Tuesday, August 13, 2013

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ

Tuesday, August 13, 2013

တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးတောင်သည် အန္တရာယ် ကြီးမားစွာ ဆက်လက် နိုးကြား လှုပ်ရှားနေဆဲဟု သိရှိရသည်။ တနင်္လာနေ့ က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကွဲမှု တစ် ခု ဖြစ်ပွားခဲ့သော မီးတောင်သည် လက်ရှိအချိန်ထိ အန္တရာယ် ကြီးမားနေဆဲဟု အာဏာပိုင်များက သတိပေးထားသည်။

ယင်းမီးတောင် ပေါက်ကွဲမှုအတွင်း ချော်ရည်ပူများ လွင့်စင်ထိခိုက်မှုကြောင့် အနည်းဆုံး လူ(၆)ဦးမျှ သေဆုံးခဲ့ပြီး ဖြစ်သည်။ ပါလူအာကျွန်း ငယ်လေးပေါ် ရှိ မီးတောင်နှင့် (၃)ကီလိုမီတာ ပတ်ပတ်လည်ရှိ ဒေ သခံများကို တာဝန်ရှိသူများက ရွှေ့ပြောင်းပေးသော်လည်း အစော ပိုင်းက ငြင်းဆိုနေမှုများကြောင့် အခက်အခဲအချို့ ကြုံခဲ့ရသည်။

ယခုအခါ ပါလူအာကျွန်းမှ လူပေါင်း(၅၀၀)ခန့်ကို အနီးရှိ ဖလောရက်စ်ကျွန်း သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ မူတီအာရာ မူဘွိုင်က ပြောကြားခဲ့သည်။ သေဆုံးသွားသူ တချို့ရဲ့ အလောင်းတွေကို ပြန်မရဘူး။ လောလောဆယ် ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ရတာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပဲ ဖြစ်သွားပြီဟု ၎င်းက ဆိုသည်။ မူဘွိုင်ကပါလူအာက ရွာ(၈)ရွာစလုံးကို လောလော ဆယ် ပြောင်းရွှေ့ပေးထားတယ်ဟုလည်း ပြောဆိုသွားသည်။ တနင်္လာနေ့က မီးတောင်တွင် ပေါက်ကွဲမှု အသေးစားလေးများသာ ထပ်မံ ဖြစ်ပွားသော်လည်း ဘေးမကင်းသေးဟု ပညာရှင်များက ပြောကြား ထားသည်။

မီးတောင်ပညာရှင် ဆူရိုနိုကအခြေအနေက စိုးရိမ်ရဆဲ အဆင့်ပါပဲ။ မီးတောင်ရဲ့ လှုပ်ရှားမှုတွေက ကျဆင်းသွားမယ့် အရိပ်အယောင် မရှိသေးဘူးဟု ဆိုသည်။ အင်ဒို တစ်နိုင်ငံလုံးတွင် လှုပ်ရှားသက်ဝင်နေ သည့် မီးတောင် (၁၂၉)လုံးရှိပြီး ရိုကာတန်ဒါသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ မီးတောင် လှုပ်ရှားမှုနှင့်အတူ တနင်္လာနေ့က အင်ဒိုနီးရှား အရှေ့ဘက် ကမ်းလွန်တွင် ရစ်ခ်ျတာစကေး (၆.၀)အဆင့်ရှိ ငလျင်တစ်ခုလည်း လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့ လက်နက်ချအလင်းဝင်ရောက်


ထိုင်း - မြန်မာ နယ်စပ် ၊ ထားဝယ်ခရိုင် အတွင်း လှုပ်ရှားလျက် ရှိသောဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ဦးစီး အဖွဲ့ဝင် ၈ ဦး တို့သည် သြဂုတ်လ၁၁ ရက်နေ့ ည ၉ နာရီခွဲက AK-47 သေနတ် ၂ လက် ၊ ပွိုင့် ၃၀ ကာဘိုင် သေနတ်တစ်လက် ၊ ပွိုင် ၂၂ သေနတ် တစ်လက် ၊ ပွိုင့် ၂၂ တစ်ထောင့်ထိုး သေနတ် တစ်လက် ၊ပွိုင့် ၃၈ ခြောက်လုံးပြူး အရှည် သေနတ် တစ်လက် ၊ ပွိုင့် ၃၈ခြောက်လုံးပြူး အတို သေနတ် တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး ၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ကျည်မျိုးစုံ ၇၁ တောင့် ၊ ကျည်အိမ်မျိုးစုံ ၇ ခုတို့နှင့် အတူ သံဖြူဇရပ် မြိုရှိ တပ်မတော် စစ်ကြောင်းထံ သို့ အလင်းဝင် ရောက်ခဲ့သည်။

အလင်းဝင် ရောက်လာသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ၊ ဗိုလ်ကြီး အဆင့်ရှိသော နိုင်ကလပ်စွန်း ၃၄ နှစ် နှင့် ထူးထူးစိတ် ၅၅ နှစ် ၊ အရာခံဗိုလ် အဆင့်ရှိသော အထူး ၃၇ ၊ တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂ နှစ် ၊ နိုင်အ၀ ၃၃ နှစ် ၊ပလိုင်စိုး ၂၁ နှစ် ၊ အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်း မှ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

ရွှေဟင်္သာသတင်းဌာန

“ ညီညွတ်ကြစို့ ”

“ တို့ဧရာဝတီရေက ကြည်တယ်ကွ၊
ချင်းတွင်းရေက နောက်တယ်ကွဆိုပြီး
ငြင်းခုံနေကြရင် အဲဒီမှာ Conflict ဖြစ်ပြီ။
နာမည်ကိုဖောက်ပြီး ရေကိုရောက်အောင်
ကြည့်ကြပါ။

ရေက သတိနှစ်ပါး ပဲရှိတယ်။
သန့်ရှင်းတယ်၊ ကြည်လင်တယ်၊
နာမည်ပေါ်မှာ ငြင်းခုံနေကြရင်
ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ
မဟုတ်ဘူး။ ပင်လယ်ထဲ စီးကြတဲ့အခါ
ချင်းတွင်းရေက ဧရာဝတီရေနဲ့
လာမပေါင်းနဲ့ဆို ရမလား၊ စစ်တောင်း
ရေကလည်း ဧရာဝတီရေနားမကပ်နဲ့လို့
ပြောလို့ ရသေးလား၊ မရဘူး။
အဲဒါ Unity, Harmony ပဲ၊ ငန်သော
အရသာ၊ ပြာသော အဆင်းရှိတဲ့
ပင်လယ်မှာ အားလုံး ပေါင်းသွားတယ်။

အရသာလည်း တူတယ်၊ အရောင်
အသွေးလည်း တူတယ်၊ ဦးတည်ချက်
ခြင်းလည်း တူတယ်ဆိုရင် ကုန်းပေါ်မှာ
မငြင်းခုန်ကြပါနဲ့ ။ ”

- သီတဂူ ဆရာတော်ကြီး

Dhamma Danã Source ► Young Buddhist's Association

ဂျကာတာ မြန်မာသံရုံး ဗုံးခွဲမှု ပတ်သက်သူ ဖမ်းမိ


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက မြန်မာသံရုံးကို ပြီးခဲ့တဲ့ မေလတုန်း က မအောင်မမြင်ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး မူဟာမတ် ဆာအိဖူ ဆာဘာနီ ဆိုသူကို နောက်ကွယ်ကနေ ငွေကြေးထောက် ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း လိုက်ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရိုနီဆွန်ပီက ပြောကြားရာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ကလည်း သံသယရှိတဲ့ မိုဟာမတ် ဆာအိဖုကို လေ့လာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ သူဟာ ရန်ပုံငွေ ထောက်ပံ့သူ ဖြစ်ကြောင်း၊

သူဟာ ဂျာကာတာ မြန်မာ သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ အဖွဲ့မှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း ပြောပါတယ်။

ဂျာဗားကျွန်း ယို့ခ်ယာကာတာ မြို့မှာ ဆာဘာနီကို သေကြာနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပြီး၊ သူဟာ မကြာသေးခင်က ဂျာကတာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်မှု ရှိမရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးလက်ရွေးစင် ရဲတပ်ဖွဲ့ကနေ စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

သူဘယ်က ပိုက်ဆံရတယ်ဆိုတာကိုလည်း ရဲက သိချင်နေတယ်လို့ ဆိုပါတယ်။

BBC Burmese

facebook window




Facebook သုံးရင်း ဖုန်းကလိချင်တဲ့သူတွေအတွက် ရေလည်လန်းတဲ့
facebook window ဆိုတာလေး တင်ပေးလိုက်တယ်။
ဒါလေးရှာတွေ့တာ အရမ်းပျော်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ..
အရင်ကဆိုရင် facebook သုံးနေချိန် သီချင်းဖွင့်ချင်တာ၊ SMS ဖတ်ချင်တာ၊
တစ်ခြား ကိစ္စတွေ လုပ်ချင်ရင် facebook app ကို ပိတ်ရပါတယ်။
ဒါမှမဟုတ် home key နှိပ်ပြီး ပြန်ထွက်ရပါတယ်။ အလုပ်ရှုပ်တယ်ဗျ။
အခုတော့ faceboook window ဆိုတာလေးနဲ့ အဆင်ပြေသွားပါပြီ။
facebook ကို window တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။ ချုံ့၊ ချဲ့ ..
ပြုလုပ်နိုင်တယ်။ facebook function ကိုလဲ အပြည့်ဝ အသုံးပြုနိုင်ပါတယ်။
Hide လုပ်ထားလို့လဲရတယ်ဗျ။ ပြန်သုံးချင်ရင် တစ်ချက်နှိပ်ပြီး ပြန်ဖွင့်ရုံပဲ။
မြန်မာစာလဲ အဆင်ပြေတယ်ဗျာ။ သေးသေးကွေးကွေးလေးအထိ ..
ချုံ့ထားနိုင်တယ်။ ဓါတ်ပုံတွေ zoom ဆွဲကြည့်သလို လက်ညိုး လက်မ သုံးပြီး
ချုံ့၊ ချဲ့ လုပ်နိုင်တယ်။ file size က 90KB လေးပဲ ရှိတယ်ဗျာ .. လုံးဝ အလန်း

Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - facebook window

download - facebook window

အင်ဒိုမီးတောင်ပေါက်ကွဲ လူရာပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပေး


သီတင်းပတ်အကုန်က လူ ငါးဦးသေဆုံးစေခဲ့သော မီးတောင် ပေါက်ကွဲမှုဖြစ်ပွားရာ အင်ဒိုနီး ရှားကျွန်းတစ်ခုမှ လူ ၅၀ဝကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပေးခဲ့ရ ကြောင်း အရာရှိတစ်ဦးက ပြော ကြားခဲ့သည်။ မီးတောင်ရိုကာ တင်ဒါမှာ ဩဂုတ် ၁၂ရက်အထိ ပြာများမှုတ်နေဆဲဖြစ်သည်။
East Nusa Tenggara ပြည်နယ် ပါလူးကျွန်းပေါ်ရှိ ၎င်း မီးတောင်သည် ဩဂုတ် ၁ဝရက် က အနီရောင်ပြာပူများ နှစ်ကီလို မီတာ အကွာအဝေးအထိ ကောင်းကင် ထဲသို့မှုတ်ထုတ်ခဲ့ပြီး ချော်ရည်ပူ များ ကမ်းခြေတစ်ခုပေါ်သို့ ရောက် ရှိခဲ့ရာ အိပ်ပျော်နေသော လူကြီး သုံးဦးနှင့် ကလေးနှစ်ဦးသေဆုံးခဲ့ သည်။ သေဆုံးသူအရေအတွက် မှာ ခြောက်ဦးဖြစ်သည်ဟု တာဝန် ရှိသူများက အစောပိုင်းကထုတ် ပြန်ခဲ့သော်လည်း ဩဂုတ်၁၂ရက် တွင် ငါးဦးဖြစ်ကြောင်း ပြင်ဆင် ထုတ်ပြန်ခဲ့သည်။
ကယ်ဆယ်သူများသည် ထိ ခိုက်မှုရှိသောဧရိယာများသို့သွား ရာလမ်းတွင် ပြာများက ပိတ်ဆို့နေ ၍ ရုန်းကန်နေရသည်။ ထို့အပြင် ၎င်းတို့၏အိမ်များကို စွန့်ခွာရန် ဆန္ဒမရှိသော ရွာသားများကိုလည်း စည်းရုံးနေရကြောင်း သိရသည်။
''စနေနေ့က ပေါက်ကွဲမှုဖြစ် ကတည်းက ရိုကာတင်ဒါမီးတောင် နားမှာနေတဲ့ လူ၅၁၁ဦးတို့ ပါလူး ကျွန်းကနေ မော်မီရီကို ရွှေ့ပေးပြီး ပါပြီ''ဟု အမျိုးသားကပ်ဘေးအေ ဂျင်စီပြောခွင့်ရပုဂ္ဂိုလ်ဆူတိုပိုပူရ်ဗို နပ်ဂရိုဟိုက အနီးရှိဖလောရက် ကျွန်းပေါ်မှ မြို့ကြီးတစ်မြို့ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
လူများအား ဘေးလွတ်ရာ သို့ရွှေ့ပြောင်းရာတွင် မော်တော် ဘုတ်ခြောက်စင်းကို အသုံးပြု လျက်ရှိပြီး ရွှေ့ပြောင်းရသူများကို ကူညီရန် ကပ်ဘေးအေဂျင်စီက အကူအညီများပေးပို့ခဲ့သည်။ အ ကူအညီပစ္စည်းများတွင် မီးတောင် ပြာများကို ကာကွယ်ရန် မျက်နှာ ဖုံး ၂၀၀၀ဝနှင့် ခြုံစောင် ၁၀၀ဝပါ ဝင်ကြောင်း သိရသည်။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသူများမှာ ရွာနှစ်ရွာမှဖြစ် ကြောင်း၊ ပါလူးကျွန်း၏အစိတ် အပိုင်းဆစ်ကာခရိုင်အကြီးအကဲ က ပြောကြားခဲ့သည်။ သို့သော် လည်း အိမ်နှင့်မွေးမြူရေးတိရစ္ဆာန် များကို မစွန့်ခွာလိုသော ရွာသား ဒါဇင်ပေါင်းများစွာရှိနေသေးသည် ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုကြောင့် လိုအပ် ချက်အရ ကျွန်းကိုစွန့်ခွာခဲ့သူ ၃၀၀ဝနီးပါးရှိပြီဟု နပ်ဂရိုဟိုက ပြောကြားခဲ့သည်။ ၎င်းတို့မှာ မီး တောင်ဝပတ်လည် သုံးကီလိုမီတာ သီးသန့်ဇုန်အတွင်းရှိနေခဲ့သည်။
၎င်းဧရိယာအတွင်း လူများ နေရပ်ကိုစွန့်ခွာရန် အာဏာပိုင်များ ကတိုက်တွန်းသော်လည်း ငြင်းဆန် နေသူအများအပြားရှိ နေသေး သည်။ ဇုန်အတွင်းကျန်ရှိနေသေး သော လူ၂၅၀ဝခန့်ကို ဘေးလွတ် ရာရွှေ့ပြောင်းပေးရန် တာဝန်ရှိသူ များက မျှော်လင့်နေဆဲဖြစ်သည်။

ဆံပင်ကျွတ်ခြင်းကို ဟန့်တားနိုင်သော အိမ်တွင်းနည်းလမ်းများ



သန်စွမ်းတောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လိုကြပါတယ်။ ဆံပင်ကျွတ်သန်စွမ်းတောက်ပြောင်ပြီး ထူထဲတဲ့ ဆံသားမျိုးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်လိုကြပါတယ်။ ဆံပင်ကျွတ်ပြီး ပါးလျတဲ့ ဆံသားတွေက အမျိုးသမီးတွေရဲ့ လှပမှုကို မှေးမှိန်စေပါတယ်။ လွယ်ကူတဲ့ အိမ်တွင်းနည်း တခိျု့နဲ့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၁) သဘာဝ အစားအစာများနှင့် ဆံပင်ကို အားဖြည့်ပါ။
အာဟာရဓာတ် ခိျု့တဲ့တာက ဆံပင်ကျွတ်တာရဲ့ အဓိက အကြောင်းရင်း တစ်ရပ်ပါ။ ဆံသားတွေ သန်စွမ်းထူထဲဖို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ စားသုံးဖို့ လိုပါတယ်။ အာဟာရ ပြည့်စုံတာက ဆံပင်တွေ သန်စွမ်း ထူထဲစေတဲ့အပြင် ဆံပင်အရောင်ကိုလည်း တောက်ပြောင် လှပစေပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အောက်ပါ အစားအစာတွေ ပါဝင်အောင် စားပြီး ဆံပင်ကျွတ်တာကို ကာကွယ်နိုင်ပါတယ်။

မုန်လာဥနီ - ဗီတာမင်အေကို ရရှိပြီး ဦးရေပြားကို အာဟာရ ဖြည့်စွမ်းပေးပါတယ်။
ဆယ်လ်မွန်ငါး - အိုမီဂါ-၃ ရရှိပြီး ဆံသားတွေ တောက်ပြောင် လှပစေပါတယ်။
ဆီးသီးခြောက် - သံဓာတ်ြွကယ်ဝပြီး ဆံသား ခြောက်သွေ့တာ၊ ပါးတာနဲ့ ကြမ်းတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် -ကျန်းမာစေတဲ့အပြင် ဆံသားတွေ သန်စွမ်းစေပါတယ်။
သကြားမုန်လာ - သံဓာတ် ကြွယ်ဝပြီး ဆံသားတွေကို သန်စွမ်းစေပါတယ်။
အုတ်ဂျုံ - ဇင့်ဓာတ်၊ သံဓာတ်၊ အိုမီဂါ-၆ အဆီတွေ ပါဝင်တာကြောင့် ဆံပင် အရှည်မြန်စေပါတယ်။
သစ်ချသီး - ဇင့်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ဘီ-၁၊ ဘီ-၆၊ ဘီ-၉တွေ ပါဝင်ပြီး ဆံပင် သန်စေပါတယ်။
ဥအမျိုးမျိုး - ပရိုတင်း၊ ဗီတာမင်ဘီ-၁၂၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ အိုမီဂါ-၆ တွေ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။

(၂) သဘာဝ အဆီများနှင့် ဆံပင် တောက်ပြောင်အောင် ပြုပြင်ပါ။
ဆံသား တောက်ပြောင်ဖို့၊ ဆံပင်သန်စွမ်းဖို့၊ ဆံပင်ကျွတ်တာကို ကာကွယ်ဖို့အတွက် ဆံသားကို ဆီလိမ်းပြီး ၂-၃မိနစ်ကြာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ညင်သာစွာ နှိပ်နယ်ပေးတာကြောင့် ဦးရေပြား သွေးလှည့်ပတ်မှု ကောင်းစေပြီး ဆံချည်မျှင်အိတ်တွေကို နှိုးဆွပေးပါတယ်။ ဆီကို ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး ခေါင်းမလျှော်ခင် တစ်နာရီ အလိုလောက်မှ လိမ်းပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီ၊ အုန်းဆီ၊ ဂနိုလာဆီ၊ လာဗန်ဒါဆီ၊ ဗာဒံစေ့ဆီ၊ နှမ်းဆီတွေကို အသုံးပြုနိုင်ပါတယ်။

(၃) အင်တီအောက်ဆီးဒင့်ကို အသုံးပြုပါ။
အင်တီအောက်ဆီးဒင့်က ဆံပင်ကျွတ်တာကို တားဆီးပေးနိုင်တဲ့ အပြင် ဆံပင်ပြန်ပေါက်အောင်လည်း ကူညီပေးပါတယ်။ အင်ဆီအောက်ဆီးဒင့် များစွာ ပါဝင်တဲ့ လက်ဖက်စိမ်းကို ရေနွေးတစ်ခွက်ထဲ ထည့်ပြီး ခဏနှပ်ထားပါ။ ရလာတဲ့ လက်ဖက်စိမ်းရည်ကို ဆံသား အနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက ဆံပင်သန်ပြီး ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။

(၄) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့်လေ့ကျင့်ခန်း လုပ်ခြင်းများ လုပ်ဆောင်ပါ။
ဆံပင်ကျွတ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုက စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ်များတာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်နဲ့ခန္ဓာကိုယ်ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းသွားတာကြောင့် ခန္ဓာကိုယ်တွင်းဟော်မုန်းတွေ မျှခြေ ဖြစ်သွားစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်တာကြောင့် ဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) ဦးရေပြားကို သန့်စင်အောင် ဂရုစိုက်ပါ။
ဦးရေပြားက ထွက်တဲ့ အဆီတွေနဲ့ဖုန်၊ အမှုန်တွေ ပေါင်းပြီး ဆံသား ကျိုးပြတ်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတာကြောင့် ဦးရေပြားကို သန့်ရှင်းအောင်ထားဖို့ လိုအပ်ပါတယ်။ ရှမ်ပူနဲ့ ပုံမှန်ခေါင်းလျှော်တာ၊ သဘာဝအဆီ လိမ်းပေးတာတွေက ဦးရေပြား သန့်စင်စေပြီး ဖောက်တွေကိုလည်း ကင်းစင်စေပါတယ်။ သံပရာရည်၊ ရှားစောင်းလက်ပတ်၊ စတော်ဘယ်ရီစတာတွေကို ဆံပင်ကျွတ်တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်း အဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်း(ဂျင်း)တွေကို အရည်ညှစ်ပြီး ဆံသားအနှံ့လိမ်းပြီး တစ်ညအိပ်ပါ။ မနက်မိုးလင်း ရေချိုးရင်းနဲ့ ခေါင်းလျှော်ပါ။ ဦးရေပြားနဲ့ ဆံသားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား၊ မှိုပိုးတွေကို ဖယ်ရှားပေးပါတယ်။

မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ လက်ပံတောင်းရွာခံ ၁၀၀ ခန့် ခွင့်ပြုချက်မရဘဲ


မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ လက်ပံတောင်းရွာခံ ၁၀၀ ခန့် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်တဲ့အတွက် ဒေါ်နော်အုန်းလှအပါအ၀င် အမျိုးသမီး(၁၀)ဦးကို မုံရွာမြို့၊ အမှတ်(၁)မြို့မရဲစခန်းက ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ မုံရွာမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဆန္ဒပြတဲ့သူတွေအနေနဲ့ ဒေသခံတွေကို ဖိနှိပ်ခံရတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ယခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။
ဆန္ဒထုတ်ဖော်မှုကို ယနေ့နေ့လည်၂နာရီကစတင်ပြီး ၃ နာရီဝန်းကျင်မှာ အမှတ်(၁)ရဲစခန်းက စတင်ဖမ်းဆီး တာ ဖြစ်တယ်လို့ မုံရွာမြို့၊ မော်ဒန်သတင်းထောက်က သတင်းပေးပို့ပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းတွေအရ ယခုအချိန်မှာ မြို့မဂါတ်ကျောင်းတဲအနောက်ပေါက်မှာရဲအင်အား ၁၅ ဦးခန့်ပိတ်ဆို့ဝန်းရံထားပါတယ်။

 The Modern News Journal

ပြည်သူ့ဆန္ဒအမှန် သိရန် နော်ဝေ ဝန်ကြီးချုပ် Taxi ဒရိုင်ဘာ ဟန်ဆောင် လေ့လာ

Tuesday, August 13, 2013

မဲဆန္ဒရှင် ပြည်သူများက မည်သည့်အရာကို လိုလား တောင့်တနေကြသည်။ မည်သို့ တွေးတော ကြသည်ကို သိလိုသောကြောင့်ဟု ဆိုကာ နော်ဝေ ဝန်ကြီးချုပ် ဂျွန်စတော်တန်ဘာ့ဂ်က အငှား ယာဉ်မောင်း ဒရိုင်ဘာ ဟန်ဆောင်၍ နေ့တစ်ဝက် ကားမောင်းခဲ့ပြီး ခရီးသည် ပြည်သူများနှင့် စကား ပြောဆိုခဲ့သည့် ဗီဒီယို ရုပ်သံတစ်ခု နော်ဝေ လူမှုကွန်ရက် မီဒီယာများတွင် တွေ့ရကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ပြည်သူတွေ ဘယ်လို တွေးခေါ်နေကြတယ်ဆိုတာ သိရဖို့ ကျွန်တော့် အတွက် အရေးကြီးပါတယ်။ လူတွေက သူတို့ ထင်ရာကို ပြောကြတဲ့ နေရာ တစ်ခု ရှိပါတယ်။အဲဒါကတော့ Taxi ကားပါပဲ” ဟု ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က Facebook, Twitter နှင့် Youtube တို့တွင် တင်ထားသည့် ၎င်း၏ ဗီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ် ကျင်းပမည့် နော်ဝေ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလ တွင် အဆိုပါ ဗီဒီယို ထွက်ပေါ် လာခြင်းဖြစ်ကာ နော်ဝေ ဝန်ကြီးချုပ်၏ အာဏာရ လက်ဝဲယိမ်း ပါတီက အရေးနိမ့်ဖွယ်ရှိကြောင်း နောက်ဆုံး ကောက်ယူထားသည့် စစ်တမ်းများ က ဖော်ပြထားသည်။

စတော်တန်ဘာ့ဂ်သည် မြို့တော် အော်စလို Taxi ဒရိုင်ဘာများ ယူနီဖောင်း ကို ဝတ်ဆင်ထားပြီး ခရီးသည်များကို အကြိုအပို့ လုပ်ပေးရင်း စကား စမြည် ပြောခဲ့ကြောင်း၊ ယင်းသို့ ပြည်သူထဲသို့ အငှား ယာဉ်မောင်း ကားသမား ဟန်ဆောင်၍ ဆင်းခဲ့ခြင်းသည် ဇွန်လအတွင်းက ဖြစ်ကြောင်း AFP က ရေးသား ဖော်ပြထားသည်။

ကားထဲတွင် တပ်ထားသော ကင်မရာက ခရီးသည်များနှင့် ဝန်ကြီးချုပ်တို့ စကားပြောနေကြပုံကို မှတ်တမ်းတင်ထားပြီး ခရီးသည် တစ်ဦးက ဆိုလျှင် “ခင်ဗျားက နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ တော်တော် တူတာပဲ” ဟု ပြောကြား သွားသေးသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

ဝန်ကြီးချုပ်မှန်း မှတ်မိသွားသည့် အသက်ကြီး အမျိုးသမီး တစ်ဦးဆိုလျှင် လုပ်ငန်းရှင်များ လစာ အများကြီး ယူနေသည့် ကိစ္စရပ်ကို တိုင်တန်းသွားပြီး “ဒီလို သန်းနဲ့ ချီပြီးတော့ မယူသင့်ပါဘူး” ဟု ပြောဆိုသွားခဲ့သည်။

၎င်းကို မှတ်မိသွားသည့် ခရီးသည်များနှင့် တွေ့လျှင် ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က ကားမမောင်း ဖြစ်သည်မှာ ရှစ်နှစ်ကြာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုသည်ကိုလည်း ရုပ်သံအရ တွေ့ရသည်။

ဝန်ကြီးချုပ်အဖြစ် အရွေးမခံရတော့လျှင် Taxi ကား ဒရိုင်ဘာ လုပ်တော့ မည်လောဟု ပြည်တွင်း သတင်းစာ တစ်စောင်က မေးမြန်းသောအခါ ဝန်ကြီးချုပ်က “ကျွန်တော် Taxi ကားသမားတစ်ယောက် ထက်စာရင် ဝန်ကြီးချုပ် အဖြစ်နဲ့ တာဝန်ယူတာက တိုင်းပြည်နဲ့ ခရီးသည်တွေအတွက် ပိုကောင်းကောင်း လုပ်ပေးနိုင်မယ်လို့ ထင်တယ်ဗျာ” ဟု ဝန်ကြီးချုပ် က ပြန်လည် ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ် လိုက်ပို့သည့် ကားကို စီးခဲ့သော ခရီးသည်များသည် ကားခပေးရန် မလိုခဲ့ဟု ယင်းသတင်းစာက ရေးသား ဖော်ပြထားသေးသည်။

The Voice Weekly

ထိုင်းသင်္ဘောသီးသုပ်

တစ်ပတ်လုံး ဘာမှမယ်မယ်ရရ မိသားစုနဲ့ မလုပ်စားဖြစ်ပါ။
ဒီရက်ပိုင်း စိတ်ပင်ပန်း၊ လူပင်ပန်းမို့ လုံးဝဘာမှချက်စားချင်စိတ်မရှိဖြစ်တာနဲ့
ဒီနေ့တစ်နေ့လုံးလည်း ၃ နာရီလောက်သာ အိပ်ရသေးတာကြောင့်ရယ်
Food Magazine ကလည်း စာမူပို့တာ
နောက်ကျနေပြီဆိုပြီး ပြောထားတာရယ်ကြောင့် ထိုင်းသင်္ဘောသီးသုပ်လေးပဲ သုပ်စားရင်း စာမူရေးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်ရင်ဖြင့် ဒီဟာလေးက
မစားမဖြစ် စားကျတဲ့ အစားအစာတစ်ခုပါနော်။

ပါဝင်ပစ္စည်းများ
.....................
• သင်္ဘောသီးအရွယ်ကောင်းတစ်လုံးခြစ်ပြီးသား
• မုန်လာဥနီ - တစ်လုံး (ခြစ်ပြီးသား)
• ငရုတ်သီးစိမ်း - ၅တောင့် (ပါးပါးလှီးထား)
• ပဲသီး - ၂တောင့်
• ခရမ်းချဉ်သီး - တစ်လုံး
• သံပရာ - တစ်စိတ်
• ပုစွန်ခြောက်ထောင်း - စားပွဲဇွန်း ၂ ဇွန်း
• Papaya Salad Sauce - တစ်ဇွန်း
(မရှိရင် သကြား၁ဇွန်း(အချိုပွဲဇွန်း) ၊ဗနီလာ ၁ ဇွန်း(အချိုပွဲဇွန်း)၊
Sweet Chili တစ်ဇွန်း(အချိုပွဲဇွန်း) ရောပါ)
• ငံပြာရည် - စားပွဲဇွန်း ၂ဇွန်း
• ကြက်သားမှုန့် - နည်းနည်း
• ကြက်သွန်ဆီသတ် - စားပွဲဇွန်း ၁ ဇွန်း
• မြေပဲဆံထောင်း - နည်းနည်း

ပြင်ဆင်စားရန်
..................
• ပဲသီး ၂ တောင့်ကို လက်တစ်ဆစ်ခန့်အနေများ
ဖြတ် ထားကာ ရေနွေးဖျောထားပါ။

• သင်္ဘောသီးအရွယ်ကောင်းတစ်လုံးကိုအချောင်းလေးများခြစ်ထားပါ။

• ငရုတ်ဆုံထဲကို သင်္ဘောသီးနည်းနည်းထည့် မုန်လာဥနည်းနည်းထည့်ကာ
ငရုတ်သီးစိမ်း ပါးပါးလှီးထားတာများထည့်ပါ။ ပုစွန်ခြောက်၊ ကြက်သားမှုန့်၊
ငံပြာရည်ထည့်ကာ ထောင်းပါ။ အရည်ထွက်ရုံ ဖြည်းဖြည်းထောင်းပါ။

• တစ်ခါ နည်းနည်း ထပ်ထည့်ပြီး အထက်ပါနည်းအတိုင်း
သင်္ဘောသီးခြစ်လေးများ တစ်ဝက်ကုန်ထိထောင်းပါ။

• ဇလုံတစ်ခုထဲကို ထောင်းပြီးသားများထည့်ကာ ချန်ထားသော
သင်္ဘောသီးခြစ်လေးများ၊ ပဲသီးတောင့်လေးများ၊ ခရမ်းချဉ်သီးများထည့်ပါ။
ပုစွန်ခြောက်၊ ကြက်သားမှုန့်၊ ငံပြာရည် လိုသလောက် နည်းနည်းစီထည့်ပါ။
သံပရာသီးညှစ်ပါ။

• ကြက်သွန်ဆီသတ် တစ်ဇွန်း၊ Papaya Salad Sauce တစ်ဇွန်းထည့်ကာ
ဇွန်းဖြင့် နှံ့အောင်မွှေပါ။

• ပြီးရင် ပန်းကန်ပေါ်ပြင်ကာ မြေပဲဆံဖြူးပါ။
ရှူးရှဲ ထိုင်းသင်္ဘောသီးသုပ်လေးကို ထမင်းပူပူနဲ့
အလွန်စားလို့ ကောင်းခဲ့ပါတယ်လို့ သတင်းကောင်းပါးချင်ပါတယ်နော်။


...................................
Htet Family's Creation

စည်းကမ်းထိန်းသိမ်းရေး ဆုံးဖြတ်ချက် ရန်ကုန် စောင့်ကြည့်မည်

Tuesday, August 13, 2013

နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းတွင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး နောက်ဆုံးပွဲမှ ရန်ကုန်ယူနိုက်တက်နှင့် နေပြည်တော်အသင်း တို့၏ ဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် အသင်း အနေနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားစာ ပေးပို့ခြင်း၊ ကန့်ကွက်စာ ပေးပို့ခြင်း ပြုလုပ်မည် မဟုတ်ပဲ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့် မည် ဖြစ်ကြောင်း ရန်ကုန် ယူနိုက်တက်အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးအောင်ပိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဝဏ္ဏသိဒ္ဓိကွင်းတွင် ဖြစ်ပွား ခဲ့သည့် ပြဿနာတွင် ပါဝင်ခဲ့သူများကို ပြင်းထန် စွာ အရေးယူမည်ဟု ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် သို့ မေးမြန်းစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်-နေပြည်တော် ပွဲစဉ်၏ ပြဿနာ အစမှာ နေပြည်တော်အသင်းက ကစားသမား ခိုင်ထူးက ရန်ကုန်ကစားသမား ရန်အောင်ကျော်ကို ခုန်ကန် ခဲ့သည့် အချိန်က စတင်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အသင်း ကို ကွင်းလယ်ဒိုင်က ပယ်နတီ ပေးခဲ့ချိန်၌ ကျေနပ်မှု မရှိသော နေပြည်တော်အသင်း ပရိသတ် အချို့ ကွင်းအတွင်း ဝင်ရောက်၍ ကွင်းလယ်ဒိုင်နှင့် ကစားသမားများကို ရန်မူခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် နှစ်ဖက် အသင်းသားများနှင့် ပရိသတ်များ ခိုက်ရန် ဖြစ်ခဲ့၍ ပွဲကစားချိန် ၃၇ မိနစ်တွင် ရပ်နားလိုက်ရပြီး ရန်ကုန်အသင်းကို အနိုင်ပေး ခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပွဲကြည့်စဉ်မှ ထိုင်ခုံများကို ဖျက်ဆီးခဲ့သည့် နေပြည်တော် ပရိသတ် ၁၂ ဦးကို ဇမ္ဗူသီရိ မြို့နယ် အမှတ် ၅ ရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆-၁ အရ သြဂုတ် ၈ ရက်နေ့ က စတင် အရေးယူခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက တစ်ပတ်ကြာသည့်တိုင် အရေးယူမှု မရှိသေးပေ။

The Voice Weekly

မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်




"အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ အသိဥာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ “အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထိန်းသိမ်းနိုင်ခဲ့တာပါ။

မဆုမွန် (RFA)

ဆယ်ကျော်သက်အရွယ်နဲ့အတူ ဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့ အချစ်ဆိုတဲ့အရာဟာ အရွယ်နဲ့မမျှအောင် အင်အားကြီးမားခဲ့တာမို့ ရင်ခုန်သံတွေရဲ့နောက်ကို ပါမသွားလေရအောင် ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရသူတွေ ကတော့ ကျွန်မတို့ မိန်းမသားတွေမဟုတ်လား…။

ရင်ခုန်သံတွေ စတင်ပြီး ခုန်လာတတ်စမှာတော့ သိပ်ချစ်တာပဲဆိုတဲ့ စကားလေးတစ်ခွန်းဟာ မိန်းမတစ်ယောက် အတွက် တန်ဘိုးမဖြတ်နိုင်ပါဘူး…မိန်းမတစ်ယောက်ဟာ သူမရဲ့ဘ၀ကြီးတစ်ခုအတွက် ရှိသမျှအချစ်တွေ အားလုံးကို ပေးချင်တတ်ကြပါတယ်၊အဲ့ဒီအရွယ်ဟာ..ဆယ်ကျော်သက်အရွယ်လေးပါ…ဘာကိုမှ မစဉ်းစားချင်၊ ဘာကိုမှလည်း မဆုံးဖြတ်ဘဲ….တဒိန်းဒိန်းခုန်နေတာကို အချစ်လို့ မှတ်ယူတတ်ခဲ့လို့ပါပဲ…။

ခုတော့လည်း ရင်ခုန်သံတွေက တဆင့်ကျော်လာခဲ့ပြီမို့ အချစ်ဆိုတာကို နားလည်သယောယောင်တော့ ရှိလာသလိုလို…ဒါပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့စိတ်ဟာ ခန့်မှန်းရခက်သားလား။ ယောက်ျားတွေ တွေ့တိုင်းဆွေ့ဆွေ့ခုန်၊ ရင်ခုန်ခြင်းမျိုးလည်းမဟုတ်။ ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်နေခဲ့တိုင်းလည်း မိန်းမတွေ မချစ်တတ်ခဲ့…။ ဒါဆို…ကျွန်မတို့ မိန်းမတွေရဲ့ အချစ်ဆိုတာကို ဘယ်လိုနားလည်ရမလဲ။

ဆယ်ကျော်သက်ရဲ့အထက် နှစ်ဆယ်ကျော်အရွယ်အစမှာတော့ အချစ်ကိုရှာဖွေချင်သူဖြစ်လာခဲ့ပြန်ပါပြီ… ရှာဖွေချင်သော်ငြားလည်း ရှာမရခဲ့။ တိတ်တိတ်လေး ရင်ထဲမှာကြိတ်နေပြီး ချစ်တဲ့သူကို လိုက်ရှာနေ မိတော့သည်…ဆယ်ကျော်သက်အရွယ်ကစိတ်မျိုးမဟုတ်ခဲ့…မိန်းမတစ်ယောက်ဟာ သူမမြတ်နိုးသူ၊ သိပ်ချစ် တတ်တဲ့သူကိုသာ ရှာဖွေတတ်သည်…ယောက်ျားတစ်ယောက်က ချစ်သလား၊ ကြိုက်သလားဆိုတဲ့ အရာကို မစဉ်းစားမိ… စကားပုံတစ်ခုလိုပါပဲ… မချစ်ဘူးလို့ အချစ်ရူး….အချစ်ဦးမို့ အချစ်ထူးဆိုသလိုပါပဲ ပစ်ပစ်ခါခါ၊ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားပြန်သည်….အချစ်တွေစုဆောင်းပြီး တောင်ပုံကြီးတစ်ခုလို ဖြစ်လာတဲ့အခါ မိန်းမတစ်ယောက်ရဲ့အချစ်ဟာ…လောဘဆိုတဲ့အရာနဲ့ ဒွန်တွဲလာပြန်ပါတယ်…။ သူမပေးထားသော အချစ်တွေ အတွက် ယောက်ျားတစ်ယောက်ဆီက အစွမ်းကုန်လိုချင်သောအချစ်တစ်ခုပေါ့…ဆန့်ကျင်ဘက်တစ်ခုကတော့ ပေးဆပ်ခြင်းဆိုတဲ့စိတ်တစ်ခုရယ်ပါ။ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက် အရမ်းချစ်တတ်တဲ့ စိတ်တွေရှိလာတဲ့အချိန် နှလုံးသားတစ်ခုကိုပါ စတေးပြီးချစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ဟာ အဲ့ဒီအချိန်မှာ အချစ်ဆိုတဲ့အရာကို ဆန်းစစ်ရှာဖွေနေချိန်လို့ ပြောလို့ရနိုင်သလို သေရာပါမယ့်အချစ်မျိုးဆိုရင် လည်း မှားမယ်မထင်ပါဘူး။

နောက်ဆုံးအပျိုစင်ဘ၀…နောက်ဆုံးဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားမိတာနဲ့ မိန်းမတစ်ယောက်ရဲ့ မကြားချင်ဆုံးသော စကားတစ်ခွန်းပါ။ မိန်းမတွေဟာ လောဘကြီးတယ်လို့ ယောက်ျားတွေရဲ့ တဖက်သက် အမြင်တွေကို စွပ်စွဲခဲ့မယ်ဆိုရင်…သူမပြောပြချင်ပါတယ်…

ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာ ဘ၀ရဲ့တစ်စိတ်တပိုင်းပါ…မိန်းမတစ်ယောက်ကတော့ သူမရဲ့အပျိုစင် ဆိုတဲ့ ဘ၀လေးကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုဟာ မီးတောင်တစ်ခုပေါက်ကွဲမတတ် ခံစားရ တတ်ကြပါတယ်…ဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခု မိန်းမတွေမှာ ရှိပါတယ်…အဲ့ဒီအချိန်မှာ မိန်းမတွေဟာ အချစ်ဆိုတဲ့အရာကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ အသိစိတ်တွေက ရင့်ကျက်သွားခဲ့လို့ပါ။

မိန်းမတစ်ယောက်ရဲ့ အပျိုစင်ဘ၀ကို သူမချစ်တဲ့သူနဲ့ ဖြတ်သန်းလိုက်ရမလား..သို့မဟုတ် သူမ မချစ်မနှစ်သက် သူနဲ့ ဖြတ်သန်းလိုက်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက မိန်းမတစ်ယောက်ကို အကြီးအကျယ်ရိုက်ခတ်စေပါ တယ်..ကျွန်မတို့မိန်းမသားဘ၀တွေမှာ…နောက်ဆုံးအပျိုစင်ဘ၀ ကုန်ဆုံးသွားခဲ့ရင် အရာအားလုံးဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရင်ထဲကခံစားချက်၊ လွတ်လပ်ခွင့်တွေဟာ နည်းပါးသွားခဲ့ရပါပြီ။ ရှေးရိုးအစဉ်လာတည်းက မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မီးဖိုချောင်မှာ ချက်ပြုတ်လုပ်ရတဲ့အလုပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်တစ်ခုဟာ မိန်းမတစ်ယောက်အတွက် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရသလိုဖြစ်စေပါ တယ်။

အပျိုစင်ဘ၀တွေမှာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်၊ အများနှင့်တန်းတူ ပညာသင်ခွင့်တွေဟာ နောက်ဆုံး အပျိုစင်ဘ၀မှာ စွန့်လွှတ်ခဲ့ရပါသည်။ အပျိုစင်ဘ၀လေးကို မစွန့်လွှတ်ခင်အချိန်ကလေးမှာ ကျွန်မတို့မိန်းမတွေ ဘယ်လောက်ထိ ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရတယ်ဆိုတာ သိနိုင်မယ်ဆိုရင်…

ဗုဒ္ဓဘာသာဝင်တိုင်းနှစ်သက်မယ်ထင်ပါတယ်

ဒါလေးကလဲ3Dဝေါပေပါလေးပါ။ ဒီဟာကိုတော့ဗုဒ္ဓဘာသာဝင်တိုင်းနှစ်သက်မယ်ထင်ပါတယ်။အေးမြလှတဲ့တောင်တန်းတစ်နေရာက ကျောင်းဆောင်တစ်ခုမှာ ဘုန်းတော်ကြီးတွေ နေထိုင်ကြသည်ကိုဖော်ပြထားပေးပါတယ်။ဗုဒ္ဓဘာသာဝင်တွေရဲ့ဘုရားရုပ်ထုတွေနှင့်အေးချမ်းလှတဲ့မြင်ကွင်းတွေဟာသင့်မျက်စိကို အေးမြနေစေမှာပါ  


Download Link- Here
(or)




Android games,app

ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများ ရဲက ဆက်တိုက်ဝင်ဖမ်း



ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများကို ဆက်တိုက်ဝင်ဖမ်းလျှက်ရှိရာ ဩ ဂုတ် ၁၁ ရက် တစ်နေ့တည်းတွင်ပင် အနှိပ်ခန်းနှစ်ခု ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပထမဖမ်းဆီးလိုက်သည်မှာ လမ်းမတော်မြို့နယ်၊ ၅ ရပ်ကွက်၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၅ နာရီကျော်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ အော်စကာ ဟူသည့် အမည်ဖြင့်  ဖွင့်လှစ်ထားခြင်းဖြစ်သည် ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုဆိုင်တွင် တာဝန်ခံအဖြစ်လုပ်ကိုင် နေသော ကိုဇော်နိုင်ဆိုသူကိုလည်း ရဲများက ဖမ်းဆီးခဲ့သလို အနှိပ်သမအဖြစ် သံသယရှိသည့် မိန်းကလေးငယ် ကိုးဦးကိုလည်း ဖမ်းဆီးခဲ့သေးသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲများသည် အနှိပ်ခန်းဟု သံသယရှိသည့် ထိုဆိုင်မှ မွေ့ယာ၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ စာရင်းစာအုပ်နှင့် ငွေကျပ် ၃၂၀ဝ၀ ကိုလည်း သိမ်းဆည်းခဲ့သေးသည် ဟုလည်း ဆိုထားသည်။

ထို့အတူ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ စင်းစင်း အမည်ရသည့် အနှိပ်ခန်းကိုလည်း ည ၈ နာရီအချိန်တွင် ရဲများက ဝင်ဖမ်းခဲ့သေးသည်။

ယင်းဆိုင်တွင် အနှိပ်သမဟု သံသယရှိသည့် အမျိုးသမီးငယ် ငါးဦးနှင့်အတူဆိုင်တာဝန်ခံ ကိုဇော်ဇော်ဆိုသူတို့ကို ဖမ်းဆီးခဲ့ပြီး သက်သေခံ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုအမှုများကို ရဲများကပင် တရားလို ပြုလုပ်တိုင်တန်းထားပြီး ဖမ်းမိသူများကို တရားမဝင် အနှိပ်ခန်းဖွင့်သူများအဖြစ် စွပ်စွဲကာ အမှုဖွင့်ထားသည်ဟု ရဲစခန်းက ဆိုသည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် ဦးတိုက်လျှောက်ထားကာ တရား စွဲဆိုသွားမည်ဟုလည်း တိုင်းရဲဌာန က ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima -

ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အချက်များ

(၁) အသက်အရွယ်
အသက်ကြီးလေလေရင်သားကင်ဆာဖြစ်နိုင်ခြေပိုများလေလေ
ဖြစ်သည်။

(၂) နိုင်ငံဖွံဖြိုးမှု
ဖွံဖြိုးပြီးနိုင်ငံသူများသည် ဖွံဖြိုးမှုအနည်းဆုံးဖြစ်သော
နိုင်ငံသူများထက် အဖြစ်ပိုများသည်။

(၃)မျိုးပွားမှုဆိုင်ရာ အချက်အလက်များ
ရာသီသွေးစပေါ်သည့်အသက်အရွယ် စောလွန်းခြင်း၊
ပထမကလေးယူသည့် အသက်အရွယ် နောက်ကျခြင်း၊
ကလေးမမွေးခြင်း(သို့)ကလေးယူသည့်အရေအတွက် နည်းခြင်း၊နို့မတိုက်ခြင်း၊ရာသီသွေးဆုံးမှု နောက်ကျလွန်းခြင်း တို့သည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။

(၄)ဟော်မုန်းသုံးစွဲသူများ
(သန္ဓေတားဆေးကတ်၊ ဟော်မုန်းကုထုံးများ)
(၅) ရင်သားငယ်ကျစ်သူများ
(၆) ရင်သားရောဂါအခံရှိသူများ
(၈) ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ဆက်စပ်တွေ့ရှိရသည်။

အခြား အချက်အလက်များမှာ

(၁) အ၀လွန်သူများ၊ ကိုယ်လက်လှုတ်ရှားမှုနည်းသူများ၊
အဆီအစားများသူ၊ ဓါတ်ရောင်ခြည်နှင့်ထိတွေ့မှုများသူ အရက်သောက်သုံးသူနှင့် ဆေးလိပ်သောက်သုံးသူများသည်
လည်း ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။

ဒေါက်တာခင်နိုင်ဦး

Ref: Cancer Research UK

Photoshop သမားများအတွက် အသင့်သုံး ဘွဲ့ဝတ်စုံ လေးများ


ဖိုတိုရှော့သမားများအတွက် ဘွဲ့ ဝတ်စုံလေးတွေကိုတင်ပေးလိုက်ပါတယ်။ တင်ပေးသမျှဖိုတိုရှော့နှင့်
အသုံးတည့်တာလေးတွေကိုတော့ စုစည်းသိမ်းထားစေချင်ပါသည်။မိမိကိုယ်တိုင်လုပ်တတ်ရင်တော့
သိပ်မခက်ပါဘူး။ဒါပေမယ့် ဒါလေးတွေက တစ်ခါတစ်လေ အလွယ်ယူသုံးလို့ ရပါတယ်။


DOWNLOAD

လာရောက်လေ့လာသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်
Credit: ရငဲသား(နည်းပညာ)

ဆော့ဝဲမြို့တော်

YouTube က Video တွေကို မထစ်ဘဲနဲ့ ကြည့်မယ်။

အရင်တုန်းက YouTube က Video တွေကြည့်ရင် Buffer လုပ်တာကို စောင့်မနေချင်ရင် Pause လုပ်ခိုင်းထားပြီး Buffer ပြီးတော့မှ ကြည့်ရင် Video တွေကို မထစ်ဘဲ ကြည့်နိုင်ပါတယ်။ ကွန်နက်ရှင်မကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံ က လူတွေ YouTube ကို မထစ်ဘဲနဲ့ ဒီနည်းနဲ့ ကြည့်နိုင်ပါတယ်။သင်သတိထားမိရင် သိပ်မကြာခင် က YouTube က Buffer Technology ကို ပြောင်းလိုက်တဲ့အတွက် Pause လုပ်ထားရင်လည်း Buffer လုပ်မနေတာကို တွေ့ မြင်နိုင်မှာပါ။ အဲဒီအတွက် ကွန်နက်ရှင်မကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံကလူတွေ YouTube ကြည့်ရင် မထစ်ဘဲနဲ့  ကြည့်လို့ မရတော့ဘူးပေါ့။ အဲဒီအခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ YouTube Center ဆိုတဲ့ Extension ရှိပါတယ်။

YouTube Center ကို Official Web Site မှတစ်ဆင့် သက်ဆိုင်ရာ Browser တွေအတွက် အင်စတောလုပ်ပါ။Chrome User တွေ အတွက်တော့ YouTube Center က Chrome Web Store မှာ မရှိတဲ့အတွက် Official Site က Dropbox Link ကနေဒေါင်းပြီး Manual Install လုပ်ရပါမယ်။Extension ကို အင်စတောလုပ်ပြီးရင် သင့်အကောင့်ပုံညာဘက်ဘေးက စက်သွား ပုံကိုနှိပ်ပြီး Player tab ကိုနှိပ်ပါ။ Dash Playback မှာ အမှန်ဖြစ်ကို ဖြုတ်ပါ။




ဒါဆိုရင် YouTube Video တွေကို အရင်အတိုင်းပဲ မထစ်ဘဲနဲ့ ကြည့်နိုင်ပါပြီ။ YouTube Center မှာတစ်ခြားလုပ်ဆောင်ချက်တွေ လည်းရှိပါတယ်။ကြော်ညာတွေ ဖျောက်ပေးနိုင်တာတွေ၊ resolution ကို auto ချိန်ညှိနိုင်တာတွေ ၊Player Theme, Color စတာတွေ ပြောင်းနိုင်တာတွေ၊Player ကို resize လုပ်နိုင်တာတွေ၊Video ကို နှစ်သက်တဲ့ ဖော်မက်နဲ့ ဒေါင်းနိုင်တာတွေ ၊ Video to mp3 ပြောင်းပြီးဒေါင်းနိုင်တာတွေ အပြင်လုပ်ပေးနိုင်တာတွေ အများကြီး ပါရှိတဲ့ အသုံးဝင်တဲ့ extension တစ်ခုပါ။

ဆော့ဝဲမြို့တော်

ရွေးကောက်ပွဲရလဒ် အတိုက်အခံ လက်မခံ၍ ကမ္ဘောဒီးယား အကျပ်အတည်း ပိုမို ဆိုးဝါး


13/8/2013

ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘောဒီးယား ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရပါတီ အနိုင်ရခဲ့သည်ဟူသည့် ရွေးကောက်ပွဲ ရလဒ်ကို အတိုက်အခံ ပါတီက လက်ခံခြင်း မရှိသောကြောင့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ အကျပ်အတည်းမှာ ပိုမို ဆိုးဝါးလာ ခဲ့ပြီ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယား အစိုးရသည် ရွေးကောက်ပွဲ မဲ မသမာမှုများ ရှိသည်ဟူသော စွပ်စွဲချက်များကို ကိုင်တွယ် ဖြေရှင်းခဲ့ခြင်း မရှိမှုကြောင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် လည်း ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြရန် အတိုက်အခံ Cambodia National Rescue Party (CNRP) က တိုက်တွန်း ပြောကြား သည်။

လက်ရှိ အစိုးရဖြစ်သော ဝန်ကြီးချုပ် ဟွန်ဆန်၏ Cambodian People”s Party (CPP) သည် မဲဆန္ဒနယ် ၂၄ နယ်တွင် ၁၉ နယ်၌ အနိုင် ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့ အစောပိုင်းက ကြေညာခဲ့သည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် ပါလီမန် အမတ်နေရာ ၁၂၃ နေရာ ရှိသည့်အနက် လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်၏ CPP ပါတီက အမတ်နေရာ ၆၈ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံပါတီ CNRP က ၅၅ နေရာ အနိုင် ရရှိခဲ့သည်။

သို့သော် အတိုက်အခံ CNRP က အမတ်နေရာ ၆၃ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့သာ ရွေးကောက်ပွဲ အနိုင်ရကြောင်း ပြော ကြားလျက် ရှိသည်။

အတိုက်အခံ CNRP ခေါင်းဆောင် Sam Rainsy သည် ပြည်ပြေး အဖြစ် နိုင်ငံခြားတွင် နေထိုင်ခဲ့ရာမှ ရွေးကောက်ပွဲ မတိုင်မီက ကမ္ဘောဒီးယား သို့ ပြန်လာခဲ့သူ ဖြစ်သည်။

သြဂုတ်လ ၆ ရက်နေ့က ကမ္ဘောဒီးယား အတိုက်အခံကို ထောက်ခံသူများ က ရွေးကောက်ပွဲကို နိုင်ငံတကာက စုံစမ်း စစ်ဆေးပေးရန် တောင်းဆိုသော ဆန္ဒပြမှုကို မြို့တော် ဖနွမ်းပင်တွင် ပြုလုပ်ခဲ့ကြသည်။

ကြာသပတေးနေ့က အတိုက်အခံတို့၏ နောက်ထပ် ဆန္ဒပြမှုများကို ကြိုတင် ကာကွယ်သည့် အနေနှင့် ကမ္ဘောဒီးယား အစိုးရက မြို့တော် ဖနွမ်းပင်တွင် စစ်တပ်များ ချထားခဲ့သည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် မဲပေးသူ ၁ ဒသမ ၃ သန်း၏ နာမည်များ မှာ ရွေးကောက်ပွဲ မဲစာရင်း မှ ပျောက်ဆုံးလျက် ရှိပြီး လက်ရှိ အာဏာရ ပါတီသည် မသမာသော မဲများ မဲထည့်ခဲ့ကြကြောင်း အတိုက်အခံ CNRP က စွပ်စွဲထားသည်။

အဆိုပါ စွပ်စွဲချက်များကို ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း စစ်ဆေးလျက် ရှိသော် လည်း အတိုက်အခံ ခေါင်းဆောင် Sam Rainsy ကမူ ကုလသမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက စုံစမ်း စစ်ဆေးမှု များ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် မူမမှန်ခြင်းများ ရှိသည့်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က စိုးရိမ်ကြောင်း ပြောကြား ထားသော်လည်း ယင်းကိစ္စ စုံစမ်းစစ်ဆေးမှုများကိုမူ ကမ္ဘောဒီးယား အစိုးရ ကသာ လုပ်ဆောင်သင့်ကြောင်း ပြောကြားထားသည်။

The Voice Weekly

ပြုံးရွှင်မျက်နှာထားနဲ့  မန္တလာမြေက လမ်းပြပုလိပ်


ဆောင်းပါးရှင်-သင်းသင်းသော်


မန္တလေးမြို့ကို ဆိုင်ကယ်တစ်စင်းနဲ့ လျှောက်သွားနေရတဲ့သူ။ ဆိုင်ကယ်တွေ၊ ကားတွေများလာတဲ့ မန္တလေးမှာတော့ အရင်လို သွားရ လာရတာ စိတ်မသက်သာတော့ပါဘူး။ လမ်းဆုံလမ်းခွရောက်ရင် အမြဲတမ်း
ဆယ့်ငါးမိနစ်လောက် စောင့်ရတာမျိုးချည်းပါပဲ။ အရမ်းပျင်းစရာကောင်း တယ်လို့ ထင်မိတယ်။ ယာဉ်ကြောရှင်းတဲ့ ယာဉ်ထိန်းတပ်ဖွဲ့တွေရဲ့ မကြည် မသာ မျက်နှာကို မြင်ရတော့ပိုတောင် ရင်မအေးရ။ဒါပေမယ့် သူတို့ကို အပြစ်တော့ မဆိုသာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေသာ မန္တလေးရဲ့ ဒီလိုနေပူပူ ရာသီဥတုမျိုး၊ ဆောင်းရာသီလို အအေးလွန်တဲ့ ရာသီမျိုးတွေ မှာ တနေကုန် လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်ပြီး နေနိုင်လိမ့်မည်မဟုတ်။

ကျွန်မတို့ ငယ်ငယ် ကတည်းက ပြဇာတ်တွေ၊ အငြိမ့်တွေ၊ လူရွှင်တော်ပျက်လုံးတွေနဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာ ထုံးပေသီးနဲ့ မီးသတ်က မပါမဖြစ်တဲ့ ပျက်လုံးတစ်ခုပဲမို့လား။ ကိုယ်ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ ပျက်လုံးတွေထဲမှာ ထုံးပေသီးလို့ ခေါ်တဲ့ အရိပ်မထွက်(အရိပ်ထဲကကို ထွက်မလာသူ)ကိုယ်တော်တွေရဲ့ ဘောင်းဘီအိတ်ကပ်တွေဟာ ခြေမျက်စိထိအောင် ရောက်ပြီး ပိုက်ဆံဘယ်လောက်ထည့်ထည့် မပြည့်ဘူးတဲ့။ ပြီးတော့လည်း လမ်းကြိုလမ်းကြား၊ မမြင်ကွယ်ရာကနေ စောင့်ဖမ်းပြီး လက်ဝါးချင်းရိုက်လိုက်ရင် အဆင်ပြေတယ်ဆိုတဲ့ စကားတွေ ကြားရဖန်များလာ၊ အပြင်မှာလည်း ပြောတာတွေက များလာတော့ ထုံးပေသီးဆိုရင်ကို တော်တော်ကိုစိတ်ပျက်စရာလို့ မြင်လာခဲ့တယ်။ ဒီလိုမြင်တာကလည်း ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။

ဆယ့်ငါးမိနစ်အတွင်းမှာ အတွေးပေါင်းက သောင်းခြောက်ထောင်။ ဟိုရောက်ဒီရောက်။ ဒီလမ်းကနေ နောက်တစ်လမ်းကိုရောက်၊ ဒီလိုပဲရပ်စောင့်။ ဒီနေ့။ နောက်နေ့၊ ဟိုးနောက်နေ့။ အဲ-တစ်နေ့မှာတော့ ကျွန်မဘယ်လိုမှ မထင်မှတ်တဲ့ မြင်ကွင်းကို မြင်ခဲ့ရတယ်။ ဟုတ်မှ ဟုတ်ရဲ့လားပေါ့။ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက လမ်းလေးခွမှာ ရပ်နေရင်းနဲ့ လမ်းရှင်းပေးနေတယ်။ သူ့မျက်နှာကလည်း ပြုံးလို့ရွှင်လို့၊ မယုံနိုင်ပါဘူး။ ဒါကြောင့် သေချာကိုရပ်ကြည့်နေလိုက်တယ်။ ခဏနေတော့ အဖွားအိုတစ်ဦးက ခြင်းတောင်းကတစ်ဖက် ။ အထုပ်က တစ်ဖက်နဲ့ လမ်းဖြတ်ကူးဖို့ လုပ်နေတာကို ခုန ယာဉ်ထိန်းက ပြေးသွားပြီး အဖွားအိုကို တွဲကူတယ်။ ခြင်းတောင်းကို ကူဆွဲရင်း လမ်းကူးပေးတယ်။ ကူးနေရင်းနဲ့ ရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေဘက် လှည့်ပြီး ပြုံးပြ၊ ရယ်ပြတယ်။ တစ်သက်မှာ တစ်ခါ နှစ်ခါလောက်ပဲ မြင်ဖူးတဲ့ မြင်ကွင်းပါ။

ရန်ကုန်မှာ ဒီလိုယာဉ်ထိန်းမျိုး ရှိတယ်လို့ ကြားဖူးပေမယ့် တကယ်လို့ မထင်ခဲ့ဘူး။ ခုတော့ မန်းမှာလည်း ကြုံတွေ့ခဲ့ရပြီ။ တကယ့်မှ မျက်ဝါးထင်ထင်။ နောက်နေ့ နောက်နေ့တွေ လမ်းဆုံတွေကို လိုက်လိုက် ကြည့်ဖြစ်တယ်။ အများဆုံးတွေ့ရတဲ့ နေရာတွေက လမ်း ၃၀x၇၃ မင်္ဂလာဈေး မီးပွိုင့်၊ ၆၂x၆၆ လမ်း ဆီဒိုးနားထောင့် မီးပွိုင့်၊ ၂၆x၇၈ လမ်း မီးပွိုင့်နဲ့ တစ်ခါတစ်လေမှာ ၈၄ နာ၇ီစင်လမ်းဆုံ။ ၁၂ လမ်း x ၆၆ လမ်းဆုံ တွေမှာ ပြုံးပြနေတဲ့ ယာဉ်ထိန်းကိုမြင်ရတယ်။ တာဝန်ချိန်မှာ
နေဘယ်လောက်ပူပူ အပြုံးမပျက်ခဲ့ဘူး။ ဟန်ဆောင်အပြုံးမျိုးမဟုတ်ခဲ့။

မန္တလေးမှာ ဒီယာဉ်ထိန်း တပ်ကြပ်ကြီးရောက်လာတာ မကြာသေး ဘူးတဲ့။ ဒါပေမယ့် သူရှိတဲ့နေရာတိုင်းမှာ မီးနီမိရင်တောင် မပျင်းဘူးဆိုပဲ။ သူ့အသွင်သဏ္ဍာန်၊ သူ့လှုပ်ရှားပုံတွေကို ကြည့်ပြီး အော်-ဒီလိုတာဝန်ကြေ ပြီးဒီလို အပြုံးမျိုး မြင်တွေ့ခွင့်ရတာ မန္တလေးဂုဏ်တက်တယ်တဲ့လေ။ ကိုယ်ပိုင်နံပါတ် လ-၁၇၉၀၀၉ ၊ ယာဉ်ထိန်းကုတ်နံပါတ်က ၃၄၃၅ နဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီး သန့်ဇော်မင်း အကြောင်းကို မန္တလေးသူ/ မန္တလေးသားတွေက ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြောလာကြတယ်။

ကောင်းသော အလုပ်ကို လုပ်ဆောင်သူရဲ့ ကောင်းခြင်းကို ထုတ်ဖော်ချီးမွမ်းခြင်းဖြင့် မင်္ဂလာမည်ထိုက်တယ် ဆိုသလို ဒီလို ထူးချွန်ပြီး ပြည်သူလူထုကို အလေးထားတဲ့ ပုဂ္ဂုလ်မျိုးကို ရေးသား ထုတ်ဖော်ပေးတာဟာလည်း ကျွန်မတို့ လုပ်ရမယ့် သတင်းမီဒီယာ တာဝန်ပဲ
လို့ ယူဆမိပါတယ်။ ဒါကြောင့်လည်း ကျွန်မက တပ်ကြပ်ကြီးအကြောင်းကို စိတ်ဝင်စားမိတာပေါ့။

“အရင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ၁၉၉၆ ခုနှစ်မှာ ၀င်ခဲ့တာပါ။ စစ်ကိုင်း
တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မ ရဲစခန်းမှာ (၁၁)နှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကနေမှ မန္တလေးရွှေစာရံနားမှာရှိတဲ့ အမှတ်(၄) ရဲတပ်ရင်းမှာ ၅ နှစ်ကျော် ၆ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ ဒီယာဉ်ထိန်းတပ်ဖွဲ့မှာ တာဝန်ထမ်ေးဆာင် ခဲ့တာပါ။ တာဝန်ကျတဲ့နေရာ၊ ပို့တဲ့နေရာကို သွား၇တာပါပဲ”တဲ့။ အ၇မ်းလှတဲ့ စကားကို မကိုးမကားဘဲ ပြောသွားပါတယ်။

တာဝန်ထမ်းဆောင်နေချိန်မှာ အမြဲလို ပြုံးပြီး အလုပ်လုပ်နေ တာကို
တွေ့၇တယ်။ သင်တန်းတုန်းက အဲလို ပြုမူရမယ်လို့ သင်ပေးလိုက် တာ လားလို့ မေးတော့ “ကျွန်တော်တို့ကို သင်ပေးလိုက်တဲ့ သင်တန်းကျောင်း ကတော့ ပြုံးနေရမယ်လို့တော့ သင်မပေးလိုက်ပါဘူး။ တာဝန်ထမ်းဆောင် ချိန်ရယ်လို့မှ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက် လို့ပဲ ပြော ရမှာ ပါပဲ။ ၀ါသနာကလည်း ထပ်တူကျနေတယ်။ဒါကြောင့်ပါ”တဲ့။ ကျွန်မနဲ့ စကားပြောနေတော့လည်း သူက ပြုံးပြုံးလေးပါပဲ။ ဒါကြောင့်လည်း လက်ပြ
ရင်း အမြဲပြုံးတဲ့သူ(ever smile) လို့ လူထုက နာမည်ပေးထားတာနေမှာ ပါ။

ဝါသနာပါလို့ လုပ်ဖြစ်တာလားလို့ ဆက်မေးမိတယ်။ “ကျွန်တော် ငယ်ငယ်တုန်းက ဒီမန္တလေးမှာက မီးပွိုင့်တွေ မရှိသေးဘူးဗျ။ ယာဉ်ထိန်း ရဲကြီးတစ်ယောက်က လမ်းရှင်းနေတာ။ အရမ်းကိုကြည့်ကောင်းတယ်။ လက်အချက်ပြတဲ့ အတိုင်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့ စက်ဘီးတွေက သွားကြလာကြတာ။ အဲလိုမြင်ကွင်းကို ကြည့်ပြီး ယာဉ်ထိန်းရဲကို အရမ်းကို သဘောကျခဲ့တာ။ ကြီးလာရင်တော့ ဒီလိုယာဉ်ထိန်းရဲတစ်ယောက်ဖြစ်ချင် တယ်လို့ လည်းတွေးခဲ့မိတယ်။ ”တဲ့။ ၀ါသနာအရင်းခံမို့ အများထက် ထူးထွက်နေတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုမိပါတယ်။

“စိတ်ထားတတ်ရင် မြတ်တယ်”ဆိုတဲ့ဒီစကားကို လက်ကိုင် ထားတဲ့ ယာဉ်ထိန်း၊ မိုးမလင်းခင်ကတည်းက လမ်းပေါ်သွား လာနေကြတဲ့ ခရီးသွားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာ ကွယ်စောင့်ရှောက်ရတဲ့ အတွက် ကုသိုလ်လည်းရတယ်လို့ ပြုံုးပြုံးလေးနဲ့ ပြောလာတယ်။ မိုးရွာ အစို၊ နေပူအခြောက်ပါပဲ။ ချမ်းတဲ့ရာသီလည်း အေးတဲ့ဒဏ်ကို ခံကြ၇တဲ့ ဒီလို ယာဉ်ထိန်းဝန်ထမ်းမျိုးတွေ မန္တလေးမှာသာ မက နေရာအနှံ့မှာ ။ ဌာနတိုင်းမှာ ပေါ်လာမယ်ဆိုရင် ကျွန်မတို့ ပြည်သူလူထုတွေ ဘယ်လောက်
ဝမ်းမြောက်လိုက်မလဲ။ ဘယ်လောက်ထိ ဂုဏ်ပြုလိုက်ကြမလဲဆိုတာ ကို တွေးရင်းနဲ့ အခုတော့ မန္တလေး မီးပွိုင့်တွေမှာ အကြာကြီးစောင့်ရတာကို စိတ်မပျက်မိတော့ပါဘူး။

ရန်ကုန် လင့်လမ်းဆုံမှာ ရှိတဲ့ ပြည်သူလူထုကို အလေးထားတဲ့ ယာဉ်ထိန်းလိုမျိုး အခု မန္တလေးရဲ့ လမ်းဆုံ လေးနေရာမှာလည်း
ပြည်သူ့တွေ စိတ်ကြိုက်တွေ့တဲ့ ယာဉ်ထိန်း ပေါ်လာခဲ့ပါပြီ။
နောက်ထပ်နောက်ထပ်လည်း ပေါ်ထွန်းလာနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။ 

မန္တလေးခေတ်

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ....?

ဇိမ်ခံရွက်သင်္ဘောနှင့်အပန်းဖြေခရီးထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီး
တစ်ယောက်က ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း ၊ တံငါသည်တစ်ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရလေသည် ။ သူ့ ပုံစံ ကိုကြည့် ကာ သူဌေးကြီးစိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။

`` မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း "

"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ ´´ တံငါသည်က ဖြေသည် ။

`` ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ´´

`` ဖမ်းပြီး ဘာလုပ်ရမှာလည်း ´´

`` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ် ၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ် ၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။ နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက်အမြောက်အမြားလဲဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ"

သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။

" အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊ "

" အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊ "

" သြော် ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ " ။ ။

Anehony DeMello ၏ How Much Is Enough


ဖေမြင့် ဘာသာပြန်သည်
Sharing For All

မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူရာနေရာသို့ မိန်းမလျာများ တက်ရောက်ခွင့်မပြုတော့

Tuesday, August 13, 2013

မဟာမုနိဘုရားကြီး ရွှေသင်္ကန်းကပ်လှူခွင့်အတွက် အမျိုးသားများကိုသာတက်ရောက်ခွင့်ပြုသော်လည်း မိန်းမလျာများမှာ အမျိုးသမီးအ၀တ်အစားများကို ၀တ်ဆင်ကာတက်ရောက်မှုများ ရှိနေသည့်အတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် တက်ရောက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု မဟာမုနိ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

`ဘုရားကို ရွှေသင်္ကန်းကပ်လှူပူဇော်တာမှာ ယောက်ျားတွေကိုပဲ တက်ရောက်ခွင့်ပြုတာဖြစ်ပေမယ့်၊ ယောက်ျား ဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့သူတွေက မိန်းမအ၀တ်အစားဝတ်ဆင်တာတို့၊ မိတ်ကပ်လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့် အရင်နှစ်က ပြဿနာဖြစ်ခဲ့ဖူးပါတယ်၊ ဒါကြောင့် အခုတောင်ပြုန်းပွဲတော်ကာလမှစပြီး တက်ရောက်ခွင့်ပြု တော့မှာမဟုတ်ပါဘူး´ဟု မဟာမုနိဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားဖူးပြည်သူများက မိန်းမလျာများကို မိန်းမအသွင်မြင်ကာ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊ တိကျသေချာသော စည်းကမ်းချက်များ ထုတ်ပြန်ထား ရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေး ရည်ရွယ်ကာ ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေသင်္ကန်းကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီးလုံခြုံရေးများကိုချထားဆောင်ရွက်ကာ မိန်းမလျာ များကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများကိုလည်း ဂရုပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် CCTVများကိုလည်း တပ်ဆင်ထားရှိကာ လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

`ဘုရားကြီးအတွင်း လိုအပ်တဲ့စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင်၊ ပြဿနာတွေ ဖြေရှင်းနိုင်အောင် လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၆၀ကျော်ခန့်အပ်ထားရှိပြီး ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် စီစီတီဗွီကင်မရာ ဆယ်လုံးနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်´ဟု ဘုရားလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဘုရားကြီးပရ၀ဏ်အတွင်း ခိုးဆိုးနှိုက်များကိုလည်း နေ့စဉ် ဘုရားကြီးလုံခြုံရေးအဖွဲ့နှင့် နယ်မြေ အလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများပြုလုပ်လျက်ရှိပြီး ဘုရားကြီးဝန်းကျင်တွင် ကော်ရှူမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှူသူများကိုလည်း အရေးယူဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကော်ရှူသူ ၁၁ဦးအထိ ဖမ်းဆီးကာ သက်ဆိုင်ရာရဲဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

“ခွဲခြားလိုစိတ်မရှိပေမယ့် ဒီလိုမျိုး အမျိုးသမီးအ၀တ်အစားဝတ်တက် တယ်ဆိုရင်တော့ တားမြစ်သင့်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်နေ ကိုနန္ဒက ပြောသည်။

သပိတ်ကျင်း ရွှေတူးဖော်ရေး ဓားပြတိုက်မှု ၁၁ ဦးကို စစ်ဆေး


Tuesday, August 13, 2013

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရွှေတူးဖော်ရေး ကုမ္ပဏီ တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ရွှေဗြုန်း ဓားပြတိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၂၅ ဦးထဲမှ ၁၁ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ ကိုးကန့် အောင်နိုင် ကုမ္ပဏီပိုင် ခိုင်ရွှေဝါ ရွှေလုပ်ကွက် အတွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က မျက်နှာဖုံးစွပ် လူတစ်စုက ရွှေပါသော ဗြုန်းမြေစာများ ခိုးယူရန် လာရောက်စဉ် ကုမ္ပဏီ တာဝန်ရှိသူများနှင့် ထိပ်တိုက်တိုးကာ ကုမ္ပဏီ ဝန်ထမ်းများကို ရန်ပြုသဖြင့် နှစ်ဦး ဒဏ်ရာ ရရှိပြီး နှစ်ဦးကို နေရာတွင် ကြိုးဖြင့် တုပ်ထားခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဓားပြမှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၂၅ ဦးထဲမှ ၁၁ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး သပိတ်ကျင်း မြို့မ ရဲစခန်းက (ပ) ၂၇၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၅၂/၃၂၅/၃၄၂/၁၁၄/ မှ ပုဒ်မ ၃၉၅ သို့ ပြောင်းလဲ စစ်ဆေး အရေးယူလျက်ရှိပြီး ကျန်ရှိသော တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

(မော်ဒယ်) တွေကလွဲရင် ရင်သားရဲ့ လှပမှု၊ ကြည့်ကောင်းမှု၊


အပေါ်ပိုင်းဗလာ (မော်ဒယ်) တွေကလွဲရင် ရင်သားရဲ့ လှပမှု၊ ကြည့်ကောင်းမှု၊ ဆွဲဆောင်မှုဆိုတာ တခုခုကို ဝတ်စား ထားရင်း အကဲဖြတ်ကြရတယ်။ ဒါဟာ အားသာချက်တခုပါ။ စမ်းသပ် လေ့လာမှု တခုအရ အမျိုးသမီး ၉၅% ဟာ သူတို့နဲ့ အသင့်တော်ဆုံး (ဘရာ) ကို မဝတ်ကြဘူးတဲ့။ ဒီလိုဖြစ်နေတာ မသိရှာကြဘူးလို့ပါ ဆိုလိုက်သေးတယ်။ ဒါ့ကြောင့် “ခွက်” နဲ့ “ရင်” အတိုင်းအတာတွေ မမှန်တဲ့အခါ တချို့မှာ ချောင်၊ တချို့မှာ ကြပ်၊ အကဲဖြတ်တော့ အမှတ် နည်းရော။

Bra size ရဲ့ Band size ဆိုတာ ပေကြိုးကို ရင်သားအောက် နေရာမှာထိ အတိအကျ တိုင်းရတယ်။ ခပ်တင်းတင်းထား တိုင်းပါမှ ချောင်မနေမှာ။ ဝတ်ကြည့်လိုက်လို့ လက်တချောင်းထက် ပိုဝင်နေရင် ကျယ်နေတယ်။ Cup Size တိုင်းတာလဲ အဲလိုဘဲ။ ရင်သား အဝိုင်းကို ပေကြိုးပတ်တိုင်းတယ်။ ဆိုပါတော့ ၃၃ လက္မ္မရှိနေသူဟာ 34D Cup ဝတ်မှ အံကျဖြစ်မယ်။ ဝတ်ပြီး မှန်ရှေ့မှာကြည့်လို့ ရင်သားဆိုင်ဟာ (ဘရာ) ဘေးကနေ စူနေရင် သေးတယ်။ အရွယ်သေးနေလို့ အတွင်းကနေ Synthetic nylon padded brassieres လူလုပ်ပစ္ပ္စည်း တမျိုးမျိုးခံတဲ့အခါ နိုင်လွန် မသုံးသင့်ပါ။ တချိန်မှာ ကင်ဆာ မဖြစ်ဘူး မပြောနိုင်လို့။

ရင်သား တွဲကျနေတယ်ဆိုတာ “နှိုင်းပြီး အကဲဖြတ်တာ” ဖြစ်တယ်။ အရင်လို မဟုတ်တော့ဘူး၊ သူများလောက် မလှဘူး။ “အလိုဆန္ဒအရ ပြင်စရာတခု” လို့ သတ်မှတ်လိုက်တာပါဘဲ။ လူကောင်သေးသူက ထွားချင်သူရှိသလို Small is beauty “သေးတာကိုက လှတာ” လို့ လက်ခံသူတွေလဲ ရှိတာပါဘဲ။

သူများတွေဆီမှာတော့ ရှားတယ်။ မြန်မာပြည်မှာ “အပျိုကြီး ဖြစ်ရခြင်း အကြောင်း” တွေ ပြေကြ၊ နောက်ကြ၊ ရေးကြတာ မနည်းဘူး။ အားနာလို့လား၊ ရိုင်းမှာ စိုးလို့လားတော့ မပြောတတ်ဘူး။ ရင်သားသေးငယ်လို့၊ တင်းတင်း-ရင်းရင်း မရှိလို့ ဆိုတာ အကြောင်းခံအနေနဲ့ ရေးကြတာ မတွေ့ရပါ။ “ငါ့အရှိအတိုင်း မနှစ်သက်ရင်လဲ နေပေါ့” လို့ သဘောထားလိုက်တာ မကောင်းပါလား။

ရင်သားဆိုတာ ကြွက်သားနဲ့ မတူပါ။ ကြွက်သားကို လေ့ကျင့်ခန်းနဲ့ သန်မာအောင်၊ ကြီးထွားအောင် လုပ်နိုင်တယ်။ ရင်သားကို တည်ဆောက် ထားတာက အတွင်းထဲမယ် အဆီကသာ များတယ်။ နို့ပြွန်-နို့အိတ်လေးတွေနဲ့ အဲဒါတွေကို တွယ်ဆက်ပေးတဲ့ (တစ်ရှူး) တွေသာ ရှိတယ်။ ရင်ပတ်နံရံက ကြွက်သားပြားတွေ အပေါ်မှာ တင်ယုံတင်နေတာမို့ အထိန်း-အကွပ် မရှိဘူး။ ဒါ့ကြောင့် သိပ်လွတ်လပ်တယ်။ သူ့ အလေးချိန်နဲ့သူ ကမ္ဘာ့ဆွဲအားနဲ့ အောက်ဖက်ကို ဦးတည်နေတယ်။ ခုန်ရလေလေ အောက်ကျလေပေါ့။ ဆင်မယဉ်သာ မသွားလို့ကတော့ ဆိတ်မ ဘယ်-ညာ လှုတ်ခါနေပါမယ်။

ဒါ့ကြောင့် (ဗလာ) ခေတ်အရင် (ဘရာ) ခေတ်၊ (ဘောဒစ်) ခေတ်၊ ဒိအရင်က (ဇာဘော်လီ) ခေတ်။ ရှေးတုံးက (ရင်စီး) ခေါ်တာကို ကြပ်နေအောင် ဝတ်ခဲ့ကြတာပါ။ လူတွေ ယဉ်ကျေးလာသလို ခေတ်နဲ့လဲ လိုက်အောင် ဝတ်စားလာကြလို့ ဖြစ်တယ်။ အာဖရိကမှာ အခုထိ အပေါ်ဗလာရှိသေးတာက ခေတ်မီတာ မဟုတ်မှန်း လူတိုင်း အသိပါ။ သိပ်ကြပ်တာတော့ ကျန်းမာရေးအရ မကောင်းပါ။

တွဲကျနေတာမှာလဲ မတူကြပါ။ အသက်အရွယ်ကြီးလို့၊ ကလေးတွေ မွေးရတာများလို့၊ အနေအထိုင် ဂရုတစိုက် မနေတတ်လို့၊ ငယ်တုံး-ပျိုတုံးကလို မဟုတ်တော့ဘဲ သိပ်သိသိ သာသာကြီး တွဲ-ပျော့-ကျလာတယ်။ တချို့ ငယ်ငယ် ရွယ်ရွယ်နဲ့ “ကြည့်ကောင်းအောင် ကျနေတာမျိုး” လဲရှိတယ်။ ရင်သားရဲ့ထိပ် နို့သီးဟာ ရှေ့တည့်တည့်ကနေ မြင်ရရင် အလည်ရဲ့ အောက်နားလေးမှာ ရှိနေတာက ခေါင်းလောင်း ဆွဲထားသလို အသီးထိပ်ဖျားဟာ အောက်စိုက်နေတာထက် ကြည့်ပျော် ရှုပျော် ရှိပါမယ်။ အရပ်လည်းရှည် ကျောယားလည်း ရှည်တာမို့ သူ့လောက် အရပ် မရှည်သူတွေထက် ရင်သားက အောက်ကျ နေလိမ့်မယ်။ ဓါတ်ပုံရိုက်ကြည့်ရင် ပခုံးကနေ ရင်သားထိပ်နေရာဟာ သူများတွေထက် ကွာဝေးပေမဲ့ အချိုးအဆက် ကျနေလို့ လှတယ် ပြောကြမှာပါဘဲ။

တကယ်တန်း ရင်သား အချိုးအစားကျမှုဆိုတာ “လူအများ မြင်ရမဲ့၊ မြင်စေအာင်လုပ်လေ့ရှိတဲ့ ရင်သား အပေါ်ပိုင်းနေရာ” ထက် “နို့သီးကနေ အောက်နဲ့ နောက်ဘက် ရင်ပတ်နံရံဆီ သွားတဲ့နေရာ” သာ ဖြစ်ပါမယ်။ ဆူပါမော်ဒယ်တွေ၊ (မူဗီ-စတား) မင်းသမီးချောတွေ Evening Gowns, Cocktail Dresses, Prom Dresses ဝတ်စုံတွေနဲ့ ဓါတ်ပုံအရိုက်ခံလို့ သိပ်လှချင် လှပေမဲ့ အပေါ်ဗလာပြဘို့ မလှသူတွေ ရှိတယ်။ ဘေးတိုက် ကြည့်မယ်ဆိုပါစို့။ မျဉ်းကွေးက ဘယ်လိုလဲ။ ပစောက် ပုံလား။ ရကောက်-ပြောင်းပြန်လိုလား။ နို့သီးဖက်က မျဉ်းထက် ရင်ပတ်ဖက်က မျဉ်းဟာ ပိုရှည်နေလေလေ အလှ နည်းလေလေ။ အရွယ်သေးပေမဲ့ အချိုးအစားကျတာက သာပါမယ်။ ဘရာ Cup size တူသူ နှစ်ဦးဟာ Deep cleavage အတူဖြစ်ချင်မှ ဖြစ်မယ်။ ချိုင်းအောက်နေရာ ပတ်လည်ကျဉ်းသူတွေမှာ Cleavage ပိုသိသာမယ်။ “ကောက်ကြောင်း” က ဆွဲဆောင်မှုမှာ အလေးသာတယ်လို့ ပြောတာတွေ ရှိတယ်။

ကလေး နို့တိုက်ရာမှာလဲ နှစ်ဘက်ကို ညီတူမျှတူ တိုက်ပေးရမယ်။ တဖက်ဖက်မှာ အလုံး-အကြိတ်-အနာ ခွဲထုတ်ထားရရင် အဲဒီဘက်က ရင်သား အရွယ်သေးနေမှာဘဲ။ Nourishing cream လိမ်းတာနဲ့ Exercises လုပ်ပါလို့ အလှအပ-ကျန်းမာရေး၊ အကြံပေး-ဈေးရောင်းသူတွေက ဆိုပါတယ်။ လိမ်းရာမှာ ရှေ့ကနေလိမ်း၊ ရင်သား နှစ်ခုလုံး နှံ့အောင်လိမ်း၊ ၁ဝ-၁၅ ကြိမ်၊ နာရီလည်သလိုနဲ့ ပြောင်းပြန် လိမ်းနယ် ပေးရတယ်လို့ ပြောပါတယ်။

Aerobics လို လေ့ကျင့်ခန်း ပြင်းပြင်းထံထံ လုပ်သူတွေ အတွင်းခံ ကောင်းကောင်း မဝတ်ရင် ရင်သား တွဲကျလာမယ်။ Drooping or Sagging breasts မဖြစ်ရအောင် Good supportive bra ဝတ်ဆင်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ ဝတ်ပါ။

ဒေါက်တာတင့်ဆွေ

နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း


Crack ကွဲနေတာနဲ့ Fissure ကွဲကြောင်းဖြစ်နေတာ နဲနဲတော့မတူပါ။ Fissure ဆိုတာ Nipple နို့သီးထိပ်ရဲ့ အခြေနေရာမှာဖြစ်တယ်။ နာတယ်။ သွေးထွက်နိုင်တယ်။ ကလေးမှာ Thrush မှက္ခရုရှိနေရင် ဒီနေရာကတဆင့် ကူးလာနိုင်တယ်။
Crack ကွဲနေတာနဲ့ Fissure ကွဲကြောင်းဖြစ်နေတာ နဲနဲတော့မတူပါ။ Fissure ဆိုတာ Nipple နို့သီးထိပ်ရဲ့ အခြေနေရာမှာဖြစ်တယ်။ နာတယ်။ သွေးထွက်နိုင်တယ်။ ကလေးမှာ Thrush မှက္ခရုရှိနေရင် ဒီနေရာကတဆင့် ကူးလာနိုင်တယ်။

Fissure ဖြစ်နေတဲ့ဘက်ကို နို့မတိုက်သေးဘဲ ၂-၃ ရက်ထားသင့်တယ်။ crack ဆိုရင် ဆက်တိုက်နေလို့ ရတယ်။ ကလေးနို့တိုက်ပြီးတိုင်း နို့ကို ရိုးရိုးနေနဲ့ ဆေးကြောပေးပါ။ ပြီးရင် ခြောက်သွေ့စေပါ။ နို့သီထိပ်ဖျားကို စိုမနေပါစေနဲ့။ ဆပ်ပြာမသုံးပါနဲ့။ အတွင်းခံ (ဘရာ) သန့်တာ မကြာမကြာလဲပေးပါ။ နို့သီးထိပ်လေးတွေ နေ့တိုင်း လေသလပ်စေပါ။ Cream (ခရင်)၊ Oil ဆီလိမ်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကတည်းက လုပ်နိုင်ပါတယ်။ မုံညင်းဆီမသုံးပါနဲ့။

Cracked or Sore Nipple နို့သီးထိပ်နာနေခြင်း
နို့နာနေပေမဲ့ ကလေးကိုနို့ဆက်တိုက်ပါ။ သိပ်မနာတဲ့ဘက်ကနေ စတိုက်ပါ။ နို့တင်းနေရင် ညှစ်ပြစ်ပါ။ Aareola နို့အရောင်ရင့်အဝိုင်းကိုပါ ကလေးပါးစပ်ထဲဝင်ပါစေ။ နို့တိုက်မိခင်ဟာ ကလေးနို့တိုက်နေတုံးမှာ ကိုယ့်အနေအထား မကြာမကြာ ပြောင်းပေးပါ။ ဒါမှ ကလေးက နို့သီးဖျားကိုက်တာ သက်သာမယ်။ နို့သီးဖျားကို ကလေးကမဆွဲနိုင်အောင် အနေအထား ရွေးပါ။ နို့ကွဲနေတာထဲမှာ ကပ်နေတဲ့ ခြောက်နေတဲ့ နို့အဖတ်တွေကို ရှင်းဘို့ မကြိုးစားပါနဲ့။ နို့ကွဲတဲ့နေရာက သွေးနဲနဲထွက်နေတာက ကလေးပါးစပ်ထဲရောက်ပေမဲ့ စိုးရိမ်စရာမရှိပါ။ လိုအပ်ရင် Antiseptic cream ပိုးသေဆေး (ခရင်မ်) လိမ်းနိုင်တယ်။

ဒေါက်တာတင့်ဆွေ

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်နိုင်ဖို့



တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမ ဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

Teen Choice Awards ဆုပေးပွဲတွင် One Direction၊ Glee၊ ဆီလီနာဂိုမက်ဇ်၊ မိုင်လေဆိုင်းရပ်စ်တို့ ဆုအများစု ချီးမြှင့်ခံရ

Tuesday, August 13, 2013

အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့ရှိ Gibson Amphitheatre မှာ သြဂုတ် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ တဲ့ ၂၀၁၃ ခုနှစ်အတွက် Teen Choice Awards ဆုပေးပွဲမှာ One Direction၊ Glee၊ ဆီလီနာဂိုမက်ဇ်၊ မိုင် လေဆိုင်းရပ်စ် အစရှိတဲ့လူငယ်အနုပညာရှင်တွေ ဟာ ဆုအသီးသီးကို ရယူဆွတ်ခူးနိုင်ခဲ့ကြ ပါတယ်။

FOX ရုပ်သံကနေ ကြီးမှူးလုပ်ဆောင်တဲ့ ဒီဆုပေးပွဲဟာ ရုပ်ရှင်၊ ဂီတ၊ ရုပ်သံ၊ အားကစား၊ ဖက်ရှင်၊ ဟာသ၊ အင်တာနက် စတဲ့လိုင်းပေါင်းစုံက ပညာရှင်တွေကို အသက် ၁၃ နှစ်ကနေ ၁၉ နှစ်ကြားလူငယ်တွေက မဲ ပေးရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာOne Direction၊ Glee၊ Pretty Little Liars၊ Pitch Perfect၊ ဆီလီနာဂိုမက်ဇ်၊ မိုင်လေဆိုင်းရပ်စ်တို့က ဆုအများစု ချီးမြှင့်ခံခဲ့ရပြီး ဒီမီလိုဗာတို၊ ဘရူနိုမားစ်စတဲ့ အဆိုတော်တွေလည်း ဆုတွေရရှိခဲ့ကြပါတယ်။

ရုပ်ရှင်ရွေးချယ်မှုဇာတ်ကားကို "Iron Man 3" ကရရှိခဲ့ပြီး မင်းသားရွေးချယ်မှုတွင် "Iron Man 3" ဇာတ် ကားမှ မင်းသားရောဘတ် ဒေါင်းနေး၊ ဒရာမာရုပ်ရှင်ရွေးချယ်မှုတွင် "The Perks of Being a Wallflower"ဇာတ်ကား၊ အချစ်ရုပ်ရှင်ရွေးချယ်မှုတွင် "The Twilight Saga: Breaking Dawn -- Part 2" ဇာတ်ကား၊ ရောဘတ်ပက်တာဆန်က အချစ်ရုပ်ရှင်မင်းသားရွေးချယ်မှု၊ One Direction အဖွဲ့က ဂီတ အဖွဲ့ရွေးချယ်မှု၊ နွေရာသီ Tour သီဆိုမှု၊ အချစ်သီချင်းရွေးချယ်မှု၊ အဖွဲ့လိုက်တစ်ကိုယ် တော်အခွေရွေး ချယ်မှုဆုများကိုရရှိခဲ့ပြီးလူငယ်အဆိုတော် ဆီလီနာဂိုမက်ဇ်က ဆုသုံးခုရရှိခဲ့ပါတယ်။
မိုင်လေဆိုင်းရပ်စ် ဟာလည်း ဖက်ရှင်စတိုင်ရွေးချယ်မှုဆု ချီးမြှင့်ခံခဲ့ရပြီး ဂျပ်စတင်ဘီဘာကတော့ အမျိုးသားအဆိုတော်ရွေး ချယ်မှုဆုရယူနိုင်ခဲ့ပါတယ်။

"Glee" ဇာတ်လမ်းတွဲကလည်း ဆုတွေရရှိခဲ့ပြီး အပြုံးပိုင်ရှင်ရွေးချယ်မှုဆုကို One Direction အဖွဲ့မှ ဟယ် ရီစတိုင်ကရရှိခဲ့ပါတယ်။ ဘောလုံးသမားရွေးချယ်မှုဆုကိုတော့ အနားယူသွားတဲ့ အင်္ဂလန်အသင်းခေါင်း ဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ကရရှိခဲ့ပြီး အမျိုးသမီးအားကစားသမားဆုကိုတော့ ကျွမ်းဘားအားက စားမယ် ဂါဘီဒေါက်ကလပ်စ်က ရရှိသွားခဲ့ပါတယ်။

ပေးအပ်သောဆုများနှင့် ဆုရရှိသူများ

Choice Music Group: One Direction
Choice Summer Tour: One Direction
Choice Single by a Group: "Live While We}re Young," One Direction
Choice Love Song: "Little Things," One Direction
Choice Movie Actress, Comedy: Rebel Wilson, Pitch Perfect
Choice Movie Actor, Comedy: Syklar Astin, Pitch Perfect
Choice Music Comedy: Pitch Perfect
Choice Movie Villain: Adam DeVine, Pitch Perfect
Choice Breakup Song: "Come & Get It," Selena Gomez
Choice Music Star, Female: Selena Gomez
Choice Hottie, Female: Selena Gomez
Choice TV Show, Drama: Pretty Little Liars
Choice Summer TV Show: Pretty Little Liars
Choice Summer TV Star, Actress: Lucy Hale, Pretty Little Liars
Choice Summer TV Star, Actor: Keegan Allen, Pretty Little Liars
Choice TV Actor, Drama: Ian Harding, Pretty Little Liars
Choice TV Actress, Drama: Troian Bellisario, Pretty Little Liars
Choice TV Villain: Janel Parrish, Pretty Little Liars
Choice Athlete, Female: Gabby Douglas
ACUVUE Inspire Award: Nick Jonas
Choice TV Show, Comedy: Glee
Choice TV Scene Stealer, Male: Chord Overstreet, Glee
Choice TV Breakout Star: Blake Jenner, Glee
Choice TV Actress, Comedy: Lea Michele, Glee
Choice Movie Actor, Drama: Logan Lerman, Perks of Being a Wallflower
Choice Movie Drama: Perks of Being a Wallflower
Choice Female Artist: Demi Lovato
Choice Single, Female Artist: "Heart Attack," Demi Lovato
Ultimate Choice Award: Ashton Kutcher
Choice TV Actor, Sci-Fi^Fantasy: Ian Somerhalder, The Vampire Diaries
Choice TV Actor, Comedy: Jim Parsons, The Big Bang Theory
Choice TV Actress, Sci-Fi^Fantasy: Nina Dobrev, The Vampire Diaries
Choice Rock Group: Paramore
CANDIE}S Fashion Trendsetter Award: Miley Cyrus
Choice Summer Song: "We Can}t Stop," Miley Cyrus
Choice TV Scene Stealer, Female: Miley Cyrus, Two and a Half Men
Choice Breakout Group: Emblem3
Choice Summer Music Star: Bruno Mars
Choice R&B Artist: Bruno Mars
Choice TV Actor, Action: LL Cool J
Choice Music Breakout Star: Ed Sheeran
Choice TV Personality, Female: Demi Lovato, The X Factor
Choice Summer Movie Star, Female: Sandra Bullock, The Heat
Choice Movie Chemistry: Sandra Bullock & Melissa McCarthy, The Heat

မဇ္ဈိမ

ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခု



ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

(၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက “အခွင့်အရေး” တဲ့။

(၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

(၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

(၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

(၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

(၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

နယ်သာလန် အိမ်ရှေ့ မင်းသား ကွယ်လွန်

Tuesday, August 13, 2013

သြဂုတ်လ ၁၂ ရက်နေ့က တရားဝင်ကြေညာလိုက်တဲ့ သတင်းကြောင့် နယ်သာလန် ပြည်သူတို့ကို ဝမ်းနည်း သွား စေပါတယ်။ ယင်းကတော့ နယ်သာလန် အိမ်ရှေ့ မင်းသား Friso ကွယ်လွန်ခြင်းပဲ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့ မင်းသား Friso ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သြစတြီးယား ရေခဲတောင်တစ်ခုမှာ အက်ဆီးဒန့်ဖြစ်ခဲ့ပါတယ်။ စကိတ်စီးရင်းနဲ့ပါ။ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လန်ဒန်က ဆေးရုံအထိတောင် ပို့သ ကုပေးခဲ့ပါတယ်။ ဦးနှောက်ကို ထိပြီး Coma ဖြစ်သွားကြောင့် ၁၈ လ လုံး သတိရလိုက်၊ မေ့မျောလိုက် နဲ့ ရောဂါ ကြာမြင်ခဲ့ ပါတယ်။

အသက်ရှင်နိုင်ရန် အမျိုးမျိုးကြိုးစားပေးပေမယ့် နောက်ဆုံး ရရှိလိုက်တဲ့ သတင်းကတော့ စိတ်မကောင်းစရာ ပါပဲ။ ဗြိတိန်အစိုးရမှလည်း ဒတ်ခ်ျ အိမ်ရှေ့ မင်းသားအတွက် အတတ်နိုင်ဆုံး ကြိုးစားကုသပေးသော် လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်နှစ်ခွဲတိတိခံစားရတဲ့ ဝေဒနာက သြဂုတ်လ ၁၂ ရက်နေ့မှာ အဆုံးသတ် သွား ပါတယ်။ ညီအစ်ကို ၃ ယောက်မှာ အလတ်ဖြစ်တဲ့ အိမ်ရှေ့ မင်းသား ဖြစ်ပြီး သမီး ၂ ဦးရှိပါတယ်။ သူ့ရဲ့  ဇနီးနဲ့ သမီး ၂ ဦးအတွက် တိုင်းပြည်မှ စိတ်မကောင်းကြောင်း ၎င်းတို့ Facebook စာမျက်နှာဆီကို Post သွားရောက် ရင်ဖွင့်ကြ ပါတယ်။

အိမ်ရှေ့ မင်းသား Friso ကွယ်လွန်မှုအတွက် ကမ္ဘာတစ်ဝန်း မှ ခေါင်းဆောင် များကလည်း ဝမ်းနည်းကြောင်း စာချွန်လွှာများ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

Ref: Xinhua
ရိုးရာလေး နိုင်ငံတကာ

လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး


From : .. လင်းမာန်အောင်




လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက်ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ် ထောင်ရှင်များ၏ လိင်ဆက်ဆံခြင်းသည် ကျန်း မာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေး ဇူးများကို ကောင်းစွာဖြစ်ပေါ်လာေ စနိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို သတိပြုရန်လိုအပ်ပေသည်။

(၁) လိင်ဆက်ဆံခြင်းသည် သင့်ကိုယ်အလေး ချိန်ကို ကျဆင်းစေအောင် ရပ်ပေးနိုင်သည်။လိင်ဆက်ဆံခြင်းအချိန် နာရီဝက်ခန့်အ တွင်း ကယ်လိုရီ ၇၅ မှ ၁၅ဝ အထိကို လောင် ကျွမ်းကုန်ဆုံးစေနိုင်ကြောင်း သတိပြုရန်လိုအပ် သည်။ နာရီဝက်လမ်းလျှောက်ခြင်းသည် (၁၅၃) ကယ်လိုရီ၊ ကခုန်ခြင်းသည် (၁၂၉) ကယ်လိုရီ ဖြင့် နှိုင်းယှဉ်လျှင်
ကျန်းမာစေရန် အထောက် အကူတစ်ခုဖြစ်သည်။

(၂) နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေ သည်။
ကျန်းမာသောအစာစားခြင်း၊ ကော်လက် စထရောများ စစ်ဆေးပေးခြင်းဖြင့် နှလုံးကို ထိန်းသိမ်းနိုင်သကဲ့သို့ လိင်ဆက်ဆံခြင်းသည် နှလုံးအတွင်း အကောင်းဆုံးသွေးလှည့်ပတ်စီး ဆင်းခြင်းများ ဖြစ်စေသည်ကို အထူးသတိပြု ရန်လိုသည်။

(၃) အိပ်ပျော်ခြင်းကို ပိုဖြစ်စေသည်။
တစ်ပတ်တွင် (+) ကြိမ် လိင်ဆက်ဆံခြင်း ဖြင့် ကိုယ်ခံအားစနစ် ၃ဝ ရာခိုင်နှုန်းအထိကို မြှင့်တင်စေပြီး အိပ်ပျော်မှုကို ပို၍ကောင်းစေ သည်။

(၄) ကိုယ်လက်ကိုက်ခဲမှုကို လျှော့ချစေနိုင် သည်။
လိင်ဆက်ဆံနေစဉ်အတွင်း စစ်ထုတ်လိုက် သော (Oxytocin) ဟိုမုန်းသည် ခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကို လျော့ကျစေ သော ဓာတ်ပစ္စည်းဖြစ်သည်။

(၅) ဆီးအိမ်ထိန်းသိမ်းမှုစွမ်းအားပိုကောင်း
ဆီးအိမ်၏ ကြွက်သားများ ကျုံ့ထားနိုင်စွမ်း ကို ပို၍ကောင်းအောင်ပြုလုပ်ပေးနိုင်စွမ်းကို ပို ဆောင်ရွက်ပေးသည်ဟု မှတ်ချက်ပြုထားကြ သည်။

(၆) စိတ်ကျန်းမာရေးကိုပါ တိုးတက်စေသည်။
စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း နေ သူများအတွက် ကုသမှုမှာ လိင်ဆက်ဆံခြင်းဟု ပင် အကြံပြုထားသည်။

(၇) အရေပြားကျန်းမာရေးအတွက်အကောင်း ဆုံး
စစ်ထုတ်ပေးလိုက်သော ဟိုမုန်းကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာပြီး ကိုယ်အရေ ပြား လှပစိုပြည်နိုင်သည်ဟု သုတေသီများဖော် ပြကြသည်။

(၈) ကိုယ်ခံအားစနစ်ပို၍ကောင်းလာ
ကိုယ်ခံအားစနစ်ကောင်းစေရန်နည်း လမ်းကို သင်၏ အိပ်ခန်းအတွင်း စွမ်းဆောင် နိုင်ပြီး အချိန်တိုအတွင်း ကိုယ်လက်ကြွက်သား များ လျှော့ချအနားပေးစေပြီး လွှတ်ထုတ်ပေး လိုက်သော (Testosterone) ဟိုမုန်းများမှာ အရိုးများကို ထောင့်ကန်ပေးထားသည့် ကြွက် သားများ ထိန်းထားနိုင်မှုကို ကောင်းမွန်စေ သည်။

တကိုယ်ရေ အာသာဖြေခြင်း၏ ကောင်းကျိုးများ (အမျိုးသမီးများသာ ဖတ်ရန်)


From: ဒေါက်တာ တင့်ဆွေ


မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ

• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။




Risks ဘာတွေကို ဂရုစိုက်ရမလဲ

• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ

“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း

• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း

• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ

• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။

နော်ေ၀၀န်ကြီးချုပ်က တက္ကစီသမားယောင်ဆောင်၍ ပြည်သူများ ၏လိုအင်ဆန္ဒကိုစုံစမ်းခဲ့

Tuesday, August 13, 2013

နော်ေ၀၀န်ကြီးချုပ် Jens Stolten berg သည် မွန်းလွဲပိုင်းတစ်ခုတွင် တက္ကစီမောင်းသမားအယောင် ဆောင်၍ မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒများကိုရှာဖွေရန် ကြိုးစားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သြဂုတ် ၁၂ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

“လူတွေဟာ ဘာတွေကို တကယ်တွေးနေသလဲဆိုတာကို ကြားရဖို့ ကျွန်တော့် အတွက် တကယ်အရေးကြီး ပါတယ်။ တကယ်လို့ လူတွေဟာ သူတို့ရဲ့အတွေးတွေကို ထုတ်ဖော်ပြောဆိုတဲ့ နေရာတစ်နေရာရှိမယ်ဆို ရင် အဲဒီ့နေရာဟာ တက္ကစီပေါ်မှာပဲဖြစ်ပါတယ်” ဟု ဖေ့စ်ဘွတ် (Facebook)၊ တွစ်တာ (Twitter) နှင့် ယူ ကျု (YouTube) တို့တွင် ဖော်ပြထားသည့် ဗွီဒီယိုထဲတွင် ၀န်ကြီးချုပ်ကပြောပြခဲ့သည်။

စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ အရှိန် မြင့်လာစဉ်တွင် ထိုဗွီဒီယိုထွက်ပေါ်လာ ခဲ့ခြင်းဖြစ် သည်။ နောက်ဆုံးကောက်ယူထားသည့် လူထုသဘော ထားစစ်တမ်းအရ ထိုရွေးကောက်ပွဲတွင် Jens Stoltenberg ဦးဆောင်သည့် လက်ရှိအာဏာရ လက်ဝဲ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ရှုံးနိမ့်နိုင်ခြေရှိနေသည်ဟု သိရသည်။

နော်ဝေနိုင်ငံ၏မြို့တော် အော်စလို (Oslo) တွင် ဇွန်လအတွင်းက မွန်းလွဲပိုင်းတစ်ခု၌ ၀န်ကြီးချုပ် Jens Stoltenberg သည် အော်စလိုမြို့တက္ကစီသမား ယူနီဖောင်းကိုဝတ်ဆင်၍ လိုအပ်သည့် ရင်ထိုးတံဆိပ်များ လည်းတပ်ဆင်ကာ တက္ကစီသမားယောင်ဆောင်၍ မာစီဒီးအနက်ရောင် တက္ကစီဖြင့်ခရီးသည်များကို လိုက် လံပို့ဆောင်ပေးခဲ့သည်။

ထိုကဲ့သို့ လိုက်လံပို့ဆောင်ပေးစဉ်အတွင်း ခရီးသည်များ၏ တုံ့ပြန်မှုကို တက္ကစီထဲတွင် လျှို့ဝှက်တပ်ဆင် ထားသည့် ကင်မရာဖြင့် မှတ်တမ်းတင်ရိုက်ကူးထားခဲ့သည်။ ခရီးသည်တစ်ဦးက Stoltenberg အား “ဒီ ရှုထောင့်ကကြည့်ရင် သူက၀န်ကြီးချုပ်နဲ့ တော်တော်ကိုတူတာပဲ” ဟု မှတ်ချက်ချခဲ့သည်ကို ဗွီဒီယိုထဲတွင် တွေ့ရသည်။

တက္ကစီထဲတွင် Stoltenberg ကိုမှတ်မိသည့် အမျိုးသမီးကြီးတစ်ဦးကလည်း၊ ကော်ပိုရေးရှင်းများ၏ ထိပ် တန်းခေါင်းဆောင်များအနေဖြင့် သန်းနှင့်ချီကာ ၀င်ငွေမရရှိသင့်ကြောင်း ပြောခဲ့ပြီး၊ ၄င်းတို့၏ လစာများ နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြုလုပ်ရန် ၀န်ကြီးချုပ်ကို တိုက်တွန်းခဲ့သည်။

တက္ကစီမောင်းသူမှာ ၀န်ကြီးချုပ်ဖြစ်ကြောင်း ခရီးသည်တစ်ဦးက သိရှိသွားခဲ့ပြီးနောက် Stoltenberg က သူ ကားမမောင်းခဲ့သည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းဝန်ခံခဲ့သည်။

အကယ်၍ ၀န်ကြီးချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပါက တက္ကစီမောင်းသမားလုပ်မည်လား ဟု Verdens Gang သတင်းစာကမေးမြန်းခဲ့ရာ၊ ၀န်ကြီးချုပ်က “ကျွန်တော်တက္ကစီမောင်းသမားမဖြစ်ဘဲ ၀န်ကြီးချုပ်ဖြစ်တာက နိုင်ငံအတွက်ရော၊ တက္ကစီခရီးသည်တွေအတွက်ပါ ပိုကောင်းလိမ့်မယ်လို့ကျွန်တော် ထင်ပါတယ်” ဟုဆိုခဲ့သည်။

ထိုနေ့က တက္ကစီခရီးသည်များအနေဖြင့် ၀န်ကြီးချုပ်ကို တက္ကစီခမပေးခဲ့ရဟု ထိုသတင်းစာကဆိုသည်။

AFP
မဇ္ဈိမ

ရေထွက်ပို့ကုန် တိုးမြှင့် တင်ပို့ရေး စီမံချက် ရေးဆွဲမည်

Tuesday, August 13, 2013

အမျိုးသားပို့ကုန် မဟာဗျူဟာအရ ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ ပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရန် အတွက် စီမံချက် ရေးဆွဲမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ သတ်မှတ်ရာတွင် ပါဝင်သော ဆန်၊ ပဲ မျိုးစုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်နှင့် အထည်လိပ် ကုန်ပစ္စည်း ခြောက်မျိုး ကို အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာအဖြစ် သတ်မှတ်ပြီးနောက်တွင် ယင်းသို့ ရေထွက် ပို့ကုန်များကို တိုးမြှင့် တင်ပို့ရေး စီမံချက် ရေးဆွဲရန် စီစဉ်လာခြင်း ဖြစ်သည်။

ရေထွက်ကုန် ပို့ကုန်ဝင်ငွေ ပိုမို ရရှိရန် ဆောင်ရွက်ရာတွင် အမျိုးသား အဆင့် ရေထွက်ပို့ကုန် တိုးမြှင့် တင်ပို့ရေး စီမံချက်ကို ဦးစွာ ရေးဆွဲ ရမည် ဖြစ်ပြီး ယင်းသို့ ရေးဆွဲရန်အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်း မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

“စီမံချက် ရေးဆွဲဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကော်မတီ ဖွဲ့ဖို့ လုပ်နေပါ တယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဆိုသည်။

အဆိုပါ ကော်မတီတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဖွဲ့ဝင် ၁၀ ဦးနှင့် မြန်မာ့ ရေလုပ်ငန်း ကဏ္ဍမှ အဖွဲ့ဝင် ၁၅ ဦး စုစုပေါင်း ကော်မတီ အဖွဲ့ဝင် ၂၅ ဦး ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါကော်မတီ ရေးဆွဲရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သြဂုတ်လ ပထမပတ်တွင် တွေ့ဆုံ ညှိနှိုင်းခဲ့သည်ဟု အဏ္ဏ၀ါဒေဝီ အအေးခန်းလုပ်ငန်း ပိုင်ရှင် လည်းဖြစ်သူ ဒေါ်တိုးနန္ဒာတင်က ဆိုသည်။

“ဒီကော်မတီမှာ လုပ်နိုင် ကိုင်နိုင် ပြောနိုင် ဆိုနိုင်တဲ့ လူတွေပဲ လိုပါတယ်။ အဖွဲ့ အသီးသီးကလည်း တော်ရိလျော်ရိ လူတွေကို ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် မထည့်ကြပါနဲ့။ ဒါက ကိစ္စ သေးသေးလေး မဟုတ်ဘူး။ နိုင်ငံတော်အဆင့် လုပ်ရတဲ့ကိစ္စ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရေထွက်ကုန် တိုးမြှင့် တင်ပို့ရေး စီမံချက် ရေးဆွဲရေး ကော်မတီတွင် ရေ လုပ်ငန်း နယ်ပယ်တိုင်းရှိ ဆက်စပ်သော အသင်းအဖွဲ့တိုင်းမှ တာဝန်ရှိသူ များကို ပါဝင်စေလိုကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက တညီတညွတ် တည်း ပြောကြားသည်။

ပြီးခဲ့သည့် တပ်မတော် အစိုးရ လက်ထက်က စီးပွားရေး မြှင့်တင်မှု စီမံချက် များကို ရေးဆွဲခဲ့သော် လည်း မြန်မာ့ စီးပွားရေး တိုးတက်မှု မရှိခဲ့ခြင်းကြောင့် အသစ် ရေးဆွဲမည့် အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာကို စနစ်တကျ ရေးဆွဲရန် လိုအပ်ကြောင်း ရေထွက် ပို့ကုန် လုပ်ငန်းရှင် အချို့က သတိပေး ပြောကြားသည်။

မြန်မာ့ ရေလုပ်ငန်း ကဏ္ဍသည် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ရေထွက် ပို့ကုန် ရငွေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရရှိရန် မျှော်မှန်းထားရာ ဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၁၆၇ သန်းခန့် တင်ပို့ထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရေထွက် ပို့ကုန် တင်ပို့မှုမှ ပို့ကုန် ရငွေ အမေရိကန် ဒေါ်လာ သန်း ၆၅၀ ရရှိခဲ့သည်။

The Voice Weekly

မျက်စိထဲမှာပြေးမြင်သွားတာ ဘင်္ဂါလီ



လွန်ခဲ့တဲ့၎ရက်လောက်ကFbထဲမှာသတင်းတစ်ပုဒ်တွေခဲ့တယ်။"ကင်တားနား မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်မည်"တဲ့။အဲ့တာလေး ဖတ်ပြီးတဲ့ အချိန်မှာ မျက်စိထဲမှာပြေးမြင်သွားတာ ဘင်္ဂါလီ။ 
ဒီကောင်တွေ တခုခုတော့ မာယာများတော့မယ်ဆိုပီး တွေးမိတယ်။
မကြာပါဘူး။နောက်နေ့ သတင်းထွက်လာတယ်။ လုံထိန်းတွေကို ၀ိုင်းလို့ တဲ့။လုံထိန်းတွေကိုဝိုင်းလို့ ဆိုလို့ ဘာလဲလို့ 
စုံစမ်းကြည့်တော့ အလောင်းတစ်ခု ကို သွားတောင်းရင်းနဲ့ 
ဖြစ်ကြတယ်တဲ့ ။ ရဲကတော့ ရဲလုပ်ငန်းအရ မှုခင်းစစ်ရမှာ သဘာဝပဲလေ။အဲ့တာကို မကျေမနပ်နဲ့ ဝိုင်းတယ်ဆိုတော့ ဘယ်သူလွန်လဲဆိုတာ ပြောစရာမလိုတော့ပါ။အဲ့တော့ ကင်တားနား
လာမှာမလို့သူတို့ကိုလုံထိန်းတွေကနှိပ်စက်ပါတယ်၊အနိုင်ကျင့်ပါတယ်ဆိုပြီးဘင်္ဂါလီမာယာ ပြချင်လို့ အဲ့ဒီလိုလုပ်တာလေများလား။

အဲ့တာမျိုးတွေနဲ့ပတ်သတ်ပြီးတော့ လောလောလတ်လတ် ပူပူနွေးနွေး ၈၈ငွေရတုပွဲဆင်နွှဲထားကြတဲ့ ဆန္ဒပြဆရာကြီးတွေဆိုသူများ ဘာအသံမှမထွက်လာ။ဘယ်ထွက်လာမလဲ။
၈၈ မျိုးဆက်ဆိုသူတွေထဲမှာ မြအေးဆိုတဲ့ ငနဲပါနေတယ်။ မြအေးဆိုတာက ကုလား။နောက် သူ့ သမီး။အားလုံးသိကြမယ်ထင်ပါတယ်။
Burma Campaign UKကနေUK Labor Party တစ်ခုမှာမြန်မာနိုင်ငံမကောင်းကြောင်းတွေပြောပီး နာမည်ရလာခဲ့တဲ့
ဝေနှင့်ပွင့်သုန်ဆိုတဲ့ကာင်မလေး။အဲ့ဒီအချိန်မှာတုန်းကတော့ ကျနော်တို့ တတွေလက်ခုပ်တွေတဖျောင်းဖျောင်းနဲ့ အားပါးတရအားပေးခဲ့ကြတာ။ဒုတိယဒေါ်အောင်ဆန်းစုကြည်လို့သတ်မှတ်ခဲ့
ကြတာ။နောက်ပိုင်းကျမှကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ကိုက်မှန်းသိကြတော့တယ်။တစ်ကယ်တမ်းသူ့ကိုမွေးထားတဲ့သခင်တွေကဘင်္ဂါလီတွေ။မြန်မာနိုင်ငံ ဒီမိုကရေစီမရခင်တုန်းကဒီမိုကရေစီအရေးလှုပ်ရှား၊ဒီမိုကရေစီအစိုးရဖြစ်သွားတော့ ဘင်္ဂါလီအရေး။အဲ့လောက်မှလုပ်စားချင်နေတယ်ဆိုရင်လဲ မြအေးသမီးကို ဘင်္ဂါလီတစ်ကောင်နဲ့ပေးစားပေးရမယ်။
ထားလိုက်ပါတော့၊ အဲ့တာတွေ။

ပြောချင်တာကတော့ ၈၈မျိုးဆက်ဆိုတဲ့အဖွဲ့ ဘင်္ဂါလီအရေးမှာ ဘာဖြစ်လို့ လက်သီးလက်မောင်းတန်းပြီး မကန့်ကွက်ရဲရတာလဲ၊
ပြောတော့ အမှန်တရားသမားကြီးတွေဆို။ ဘင်္ဂါလီသည် မြန်မာ
တိုင်းရင်းသားမဟုတ်ပါဘူးဆိုတဲ့ အမှန်တရားကျတော့ ဘာလို့ မပြောရဲရတာလဲ။ အမှန်တော့၈၈မျိုးဆက်ဆိုသူတွေဟာ
အစိုးရနဲ့ ပြည်သူကို အဆင်မပြေဖြစ်အောင် ရန်တိုက်ပေးရုံလောက်ပဲ
တတ်တာပါ။ဘင်္ဂါလီကို မကန့် ကွက်ရဲတာ မြအေးသမီးကိုယ်တိုင် ဘင်္ဂါလီ အရေးလှုပ်ရှားနေလို့လား။ ဘင်္ဂါလီ ထောက်ပံ့ပေးတာတွေ
စားနေကြလို့ လား ဆိုတာ စဉ်းစားစရာ။ ဆန္ဒပြဆရာကြီး
တွေ ပြောပြောနေကြတဲ့ ပြည်သူ့ အတွက်ဆိုတာ ဘယ်နေရာမှာသွားလုပ်ကြမှာလဲ။

ယခုကိစ္စသည်ြ့ပည်သူတွေအတွက်အမျိုးသားရေးကိစ္စ။အဲ့ဒီအမျိုးသားရေးကိစ္စကို၈၈ဆိုတဲ့ ဆန္ဒပြဆရာကြီးတွေပြည်သူ့အတွက် ဘယ်လိုလုပ်ပေးမလဲ
ဆိုတာကို မြန်မာနိုင်ငံသားစစ်စစ်တစ်ယောက်အနေဖြင့်
စောင့်မျှော်နေမိပါသည်။

မောင်သန့် စင်(စစ်တွေ)

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက်



Tuesday, August 13, 2013

အယူဝါဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့် ပက် (page 15/world) ဗြိတိန်သူ မိန်းကလေး (၂)ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် မွတ်ဆလင် တရားဟောဆရာ တစ်ဦးအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အယူဝါ ဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက် ခဲ့ခြင်း ဖြစ်သည်။ ဘက်ထရီသုံး အက်ဆစ် သည် ပြင်းထန်လွန်းပြီး မိန်းကလေး နှစ်ဦး၏ အဝတ်အစားများ မိနစ်ပိုင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို အရေပြားများပါ လောင်ကျွမ်းကုန်သည်

အစ်ဆာကို ခြေရာခံ ရှာဖွေသော ရဲများသည် နိုင်ငံ၏မြို့တော် ဒါအက်စ်ဆာလမ် အနီးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အစ်ဆာအား မီးခုံးဗုံး သေနတ်ကျည်ဖူးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ သူငယ်ချင်း နှစ်ဦးဖြစ်သော ကေတီဂီးနှင့် ခရစ္စတီထရပ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ခြောက်ခြားစရာ ဖြစ်စဉ်အတွင်း လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ လန်ဒန်ရှိ ဝက်စ်မင်နစ်စတာ ဆေးရုံမှ ဆရာဝန်များက မိန်းကလေး နှစ်ဦး၏ အခြေအနေသည် စိတ်ချရလောက်အောင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် တန်ဇန်းနီးယား ကမ်းလွန်တွင် တည်ရှိပြီး တန်ဇန်းနီးယား အစိုးရ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသအဖြစ် ရပ်တည်နေသော ဇင်ဇီဘာကျွန်းသို့ အားလပ်ရက် အပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မိန်းကလေး နှစ်ဦးကို မိဘများက ချက်ချင်းလိုလို လန်ဒန်သို့ ပြန်လည် ခေါ်ဆောင်လာကာ ကုသမှု ခံယူစေခြင်း ဖြစ် သည်။ ဆေးရုံမှ ဆရာဝန် တစ်ဦးက လူနာတွေဟာ လောလော ဆယ် ဆေးရုံမှာ သက်တောင့်သက်သာ အနားယူနေပါတယ်။ သူတို့ကို မိသားစုတွေက တစ်နေကုန် စောင့်ကြည့်နေကြတယ်။ နှစ်ယောက်စလုံးကို ဆက်ပြီး ကုသမှု ပေးနေဆဲပါဟု ပြောကြားခဲ့သည်။

ဗြိတိန် လွှတ်တော်ရှိ တိုရေးအမတ် ဘီလ်ကက်ရှ်က နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် တန်ဇန်းနီးယားနှင့် ဇင်ဇီဘာတို့သို့ သွားရောက် လည်ပတ်သည့် ဗြိတိန်နိုင်ငံသားများအတွက်သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ ယခုဖြစ်စဉ်သည် သာမန် ရာဇဝတ်မှု တစ်ခုထက် လွန်ကဲကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း တန်ဇန်းနီးယားသို့ လည်ပတ်မှု လမ်းညွှန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်ကို သောကြာနေ့က ရေးသား လွှင့်တင်ခဲ့သည်။ မိန်းကလေး နှစ်ဦး၏ မိသားစုက Twitterတွင် လွှင့်တင်သော ဓာတ်ပုံ၌ အရေပြား၌ ဆိုးရွားသော လောင်ကျွမ်းမှုများကို တွေ့မြင်နိုင်သည်။

မိန်းကလေး တစ်ဦး၏ ဒဏ်ရာမှာ အခင်းဖြစ်ပွားစဉ် ကူညီသူများက ညစ်ညမ်းသော ရေများ သုံးမိသဖြင့် ပိုးဝင်ပြီး အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်းလည်း သိရှိရသည်။ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သော စတုန်းတောင်းတွင် သူငယ်ချင်းများက ပင်လယ်ရေများကိုခပ်ကာ လောင်ကျွမ်းဒဏ်ရာကို ဆေးကြောပေးပြီး ကျန်တစ်ဦးမှာမူ အိမ်သာထဲမှ ရေများကို အသုံးပြုခဲ့မိခြင်း ဖြစ်သည်။ အက်ဆစ်ရယ်၊ ဆားငယ်ရေရယ်ဆိုတော့ ရလဒ်က တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကြောက်ကြောက်လန့်လန့် ဖြစ်ပြီး လျှောက်ပြေးရာက အများသုံး အိမ်သာထဲ ရောက်သွားတယ်။ အဲဒီမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးလိုက်မိတယ်လေဟု ထရပ်၏ ဖခင်က ဆိုသည်။

ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ (၅)ဦးကို မေးမြန်းခဲ့ပြီး မော်တော် ဆိုင်ကယ် စီးလာသူနှစ်ဦးက မိန်းကလေးများ လမ်းလျှောက်လာစဉ် အက်ဆစ်ဖြင့် ပက်သွားခြင်းဟု ထွက်ဆိုခဲ့ကြသည်။ မိန်းကလေးတွေနောက် ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်သွားတယ်။ ပြီးတော့ အရည်တွေ လောင်းပက်သွားတာပဲ။ ဒါက အက်ဆစ်လို့ ထင်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်ဟု မျက်မြင်တစ်ဦးက ဆိုသည်။ မိန်းကလေးများသည် သူငယ်ချင်းများနှင့်အတူ ညစာစားရန် လမ်းလျှောက်လာစဉ် ယခုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သတင်းများက အစ်ဆာသည် အစွန်းရောက် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အူရမ်ရှိုနှင့် ဆက်စပ်မှု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အစ်ဆာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ၎င်း၏ ကြံရာပါနှင့် ပတ်သက်၍ တိတိကျကျ မသိရှိရသေးချေ။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဇင်ဇီဘာကျွန်းသည် အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး မိန်းကလေးများက အပန်းဖြေခရီး ထွက်လာရင်း စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့

မောင်တော၊ သြဂုတ် ၁၂

တိုက်ခိုက်ခံရမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီမြို့နယ် တွင် ဘင်္ဂါလီ ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် မျိုးနွယ်စုဝင်များ က ပြန်ပေးဆွဲသည်ဟူသော ကောလာဟလ သတင်း အခြေခံကာ ယင်းဒေသတွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည့် မရာမာ၊ သက်၊ ဒိုင်းနက်များကို ဘင်္ဂါလီများက နေအိမ်များကို မီးရှို့၊ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရဒေသများသို့ ထွက်ပြေး ခိုလှုံနေရကြောင်း အာတီဗာသိ အဖွဲ့မှ သိရှိရသည်။

ယင်းဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက နစ်နာကြေးအဖြစ် မိသားစု တစ်စုလျှင် တာကာ ၂၅,၀၀၀ (ကျပ်သုံးသိန်း ဝန်းကျင်) ကူညီပေးပြီး အိမ်မဲ့နေသူများအတွက် ယာယီ ရွက်ဖျင်တဲများ ဆောက်လုပ်ပေး ထားကြောင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ် ရိက္ခာများလည်း ကူညီထား ပြီး အိမ်ဆောက်ပေးမည်ဟုလည်း ကတိပေးထားကြောင်း ဦးဦးထွန်းလှက ဆိုသည်။

“အိမ်တွေ ပြန်ဆောက်ပေးဖို့ ပြောတာပါပဲ။ ဘင်္ဂလား အစိုးရက ဘယ်တုန်း က ကတိတည်ဖူးလို့လဲ” ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကတိအတိုင်း လုပ်ဆောင်မှု အားနည်းခြင်းအပေါ် ၎င်းက မေးခွန်းထုတ် သည်။

သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက် ခံရမှုကြောင့် ရခိုင် မျိုးနွယ်စုဝင် ၁၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ယင်းတိုက်ခိုက်မှု တွင် ကျေးရွာ လေးရွာမှ အိမ်ခြေ ၃၅ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော် ပျက်စီးခံခဲ့ရကြောင်း အာဒီဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသားများ အဖွဲ့) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

တိုက်ခိုက်မှုတွင် ဦးဆောင်သူဟု ယူဆရသူ လေးဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးပြီး သံသယရှိသူ ၃၀၀ ကျော်ကိုလည်း စာရင်း ပြုစုကာ လိုက်လံ ဖမ်းဆီးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများ တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်း နယ်အတွင်း ဘင်္ဂါလီများက ရခိုင် မျိုးနွယ်စု များ အပါအဝင် အခြား လူမျိုးများအပေါ် တိုက်ခိုက်မှုသည် ၂၀၁၃ ခုနှစ်တွင် ယခုအကြိမ်ဆိုလျှင် ငါးကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ခင်မောင်အေး

The Voice Weekly

ဖော်မြူလာဝမ်း ကားမောင်းသမား ဂျိမ်းစ်ဟန့်အကြောင်း ရုပ်ရှင်ရိုက် ကူးမည်

Tuesday, August 13, 2013

ဘဝတစ်လျှောက် အမျိုးသမီး ၅၀၀၀ ကျော်နှင့်အိပ်ခဲ့၍ ဇနီးဖြစ်သူကို လက်လွှတ်ခဲ့ရသူ၊ အရက်ကို အရူးအမူးသောက်ပြီး ပြိုင်ကားလမ်းများပေါ်တွင် မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းတမ်းရဲရင့်သူ အစရှိသဖြင့် နာမည်ကြီးခဲ့

ဖော်မြူလာဝမ်း ကားပြိုင်ပွဲများ၏ သမိုင်းတစ်လျှောက် Hot အဖြစ်ဆုံး ကားမောင်းသမားဟု နာမည်ကြီးခဲ့သူ ဂျိမ်းစ်ဟန့်အကြောင်း ဟော လီးဝုဒ်ရုပ်ရှင်အဖြစ် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဘဝတစ်လျှောက် အမျိုးသမီး ၅၀၀၀ ကျော်နှင့်အိပ်ခဲ့၍ ဇနီးဖြစ်သူကို လက်လွှတ်ခဲ့ရသူ၊ အရက်ကို အရူးအမူးသောက်ပြီး ပြိုင်ကားလမ်းများပေါ်တွင် မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းတမ်းရဲရင့်သူ အစရှိသဖြင့် နာမည်ကြီးခဲ့သော ဟန့်တ်သည် ၁၉၉၃ ခုနှစ်က ၎င်းအသက် ၄၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ အဆိုပါ ဗြိတိသျှ ကားမောင်းသမားသည် ပါရမီ ပြည့်ဝသော ဖော်မြူလာဝမ်း ပြိုင်ပွဲဝင်တစ်ဦး၊ မိန်းမလိုက်စားသည့် Playboy တစ်ဦး၊ အရက်ဂျိုးတစ်ဦး အစရှိသဖြင့် အမျိုးစုံ သတ်မှတ်မှုများ ကြုံခဲ့ရသည်။

ယခုအခါ ၎င်း၏အကြောင်းကို ဩစတြေးလျမင်းသား ခရစ်ဟမ်းဆွော့သ်က အဓိက သရုပ်ဆောင်ပြီး ရုပ်ရှင်အဖြစ် ရိုက်ကူး ပြီးစီးခဲ့ပြီဖြစ်သည်။ Rush ဟုအမည်ပေးထားသည့် ဇာတ်ကားကို ဒါရိုက်တာ ရွန်ဟောင်းဝပ်က တာဝန်ယူခဲ့ကြောင်းလည်း သိရသည်။ Thor စတား ဇာတ်ဆောင် ဟမ်းဆွော့သ်က ကျွန်တော် ဒီဇာတ်ကားကိုမရိုက်ခင် ဟောင်းဝပ်ကို မေးတယ်။ ဟန့်က ဗီလိန်တစ်ယောက်လား၊ ဒါမှမဟုတ် သူရဲကောင်း တစ်ယောက်လား ဆိုတာကိုပါ။ သူက လှပတဲ့အရာတွေရော၊ ခွင့်လွှတ်လို့မရတဲ့ အရာတွေကိုပါ လုပ်ပြခဲ့သူလေဟု မှတ်ချက်ပြုခဲ့သည်။

ဟောင်းဝပ်က ကျွ န်တော်ကတော့ ဟန့်ဟာ သူရဲကောင်းလည်း ဖြစ် တယ်၊ ခေါင်းမာတဲ့ လူဆိုးတစ်ယောက်လို့လည်း မြင်တယ်။ သူက အစွန်းရောက်လွန်းသူ တစ်ယောက်ပဲဟုပြောကြားခဲ့သည်။ ဟန့်သည် ပြေးလမ်းများပေါ်တွင် Hunt the Shunt အမည်ဖြင့် ထင်ရှားခဲ့ဖူးသည်။ ၎င်းသည် ၁၉၇၆ ခုနှစ်က ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးကြောင်း သိရှိရသည်။ ဟန့်နှင့် ပြိုင်ဘက် ကားမောင်းသမားတစ်ဦးဖြစ်သော နစ်ကီလော်ဒါတို့ကြား အားပြိုင်မှုများကို ဖော်ကျူးထားသည့် Rush ဇာတ်ကားကို ယခုနှစ်၊ စက်တင်ဘာလအတွင်း ရုံတင်ပြသသွားရန် စီစဉ်ထားသည်

Planet Myanmar Network

ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များဆွေးနွေး


13.8.2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး H.E. Mr. Akihiro OHTA တို့သည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ တွေ့ဆုံပြီး ရန်ကုန်-မန္တလေး အမြန်ရထား လမ်းပိုင်းလိုက် အဆင့်မြှင့်တင်ရေး အပါအ၀င် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မြို့ပတ်ရထားများ အဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ မန္တလေးလေဆိပ် အဆင့်မြှင့်တင်ရေးနှင့် သဘာဝဘေး ကာကွယ်ရေးအတွက် အကူအညီပေးရေး စသည်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အစဉ်တစိုက် အားပေးထောက်ခံခဲ့မှု၊ ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးအပ်ခဲ့မှုတို့အတွက် ဂျပန်နိုင်ငံအား အထူးကျေးဇူးတင်ကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မည်ဟု သိရှိရသဖြင့် ၀မ်းမြောက်ကြောင်း၊ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင်လည်း ဂျပန်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံမြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ၀န်ကြီးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရရှိ၍ ၀မ်းမြောက်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ၀န်ကြီးသည် သြဂုတ် ၁၁ ရက်က သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့ပတ် ရထားပြေးဆွဲမှုတို့ကို လေ့လာခဲ့ကြောင်း သိရသည်။

Eleven Media Group

စစ်တွေ ဆန်ပြဿနာ အောက်မေ့ဖွယ် အခမ်းအနား တစ်ပြည်နယ်လုံးတွင် ကျင်းပမည်



ရန်ကုန်၊ သြဂုတ် ၁၂

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ရခိုင်ပြည်နယ်တွင် ဆန် ရှားပါးမှုကြောင့် အစိုးရက ဆန် ရောင်းချပေးရန် ပြည်သူများ တောင်းဆိုမှုကို တပ်မတော်က ပစ်ခတ် နှိမ်နင်းခဲ့၍ သေဆုံးခဲ့သည့် စစ်တွေမြို့ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ကျင်းပမည် ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက The Voice သို့ ပြောကြားသည်။

ယင်းအခမ်းအနားကို စစ်တွေမြို့ရှိ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီ ဌာနချုပ် တွင် ကျင်းပမည် ဖြစ်ပြီး သံဃာတော်များကို အရုဏ်ဆွမ်း ကပ်လှူမည် ဖြစ်ကြောင်း၊ အဆိုပါ ဆန်ပြဿနာ ပစ်ခတ် နှိမ်နင်းမှုတွင် ဒဏ်ရာ ရရှိခဲ့သူ ၁၀ ဦးခန့်က ယင်းနှိမ်နင်းမှု အတွေ့အကြုံများနှင့် ပတ်သက်၍ ပြန်လည် ပြောဆိုကြမည် ဖြစ်ပြီး စာပေ ဟောပြောပွဲများလည်း ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဆန်ကွဲတောင် စားစရာ မရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောကြား သည်။

အဆိုပါ ပစ်ခတ်မှုသည် ၁၉၆၇ ခုနှစ်က ရခိုင်ပြည်တွင် မုန်တိုင်းကြောင့် ဆန်ရှားပါးမှု ဖြစ်ပွားခဲ့ပြီး ပြည်သူများ အငတ်ဘေးကြောင့် စစ်တွေမြို့၊ ကုန်းတန်း ရပ်ကွက်ရှိ အစိုးရ ဆန်သိုလှောင်ရုံကြီး များတွင် သြဂုတ်လ ၁၃ ရက်နေ့က ဆန်တောင်းခံရာမှ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။

ထက်အောင်ဖြိုး

The Voice Weekly

Related Posts Plugin for WordPress, Blogger...