Friday, August 30, 2013

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း



MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်
ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင် သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ
ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေး
ခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေ
မှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲ
လာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်
လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏သူငယ်ချင်း
များကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။

လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား
ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

Planet Myanmar Network

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား


လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ
၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း
ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။

ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော်
လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲမရှိဟုလည်း ထပ်လောင်း
ပြောဆိုလိုက်သည်။

"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန်အနေနဲ့၊ ပြင်သစ်က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန်ရည်ရွယ်ပြီး ဖြစ်ကြောင်း
ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

လွှတ်တော်မှာ တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် ဆွေးနွေးခဲ့ကြသည့် တပ်မတော်သားကိုယ်စားလှယ်များအား တဆင့်မြင့် ရာထူးများတိုးပေးလိုက်ပြီ

နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မှမတ်တပ်ရပ် ထောက်ခံနေစဉ်

 နေပြည်တော် သြဂုတ် ၃၀ 
ဇူလိုင် ၁ ရက်တွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ပထမအကြိမ် သတ္တမပုံမှန် အစည်း အဝေးများ သြဂုတ် ၂၉ ရက် တွင် ပြီးစီးခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ဥပဒေ ၁၆ ခုကိုလည်း ပြည်သူများအကျိုး အတွက် ပြဋ္ဌာန်းနိုင်ခဲ့သည်။ 

လွှတ်တော်အစည်းအဝေးကာလအတွင်း တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်သားကိုယ်စားလှယ်အချို့သည် အစည်းအဝေးပြီးပြီးခြင်း နောက်တစ်ရက်တွင် တပ်မတော် အတွင်း တဆင့်မြင့်ရာထူးများ တိုးမြှင့် ရရှိခဲ့ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

တဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသော တပ်မတော်သားကိုယ်စားလှယ်အချို့သည် လွှတ်တော်အတွင်း တိုင်းပြည်  နှင့် ပြည်သူအတွက် အကျိုးရှိစေသော   ဆွေးနွေးချက်များကို ရဲရဲဝံ့ဝံထဆွေးနွေးခြင်း၊ အကြံပြု ချက်များတင်သွင်းခြင်း တို့ကြောင့် တဆင့်မြင့်ရာထူးများ ချီးမြှင့်ခြင်း ခံရခြင်းဖြစ်ကြောင်း နေပြည်တော်မှ သိရှိရသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း   ထိုင်နေယုံသက်သက် မဟုတ်ဘဲ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးရှိစေမည့် အကြောင်းအရာများကိုလိုအပ်လျှင် ဆွေးနွေးကြခြင်း၊ တိုင်းပြည်အပေါ်အမှန်တကယ်အကျိုးရှိစေသည့်ဥပဒေများကို ထောက်ခံအားပေးခြင်းများ ပြုလုပ်ခဲ့သည်ကို ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးက သက်သေပြခဲ့သည်။

New Myanmar News

ပရဟိတစိတ်ဓါတ် ရှိစေချင်

ဒီသြဂုတ်လဟာမြန်မာနိုင်ငံရဲ့ကြယ်ပွင့်တွေကြွေတဲ့လလို့ဆိုရပါမယ်။ နိုင်ငံကျော် စာရေးဆရာတွေ၊ကဗျာ ဆရာတွေ၊တေးသံရှင်တွေ ကြွေလွင့်ခဲ့ တဲ့လဖြစ်ပြီး ၈၈၈၈အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် လဲဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီလထဲမှာ သတင်းတွေများစွာရှုပ်ထွေးသလို အမေ ရိကန်ကလဲ ဆီးရီးယား ကိုတိုက်မယ်၊ခိုက်မယ်နဲ့ သတင်းတွေတော်တော်ဗလောင်ဆူတဲ့ လလို့ သတ်မှတ်ရပါမယ်။ အဲ့ဒီဗလောင်ဆူ တဲ့ သတင်းတွေကြားမှာ ကျနော်တွေ့ တာလေးတစ်ခုပြောချင်လို့ ဒီဆောင်းပါးလေးရေးလိုက်ပါတယ်။


       

ဟိုတစ်လောက်ကသတင်းတစ်ခုတွေ့ တယ်။၈၈မျိုးဆက်အနေနဲ့ စာရင်းရှင်းတမ်းမှာသိန်း၁၈၃၆ ရရှိပြီး သိန်း၁၃၀၀အသုံးပြုပြီး သိန်း၅ရာကျော်ကျန်သေးကြောင်း ၈၈မျိုးဆက် ကိုမြအေး စာရင်းရှင်း ထား တာတွေ့ရ တယ်။ အဲ့ဒီသိန်း၁၃၀၀ကုန်မယ့် ပွဲကိုဘယ်လိုပုံစံမျိုး ကျင်းပတာလဲ ဆိုတာ စိတ်ဝင်စားစရာ။ ကျန်တဲ့  ၅ ရာကျော်ကို လဲလှူမယ်၊ တန်းမယ်၊ ကူညီမယ်သာပြော ထားတာ။ ဘာမှမဘာရသေး။ ထားပါ။ အဲ့တာ ထောက်ပံ့ကြေးတွေနဲ့ လုပ်တာဆိုတော့ ဘယ်လို လုပ်လုပ်ပေါ့လို့ပြောလို့ ရမယ်။ ဒါပေမယ့် လှူတဲ့သူကတော့စေတနာကို အရင်းခံပြီး လှူတန်း ထောက်ပံ့ပေးထားတာ အလကား ဖြုန်းတီး ပစ်မယ့်အစား အများအကျိုးရှိအောင် ဒုက္ခရောက်နေသူတွေကို ကူညီစေချင်တယ်ဗျာ။ ဒါပေမယ့် သူတို့ စာရင်းရှင်းတာ လေနဲ့ပဲရှင်းတာဆိုတော့ အချိန်တန်ရင်သုံးရင်းဖြုန်းရင်းကုန်မယ်လို့ ပဲ ထင်ပါတယ်။

နောက်တစ်ခု ထပ်တွေ့ တဲ့သတင်းတစ်ခုက တပ်မတော်သားများနှင့်ပါရမီဖြည့်ဖက်များ ဂရုတစ် ခုက သူတို့ ရဲ့ စာရင်းရှင်းတမ်း အလှူငွေစာရင်းထွက်လာတယ်။ကျပ်သိန်း၁၅၀ကျော်လှူတန်းပြီး သွားပြီ။ ဘယ်နိုင်ငံ အဖွဲ့ အစည်းကမှ ထောက်ပံ့ကြေးမရဘဲ လှူထားတယ် ဆိုတာ သိရတယ်။ စိတ်ထဲ မှာ တော်တော်စဉ်းစားစရာဖြစ်ခဲ့ပါတယ်။ ဘာမှထောက်ပံ့ကြေး မရတဲ့ တပ်မတော်သားတွေတောင် သူတို့ ဟာသူတို့ ရတဲ့လစာလေးနဲ့ စုစည်းပြီး အများအကျိုး သယ်ပိုးနေတာသိန်း ၁၅၀ကျော်တောင် လှူတန်းပြီးသွားပြီ။ ထောက်ပံ့ကြေးတွေယူလိုက်၊ပွဲတွေလုပ်ပြီး ယူလိုက်နဲ့ လုပ်နေတဲ့ ၈၈မျိုးဆက်တွေ လှူတန်းထားတာ ဘယ်မှာလဲ။ဘာမှမတွေ့ ရ။နှိုင်းလို့ မသင့်ဘူးဆိုတာတော့သိပါတယ်။ ဘာလို့ဆို စိတ်ဓါတ်ချင်းတော်တော်ကွာနေလို့ ပါ။


       
                                                                                                                                 
တကယ်လဲ လေးစားစရာပါ။ တပ်မတော်သား မိသားစုတွေရဲ့  စေတနာနဲ့ စည်းလုံးမှု ကိုတော့ မလေးစားပဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ ရပါတယ်။ကျနော်ဟာ ပြင်ပစီးပွားရေးလုပ်နေပေမယ့်ဝန်ထမ်းထဲမှာလဲ သူငယ်ချင်းတွေ တွေ့ နေတော့ သူတို့ လိုလခစားဝန်ထမ်းတွေရဲ့ သဘောသဘာဝကို နားလည်ပါတယ်။ ဒါပေမယ့် အဲ့လိုတွေကြားထဲကနေ အကူအညီ အလှူအတန်းလုပ် ကိုင်နေကြတဲ့ အနာဂတ် ရဲ့ မျိုးဆက်သစ်တွေကို ချီးကျူး ဂုဏ်ပြုပါတယ်။ လူတွေထင်နေကြတာက အစိုးရကို အတိုက်အခံလုပ်မှ နိုင်ငံရေးလုပ်တယ်လို့ ထင်နေကြတယ်။ အဲ့တာ ကျနော့်အမြင် တော့ပါးစပ်နိုင်ငံရေး၊ လုပ်စားနိုင်ငံရေး သမားတွေပေါ့ဗျာ။ အခုလို လိုအပ်တဲ့နေရာမှာလိုအပ်သလို ကူညီဖေးမခြင်းဟာ ပါးစပ်နိုင်ငံရေး၊ လုပ်စားနိုင်ငံရေးသမားတွေနဲ့ ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။ အဓိကကတော့ ပရဟိတစိတ်ဓါတ် ပါပဲ။

မိမိတို့ အတွက်၊ မိမိတို့ နာမည်ရရေးအတွက် ပါးစပ်ကနေ အလုပ်လုပ်နေကြသော ၈၈ မျိုးဆက် ကျောင်းသားဆိုသူတွေကိုတော့ အမှန်တကယ် အတ္တသမားတွေလားလို့ မေးလိုက်ချင်ပါတယ်။ အရင်က ဆို မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ပီဆို ရှေ့ ကနေ ဟောင်ပွာဟောင်ပွာ။ ဒီနောက်ပိုင်း လဲ ရောက်ရော အကျင့်တွေ ပေါ်လာတော့တာပဲ။ဘင်္ဂလီကိစ္စမှာ ဘာအသံမှ ထွက်မလာတာ သာကြည့်ပေတော့။ ဘယ်လောက်တောင်ဘင်္ဂါလီတွေဆီကစားထားတာ နင်နေကြသလဲဆိုရင်။

အစိုးရက သူ့လမ်းသူ လမ်းကြောင်းဖြောင့်အောင်သွားနေတော့ လုပ်စားဖို့ ၊ဟောင်ပွာဟောင်ပွာ လုပ်ဖို့ က အခွင့်အရေးမရ။ အဲ့တော့ ပွဲတွေလုပ်။ နိုင်ငံခြားတွေသွား။ဟိုတောင်းဒီတောင်းပေါ့။ အခုလဲ နိုင်ငံခြားလေ့ လာရေး ဆိုလား။ဘာဆိုလားပဲ သွားအုံးမယ်တဲ့ ။အရင်က ပြည်သူ့ အတွက် ဆိုပြီးအသံကောင်းတွေ လွှင့်နေတဲ့ ၈၈။ အခုတော့ ပြည်သူ့ အတွက်ဘာလုပ်ပေးနိုင်သလဲ။ ဘာတွေကော လုပ်ပေးပြီးပြီ လဲ။ ကျနော်တို့ အဖွဲ့ က ပြည်သူ့ အတွက် အစိုးရကို ကန့်လန့် တိုက်ပေးပါ့မယ်ဗျ ဆိုတာမျိုးတော့ လာမလုပ်နဲ့ ။ အဲ့လိုတော်ကီတွေက ၈၈ မျိုးဆက်ကို အားကျပါတယ် ဆိုတဲ့  နလပိန်းတုန်းတွေ ကို ပဲရ မယ်။ ၂၀၁၃ ရောက်နေပြီ။ပြည်သူတွေလဲ အသိဥာဏ်ကြွယ်နေကြပြီ။

၈၈ ရဲ့ မဟာဗျူဟာအရ အစိုးရကို အတိုက်အခံလုပ်ပြီးနာမည်ယူမယ်ဆိုတဲ့ ဗျူဟာ ပြောင်းပြီး ပြည်သူ့ အတွက် အကျိုးရှိမည့်အလုပ်များပြုလုပ်ပြီးနာမည်ယူကြပါ။ လက်တွေ့ တိုင်းပြည်အတွက် အလုပ် လုပ်ပေးနေကြ တဲ့ တပ်မတော်သားတွေကို အတုယူကြပါလို့ တိုက်တွန်းချင်ပါတယ်။

Min Thu

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဆင်းကတ်များ ချထားပေးပြီးနောက် အင်တာနက်ဆိုင်တချို့ စီးပွားရေးအရ ပိတ်သိမ်းမှုများ ရှိလာ



ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ်များ ချထား ပေးပြီးနောက် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အင်တာနက်ဆိုင် တချို့ စီးပွားရေးအရ တွက်ခြေမကိုက် သဖြင့် ပိတ်သိမ်းမှုများ ရှိလာကြောင်း သိရသည်။


ငွေကျပ် နှစ်သိန်းတန်ဖုန်း စတင် ချထားပေးပြီး နောက်ပိုင်းမှ စ၍ အင်တာနက် ဆိုင်တချို့ ရပ်တည်ရန် ခက်ခဲလာကြောင်း ၊ ငွေကျပ် တစ်သောင်းဖြင့် ဖုန်း အင်တာနက် လျှောက်ထား နိုင်သဖြင့် ဆိုင်သို့ တကူးတက လာရောက် အသုံးပြုသူ နည်းပါး လာကြောင်း ၊ ၀န်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်မှု နှင့် ပုံမှန် အသုံးပြုသူ ရရှိထားသော ဆိုင်တချို့သာ ဆက်လက် ရပ်တည် နိုင်ကြောင်း သိရသည်။


" အခုဆိုရင် တန်ဖိုးနည်း ဖုန်းတွေ ချထားပေး နေတော့ လူအတော်များများ က ဖုန်းကိုင် လာနိုင်ကြတယ် ၊ ဖုန်း အင်တာနက် ကလည်း လျှောက်ရတာ လွယ်ကူပြီး သက်သာတော့ ဆိုင်လာပြီး အသုံးပြု တာမျိုးက တဖြည်းဖြည်း နည်းလာတာပေါ့ ၊ တချို့ဆိုင် တွေက တွက်ခြေ မကိုက်လို့ ပိတ်ကြတယ် ၊ တချို့ကလည်း ဂိမ်းဆိုင် အဖြစ် ပြောင်းလိုက် ကြတယ် ၊ ဂိမ်းနဲ့ အင်တာနက် တွဲလိုက်တော့ ဘာပဲ ပြောပြော တစ်ခုတည်း နဲ့ စာရင်တော့ လူပိုဝင် တာပေါ့ .... " ဟု အင်တာနက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ခဲ့သည်။



လက်ရှိ လူငယ် အများစုသည် အင်တာနက် အသုံးပြုရုံ သက်သက်ဖြင့် ဆိုင်သို့ လာရောက်သူ နည်းပါးကြောင်း ၊ DOTA-2 ကဲ့သို့ အွန်လိုင်းဂိမ်း များ ဆော့ရန်အတွက် လာရောက် အသုံးပြု ကြကြောင်း ၊ ထို့ကြောင့် ဂိမ်း နှင့် အင်တာနက် နှစ်ခုတွဲဖွင့်မှသာ အင်တာနက် ဆိုင်များ အတွက် တွက်ခြေ ကိုက်မည် ဖြစ်ကြောင်း B-Net အင်တာနက်ဆိုင် မှ မန်နေဂျာ က သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် သို့ အဓိက လာရောက်သူများမှာ သမိုင်းဆိုင်ရာ သုတေသီ အများဆုံး ဖြစ်ကြောင်း သိရ



ကရင်ပြည်နယ် ရှိ ရှေးဟောင်း ဘုရားစေတီ များကို ဂူကြီးများအတွင်း ထုလုပ်ထားခဲ့မှု များသည် လွန်ခဲ့သော အေဒီ ၇ ရာစုအတွင်းက ထုလုပ်ထား ခဲ့သည် ဆိုသော သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် များကို လာရောက် လေ့လာသော သမိုင်း သုတေသီများမှာ ကရင်ပြည်နယ် သို့ လာရောက်ကြပြီး ပြင်သစ် ပညာရှင်များ အဓိက လာရောက် ကြကြောင်း ကရင်ပြည်နယ် ၏ ရှေးဟောင်း ဘုရားများကို စောင့်ရှောက်နေ သူတစ်ဦးဖြစ်သူ ဆရာကြီး မောင်မောင်ကြည် က ပြောကြားခဲ့သည်။


ကရင်ပြည်နယ်တွင် ကော့ကွန်းဂူ ၊ ရသေ့ပျံဂူ များမှာ ရှေးမွန်ကျောက်စာ များအပါအဝင် ရှေးဟောင်းဂူကပ် ဘုရားရုပ်တုတော် များရှိသောကြောင့် နိုင်ငံတကာ သမိုင်း သုတေသန များ အများအပြား လာရောက် ကြသော နေရာဖြစ်ပြီး သမိုင်းဆိုင်ရာ စာတမ်းများရေး သားထုတ်ဝေ နိုင်ရန် တိုင်းရင်းသားများ နှင့် သမိုင်းဆိုင်ရာ အချက်အလက် များရရန် ကရင်ပြည်နယ် သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။


ကရင်ပြည်နယ်တွင် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ် များစွာရှိနေပြီး ကော့ကွန်းဂူမှာ ၇ ရာစုနှစ် လောက်က ကျောက်စာများ ပါရှိနေပြီး အခြားသော ထုံးကျောက်ဂူ များတွင်လည်း ရှေးဟောင်း လက်ရာ အများအပြား ကျန်ရှိ နေနိုင်သေးပြီး လေ့လာမှုများ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း သိရသည်။



ကရင်ပြည်နယ်သည် နိုင်ငံတကာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်သော ဒေသကြီးဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် နယ်စပ်မြို့ကြီး နှစ်မြို့ထိစပ်နေမှု များကြောင့် နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ရာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက် လည်ပတ်ရန် အကောင်းဆုံး အနေအထား တွင်ရှိနေပြီး ကရင်ပြည်နယ် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ အများအပြား ရရှိနိုင်သော အခြေအနေ တွင် ရှိကြောင်း သိရှိရသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

From : .. the voice

ပြည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားတိုင်းသည် မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက် တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည် ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပေးပို့ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ က ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့ ထားခြင်း ဖြစ် သည်။

အဆိုပါဥပဒေကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးခဲ့သည်။

ယင်း ဥပဒေနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဆိုသည်။



.


ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး




လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်းအချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .


ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော
အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ
ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက်
ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ
ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .
အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .

အချစ်က နုပျိုစေနိုင်တယ်
အချစ်က အသက်ရှည်စေနိုင်တယ်
အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
အချစ်က သွေးတိုးကာကွယ်ပေးတယ်
အချစ်က နှလုံးအတွက် ကောင်းစေတယ်
အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
အချစ်က ညဏ်ကောင်းစေတယ်
အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .
အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို
ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်
ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

ကိုးကား

နုမြတ် (ဆေး -၁) (အာရောဂျံ)

အမျိုးသမီးပါးကို ဓားဖြင့်ခြစ်မှုအတွက် ၅ ဦးကို ဖမ်းဆီး


ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊ (၄၆)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးက ဆိုက္ကားအားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့်
ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊ (၁၀)တောင်၊ သာကေတမြို့နယ်၊
ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊ (ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ
ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက်
ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊

လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့က ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းမပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့်
အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊

လှဌေးက ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးကငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီ

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀

ပြည်ပဆားများ ပြည်တွင်းသို့ ၀င်ရောက်မှု များပြားလာသဖြင့် ပြည်တွင်းဆားဈေးကွက် အခြေအနေ ယိုင်နဲ့နေ





ပြည်တွင်း ဆားထုတ်လုပ် သူများသည် အိမ်နီးချင်း နိုင်ငံများမှ ထုတ်သော အရည်အသွေးမြင့် ဆားများကို မယှဉ်ပြိုင် နိုင်သဖြင့် ဆားထုတ်လုပ်ငန်း ကွယ်ပျောက်လု နီးအခြေအနေ နှင့် တွေ့ကြုံ နေရကြောင်း သိရသည်။


ပြည်တွင်း ဆားဈေးကွက်သို့ ထိုင်းနိုင်ငံ ၊ အိန္ဒိယနိုင်ငံ တို့မှ အရည်အသွေးမြင့် ဆားဈေးများ ပြည်တွင်း ဈေးကွက် သို့ တင်သွင်း နေသည့် ဆားများမှာ လူကြိုက်များပြီး ပြည်တွင်းဖြစ် ဆားများမှာ မယှဉ်နိုင် ကြောင်း သိရသည်။အဆိုပါ ဆားဈေးနှုန်း ကွာခြားခြင်းမှာ ပြည်တွင်းရှိ ဆားထွက်ရာ ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ရှိ ဆားလုပ်ကွက်များ မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလမှစ၍ ယခုအချိန်ထိ ယခင် လုပ်ကိုင် နေသည့် လူများထဲမှ အနည်း အကျဉ်းသာ ဝင်ရောက် လုပ်ကိုင်နေပြီး ယင်းသို့ လုပ်ကိုင် နေသည့် သူများမှာ နည်းပညာ အခက်အခဲ များကြောင့် ဆားဈေးကွက် ကို မယှဉ်ပြိုင် နိုင်ဘဲ အခက်များနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

ယခုအချိန်တွင် ဆားလုပ်ကွက် ဧက တစ်သောင်းကျော် ရှိသည့်အနက် ၁၇၁ ဧက လောက်သာ လုပ်ကိုင် နေခြင်းတို့ကြောင့် ယခင် ဆားလုပ်ငန်း ကို မှီခို လုပ်ကိုင် သူများမှာ မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။

" ကျွန်တော်တို့ ဆီမှာ ဆားလုပ်ကွက် အများကြီး ရှိပါတယ် ၊ နာဂစ် မုန်တိုင်း အပြီး ရာသီဥတု ဆိုးဝါးသဖြင့် ဆားထွက်ရှိမှု ကလည်း လျော့ကျ သွားပါတယ် ၊ လုပ်တဲ့ သူတွေလည်း သိပ်မလုပ် နိုင်ဘူး ၊ အခုလို ဖြစ်တော့ ပြည်ပလုပ် ဆားများ ၀င်ရောက် လာခဲ့ပြီး ဒီဆားတွေကို ဘယ်လိုမှ မကျော်နိုင်ဘူး ... " ဟု မြန်မာ ဆားလုပ်ငန်း ကြီးကြပ်သူ ဦးအုန်းသန်း က ပြောကြား ခဲ့သည်။

ထိုသို့ ဆားဈေးကွက်များ ကျဆင်းနေမှုကို ပြင်လည် မြှင့်တင်ပေးရန် သတ္ထုတွင်း ၀န်ကြီးဌာန သို့တင်ပြကာ စက်မှု နည်းပညာ များကို ပံ့ပိုး ကူညီ ဆောင်ရွက် ပေးစေရန် တင်ပြထားကြောင်း ယင်းမြို့နယ်ရှိ ဆားလုပ်ငန်းရှင် များက ပြောကြားကြောင်း သိရှိရသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင်ဆိုင်နေရ


ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာအသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတုအခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှအမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူတည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေးလှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရမှုဖြစ်စဉ်၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News Journal

မြန်မာပြည်တွင်းသို့ တရုတ်ပြည်မှ မှောင်ခိုလမ်းကြောင်းဖြင့် ၀င်ရောက်လာသည့် ကြက်ဥများ သားဖောက် မွေးမြူမှုများရှိနေ


မြန်မာပြည် တွင်းတွင် တရုတ်ပြည်မှ တရားမဝင် မှောင်ခို လမ်းကြောင်းမှ ဝင်ရောက် လာသည့် ကြက်ဥများကို သားဖောက် မွေးမြူမှုများ ပြုလုပ်နေကြောင်း ကြက်မွေးမြူရေး လုပ်ငန်းရှင် များထံက သိရသည်။


မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် တရုတ်ပြည်မှ ကြက်ဥများကို တရားမဝင် မှောင်ခို လမ်းကြောင်း များမှ ဝယ်ယူ၍ သားဖောက် မွေးမြူမှုများ ရှိနေသည်ဟု ဒေသခံများ နှင့် ကြက်မွေးမြူ ရေးစီးပွားရေး လုပ်ငန်းရှင် များထံက သိရသည်။ မြန်မာပြည် တွင်းသို့ ပြည်ပနိုင်ငံများ မှ ကြက်သားပေါက် များနှင့် မျိုးကြက်ဥ များ တင်သွင်းမည် ဆိုပါက တင်သွင်း မည့်နိုင်ငံမှာ အနည်းဆုံး သုံးလခန့် ကြက်ငှက် တုပ်ကွေး ရောဂါကင်းရှင်း သည့် ထောက်ခံချက် ရှိရမည် ဆိုသည့် သတ်မှတ်ချက် ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။


" တရုတ်နိုင်ငံ မှာကလည်း ကြက်ငှက် တုပ်ကွေးက ဖြစ်နေတာ ၊ ဒီကို တရုတ်နိုင်ငံ ကနေ ကြက်ဥ ကြက်သားပေါက် တွေ ဝင်နေတယ် ဆိုရင် လည်း တရားမဝင် လမ်းကြောင်းကပဲ ဖြစ်မယ် ၊ ဘာလို့လည်း ဆိုတော့ ဒီကို ကြက်ဥ ၊ ကြက်သားပေါက် တွေထပ်ပို့ ရင် အဲဒီနိုင်ငံက အနည်းဆုံး သုံးလ ကြက်ငှက် တုပ်ကွေး ကင်းရှင်းတဲ့ နိုင်ငံ ဖြစ်ရမယ် ... ''ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာလှလှသိန်း က ပြောကြား ခဲ့သည်။


မိမိအနေဖြင့် အတည်ပြုချက် မပေး လိုသော်လည်း မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ တရုတ်ပြည်မှ ကြက်ဥများ တင်သွင်း၍ သားဖောက် မွေးမြူသည့် သတင်းများကို ကြားနေ ရကြောင်း ၊ ယင်း တရုတ်ပြည်မှ ကြက်ဥများ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက် မည်ကို စိုးရိမ်၍ တာဝန်ရှိ သူများနှင့် ညှိနှိုင်းပြီး စီမံချက် ရေးဆွဲ ဆောင်ရွက် နေကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ '' ရန်ကုန်တိုင်း ဒေသကြီး ကို ရှမ်းပြည်နယ် က ကြက်ဥတွေ ဝင်တယ် ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ထောက်ခံချက်ပါမှ တင်သွင်းခွင့် ပြုမယ် ၊ အခု ရန်ကုန်တိုင်း ဒေသကြီး အတွင်းက ကြက်တွေက တရုတ်ပြည်က ကြက်တွေလုံးဝ မဟုတ်ပါဘူး လို့ ပြောချင်ပါတယ် ...''ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။



အသားတိုးကြက် ထုတ်လုပ်ရောင်းချ မွေးမြူ သူများ အသင်းမှ စာရင်းဇယား များအရ ဇန်နဝါရီလ တစ်လလုံးတွင် မြန်မာ တစ်နိုင်ငံလုံး အတွက် ကြက် ၂ ဒသမ ၆ သန်း မွေးမြူ ထုတ်လုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။

တော့ရက်စ်ကို ခေါ်ယူရန် စီစဉ်နေသည့် လီဗာပူးလ်


လီဗာပူးလ်အသင်းသည် ချဲလ်ဆီးအသင်း တိုက်စစ်မှူး တော့ရက်စ်ကို
ပြန်လည်ခေါ်ယူရန် တိတ်တဆိတ် စီစဉ်နေကြောင်းသိရသည် ။ အသက်
( ၂၉ )နှစ် အရွယ်ရှိ တော့ရက်စ်သည် ချဲလ်ဆီးအသင်းသို့ ၂၀၁၁ ခုနှစ်တွင်
လီဗာပူးလ်အသင်း မှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ( ၅၀ )ဖြင့်
ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည် ။ 

တော့ရက်စ်ကလည်း ယခုနှစ် နွေရာသီ အပြောင်းရွှေ့ကာလတွင် အသင်းသို့
အန်ဇီအသင်းမှ တိုက်စစ်မှူး အီတူး ရောက်ရှိလာသလို လူကာကူသည်
လည်း ၀က်စ်ဘရွန်းအသင်းမှ အငှားစာချုပ် သက်တမ်းပြည့်ပြီး ပြန်လည်
ရောက်ရှိလာသောကြောင့် ၎င်း၏ အနာဂတ်ကို စိုးရိမ်နေပြီး အသင်းတွင်
မပျော်ရွှင်ဖြစ်နေကာ အသင်းပြောင်းရွှေ့ရန် စီစဉ်နေသည် ။ တော့ရက်စ်ကို
လီဗာပူးလ်အသင်း အပြင် စီးရီးအေ ကလပ်များဖြစ်ကြသည့် ဖီအိုရင်တီးနား
နှင့် နာပိုလီအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည် ။ 

လီဗာပူးလ်အသင်းသည် ယခုနှစ်နွေရာသီ အပြောင်းရွှေ့ကာလတွင်
အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး ဆွာရက်ဇ်၏ နေရာတွင်
အစားထိုးရန်အတွက် တော့ရက်စ်ကို ပေါင် ( ၁၈ )သန်းဖြင့် ကမ်းလှမ်းရန်
စီစဉ်နေ ခြင်းဖြစ်သည် ။

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ

From : ..voa

.
မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။
မိတ္ထီလာမြို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း၊ အင်ကုန်း အဲ့တာရှိတယ်။ နောက် ဆက်သွယ်ရေးရိပ်သာမှာ ဘာသာပေါင်းစုံနဲ့ တွေ့ဆုံ တယ်။ ဆွေးနွေးတာကတော့ အားလုံး အတူတကွနေတာမြင်ရတာ သူလည်းဝမ်းသာတယ်လို့ပြောတယ်။ "

မိထ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုနဲ့ အစ္စလာမ်ဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုရှိတာ ဖြစ်ပြီး ဗုဒ္ဓဘာသာစခန်းတွေမှာ လူငါးရာလောက်နဲ့ အစ္စလာမ်ဘာသာ စခန်းတွေမှာတော့ လူသုံးထောင်လောက်ရှိနေတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီးယားမှာ ဒီကနေ့ညနေငါးနာရီခွဲမှာတော့
မိတီလာမြို့ကနေ နေပြည်တော်ကို ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ အပါအ၀င် ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာကိုလည်း သွားရောက်ပြီး လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
KIO ဌာနချုပ်လိုင်ဇာကိုလာရောက်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေနဲ့ IDPလို့ ခေါ်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေကို လာရောက်လေ့လာတဲ့သဘောလို့ KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မေလ ၂၈၊ ၃၀က ယူအန်ကိုယ်စားလှယ်ပါပြီးတော့ ကျနော်တို့ ခုနှစ်ချက် သဘောတူညီချက်ပေါ့နော်။ သဘောတူညီထားတဲ့ဆိုတော့ အဲ့ဒီ့နောက်ဆက်တွဲအနေနဲ့ ဘယ်အဆင့်အထိ ပြင်ဆင်မှုတွေရှိပြီလဲပေါ့။ တိုးတက်မှု ဘယ်လောက်အထိ ရှိပြီလဲဆိုတာ သူလည်း သိချင်တဲ့ သဘောပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အခုညှိနှိုင်းဆွေးနွေးရေးခြေလှမ်း ကို ရှေ့ကို ပိုပြီးတော့ သွားစေချင်တယ်။ ဆိုတော့ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့်ဟာတွေကိုလည်း ကြားအနှောင့်အယှက်တွေကြောင့် မရပ်သွားစေချင်ဘူး။ ပြီးတော့ ဒုက္ခသည်တွေကို စိုးရိမ်ပူပင်မိတဲ့အတွက် ကူညီထောက်ပံ့မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေပေါ့။ ဆိုတော့ အားလုံးခြုံငုံလာတဲ့သဘောပါ။"

မစ္စတာနမ်ဘီယားဟာ မေလ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့သုံးသပ်တာကတော့ ဘာပဲဖြစ်ဖြစ်လေ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုလို လာတွေ့တယ်ဆိုတော့ ကျနော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အဲ့တာနဲ့ပတ်သက်ပြီးတော့မှ အလားအလာကောင်းတယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။"

မစ္စတာနမ်ဘီးယားရဲ့ မိတ္ထီလာ ခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ခရီးစဉ်မှာတော့ KIO ဌာနချုပ်လိုင်ဇာကို သွားရောက်ခွင့် မရခဲ့သလို မိတ္ထီလာမှာ လူထုက ဆနပြခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်မလေ့လာနိုင်ခဲ့ပါဘူး။

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော



မ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက်လိမ့်မည်ဟု ဖော် ပြခဲ့သည်။

ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော် မှန်းသောအကျိုးဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလသမဂ္ဂသဘောတူညီမှုမပါ ဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိသည်ဟုဆိုကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာက ဝါရှင်တန်သည် ပြတ်သား သောနိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေး အရ အလောတကြီးအလျင်အ မြန်လုပ်ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။

စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက် များ ဆီးရီးယားသို့ ထောက်ပံ့ ပေးနေသည်ကိုလည်း ထည့်တွက် ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီးစွာ ချဉ်းကပ်၍ ကုလသမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ တရုတ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထား သည်။ တရုတ်က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။

Yangon Media Group

ဖိလစ်ပိုင်သမ္မတကို မလာနဲ့လို့ တရုတ်ပြော




တရုတ်နိုင်ငံဆီ ရှေ့သီတင်းပါတ်သွားရောက်ဖို့ ရှိတဲ့ ဖိလစ်ပိုင်သမ္မတ
Benigno Aquino ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ တရုတ်ဖက်က
တောင်းဆိုခဲ့ တယ်လို့ ဖိလစ်ပိုင်က ပြောလိုက် ပါတယ်။ တောင်တရုတ် ပင်လယ်ထဲကရေပိုင်နက် အငြင်းပွားနေတဲ့ ကိစ္စ နဲ့ ပါတ်သက်လို့ တရုတ်က ခုလို
လုပ်လိုက်ပုံ ရပါတယ်။
ပိုပြီးကောင်းမွန်တဲ့ အချိန်အခါကျမှလာရောက်ဖို့ တရုတ် အစိုးရဘက်က ပန်ကြားခဲ့ပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်း နန်နင်းမြို့ မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲကို သမ္မတ Aquino မတက်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက် ပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်တဲ့ နှစ်ပါတ်လည် ကုန်စည်ပြပွဲကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Gregory Domingo ကိုပဲ ဖိလစ်ပိုင်က စေလွှတ် မှာဖြစ်ပါတယ်။
ဒီပွဲတက်ရောက်ဖို့ သမ္မတ Aquino ကို တရုတ်ဘက်က
ဘယ်တုန်းကမှ ဖိတ်ကြားခြင်း မပြုခဲ့ဘူးလို့ တရုတ် နိုင်ငံခြားရေးဌာနက
ပြောပေမဲ့ နောက်ထပ် အသေးစိတ်ကိုတော့ ပြောခြင်း မရှိပါဘူး။
တောင်တရုတ် ပင်လယ် ထဲက ဗြူဟာမြောက်ပြီး အရင်းအမြစ်တွေ ကြွယ်ဝတဲ့နေရာ ကို သူပိုင် ကိုယ်ပိုင်ဖြစ်တယ် လို့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား အငြင်းပွားနေတာပါ။
ဒီအငြင်းပွားမှုကို ဖြေရှင်းပေးဖို့ ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်း ဆိုင်ရာ နိုင်ငံတကာခုံရုံးကို ဖိလစ်ပိုင်ဖက်က ပြီးခဲ့တဲ့နှစ်က တင်ပြဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာ တရုတ်အစိုးရက အမျက်ဒေါသ ထွက်နေတာဖြစ်ပါတယ်။
Bruinei နိုင်ငံ မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ၊ ဒေသတွင်းက အင်အားကြီးနိုင်ငံတွေ၊ အမေရိကန် Australia စတဲ့ အာရှ Pacific ဒေသ နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေကြား စည်းဝေးပွဲ မှာလဲ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အာရှနိုင်ငံတွေကြား ရေပိုင်နက်ကြောင့်ဖြစ်နေတဲ့
တင်းမာမှုတွေ ကနေ နောက်ထပ် ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်တယ်လို့
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောပါတယ်။
By voa

သင့်ကွန်ပြူတာ အတွက်


ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။

စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။ ဘယ်ဘုတ်မှ အဆင်မပြေပါက မော်တော် ဘုတ် တပ်ကြည့်ပါ ။ အဆင်ပြေသွားနိုင်ပါသည်။

မိမိကွန်ပြူတာကို အခြားတစ်ဦး မကိုင်စေရန် system ပုံး ကိုသွားလေရာ ဖြုတ်ပြီး သယ်သွားပါ။ laptop ကွန်ပြူတာဆိုပါက စိတ်အချရဆုံးနည်းလမ်းမှာ သော့တပ်ပြီး ခတ်ထားပါ။ သတိ မူရင်းသော့ မပျောက်ပါစေနှင့်။

သစ္စာ ရှိတဲ့လူ


(ရင်ထဲကိုနင့်နေအောင် ခံစားမှုပေးစွမ်းနိုင်တဲ့ ပို့စ်ကောင်းတစ်ခုပါပဲ )
စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။


"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့

"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"

ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။

"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "

ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "

"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"

"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "

"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်။
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့ က ပြသာနာကိုအရမ်းအလေးမထားဖို့ ။

လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်။

အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။

ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။

"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ရတယ်။
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။
ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်
ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"

ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။

"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။

"အခုမင်းနားလည်နိုင်ပြီလား?။ သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"

"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"

"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။

"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။

ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။

"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"
သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

Translated by Ko AungYar Zar...

Virginity fraud အပျိုရည်ပျက်ခြင်း



မိန်း ကလေး တယောက် ကနေ အကျိုးတခုခုကို မျှော် ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့ ပြောလိုက် တာကို Virginity fraud အပျိုရည်- လိမ် တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အ ကျင့် လို့လဲ ခေါ် တယ်။

Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအ ဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်း အဝိုင်းမှာ တသဘော ထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြ တယ်။

Female virginity အပျိုစစ်မှုကို


1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။
2. Philosophical criteria ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။

လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။ Rape victim အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ Lesbian sexual activity မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။

ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊ မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို Marriage contract မင်္ဂလာဆောင် (ကန်ထရိုက်) စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ Techniques to simulate the bleeding သွေးအတု လုပ်နည်းတို့ Physical sensation of rupture စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။



Methods of detection ဘယ်လို စမ်းသပ်မလဲ -

1. Hymen restoration surgery အပျိုမြှေးကို ခွဲစိတ်ကုသပြီး ပြန်လုပ်ပေးထားသလား။ Vagina's general state of elasticity ပုံမှန်ရှိအပ်တဲ့ (ဗဂျိုင်းနား) ရဲ့ ကြုံ့နိုင်-ဆန့်နိုင်စွမ်း ရှိသလား-မရှိဘူးလား ဆိုတာတွေ စစ်တာကို လူမျိုးစု အတော်များများမှာ ဆရာဝန်တွေက လုပ်ရတာတော့ မဟုတ်ပါ။ အများလက်ခံတဲ့ အမျိုးလဲတော်တဲ့ အမျိုးသမီးကြီး တဦးဦးကနေ လုပ်ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တွေကို သုံးလာတာလဲ ရှိပါတယ်။ ဆေးလက်မှတ် ထုတ်ပေးဘို့ လိုတတ်လို့ပါ။

2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ Private detective တွေက မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။

အနောက်နိုင်ငံတွေမှာ Hymen replacement surgery အပျိုမြှေးပြန်လုပ်ပေးတာကို ဝေဖန်လာကြတယ်။ Medically unnecessary ဆေးပညာအရ မလိုအပ်ဘူးတဲ့။ လူတွေ အဲလို လိုက်လုပ်ကြတဲ့ Social practices အလေ့အထက မကောင်းဘူးလို့ ပြောတယ်။ သိတဲ့အတိုင်း ဒီနည်းကြောင့် အပျိုမဟုတ်သူတွေက အပျိုတု လုပ်လာပါတယ်။

ပြဿနာ များတာက မွတ်ဆလင်တွေမှာ ဖြစ်မယ်။ ၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။

၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ တရားရေးဝန်ကြီး Rachida Dati က အစိုးရကို အယူခံဘို့ အမိန့်ချလိုက်တယ်။ အယူခံတရားရုံးက အရင်အမိန့်ကို ပြောင်းပြန်လုပ်လိုက်တယ်။ လက်ထပ်တာမှာ အပျို စစ်-မစစ်ဟာ Essential condition မရှိမဖြစ် လိုအပ်ချက် မဟုတ်လို့ ချမှတ်ထာ ဖြစ်တယ်။

မိန်းကလေးက မုသားဆိုအုံးတော့ အိမ်ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။

ဆူဇူကီးလိုက်ထရပ် ကားတိမ်းရှောင်ရာမှ တစ်ဖက်ယာဉ်ကြောကျော်ပြီး ဟွန်ဒိုင်းလေအိတ်ကားနှင့်တိုက်


Friday, August 30, 2013

ကမ္ဘာ အေးဘုရားလမ်းနှင့် အင်လျားကန် ဟိုတယ်သွားလမ်းအနီးတွင် ယနေ့ မွန်းလွဲတစ်နာရီ ၁၅မိနစ်က ယာဉ် မတော်တဆတိုက်မှုဖြစ်ပွားခဲ့ သည်။
မင်္ဂလာဒုံအပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ခရီးသည်ကြိုဆို ရန်မောင်းနှင်လာသည့် ၆ဂ/--- ဟွန်ဒိုင်းလေအိတ်ယာဉ်ကြီးအား ဆူးလေဘက်သို့ မောင်းနှင်လာ သည့် Classic International ကုမ္ပဏီပိုင် ၃ဂ/---- ဆူဇူကီး ပစ်ကပ်ယာဉ်သည် မိမိယာဉ်ကြော ဘက်မှ ကားကိုတိမ်းရှောင်ရာမှ လမ်းချော်ပြီး တဖက်ယာဉ်ကြော မှ ဟွန်ဒိုင်းလေအိတ်ယာဉ်၏ ဘယ် ဘက်သို့သွားရောက်တိုက်မိခြင်း ဖြစ်သည်။

အဆိုပါယာဉ်မတော်တဆ မှုကြောင့် ၆ဂ/---ယာဉ်၏ ဘယ် ဘက်နောက်ကြည့်မှန်နှင့် ရှေ့ဘယ် ဘက်အချက်ပြမီးသီးကွဲပျက်ခဲ့ပြီး ၃ဂ/---ဆူဇူ ကီးလိုက်ထရပ်ယာဉ် ၏ ရှေ့လေကာမှန်၊ ဘယ်ဘက် တံခါးပြုတ်ထွက်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

Yangon Media Group

မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ









အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

ပထမ မဲအများဆုံးမှာ လူဇင်းဘတ်နိုင်ငံသူ Paulmier Heloise ပေါ်မိလာ ဟယ်လို့ဝစ် ဖြစ် သည်။ ဒီသတင်းရေးနေချိန်ထိ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၁ သိန်း ၉ သောင်း) နီးပါး ရရှိနေပြီး မခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၄ သောင်း) နီးပါး ရရှိနေသည်။

အိမ်နီးချင်း နိုင်ငံများမှ တရုတ်အလှမယ် Liu Qiang မှာ (၆၆)မဲ ၊ ဖိလစ်ပိုင်မယ် Mutya မှာ မဲ (၅ သောင်း)ကျော် ၊ ထိုင်းနိုင်ငံမှ အလှမယ် Thanyaporn မှာ မဲ(၅သောင်း)နီးပါး နှင့် ရုရှားအလှမယ် Yana မှာမဲ (၆ သောင်း)ကျော် ရရှိနေသည်။ မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ်ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက်တွင် ကြေညာမည် ဖြစ်သည်။

မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebookhttps://www.facebook.com/khinwint.wah.73 တွင် ဆော်သြ ထားသည် ။ အောက်ပါ Link ကိုနှိပ်ပြီး မခင်ဝင့်ဝါ၏ ဓါတ်ပုံကို ၂ချက်နှိပ်ဖွင့်ပါ။ ပုံအကြီး ပေါ်လာလျှင် အနီရောင် စာလုံး Голосовать ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ


ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး
မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်း
တွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်
ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့
တွင် ပြောကြားသည်။

အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်
ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Me
ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌
ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်
ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ
လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်
ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူ
တပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ
လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို
စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူး
တော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်
ဝင်ခန်းများ ကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်
လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို
့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်
ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။





Related Posts Plugin for WordPress, Blogger...