Tuesday, August 13, 2013

ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ လက်နက် / ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်


နေပြည်တော် ၊ ၁၃-၈-၂၀၁၃

ထိုင်း - မြန်မာ နယ်စပ် ၊ ထားဝယ်ခရိုင် အတွင်း လှုပ်ရှားလျက် ရှိသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ဦးစီး အဖွဲ့ဝင် ၈ ဦးတို့သည် သြဂုတ်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲက AK-47 သေနတ် ၂ လက် ၊ ပွိုင့် ၃၀ ကာဘိုင် သေနတ် တစ်လက် ၊ ပွိုင် ၂၂ သေနတ် တစ်လက် ၊ ပွိုင့် ၂၂ တစ်ထောင့်ထိုး သေနတ် တစ်လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး အရှည် သေနတ် တစ်လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး အတို သေနတ် တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး ၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ကျည်မျိုးစုံ ၇၁ တောင့် ၊ ကျည်အိမ်မျိုးစုံ ၇ ခု တို့နှင့်အတူ သံဖြူဇရပ် မြိုရှိ တပ်မတော် စစ်ကြောင်းထံ သို့ အလင်းဝင် ရောက် ခဲ့သည်။

အလင်းဝင် ရောက်လာသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ၊ ဗိုလ်ကြီး အဆင့်ရှိသော နိုင်ကလပ်စွန်း ၃၄ နှစ် နှင့် ထူးထူးစိတ် ၅၅ နှစ် ၊ အရာခံဗိုလ် အဆင့်ရှိသော အထူး ၃၇ ၊ တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂ နှစ် ၊ နိုင်အ၀ ၃၃ နှစ် ၊ ပလိုင်စိုး ၂၁ နှစ် ၊ အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်း မှ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...