Tuesday, August 13, 2013

ရာသီကြို ချစ်ကြည်ရေး ပွဲစဉ်တွင် ရိုးမားအား ချယ်လ်ဆီး ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရ

Tuesday, August 13, 2013

ချယ်လ်ဆီး အသင်းသည် သြဂုတ် ၁၀ ရက်က ၀ါရှင်တန် မြို့ရှိ RFK ကွင်း၌ ကစားခဲ့သော ရာသီကြို ချစ်ကြည်ရေး ပွဲစဉ်တွင် စီးရီးအေ ကလပ်အသင်း တစ်သင်းဖြစ်သော ရိုးမား အသင်းအား ၂ဂိုး-၁ဂိုးဖြင့် အနိုင် ရရှိကာ ၎င်းတို့၏ ရာသီကြို ကာလကို အောင်မြင်စွာ အဆုံး သတ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းပွဲစဉ်တွင် ရိုးမား အသင်းက ဦးဆောင် အဖွင့်ဂိုး စတင် ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဂိုးကို ပွဲစပြီး မိနစ် ၂၀ တွင် အဲရစ် လာမီလာက သွင်းယူ ပေးခဲ့သည်။

ချယ်လ်ဆီး အသင်းသည် ၎င်းဂိုးကို ဂိုးသမား ချဝါဇာဟာ၏ နားလည်မှု လွဲမှားခြင်းကြောင့် ပေးလိုက်ရခြင်း ဖြစ်သည်။ သို့သော် ဖရန့် လမ်းပတ်၏ စွမ်းဆောင်မှုဖြင့် ပွဲပထမပိုင်း မပြီးဆုံး မီမှာပင် ချယ်လ်ဆီး အသင်းသည် ချေပဂိုး ပြန်လည် ရရှိခဲ့သည်။ ချယ်လ်ဆီး အသင်းအတွက် ပွဲသိမ်း အနိုင်ဂိုး ကိုမူ ရိုမြူးလူကာကုက သွင်းယူ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...