Tuesday, August 13, 2013

သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့ ဘင်္ဂါလီဆူပူမှု ဖြစ်ရပ်မှန်

စစ်တွေမြို့နယ်မှာရှိတဲ့ ဘောဒူဖကယ်ဆယ်ရေး စခန်းအနီးဒုက္ခသည် စခန်းမှာတည်ဆောက် ထားတဲ့ လုံခြုံရေးရဲကင်း စခန်းတစ်ခုကို ဘင်္ဂါလီများကသြဂုတ် ၉ ရက်က မီးရှို့ဖျက်ဆီးမှုခဲ့ကြပါတယ်။

ဖြစ်ခဲ့တာကတော့ အုန်းတောကြီးကျေးရွာ အနီးမှာ ချောင်းအတွင်း ရော်ရှီ(၃၄ နှစ်) အမည်ရှိ ဘင်္ဂါလီ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။နယ်မြေခံ ရဲစခန်းကို ယူဆောင်စစ်ဆေးဖို့ ယူဆောင် လာပါတယ်။

ဘင်္ဂါလီတစ်ချို့ က အလောင်းကိုသူတို့ ဆီ သယ်ဆောင်သွားဖို့  ပြောပါတယ်။ဒါပေမယ့် သက်ဆိုင်ရာ အရာရှိ တစ်ဦးက ယူလို့မရပါဘူး။အလောင်းကိုကျွန်တော်တိုတာဝန်အရစစ်ဆေးစရာတွေ ရှိပါသေးတယ်လို့ ရဲအရာရှိက ပြောပါတယ်။ဒါပေမယ့် ဘင်္ဂလီတွေက အော်ဟစ်ကြပြီး အလောင်းကို ယူသွားဖို့ ပဲဆက် အော်ကြပါတယ်။

ဘင်္ဂလီတွေကတော့ တဖြည်းဖြည်း နဲ့ များလာပြီး၊လူပေါင်းတစ်ထောင်နီးပါးလောက်ရှိလာပါတယ်။ ဘင်္ဂလီတစ်ချို့ကတော့ ပေးမလား မပေးဘူးလားလို့  ဒါပဲပြောလို့ တစ်ချို့ ကအော်ဟစ်ပီးပြောကြ ပါတယ်။ ဘင်္ဂလီတွေက တဖြည်းဖြည်းများလာတော့ လုံခြုံရေး ၀န်ထမ်းများကတွေ နောက်ကိုဆုက်ခွာဖို ၃ခါတိတိ သတိပေးပြောဆိုပါတယ်။

ဒါပေမယ် ဘင်္ဂလီတွေက ရှေ့ ကို တစ်ဖြည်းတိုးလာပြီး ထိန်းမရဖြစ်ခဲ့ပါတယ်။ဒီတော့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ကိုအပေါ်ထောင်ပြီး ပစ်ဖောက် လူစုခွဲကြပါတယ်။ ဘင်္ဂါလီတွေက ချောင်းထဲက မျောလာတဲ့ လူသေအလောင်းကို အခြားသူတွေက သတ်ခဲ့တယ်လို့ ထွက်နေတဲ့ ကောလာဟလတွေကို ယုံပြီးတော့ ရဲစခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဦးရဲထွဋ် ဖေ့ဘွတ်စာမျက်နှာ ဖော်ပြရာမှာလည်း လူသေဆုံးမှုများ မရှိကြောင်းနှင့် ဒဏ်ရာအနည်းငယ် ရရှိမှုများသာ ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ကျမပြောချင်တာကတော့ သတင်းဌာနများနှုင့် မီဒီယာများတစ်ချို့ ပြည်ပကနေ ဖုန်းဆက်ပြီး"ရမ်းသမ်း "ပြောဆိုရေးနေမည့် အစားသတင်းတွေကို ကိုယ်တိုင်သွားပြီး ယူကြပါ။ မှန်မှန်ကန်ကန် ရေးကြပါ။ ပြဿာနာကို ကြီးထွားလာအောင် မလုပ်ကြပါနဲ့ ။

ရခိုင်ပြည်သူတွေလည်း ရှင့်တို့ ရေးတဲ့ သတင်းအမှားတွေကြောင့် ဘ၀ပျက်ခဲ့ရပါပြီး၊ ပြာပုံအတိနှုင့် မီးသွေး ပုံအောက်မှာပြားပြားဝပ်ကာ နာလန် မထူးနှိုင်ဘဲ ဘ၀တွေနှုင့် နေနေရတယ်။ ကိုယ့်အိမ်တောင် ကိုယ်ပြန် မဆောက်နှိုင်ဘဲ အခြေအနေတွေ ရောက်ခဲ့ရပါတယ်။။

သူဇာ (စစ်တွေ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...