Friday, August 16, 2013

စိုင်းစိုင်းခမ်းလှိုင်က ရည်းစားဟောင်း အတွက် မွေးနေ့ဆုတောင်း

 
စိုင်းစိုင်းခမ်းလှိုင်က သြဂုတ်လ ၁ဝရက်နေ့မှာ ကျရောက်တဲ့ ဝတ်မှုံရွှေရည် မွေးနေ့မှာ မွေး နေ့ရှင်နဲ့အတူ ဆန်အိတ်များ လှူဒါန်းဖြစ်ခဲ့ပါ တယ်။ မွေးနေ့ရှင် အတွက် ဆုတောင်းပေးဖို့ ပြောတော့ “Happy Birthday ပါ။ သူ့ဘဝမှာ စိတ်ချမ်းသာမှုတွေ အများကြီး ရပါစေလို့ ကျွန်တော် ရည်းစားဟောင်း တစ်ယောက် အနေနဲ့ ဆုတောင်း ပေးပါတယ်” လို့ မွေးနေ့ရှင် အတွက် မွေးနေ့ ဆုတောင်း စကားပြော ကြားခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် က ဖေ့စ်ဘုတ်မှာ ကဗျာ တွေ ၊စာတွေ ရေးလေ့ ရှိပါ တယ်။ ဒီလိုကဗျာတွေ၊ စာတွေရေး ဖြစ်ပုံကိုတော့ “ကဗျာရယ်လည်း မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော် ပြောချင်တဲ့ စကားတွေ ကို ရေးတာပါ။ ကဗျာ ဆိုတာ က တအား လေးနက်ကျယ်ပြန့်လွန်း အားကြီးတယ်။ ကျွန်တော်ရေးတာက ကဗျာ ဟုတ်ရင်လည်းဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျွန်တော် ပြောချင်တဲ့ စကားတွေ ပါ။ သူများ ဖတ်ဖို့ သင့်တော်၏ မသင့်တော်၏ ပဲရှိတာ။ ကိုယ့်ဘာသာ ကိုယ်တော့ အမြဲတမ်း ရေးနေတာပါပဲ” လို့ စိုင်းစိုင်းခမ်းလှိုင် က ပြောပါတယ်။ 

 အခု အချိန် မှာ အေးအေးလူလူ စာရေးချင် စိတ် ဖြစ်ပေါ်နေတယ်ဆို တဲ့ စိုင်းစိုင်း ခမ်းလှိုင်က…
“စာအုပ်လည်း ထုတ်ချင်ပါတယ်။ ငယ်ငယ်တုန်းက ဆိုရင် ကျွန်တော် အဆိုတော် တအားဖြစ်ချင် တာ။ နောက်ပိုင်းကျတော့ ရုပ်ရှင် မင်းသား ဖြစ်ချင်လာပြန်ရော၊ အခု တော့ လည်း ဂီတ နဲ့ရုပ်ရှင်နဲ့ လုံးလည် ချာလည် လိုက်ပြန်ရော၊ အခုအချိန် မှာ ဘာထပ်ဖြစ်ချင်လဲ လို့ပြောရင် ကျွန်တော် အေးအေးဆေးဆေး စာရေး ချင်ပါတယ်။ ကျွန်တော် စကားလုံး ကြိုက်တယ်။ စကားပြေ ကြိုက်တယ်။ စကားပြော ကြိုက်တယ်။ မြန်မာစာ ကိုလည်း ကျွန်တော် လေးလေးနက်နက် ကြိုက်တယ်”လို့ ပြောပါတယ်။   စာမူခရရှိတဲ့ခံစားမှုကို မေးတော့ စိုင်းစိုင်းခမ်းလှိုင်က..
“ပျော်တာပေါ့။ ကျွန်တော့်ကို ပေါ်ပြူလာ ဂျာနယ်မှာ ကဗျာပါလို့ ဆိုပြီး စာမူခ aပးတယ်။ ကိုယ်လုပ်ထားတာကို တန်ဖိုးထားပြီး အသိအမှတ်ပြုတာ ခံရတော့ ပျော် ပါတယ်” လို့ ပြောပါတယ်။ စိုင်းစိုင်းခမ်းလှိုင် က သူ့ရဲ့ ဒိတ်ဒိတ်ကြဲ အခွေအတွက် ဗီစီဒီ စတင်ရိုက်ကူးဖို့ အတွက် စီစဉ်နေပြီး တစ်ခွေလုံးကို လူငယ် ဒါရိုက်တာ အဖွဲ့ တွေ၊ မျက်နှာသစ် သရုပ်ဆောင်တွေ နဲ့ပဲ ရိုက်ကူး သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အရင်တုန်းက သီချင်း တွေ၊ ရိုက်ကူးချက်တွေ တူချင်မှ တူ တော့မှာဖြစ်ကြောင်းပြော လာတဲ့  စိုင်းစိုင်းခမ်းလှိုင်က “ဒိတ်ဒိတ်ကြဲ” အခွေကို အမြန်ဆုံး ထွက်ရှိဖို့ ကြိုးစား နေပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...