Friday, August 16, 2013

စိုင်းစိုင်းခမ်းလှိုင်က ရည်းစားဟောင်း အတွက် မွေးနေ့ဆုတောင်း

 
စိုင်းစိုင်းခမ်းလှိုင်က သြဂုတ်လ ၁ဝရက်နေ့မှာ ကျရောက်တဲ့ ဝတ်မှုံရွှေရည် မွေးနေ့မှာ မွေး နေ့ရှင်နဲ့အတူ ဆန်အိတ်များ လှူဒါန်းဖြစ်ခဲ့ပါ တယ်။ မွေးနေ့ရှင် အတွက် ဆုတောင်းပေးဖို့ ပြောတော့ “Happy Birthday ပါ။ သူ့ဘဝမှာ စိတ်ချမ်းသာမှုတွေ အများကြီး ရပါစေလို့ ကျွန်တော် ရည်းစားဟောင်း တစ်ယောက် အနေနဲ့ ဆုတောင်း ပေးပါတယ်” လို့ မွေးနေ့ရှင် အတွက် မွေးနေ့ ဆုတောင်း စကားပြော ကြားခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် က ဖေ့စ်ဘုတ်မှာ ကဗျာ တွေ ၊စာတွေ ရေးလေ့ ရှိပါ တယ်။ ဒီလိုကဗျာတွေ၊ စာတွေရေး ဖြစ်ပုံကိုတော့ “ကဗျာရယ်လည်း မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော် ပြောချင်တဲ့ စကားတွေ ကို ရေးတာပါ။ ကဗျာ ဆိုတာ က တအား လေးနက်ကျယ်ပြန့်လွန်း အားကြီးတယ်။ ကျွန်တော်ရေးတာက ကဗျာ ဟုတ်ရင်လည်းဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျွန်တော် ပြောချင်တဲ့ စကားတွေ ပါ။ သူများ ဖတ်ဖို့ သင့်တော်၏ မသင့်တော်၏ ပဲရှိတာ။ ကိုယ့်ဘာသာ ကိုယ်တော့ အမြဲတမ်း ရေးနေတာပါပဲ” လို့ စိုင်းစိုင်းခမ်းလှိုင် က ပြောပါတယ်။ 

 အခု အချိန် မှာ အေးအေးလူလူ စာရေးချင် စိတ် ဖြစ်ပေါ်နေတယ်ဆို တဲ့ စိုင်းစိုင်း ခမ်းလှိုင်က…
“စာအုပ်လည်း ထုတ်ချင်ပါတယ်။ ငယ်ငယ်တုန်းက ဆိုရင် ကျွန်တော် အဆိုတော် တအားဖြစ်ချင် တာ။ နောက်ပိုင်းကျတော့ ရုပ်ရှင် မင်းသား ဖြစ်ချင်လာပြန်ရော၊ အခု တော့ လည်း ဂီတ နဲ့ရုပ်ရှင်နဲ့ လုံးလည် ချာလည် လိုက်ပြန်ရော၊ အခုအချိန် မှာ ဘာထပ်ဖြစ်ချင်လဲ လို့ပြောရင် ကျွန်တော် အေးအေးဆေးဆေး စာရေး ချင်ပါတယ်။ ကျွန်တော် စကားလုံး ကြိုက်တယ်။ စကားပြေ ကြိုက်တယ်။ စကားပြော ကြိုက်တယ်။ မြန်မာစာ ကိုလည်း ကျွန်တော် လေးလေးနက်နက် ကြိုက်တယ်”လို့ ပြောပါတယ်။   စာမူခရရှိတဲ့ခံစားမှုကို မေးတော့ စိုင်းစိုင်းခမ်းလှိုင်က..
“ပျော်တာပေါ့။ ကျွန်တော့်ကို ပေါ်ပြူလာ ဂျာနယ်မှာ ကဗျာပါလို့ ဆိုပြီး စာမူခ aပးတယ်။ ကိုယ်လုပ်ထားတာကို တန်ဖိုးထားပြီး အသိအမှတ်ပြုတာ ခံရတော့ ပျော် ပါတယ်” လို့ ပြောပါတယ်။ စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့ ဒိတ်ဒိတ်ကြဲ အခွေအတွက် ဗီစီဒီ စတင်ရိုက်ကူးဖို့ အတွက် စီစဉ်နေပြီး တစ်ခွေလုံးကို လူငယ် ဒါရိုက်တာ အဖွဲ့ တွေ၊ မျက်နှာသစ် သရုပ်ဆောင်တွေ နဲ့ပဲ ရိုက်ကူး သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အရင်တုန်းက သီချင်း တွေ၊ ရိုက်ကူးချက်တွေ တူချင်မှ တူ တော့မှာဖြစ်ကြောင်းပြော လာတဲ့  စိုင်းစိုင်းခမ်းလှိုင်က “ဒိတ်ဒိတ်ကြဲ” အခွေကို အမြန်ဆုံး ထွက်ရှိဖို့ ကြိုးစား နေပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်


ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့ မြို့မိမြို့ဖတွေထံ ဒီနေ့ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ် ပျက်စီးသွားမှာစိုးလို့ မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ရဲ့လက်ရေးမူစာအုပ်နဲ့ ပတ်သက်ပြီး ပြေပြေလည်လည်ဖြစ်ကြဖို့ တိုက်တွန်းကြောင်း သမိုင်းတန်ဖိုးနဲ့အညီ ထိန်းသိမ်းသွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ရေနံချောင်းမြို့ မြို့မိမြို့ဖတွေကလည်း အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ သူ့ရဲ့ ရေနံချောင်းမြို့ ခရီးစဉ်အတွင်း ရေနံချောင်း အထက (၁) မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်ကို ယူဆောင်ခဲ့တာပါ။

ဒီစာအုပ်ပြန်လည်ပေးအပ်တဲ့ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရေနံချောင်းမြို့က မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

မိုးယုစံ ယောက်ျားယူတော့မည်................

မိုးယုစံ ယောက်ျားယူတော့မည်................ဆိုလျှင်



သရုပ်ဆောင် မိုးယုစံက မိဘတွေ ချမ်းသာခြင်းထက် ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင်မည့် ယောက်ျားမျိုးကို အိမ်ထောင်ဖက် အဖြစ် ပိုပြီး သဘောကျကြောင်း ဆိုသည်။
”အရင်တုန်းက ထက်စာရင် အခုချိန်မှာ လွတ်လွတ် လပ်လပ် နဲ့ စိတ်ချမ်းသာမှု အပြည့်အဝ ရှိပါတယ်။ မိုးယုကတော့ မိန်းကလေး တစ်ယောက် အနေနဲ့ အသက် ၂၇ နှစ် နဲ့ ၃ဝ ကြား အိမ်ထောင်ပြုမယ် ဆိုရင် အကောင်းဆုံး လို့ မြင်မိတယ်။ ကိုယ် ကိုယ်တိုင် ဦးဆောင်နိုင် မှလည်း ဘဝရှေ့ရေး အတွက် ကောင်းမှာလေ။ တချို့ ဆို ယောက်ျားလေး ဖြစ်ပြီးတော့ ယောက်ျားစိတ် မရှိတာမျိုးတွေ ရှိတယ်လေ။ တစ်ခုခု ဆိုရင် တာဝန် မယူရဲတာမျိုး။ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုးဆိုရင် သဘော မကျဘူး။ ကိုယ့်ကို ဦးဆောင်နိုင် ရမယ်။ ယောက်ျားလေး စိတ်ဓာတ် အပြည့်အဝ ရှိရမယ်။ ယူထားတဲ့ တာဝန်ကို ကျေကျေပွန်ပွန် လေး လုပ်နိုင်တဲ့ စိတ်မျိုး ရှိရ မယ်၊ စကားပြောတာက အစ ပြတ်ပြတ် သားသား ရှိရမယ်။ ကိုယ်တိုင်ကလည်း တည်တည် ငြိမ်ငြိမ် အေးအေး ဆေးဆေး တည်တည်တံ့တံ့လေး နေတတ်တော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ကိုလည်း တည်တည်ငြိမ်ငြိမ် ပုံစံလေးမျိုး ဆိုရင် သဘော ကျတယ်”ဟု ၄င်းကပြောသည်။
”မိုးယု ရွှေမန်းပွဲမှာ ကခဲ့တဲ့ ဂျော်နီဝေါကား အကကိုတော့ Jade Dragon က သင်ပေးတယ်။ နိုင်ငံခြား အကလည်း ဖြစ်တဲ့ အတွက် တစ်ခါမှလည်း ကိုယ်က မကဖူးဘူး။ ပရိသတ် ကလည်း ကိုယ့်ကို မမြင်ဖူးဘူး ဆိုတော့ ပိုပြီး ဂရုစိုက် ဖြစ်ပါတယ်။ Jade Dragon ကလည်း သေချာလေး သင်ပေးပါတယ်။ ကိုယ်ကလည်း တစ်ခါမှ မက ဖူးတော့ မလုပ်ဖူးတာလေ။ လုပ်ရတော့ ကျေနပ်မိပါတယ်။ အနုပညာရှင် ဆိုတာက တစ်ခုတည်း မဟုတ်ဘဲနဲ့ အားလုံးကို သိထားရင်တော့ အကောင်းဆုံး ပါပဲ။ မြန်မာ အက ဆိုလည်း မြန်မာ မိန်းကလေး ဖြစ်တဲ့ အတွက် နိုင်ငံခြား သွားတာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေ နဲ့ တွေ့တဲ့အခါမှာ မြန်မာအက က ဖော်ပြလို့ အကောင်းဆုံး ပဲဟု မိုးယုစံ က ပြောသည်။
လွင်လွင်ထွန်း Popular

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်





8.1.1

လေးနှစ်အတွင်း အပြီးတည်ဆောက်မည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပုံစံငယ်ကို တွေ့ရစဉ်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွား မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။
Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် ကြီးအား မြန်မာနိုင်ငံ၏ အဓိကမြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို အခြေခံ ရေးဆွဲထား ကာ မေခ-မလိခ မြစ်နှစ်သွယ် ပေါင်းစည်းလာပြီး ဧရာဝတီမြစ်ကြီး ဖြစ်တည်လာသည့် ပုံစံအား အမှီပြု၍ လေယာဉ်ကွင်း ပုံစံငယ်ကို ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးချိန်ဖြစ်သည့် ၂၀၁၃ ဒီဇင်ဘာလမှစ၍ ၂၀၁၇ ဒီဇင်ဘာလတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၀င်ထွက်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဟံသာဝတီ လေဆိပ်သစ်ကြီး သို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်...


''လက်ရှိ ပင်မ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ၀င်ထွက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးတဲ့အခါမှာ ပင်မ၀င်ပေါက်အဖြစ် ပြောင်းရွှေ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။
ဒုတိယအဆင့် အနေဖြင့် ခရီးသည် သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။ ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်လှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။
ကိုရီးယားနိုင်ငံမှ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်ဟု သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေး အတွက် နိုင်ငံအသီးသီး၊ ဒေသအသီးသီးသို့ ပြောင်းလဲစီးနင်းနိုင်မည့် လေဆိပ်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
Eleven Media

တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ရတနာပစ္စည်းပျောက်ဆုံးမှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏နေအိမ်မှ ကာလတန်ဖိုးကျပ်(၁၂၄)သိန်း တန်ဖိုးရှိရတနာပစ္စည်းများ သြဂုတ်လ(၁၁)ရက်နေ့က  ပျောက်ဆုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါနေအိမ်၌ အိမ်အကူအဖြစ်လုပ်ကိုင်နေသူအား သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး တရားခံမပေါ် သေးဟု သိရှိရသည်။
သြဂုတ်လ(၁၁)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့ဝန်ကြီးများ အိမ်ယာအတွင်းရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်စိုး၏ နေအိမ်တွင် ဖြစ်ပွားခဲ့သော ပစ္စည်းပျောက်မှုကြောင့်နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသူ အသက်(၂၁)နှစ်အရွယ်ရှိ မဝေေ၀သင်း ဟင်္သာတမြို့နေသူအား ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
 လုံခြုံရေးတွေ အပြည့်ချထားတဲ့နေအိမ်ဖြစ်ပြီး လူဝင်လူထွက်သိပ်မရှိတဲ့နေအိမ်မို့ သံသယတရားခံအဖြစ် ကောင်မလေးကို ဖမ်းဆီးစစ်ဆေးနေတာပါ။ အိမ်ရဲ့ဖွဲ့စည်းပုံ အနေအထား၊ အခန်းထဲမှာ ပစ္စည်းထား တဲ့အနေအထား၊ လုံခြုံရေးထားတဲ့အနေအထားနဲ့ အပြင်လူထိုး ဖောက်ဝင် ရောက်နိုင်ဖို့သိပ်မလွယ်ဘူး၊ လောလောဆယ်အိမ်ထဲဝင်ထွက်ခွင့်ရှိတာလည်းသူတစ်ဦးဘဲ ရှိတယ်ဟု ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ဦးစိန်လင်းက ပြောသည်။
ဖမ်းဆီးခံထားရသူ မဝေေ၀သင်းမှာ လွှတ်တော်ဥက္ကဋ္ဌ၏နေအိမ်တွင် လွန်ခဲ့သည့်နှစ်လခန့်က ဟင်္သာတမြို့မှ လာရောက် အလုပ်လုပ်ကိုင် သူဖြစ်ပြီး မိဘနှစ်ပါးစလုံးမရှိတော့ကြောင်း ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌနှင့်လည်း ဆွေမျိုးနီးစပ်တော်စပ်မှု မရှိပဲ အခြား အဆက် အသွယ်တစ်ခုဖြင့် အလုပ်လာရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။
အဆိုပါနေအိမ်တွင် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ၊ဇနီးဖြစ်သူ၊ သမီးတစ်ဦးနှင့် ဖမ်းဆီးခံထား ရသူတို့သာ နေထိုင်ကြောင်း သြဂုတ်လ(၁၁) ရက်နေ့ နံနက်(၅)နာရီခန့်က၄င်းမှ လုံချည်အစုတ် ထည့်ထားသည့် အထုတ်တစ်ထုတ်အား နေအိမ်ခြံဝန်းအပြင်ဘက်သို့ လွှင့်ပစ်ခဲ့သည် ကိုဦးတင်စိုး၏ ဇနီးဖြစ်သူအား စိုက်ပျိုးရေးဝန်ထမ်းက လာရောက်ပြောပြရာမှစ၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် သြဂုတ်လ(၁၂)ရက်နေ့တွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိလေးမှပုသိမ်မြို့ အမှတ်(၂)တွင် ရွှေထည်ပစ္စည်း (၁၇)မျိုး ကာလတန်ဖိုးကျပ်(၁၂၄)သိန်းပျောက်ဆုံးမှုဖြင့် လာရောက် အမှုဖွင့်ခဲ့ရာမှ မသင်္ကာတရားခံအဖြစ်ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်သည်ဟု အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 “ကောင်မလေးကို ညလုံးပေါက်စစ်နေတာတွေလည်းရှိတယ်၊ အခုချိန်ထိတော့ သူ့ဆွေမျိုးတွေလာတာ မတွေ့သေးဘူး၊ ပျောက်တာကလည်း ရွှေထည်ပစ္စည်းလိုလို၊ စိန်လက်စွပ်လိုလိုနဲ့ လွှတ်တော်ဥက္ကဌဇနီးရဲ့ ပစ္စည်းပါပဲ၊ အမှုကတော့ စစ်ဆေးဆဲပဲရှိသေးတယ်လို့ ကြားရတယ်ဟု ပုသိမ်မြို့အမှတ်(၂)ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဖြစ်သူဦးတင်စိုး(ဗိုလ်ချုပ်ဟောင်း) တိုင်းအစိုးရအဖွဲ့တွင် စိုက်ပျိုးရေးမြူရေးဝန်ကြီးထိုမှတဆင့် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရာမှသည် (၂၀၁၂)ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ တိုင်းလွှတ်တော်ဥက္ကဌ ရာထူးဖြင့် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ ကာယခုလက်ရှိဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နေထိုင်ရာ ပုသိမ်မြို့ရှိဝန်ကြီးများ အိမ်ယာဝင်းတွင်နေထိုင်ပြီး ၄င်း၏ယခုလစာငွေမှာ ခြောက်သိန်းကျပ်ဖြစ်သည်။

ယခုအခါအဆိုပါအမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှုး၊ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုး စသည့် ရဲတပ်ဖွဲ့အကြီးအကဲများ ကိုယ်တိုင်ပါဝင်သည့် အမှုစစ်အထူးအဖွဲ့များဖွဲ့ကာ ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းမှ (ပ)၁၂၇/၁၃ပုဒ်မ၃၈၁ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

 မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)

‘‘ရွေလီဦး’’မှန်လုံ ခရီးသည်တင်ယာဉ်ပေါ်မှ ကျပ်သိန်းတစ်သောင်းကျော်တန် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ သြဂုတ် ၁၆

၁ဝ-၈-၂ဝ၁၃ ရက်နေ့ ၂၂၃ဝ အချိန် မန္တလေး မြောက်ပိုင်း မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်းတွင် လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ၄ဂ/×××× ‘‘ရွေလီဦး’’မှန်လုံခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လားရှိုးမြို့နေ သန်းဇော်နိုင် ယူဆောင်လာသောခရီးဆောင်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝဝ ပြား၊ တန်ဘိုးငွေကျပ်သိန်း(၁ဝဝဝဝ)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မှတ်ပုံတင်ကဒ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား ၉-၈-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အချိန် လားရှိုးမြို့နေ မရှည်(ခ) စောမြတ်နွယ်နှင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်နေ ကိုရှည်(ခ)ကျော်သိန်းတို့ ၂ ဦးမှ ငွေကျပ်(၈)သိန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ရန်ကုန်သို့ ရောက်ရှိပါက ကိုရှည်(ခ)ကျော်သိန်းထံသို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

သတင်းဆက်အရ လားရှိုးမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၄-၈-၂ဝ၁၃ ရက်နေ့ ၁၁၃ဝ အချိန်တွင် မရှည်(ခ)စောမြတ်နွယ်ကို အမှုနှင့်သက်ဆိုင်သည့် ဖုန်း(၁)လုံး၊ ဆိုင်ကယ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်နည်းတူ ရန်ကုန်အနောက်ပိုင်းမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များ ကလည်း ယင်းနေ့ ဝ၉၄၅ အချိန်တွင် ကိုရှည်(ခ)ကျော်သိန်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ လာရောက် ယူဆောင်ခိုင်းသူ နုကျော်ဝင်းကိုလည်း ရန်ကုန်မြို့၊ ကျိုက္ကလို့ဘုရားဝင်းအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

နုကျော်ဝင်းအားစစ်ဆေး ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်ရှိ ကိုရှည်(ခ)ကျော်သိန်းထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းသိရှိရသဖြင့် ပူးပေါင်းအဖွဲ့သည် ပလရ ရပ်ကွက်ရှိ ကျော်သိန်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချခြင်းမှရရှိသောအကျိုးအမြတ်နှင့် ဝယ်ယူထားသည်ဟု ယူဆရသည့် ရွေထည်ပစ္စည်း(၆)မျိုး၊ အလေးချိန်(၁)ပိသာ(၁၅)ကျပ်သား၊ တန်ဘိုးငွေကျပ် သိန်း(၅ဝဝ)အား သိမ်းဆည်းရမိခဲ့သော်လည်း ကျော်သိန်းမှာ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(အထူး)တပ်ဖွဲ့ဝင်များ၏ စဉ်ဆက်မပြတ် သတင်းဆက် ဖော်ထုတ်မှု၊ နယ်မြေချင်းသတင်းပေါင်းစပ် ဆောင်ရွက်မှုတို့ကြောင့် ဤကဲ့သို့ ကွင်းဆက်တရားခံများအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းဇော်နိုင်၊ မရှည်(ခ)စောမြတ်နွယ်၊ ကိုရှည်(ခ)ကျော်သိန်းနှင့် နုကျော်ဝင်းတို့(၄)ဦးအား အုန်းချောရဲစခန်း မယ(ပ)၅/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပေဒပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

by Myanmar Police Force

ကင်ဆာဝေဒနာရှင်၏ ဝှေးစေ့အားဆရာဝန်များ ဘယ်ညာမှားဖြတ်




အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာလစ်ဘူရီမြို့ ဆေးရုံတစ်ရုံမှ ဝှေးစေ့ကင်ဆာ ဝေဒနာသည်တစ်ဦးကို ခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များက ဝှေးစေ့ဘယ်နှင့်ညာ မှားဖြတ်ခဲ့မိကြသည်။ခွဲစိတ်ဆရာဝန်များသည် ထိုသို့မှားယွင်းမှုများကို ခွဲစိတ်ကုသမှုများပြုလုပ်ပြီး မိနစ်၄၀အကြာမှ သတိပြုမိခဲ့ကြောင်း သိရှိရသည်။ အသက်၄၈နှစ်အရွယ်ရှိ အမည်မဖော်လိုသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဖြစ်သူသည် ထိုသို့ဝှေးစေ့မှားယွင်း အဖြတ်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဘ၀တစ်သက်တာ၌ သားသမီးရရှိတော့မည် မဟုတ်ကြောင်း သတင်းထောက်များအား ၀မ်းနည်းဖွယ် ပြောကြားသွားခဲ့သည်။ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆာလစ်ဘူရီမြို့အခြေစိုက် NHSဖောင်ဒေးရှင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

By စွယ်စုံမီဒီယာ

အပေါ့အပါးသွားစဉ် ဓာတ်လိုက်သေဆုံး


From :myanma age


သြဂုတ်လ ၁၄ ရက်နေ့ မရမ်းကုန်းမြို့နယ် (၁)ရက်ကွက်ရှိ ဘုရင့်နောင်ပွဲရုံဝင်း ရွှေလက်ျာ စားသောက်ဆိုင်၌ ည ၉ နာရီခန့်တွင် အမည်မသိ အမျိုးသားတစ်ဦး ဆိုင်အနောက်ဖက် အပေါ့သွားနေစဉ် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာမှ သိရသည်။

သေဆုံးသူ အမျိုးသားသည် ရွှေလက်ျာ စားသောက်ဆိုင်တွင် လာရောက်စားသောက်ပြီး စားသောက်ဆိုင်၏ အနောက်သို့ အပေါ့အပါးသွားစဉ် ဆိုင်အနောက်တွင်ရှိသော အဲယားကွန်းအောက်ဒိုး (အပြင်လေစုပ်စက်) အား ကိုင်မိကာ ဓာတ်လိုက်၍ ရေမြောင်အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ဓမ္မတာအတိုင်း သေဆုံးမှုဟုတ်မဟုတ်အား စစ်ဆေးနိုင်ရန်အတွက် ဒုရဲအုပ် တင်နိုင်ဇော်မှ တရားလိုပြုတိုင်တန်းမှုအား ဘုရင့်နောင် မြို့နယ်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အမေရိကန်ဟာ အီဂျစ်နဲ့ လာမယ့်လမှာ ပြုလုပ်မည့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဖျက်သိမ်းကြောင်း သမ္မတ က ပြောကြားခဲ့ပြီးနောက် အီဂျစ်ပြည်သူများဟာ ခံစားချက်များ ရောထွေးနေ



အမေရိကန်ဟာ အီဂျစ်နဲ့ လာမယ့်လမှာ ပြုလုပ်မည့် ပူးတွဲ စစ်ရေး လေ့ကျင့် မှုကို ဖျက်သိမ်းကြောင်း သမ္မတ ဘားရတ်အိုဘားမားက သြဂုတ် (၁၅) ရက်နေ့က ပြောကြားခဲ့ပြီးတဲ့နောက်မှာ အီဂျစ်ပြည်သူများဟာ ၄င်းအတွက် ခံစားချက်များ ရောထွေးနေကြောင်း သိရပါသည်။ ၀ါရှင်တန်ဟာ အီဂျစ် သို့ နှစ်စဉ် စစ်ရေးအထောက်အပံ့ အဖြစ် (၁.၃) ဘီလီယံနဲ့ စီးပွားရေး အထောက်အပံ့အဖြစ် သန်း (၂၅၀) ခန့် ထောက်ပံ့ပေး လျှက်ရှိပါသည်။ အခုလို အီဂျစ်မှာ စစ်ရေးလေ့ကျင့်မှု ရပ်တန့်လိုက်တာဟာ အိမ်ဖြူတော်က အီဂျစ်ရဲ့ အခြေအနေအတွက် ၄င်းရဲ့ စိတ်မချမ်းမြေ့မှုကို ဖော်ပြ တာလည်း ဖြစ်ပါသည်။ ဒီလို စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့တဲ့အတွက် အီဂျစ်ပြည်သူအချို့က ၀မ်းသာခဲ့သလို အချို့ကတော့ ကွဲပြားတဲ့ အမြင် ရှိနေခဲ့ကြပါသည်။

MRTV

ဒေါ်လာလဲလှယ်နှုန်း


( ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ သောကြာနေ့ )
-
သိမ်ဖြူငွေလဲကောင်တာ ( နံနက်ပိုင်း @ ၁၀:၄၅ မိနစ်)
ဒေါ်လာ >> ၁ ဒေါ်လာ = ၉၇၀ - ၉၇၈ ကျပ်
[ ၀ယ်ဈေး = ၉၇၀ ကျပ် // ရောင်းဈေး = ၉၇၈ ကျပ် ]
ရန်ကုန်ဈေးကွက် ( နံနက်ပိုင်း @ ၁၀:၄၅ မိနစ်)
ဒေါ်လာ >> ၁ ဒေါ်လာ = ၉၇၀ - ၉၇၃ ကျပ်
[ ၀ယ်ဈေး = ၉၇၀ ကျပ် // ရောင်းဈေး = ၉၇၃ ကျပ် ]
-
ငွေလဲလှယ်နှုန်းသည်
အချိန်နှင့်နေရာပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

ရွှေဈေးနှုန်း


( ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ သောကြာနေ့ )
-
ရန်ကုန်ဈေးကွက်
မနက်ပိုင်း ( ၁၀:၄၅ မိနစ် ) - ၇၀၅,၅၀၀ ကျပ်
-
မန္တလေးဈေးကွက်
မနက်ပိုင်း ( ၁၀:၄၅ မိနစ် ) - ၇၀၆,၀၀၀ ကျပ်
-
ကမ္ဘာ့ဈေးကွက်
မနက်ပိုင်း ( ၁၀:၄၅ မိနစ် ) - ၁၃၆၅ ဒေါ်လာ/အောင်စ
-
ရွှေဈေးနှုန်းသည် အချိန်နှင့်နေရာပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

အမေရိကန်၏ စစ်ရေး အထောက်အပံ့ကို ပိုမိုရယူသွားမည်ဟု ဖိလစ်ပိုင် အတည်ပြု

Friday, August 16, 2013

ဖိလစ်ပိုင် အစိုးရက အမေရိကန်၏ စစ်တပ်များကို နိုင်ငံအတွင်း ပိုမို အရေ အတွက်တိုးမြှင့် အခြေချခွင့် ပေးအပ်မှု အပါအဝင် မဟာမိတ် နိုင်ငံ၏ အကူ အညီများကို ရယူသွားမည်ဟု ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ ကာကွယ် တည်ဆောက်ရေးအတွက် အမေရိကန်၏ စစ်ရေး အထောက်အပံ့ကို ပိုမိုမှီခိုရယူသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ ဖိလစ်ပိုင် အစိုးရက အမေရိကန်၏ စစ်တပ်များကို နိုင်ငံအတွင်း ပိုမို အရေအတွက် တိုးမြှင့် အခြေချခွင့် ပေးအပ်မှု အပါအဝင် မဟာမိတ် နိုင်ငံ၏ အကူအညီများကို ရယူသွားမည်ဟု ဆိုသည်။ လတ်တလောတွင် နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်တစ်ရပ် ချုပ်ဆိုရန်အတွက် ယခုသီတင်းပတ်မှ စတင်ဆွေးနွေးမည် ဟုလည်း သိရှိရသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အဲလ်ဘတ်ဒီ ရိုဆာရီရိုက နိုင်ငံ၏ ကာလရှည်ကြာ မဟာမိတ် ဖြစ်ခဲ့သော အမေရိကန်၏ စစ်အင်အားကို ဖိလစ်ပိုင်တွင် ကြီးကြီးမားမား အခြေစိုက်ခွင့် ပေးအပ်သွား မည်ဟု သတင်းထောက်များထံ ပြောဆိုသွားသည်။

ဖိလစ်ပိုင်သည် ရေပိုင်နက် အငြင်းပွားမှုကဲ့သို့ အခြေအနေများတွင် အာရှအင်အားကြီး တရုတ်၏ ဖိနှိပ်ခြိမ်းခြောက်မှုနှင့် ကြုံလာရ သည့်နောက် အမေရိကန်၏ စစ်ရေး အထောက်အပံ့ကို ပိုမိုအားကိုးရန် ရည်ရွယ်လာခြင်း လည်း ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ကာကွယ်ဖို့ ဘယ်မဟာမိတ် နိုင်ငံရဲ့ အကူအညီကိုမဆို ကြိုဆိုသွားမှာပါ။ လိုအပ်လာ ချိန် မှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အားထုတ် ရပါမယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအတွက်၊ ပြည်သူတွေရဲ့ အေးချမ်း သာယာမှုအတွက် ကျွန်တော်တို့ အနေနဲ့ မဟာမိတ် နိုင်ငံအမေရိကန်ကို ပိုပြီးတော့ ရင်းနှီးဆက်စပ်ဖို့ လမ်းဖွင့်ပေးသွားမှာပါဟု အဲလ်ဘတ်က ဆိုသည်။

ဖိလစ်ပိုင်သည် အမေရိကန် စစ်သည် သောင်းဂဏန်းမျှကို မနီ လာမြို့တော် မြောက်ပိုင်း ရှိ အခြေစိုက် စခန်းနှစ်ခုတွင် တပ်စွဲခွင့် ပေးထား သည်။(၁၉၉၂)ခုနှစ်က အမေရိကန် ဆန့်ကျင်ရေး အင်အားစုများ တိုးပွား လာ သည့်နောက် အမေရိကန်တပ်များ ထွက်ခွာသွားသော်လည်း (၁၉၉၉)ခုနစ်တွင် ပြန်လည် အခြေစိုက်လာခဲ့သည်။ အမေရိကန်၏ အထူးတပ်ဖွဲ့များသည် (၂၀၀၂)ခုနှစ် ကတည်းက ဖိလစ်ပိုင် တပ်ဖွဲ့များနှင့် အတူလက်တွဲကာ အယ်လ်ကေးဒါးတို့နှင့် ဆက်စပ်နေသော အကြမ်းဖက် အဖွဲ့များကို တိုက်ခိုက်ခဲ့သည်။

ဖိလစ်ပိုင် ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ပီယို လော်ရန်ဇိုက မိမိတို့ သည် ကာကွယ်ရေး စာချုပ်တစ်ရပ် ချုပ်ဆိုမည် ဖြစ်ကြောင်းနှင့် အမေရိကန်ထံမှ စစ်လက်နက် အထောက်အပံ့များ ပိုမိုရရှိရန် မျှော် လင့်ကြောင်း ပြောကြားခဲ့သည်။အမေရိကန်ရဲ့ စစ်လက်နက်တွေကို ယာယီအသုံးပြုခွင့် ရရင်တောင် ဖိလစ်ပိုင် စစ်တပ်ရဲ့ စွမ်းဆောင်ရည် ကို မြင့်တက်လာစေမှာပါ။ အထူးသဖြင့် ရေကြောင်း လုံခြုံရေး ကဏ္ဍ မှာပေါ့။ နောက်တစ်ချက်က သဘာဝ ဘေးအန္တရာယ် ကျရောက်လာ ချိန်တွေ မှာ လူသားချင်း စာနာမှု အကူအညီတွေအတွက် အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်ဟု ပီယိုက ပြောဆိုသွားသည်။

မိန်းကလေးများမှ ယောက်ကျားလေးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်



ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်။ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။ ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။




ဇင် ​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။
ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

ဖုန်းမျက်နှာပြင်ပေါ်က ပိုးမွှားများသည် အိမ်သာခွက်ထဲကပိုးမွှားများထက် ပိုရွံဖို့ကောင်း၍ သတိထားစေလို



Surrey တက္ကသိုလ်မှ မော်လီကျူးများ အကြောင်းကို သင်ကြားပို့ချပေးနေသော ဒေါက်တာ ဆိုင်မွန်ပက်၏ သုတေသနများအရ ဖုန်းများ ပေါ်တွင် သာမန်မျက်စိဖြင့်မမြင် ရသော ဘက်တီးရီးယားများစွာ ရှိကြောင်း သိရသည်။ ဖုန်းများပေါ်မှ ဘက်တီးရီးယားများသည် အိမ်သာခွက်များမှ ဘက်တီးရီးယားများထက်ပင် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင် သည်ဟု ဆေးသိပ္ပံစာစောင်များမှထောက်ပြသည်။ ယခင်က ဖုန်းများပေါ်တွင် ဘက်တီးရီးယားများရှိနေကြောင်းကို ဆရာဝန်များက သတိပေးပြောဆိုခဲ့ဖူးသော်လည်း ယခုအခါ ဒေါက်တာပက်က ဖုန်းပေါ်ရှိ ဘက်တီးရီးယားများကို ဓာတ်ခွဲခန်းသုံး အဏုဇီဝပစ္စည်းများအကူအညီဖြင့် အသေးစိတ်ပုံဖော်ပြသနိုင်ခဲ့သောကြောင့် ဖုန်းပေါ်ရှိဘက်တီးရီးယားများအကြောင်း ကိုပိုမိုသတိထားလာကြပြီဖြစ်သည်။

မြွေအာမခံ ထားပါက ငွေကျပ်ငါးရာ (တစ်ယူနစ်)အတွက် လျော်ကြေးငွေ ကျပ်ငါးသိန်း ခံစားခွင့်ရမည်

Friday, August 16, 2013

မြန်မာနိုင်ငံတွင် မြွေအန္တရာယ် ရှိသော ဒေသများစွာ ရှိပြီး ထိုဒေသ များမှာလည်း ကျေးလက်ဒေသများ ဖြစ်၍ တောင်သူ လယ်သမားများသာ
အများဆုံး ဖြစ်ကြသောကြောင့် မြွေအန္တရာယ် ဖြစ်လာပါက အသက် ဆုံးရှုံးမှု မဖြစ်စေရန် မြွေအကိုက်ခံရမှု အသက် အာမခံထားရှိပါက တစ်နှစ်စာ တစ်ယူနစ်အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး မြွေကိုက် ခံရပါက ဆေးဝါးစရိတ် မစိုးရိမ်ရသည့် အပြင် အကယ်၍ အသက် သေဆုံးခဲ့ပါက မိသားစုအတွက် လျော်ကြေးရရှိမည် ဖြစ်ကြောင်း IKBZ အာမခံ လုပ်ငန်းမှ သိရသည်။

မြွေအသက် အာမခံအတွက် တစ်နှစ်စာကို တစ်ယူနစ် အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး၁ဝ ယူနစ်အထိ အသက် အာမခံ ထားနိုင်သည်။

၁ဝ ယူနစ် အာမခံ ထားရှိထားသူမှာ အသက် သေဆုံးသွားပါက ၁ဝ ယူနစ် အတွက် ငွေကျပ် သိန်း ၅ဝ လျော်ကြေး ရရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြွေကိုက်ခံရပြီး အသက်သေဆုံးမှု မရှိပါကလည်း ဆေးရုံစရိတ် အဖြစ် တစ်ယူနစ်ကို ငွေကျပ်ရှစ်သောင်း သတ်မှတ်ထားပြီး ၁ဝ ယူနစ်ထား ရှိသူများမှာ ဆေးရုံစရိတ် အဖြစ်

ငွေကျပ် ရှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ မြွေကိုက်ခံရမှုကြောင့် အသက် မသေဆုံးသော်လည်း အောက်တစ်ပိုင်း သေမှုများနှင့် ဒုက္ခိတ ဖြစ်သွားပါက တစ်ယူနစ် အတွက် လျော်ကြေးငွေကျပ် နှစ်သိန်းခွဲ ရရှိမည် ဖြစ်ပြီး ၁ဝယူနစ် ထားရှိသူများမှာ ငွေကျပ် ၂၅သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျေးလက် ဒေသများမှ ပြည်သူများသည် အာမခံစနစ်ကို ကောင်းစွာ သဘော မပေါက်သေးသောကြောင့် အသက် အာမခံထားရှိမှု အလွန်နည်းပါးနေပြီး အသက်အာမခံ ထားရှိ မှုမှာ မိမိတို့၏ ဘဝအခြေအနေ ပျက်သွားလောက်သည် အထိ ဖြစ်နိုင်သော မီး၊ ရေ၊ မြွေ၊ မော်တော်ကားနှင့် အခြားသော ထိခိုက် သေဆုံးမှုများ အတွက် အာမခံစနစ် များစွာရှိနေပြီး ကျေးလက်နေ ပြည်သူများမှာ အာမခံ ထားရှိမှု၏ အကျိုးများကို သိရှိမှု နည်းပါးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မကြာခဏ မြွေကိုက်ခံရသော အဖြစ်များ ကြုံတွေ့နေရပြီး ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင်လည်း မြွေကိုက် ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် မြွေဆိပ်ဖြေဆေးများ သွားရောက် လှူဒါန်း နေရကြောင်း လပွတ္တာမြို့နယ် အသင်းနာယက ဦးမြတ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

ကိုယ့်အိမ်မှာ ကိုယ်မနေရဲတော့ပြီလား ?





ပြည်ကြီးတံခွန်မြို့နယ်၊ ဓဓ/၂၄၊ အေးသုခလမ်းနှင့် ၅၈လမ်း၊ (ဆ)ရပ်ကွက်မှာ အသက် (၂၀) နှစ်အရွယ် မဝင်းဇာနည်အောင်ဟာ အဝတ်ဖွတ်လျော် အလုပ်သမလေးပါ။ သူမယောကျာ်းက မြေသယ်လုပ်သားပါ။ဦးဝင်းမြင့်+ဒေါ်သန်းသန်းမြင့်တို့က ဒဒ/၈၊ အေးသုခလမ်းနှင့် လမ်း(၆၀)ကြား ဂျပန်ဘုရားအနီးမှာနေပါတယ်။ ငွေတိုးပေးစားသူများဖြစ်ပါတယ်။


မဝင်းဇာနည်အောင်က ဦးဝင်းမြင့်+ဒေါ်သန်းသန်းမြင့်တို့ထံမှာ ငွေငါးထောင် ချေးယူပါတယ်။ အတိုးငွေအဖြစ် ဥပုသ်တစ်ပတ်ကို တစ်ထောင်ကျပ်ပေးရပါတယ်။ အဲဒီလိုပေးလာတာ တစ်နှစ်နီးပါးရှိပါပြီ။ အရင်းငါးထောင်မဆပ်နိုင်မချင်း အတိုးပေးနေရတာပါ။နောက်ပိုင်း အတိုးမပေးနိုင်တော့ အတိုးရောအရင်းပါထပ်ပေါင်းပြီး တစ်သောင်းရှစ်ထောင် သတ်မှတ်ထားပါတယ်။ တစ်ပတ်ကို နှစ်ထောင်ကျပ် အတိုးပေးရပါတယ်။


26.7.2013 ရက်နေ့မှာ အတိုးငွေနှစ်ထောင်ကျပ် သွားပေးတဲ့အခါ ပါးအရိုက်ခံရပါတယ်။ မပေးနိုင်တာ သုံးပတ်ကျော်သွားလို့ပါ။ ရိုက်သူက ဒေါ်သန်းသန်းမြင့်ပါ။ဒီလိုနဲ့ 29.7.2013 ရက်နေ့မှာ သုံးထောင် ကျပ် ထပ်မံ ပေးလိုက်ပါတယ်။ ဦးဝင်းမြင့်က မဝင်းဇာနည်အောင်ကို ပါးရိုက်လိုက်ပြန်ပါတယ်။
မဝင်းဇာနည်အောင်က ကွက်စိပ်မှူး ဦးအောင်ငွေထံ သွားတိုင်ပါတယ်။ ဦးအောင်ငွေက ရပ်ကွက်ရုံးသို့ လွှတ်လိုက်ပါတယ်။


ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုးတင့်က လုပ်မယ့်လုပ်ရင် ထိထိရောက်ရောက်လုပ်လို့ ပြောပြီး အဆင့်မြင့်ရဲစခန်းကိုလွှတ်လိုက်ပါတယ်။မဝင်းဇာနည်အောင်ဟာ ခင်ပွန်းကိုပြောပြရင် ရန်ဖြစ်ကြမှာစိုးလို့ ဦးဝင်းမြင့်ရိုက်တာကို မပြောဘဲ၊ ဒေါ်သန်းသန်းမြင့်ရိုက်တာကိုဘဲ ပြောခဲ့ပြီး ရဲစခန်းကို ခြေလျှင်လျှောက်လာခဲ့ပါတယ်။ သူမရဲ့ ရင်သွေး (၂) နှစ်သားလေးကိုချီပြီး လမ်းလျှောက်ခဲ့တာ တစ်နာရီကျော်မှ ရောက်ပါတယ်။


အမည်မသိ ဒု-ရဲအုပ်တစ်ယောက်နှင့်တွေ့ပါတယ်။ ရဲကင်းမှူးကိုလွှတ်လိုက်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ရဲကင်းမှူးရောက်မလာခဲ့ပါဘူး။30.7.2013 ရက်နေ့မှာ ဒေါ်သန်းသန်းမြင့်ရောက်လာပြီး "ငါ့ပိုက်ဆံ ပြန်ပေးဖို့ ပြင်ထား၊ ညည်းဘာသာ ဘယ်သွားတိုင်တိုင် မုဒိမ်းမှုနဲ့ပဲတိုင်တိုင် တိုင်ချင်ရာတိုင်" ပြောပြီး ကြိမ်းမောင်းသွားလို့ လင်းမယားနှစ်ယောက်လုံး တစ်ခြားအိမ်ပြောင်းရွှေ့ပြီး ခိုးအိပ်ကြရပါတယ်။


ဦးဝင်းမြင့်က ဗမာ/ဗုဒ္ဓဖြစ်ပေမယ့် ဒေါ်သန်းသန်းမြင့်နဲ့ အိမ်ထောင်ကျပြီးမှအစ္စလာမ်ဘာသာ ကူးပြောင်းထားသူပါ။ သူတို့လင်မယားရိုက်လို့ ခံခဲ့ရတဲ့သူတွေထဲမှာ………..
ဒေါ်ကြည် (၅၀) နှစ် ပန်းရောင်း။
မအေးသီ (၃၀) နှစ် ပန်းရောင်း။
ကိုဆန်းမင်းထွန်း (၃၀) နှစ် မြေသယ်။
မတာ (၃၃) နှစ် ပန်းရောင်း တို့လည်း ပါပါတယ်။


မတာဆိုရင် ငွေတစ်သောင်းချေးယူပြီး တစ်ပတ်သုံးထောင်ကျပ် အတိုးပေးခဲ့ရသူပါ။အတိုးမပေး နိုင်လို့ဆိုပြီး အကြော်ဝယ်ပြန်လာတဲ့ မတာကို ဒေါ်သန်းသန်းမြင့်က လက်ကိုချုပ်ပေးထားပြီး၊ ဦးဝင်းမြင့်က လက်တွေ ဆွဲဆောင့်ကာ ချွေးမဖြစ်သူက ဆံပင်တွေ ဆွဲဆောင့်၊ လက်တွေဆွဲဆောင့် ကြပါတယ်။သုံးယောက်လုံးက ကျောကုန်းကို လက်သီးဆုပ်နဲ့ ထုနှက်ကြပါတယ်။ အပြီးမှ ဒေါ်သန်းသန်းမြင့်က တွန်းလှဲပစ်လိုက်လို့ မတာလဲကျသွားပါတယ်။


အိမ်းနီးချင်းတွေပြေးလာတော့ သုံးယောက်လုံး အိမ်ထဲဝင်ပြေးကြပါတယ်။ဆယ်အိမ်ခေါင်း ဦးမြင့်အောင်က လုံးဝအတိုင်မခံလို့ ရပ်ကွက် ရုံးသွားတိုင်ပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုးတင့်က "အထက်ထိ တက်နိုင်သလောက် တက်တိုင်ပါ သူတို့က လူတိုင်းကို အနိုင်ကျင့်နေတာ" ဟု ပြောပြီး အဆင့်မြင့်ရဲစခန်းကို လွှတ်ပါတယ်။


ရဲစခန်းရောက်တော့ ဒု-ရဲအုပ်တစ်ယောက်နဲ့တွေ့ပြီး အကြောင်းစုံ ရှင်းပြတိုင်ကြားရာ ဒု-ရဲအုပ်က တစ်ခွန်းတစ်လေမှ စကားမပြောဘဲနေလို့ ပြန်လာခဲ့ရပါတယ်။ခုတော့ သူတို့တစ်တွေ အားရှိသွားပါပြီ။ ရဲစခန်းကလည်း အမှုလက်ခံလိုက်ပါပြီ။ တရားမဝင် ငွေတိုးပေး၊ ငွေချေးစားတဲ့ ကုလားလင်မယား၊ စီ-တိုးနဲ့ နှိပ်စက်နေတဲ့ ကုလားလင်မယား၊ ဆင်းရဲသူ၊ ဆင်းရဲသားတွေကို အနိုင်ကျင့်နေတဲ့ ကုလားလင်မယားကို သူတို့ ရင်ဆိုင်ကြတော့မှာပါ။
သြော်……ဗမာပြည်မှာ ဗမာတွေ ကိုယ့်အိမ်မှာတောင် ကိုယ်မအိပ်ရဲရတဲ့ဘဝမျိုး… မတွေးဝံ့စရာ ပါလားနော်။ဗမာတွေကို အနိုင်မကျင့်ကြပါနဲ့ဗျာ၊ငွေပြန်မဆပ်နိုင်ရင် တရားစွဲကြပါလားဗျာ။
By MA ZAR NI AUNG

လက်တလော နာမည်ကြီးနေသည့် မခင်ဝင့်ဝါ


Miss Supranational 2013 ကိုသွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံက မခင်ဝင့်ဝါ ဖြစ်ပါတယ်။





























ကလေးများ၏ မဖွယ်မရာပုံများကို ဓာတ်ပုံခိုးရိုက်သည့် ကျောင်းအုပ်ထောင်နှစ် ၃၀ ကျ




က​​လေး​​များ​​၏ မဖွယ်မရာ ပုံရိပ်များ​​ကို လျှို့​​ဝှက်စွာ ဗီဒီယို ရိုက်ထား​​သည့်​​ မူ​ကြို​​ကျောင်း​​အုပ်​​ဟောင်း​ ​ တစ်ဦး​​ကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်လိုက်​​ကြောင်း​​ သိရှိရသည်။ ၎င်း​သည် ​​ယောက်ျား​​​လေး​​ငယ် တစ်ဒါဇင်ခန့်​​၏ ​​ရေချိုး​​ခန်း​​အတွင်း​​ ရှိ​​နေ​​သော ပုံများ​​ကို ခိုး​​ဝှက်ရိုက်ယူ​ထား​​ခဲ့​​သည်။
အ​​မေရိကန်၏ ပြည်နယ်ဆိုင်ရာ တရား​​သူ​ကြီး​​ လင်ဒါရီဒီက ဆီဂီ​​ဗေး​​မှ ​​ကျောင်း​​အုပ်​​ဟောင်း​​ ​​ရောဘတ်ဘရုကီကို ​​ထောင်ဒဏ် နှစ်​​ပေါင်း​​ ၃၀ ချမှတ်​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။ အသက် ၄၃ နှစ်ရှိ ဘရုကီသည် က​​လေး​​သူ​ငယ် လိင်မှုပုံရိပ်များ​​ တရား​​မဝင် ခိုး​​၍ ရိုက်ထား​​မှုဖြင့်​​ ဩဂုတ်လက စွဲချက်တင်ခံရသည်။ ၎င်း​သည် က​​လေး​​များ​​၏ မဖွယ်မရာပုံ ၃၂၀၀၀ ​​ကျော်နှင့်​​ ဗီဒီယို ၁၂၀၀၀ ​​ကျော်ကိုလည်း​​ စု​​ဆောင်း​​ထား​​​ကြောင်း​​ FBI​​ အေး​​ဂျင့်​​များ​​က ဆိုသည်။
ဘရုကီသည် ၎င်း​၏​​ကျောင်း​​မှ ​​ကျောင်း​​သား​​ငယ်များ​​ကို ​​ချောင်း​​​မြောင်း​​ရိုက်ကူး​​ထား​​ခြင်း​​ဖြစ်သည်။ ၎င်း​သည် ​​ကျောင်း​​​ရေချိုး​​ခန်း​​ထဲတွင် ကင်မရာများ​​ ခိုး​​ဝှက်တပ်ဆင်ထား​​ကာ ဗီဒီယိုများ​​ ရိုက်ယူ​ပြီး​​ စုစည်း​​ထား​​ခြင်း​​ဟု သိရှိရသည်။

သားမယားအဖြစ်နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုအင်တာနက်တွင် တင်သူအား မကွေးရဲတပ်ဖွဲ့အရေးယူ




သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည်
အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

By The Myawady Daily

သင် တိုင်းပြည်နှင့် လူမျိုးကို ချစ်တယ်ဆိုလျှင် နည်းနည်းလေး အချိန်ပေးပြီး ဖတ်ကြည့်ပါ


From : ..Chawchaw Mirror


ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်။ လက်ခံသော သူမည် မျှ ရှိသည် ကို Like & Share ဖြင့် ဆုံးဖြတ် မည် ဆို လျှင် ရခိုင်လူမျိုးများ နှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသာများ မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဤကဲ့သို့ Like & Share ကို သော်မှ လုပ်ရန်ဝန်လေး ကြလျှင် သင် သည် မည်သို့သော မျိုးချစ် ပုဂ္ဂနည်း ဆိုသည်ကို အဖြေ ထုတ်နိုင်ပေပြီ ..

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့် ဒေါက်တာအေးချမ်းက ပြောသည်။

ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။

Politic-10-march14

တက်ရောက်လာသော ပရိသတ်များအား မြင်တွေ့ရစဉ်

ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘောပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာသည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာအေးချမ်းက ဆက်ပြောပါသည်။

"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။

ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲမျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း သိမယ်။ ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင် လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့ ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။

ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့

မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။
ဖြေ - Primary Source ပါ။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။
ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။
ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။

မေး - မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။
ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။

မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။

မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။
ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကားနဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။

မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။
ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။

မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။
ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။

မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။
ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။
ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ

အင်တာနက်မှာ ရေပန်းအစားဆုံး မင်းသား ၂ ဦး

(၁)
ပါးစပ်သေနတ် တရစပ်ပစ်ခဲ့တဲ့ ဦးကောင်းမြတ်ထွဋ်

ဦးကောင်းမြတ်ထွဋ်ရဲ့ ပြောချက်ကတော့ ပေါက်သလားမမေ့နဲ့။ အင်တာနက်တစ်ခွင်လုံး ထိန်းမနိုင် သိမ်းမရကို ဖြစ်သွားတော့တာပဲ။ ဒီလူ့နှယ်…. နာမည်ကြီးအောင် တမင်များလုပ်နေသ လားလို့ တွေးမိပါတယ်။ စာပေနယ်လည်း မလွတ်ဘူး၊ နိုင်ငံရေးနယ်လည်း ချန်မထားဘူး၊ အကုန်လုံးကို ပတ်ရမ်းတော့တာပဲ။ ဆရာဖေမြင့်နဲ့ ကြိုက်တဲ့နေရာမှာ စင်ထိုးပြီး ပြောမယ်တဲ့။ ပွဲစီစဉ်သူ ဒွန်ကင်း ၀င်လုပ်လိုက်ချင်သေးဗျာ။ မေ၀င်းမြင့်က လွှတ်တော်နိုင်ငံရေးပြောရအောင် ဘာတတ်လို့လဲတဲ့။ ဘာမှသောက်သုံးမကျဘဲနဲ့ အမတ်ဖြစ်တာတဲ့။ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ မသိဘူး။ အတွင်းသိ၊ အစင်းသိမို့လား၊ ဒါမှမဟုတ် မစားရတဲ့ အမဲမို့ သဲနဲ့ပက်တာလား။ ဦးသုဝေလည်း အသက်ကြီးကာမှ ဦးကောင်းမြတ်ထွဋ် ပါးစပ်ဖျားမှာ ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်ကုန်တော့တာပဲ။ ငယ်ငယ်က သူ့ရည်းစားတွေက သူ့ကို ကိုကိုညွန့်လို့ ခေါ်သတဲ့။ သူမို့လို့ အကုန်မှတ်မိတယ်။ တကယ့်ကို ပေါက်ပေါက်ရှာရှာပဲ။ ဦးသုဝေကြီး ဒီလိုပြောတာတွေ နားထောင်မိရင် ငယ်ရည်းစားတွေကိုတောင် လွမ်းနေမလား မသိဘူး။ :D

ဦးခင်မောင်ဆွေက ၈၈ တုန်းက သူခိုးကြီးများသမဂ္ဂဆိုပြီး ထောင်ခဲ့ဖူးသတဲ့။ သူမေးတဲ့လူတွေက ပြန်မဖြေပေမယ့် ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်။ မသိဘူးခင်ဗျ။ အခု ကိုကောင်းမြတ်ထွဋ် ပြောမှသိရတာ။ ခိခိ။ NDF ပါတီထောင်ဖို့ကိစ္စ ကိုကောင်းမြတ်ထွဋ် ရဲ့အိမ်ကနေ သွားတာတဲ့။ ဦးသုဝေပါတီထောင်တာ သူလုပ်ပေးခဲ့တာတဲ့။ မြန်မာနိုင်ငံမှာ ပထမဆုံးသော မြန်မာ့နိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲကို ၂၀၀၉ ခုနှစ်မှာ လုပ်ခဲ့တာ ကိုကောင်းမြတ်ထွဋ် ဆိုတာလည်း မှတ်သားခဲ့ရတယ်။ NLD ပါတီကကောင်တွေ ဘုရားလောက်ကိုးကွယ်တဲ့ ဒေါ်စုဆိုတာ ပါတီ ပြန်ထောင်ဖို့ ငါ ၄၅ မိနစ် လက်ချာရိုက်ခဲ့တာတဲ့။ ဒေါ်စုကို သူဆုံးမခဲ့တာတဲ့။ သူနဲ့လည်း တွေ့ချင်သေးတယ်တဲ့။ ဒေါ်စုနဲ့ ကိုကောင်းမြတ်ထွဋ်ကို MRTV4 မှာ ဦးကိုကိုလှိုင်တို့ပြောသလို ပြောခိုင်းလိုက်ရရင် အတော်စိတ်ဝင်စားကြမှာဗျ။ ဆရာဟောင်းနဲ့ ဆရာမကြီးနဲ့ ဘာတွေပြောကြမလဲ၊ စိတ်ဝင် စားစရာပဲ။

သူ့အင်ပါယာ သတင်းစာကိုတော့ သူက အောင်မြင်ချင်သားဗျ။ သတင်းသည် နံပါတ်တစ်၊ သတင်းသည် နံပါတ်နှစ်၊ သတင်းသည် နံပါတ်သုံးတဲ့။ အကျိုးမရှိတဲ့ အင်တာဗျူးတွေကို မထည့်နဲ့တဲ့။ ဒါလည်း ကျွန်တော်လက်ခံလို့ရတယ်။ သူ့ဂျာနယ်ကို သူစီမံခန့်ခွဲတာ ဘာမျှပြောစရာမရှိပါဘူး။ သူ့ဂျာနယ်ကလူတွေကလည်း ပြောလည်းပြောချင်စရာပဲ။ ဘယ်သူကများ ဂျာနယ်ထဲမှာ အမေစု၊ အမေစုဆိုပြီး သွားရေးလိုက်သလဲ မသိဘူး။ အမေစုလို့ ရေးချင်ရင် ဒီလှိုင်းဂျာနယ်မှာ သွားရေးတဲ့။ အဲဒီလိုဖားချင်ရင် ပိုက်ဆံပေးခိုင်းတဲ့ သူ့ကို မြန်မာ့နိုင်ငံရေးသုခမိန်ကြီး ဦးကောင်းမြတ်ထွဋ် ဆိုပြီး ရေးမလားတဲ့။ နိုင်ငံရေးသမားတွေ တစ်ယောက်မျှ သောက်သုံးမကျဘူးဆိုတာ ဦးကောင်းမြတ်ထွဋ်က ဖော်ထုတ်လိုက်ပြီ။ အဲဒီလို အသုံးမကျလို့ တိုင်းပြည်လည်း အခုလိုအခြေအနေ ဖြစ်နေတာတဲ့။ မနေ့တစ်နေ့ကမှ ပေါ်လာပြီး သူရဲကောင်းကြီးယောင်ယောင်၊ ဟိုဟာယောင်ယောင်၊ ဒီဟာယောင်ယောင်တဲ့။ တွယ်ချက်ကတော့ နိုင်းပွိုင့်နိုင်း လောက်ရှိတယ်။ ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြဦးမယ် မသိဘူး။ ဘယ်သူကမျှ မထိရဲ မတို့ရဲ့ မပြောရဲ မဆိုရဲတဲ့ ဒီမိုကရေစီ သူရဲကောင်းအပေါင်းကို ကိုကောင်းမြတ်ထွဋ်မို့ မကြောက်မလန့် ပြောရဲတယ်။ သတ္တိကတော့ မခေဘူးမောင်။ သိပ်စိတ်ဝင်စားသဗျို့။

ဝန်ကြီးဌာနတွေကိုလည်း သူ့သတင်းစာယူဖို့ ပြောထားပြီးသား၊ ၀န်ကြီးတွေကလည်း သူ့သတင်းစာကိုယူဖို့ နှုတ်မိန့်ပေးထားပြီးသားတဲ့။ မယူရင်လည်း သွားပြီး ဂျစ်တိုက်မှာတဲ့။ ပတောက် ပတောက်သွားလုပ်ရင် နားငြီးပြီး စိတ်ဆင်းရဲပြီး ယူကြမှာပဲတဲ့။ အဲဒီနည်းကို တခြားဂျာနယ်တိုက်တွေ၊ သတင်းစာတိုက်တွေလည်း သုံးကြည့်ပါလားလို့ အချွန်နဲ့ တွန်းလိုက်ချင်သေး။ အဟေးဟေးဟေး။ City Star မှာ ဥက္ကာကိုကိုတို့၊ ဦးမင်းသစ်တို့ကို မိုက်တစ်လုံးကိုင်ပြီး ချဲခဲ့သတဲ့။ မှတ်သားမိပါသဗျာ။ သတင်းစာနယ်ပယ်က ဆရာကြီး၊ သမ္ဘာကြီးတွေကို တစ်ယောက်မျှ သောက်ထင်မကြီးဘူးတဲ့။ မကိုးကွယ်ဘူးတဲ့။ ဒါပေမယ့် သူတို့လောက် မတော်ဘူး၊ အသုံးမကျဘူးဆိုတာတော့ ၀န်ခံတယ်ဗျ။ ဒါတောင် အသံဖမ်းထားတဲ့ဖိုင်က ဒီလောက်နဲ့ပဲ ရပ်သွားလို့။ အလွတ်သာ ထိုင်ပြောခိုင်းရင် မြန်မာတစ်ပြည်လုံးလည်း တစ်ယောက်မျှ ကျန်မယ်မထင်ဘူး။ ဘုရား.. ဘုရား… ကျွန်တော့်ဘလော့ဂ်ကို မျက်စိလည် လမ်းမှားပြီး မဖတ်မိ၊ မကြည့်မိပါစေနဲ့။ တော်တော်ကြာ… နောက်တစ်ခါပြောရင် မြန်မာ့သွေး ဘလော့ဂ်ဆိုတာလည်း ဘာမျှသောက်သုံးကျတာ မဟုတ်ဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင် လျှောက်ရေးထားတာတို့၊ ကီးဘုတ်လေး ခပ်သွက်သွက်ရိုက်တတ်ရုံနဲ့ ဘလော့ဂ်ရေးတယ်ဆိုပြီး လုပ်စားနေတာတို့ အပြောခံနေရမှာစိုးလို့ပါဗျာ။ ဦးကောင်းရေ ကျွန်တော်က ဦးကောင်းကို ဘာမျှ မဝေဖန်ဘူးနော်။ ဦးကောင်းပြောတာတွေကိုပဲ ပြန်ရေးပြတာ။ စိတ်မဆိုးကြေး၊ အမှတ်မထားကြေး၊ ဒေါသ မထွက်ကြေး၊ နော်… ဦးကောင်း။ :D

ဦးကောင်းမြတ်ထွဋ်ရဲ့ ကိုယ်ရေးအကျဉ်းဆိုပြီး တစ်နေရာမှာတွေ့လို့ သိမ်းထားမိ တာလေးကို ပြန်လည် ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ အကောင်းသားဗျ။ သူလည်း ၈၈ မျိုးဆက်ပဲကိုး။ ဒါပေမယ့် သူက မင်းကိုနိုင်တို့နဲ့ မတူတဲ့ ၈၈ မျိုးဆက်ဖြစ်မယ်။ အသက် ၁၃ နှစ်နဲ့ ၈၈ အရေးတော်ပုံကို ၀င်နွှဲခဲ့သူဆိုတော့ လျှော့တွက်လို့တော့ မရဘူးဗျ။ ဖတ်ကြည့်ကြပါဦးဗျာ။ ကျွန်တော်နားမလည်တာက ဦးကောင်းမြတ်ထွဋ် နဲ့ ဦးကောင်းမြင့်ထွဋ် ဘယ်နာမည်က အမှန်လဲ။ နှစ်မျိုးလုံး ရောနေတာကို တွေ့ရတယ်။

 နောက်တစ်ခုက သူပြောတဲ့ အသံဖိုင်က တရားဝင်ဖမ်းယူထားတာ ဟုတ်ဟန်မတူဘူး။ သူ့ဂျာနယ်တိုက်က ၀န်ထမ်းတွေကို ပြောနေတဲ့အချိန်မှာ တစ်ဦးဦးက ဖုန်းနဲ့ အသံဖမ်းထားတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ မလုပ်သင့်ဘူးလို့တော့ မြင်မိတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့လည်း ကိုယ့်မိတ်ဆွေတွေအချင်းချင်း၊ ကိုယ့်ငယ်ပေါင်းတွေ အချင်းချင်း တွေ့ကြဆုံကြတဲ့အခါ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောတတ်ကြတာပါပဲ။ ဒါပေမယ့် အဲဒါတွေကို အတည်တွေမှတ်ယူပြီး တကယ့်ဘ၀ထဲကို ယူလာဖို့တော့ မသင့်ဘူးထင်ပါရဲ့။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စကားကို ဆင်ဆင်ခြင်ခြင်၊ ဖြောင့်ဖြောင့်မတ်မတ် ပြောမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အချင်းချင်းမို့ ပြောရင်းနဲ့ လွန်သွားတာတွေလည်း ရှိတတ်ပါတယ်။ လင်မယားချင်း ညအိပ်တဲ့အချိန်မှာ ရုံးကလူကြီးအကြောင်း မကောင်းပြောချင် ပြောမိမှာပေါ့။ အဲဒါကို အသံဖမ်းပြီး ဒီလိုတော့ ပြောတယ်လို့ ဘယ်လုပ်လို့ ဖြစ်မလဲ။ မဟုတ်ဘူးလား။ ကျွန်တော်ပြောတာကို နားလည်ကြမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်က ရွှေမြန်မာတွေ မပျင်းရအောင် အခုလိုမျိုး အသံဖိုင်လေးတွေ၊ ဓာတ်ပုံလေးတွေ ထွက်လာတာကိုပဲ ကျေးဇူးတင်ရဦးမယ်။
(၂)
ဒေါ်အောင်ဆန်းစုကြည်ကို စိန်ခေါ်လိုက်ပြန်တဲ့ ငါးမင်းဆွေ


ဦးကောင်းမြတ်ထွဋ် တစ်ယောက်တည်းနဲ့တောင် အင်တာနက်တနံ ခြိမ်းခြိမ်းညံ ဖြစ်နေတဲ့ဟာကို ၀င်ပြီးတော့ ဓာတ်ဆီလောင်းတဲ့လူကလည်း ရှိသေးသဗျ။ အခြားလူ ဟုတ်ပါရိုးလားဗျာ။ ငါးမင်းဆွေ၊ ငါးမင်းဆွေ။ သူလည်း ကလောင်စွမ်းတော့ အတော်ထက်တဲ့လူပဲဗျ။ သူ့ဟာသူ ရေးချင်ရာရေးတာဆိုပြီး ဘယ်သူကမျှ ဥပေက္ခာပြုမထားနိုင်ဘူး။ သူကလည်း ရေးလိုက်ရင် တအံ့တသြဖြစ်စရာ၊ မင်သက်သွားစရာ၊ ပါးစပ်ဟောင်းလောင်း ဖြစ်သွားစရာတွေချည်းပဲ။ အဲဒီလောက် တွေးတတ်တဲ့ ဦးနှောက်ကိုတော့ အတော်ကြီးကို စိတ်ဝင်စားမိတာ အမှန်ပဲ။ အခုလည်း ဒေါ်စုထံကို အိတ်ဖွင့်ပေးစာ ပေးလိုက်ပါသဗျို့။ အတော်လည်း လူရည်လည်တဲ့သူပဲဗျ။ ကိုင်မယ့်ကိုင်တော့ ခေါင်ကိုပဲ တက်ကိုင်တာဗျို့။ ဒေါ်စုနဲ့မှ ပြောချင်သတဲ့။ ရှင်းချင်သတဲ့။ အင်တာနက်ပေါ်တော့ ထုံးစံအတိုင်း မေတ္တာတော်တွေ အနန္တ သွန်းဖြိုးခံနေရရှာသပေါ့လေ။ ကဲ... ငါးမင်းဆွေရဲ့ နောက်ဆုံးပေါ် ကလောင်လက်နက်ကို ရှုစားကြပါဦး။ အရေးအသား၊ အတွေးအခေါ် ဘယ်လောက်ပြောင်မြောက် သလဲဆိုတာ စာဖတ်သူကိုယ်တိုင် သိရမှာပ။ ဖတ်တော်မူ... ဖတ်တော်မူ...။

စာကြွင်း။ ကျန်တဲ့သတင်းတွေကိုတော့ သီးသန့်ရေးပါ့မယ်။ ဒီနှစ်ယောက်နဲ့ဆို ကျန်တဲ့သတင်းတွေ စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ဘူး။ သူတို့ကို သီးသန့်ဦးစားပေးတင်လိုက်ပါတယ်။


ကိုဉာဏ် (ပန်းလောင်မြေ)
http://myanmarthway.blogspot.com/2013/08/blog-post_14.html
 

Related Posts Plugin for WordPress, Blogger...