Sunday, August 25, 2013

မိုဘိုင်းလ်ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချမည်

အခြေခံအဆောက်အဦးများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထားပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး ယင်းအတိုင်းသာ ဆက်လက် ဖြန့်ချိမည် ဖြစ်ကြောင်း ဦးသောင်းတင်က ထပ်လောင်းပြောကြားသည်။

“ဒီလိုရောင်းတာ ဘယ်အချိန်အထိ ရောင်းမှာလဲဆို မလိုချင်တော့တဲ့ အချိန်အထိ ရောင်းသွားမှာပါ” ဟု ဦးသောင်းတင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ် ဆင်းမ်ကတ်များကို အကန့်အသတ်ဖြင့်သာ ဖြန့်ချိနေခြင်းကြောင့် သမ္မတဦးသိန်းစိန် သတ်မှတ်ပေးသည့် ၁၅၀၀ ကျပ် ဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အဆတစ်ရာနီးပါး ကွာဟနေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

မိုဘိုင်းလ် ဆင်းမ်ကတ်များ ပြင်ပဈေးနှုန်း မြင့်မားနေခြင်း၊ အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်ခြင်းတို့မှာ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေခြင်းကြောင့်ဖြစ်ပြီး အချိန်အနည်းငယ် သည်းခံစောင့်ဆိုင်းပေးရန် ဦးသောင်းတင်က တိုက်တွန်း ပြောကြားသည်။

ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကတ်များမှာ ပြင်ပပေါက်ဈေး ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ၁၅၀၀ တန် GSM ဆင်းမ်ကတ်များမှာမူ တစ်သိန်းနှစ်သောင်းကျပ် ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဖုန်းဆင်းမ်ကတ် အရောင်းအဝယ် ပြုလုပ်နေသူများက ဆိုသည်။

လစဉ် မိုဘိုင်းလ် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မဲစနစ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ပြီး လိုအပ်သည့် ဆက်သွယ်ရေးစခန်းများ တည်ဆောက်တပ်ဆင်ပြီးပါက အကန့်အသတ်မရှိ ရောင်းချပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားသည်။

The Voice Weekly

စက်မှုဇုန် မြေကွက် လေလံပစ်ဖို့ရှိ

ရန်ကုန်တိုင်းထဲက စက်မှုဇုန် မြေနေရာတွေကို ရင်းနှီးမြှုပ်နှံ လုပ်ငန်း လုပ်ကိုင် လိုသူတွေ အတွက် လေလံတွေ ဆွဲပေး တော့မယ်လို့ သိရပါတယ်။

ဘယ်စက်မှုဇုံက မြေကွက် တွေကို လေလံဆွဲမှာ ဖြစ်ပြီး ဘယ်တော့ လောက်မှာ လေလံဆွဲမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စက်မှု လုပ်ငန်း ရှင်များ အသင်းရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးမြင့်စိုးကို ဆက်သွယ် မေးကြည့်တော့ ရွာသာကြီး ဘက်မှာ ရှိတဲ့ အရှေ့ဒဂုံ စက်မှု ဇုန်မှာ ဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ လေလံပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမှာ ဧကကွက် ၂၈ ကွက်လောက် ရှိမှာ ဖြစ်ပြီး ကြမ်းခင်းဈေး အဖြစ်တော့ ၁ ဧကကို ကျပ် သိန်း ၇၀၀ လောက်နဲ့ စမယ်လို့ သိရပါတယ်။

လေလံဆွဲတဲ့ မြေကွက်တွေကို နှစ် ၃၀ ဌားရမ်း ပေးသွားမှာ ဖြစ်ပြီးနှစ် ၃၀ ပြည့်တဲ့ အခါမှာလည်း သက်တမ်း တိုးလို့ ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ လေလံပွဲက မြေကွက် တွေကို ပြည်တွင်း နိုင်ငံသား လုပ်ငန်း ရှင်တွေ သာမကဘဲ ပြည်ပက နိုင်ငံခြားသား လုပ်ငန်း ရှင်တွေပါ မည်သူ့ကို မဆို ဌားရမ်း ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

အရင်က စက်မှု ဇုန်တွေက ဂရန်တွေကို ကိုင်ထားပြီး တက်ဈေးရမှ ပြန်ရောင်း မြေကစား တာမျိုးတွေ ထပ်ဖြစ်မလာ နိုင်ဘူးလား ဆိုတဲ့ အခါမှာတော့ ဒီလို အဖြစ်မျိုးတွေကို ကာကွယ် နိုင်အောင်လို့ စည်းကမ်း ချက်တွေမှာ အသေးစိတ်ကို ပြောထားတယ်လို့ ဆိုပါတယ်။

လေလံဝင်ဆွဲဖို့ အတွက် ကျပ် သိန်း ၁၀၀ တင်ရမှာ ဖြစ်ကြောင်း၊ လေလံမအောင်မြင် ခဲ့ရင် ဒီငွေကို ပြန်ရနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ တကယ်လို့ လေလံ အောင်ခဲ့ရင် အဲဒီလေလံ အောင်တဲ့ ငွေပမာဏကို မပေး ချေရင်တော့ အဲဒီ သိန်း ၁၀၀ အသိမ်းခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲဒီလို လေလံအောင်ပြီး အချိန် တလ အတွင်းမှာ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ မှာ ဆောင်ရွက် ရမယ့် ကိစ္စရပ်တွေကို တင်ပြရမှာ ဖြစ်ပြီး၊ အဲဒီလို တင်ပြပြီးရင်တော့ စာချုပ် ချုပ်ဆိုပြီး ဌားရမ်းခွင့် ရှိတဲ့ နေရာမှာ ရက်ပေါင်း ၉၀ အတွင်း စက်မှု လုပ်ငန်းတွေ စတင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကိုတော့ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီက သတ်မှတ် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တခုက လေလံ အောင်မြင်တဲ့ သူဘက်ကလည်း မြေကွက်ကို စလက်ခံ ရရှိပြီးတဲ့ နေ့ကနေ အချိန်အားဖြင့် ၅ နှစ်အတွင်း အမည်ပြောင်းတာ၊ တခြားလူအမည်နဲ့ လုပ်ကိုင်တာမျိုး လုပ်လို့ မရဘူးလို့လည်း ပြောပါတယ်။

အဲဒီလို စည်းကမ်းချက် တွေကြောင့် အမှန်တကယ် မြေလိုအပ်ပြီး လုပ်ငန်း လုပ်ကိုင် လိုသူ တွေအတွက် သူတို့ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏကို ဘာသာ သတ်မှတ်ပြီး ဆောင်ရွက် နိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က မြန်မာ နိုင်ငံမှာ မြေဈေးတွေ အဆမတန် မြင့်မား နေလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ မဝင်ရဲ ဖြစ်နေကြတာက အခုလို လုပ်ပေးလိုက် တဲ့ အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်း တွေအရ မြေနဲ့ ပတ်သက်လို့ ရရှိနိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးပေး သလို ဖြစ်လာလို့ နိုင်ငံခြားသား တွေကလည်း ဒီအကျိုးကို ခံစား ရမှာ ဖြစ်ပြီး ရင်းနှီး မြှုပ်နှံသူ တွေအနေနဲ့ ဒီနည်းနဲ့ မြေဈေး မြင့်နေတာကို ရှောင်လွှဲ နိုင်မှာ ဖြစ်တယ်လို့ ယူဆတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ကားဘီးပေါက်၍ ယာဉ်တိမ်းမှောက်သဖြင့် လူ(၁၀)ဦးဒဏ်ရာရ

နေပြည်တော်၊ သြဂုတ် ၂၅

၂၃-၈-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၀၄/၇)နှင့်(၃၀၅/၀)ကြားတွင် မိတ္ထီလာမှ မန္တလေးသို့ ၀မ်းတွင်းမြို့နယ်၊ ကုက်္ကိုခါးလှရွာနေ မျိုးသူ(၃၈)နှစ် မောင်းနှင်သော ၁စ/xxxxဒိုင်နာအဖြူရောင်ယာဉ် သည် ၀ဲဘက်နောက်ဘီးပေါက်ပြီး လမ်းယာဘက်ဘေးမြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကုက်္ကိုခါးလှရွာနေ သန်းဦး(၁၈)နှစ်ပါ ၁၀ ဦးတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်၊ နဖူး ဖူးရောင်၊ ယာပခုံးနာကျင်၊ ယာမျက်ခုံးပေါက်၊ ၀ဲနားဖူးပွန်း၊ ၀ဲ/ယာနံဘေးအောင့်၊ ယာဒူးပေါက်ပြဲ၊ ၀ဲပါးပွန်းပဲ့၊ ခါးနာကျင်၊ ရင်ဘတ်နာကျင်၊ ၀ဲယာတံတောင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိသဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ မျိုးသူအား သီးကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် စစ်တပ်က ဧက ၄ သောင်းနီးပါး ပြန်ပေးပြီ



 တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာတခု ၊ ဓာတ်ပုံ- ဧရာဝတီ

ဒါပေမယ့် တပ်ပိုင်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးကြရာမှာ အခုတော့ တပ်ပိုင်မြေတွေထဲက ဧက ၃ သောင်း ၇ ထောင် ကျော်ကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။ 
  
လွှတ်တော်ကို တင်ပြလာတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ တိုင်စာ ၆၅၅ စောင်ထဲက  ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က တိုင်စာ ၆၀၁ စောင်ကို စိစစ်ပြီး အခုလို တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေ ဧရိယာတွေထဲက ဧကပေါင်း ၃၇၅၄၆.၉၆ ကို ပြန်လည် စွန့်လွှတ်သွားမှာဖြစ်တယ်လို့ ယမန်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိနေတဲ့ တပ်ပိုင်မြေတွေထဲက အခုလို ဧက ၄ သောင်း နီးပါးကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ်လည်း တပ်ပိုင်မြေတွေထဲက စိစစ်ပြီး ထပ်မံ စွန့်လွှတ်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 


အိမ့်သံစဉ် ~ ဧရာဝတီ

ရှေ့တွင် ယာဉ်စစ်ဆေးရေး အဖွဲ့များ ရှိနေသဖြင့် ပြန်လှည့်မောင်းနှင် ထွက်ပြေးသော ယာဉ်များအတွက် ယာဉ်တိုက်မှု ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်

ရန်ကုန် ၊ ၂၅-၈-၂၀၁၃
ယာဉ်အသုံးပြု သူများ၏ အသက် အန္တရာယ် ဘေးကင်း လုံခြုံမှု မမြဲရှိစေရန် အတွက် ယာဉ်စစ်ဆေးရေး အဖွဲ့များသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လမ်းညွှန် ကြီးကြပ်မှု များကို ခံယူ၍ နေ့စဉ် ယာဉ်သွား ယာဉ်လာ များသည့် နေရာများမှ ရှောင်တခင် ယာဉ်စစ်ဆေးမှု များပြုလုပ် လျက်ရှိရာ ယာဉ်အသုံးပြု တစ်ချို့သည် ရှေ့တွင် ယာဉ်စစ်ဆေးရေး အဖွဲ့များ ရှိသည်ဟု ဆိုကာ ယာဉ်အား စက်အရှိန်မြှင့်၍ တစ်ဟုန်ထိုး ပြန်လှည့် မောင်းနှင် ထွက်ပြေး လျက်ရှိကြောင်း စောင့်ကြည့် မှတ်တမ်းယူ သူများ၏ အဆိုအရ သိရသည်။
'' လက်ယာဘက် ယာဉ်ကြောကနေ ပုံမှန် အနေအထားနဲ့ ယာဉ်စီးနင်း အသုံးပြု လာသူ တစ်ချို့ကျတော့ ရှေ့မှာ ယာဉ်စစ်အဖွဲ့ရှိတယ်လို့ မြင်လိုက်တာ နဲ့ ချက်ချင်းပဲ ဘယ်ဘက် ယာဉ်ကြော ဘက်ကို ဂငယ်ကွေ့ ကွေ့ပြီး တစ်ဟုန်ထိုး ပြန်လှည့် မောင်းထွက်ပြေး လေ့ရှိပါတယ် ၊ အလွန်ကို အန္တရာယ် များတယ် ... '' ဟု ၄င်းစောင့်ကြည့် မှတ်တမ်း ရယူနေသူမှ ဆက်လက် ပြောကြား ခဲ့သည်။
ယာဉ်စစ်ဆေးရေး အဖွဲ့များသည် ယာဉ်အသုံးပြုသူ များအပေါ် မိမိတို့၏ မိသားစု များပမာ သဘောထားလျက် ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံရေး အတွက် စိတ်ရင်း စေတနာ အမှန်ထားပြီး လုပ်ဆောင် ပေးသော်လည်း ယာဉ်အသုံးပြုသူ လူငယ်တချို့သည် ယာဉ်စစ်ဆေးရေး တို့၏ မျက်မှောက် နေရာ၌ပင် ယာဉ်စစ်ဆေးမှုကို ခံယူခြင်း မရှိဘဲ တစ်ဖက်ယာဉ်ကြော သို့ အန္တရာယ် များရှိနေသည့် ကြားမှ တစ်ဟုန်ထိုး ကူးပြောင်း၍ မောင်းနှင် ထွက်ပြေးနေခြင်း ဖြစ်သည်။
'' ယာဉ်အသုံးပြုသူ အများစုကတော့ လူငယ်လေး တွေဖြစ်ပါတယ် ၊ ယာဉ် မတော်တဆမှု ကြောင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီး သွားတာမျိုး ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ အသက် ဆုံးရှုံး သွားတာမျိုး ဒါမျိုးတွေမဖြစ်ရ လေအောင် ညီရင်း အစ်ကိုလို သဘောထား ခံယူပြီး တည့်မတ် ထိန်းကျောင်း ပေးတာ ဖြစ်ပါတယ် ... '' ဟု ယာဉ်စစ်ဆေးရေး တာဝန် ထမ်းဆောင်နေသူ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးမှ ပြောကြားခဲ့ သည်။

နိုင်ငံသားတိုင်း ယာဉ်မောင်းတတ် ရမည်ဟု ဆောင်ပုဒ် ရှိသော်လည်း ယာဉ်မောင်း တတ်သူတိုင်း သည်လည်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများ ကို လေးစား လိုက်နာတတ်ဖို့ ရန် အထူး လိုအပ်ပေမည်။ ယာဉ်အသုံးပြုမည့် လူတိုင်းသည် ယာဉ်နှင့် ပတ်သက်၍ သော်လည်းကောင်း ၊ ယာဉ်မောင်းသူများ လိုက်နာရမည် စည်းကမ်းများ နှင့်ပတ်သက်၍ သော်လည်းကောင်း ၊ သွန်သင် သတိပေးရမည့် တာဝန်သည် ယာဉ်ထိန်းတာဝန် ထမ်းဆောင်သူများ နှင့်သာ သက်ဆိုင် နေသည်ဟု ယူဆရန် မသင့်ကြောင်း ၊ မိသားစုဝင်များ မှလည်း မိမိတို့၏ သားသမီးများ အပေါ် သွန်သင်ရန် လိုအပ်မည် ဖြစ်ကြောင်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း များအား လေ့လာ စောင့်ကြည့် နေသူတစ်ဦး၏ အကြံပြု ပြောကြားချက် များအရ သိရှိရသည်။

အသိပေးချက်များကို လိုက်နာခြင်း မရှိသည့် ကျောက်မျက်ဆိုင် များအား ကျောက်မျက်ရတနာ ဥပဒေ နည်းဥပဒေများဖြင့် အရေးယူမည်


ရန်ကုန် ၊ ၂၅-၈-၂၀၁၃
မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန် ထားသော အသိပေးချက် များအား လိုက်နာခြင်း မရှိပါက မြန်မာ့ ကျောက်မျက် ရတနာဥပဒေ ၊ နည်းဥပဒေများ ဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။
ကျောက်မျက် ရတနာဆိုင်များ အတွင်း ကျောက်မျက် ရတနာ အတုများ ၊ ချက်ကျောက်များ ၊ ဓာတ်ရောင်ခြည် ဖြင့် ပြုပြင်ထားသော ကျောက်များ ၊ ဆေးဆိုးပြုပြင် ထားသော ကျောက်များ ၄င်းကျောက်များဖြင့် ပြုလုပ်ထားသော ရတနာ ပစ္စည်းများ အပြင် ကျောက်စီ ၊ ကျောက်ကပ် ပန်းချီကား တွင်လည်း သဘာဝ တွင်းထွက် ကျောက်များသာ အသုံးပြု ရမည် ဖြစ်ကြောင်း ၊ အထူးသဖြင့် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာပြတိုက် ၊ ရတနာဈေးရှိ ကျောက်မျက် ရတနာ ဆိုင်များအား တားမြစ်ချက် ထုတ်ထားကြောင်း သိရသည်။
'' နိုင်ငံခြားက လေ့လာသူတွေ ၊ ဝယ်ယူသူတွေ မြန်မာ့ ကျောက်မျက် ရတနာ တွေကို အထင်အမြင် လွဲမှားစေနိုင်တာ ကြောင့် ဒီလို လုပ်ဆောင် ရခြင်း ဖြစ်ပါတယ် ၊ ဈေးကွက် စီးပွားရေး စနစ်ပီပြင် လာချိန်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အရောင်းအဝယ် ကိစ္စတွေမှာ အမြင်လွဲမှားမှု မရှိစေရေးက လုပ်ကိုင် နေသူတွေ ပေါ်မှာ မူတည် နေပါတယ် ... '' ဟု ၄င်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ ကျောက်စီ ၊ ကျောက်ကပ် ပန်းချီကားများ ရောင်းချနေမှုတွင် အပူပေး ကျောက်များ ပါဝင်မှုရှိ နေကြောင်း ၊ ယင်းပန်းချီကားများ ရောင်းချမည် ဆိုပါက ဝယ်သူအား အသိပေး ရောင်းချခြင်းမျိုး လုပ်ဆောင် ရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာ အချောထည်များ ကို နိုင်ငံခြား ဧည့်သည်များ ယုံကြည်စွာ ဝယ်ယူ နိုင်စေရေး အတွက် ဖြစ်ကြောင်း သိရသည်။
၂၀၁၂ - ၂၀၁၃ ခုနှစ် အတွင်း ကျောက်စိမ်း အပါအ၀င် သတ္ထုနှင့် ကျောက်မျက် ရတနာ တင်ပို့မှု ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၄၄၉ ကျော်ရှိကြောင်း သိရသည်။
Myawady Daily

အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံ ပလိတ်ပြားများ ထည့်သွင်း တည်ဆောက် သွားမည်



ရန်ကုန် ၊ ၂၄-၈-၂၀၁၃
သဘာဝ ဘေးအန္တရာယ် များတွင် ကြိုတင်မှန်းဆ နိုင်ရန် ခက်ခဲသော ငလျင်ဘေး အန္တရာယ်ကြောင့် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးမှု နည်းပါးစေရန် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ အစီအစဉ်များ ချမှတ်ဆောင် ရွက်လျက်ရှိရာ နောက်ထပ် ဆောက်လုပ်မည့် ပြည်တွင်းရှိ အဆောက်အအုံ များတွင် ငလျင်ဒဏ် အခံရသက်သာ စေရန် ဘယ်ရင်ပလိတ် (ခေါ်) ငလျင်ဒဏ်ခံ ပလိတ်ပြား တစ်မျိုးကို ထည့်သွင်း တည်ဆောက် သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်ခံ ပလိတ်ပြားများကို အဆောက်အအုံများ ဆောက်လုပ်ရာတွင် ၄င်းတို့၏ အောက်ခြေ၌ ထည့်သွင်း တည်ဆောက်ခြင်းဖြင့် ငလျင်လှုပ်ခြင်း များဖြစ်ပေါ် လာသောအခါ တုန်ခါမှုများကို အတိုင်းအတာ တစ်ခုအထိ စုပ်ယူထား နိုင်စွမ်း ရှိခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များကို နည်းပါး သွားစေကြောင်း ၊ ထိုနည်းပညာသည် ဂျပန်နိုင်ငံမှ အစပြု တီထွင်လိုက်သော နည်းပညာ တစ်ခုဖြစ်ပြီး လက်တွေ့ အကျိုးရှိကာ နိုင်ငံ အတော်များများ တွင်လည်း အသုံးပြု နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
'' ဒီနည်းပညာက နိုင်ငံအတော် များများမှာ အသုံးပြု နေသလို စင်ကာပူ ၊ မလေးရှားတို့လို အရှေ့တောင်အာရှ နိုင်ငံတွေက အဆောက်အအုံ ကြီးတွေ ဆောက်လုပ်တဲ့ နေရာမှာလည်း အသုံး ပြုကြတာကို တွေ့ရတယ်။ အခု ဒီနည်း ပညာကို မြန်မာနိုင်ငံမှာ စတင်အသုံးချ နိုင်အောင် မလေးရှား နိုင်ငံက ဆောက်လုပ်ရေး ပညာရှင်များနဲ့ အင်ဂျင်နီယာများ အသင်းတို့က ဝိုင်းဝန်း ကူညီကြမှာပါ။ လိုအပ်တဲ့ နည်းပညာ တွေရော ပစ္စည်းတွေကိုပါ အထောက်အကူ ပေးကြမှာပါ ၊ အဲဒီ ကိစ္စကို ညှိနှိုင်း ဆွေးနွေးနေတာ အခုဆိုရင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေး ထိုးပြီးတဲ့ အဆင့် အထိကို ရောက်ရှိနေပါပြီ ...'' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။
ငလျင်ဒဏ်ခံ ပလိတ်ပြားသည် ရော်ဘာနှင့် စတီးတို့ ပေါင်းစပ်ကာ တီထွင်ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်း ပြည်တွင်း၌ပင် ထုတ်လုပ် နိုင်သည့် အခြေအနေ မျိုးတွင်ရှိသဖြင့် သက်ဆိုင်ရာ သံမဏိ စက်ရုံများမှ ပညာရှင်များ၊
ရော်ဘာ လုပ်ငန်းရှင်များ နှင့် ဆွေးနွေး တိုင်ပင်ကာ နောင်တွင် ပြည်တွင်းဖြစ် ထုတ်လုပ် သွားရန် အစီအစဉ် များလည်း ရှိကြောင်း သိရသည်။

နိုဝင်ဘာလတွင် ကျင်းပမည့် မယ်စကြာဝဠာ ( Miss Universe ) ပြိုင်ပွဲဝင် လျှောက်လွှာ ခေါ်ယူ

 
ရန်ကုန် ၊ ၂၅-၈-၂၀၁၃
၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင် နိုင်ရန် Miss Myanmar လျှောက်လွှာများ ကို ခေါ်ယူလျက် ရှိကြောင်း Hello Media Group မှ သိရသည်။
Miss Universe ကို ပါဝင် ယှဉ်ပြိုင်နိုင်ရန် Miss Myanmar လျှောက်လွှာ များကို သြဂုတ်လ ၃၁ ရက်တွင် အပြီးသတ် စိစစ် ရွေးချယ်၍ စက်တင်ဘာလ ဆန်းပိုင်းတွင် လူတွေ့ စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် လျှောက်လွှာ များကို Hello Media Group ရုံးခန်းသို့ လည်းကောင်း ၊ www.missmyanmaruniverse.org မှ Download ပြုလုပ်၍ လျှောက်ထား နိုင်ကြောင်း Hello Media Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
" ပထမတုန်းက ဒီ မယ်စကြာဝဠာ ၀င်ပြိုင်ဖို့ အချိန် မလုံလောက်လို့ ၂၀၁၄ ခုနှစ် ရောက်မှပဲ ၀င်ပြိုင်ဖို့ စီစဉ် ထားပေမဲ့ ဒီ Miss Universe Organization နဲ့ တွေ့ဆုံတဲ့ အချိန်မှာ သူတို့ဘက်က လိုလိုလားလား ကို ဖိတ်ခေါ် တောင်းဆိုတဲ့ အတွက် ၂၀၁၃ ခုနှစ်မှာ မဖြစ်မနေ ယှဉ်ပြိုင်ဖို့ ရုတ်တရက် စီစဉ် လိုက်ရ တာပါ ... " ဟု Hello Media Group မှ တာဝန်ခံ တစ်ဦးက ပြောကြား ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် Miss Universe ပြိုင်ပွဲသို့ စေလွှတ် နိုင်ရန် Miss Universe Organization မှ မြန်မာနိုင်ငံအား National Director အဖြစ် စီစဉ် ကျင်းပခွင့် ရရှိထားပြီး ဖြစ်ကြောင်းကို Hello Media မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စိုးယုဝေ က တရားဝင် ပြောကြားပြီး ဖြစ်ကြောင်း နှင့် ယင်း Miss Myanmar ပြိုင်ပွဲ ကျင်းပမည့် အချိန်နှင့် ထုတ်လွှင့် ပြသမည့် ရုပ်သံလိုင်း တို့ကို Hello Media Group မှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။
Myawady Daily

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စက်မှုဇုန် စီမံကိန်းများ ပြီးစီးပါက ဒေသရှိ အလုပ်လက်မဲ့ အင်အား လျော့ချနိုင်မည်

စစ်ကိုင်း ၊ ၂၅-၈-၂၀၁၃
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အကောင် အထည်ဖော် ဆောင်လျက်ရှိသည့် စက်မှုဇုန် စီမံကိန်းများ ပြီးစီးပါက ယင်းဒေသ အတွင်းရှိ အလုပ်လက်မဲ့ သုံးသိန်းခန့်အား လျှော့ချနိုင်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။
အဆိုပါ ဒေသအတွင်း ယခင်က သစ်လုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်း များသာ အဓိကထား လုပ်ကိုင်ခဲ့ပြီး တူးဖော်ရေး လုပ်ငန်းများ ကြောင့် လုပ်ငန်း ပြောင်းလဲ လုပ်ကိုင်မှုတွေ ရှိလာကြောင်း ၊ စက်မှုဇုန်များ တိုးချဲ့ ပေါ်ပေါက်လာ ပါက ၄င်းဇုန် အတွင်းရှိ စက်ရုံများ၌ ပြည်သူများအား အလုပ်နေရာ ၊ အခွင့် အလမ်းများ ရရှိလာမည် ဖြစ်သော ကြောင့်ဟု သိရသည်။ '' တူးဖော်ရေး လုပ်ငန်းတွေ အပါအဝင် အဆင့်မြင့် ဆိပ်ခံ တံတားတွေ ၊ဆိပ်ကမ်းတွေ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ၊  စက်မှုဇုန်တွေ ကိုလည်း တိုးချဲ့ တော့မှာ ဖြစ်တဲ့အတွက် အလုပ်လက်မံ နှုန်းလျော့ချ နိုင်တော့မှာပါ ... " ဟု ၄င်းက ပြောကြား ခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ထီးချိုင့်၌ သတ္တု တူးဖော်မှုများ လုပ်ဆောင် လျက်ရှိပြီး ကလေးမြို့နယ် ၊ ဟုမ္မလင်း မြို့နယ်နှင့် စစ်ကိုင်း မြို့နယ် များတွင် စက်မှုဇုန်များ တိုးချဲ့မည်ဖြစ်ပြီး ယင်း တိုင်းဒေသကြီး အတွင်း ရေအား လျှပ်စစ် လုပ်ငန်းများ ၊ ကျောက်မီးသွေး လုပ်ငန်းများ ၊ အဆင့်မြင့် ဆိပ်ကမ်းများ အပါအ၀င် တံတား ၅ စင်းထပ်မံ တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ဒေသတွင်း ပြည်သူ အများစုသည် အလုပ်အကိုင် အတွက် စီးပွားရေး အချက်အချာ ကျသော ရန်ကုန်တိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီးများသို့ သွားရောက် လုပ်ကိုင်ကြသူ ပိုများလာနေပြီး ကျန်ရှိသော ဒေသခံများ၏ တစ်ဦးချင်း စစ်တမ်းများ အရ တစ်ဦးချင်း ဝင်ငွေသည် တစ်နှစ်လျှင် ရှစ်သိန်းခန့်ရှိပြီး လူလတ်တန်းစား ၁၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်၊ ရွှေလီကြိုတံတားတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၂၅
၂၄-၈-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ရွှေလီကြိုးတံတားအနီးတွင် မူဆယ်မူး ယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရွှေလီကြိုးတံတားရဲကင်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမှ မန်ဝိန်းကြီးဘက်သို့ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ရပ်ကွက်(၄)မန်ဝိန်းကျေးရွာနေ မအားလျှန်(၄၃)နှစ် စီးနင်းလာသော ဆိုင်ကယ်အားစစ်ဆေးရာ ဆိုင်ကယ်ဖင်ထိုင်ခုံ အောက်တွင် ၀ှက်၍သယ်လာသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၁၀၀၀၀ ပြား၊ တန်ဘိုး ငွေကျပ်(၂၂၀၀)သိန်းအား သိမ်းဆည်းရမိသဖြင့် နမ့်ခမ်းမြို့မရဲစခန်း မယ(ပ)၄၃/၂၀၁၃၊ မူးယစ်ဆေး ၀ါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသတင်း အတိအကျ



ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင်( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။

ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။

ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။

တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံ အား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။ အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အား ဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။

သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေ မျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီး သေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက် ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMCမူးဘောင်မှ ရေဖြည့်ခြင်း ကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျှက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

လုံခြုံရေး တိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ

Photo: လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ
Sunday, August 25, 2013

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက် သမားများ စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း လုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာ သြဂုတ်လ ၂၂ ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သွားလုပ်ပြီး မိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုးများနှင့် ရော၍ ရေလမ်းကြောင်းမှတဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသုံးဦးအနက်နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမား(၃)ဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သူများဖြစ်သည်။

“အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့ တနသာင်္ရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရော ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်း ရရချင်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့သင့်တယ်။”ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာမည့် သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

မြစ်မခ


http://www.myanmaronlinenews.net/2013/08/blog-post_8211.html
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက် သမားများ စေလွှတ် ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း လုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်၌ အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာ သြဂုတ်လ ၂၂ ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သွားလုပ်ပြီး မိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုး များနှင့် ရော၍ ရေလမ်းကြောင်းမှတဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသုံးဦးအနက် နှစ်ဦးမှာ မြန်မာ နိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမား(၃)ဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင် သူများဖြစ်သည်။
“အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့ တနသာင်္ရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရော ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူ တွေအနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်း ရရချင်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့သင့်တယ်။”ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာမည့် သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံ တစ်ဝှမ်း လုံခြုံရေး တိုးမြှင့်ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာ ပထမဦး ဆုံး အကြိမ်ဖြစ်သည်။
မြစ်မခ

ဆီးရီးယားကို အရေးယူဖို့နည်းလမ်းများ အမေရိကန်စဉ်းစားနေ

အမေရိကန်သမ္မတ အိုဘားမား။
အမေရိကန်သမ္မတ အိုဘားမား။


ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ ဆိုတဲ့ ဆီးရီးယားအစိုးရအပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်ဆောင်ရွက်ဖို့ နည်းလမ်းတွေ တော်တော် များများ အမေရိကန်ပြည်ထောင်စုမှာ ရှိတယ်လို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။ Damascus မြို့တော် ရပ်ကွက်တခုအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေနဲ့ သုံးစွဲတိုက်ခိုက်တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဘရက်အိုဘားမား က အမျိုးသားလုံခြုံရေးရာ သူ့ရဲ့ ထိပ်တန်းအကြံပေးတွေ နဲ့ တွေ့ဆုံခဲ့တာနဲ့အတူ ခုလို အိမ်ဖြူတော်ရဲ့ ပြောကြားချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဆီးရီးယားမှာ အမေရိကန်တပ်တွေကို သူ့အနေနဲ့ ဝန်လေးတဲ့အကြောင်း သမ္မတအိုဘားမားက အရင်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ချက် တစုံတရာချခဲ့ရင် အသင့်ဖြစ်နေအောင် ရေတပ်တွေ ပြင်ဆင် ထားတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေက ခိုင်ခိုင်မာမာ ရည်ညွှန်းနေပါတယ်။

ဆီးရီးယားအစိုးရအပေါ် စစ်ရေးအရတိုက်ခိုက်မယ်ဆိုရင် ဘယ်လို တိုက်ခိုက်မှုတွေ လုပ်နိုင်သလဲဆိုတာကို ကာကွယ်ရေးဌာနကို သမ္မတ အိုဘားမားက မေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Chuck Hagel က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြေထဲပင်လယ်ထဲမှာ ပဲ့ထိန်းတပ် cruise missiles တွေ တပ်ဆင်ထားတဲ့ စတုတ္ထမြောက် စစ်သင်္ဘောကို ထပ်ပြီး ထားရှိမယ်လို့ ကာကွယ်ရေးဌာနက တာဝန်ရှိသူရဲ့ ပြောကြားချက် ပေါ်ထွက် လာခဲ့ပြီးနောက်မှာ ဝန်ကြီး Hagel က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဓါတုလက်နက်တွေသုံးတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် ကုလသမဂ္ဂ ဦးဆောင်တဲ့အဖွဲ့ စုံစမ်းနိုင်ရေးအတွက် အမေရိကန်နဲ့ တခြားအင်အားကြီး နိုင်ငံတွေက ဖိအားပေးနေပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ လက်နက်ဖြုတ်သိမ်းမှုနဲ့ဆိုင်တဲ့ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် Angela Kane ဟာ Damascus မြို့တော်ကို ရောက်ရှိသွားပြီး ဓာတုဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ နေရာတွေကို သွားရောက် စုံစမ်းနိုင်ခွင့်ရဖို့ ဆီးရီးယားအစိုးရကို တွန်းအားပေးမှာဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

Mozilla Firefox 23.0.1 Final



Mozilla Firefox ကို 23.0.1 Final ဗားရှင်းလေးထွက်လာလို့
တင်ပေးလိုက်ပါတယ် ..


ရင်ရှိထားပြီးသားဗားရှင်းအဟောင်းကို Uninstall လုပ်စရာမလိုပဲ
သာမာန်အတိုင်း Install လုပ်လိုက်ရုံပါပဲ ..


Box တစ်ခုတက်လာတဲ့အခါ Upgrade ဆိုတာကို ရွေးပေးလိုက်တာနဲ့
ဗားရှင်းအဟောင်းနေရာမှာ အခုဗားရှင်းအသစ်က အစားထိုးသွားမှာဖြစ်ပါတယ်



အရင်ကရှိထားပြီးသား history တွေ bookmarks တွေ Add-ons တွေ
Extensions တွေ ဘာမှမပြောင်းလဲဘဲ ကျန်ရှိနေမှာဖြစ်ပါတယ် ...

လိုချင်တဲ့သူငယ်ချင်းများ ဒေါင်းယူနိုင်ပါတယ် ..

Down>> ဒီမှာ

ကဲ .. အဆင်ပြေပါစေဗျာ

Android ဖုန်းသုံးတဲ့ ဘော်ဘော်တွေအတွက် ဂိမ်းအလန်းလေး




ဂိမ်းရဲ့နံမည်က Fishing Diary ပါ ..
Happy World တိုလို့ Play Center ကြီးတွေမှာ ပိုက်ပိုက်ပေးပြီး သွားဆော့ခဲ့ရတဲ့ လူကြိုက်လည်း တော်တော်များတဲ့ ဂိမ်းလေးတစ်ခုပါ ..

Android ဖုန်းတွေ အတွက်ဖြစ်ပါတယ် .. လိုချင်ရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါ

မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို


နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲတိုင်းတာခဲ့ကြရာ မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသတွင်း ဒေသများတွင် နယ်နိမိတ် သတ်မှတ်တိုင်းတာရန် ကျန်ရှိနေခဲ့ကြောင်း၊ ယခုအငြင်းပွားမှု ဖြစ်ပေါ်နေသည့် နေရာမှာ ယင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန် ကျန်ရှိနေခြင်းမှာ ကဘော်ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင် အင်္ဂလိပ်အစိုးရ လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင် စိုက်ထူခဲ့ပြီး ယင်းမှတ်တိုင်များ နေရာရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ ရွာများ မြန်မာ့နယ်မြေဘက်တွင် ကျူးကျော်နေမှုများကြောင့် မှတ်တိုင်သစ်များ ပြန်လည် သတ်မှတ်စိုက်ထူရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။

အမှန်တကယ်တွင် ယင်းနေရာသည် မြန်မာပိုင် နယ်မြေများဖြစ်ပြီး နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျ ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာအစိတ်အပိုင်း အချို့သည် ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှုကြောင့် ဆက်လက်တိုင်းခြင်း မပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာဘက် အိမ်နီးချင်းပီသစွာ ကျူးကျော်ကျေးရွာများကို ဖယ်ရှားပေးစရာမလိုဘဲ ယင်းနယ်မြေ အစားထိုးနယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှု အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အတွင်းရှိ Goubajang ကျေးရွာ ထက်ဝက်သည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ယင်းသတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆို ပြောကြားခဲ့သည်။

မဏိပူရအစိုးရက အိန္ဒိယ-မြန်မာ နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့အစည်းရန် ကြိုးပမ်းနေချိန်တွင် ယင်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို တရုတ်နိုင်ငံမှ ချေးငွေဖြင့် ဆောင်ရွက်သွားမည်





ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများအတွက် လိုအပ်မည့် လျှပ်စစ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို ပြည်ပချေးငွေဖြစ်သော တရုတ်နိုင်ငံ EXIM ဘဏ်မှ ချေးယူငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပြည်သူ့အိမ်ရာစီမံကိန်းများနှင့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအတွက် တရုတ်နိုင်ငံ EXIM ဘဏ်မှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ချေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့် ချေးငွေပမာဏများတွင် ဖော်ပြချက်အရ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ၀ယ်ယူနိုင်စွမ်းရှိသောရှေ့ပြေးစမ်းသပ်အိမ်ရာ စီမံကိန်းများဖြစ်သည့် ၁၈ ထပ်အိမ်ရာ (၂၆)လုံး အိမ်ခန်းပေါင်း ၁၀၆၀၈ ပါဝင်သည့် ဧရာဝဏ်အိမ်ရာ စီမံကိန်း၊ ၁၈ ထပ်အိမ်ရာ (၂၂)လုံး အိမ်ခန်းပေါင်း ၈၉၇၆ ခန်းပါဝင်သည့် ရတနာအိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်နေပြီး ယင်းစီမံကိန်းများတွင် လိုအပ်သည့် လျှပ်စစ်ပိုင်း ဆိုင်ရာများအတွက် တရုတ်မှ ချေးငွေရယူခြင်းဖြစ်ကြောင်း သိရသည်။


ဧရာဝဏ်အိမ်ရာ စီမံကိန်းနှင့် ရတနာအိမ်ရာ စီမံကိန်းများကို မြေဧက ၂၂၀ ပေါ်တွင် တည်ဆောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဧရာဝဏ်အိမ်ရာ စီမံကိန်းမှာ မြေဧရိယာဧက ၁၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရတနာအိမ်ရာ စီမံကိန်းမှာ ဧက ၁၀၀ ကျယ်ဝန်းသည့် မြေဧရိယာပေါ် တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါအိမ်ရာ စီမံကိန်းနှစ်ခုကို ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီနှင့် IGE ကုမ္ပဏီလီမိတက်တို့မှ တည်ဆောက်ခွင့် ရရှိထားကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။


မြို့ပြလူဦးရေ တိုးပွားလာခြင်း၊ မြို့ပြအခြေခံ အဆောက်အအုံများ ချို့ယွင်းအားနည်းခြင်း၊ မလုံလောက်ခြင်း၊ မြို့ပြမြေယာကဏ္ဍ၊ မြေတန်ဖိုးမြင့်မားခြင်း၊ မြေအသုံးပြုမှု စနစ်နှင့် မြို့ပြမြေ စီမံခန့်ခွဲမှုများ ချို့ယွင်းအားနည်းခြင်း၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုံလောက်သည့် ဥပဒေ၊ နည်းဥပဒေများ မရှိခြင်း၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေကြေး ကန့်သတ်ချက်များ ရှိနေခြင်း စသည့်အကြောင်း အချက်များကြောင့် မြို့ပြနှင့်အိမ်ရာ ကဏ္ဍများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် အခက်အခဲများ ရှိနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သုံးသပ်ထားသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်




မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ မောင်တောတွင် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့စည်းရန်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ မောင်တောတွင် ရခိုင်ပြည်နယ် အနောက်ဘက်ဒေသနိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

"မောင်တောနယ်စပ်မှာ ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှုမှ ကာကွယ်ရေးအဖွဲ့ (မကဖ)ကို ဖွဲ့ဖို့လုပ်နေပါတယ်။ ဖွဲ့စည်းပုံလည်း မထုတ်သေးတော့ လုပ်ငန်းတော့ မစသေးပါဘူး။ ရုံးချုပ်မှာတော့ အစီအမံတွေ ဆွဲနေပါတယ်။ အဆင့်ဆင့် တင်ပြရတော့ မကျသေးတာပါ" ဟု ကျီးကန်းပြင်ဌာနချုပ်၊ လ၀ကအဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။


နစကအဖွဲ့ တာဝန်ထမ်းဆောင်စဉ်က လ၀က၀န်ထမ်းများမှာ ဆွဲတင်စစ်လုပ်ငန်းများကို အဓိက ဆောင်ရွက်ခဲ့ရကြောင်းနှင့် နစက ဖျက်သိမ်းပြီး နောက်ပိုင်းတွင် လ၀က၀န်ထမ်းများ အနေဖြင့် အထက်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးသဖြင့် လုပ်ငန်းများအား ယာယီရပ်နား ထား ရခြင်းဖြစ်ကြောင်း သိရသည်။


နစကအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်၊ ရဲတို့မှာ လုံခြုံရေး တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။ ယခင်က မောင်တောနယ်စပ်မှာ မကဖ အမှတ် ၁၇ ဟု သိရှိရပြီး နစက ဖျက်သိမ်းပြီးနောက်ပိုင်း နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှုမှ ကာကွယ်နိုင်ရေး အတွက် မကဖကို ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။


ဇူလိုင် ၁၂ ရက်က ဖျက်သိမ်းခဲ့တဲ့ နယ်စပ်ဒေသ လူဝင်မှု ကွပ်ကဲရေးဌာနချုပ် (နစက) အဖွဲ့တွင် တပ်မတော်၊ ရဲ၊ လ၀က၊ အကောက်ခွန် စုပေါင်းဖွဲ့စည်း ခဲ့သော်လည်း မကဖ အဖွဲ့ကို လ၀က ၀န်ထမ်း များဖြင့် သာ ဖွဲ့စည်းရန်ရှိကြောင်း သိရသည်။


မကဖ အဖွဲ့ဝင်များ အနေဖြင့် မောင်တောမြို့ ၀င်ထွက်စခန်း ပီအိုအီးဂိတ်၊ သုံးမိုင်စစ်ဆေးရေးဂိတ်၊ မြောက်ပိုင်းနယ်မြေများရှိ ကင်းစခန်းများဖြစ်သော အောင်ဇူ၊ ကြိမ်ချောင်း၊ ငါးခူရ၊ ပြင်ဖြူ၊ တောင်ပြိုလက်
ဝဲဒေသနှင့် မောင်တောမြို့နယ် တောင်ပိုင်းမှ မကျည်းချောင်း၊ အလယ်သံကျော်၊ မြင်းလွှတ်နှင့် အင်းဒင်နယ်မြေများတွင် နေရာချထားရန် စီစဉ်နေကြောင်း သိရသည်။

ကန့်ဘလူတောင်ဘက် ထန်းကုန်းတွင် မြန်မာ-ကုလား အဓိကရုဏ်း စတင်





ယနေ့ 24.8.2013 ညနေ 7:00 ခန့်မှာ ကန့်ဘလူမြို့-တောင်ဘက် ဆယ်မိုင်ကွာမှာရှိတဲ့ ထန်းကုန်းမြို့ငယ်လေးမှာ အဓိကရုဏ်း ဖြစ်ပွားနေပါတယ်။
ထုံးစံအတိုင်း ကုလားက စတာပါပဲ။
ထန်းကုန်းအရှေ့ဘက် ဇီးပင်လှရွာမှ ထန်းကုန်းမြို့ကို အလုပ်လာလုပ်တဲ့ ဗမာမိန်းကလေး မလပြည့် (၁၉) နှစ်ကို ထန်းကုန်း ကုလားသုံးကောင်က အပြန်လမ်းမှာ မုဒိမ်းကျင့်လိုက်တာပါ။ ကုလားသုံးကောင်ထဲက တစ်ကောင်ကို ဖမ်းမိထားပါပြီ။
ဗမာလူအုပ်ကြီးက ဖမ်းမိထားတဲ့ ကုလားကို ထုတ်ပေးဖို့ တောင်းဆိုရာမှ အဓိကရုဏ်းစတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါတယ်။
ည 8:00 နာရီခန့်မှာ ထန်းကုန်း ဘူတာရုံအရှေ့ဘက်ဈေးဆိုင်တွေကို ဖျက်နေကြပြီလို့ သိရပါတယ်။
ည 9:30 ခန့်မှာ မီးစလောင်နေပြီလို့ သိရပါတယ်။
ဗမာလူအုပ် ရွာမှတက်လာပြီး ဖြိုဖျက်နေကြတာပါ။ ဖုန်းလိုင်းတွေဖြတ်တောက်ထားလို့ စုံစမ်းရခက်နေပါတယ်။ လုံခြုံရေးတွေ မတွေ့ရဘဲ လူအုပ်ကြီးပဲ တွေ့ရတယ်လို့ ပြောပါတယ်။
ကုလားဆိုတာ ပြဿနာကောင်ပါ။ ကုလားရှိရင် ပြဿနာရှိမယ်။ ကုလားပြဿနာရှာတိုင်းသာ အကြမ်းဖက်တုန့်ပြန်ကြရင် မြန်မာလူမျိုးရော ဗုဒ္ဓဘာသာပါ ထိခိုက်နစ်နာနိုင်ပါတယ်။
အကြမ်းဖက်တုန့််ပြန်တာမျိုး မလုပ်ဘဲ အင်အားပြပြီး မုဒိမ်းမှုရှုတ်ချပွဲတွေပဲ လုပ်သင့်ပါတယ်။ ဒါမှ မုဒိမ်းကောင်တွေအကြောင်း ကမ္ဘာကြီးက သိလာမှာ ဖြစ်ပါတယ်။

မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မှော်ဘီမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူဦးရေနှစ်ထောင်ကျော် ရေဘေးဒုက္ခ ခံစားနေရ


မှော်ဘီမြို့နယ်တွင် ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကာ နေအိမ်များ ရေနစ်လျက်ရှိကာ လူဦးရေနှစ်ထောင်ကျော် ရေဘေးဒုက္ခ ခံစားနေရကြောင်း သိရသည်။

ထိုသို့ ရေကြီးရေလျှံလျက်ရှိသည့် ရပ်ကွက်များမှာ မှော်ဘီမြို့နယ် အမှတ် ၄ ရပ်ကွက်၊ တိုးချဲ့ ၃ ရပ်ကွက်နှင့် တပ်ကြီးကုန်း ကျေးရွာအုပ်စုတို့မှ နေအိမ်များ အများဆုံး ရေနစ်မြုပ်မှုများ ကြုံတွေ့ရလျက်ရှိပြီး စာသင်ကျောင်းများ ပိတ်ထားရကာ အခြားရပ်ကွက်များမှာလည်း ရေလျှံမှုများ ကြုံတွေ့နေလျက်ရှိကြောင်း သိရသည်။ "ဒီရပ်ကွက်မှာနေတာ ၂၄ နှစ်ရှိပြီ။ ရေတက်တာက နှစ်တိုင်းကြုံရပါတယ်။ ဒီနှစ်က အကြီးဆုံးပါပဲ။ ဒီလိုချည်းပဲ နှစ်တိုင်းနီးပါး ကြုံတွေ့နေရတော့ စိတ်ဆင်းရဲရတယ်ဗျာ။ စီးပွားရေးတွေလည်း တစ်ခုမှ လုပ်လို့မရဘူး။ နေရေးထိုင်ရေးကလည်း တော်တော်လေး ခက်ခဲပါတယ်" ဟု မှော်ဘီမြို့နယ် ၄ ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးဇော်ကြီးက သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြောပြခဲ့သည်။

ထိုသို့ အိမ်များရေနစ်ခြင်း၊ ရပ်ကွက်နေပြည်သူများ အစာရေစာ ရှားပါးခြင်း စသည့်ရေဘေးဒုက္ခများ ကြုံတွေ့နေရသော်လည်း ယင်းနေ့ညနေ ၆ နာရီခန့်အထိ သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိသေးဘဲ ရေကြီးမှုမရှိသည့် ရပ်ကွက်များမှ ပြည်သူများ စုပေါင်းကာ ထမင်းထုပ်များ၊ ရေများအလှူ ပေးခြင်းများကိုသာ စောင့်မျှော်နေရကြောင်း ၎င်းကဆက်လက် ပြောပြခဲ့သည်။

ထို့အတူ ယင်းရပ်ကွက်နေ နေအိမ်ရေနစ်မြုပ်ခြင်း ခံနေရသည့် NLD ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကြီးက "နှစ်တိုင်း၊ နှစ်တိုင်း နေအိမ်ရေနစ်တဲ့ ဒုက္ခကို ခံစားရတယ်။ နောက်ကို ရေလွှမ်းခြင်း ခံရတာတွေ လျော့နည်းသွားဖို့ အစိုးရ တာဝန်ရှိသူတွေကို ရပ်ကွက်ထဲမှာ ရေမ၀င်အောင် တားထားတဲ့တာတွေကို မြှင့်ပေးဖို့ရယ်၊ ရေမြောင်းတွေ၊ ချောင်းတွေကို ရေစီးရေလာကောင်းအောင် ပြုလုပ်ပေးဖို့ ပြောပါရစေ" ဟုဆိုသည်။

"ရေဘေးဒဏ် မခံစားရတဲ့ ရပ်ကွက်တွေ၊ ခြေလျင်တပ်ရင်း ၉၁ တို့က ထမင်းထုပ်တွေ၊ အယ်လ်ပိုင်းနဲ့ စည်ပင်သာယာဌာနက ရေသန့်ဘူးတွေ လာလှူပါတယ်။ အဲဒါတွေကို ဒီနေ့ညနေပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရေတက်ပြီး ထမင်းချက်လို့ မရတဲ့ အိမ်တွေရဲ့ လူ ၁၀၀၀ လောက်အတွက် ဝေငှပေးဖို့ စီစဉ်နေပါပြီ" ဟု မှော်ဘီမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဦးက ပြောကြားသည်။

မှော်ဘီမြို့နယ်တွင် အမှတ် ၄ ရပ်ကွက်တွင် ရေနစ်မြုပ်နေသော အိမ်ခြေစုစုပေါင်း ၆၁၀ ခန့်ရှိပြီး လူဦးရေ ၂၄၄၀ သည် ရေဘေးဒုက္ခ ခံစားနေရကြောင်း ယင်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


မှော်ဘီမြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ ရေဘေးဒဏ် ခံရသည့်သူများအား ထမင်းထုပ်များ သွားရောက်ဝေငှရန်အတွက် ပြင်ဆင်နေစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club နှင့် Day Party များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်


မေလအတွင်း ရန်ကုန်မြိ့ရှိ Day Club တစ်ခု၏ အတွင်းပိုင်းမြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club များ ဖွင့်လှစ်ခြင်းနှင့် Day Party များ ပြုလုပ်နေမှုကြောင့် မြို့နယ်အသီးသီးတွင် ဒေသန္တသရအမိန့်များ ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သြဂုတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ မြို့နယ်အများစုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းမှ စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တားမြစ်ထားသည့်ကြားမှ လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပိုင်ရှင်နှင့် ဦးဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်စိုးသန့်က သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမြင့်က "မြို့နယ်တွေအားလုံးမှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Day Club တွေ၊ Day Party တွေမှာ လူငယ်အရွယ်တွေ၊ ကျောင်းသူ/ကျောင်းသားတွေ ပါဝင်မှုတွေ ရှိတဲ့အတွက် ပညာရေးအပိုင်းကို ထိခိုက်တယ်။

အကျင့်စာရိတ္တ အပိုင်းတွေကို အများကြီး ထိခိုက်တယ်။ အမြင်မတော်မှုတွေ ရှိလာတဲ့အတွက် Day Club တွေ၊ Day Party တွေမဖွင့်ဖို့ မလုပ်ဖို့ တားမြစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Day Club များနှင့် Day Party များ ဖွင့်လှစ်နေခြင်း ရှိမရှိကို ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးသွားမည့်အပြင် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများကိုလည်း အမြဲတမ်းစောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

"တားမြစ်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိမရှိဆိုတာ အမြဲတမ်း စစ်ဆေးသွားမယ်။ လိုက်နာမှု မရှိခဲ့ရင်တော့ ဒေသန္တရအမိန့် ချိုးဖောက်မှုနှင့် အရေးယူသွားမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိကြီး တစ်ဦးက သြဂုတ်၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ ကလပ်များတွင် ဆယ်ကျော်သက်အရွယ် အများစု ပါဝင်နေသည့် Day Party များ ပြုလုပ်မှု ပိုမိုများပြားလာပြီး အများစုမှာ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ကာ Facebook စာမျက်နှာများမှတစ်ဆင့် ကြော်ငြာခြင်း၊

လက်ကမ်းစာစောင်များ ဝေငှခြင်းများဖြင့် ဆယ်ကျော်သက်များအကြား ပျံ့နှံ့စေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ Day Party များ ပြုလုပ်မှုမှာ ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

Day Party များ ပြုလုပ်လျက်ရှိသည့် နေရာများမှာ အလုံမြို့နယ်ရှိ Sky Way၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ Cloud 9၊ တာမွေမြို့နယ်ရှိ IT ကလပ် စသည့်နေရာများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

Related Posts Plugin for WordPress, Blogger...