Thursday, May 30, 2013

လှည်းတန်းခုံးကျော်တံတားဖွင့်ပွဲအခမ်းအနားပြုလုပ်...

၂၀၁၃ ခုနှစ်၊ မေလ(၃၀)ရက်နေ့နံနက် ၇း ၃၀ နာရီက လှည်းတန်းခုံးကျော် တံတားဖွင့်လှစ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး  ၀န်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။ 

ရပ်မိရပ်ဖတစ်ဦးက တံတားကြီးတည်ဆောက်ဖွင့်လှစ်နိုင်မှုအတွက်  ၀မ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 

ထို့နောက်မင်္ဂလာအချိန်၌ မုခ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကမ္ဗည်း ကျောက်စာတိုင်ကို စက်ခ လုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ လှည်းတန်းခုံးကျော် တံတားသည် အရှည် ပေ ၂၅၀၇ ပေရှိပြီး တံတား တည်ဆောက်မှု ကုန်ကျ စရိတ်မှာ ၁၄.၄၈၇ ဘီလျံခန့်ရှိကြောင်းသိရသည်။ ထိုတံတားကို ၂၀၁၂ ခုနှစ်ဖေဖော် ၀ါရီလမှစ၍ ပန်္နက်တင်ဆောက်လုပ်ခဲ့ရာ တစ်နှစ်ကျော်အကြာ  ၂၀၁၃ခုနှစ် ဧပြီလ ၁၀ ရက်မှ စ၍ မော်တော်ယာဉ်များဖြတ်သန်းမောင်းနှင် ခွင့်ပြုခဲ့ပြီး တံတားဖွင့်ပွဲအခမ်းအနားကို ယခုမှပြုလုပ်ခြင်းဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...