Thursday, May 30, 2013

Tin Man part 18(The END)


Tin Man part 17


Tin Man part 16


Tin Man part 15


Tin Man part 14


Tin Man part 13


Tin Man part 12


Tin Man part 11




Tin Man part 10


Tin Man part 9


Tin Man part 8


Tin Man part 7


Tin Man part 6


Tin Man part 5


Tin Man part 4


Tin Man part 3


Tin Man part 2


Tin Man


ပဲပင်ပေါက် အကျိုးကျေးဇူးများ





ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ 
ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာအမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖာလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။

ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာဖော်ပြထားပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေခြင်း ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီ ဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ်စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေ ရင်လည်း ကုသနိုင်ပါတယ်။

နှလုံးသွေးကြောများကို ကျန်းမာစေခြင်း 

အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို
ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။
အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။
ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဝမ်းမှန်မှန်သွားစေခြင်း
ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။ ဆံပင်နှင့် လက်သည်း ကို ကျန်းမာစေခြင်း အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ 
အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။
ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင် သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့  မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။


အသည်းကိုကျန်းမာစေခြင်း 
ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို
လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။

ဒါကြောင့် အဖြစ်များတဲ့ အသည်းထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ 
ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။
ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

အရေပြားကို အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြားတည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို  မဖြစ်အောင် ကာကွယ်ပေးပါတယ်။
စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်းပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓာတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။

FW mail...

စစ်မှုထမ်းဆောင် ပြီးနောက် အနုပညာ လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်တော့မည့် ရိန်း

တောင်ကိုရီးယား အဆိုတော် ရိန်းသည် စစ်မှုထမ်းဆောင် ပြီးနောက် ၎င်း၏ အနုပညာလုပ် ငန်းများကို ပြန်လည်စတင်ရန် Cube Entertainment ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
Cube Entertainment ကုမ္ပဏီမှ အမှုဆောင် အရာရှိ ဟောင်ဆောင်ဆုန်သည် အဆိုပါ သတင်းကို အေဂျင်စီ၏ တရားဝင် စာမျက်နှာတွင် ဖော်ပြခဲ့သည်။ မိမိတို့ အနေဖြင့် တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ထောက်ပံ့ခဲ့ကြပြီး အကြံဥာဏ်ပေးရန် အတွက်လည်း တုံ့ဆိုင်းမှု မရှိခဲ့ကြောင်း၊ ထောက်ပံ့မှုများ ပေးနိုင်သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပြီး အောင်မြင်မှုများကို မြင်တွေ့ရသည့် အတွက် ဝမ်းသာကြောင်း ၎င်းက ပြောကြားထားသည်။

ဟောင်ဆောင်ဆုန်နှင့် ရိန်းတို့သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကတည်းက တစ်ဦးနှင့်တစ်ဦး သိရှိခဲ့သူများ ဖြစ်သည်။ ယခုအခါ ၎င်းတို့နှစ်ဦးသည် လာမည့် ဇူလိုင်လတွင် ရိန်း စစ်မှုထမ်း တာဝန်ပြီးဆုံး ပြီးနောက် အနုပညာ လုပ်ငန်းများကို ထပ်မံပူးတွဲ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြ၀တီ

လှည်းတန်းခုံးကျော်တံတားဖွင့်ပွဲအခမ်းအနားပြုလုပ်...

၂၀၁၃ ခုနှစ်၊ မေလ(၃၀)ရက်နေ့နံနက် ၇း ၃၀ နာရီက လှည်းတန်းခုံးကျော် တံတားဖွင့်လှစ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး  ၀န်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။ 

ရပ်မိရပ်ဖတစ်ဦးက တံတားကြီးတည်ဆောက်ဖွင့်လှစ်နိုင်မှုအတွက်  ၀မ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 

ထို့နောက်မင်္ဂလာအချိန်၌ မုခ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကမ္ဗည်း ကျောက်စာတိုင်ကို စက်ခ လုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ လှည်းတန်းခုံးကျော် တံတားသည် အရှည် ပေ ၂၅၀၇ ပေရှိပြီး တံတား တည်ဆောက်မှု ကုန်ကျ စရိတ်မှာ ၁၄.၄၈၇ ဘီလျံခန့်ရှိကြောင်းသိရသည်။ ထိုတံတားကို ၂၀၁၂ ခုနှစ်ဖေဖော် ၀ါရီလမှစ၍ ပန်္နက်တင်ဆောက်လုပ်ခဲ့ရာ တစ်နှစ်ကျော်အကြာ  ၂၀၁၃ခုနှစ် ဧပြီလ ၁၀ ရက်မှ စ၍ မော်တော်ယာဉ်များဖြတ်သန်းမောင်းနှင် ခွင့်ပြုခဲ့ပြီး တံတားဖွင့်ပွဲအခမ်းအနားကို ယခုမှပြုလုပ်ခြင်းဖြစ်သည်။

နာကျင်မူကို ခံစားနေရတဲ့သူအတွက်တော့.


နာကျင်မူကို ခံစားနေရတဲ့သူအတွက်တော့...
လှပတဲ့ အပြုံးအတုဆိုတာ အရမ်းအသုံးဝင်တယ်။
ကိုယ့် နှလုံးသားထဲက ဘယ်လောက်ပဲနာကျင်နေပါစေ...
ကိုယ် ၀မ်းနည်းနေတယ်ဆိုတာ....
ဘယ်တော့မှ တခြားလူတွေသတိထားမိကြမှာမဟုတ်ဘူး...။


ဥပက္ခာပြုမူကို ခံယူနေရတဲ့သူအတွက်တော့....
ပြန်ပြီးအေးစက်ပြတဲ့ အပြူမူတချို့ဟာ အရမ်းသုံးဝင်တယ်။
ကိုယ် ဘယ်လောက်ပဲ အဖော်မဲ့ အထီးကျန် နေပါစေ....
ကိုယ် မပျော်ရွှင်ဘူးဆိုတာ...
ဘယ်တော့မှ တခြားလူတွေ ထင်မြင်ကြမှာမဟုတ်ဘူး။


လူတွေကပြောကြတယ်
သူပေးတဲ့ သင်ခန်းစာကြောင့် ငါကို ရင့်ကျက်လာတယ်တဲ့...။
တကယ်တော့...
ငါတစ်ယောက်တည်း ပုန်းကွယ်ပြီး ငိုကြွေးနေတက်တာ...
ငါ့ထက်ကိုပိုပြီး ဘယ်သူက သိမှာတဲ့လဲ....။


မင်းအလင်္ကာ

ကမ္ဘာ့အရပ်အရှည်ဆုံးခွေး...

ကမ္ဘာ့အရပ်အရှည်ဆုံးခွေး...


အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာရှိတဲ့ 'George' ဟာကမ္ဘာ့အရပ် အရှည်ဆုံးခွေးတစ်ကောင်အဖြစ်ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ 'George' ရဲ့အရပ်အရှည်က ၃ပေ ၇လက်မ မြင့်တာကြောင့် ယခုကဲ့သို့ စံချိန်တင်နိုင် ခဲ့တာပါ။ထိုကဲ့သို့ကြီးထွားသန်စွမ်းလှတဲ့ 'George' ရဲ့ နေထိုင်လှုပ်ရှားမှု များကို ကြည့်ရှုချင်တယ်ဆိုရင် သူ၏သခင်ဖြစ်သူ 'David Nasser'  ပြုလုပ်ပေး ထားတဲ့ 'You Tube Channel' မှ 'Giant George' site မှာ  ၀င်ရောက်လေ့လာနိုင်ပါတယ်။ 'George' ရဲ့ ကျော်ကြားမှုဟာ အဘယ်မျှအရာရောက်ခဲ့ သလဲဆိုရင် 'Simon & Schuster'ထုတ်လုပ်ရေးမှ 'Giant George:Life With The World's Biggest Dog' စာအုပ်ထုတ်ဝေဖြန့်ချီခဲ့တဲ့အထိထင်ပေါ်ခဲ့ပါတယ်။

SkyNet TV Browser

အချစ်ကမှန်ပါတယ်


သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး


သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။ ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။


ကျန်းမာရေး အချက်ပြမှု (၁)

နဖူးပေါ် ဝက်ခြံပေါက်လျှင်

တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခု ကြားနေရာက အသည်းနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအအိမ့် များလွန်းတဲ့ အစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ ယာယီ အဖုအပိမ့်တွေ ဖြစ်စေပါတယ်။ အာဟာရချို့တဲ့မှု ဖြစ်တာကြောင့် မျက်နှာ အပြစ်အနာအဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဖုအပိမ့်တွေ ပျောက်အောင် အာဟာရရှိတဲ့ အစားအသောက်တွေကို စားပြီး ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ။

ကျန်းမာရေး အချက်ပြမှု (၂)

ပါးပြင်ပေါ်တွင် အပြစ်အနာအဆာရှိလျှင်

မိတ်ကပ်အလှကုန်တွေ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ၊ ပန်းနာရင်ကျပ်ရောဂါ ရှိသူနဲ့ ဓာတ်မတည့်မှု ဝေဒနာရှင်တွေလို အသက်ရှူလမ်းကြောင်း ဝေဒနာရတာကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်တယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၃)

မေးစေ့နှင့် မေးရိုးတစ်လျှောက် အဖုအပိမ့်များ ရှိလျှင်

မေးစေ့နဲ့ မေးရိုးလိုင်းတစ်လျှောက် အဖုအပိမ့်တွေ ရှိနေတာက ဟော်မုန်း အတက်အကျကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီလာစဉ် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည် အဖုအပိမ့်ပေါက်တာက ဟော်မုန်းမညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ ပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာနဲ့ ကိုယ်အလေးချိန် တက်တာတို့လို တခြားလက္ခဏာတွေ ဖြစ်ပေါ်ရင် ဟော်မုန်း အတက်အကျကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။

ကျန်းမာရေး အချက်ပြမှု (၄)

မျက်ကွင်းညိုပြီး မျက်အိတ်ဖြစ်နေလျှင်

မျက်ကွင်းညိုတာနဲ့ မျက်အိတ် ဖြစ်ပေါ်တာက အများအားဖြင့် မျိုးရိုးလိုက်လို့ ဖြစ်ရတာပါ။ ဒါပေမဲ့ ရုတ်တရက် ဖြစ်ပေါ်လာရင်နဲ့ သိသိသာသာ ပိုဆိုးလာရင်တော့ ကျန်းမာရေး ပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံးအောက် နေရာတစ်ဝိုက်က ကျောက်ကပ်နဲ့ ဆက်စပ်နေတာကြောင့် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်တာက ရေဓာတ်ခန်းခြောက်တာနဲ့ အဆိပ်တွေ စုဆောင်းမှု ရှိနေတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ရေများများသောက်ပါ၊ အယ်လ်ကိုဟော၊ ကဖင်းနဲ့ ဆားကို ရှောင်ပါ။ မျက်ကွင်းညိုတာက ဗီတာမင်ဘီ ၁၂ ဒါမှမဟုတ် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၅)

မှဲ့

မှဲ့တွေရှိရင် နေကာခရင်မ် မှန်မှန်လိမ်းတာ၊ နေရောင်ထဲ မထွက်ဘဲ အိမ်တွင်းအောင်းနေတာ၊ မှဲ့တွေကို မကြာခဏ စစ်ဆေးတာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ မှဲ့ ၁၀၀ ကျော်ရှိရင် အရိုးတွေ အားနည်းတတ်ပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိတယ်လို့ လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၆)

လျှာက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်

တရုတ်ဆေးပညာအရ လျှာက ကျန်းမာရေးကို ဖော်ပြနေတဲ့ မြေပုံဖြစ်တာကြောင့် လျှာကို ကြည့်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေကို သိနိုင်ပါတယ်။ သံဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ လျှာအနာ၊ လျှာနီတာတို့နဲ့ ဆက်စပ်နေသလို လျှာအရောင်က ဖြူဖွေးနေတတ်ပါတယ်။ လျှာက အပြာရောင် သန်းနေရင် သွေးကြောထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့ လက္ခဏာ ဖြစ်နိုင်သလို လျှာပေါ်မှာ အဖြူရောင်အနာ ဖြစ်ပေါ်တာက မှက္ခရုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၇)
မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေး အလွန်အမင်း ပေါက်နေလျှင်

မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ များလွန်းရင် အင်ဒိုခရိုင်းပြဿနာ (Endocrine Disorder) ကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး အင်ဒိုခရိုင်း ပြဿနာက သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ဖြစ်ပြီး ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန် တက်တာ၊ ရာသီမမှန်တာနဲ့ အမွေးအမှင် ထူထဲတာတို့လို လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ကြယ်စင်

ကိုရီးယားနိုင်ငံတွင် အမေရိကန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်သည့်

ကိုရီးယားနိုင်ငံတွင် အမေရိကန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်သည့် SAT  စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ရပ်ဆိုင်းခြင်းအပေါ် စစ်ဆေးမှု များ ပြုလုပ်နေ...

တောင်ကိုရီးယားအရာရှိများသည် ယခုလ အစောပိုင်းက အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် ကို ကိုရီးယား တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ရပ်ဆိုင်းပစ်လိုက်ခြင်းအပေါ်တွင် စုံစမ်းစစ်ဆေးမှု များပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ စာမေးပွဲတွင် တရားမဝင် မေးခွန်းပေါက်ကြား မှုကြောင့် အထူးစုံစမ်းမှုများကို မြို့တော် Seoul ရှိ ပညာရေးဋ္ဌာန များ၌  စတင်ခဲ့ကြောင်း ပညာရေး ဋ္ဌာနမှ ပြောရေးဆို ခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်းသိရသည်။ 

အမေရိကန်နိုင်ငံရှိ ကောလိပ်များလျှောက်ထားရာတွင် အကျယ်ပြန့်ဆုံး စာမေးပွဲဖြစ်သည့် SAT စာမေးပွဲ များကို မေလ ၄ ရက် နေ့တွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း စာမေးပွဲ မတိုင်ခင် အကြို ဖြေဆိုသည့် ကျောင်းများ၏ စာမေးပွဲများတွင် မေးခွန်းအားလုံးမှာ ပျံ့နှံ့ နေပြီး ဖြစ်ခြင်းကြောင့် ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရပ်ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာ ပညာရေး တက္ကသိုလ်၏  အဆိုအရ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် အမေရိကန်နိုင်ငံ၌ သွားရောက် ပညာ သင်ကြား ကြသော တောင်ကိုရီးယား ကျောင်းသား ၇၂၂၉၅ ဦး  ရှိကြောင်းသိရသည်။

အဆိုပါအရေအတွက်သည် အမေရိကန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားကြသော ကျောင်း သားဦးရေများထဲတွင်  တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ပြီလျှင် တတိယမြောက်ကျောင်းသား ဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

မြန်မာ့ငွေဈေး(30.5.2013 10:00AM)

မြန်မာ့ငွေဈေး(30.5.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 943(~) Ks 951(~)
1 စင်္ကာပူ SGD = Ks 738(~) Ks 750 (~)
1 ဥရောပငွေ EUR = Ks 1205 (~) Ks 1223 (~)

ကမ္ဘာ့ငွေဈေး(30.5.2013 10:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2668 (+0.0006)
ထိုင်း Baht 30.1700(~)
မလေးရှား Ringgit 3.0735(-0.0065)
တရုတ် Yuan 6.1337(+0.0025)
အိန္ဒိယ Rupee 56.1305(-0.1750)
ဘင်္ဂလားဒေ့ရှ် Taka 77.8800 (~)
တောင်ကိုရီးယား Won 1129.2100(-3.0950)
ထိုင်ဝမ် TWD 30.0050(-0.0020)
ဂျပန် Yen 101.1275 (+0.0120)
ဥရောပငွေ EUR 0.7719(-0.0007)
ၾသစေၾတးလ် AUD 1.0364(-0.0016)
အင်္ဂလန် GBP 0.6609(-0.0001)

ကမ္ဘာ့ရွှေဈေး(30.5.2013 10:00AM)
1 အောင်စ USD 1394.5000(-3.7500)
မြန်မာ့ရွှေဈေး(30.5.2013 10:00AM)
ယမန်နေ့ပိတ်ဈေး
Ks 707,700
( ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(30.5.2013)
Premium Diesel (1L) Ks 890
Diesel (1L) Ks 860

Octane (95) (1L) Ks 1070

Octane (92) (1L) Ks 870

ဓာတ်ဆီ (1L) Ks 814

Skt net 

အင်းလေးမီဒီယာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်

၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်
တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူး လွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ်တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့ တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊

ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ရိုက် ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်း အား ပက်ခဲ့ ကြောင်း၊

မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက်မှလိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအား မီးရှို့ပြီး ဒေါ်လှရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊

၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်း ဖမ်းဆီးပြီး ရဲစခန်း သို့အကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရား လိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။

အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့ သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုး မြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီးတစ်ဦးအား ဓါတ်ဆီလောင်းမီးရှို့ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။

ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်း အတွင်းတွင် လားရှိုးခရိုင်ရဲ တပ်ဖွဲ့ မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက် ထားခဲ့ပါသည်။

ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်
ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊

လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး
အဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။

ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ် လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်
မီးရှို့ ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။

မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များမှ သွားရောက် ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေး ကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊
ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။

မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင် ရွက်သည့်အပြင် မြို့ နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးဥက္ကဌဆရာတော် မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။

၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ် ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။

ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိ လာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသော အဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊

၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်း အားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်း ဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုး ဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်
ခဲ့ကြပါ သည်။ 

ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မ ရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုး ဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်း မှု)ဖြင့် လည်းကောင်း၊ ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ် ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက် ဆီးမှု/ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံ စမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။

၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန် ရှိသူများက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင် ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါ ရပ်ကွက်များ အတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီး
ခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှ တပ်မတော်သားများနှင့် အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း

သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည် ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။

"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။

လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်း မွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။

Eleven Media Group

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn က ဂုဏ်ပြုကြိုဆို

ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn က ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားကို မေ ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးနှင့် ထိုင်း ဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ရန် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စစ်ရေးပြကွင်းသို့ ရောက်ရှိလာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရင်းနှီးခင်မင်စွာဖြင့် ခရီးဦးကြို နှုတ်ဆက်ပြီး ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီး များနှင့် မိတ်ဆက်ပေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြ သည်။

ထိုအချိန်တွင် ထိုင်းဘုရင့် တပ်မတော် စစ်တီးဝိုင်းအဖွဲ့က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သီချင်း နှင့် ထိုင်းနိုင်ငံ အမျိုးသား သီချင်းတို့ကို တီးမှုတ်ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တို့သည်

Read More >> http://bit.ly/1aBFwjH

ဘောင်းဘီချွတ်တဲ့ဂိမ်း




ရိုင်းတာတော့မဟုတ်ပါဘူးဗျာ.. အပျော်ပေါ့.. ဂိမ်းနာမည်ကိုက Trouser Trouble ဖြစ်ပါတယ်.. ဒီဂိမ်းမှာ အဆင့်အလိုက် ချွတ်ရမယ့်လူ၊ မချွတ်ရမယ့်လူတွေကို အဆင့်မ၀င်ခင် ပြောပြပေးထားပါတယ်.. ၃ ခါဖောင်းရင်တော့ Game Over ဖြစ်သွားပါတယ်.. စိတ်ဝင်စားဖို့ကောင်းသလို ပျော်စရာလည်းကောင်းလို့ပါ
ပျော်ရွှင်ပါစေ

Download Links: 5.11 MB



မောင်ပေါက်

တိတ္တခိုးအချစ်


Real Football 2013 v.1.0.6 For Android



Real Football 2013 v.1.0.6 For Android ကိုတော့ ဘောလုံးဝါသနာပါတဲ့ ဂိမ်းသမားတွေ အကြိုက်တွေ့စေမှာပါ.. HD ရုပ်ထွက်အပြည့်ရရှိစေပြီး ဆော့ရတာလည်း တကယ့် ဘောလုံးပွဲလို့တောင် ထင်ရတယ်ဆိုပဲ.. လိုအပ်တဲ့ Android Version ကတော့ 2.3 နှင့်အထက်ဆိုရပါပြီ.. ဒါပေမယ့် ဒေါင်းရမယ့် ဖိုင်ဆိုဒ်ကတော့ ကြီးတယ်ခင်ဗျ.. apk တောင်မှ 16.9 MB ရှိပြီး Data ဖိုင်ကတော့ စုစုပေါင်း 5.19.07 MB ကို ၃ ဖိုင်ခွဲတင်ထားပါတယ်.. ကျွန်တော် မဒေါင်းနိုင်တဲ့အတွက် လင့်ကို ညွှန်းပေးလိုက်ပါတယ်..
ရလာတဲ့ Data ဖိုင်တွေကို ဖြည်ပြီး sdcard/android/obb/ အောက်မှာ သွားထည့်ပေးရမှာဖြစ်ပါတယ်...

အဆင်ပြေပါစေ...


Download Apk : 16.9 MB



Download Data:




Download Apk+Data : 560.944 MB


မောင်ပေါက်

Android Phone များအတွက် 3D မြင်ကွင်းနဲ့ ဘိလိယက် Game Real Pool 3D v1.0.0




Android Phone & Tablet တွေမှာ 3D မြင်ကွင်းလေးနဲ့ ဘိလိယက်ထိုးချင်သူများအတွက် Game လေးတစ်
ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ ကျွန်တော် Game ကစားတာ ၀ါသနာမပါတဲ့သူတောင် ဒီကောင်လေးကိုအ
ရမ်းသဘောကျတယ်ဗျာ။ ရုပ်ထွက်ကလည်း တော်တော်ကြည့်လို့ကောင်းတယ်ဗျာ။ ကစားရတာလည်း
ရှယ်ပါဘဲ။ ကွန်ပြူတာနဲ့လည်း ကစားလို့ရသလိုမျိုး မိမိသူငယ်ချင်းတွေနဲ့လည်း ယှဉ်ပြိုင်ကစားနိုင်ပါတယ်
ဗျာ။ သူငယ်ချင်းအချင်းချင်း လဖက်ရည်ကြေး အပျော်တမ်းကစားနိုင်တာပေါ့ဗျာ။ စမ်းပြီးကစားကြည့်ကြပါ
သဘောကျမယ်လို့ထင်ပါတယ်။ အစမ်းသဘောအနေနဲ့ Screen Shoot တွေပါတင်ပေးလိုက်ပါတယ်ဗျာ။

 


 


 




Features:


8 Ball, 9 Ball and UK 8 Ball.
Play with the Computer Player.
Pass & Play with friends.
1 or 2 player
3 Different Controls.
Spin / English Control.
10 Characters to choose from.
3 AI Difficulty Levels.
3 Table colors.
Realistic Physics.
Stunning 3D graphics.
Relaxing Musics.Required Android O/S : 2.0.1+


သံလွင်မြစ်ဝှမ်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဂေဟစနစ် ထိန်းသိမ်းရန် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

သံလွင် မြစ်ဝှမ်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဂေဟစနစ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို မေ ၂၈ ရက်နှင့် ၂၉ ရက်က ရန်ကုန်မြို့ရှိ UMFCCI တွင် ကျင်းပခဲ့ သည်။

"မြစ်တွေ ချောင်းတွေရဲ့ သယံဇာတတွေက အရေးကြီးတယ်။ အဲဒါကြောင့် လူတွေဟာ သိပ္ပံနည်းကျ မှန်မှန်ကန်ကန် အချက်အလက်ကျကျ သိရှိဖို့ လိုအပ်တဲ့အတွက် အခုလို အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာပါ" ဟု REAM( Renewable Energy Association Myanmar) မှ ဦးအောင်မြင့်က ပြောကြားသည်။

"သံလွင်မြစ်ဝှမ်း ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ သဘာဝ အခြေအနေတွေ နေထိုင်ရာ လူမျိုးတွေရဲ့ လူနေမှုဘ၀တွေကို ထည့်သွင်းစဉ်းစားရမယ်။ ဘယ်နေရာမှာပဲ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို လုပ်လုပ် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု လူမျိုးစုတွေရဲ့ လူမှုစီးပွားရေး ဘ၀တွေကို သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်မယ့် အစိုးရ အဖွဲ့အစည်းတွေ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေတင် မကဘဲ ဒေသခံတွေရဲ့ အကြံဥာဏ်ကိုပါ ထည့်သွင်း စဉ်းစားရမယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။ အဲဒါမှ အမှားအယွင်းနည်းမယ်။ အားနည်းချက် နည်းမယ်" ဟု socioeconomic studies စာတမ်းဖတ်သူ ပရော်ဖက်ဆာ ဦးမောင်မောင်အေးက ပြောကြားသည်။

ယခု အလုပ်ရုံ ဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ သံလွင်မြစ်သည် တရုတ်နိုင်ငံမှ ၅၃ ရာခိုင်နှုန်း၊ မြန်မာမှ ၄၂ ရာခိုင်နှုန်း၊ ထိုင်းမှ ငါးရာခိုင်နှုန်း ထိစပ်တည်ရှိနေကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန် kyun lon hydro project, Noung Hpa hydro project, Man Taung hydro project, Mine Ton hydro project, Ywa Thit hydro project, Hut Gyi hydro project စသည့် စီမံကိန်း ခြောက်ခုကို ပြုလုပ်ရန် ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ကြောင်းကိုလည်း အလုပ်ရုံဆွေးနွေးပွဲတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးစောမိုးမြင့် (အငြိမ်းစား)တင်ပြဆွေးနွေးခဲ့သည့် စာတမ်းအရ သိရသည်။


UMFCCI တွင် ကျင်းပသည့် သံလွင်မြစ်ဝှမ်းဆိုင်ရာ အစည်းအဝေးအား မေ ၂၉ ရက်နေ့က တွေ့ရစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင်၏ " Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand " တော်ဝင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေလ ၂၈ ရက် နံနက်ပိုင်း တွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနား သို့ တက်ရောက်၍ တော်ဝင် ဘွဲ့တံဆိပ် အား လက်ခံ ရယူသည်။

အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့် ဇနီး ၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင် နှင့် ဇနီး တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီး ၊ ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီးများ နှင့် ဇနီးများ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ခန်းမစင်မြင့် ထက်သို့ ရောက်ရှိ နေရာယူ ကြရာ အခမ်းအနား သို့ တက်ရောက် လာသူ အားလုံးက အရိုအသေပြု နှုတ်ဆက် ကြသည်။ ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တော်ဝင် ဘွဲ့တံဆိပ် အဆောင်အယောင် များအား Protocol Officer ထံသို့ ပေးအပ်သည်။ ယင်းနောက် သံတမန် အရာရှိက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိမိတာဝန်ကို ထူးချွန် အောင်မြင်စွာ ဆောင်ရွက် နိုင်သည် သာမက မြန်မာ - ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး ကို တိုးတက်အောင် မြှင့်တင် ပေးနိုင်ခဲ့သူ ဖြစ်သဖြင့် ထိုင်းဘုရင် မင်းမြတ် က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မွန်မြတ်သော ဆောင်ရွက်ချက် များကို ချီးကျူး ဂုဏ်ပြုသော အားဖြင့် " Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand " တော်ဝင်ဘွဲ့တံဆိပ် အား ပေးအပ်ချီးမြှင့် ပါကြောင်း ဖြင့် တော်ဝင် ဘွဲ့တံဆိပ် ခန့်အပ်လွှာ အား ဖတ်ကြား တင်ပြသည်။

၎င်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တော်ဝင် ဘွဲ့တံဆိပ် အဆောင် အယောင် တံဆိပ်တို့အား တပ်ဆင် ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။ ဆက်လက်၍ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ယူ ၀မ်းမြောက်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသည့် ဧည့်ပရိသတ် များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂုဏ်ပြု ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျေးဇူးတင် ၀မ်းမြောက် ဂုဏ်ယူ ပါကြောင်း ဖြင့် ပြန်လည် ပြောကြား သည်။

ယင်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ဇနီးမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ အား စင်မြင့်ထက်သို့ ခေါ်ဆောင်၍ ဂုဏ်ပြု နှုတ်ဆက်သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ထိုင်း ဘုရင့် တပ်မတော် မှ အရာရှိ ကြီးများနှင့် ဇနီးများ ၊ အခမ်းအနား တက်ရောက် လာကြသူ များက ဂုဏ်ပြု နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn တို့အား အခမ်းအနား တက်ရောက် လာသူ အားလုံးက သံတမန် အရာရှိ အမိန့်ဖြင့် စင်မြင့် ထက်မှ မထွက်ခွာမီ ဂါရ၀ ပြုကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဇနီး ၊ ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီး များနှင့် ဇနီးများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် စစ်ရေးပြကွင်း ရှိ အလေးပြုခံ စင်မြင့်တွင် နေရာယူ ကြပြီး ဂုဏ်ပြု တပ်ဖွဲ့၏ နှုတ်ဆက် အလေးပြုခြင်း ကို ခံယူသည်။

ထိုအချိန်တွင် ထိုင်းဘုရင့် တပ်မတော် စစ်တီးဝိုင်း အဖွဲ့က Maharerk သီးချင်းအား တီးမှုတ် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ စစ်ရေးပြကွင်း မှ မော်တော်ယာဉ် ဖြင့် ပြန်လည် ထွက်ခွာ လာရာ ဂုဏ်ပြု တပ်ဖွဲ့က လေးပြု နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။


တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား



ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် ဆွေးနွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထူးအာဏာကုန် လွှဲအပ်ပေးထားသူဖြစ်ပြီး မေ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၌ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်ပြောချင်တာက လူထုရဲ့အသံ၊ ဒီကနေ့ ခေတ်ပြောင်းသွားတယ်။ စနစ် ပြောင်းသွားတယ်။ လူထုအသံ အရေးကြီးတယ်။ အခြေအနေတွေ ပြောင်းသွားတယ်။ ကျွန်တော်တို့လည်း တပ်ဆိုပြီးတော့ ကျွန်တော်တို့လည်း လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အနေအထားတွေက အများကြီး ပြောင်းသွားပြီ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို ရှင်းလင်းပြောကြားရာ၌ ဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းရာ၌ အများဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထပ်မံပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က ကျွန်တော်တို့ ပြောတာပဲ လုပ်ရမယ် ဆိုတာမျိုး ဒီကနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဒီနေ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အများဆန္ဒ၊ အများရဲ့ ဆန္ဒကို လိုက်ပါပြီး လုပ်တဲ့အခါ တပ်မတော်လည်း ဒီအတိုင်းပါပဲ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်က လိုလားပြီး ငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန် ကြိုးစားနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

"ကျွန်တော်တို့လည်း ငြိမ်းချမ်းချင်ပြီ။ ကချင်ပြည်နယ်ကြီးကို ငြိမ်းချမ်းချင်ပြီဗျာ။ ဒီလိုငြိမ်းချမ်းဖို့ အေးချမ်းဖို့ဆိုရင် ကျွန်တော်တို့ တပ်ချည်းပဲ တာဝန်ရှိသလား။ ဘယ်သူတွေကရော တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့ လူမှန်သမျှ ၀ိုင်းကူရမယ်။ လိုပါတယ်။ အင်အားတွေ လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

မေ ၂၈ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုးတက်မှု ရှိကြောင်း၊ မြစ်ကြီးနားတွင် ဆွေးနွေးနိုင်သည့် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဆက်လက်ဆိုးဝါးနိုင်ဖွယ် မရှိတော့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

"ကျွန်တော် ထင်ပါတယ်။ အခုထက် ဆိုးဆိုးဝါးဝါး ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။
ကချင်ဘာသာရေး ခေါင်းဆောင်များဘက်မှ ပြန်လည်ဆွေးနွေးမှုတွင် ဒေသခံများ အနေဖြင့် တပ်ဆိုသည့် အသံကြားရုံမျှပင် ကြောက်ရွံ့နေပြီး ထိုသို့ ကြောက်ရွံ့နေခြင်း စိတ်ဒဏ်ရာကို ဦးစွာကုစားရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

လိပ်လိုနှေးတဲ့ GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့ WCDMA Internet Connection ပြောင်းပေးမယ့် Android ဖုန်း Software ပါ။



Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ

ပမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး..ဒီလိုမပါရှိတဲ့ Android ဖုန်းတွေအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ..ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ။တစ်ခြားဘာမှ ပြောင်းလဲရန်၊ထည့်ရန်မလိုအပ်ပါဘူးနော်။

ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ...H ဖြစ်နေတာကိုတွေ့ရသလို..အင်တာနက်လိုင်းလဲ အင်မတန်ကောင်းလာတာကို လက်တွေ့သိရမှာပါ..ကျနော်စမ်းသပ်ချက်အရတော့ ကွန်ပျူတာ သုံးလုံးအထိ ကောင်းကောင်းခွဲသုံးလို့ရခဲ့သလို သုံးနေရင်းတစ်ပြိုင်နက်တည်း Kaspersky Antivirus Update ကိုလည်း Download ချလို့ရအောင် မြန်ဆန်ခဲပါတယ်.. အရင် GSM Connection နဲ့ဆိုရင် Update လုပ်ဖို့ဆိုတာ အသာထား..ကွန်ပျူတာနဲ့အင်တာနက်ချိတ်လိုက်ပီဆိုရင်ကို လိမ်ဖယ်လိမ်ဖယ်နဲ့တက်နေရတာပါ...အရင်ကတော့ GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ..WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့တာမဟုတ်ပါဘူး..တစ်မိနစ် ၄ ကျပ်အဖြစ် ပြောင်းလဲပြီးဖြတ်နေတာကိုတွေ့ရပါတယ်။ ကဲ...အားလုံးဘဲ GSM အင်တာနက်အသုံးပြုပြီး လိုင်းမကောင်းခြင်းဘေးမှ ကင်းဝေးကြပါစေဗျာ..အဆင်ပြေရင် Comment လေးတွေမြင်ချင်ပါတယ်။
ကျနော်ကတော့ GSM ကနေ လိုင်းကောင်းကောင်းလေးသုံးနည်း သိလိုက်ရတဲ့အတွက် ပျော်တယ်ဗျာ..မိတ်ဆွေတို့လဲ ကျနော့်နည့်းတူပျော်စေချင်ပါတယ်ခင်ဗျာ..။


ဝင်းကမ္ဘာကျော်ရဲ့ ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်..

လင့်အသစ်ပြန်တင်ပေးထားပါတယ်.. ဖိုင်နာမည်က de.mangelow.network.apk ဖြစ်ပါတယ်..



 မောင်ပေါက်

Related Posts Plugin for WordPress, Blogger...