Thursday, May 30, 2013

ကိုရီးယားနိုင်ငံတွင် အမေရိကန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်သည့်

ကိုရီးယားနိုင်ငံတွင် အမေရိကန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်သည့် SAT  စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ရပ်ဆိုင်းခြင်းအပေါ် စစ်ဆေးမှု များ ပြုလုပ်နေ...

တောင်ကိုရီးယားအရာရှိများသည် ယခုလ အစောပိုင်းက အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် ကို ကိုရီးယား တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ရပ်ဆိုင်းပစ်လိုက်ခြင်းအပေါ်တွင် စုံစမ်းစစ်ဆေးမှု များပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ စာမေးပွဲတွင် တရားမဝင် မေးခွန်းပေါက်ကြား မှုကြောင့် အထူးစုံစမ်းမှုများကို မြို့တော် Seoul ရှိ ပညာရေးဋ္ဌာန များ၌  စတင်ခဲ့ကြောင်း ပညာရေး ဋ္ဌာနမှ ပြောရေးဆို ခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်းသိရသည်။ 

အမေရိကန်နိုင်ငံရှိ ကောလိပ်များလျှောက်ထားရာတွင် အကျယ်ပြန့်ဆုံး စာမေးပွဲဖြစ်သည့် SAT စာမေးပွဲ များကို မေလ ၄ ရက် နေ့တွင် ကျင်းပရန် ရည်ရွယ်ထားသော်လည်း စာမေးပွဲ မတိုင်ခင် အကြို ဖြေဆိုသည့် ကျောင်းများ၏ စာမေးပွဲများတွင် မေးခွန်းအားလုံးမှာ ပျံ့နှံ့ နေပြီး ဖြစ်ခြင်းကြောင့် ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရပ်ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာ ပညာရေး တက္ကသိုလ်၏  အဆိုအရ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် အမေရိကန်နိုင်ငံ၌ သွားရောက် ပညာ သင်ကြား ကြသော တောင်ကိုရီးယား ကျောင်းသား ၇၂၂၉၅ ဦး  ရှိကြောင်းသိရသည်။

အဆိုပါအရေအတွက်သည် အမေရိကန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားကြသော ကျောင်း သားဦးရေများထဲတွင်  တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ပြီလျှင် တတိယမြောက်ကျောင်းသား ဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...