Saturday, August 17, 2013

ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်များ မြို့ကြီး ၄ မြို့တွင် တပ်ဆင် အသုံးပြုသွားမည်


ရန်ကုန် ၊ ၁၇-၈-၂၀၁၃

ကင်ဆာ ဖြစ်ပွားနေသည့် လူနာများအား ကုသနိုင်မည့် အဆင့်မြင့် ဓာတ်ရောင်ခြည် စက် Linear Accelerator များ အသုံးပြု နိုင်ရေး အတွက် ဆေးရုံကြိး ၄ ခုတွင် အဆောက်အအုံ ပြုပြင်ခြင်း နှင့် စက်တပ်ဆင် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ၊ ယခုနှစ်ကုန်ပိုင်းတွင် စတင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး ဒေါက်တာ သန်းအောင် က ပြောကြား ခဲ့သည်။

တပ်ဆင် အသုံးပြုမည့် ဆေးရုံများမှာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၂)လုံး ၊ မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၂)လုံး ၊ တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၁)လုံး နှင့် နေပြည်တော် ပြည်သူ့ ဆေးရုံကြီးတွင် Cobalt ဓာတ်ရောင်ခြည် စက်(၁)လုံး အဆင့်မြင့် ဓာတ်ရောင်ခြည် စက် Lintar Accelerator များ တပ်ဆင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...