Thursday, May 30, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn က ဂုဏ်ပြုကြိုဆို

ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn က ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားကို မေ ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးနှင့် ထိုင်း ဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ရန် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စစ်ရေးပြကွင်းသို့ ရောက်ရှိလာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရင်းနှီးခင်မင်စွာဖြင့် ခရီးဦးကြို နှုတ်ဆက်ပြီး ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီး များနှင့် မိတ်ဆက်ပေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြ သည်။

ထိုအချိန်တွင် ထိုင်းဘုရင့် တပ်မတော် စစ်တီးဝိုင်းအဖွဲ့က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သီချင်း နှင့် ထိုင်းနိုင်ငံ အမျိုးသား သီချင်းတို့ကို တီးမှုတ်ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တို့သည်

Read More >> http://bit.ly/1aBFwjH

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...