပူလောင်ဝေဒနာရတာနဲ့ အဖျား နည်းနည်း ရှိတာတွေဟာ ဆီးအိတ်ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
(၆) စိတ်ဓာတ်ကျခြင်း အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက် စိတ်ဓာတ်ကျ ရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။ ဒါပေမဲ့ ခံစားရတဲ့ လက္ခဏာတွေကတော့ မတူပါဘူး။ အမျိုး သားတွေဟာ စိတ်ဓာတ်ကျရင် ဒေါသ ထွက်တာ၊ စိတ်ဂနာမငြိမ် ဖြစ်တာနဲ့ စိတ်ပျက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါ တယ်။ ကုသမှု မခံယူရင် စိတ်ဓာတ်ကျတဲ့ လက္ခဏာက ပိုဆိုးနိုင်ပါတယ်။
(၇) ကိုယ်ခံအား လွန်ကဲသော ရောဂါတစ်မျိုး(Lupus) ခန္ဓာကိုယ်ရှိ ကိုယ်ခံအား စနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ်ကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disorder) ဖြစ်သူ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါ တယ်။ လက္ခဏာ အနေနဲ့ အဆစ်ရောင်ရမ်း တာ၊ အဆစ်နာတာ၊ ကြွက်သား အားနည်း တာ၊ အလွန်အမင်း မောပန်းတာ၊ အကြောင်းရင်း မရှိဘဲ ဖျားတာ၊ ဆံပင်ကျွတ်တာ၊ ခြေထောက် ရောင်တာ၊ ခံတွင်းအနာနဲ့ ဂလင်း တွေ ရောင်ရမ်းတာတို့ကို တွေ့ရတတ်ပါ တယ်။
*ဆရာဝန်နှင့် ပြပါ။
လေ့လာမှုတွေအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးကြောင်း သိရပါတယ်။ အရင်က ဆရာဝန်နဲ့ ပြသမှု ၂၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး အခုအခါ ၄၀ ရာခိုင်နှုန်း နီးပါးဟာ ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ကြကြောင်း သိရပါတယ်။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ၊ ကင်ဆာရောဂါ နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ တို့ကြောင့် သေဆုံးနိုင်ခြေ ၁ ဒသမ ၅ ဆ ပိုများပါတယ်။ သင့်အနေနဲ့ ကျန်းမာရေး မကောင်းဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင် ပြသသင့် ပါတယ်။

အိမ်ထောင်ပြုမယ့် အမျိုးသားတို့အတွက် မိန်းမတို့၏ကောင်းခြင်းလက္ခဏာ ၆၄ ရပ်





မိန်းမတို့၏ ကောင်းခြင်းလက္ခဏာများ

(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။(စာရေးသူ)





ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သော
အင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း
By ဆရာကြီး ဦးထွန်းလှ

ကိုယ်ဝန်ဆောင်မိခင် ကို ခင်ပွန်းများမပြောသင့်သောစကားများ







ဖခင်လောင်းတွေအတွက်ရော ၊ အနီးပတ်ဝန်းကျင်က လူတွေအတွက်ပါ လိုက်နာသင့်တယ်
ထင်လို့ ဒါလေးကို တင်ပေးလိုက်ပါတယ်နော်....
အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ဆောင်နေ ရချိန်မှာ သာမန် အချိန်မှာထက်
အများကြီး ပင်ပန်း နေတတ် ပါတယ်။ မွေးလာမယ့် ရင်သွေးလေး အတွက် ရင်ခုန်
စိတ်လှုပ်ရှား နေရပေမယ့် တစ်ခါတစ်ရံ စိတ်သွားတိုင်း ကိုယ် မပါတာကြောင့်
စိတ်ဓာတ် ကျတာမျိုးလည်း ဖြစ်ရတတ် ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်
မိခင်တစ်ဦး နဲ့ တွေ့ချိန်မှာ သူ့ စိတ်ကို ပိုမို မသက်မသာ ဖြစ်ရစေမယ့်
စကားမျိုး မပြောမိ စေဖို့ ရှောင်သင့်တဲ့ စကားတွေကို ရေးသား လိုက်ရပါတယ်။

(၁) နင့်ကို ကြည့်ရတာ ပေါက်ကွဲ တော့မယ့် အတိုင်းပဲ။
အဓိပ္ပာယ် - နင့် ပုံစံက ပင်လယ် ကမ်းခြေက ဝေလငါး နဲ့ တူလိုက်တာ။ ကိုယ်ဝန်
ဆောင်ချိန်မှာ ဟော်မုန်းတွေက မြင့်တက် လာတာကြောင့် ဗိုက်ဖုံး အင်္ကျီတွေနဲ့
မတော်တော့ တာမျိုး ဖြစ်နေတတ် ပါတယ်။ ဒါပေမဲ့ ဒီလို မပြောသင့် ပါဘူး။
ကိုယ်ဝန်ဆောင် မိခင် အနေ နဲ့ အဆမတန် ၀ဖြိုးနေတယ်
လို့ ထင်ပြီး စိတ်ညစ်
ရစေတဲ့ စကားပါ။

(၂) အမြွှာ မွေးမှာလား၊ နင်တော့ အလုပ်တွေ ရှုပ်ပြီး ဒုက္ခ များတော့ မှာပဲ။
အဓိပ္ပာယ် - နင့် ကလေးတွေက ငိုတော့မယ်၊ နို့ဆာလို့ ဂျီကျတော့မယ်၊ ဒီတော့
ကလေး နှစ်ယောက် နဲ့ နင် ခြေပစ်လက်ပစ် ပင်ပန်း တော့မယ်။ လူတွေက အမြွှာ
ကိုယ်ဝန်ဆောင် ရပြီ ဆိုရင် အဆိုး မြင်တဲ့ ရှုထောင့်ကပဲ ကြည့်ပြီး ပြောတတ်
ကြပါတယ်။ ပင်ပန်း တော့မှာ၊ အိပ်ပျက် တော့မှာ၊ လက်မလည်အောင် အလုပ်ရှုပ်
ရတော့မှာ စသဖြင့်ပေါ့။ တကယ်တော့ အမြွှာလေး မွေးလာရင် တစ်ကြိမ် နဲ့ ကလေး
နှစ်ယောက် ရလာလို့ အဖော်ရတာ၊ မွေးဖွားစရိတ် သက်သာတာ၊ အပြုံးနှစ်ခု
တစ်ပြိုင်တည်း ရတာ စတဲ့ ကောင်းကျိုး တွေကိုလည်း ရရှိ စေနိုင် ပါတယ်။

(၃) အခု အိပ်ရေး ၀၀ အိပ်ထားဦးပေါ့။
အဓိပ္ပာယ် - နောင်ဆိုရင် အိပ်ရဖို့ ကောင်းကောင်း လမ်းမမြင်ဘူး။ မိခင်
ဖြစ်တော့မယ့် သူတွေ အနေနဲ့ ကလေး မွေးပြီးတာ နဲ့ အိပ်ရေးပျက်မယ့် အရေး
တွေးပြီး လန့်စရာ စကားပါ။ ဒီလို စကားမျိုးက ကိုယ်ဝန်ဆောင် မိခင်တွေကို
စိတ် ပင်ပန်းစေမယ့် စကားဖြစ်လို့ ရှောင်သင့် ပါတယ်။

(၄) တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားထား။
အဓိပ္ပာယ် - ကလေး မွေးလာတာ နဲ့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကလေး
မွေးပြီး ပေမယ့် ရုပ်ရှင် သွားကြည့်နိုင်၊ အေးအေးလူလူ စာဖတ်နိုင်၊
စားသောက်ဆိုင်ကြီးတွေမှာ ညစာ ထွက်စားနိုင်တဲ့ မိဘတွေကို အများကြီး
တွေ့ဖူးပါတယ်။ အလုပ်မှာလည်း အောင်မြင်ပြီး ပျော်ရွှင် ကျန်းမာတဲ့
ကလေးငယ်တွေလည်း ရှိတဲ့ မိခင်တွေလည်း အများကြီး ပါပဲ။ ဒါကြောင့်
ကိုယ်ဝန်ဆောင် မိခင်ကို ဒီလို စကားမျိုး ပြောပြီး စိတ်ဓာတ် ကျအောင်
မလုပ်သင့်ပါဘူး။

(၅) နင့် ပုံစံနဲ့ မိခင်နို့ချို ကိုပဲ တိုက်ဦးမယ်ပေါ့ ဟုတ်လား။
အဓိပ္ပာယ် - နင်ရဲ့ အားအင် မရှိတဲ့ပုံ နဲ့ ကလေးကို မိခင်နို့ချိုပဲ
တိုက်ရင်တော့ ကလေးက အာဟာရ ကောင်းကောင်း ရမှာ မဟုတ်ဘူး။ ကလေးတွေကို
မွေးပြီး ခြောက်လ အထိ မိခင်နို့ချို တစ်မျိုးတည်း တိုက်ကျွေးတာက
အကောင်းဆုံးလို့ ပညာရှင်တွေက ဆိုထား တာပါ။ မိခင်က ကိုယ်ခန္ဓာ အရွယ်အစား
ဘယ်လောက် သေးသေး၊ သူ့ရင်သွေးကို ပြည့်ဝတဲ့ အာဟာရ ရတဲ့ အထိ နို့ချို
တိုက်ကျွေး နိုင်ပါတယ်။ အစားအသောက် ကိုတော့ အစုံ စားပေး ပါ။

(၆) နင့် ကြည့်ရတာ စိတ် မသက်မသာ ဖြစ်စရာ ကောင်းလိုက်တာ။
အဓိပ္ပာယ် - ကိုယ်ဝန် ဆောင်ရတဲ့ ဒုက္ခတွေလေ။ ဒါကြောင့် အလှပျက်ရပြီ။
ကိုယ်ဝန် ဆောင်ချိန်မှာ ခြေထောက်တွေ ရောင်တာ၊ မျက်နှာ နွမ်းနယ်တာ စတဲ့
ဝေဒနာတွေကို တစ်ခါတစ်ရံ ဖြစ်ပေါ်တတ် ပါတယ်။ အဲဒီ အချိန်မှာ သူရဲ့
ဝေဒနာတွေကို ထောက်ပြပြီး မပြောသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ထား ပေမယ့် လှနေဆဲ
ပါပဲ လို့ ပြောပေးသင့် ပါတယ်။

(၇) နင် ဗိုက်ဆာ ပြန်ပြီလား။
အဓိပ္ပာယ် - အခု လေးတင် နင် အများကြီး စားပြီပြီလေ။ ကိုယ်ဝန်ဆောင်
မိခင်တချို့က အမြဲလိုလို ဗိုက်ဆာ နေတတ်တယ် ဆိုတာကို စိတ်ထဲမှာ ထားပေးပါ။
ဒါကြောင့် သူတို့ ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ဆိုရင် ဘာမှ မပြောသင့်
ပါဘူး။


By အကြင်နာနန်းတော်

မသေသေးတဲ့ သန္ဓေသားတွေကို အရှင်လတ်လတ်ပြုတ်စားခြင်း





မျိုးအောင်ထားတဲ့ ဘဲသန္ဓေသားကို balut လို့ခေါ်ပါတယ် ။ ရေပူထဲမှာ သူတို့ကို ထည့်ပြုတ်ထားကြပေမယ့် အသက်ရှင် သန်နေတုန်းပါပဲ ။ ဒီလို မျိုးအောင်ပြီးအကောင်ပေါက်လုနီးနီး ဘဲဥ တွေကို ရရှိနိုင်တဲ့ နေရာတချို့က လမ်းဘေး ဆိုင်တွေမှာတော့ ပရိုတိန်းပြည့်ဝခြင်း ၊ စားသောက်ကောင်းတဲ့ လမ်းဘေးစာဖြစ်ခြင်း ကြောင့် balut တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများစားသုံးနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လို့နေ ပါတယ် ။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အတော်လေးကို ရောင်းကောင်းပြီး ၀ယ်စားသူလည်းများပါတယ် ။ ဒီဘဲသန္ဓေသားပေါက်ကိုစားတဲ့ သူတွေဟာ ဆား ၊ ငရုတ်ဆီ ၊ ကြက်သွန်ဖြူနဲ့ ဗီနီဂါ တွေရောစပ်ပြီး အချဉ်အဖြစ် တွဲဖက်စားသုံးကြပါတယ် ။

ဒီဥ တွေရဲ့ ဘေးမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို အလွန်ပဲ မွှေးပျံ့တဲ့ရနံ့ ရအောင်ပြုလုပ်ထားတဲံအတွက် အထဲမှာရှိတဲ့ ဘဲသန္ဓေသားလောင်းလေးနဲ့ အကောင်ပေါက်လေးတွေကိုစားရတာ အလွန်သာရှိတယ်လို့ စားသုံး သူတွေက ဆိုပါတယ် ။ မျိုးအောင်ထားတဲ့ဘဲဥတွေရဲ့ အသက်အရွယ်ကိုကြည့်ပြီး ဘေးနားက အဖြူဖတ်တွေ ကို တော့သိပ်မစားကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အသက်နည်းနည်းကြီးလာရင် အရိုးနု တွေက စားရတာ နည်းနည်း မာလို့ဖြစ်ပါသတဲ့ ။

ဒါ ဖိလစ်ပိုင်မှာပါ ။ နိုင်ငံခြားသားတွေက သူတို့အစားအသောက်ခုံမင်မှုအတွက် သက်ရှိသတ္တ၀ါတွေကို စိမ်ခေါ် မှုပြုနေ ပါပြီ ။ ဘယ်လိုပဲ စားသောက်ဖို့အရသာရှိရှိ ဘယ်လိုပဲမွှေးကြိုင်နေပါသော သန္ဓေအောင်ပြီး အကောင်ပေါက် လုဆဲဆဲ ဘဲသန္ဓေသားတွေကိုစားသောက်တာဟာ အသက်ရှိနေတဲ့ သတ္တ၀ါတစ်ကောင် ကိုစားနေ သလိုပါပဲ ။ ဒီလုပ်ရပ်ကို တိရိစ္ဆာန်ညှင်းပန်း ကာကွယ်ရေးအသင်းတွေကလည်း ရှုံချထားပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့လမ်းကြားတွေမှာတော့ စည်ကားနေတုန်းပါပဲ ။

By သက်တန့်ချို

Day Club များတွင် Sexy Dance များကလျက်ရှိကာ အသက်မပြည့်သောကျောင်းသားလေးများပျက်စီးစေနိုင်၍ အရေးယူပေးပါရန်


By SGFF



ကျွန်တော်၏သမီးဖြစ်သူနှင့်သူ၏ သူငယ်ချင်းများသည် Day Club များသို့ခိုးသွားခဲ့ရာ ကျွန်တော်လိုက်လံ ရှာဖွေရာမှDay Club တော်တော် များများတွေ့ရှိခဲ့ပါသည်။

Day Club များသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက် မရဘဲပြုလုပ်နေကြောင်း တွေ့ရှိရ ပါသည်။ ၎င်းတို့သည် မြန်မာ့ဝတ်စား ဆင်ယင်မှုနှင့်ယဉ်ကျေးမှုကိုဖျက်ဆီးနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရ ပါသည်။ ရန်ကုန်တိုင်းဒေ သကြီးတွင်ရှိသော Club တော်တော်များများတွင် Day Party များပြုလုပ် လျက်ရှိပြီး(ရှစ်တန်း၊ ကိုးတန်း) အသက် မပြည့်သေးသော ကလေးများမှာ ကျောင်းပြေးပြီးလာရောက်ေ နကြပါသည်။

၎င်းတို့မှာ ကျောင်းပိတ်ရက်၊ ဖွင့်ရက်မရှောင်ဘဲ ပြုလုပ်နေပါသည်။ အများဆုံးပြုလုပ်သည့်Club များ ကတော့အလုံမြို့နယ်ရှိ Sky World၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိဆရာဝန်အသင်းနှင် မျက်စောင်း ထိုးစိတ်တိုင်းကျလက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် IQ (or) Cloud 9၊တာမွေမြို့နယ်ရှိတာမွေပလာဇာေ ဘးClub ဖြစ်ပါသည်။ ၎င်းDay Party များတွင် Sexy Dancerကိုပါဆုများ ပေးလျက်ရှိပါသည်။ ၎င်း Club သည် ပြည့်တန်ဆာများနှင့်ပြုလုပ်နေသည်ဟုလည်း ကြားသိရပါသည်။

ကျွန်တော်သည်မိဘတစ်ယောက်အနေနှင့် စိတ်မသက်မသာ ဖြစ်ခဲ့ ရပါသည်။ အလားတူ ကလေးများ၏ မိဘများလည်းထပ်တူ ခံစားရမည် ဖြစ်သောကြောင့်အယ်ဒီတာမှတစ်ဆင့်ကလေး မိဘများအားမသွား သင့်သော ထိုနေရာများသို့ မသွားခိုင်းကြရန်ဂျာနယ်တွင် ဖော်ပြပေးစေ လိုပြီး မြန်မာ့ယဉ်ကျေး မှုနှင့်လျော်ညီသော နေရာများသို့သာ သွားစေ လိုကြောင်းမေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။

မိဘတစ်ဦး

ရင်သားကြီးသော အမျိုးသားများ




အမျိုးသားတွေမှာ ရင်သားကြီးတဲ့ ပြဿနာကို Gynaecomastiaလို့ခေါ်ပါတယ်။ ဒီရင်သားကြီးတဲ့ ပြဿနာဟာကမ္ဘာပေါ်မှာ အမျိုးသားသုံးပုံတစ်ပုံခန့်ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ ကောင်လေးတွေရဲ့၆၅ ရာခိုင်နှုန်းခန့်ဟာ လူပျိုဖော်ဝင်ချိန်မှာ ရင်သားအနည်းငယ်ကြီးလာတတ်ပါတယ်။အသက် ၁၈နှစ်အရွယ်ရောက်သွားချိန်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်တာကြောင့် စိတ်ပူဖို့မလိုပါဘူး။ ရင်သားကြီးပါတယ်ဆိုတဲ့အမျိုးသားတွေဟာရင်သားတစ်သျှူးတွေ သိပ်သည်းမြဲမြံနေတတ်ပါတယ်။ ရင်ဘတ်မှာအဆီတွေများနေတဲ့အမျိုးသားတွေရဲ့ ရင်သားတစ်သျှူးတွေကတော့ ပျော့တွဲနေပြီး ရင်သားကြီးတာနဲ့တူပေမယ့် ဒါဟာ ရင်သားမှာ အဆီများတာကြောင့် ကြီးနေတာဖြစ်ပါတယ်။

အမျိုးသားများတွင် ရင်သားကြီးရသော အကြောင်းရင်းများ

အမျိုးသားတွေက ပုံမှန်အားဖြင့်မယဟော်မုန်း အီစထရိုဂျင်ထက် အမျိုးသားဟော်မုန်းအန်ဒရိုဂျင်ကို ပိုထုတ်လေ့ရှိပါတယ်။ အမျိုးသားတွေမှာ ရင်သားကြီးတာက ကျားနဲ့ မယဟော်မုန်းမမျှတတာကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒီလိုဟော်မုန်းမညီမျှတာဟာ-
- အသက်ကြီးခြင်း
- တက်စတိုစတီရုန်းကျားဟော်မုန်းလျော့နည်းခြင်း
- နှလုံးရောဂါကုသဆေီးငါသထငည၊ ဆီးဆေှးစငမသညသူခေအသညန စတဲ့ ဆေးဝါးတချို့ သောက်သုံးခြင်း
- အားကစားသမားတွေမှာ သက်လုံကောင်းအောင် သုံးလေ့ရှိတဲ့ ဗညဘေသူငခှအနမသငျိ မှီဝဲခြင်း
- ဆေးခြောက်သုံးခြင်း
- ကျောက်ကပ် ဒါမှမဟုတ် အသည်း ထိခိုက်မှု
- နာတာရှည်ကျောက်ကပ်ရောဂါ
- သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်း
- ဝှေးစေ့၊ အဆုတ်၊ အစာအိမ်၊ အသည်း၊ ကျောက်ကပ်နဲ့ ပီကျူထရီဂလင်းမှာ အကျိတ်ဖြစ်ခြင်းစတဲ့ အကြောင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

ဖြစ်နိုင်ခြေများသော အချက်များ


- အသက် ၅၀ ကျော်ခြင်း
- အ၀လွန်ခြင်း
- အရက်ကို အလွန်အကျွံသောက်ခြင်း
- နာတာရှည် အသည်းရောဂါ ဒါမှမဟုတ် နာတာရှည် ကျောက်ကပ်ရောဂါရှိခြင်း
- အန်ဒရိုဂျင်ဟော်မုန်း ဒါမှမဟုတ် အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကို နှောင့်ယှက်တတ်တဲ့ ဆေးဝါးတွေ မှီဝဲရခြင်း
- မိသားစု မျိုးရိုးရှိခြင်း

ရောဂါလက္ခဏာများ

အမျိုးသားတွေမှာ ပုံမှန်မဟုတ်ဘဲရင်သားကြီးတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ ရင်သားနှစ်ဖက်စလုံး သိပ်သည်းမြဲမြံတဲ့ တစ်သျှူးတွေနဲ့ ရင်သားကြီးနေခြင်းနဲ့ ရင်သားတင်းနေခြင်းတို့ပဲဖြစ်ပါတယ်။

ကာကွယ်ခြင်း


အမျိုးသားတွေမှာ ရင်သားမကြီးအောင်ကာကွယ်ချင်ရင် ရင်သားကြီးစေတဲ့ အချက်တွေကို ရှောင်ရမှာပါ။ အရက်ကို အလွန်အကျွံမသောက်ပါနဲ့၊ စတီးရွိုက်ဆေးဝါးရှောင်ပါ၊ ဆေးခြောက် ကိုလုံးဝ လုံးဝ မသုံးပါနဲ့ စတဲ့ ကိုယ်တတ်နိုင်တဲ့ ကာကွယ်မှုတွေကိုလိုက်နာပေးပါ။

ရောဂါရှာဖွေမှု

ဆရာဝန်အနေနဲ့ သင်ရဲ့လက္ခဏာတွေကို မေးမြန်းကာ စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ရောဂါရှာဖွေတဲ့အနေနဲ့ သွေးစစ်ဆေးမှု (အသည်း၊ ကျောက်ကပ်နဲ့သိုင်းရွိုက်တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုသိအောင်နဲ့ ဟော်မုန်းပမာဏ သိအောင်)၊အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ ရင်သားအသားစယူစစ်ဆေးခြင်းစတဲ့ နည်းလမ်းတွေကိုဆောင်ရွက်နိုင်ပါတယ်။

ဆေးကုသမှု
ယေဘုယျအားဖြင့်တော့ အမျိုးသားတွေရဲ့ ရင်သားကြီးတဲ့ ပြဿနာကိုဆေးကုသစရာမလိုအပ်တတ်ပါဘူး။ ဒါပေမဲ့ ရင်သားကြီးစေတဲ့ အခြေခံအကြောင်းရင်းကိုတော့ သိအောင်ရှာဖွေပြီး ရောဂါကြောင့် ဖြစ်တာဆိုရင် ရောဂါကို ကုသဖို့လိုအပ်နေပါတယ်။

Android ထဲက ပါလာတဲ့ ဖျက်မရတဲ့ မလိုအပ်တဲ့ တရုတ်ဆော့ဝဲတွေကို ဖျက်မယ်


ဒီတစ်ခါတင်ပေးချင်တာက Huawei သမားတွေအတွက်
လို့တောင် ပြောရမလားမသိဘူး System application တွေကို
ဖျက်ချင်သူတွေအတွက်ပါ အထူးသဖြင့် တရုတ်ဆော့ဝဲတွေပေါ့
အသုံးလည်းမ၀င် နေရာတကာဝင်ရှုပ် နောက်ကွယ်ကနေ
အလုပ်လုပ် ဖုန်းကိုပူနေတာပဲ Huawei တွေက အဆိုးဆုံးပဲ
ဒါပေမယ့် မတတ်နိုင်သူတွေက အဲဒီ Huawei တွေကိုပဲ အားကိုးနေရတာလေ
ဒီတော့ အဲဒီပါလာတဲ့ တရုတ်ဆော့ဝဲတွေထဲက အချို့က ဖျက်မရဘူး
ဒီတော့ ဖျက်ရအောင် ဒီဆော့ဝဲလေးကို သုံးရမယ်
ဒါပေမယ့် အရေးကြီးတာ Root တော့လိုအပ်တယ်နော်
Root ရထားပြီးရင် မိမိစက်ရုပ်ကို ကြိုက်သလိုလုပ်နိုင်တာပေါ့
လွယ်ပါတယ် ဒီဆော့ဝဲလေးကို Run လိုက်
မလိုချင်တဲ့ software လေးတွေရဲ့ icon သို့မဟုတ် နာမည်လေးတွေကို
မှတ်ထားပေါ့ ပြီးရင် ဒီအထဲကနေ uninstall ဆိုတာနဲ့ ပီးပီ
တရုတ်ဆော့ဝဲတွေ ဝေးဝေးပြေးတော့ လုပ်ပစ်လိုက်လို့ရပြီ
ကဲကြာတယ် လုပ်ပစ်လိုက်တော့ အာရုံနောက်တယ်


File Size:1MB

http://www71.zippyshare.com/v/9929486/file.html

 Download From D-h.st 





ဆော့ဝဲမြို့တော်

၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား








Friday, August 16, 2013

အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့
မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသော
ကြောင့်ဖြစ်သည်။


လွန်ခဲ့သော နှစ်များတွင်နိုင်ငံတကာ မှ သတင်းများ၏ ခေါင်းကြီးပိုင်း
တွင် သူ့အကြောင်းကို ဖော်ပြခဲ့ကြရာတွင် သူသည် scrotal lympledene ဟု
ခေါ်သော ရောဂါခံစားနေသူဖြစ်သည်ဟု သိရှိရသည်။

ကံကောင်းထောက်မစွာ သူ၏အခက်ခဲကို ကူညီဖို့ စိတ်ဆန္ဒရှိသူ
ကယ်လီဖိုးနီးယားမှ ခွဲစိတ်ဆရာဝန်တဦးက အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ကြောင်း
သိရသည်။

စက္ကန့် (၃၀) လောက်လမ်းလျှောက်ပြီးတိုင်း ခေတ္တနားနေရသော
ကြောင့် ကလေးလိုပဲလို့ သူကဆိုပါတယ်။

(၁၃) နာရီကြာမယ့် ဒီခွဲစိတ်မူအတွက် အောင်မြင်ပြီးဆုံးချိန်တွင်
သူသည် ဝှေးစေ့ မရှိသော အမျိုးသားတန်ဆာဖြင့် ကောင်းမွန်ပြည့်စုံသော
အိမ်ထောင်သုခ မရမှာကို သူစိုးရွံ့နေသည်။

ကျွန်တော် ဒီအခွင့်အရေးရဖို့ ebay မှာ ကျွန်တော့ဝှေးစေ့ကို
လေလံတင်ခဲ့ကြောင်း၊ အများမှ အားပေးသော e-mail များ မှာလည်းသူ့
အတွက်အားဖြစ်ရပါကြောင်း နှင့် အမှောင်ဖုံးနေသော လိုင်ခေါင်းတွင်းမှ
အစွန်းတဖက်က အလင်းရောင်ကိုမြင်နေရပါပြီ ...သို့ပေမဲ့ ဗျာ ကျွန်တော်
လိုင်ခေါင်းထဲမှာပဲရှိပါသေးတယ်လို့ သူကပြောခဲ့ပါကြောင်း တင်ဆက်လိုက်
ပါတယ်။

http://www.youtube.com/watch?v=dyNkqfDLY5o

မေထုန်မဲ့ သားစပ် သင်တန်း ဖွင့်လှစ်




From : .. MWD

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် မွေးမြူ ရေးနှင့်ကုသရေး ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော နွား မေထုန်မဲ့ သားစပ်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲတွင် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အမှာစကား ပြောကြားပြီး လပွတ္တာခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဝင်းက နွားမျိုးကောင်း မျိုးသန့်များဖြင့် မေထုန်မဲ့ သားစပ်လျှင် သမားရိုးကျထက် နွားနို့ ရှစ်ပိဿာမှ ၁ဝ ပိဿာ အထိ ပိုမို ထွက်ရှိခြင်း များကိုလည်းကောင်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထွန်းဇော်ဝင်းက အသား တိုးနွား မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် နွားမွေးမြူသူများ ဝင်ငွေ တိုးတက်ရရှိပြီး အသားထုတ်လုပ်မှု တိုးတက်ရရှိနိုင်ခြင်းကို လည်းကောင်း အသိပညာပေး ဆွေးနွေး တင်ပြ ကြသည်။

အဆိုပါ သင်တန်းသို့ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၃ဝ မှ ကျေးလက် မွေးမြူရေး သင်တန်းသား ၃ဝ ဦး တက်ရောက်ကြ ပြီး သင်တန်း ကာလမှာ သုံးရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

နောက်ကွယ်မှ ကုလားတွေထိန်းချုပ်ထားတဲ့ လူမျိုးဘာသာမခွဲခြား မြန်မာနိုင်ငံသား နာမည်ခံ အဖွဲ့ စာမျက်နှာများ ဦးဝီရသူကို လုပ်ကြံသတင်းလွှင့်





 

 "အလင်းမျက်ဝန်း ဝဘ်ဆိုဒ်မှ ဦးဝီရသူသတင်း မဟုတ်မမှန် လုပ်ကြံဖော်ပြ"
======================================

အလင်းမျက်ဝန်း ဝက်ဘ်ဆိုဒ်မှ ပေါ်ပြခဲ့သော "969 ၀ီရသူနဲ့အဖွဲ့ ကျောက်ပန်းတောင်းက မောင်းထုတ်ခံရပြီ"ဟူသော သတင်းမှာ လုပ်ကြံဖန်တီးထားသော သတင်းဖြစ်ပါသည်။
၁။ ဖြစ်စဉ်ရက်စွဲ အတိကျမထည့်နိုင်ခြင်း။
၂။ ဦးဝီရသူ၏ (၁၇-၇-၂၀၁၃)ရက်နေ့ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ခတ်သင်ကျေးရွာ တရားပွဲခရီးစဉ်မှ ဓာတ်ပုံကို ယူသုံးထားခြင်း။
၃။ ဦးဝီရသူသည် ကျောက်ပန်းတောင်းခရီး လုံးဝမရှိခဲ့ခြင်း။
၎။ ( ၁၈-၇-၂၀၁၃)နေ့တွင် ဦးဝီရသူ facebook-မှာ တင်ထားသော ဓာတ်ပုံကိုယူသုံးထားခြင်း။ဦးဝီရသူတင်ထားသော ဓါတ်ပုံမူရင်းလင့်ခ်-
https://www.facebook.com/ven.wirathumsy/posts/296619230481592




.
လုပ်ကြံထားသော သတင်း အမှား
=================
“969 ၀ီရသူနဲ့အဖွဲ့ ကျောက်ပန်းတောင်းက မောင်းထုတ်ခံရပြီ”
*******************************************

မန္တလေးမြို့မှ နာမည်ကြီး အကြမ်းဖက်သမား မစိုးရိမ် ၀ီရသူ ခေါင်းဆောင်တဲ့ သင်္ဃန်းဝတ်အချို့အား မကွေးတိုင်းဒေသကြီးအတွင်းရှိ ဗုဒ္ဓဘာသာများ စုဝေးနေထိုင်နေကြသည့် ကျောက်ပန်းတောင်းမြို့ဒေသခံများက ၀ိုင်းဝန်း နှင်ထုတ်လိုက်ကြောင်း အင်တာနက်စာမျက်နှာတစ်ခုတွင် ရေးသားဖော်ပြထားပါတယ်။

ဖြစ်ပွားပုံမှာ ၀ီရသူနှင့်အဖွဲ့မှ ကျောက်ပန်းတောင်းမြို့အတွင်း သုံးရက်ဆက်တိုက် လှုံ့ဆော်ပွဲများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးရက်တွင် အရှိန်လွန်ပြီး ဒေသခံများထံမှ သားသတ်လိုင်စင်စီအား အလှူခံမိရာမှ ဒေသခံများနှင့် အချေအတင် အငြင်းပွားခဲ့ရပြီးနောက်ပိုင်း ကျောက်ပန်းတောင်းမြို့ရှိ 969 အမည်ဖြင့် တည်ထောင်ထားသည့် ရပ်ကွက်အတွင်းမှ ရပ်မိရပ်ဖများက ဦးဆောင်၍ မိမိတို့ရပ်ကွက်အတွင်း နေထိုင်ခွင့်မပြုတော့ဘဲ ချက်ချင်းထွက်ခွာသွားကြဖို့အတွက် ၀ိုင်းဝန်းကြိမ်းမောင်း၍ နှင်ထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာ၏ အဆုံးအမတစ်ခုအား ဂဏန်းအက္ခရာအဖြစ် အသွင်းပြောင်းသုံးစွဲထားသည့် ၇၈၆ ဂဏန်းအား တုပြိုင်၍ ဖန်တီးထားသည့် 969 အဖွဲ့အနေဖြင့် မွတ်စလင်မ်များသည် အမဲသားကို အဓိကစားသုံးနေသည်ဟု သတ်မှတ်၍ နွားမသတ်ရေးအတွက် မိမိတို့သြဇာသုံး၍ သားသတ်လိုင်စင်စီလျှောက်ထားခွင့်အား အလှူခံလာသည့်အပေါ် ဒေသခံများက ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

“သားသတ်လိုင်စင် အလှူခံစရာ မလိုဘူးလို့ထင်တယ်။ ဒီမှာ အဓိကစားတာ နွားမဟုတ်ဘူးဗျ။ ၀က်စားတာ။ ဆရာတော်နဲ့ နောက်ဆုံး ညှိလို့တော့ ရလိုက်ပါတယ်။ သားသတ်လိုင်စင်တော့ ကျွန်တော်တို့ မလှူနိုင်ဘူး။ မစိုးရိမ်တိုက်သစ်ကို တစ်ပတ်ကိုတစ်ခါ ၀က်သား အချိန်တစ်ဆယ် ပို့လှူပေးမယ်ဆိုပြီး ညှနှိုင်းလိုက်နိုင်ပါတယ်။” ဟု ရပ်ကွက်တွင်း နေသူတစ်ဦးဖြစ်သူ ဦးမြင့်သိန်းထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံတွင် ဘုန်းကြီးအချို့သည် မိမိတို့ လိုလာပါက ဘုရားအား လက်ညှိုးထိုးပြလေ့ရှိပြီး၊ မလိုအပ်ပါက ဘုရားဟောတရားများကိုပင် မေ့လျော့ဖျောက်ဖျက်၍ လူသတ်နေကြသည်ဟု ဝေဖန်မှုများ ရှိလာပြီး ယခု သားသတ်လိုင်စင်စီအလှူခံခြင်းအပေါ် ဒေသခံတစ်ဦးဖြစ်သူ ကိုသန်းထွန်းအောင်၏ ပြောကြားမှုကို ယခုလို ဖော်ပြထားပါတယ်။

“ဘယ်နဲ့ဗျာ။ သားသတ်လိုင်စင် ဘုရားလှူဖို့ဆိုတော့ ကျွန်တော်ပြောလိုက်တယ်။ ဘုရားကို နွားတွေ၊ ဆိတ်တွေ၊ ၀က်တွေလှူပြီးတော့လည်း ဘုရားက စားမှာမှ မဟုတ်တာလို့။ တားချင်ရင် ၀က်တစ်မျိုးတည်း တားပေါ့ဗျာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခဲ့တာ ၀က်ကြောင့်ကိုး။”

ယင်း ၀ီရသူနှင့်အဖွဲ့အား မောင်းထုတ်ခံရသည့် ဖြစ်ရပ်အပေါ် မစိုးရိမ်တွင် နေထိုင်သည့် ၀ီရသူအား ဆက်သွယ်မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း ၀န်ခံပြောဆိုခဲ့ပြီး၊ မိမိကျောင်းသို့ အပါတ်စဉ် ၀က်သားဆယ်ပိဿာ ပေးဖို့ ပြောဆိုခဲ့ကြောင်းကိုလည်း ၀ီရသူ၏ ပြောဆိုချက်နှင့်တကွ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ယခုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း 969 အကြမ်းဖက်ဂိုဏ်း၏ လှုပ်ရှားမှုများ အားပျော့လာနေပြီး ယင်းဂိုဏ်း၏ ပေါကြောင်ကြောင် လုပ်ရပ်များကြောင့် မကြာမီပျက်ပြယ်သွားဖွယ်ရှိနေပြီး ၀ီရသူနှင့် အဖွဲ့အား အရူများသဖွယ် လူ့အသိုင်းအ၀န်းမှ အထင်အမြင်သေးကာ ဖယ်ကျဉ်ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုနေကြပါတယ်။


အလင်းမျက်ဝန်း အင်တာနက် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။(http://www.teol-mm.info/2013/08/969.html)
ဓါတ်ပုံရှင်းလင်းချက်
» ၀ီရသူ မျက်နှာမဲ့၍ နွားလည်းစီးနေပုံ၊ 969 ရပ်ကွက် ဆိုင်းဘုတ် (ဓာတ်ပုံ - ကျော်နန္ဒ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်တင်လေဆိပ် အဖြစ်သာ ထားရှိမည်


From : ..eleven


ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်မှု ပြီးစီးပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဆင်းသက်ခြင်း မရှိတော့ဘဲ စီးပွားရေး လေဆိပ်တစ်ခု အဖြစ်သာ ထားရှိတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။
သို့ဖြစ်၍ လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးစီးချိန်တွင် စီးပွားရေး လေကြောင်း ခရီးစဉ်အဖြစ် အရေးပေါ် လာကြသည့် လေယာဉ်များ၊ အထွေထွေလုပ်ငန်းသုံး လေယာဉ်များ၊ VIP လေယာဉ်များ၊ စင်းလုံးငှား လေယာဉ်များ၊ ပြည်တွင်းလေကြောင်းမှ လေယာဉ်များ၊ ကုန်တင်လေယာဉ်များသာ ဆင်းသက် အသုံးပြုမည့် စီးပွားရေး လေဆိပ်တစ်ခုအဖြစ် သတ်မှတ် ထားရှိမည်ဖြစ်သည်။

''ရန်ကုန်လေဆိပ်က အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ အဓိက၀င်ပေါက် ဖြစ်ပေမယ့် ဟံသာဝတီ လေဆိပ်ကြီး ပြီးသွားတဲ့အခါ မြန်မာနိုင်ငံရဲ့ အဓိက ၀င်ပေါက်ကို ဟံသာဝတီ လေဆိပ်အဖြစ် ထားရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ကို စီးပွားရေးအရ လာရောက်တဲ့ စင်းလုံးငှား လေယာဉ်တွေ၊ VIP လေယာဉ်တွေ၊ ကုန်တင်လေယာဉ်တွေ ဆင်းသက် အသုံးပြုမယ့် စီးပွားရေးလေဆိပ် တစ်ခုအဖြစ်သာ ထားရှိမှာပါ။ ရန်ကုန်လေဆိပ်ကို ဆင်းသက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အကုန်လုံးကို ဟံသာဝတီ လေဆိပ်ကို ပြောင်းရွှေ့သွားမှာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ တင်ဒါခေါ်ယူခဲ့ပြီး နောက်ဆုံး အဆင့်တွင်လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အေးရှားဝေါလ် ကုမ္ပဏီအုပ်စုမှ Pioneer Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါသည်။

(ကင်ဆာရောဂါအတွက်ဆေးတစ်ခွက်)



ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက
ပြန်လာနိုင်ခဲ့ကြပါတယ်" ။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ။
သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။
သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို
မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ ``ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ
လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ်။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။ သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး
(အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ ဆရာသမားများ (အနာနှင့်ဆေးတည့်သော်)တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း
ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝ
သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့်ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။

ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။

ညီအစ်မချင်း အချင်းများရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ




From : ..the voice

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင် ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့် ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းမှ သိရှိရသည်။

သြဂုတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ညီအစ်မချင်း စကားများရာ အစ်မဖြစ်သူ ဒေါ်တင်တင်ဌေး၏ ခင်ပွန်း ဦးမြင့်အောင်က ခယ်မဖြစ်သူ ဒေါ်ခင်ခင်အေးကို အရိုး ငါးလက်မ၊ အသွား ၁၂ လက်မရှိ ဓားရှည်ဖြင့် ခုတ်ခဲ့ရာ ဒေါ်ခင်ခင်အေး၏ ညာဘက် လက်ခလယ်နှင့် လက်သူကြွယ်လက် နှစ်ဆစ်ခန့် ပြတ်သွားပြီး ယင်းအချိန်တွင် အနီးသို့ ရောက်ရှိလာသည့် ၎င်း၏ခင်ပွန်း ဦးရဲလွင်အောင်ကို ဦးမြင့်အောင်က ဓားဖြင့် ဆက်လက်ခုတ်ခဲ့ရာ ဦးရဲလွင်အောင်၏ ဘယ်ဘက်ရင်ဘတ်တွင် ဓားဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့ မြို့မရဲစခန်း၏ အမှုစစ်ဒုရဲအုပ် ဌေးဝင်းက ပြောကြားသည်။

ယင်းနောက် ဦးရဲလွင်အောင်က ဦးမြင့်အောင်ကို အရိုး ငါးလက်မ အသွား ၁၂ လက်မဓားရှည်ဖြင့် လည်ပင်းကို ခုတ်ရာ ဦးမြင့်အောင်သည် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ အချင်းများရာမှ ဦးရဲလွင်အောင် ရင်ဘတ်ဒဏ်ရာရရှိပြီး ဒေါ်ခင်ခင်အေး လက်အဆစ်ပြတ်ဒဏ်ရာ ရရှိကာ ဒေါ်တင်တင်ဌေး ဦးခေါင်းဒဏ်ရာ ရရှိ၍ ၎င်းတို့ သုံးဦးကို ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါအမှုစစ်က ဖြည့်စွက် ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဦးရဲလွင်အောင်ကို ပခုက္ကူမြို့ မြို့မရဲစခန်းတွင် ပ၂၃၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မိန်းကလေးများ သဘောကျနှစ်သက်ချစ်ခင်သော ယောက်ကျားများ




၁။ ကိုယ်ပိုင် အရည်ချုင်းရှိပြီး ကိုယ့်ချစ်သူအပေါ် သစွာရှိတတ်သော ယောင်္ကျား။

၂။ အရက်သောက် ကွမ်းစား ဆေးလိပ်သောက်တတ်ပေမဲ့  ဘယ်သူ့ ကိုမှ ရန်မရှာပဲ
ကိုယ့်ကိုယ့် အေးဆဲနေတတ်တဲ့ ယောင်္ကျား။

၃။ အရက်မသောက် ကွမ်းမစား ဆေးလိပ်မသောက်ပဲ့ ရိုးရိုးလေး နေတတ်တဲ့ ယောင်္ကျား။

၎။ စကားပြောပြီး အလုပ်ကို လက်တွေ့ လုပ်တတ်သောယောင်္ကျား။

၅။ ကိုယ့်ချစ်သူက တစ်ခြားယောင်္ကျားလေးတစ်ယောက်နဲ့ အတူသွားနေတာကိုတွေ့ ပေမဲ
့ အထင်မလွဲ့ ပဲ့ နားလည်မှုရှိတဲ့ ယောင်္ကျား။

၆။ ဆင်းရဲ့ ပေမဲ့ ရိုးသားကြိုးစားပြီး ဘယ်သူ့ ကိုမှအပြစ်မမြင်တတ်သော ယောင်္ကျား။

၇။ စိတ်သဘောထားကောင်းပြီး သူများကို ကူညီတတ်သော ယောင်္ကျား။

၈။ မကောင်းတဲ့ မိန်းကလေးတွေကိုရော ကောင်းတဲ့ မိန်းကလေးတွေကိုရော
အထင်မသေးပဲ့ ကြည့်ဖြူစွာနဲ့ ဆက်ဆံပြောဆိုတတ်တဲ့ ယောင်္ကျား။

၉။ ရုပ်ဆိုးရုပ်လှတာကို မရွေးပဲ့ အချစ်စစ်နဲ့ တစ်ယောက်တည်းသောချစ်သူကို
ချစ်တတ်သော ယောင်္ကျား။

၁၀။ ပညာမတတ် ရုပ်မဖြောင့်ပေမဲ့ အသိညဏ်ရှိပြီး ရည်းမှန်းချက်ကို
အောင်မြင်အောင် လုပ်နိုင်တဲ့ ယောင်္ကျား။

၁၁။ မိဘ စကားနားထောင်ပြီး ကိုယ့်ချစ်သူ ပြောတဲ့ စကားတွေကိုလည်း
နားထောင်တတ်တဲ့ ယောင်္ကျား။

၁၂။ မိန်းကလေးတွေကို စိတ် နဲ့ မပြစ်မှားတတ်တဲ့ ယောင်္ကျား။

၁၃။ အမှန်တရားကို ရင်ဆိုင်ရဲ့ ပြီး အမြင်မတော်တာကို ကူညီတတ်တဲ့ ယောင်္ကျား။

၁၄။ ရည်းစားတွေ အများကြီးထားခဲပေမဲ့  မိန်းကလေးတွေ ဘ၀ကို နစ်နာအောင်
မဖျက်စီးတတ်သေားယောင်္ကျား။

၁၅။ အပျော် အပါး မလိုက်စားတတ်သော ယေင်္ကျား။

၁၆။ အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ရေးကို လွယ်လွယ် နဲ့ တည်ဆောက်လို
့မရဘူးဆိုတာ သိတတ်တဲ့ ယောင်္ကျား။

၁၇။ ချစ်သူ နဲ့ ဘာပဲစားစား ဘာပဲဝယ်ဝယ် ကိုယ့်ဆီက ပိုက်ဆံကို ထုတ်ပြီး
ကျသလောက်ကို ရှင်းတတ်တဲ့ ယောင်္ကျား။

၁၈။ သူတစ်ပါးဆီက ပေးတဲ့ အခွင့်ရေးကို မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို ရုန်ကန်
နိုင်တဲ့ ယောင်္ကျား။

၁၉။ မိဘတွေ ပိုက်ဆံချမ်းသာံပေမဲ့ အလွယ်တကူ မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို
ပိုက်ဆံရှာနိုင်တတ်တဲ့ ယောင်္ကျား။

၂၀။ ကိုယ့်ကိုယ့်ကို စည်းကမ်းရှိပြီး သန့် သန့် ရပ်ရပ် နေတတ်တဲ့ ယောင်္ကျား။

၂၁။ စိတ်သဘောထားကောင်းပြီး ဘယ်သူ့ ကို မဆို အပြုးမပျက် ဆက်ဆံတတ်တဲ့ ယောင်္ကျား။

၂၂။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါ စိတ်ဓါတ်မကျပဲ့ အောင်မြင်မှု့ ကို
ရအောင်ယူတတ်တဲ့ ယောင်္ကျား။

၂၃။ အမှန်ကိုပြောတတ်ပြီး အမှန်တိုင်းလုပ်တတ်တဲ့ ယောင်္ကျား။

၂၄။ မိန်းမ ယူပြီးသောတဲ့ အခါ မိန်းမ လုပ်ရမဲ့ အလုပ်တွေကိုလည်း အားတဲ့ အခါ
ကူပြီး လုပ်ပေးတတ်တဲ့ ယောင်္ကျား။

၂၅။ မိန်းကလေးတွေ အပေါ် ရိုင်းစိုင်းယုတ်မာတဲ့ စကားတွေကို မပြောတတ်တဲ့ ယောင်္ကျား။

၂၆။ ကိုယ်ချစ်တဲ့ မိန်းကလေးအပေါ် အနစ်နှာခံပြီး အသက်ကိုပေးဆပ်ရဲ့ တဲ့ ယောင်္ကျား။

၂၇။ လွယ်လွယ်နဲ့ အပြစ်မတင်ပဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ ပြောတတ်တဲ့ ယောင်္ကျား။

၂၈။ ချစ်သူနဲ့ ချိန်းတွေ့ တဲ့အခါ ချစ်သူရဲ့ လက်နဲ့ ပခုံးက လွဲ့ ပြီး
ကျန်တာတွေကို မကိုင်တတ်တဲ့ ယေင်္ကျား။

၂၉။ မိန်းကလေးတွေ အထင်မသေးအောင် နေတတ်တဲ့ ယောင်္ကျား။

၃၀။ ဘယ်မိန်းကလေးတွေမဆို အစ်ကိုကို့ ချစ်တယ်လို့ ပြောလာတဲ့ အခါ
အခွင့်ရေးမယူပဲ့ ငါ့ မှာ ချစ်သူရှိတယ်လို့ ပြောတတ်တဲ့ ယောင်္ကျား။

အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက် ထားတဲ့ အရာပါလို့ ဆိုတဲ့ ဂျင်းနီ



အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက် ထားတဲ့ အရာပါလို့ ဆိုတဲ့ ဂျင်းနီအနုပညာ လောကတွင် မြန်မာအက၊ သရုပ်ဆောင်၊ အဆိုတော် လုပ်ငန်း များကို လုပ်ကိုင်လျက်ရှိပြီး ပရိသတ် အားပေးမှုနေရာတစ်ခု ရရှိနေသော အဆိုတော် ဂျင်းနီက " အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု တွေနဲ့ တည်ဆောက် ထားတဲ့အရာ"ဟု ၎င်းကပြောသည်။

"အခု လောလောဆယ် အချစ်ရေး ကတော့ အေးဆေးပါပဲ၊ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု တွေနဲ့တည်ဆောက် ထားတာပါ၊ တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်အားသာ ချက်တွေကို နားလည်ဖြည့်ဆည်း ပေးရမယ်လို့ နားလည်တယ်" ဟု ၎င်းကပြောသည်။

ယခု လတ်တလော ဂျင်းနီ၏ တစ်ကိုယ်တော် တေးစီးရီးအတွက် အာရုံများ နေကြောင်း၊ စိတ်တိုင်းကျ ရရှိရန် သီချင်းတွေကို အချိန်ယူစီစဉ်ဖြစ်နေကြောင်း သရုပ်ဆောင်နှင့် အဆိုဘက်ကိုသာ အာရုံစိုက်ဖြစ်နေ ကြောင်း ဂျင်းနီကထပ်မံပြောပြသည်။

အဆိုတော် ဂျင်းနီသည် အနုပညာ လောကသို့ ဟန်နွေငြိမ်း အမည်ဖြင့် စတင်လျှောက်လှမ်း လာပြီး မြန်မာနိုင်ငံဆို၊ က၊ ရေး တီးပြိုင်ပွဲတွင် အကပညာဖြင့် ရွှေတံဆိပ် ဆုများ ရရှိထား သူဖြစ်သည်။ ထို့နောက် ဂျင်းနီဟု အမည်ပြောင်း၍ သီချင်းများ သီဆိုခဲ့ပြီး အနုပညာလောကတွင် ပရိသတ် အသိအမှတ်ပြု ခံထား ရသော အနုပညာရှင် တစ်ယောက်ဖြစ်သည်။

By Venus News Journal

သင့်အမျိုးသားကို ကျွေးသင့်သော အစာ ၁၀ မျိုး



အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့်အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁) ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေအတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရိုတီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် သွေးတိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင်နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၆) သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

(၈) အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

(၉) ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်
GOOD HEALTH

ပြည်ထောင်စု အစိုးရအနေဖြင့် လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်း၍ လုပ်ဆောင်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ နှစ်လတစ်ကြိမ် တင်ပြရမည်

8.1.1
သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး
ပြည်ထောင်စု အစိုးရအနေဖြင့် လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်း၍ လုပ်ဆောင်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ နှစ်လတစ်ကြိမ် တင်ပြရမည် ဖြစ်ကြောင်း သြဂုတ် ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် ယခုဆုံးဖြတ်ချက်ကို ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက''စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာအပေါ် ပြည်ထောင်စု အစိုးရ အုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့မှ ယခုကိစ္စအား အလေးအနက် ထားရှိကာ ဥပဒေနှင့်အညီ တရားမျှတစွာဖြင့် အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပါရန် ဆိုတဲ့နေရာမှာ (အခင်းဖြစ် ကိစ္စရပ်များအတွက် ပြည့်စုံသော၊ မှန်ကန်သော၊ အရည်အချင်းရှိသော သက်သေခံ ချက်များဖြင့်) နှင့် နှစ်လတစ်ကြိမ် အနည်းဆုံး ထားရှိကာ ဤကိစ္စရပ်များ အတွက် ဖြေရှင်းဆောင်ရွက် ပေးနေမှုများကို လွှတ်တော်များသို့ ရှင်းလင်းတင်ပြရန် တိုက်တွန်း လိုပါတယ်'' ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ''ဒါ့ကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၃ နှင့် ယင်းအစီရင်ခံစာပါ သုံးသပ် အကြံပြုချက်များကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်က ဒီနေရာမှာ ဒီနေ့ ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားတာ ရှိပါတယ်။ ဒီကိစ္စကို ပြည်ထောင်စု အစိုးရသက်သက်က ဆောင်ရွက်နိုင်ခြင်း မရှိဘဲနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့များက ဖြေရှင်းဆောင်ရွက် ပေးရမှာ ဖြစ်တဲ့အတွက် ဒီနေ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ထဲမှာ ပြည်ထောင်စု အစိုးရ (အုပ်ချုပ်ရေး) နဲ့ ပြည်နယ်နဲ့တိုင်း အစိုးရ ဆိုသည်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအတွက် ထည့်သွင်းဖော်ပြ ထားတာရှိပါတယ်'' ဟု ပြောကြားခဲ့သည်။
''မြေယာ မှုခင်းများဟာ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များ ဖြစ်ပါတယ်။ ထိုကိစ္စအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များမှ ဖြေရှင်းဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ လိုအပ်ပါက လိုအပ်တဲ့ အချိန်မှာ တရားရုံး အဆင့်ဆင့်ကပင် ဆုံးဖြတ်ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များသို့ လည်းကောင်း၊ ကော်မတီ၊ ကော်မရှင် အသီးသီးသို့ လည်းကောင်း၊ မြေယာကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာ၊ အသနားခံစာများ ရှိပါက ပြည်ထောင်စု အစိုးရမှတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များသို့ လွှဲပို့ပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ထိုမှုခင်း ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့မှ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရန်ကို ပြည်ထောင်စု လွှတ်တော်က ထပ်ဆင့်ပြီး သဘောတူညီဖို့ လိုအပ်ပါတယ်'' ဟု ဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် လယ်ယာမြေ ပြဿနာများကို ဖြေရှင်း၍ လုပ်ဆောင်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။
အုပ်ချုပ်ရေးပိုင်းနှင့် လွှတ်တော်တို့၏ ဦးတည်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကိုသာ ဦးတည်ကြောင်း၊ လွှတ်တော်မှ တိုက်တွန်းသော အဆိုများကို အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ပုဒ်မခွဲ (က) အရ လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များကို သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Eleven

ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်များ မြို့ကြီး ၄ မြို့တွင် တပ်ဆင် အသုံးပြုသွားမည်


ရန်ကုန် ၊ ၁၇-၈-၂၀၁၃

ကင်ဆာ ဖြစ်ပွားနေသည့် လူနာများအား ကုသနိုင်မည့် အဆင့်မြင့် ဓာတ်ရောင်ခြည် စက် Linear Accelerator များ အသုံးပြု နိုင်ရေး အတွက် ဆေးရုံကြိး ၄ ခုတွင် အဆောက်အအုံ ပြုပြင်ခြင်း နှင့် စက်တပ်ဆင် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ၊ ယခုနှစ်ကုန်ပိုင်းတွင် စတင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး ဒေါက်တာ သန်းအောင် က ပြောကြား ခဲ့သည်။

တပ်ဆင် အသုံးပြုမည့် ဆေးရုံများမှာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၂)လုံး ၊ မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၂)လုံး ၊ တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၁)လုံး နှင့် နေပြည်တော် ပြည်သူ့ ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၁)လုံး အဆင့်မြင့် ဓာတ်ရောင်ခြည် စက် Lintar Accelerator များ တပ်ဆင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

ဖိလစ်ပိုင်တွင် သင်္ဘောနှစ်စီးတိုက် ၂၄ ဦးသေ ၆၀၀ ကျော် ပျောက်ဆုံး


Saturday, August 17, 2013

သြဂုတ်လ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ်က မြစ်တစ်နေရာမှာ ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ ကုန်တင် သင်္ဘောတစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယင်းတိုက်မှုကြောင့် ခရီးသည်တင် သင်္ဘောမှာ ခရီးသည် ၆၂၉ ဦး ပျောက်ဆုံး လျက် ရှိပါတယ်။ ၂၄ ဦးကတော့ ကွယ်လွန်သွားပါပြီ။ ကုန်တင် သင်္ဘောမှာ သင်္ဘောသား ၃၈ ဦးကိုတော့ အားလုံး အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပျောက်ဆုံးမှု တစ်ရက်ကြာပြီဖြစ်တဲ့ ၆၂၉ ဦးဟာလည်း အသက်ရှင်ဖို့ မသေချာတော့ပါဘူး။ ခရီးသည်တင် သင်္ဘောမှ ခရီသည် ၁၀ ဦးကျော်သာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကုန်တင် သင်္ဘော M/V Sulpicio Express 7 နဲ့ ခရီးသည် သင်္ဘော M/V St. Thomas Aquinas တို့ တိုက်မှုအတွက် ဖိလစ်ပိုင် ကမ်းခြေ လုံခြုံရေး အဖွဲ့မှ စစ်ဆေးစုံစမ်းလျက်၊ ကယ်ဆယ်လျက် ရှိကြောင်း သိရပါတယ်။

Ref: xinhua
ရိုးရာလေး နိုင်ငံတကာ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

8.1.1
ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် မီးလောင်ကျွမ်းနေသည်ကို သြဂုတ် ၁၆ ရက် ည ၁၂ နာရီကျော်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက် ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် သြဂုတ် ၁၆ ရက် ည ၁၂ နာရီတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀ ၀န်းကျင်ခန့် မီးလောင်ကျွမ်းသွားပြီး မီးသတ်ကား အစီး ၅၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ သြဂုတ် ၁၇ ရက် နံနက် ၀၀း၃၀ ခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ ကနဦး စစ်ဆေးချက်များအရ အိမ်နံပါတ် ၈၂ မှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံးမှု တန်ဖိုးမှာ လတ်တလော ခန့်မှန်း၍ မရသေးကြောင်း မီးလောင်ကျွမ်း နေသည်ကို လာရောက်ကြီးကြပ် ငြှိမ်းသတ်နေသည့် မီးသတ်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''မီးက ၁၂ နာရီမှာ စပြီး လောင်တာပါ။ မိုးဖွားကျနေတဲ့ အချိန်မို့ ဘယ်သူကမှ သတိမထားမိပါဘူး။ မီးလောင်တဲ့ အခါကျတော့ အိမ်တွေက ပူးကပ်နေတယ်။ ပြီးတော့ ၀ါးထရံတွေ ဖြစ်တဲ့အတွက် လောင်ကျွမ်းမှု ပိုကောင်းသွားတယ်။ ကျွန်တော်က အိပ်နေတာ။ ညှော်နံ့ရလို့ ထွက်ကြည့်တော့ မီးတောက်က အတော်ကြီးနေပြီ'' ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ ရပ်ကွက်များသို့ လျှပ်စစ်မီး ဖြတ်တောက်ထားမှုများ ပြုလုပ်ထားပြီး ယာယီကယ်ဆယ်ရေး စခန်းလည်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
Eleven

Related Posts Plugin for WordPress, Blogger...