Thursday, August 1, 2013

VRoot နဲ့မြန်မာစာထည့်ပြီး Unroot ပြန်လုပ်မယ်။ (Root လုပ်မထားတဲ့ပုံစံမျိုးနဲ့ မြန်မာစာထည့်နည်း)

Tutorial ရေးသားသူ- ကိုအောင်မင်းဟန်
အခုဆောင်းပါးလေးကို PDF အနေနဲ့ရယူလိုပါက အောက်က link မှာရယူပါ။
Download Here
Root လုပ်မထားတဲ့ ပုံစံမျိုးနဲ့ မြန်မာစာထည့်နည်းပါ။ ဖုန်းအရောင်းဆိုင်တွေဖုန်းတစ်ခုခုဖြစ်လို့သွားပြရင်လည်း Root လုပ်မထားဘူးလို့ထင်သွားပြီး အာမခံမပျက်တာပေါ့။Root လုပ်မထားတဲ့ပုံစံမျိုးနဲ့ မြန်မာစာထည့်နည်း ကိုအောက်က link မှာဆက်လက်ဖတ်ရှုပါ။





MMAS Zawgyi Changer 2 v1.0.2 ကို အောက်က link မှာရယူပါ။
MMAS Zawgyi Changer 2 v1.0.2 အားရယူရန်
အခြား font changer နဲ့ ကီးဘုတ် တွေဖြစ်တဲ့ MMSD Smart Zawgyi, Frozen , Bagan စတာတွေကိုအောက်က link များမှာရယူနိင်ပါတယ်။

ပို့စ်ရေးသားသူ- ကိုအောင်မင်းဟန်

ပုံတွေကို ပြင်နိုင်တဲ့ XnRetro Pro v1.30 APK






ဖုန်းထဲမှာပုံတွေကိုပြင်ချင်သူတွေအတွက်ဆော့ဝဲလ်ကောင်းလေးတခုဖြစ်ပါတယ်။
August 1ရက်နေ့ထုတ် Pro versionဖြစ်ပါတယ်။ဒီကောင်လေးမှာColour
Effectတွေများ စွာပါဝင်ပါတယ်။ဓါတ်ပုံFrameများစွာနဲ့
မိမိစိတ်ကြိုက်အသုံးပြုနိုင်ပါတယ် ကာလာအရောင်တွေကိုလည်းချိ န်ညှိလို့ရပါတယ်။ရှေ့ဟောင်းပုံအဖြစ်
လည်းပြောင်းလို့ရပါတယ်။ ဒီProလေးမှာထူးခြားချက်ကeffect 2ခုကိုေ ပါင်းစပ်လို့ရပါတယ်။ ပုံတွေမှာစာရေး လို့ရပါတယ်။ Android version2.2နှင့်အထက်မှာအသုံးပြုနိုင်ပါတယ်
။အားလုံးစိတ်ဝင်စားကြမယ်ထင်ပါ တယ်။
အသုံးပြုချင်သူများအနေဖြင့်အောက်မှာဒေါင်းယူနိုင်ပါတယ်။
File Size:7.3MB
Download From Zippyshare 







Add caption







Add caption

မြန်မာ့ငွေဈေး(1.8.2013 11:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 969(~) Ks 978(~)
1 စင်္ကာပူ SGD = Ks 764(~) Ks 773(~)
1 ဥရောပငွေ EUR = Ks 1291(~) Ks 1307s (~)

ကမ္ဘာ့ငွေဈေး(1.8.2013 11:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2714(+0.0006)
ထိုင်း Baht 31.2550(~)
မလေးရှား Ringgit 3.2375 (-0.0065)
တရုတ် Yuan 6.1314(-0.0019)
အိန္ဒိယ Rupee 60.5455 (-0.0895)
ဘင်္ဂလားဒေ့ရှ် Taka 77.8050 (~)
တောင်ကိုရီးယား Won 1121.1650(-1.4349)
ထိုင်ဝမ် TWD 30.0920(~)
ဂျပန် Yen 98.2950(+0.4850)
ဥရောပငွေ EUR 0.7532 (+0.0013)
ၾသစေၾတးလ် AUD 1.1156 (-0.0002)
အင်္ဂလန် Pound 0.6549 (+0.0017)

ကမ္ဘာ့ရွှေဈေး(1.8.2013 11:00AM)
1 အောင်စ USD 1321.9000(-1.1500)
မြန်မာ့ရွှေဈေး(1.8.2013 11:00AM)
Ks 695,000
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(1.8.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1080

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814


SkyNet TV Browser

ယခုတစ်ပတ်အတွက် ပြည်တွင်းမိုဘိုင်းဟန်းဆက်ဈေးနှုန်းများ





ယခုတစ်ပတ် 1.8.2013 မှ 12.8.2013 အတွင်း ပြည်တွင်းမိုဘိုင်းဖုန်းဈေးနှုန်းများ ကိုဖော်ပြပေးလိုက်ပါတယ်။
Samsung
Note II(red) –470000
S III(white&black) –400000
S III(gray) –391000
SIII mini(white&black) –257000
Grand Quattro –275000
Grand(black&white) –302000
Mega(6.3)(black) –422000
Mega(5.8 )(black) –349000
S IIplus(black&white) –308000
Galaxy Core(white&black) –231000
S III 4G(white&black&blue) –408000
Ace 2(black) –187000
Sony
Z Ultra(white) –650000
Z(black) –485000
ZL(black) –454000
ZR(black)&white&pink) –442000
TX(pink) –302000
Acro-S(white) –329000
Neo-L(white&black) –183000
U(white) –171000
S(black) –285000
Tipo Dual –162000
Huawei
Ascend P6(white&black) –356000
Ascend P2(black) –395000
Ascend Mate(black)–322000
U9508(Black)———219000
U9202(black)———223000
U8860(black)———182000
U8825(black)———129000
G510(black)with flash———-132000
G510(white)with flash———-132000
G520(black)————124000
G520(white)———–125000
G606(black)————120000
Y210(black)————62000
Y310(black)————60000
Y300(black)————92000
G610(black)————150000
HTC
Trophy –330000
Butterfly(red)———-574000
Butterfly(black)——–574000
One X + (black)——-447000
Desire VC(black)——-233000
Tropy (black)———–330000
Wildfire S(black)——-158000
One (Black)company–627000
Sensation XE———–261000
LG
Nexus 4 –422000
Optimus G –460000
4XHD –420000
L9 –287500
Lenovo
S880(black)————-148000
S890(black)————-187000
S890(white)————187000
S890(blue)————–187000
A706(white)————154000
A390(black)————-85000
Ipad&Iphone Price List
Iphone5(16GB)(w/b) –669000
Iphone5(32GB)(w/b) –760000
Iphone5(64GB)(w/b) –847000
Ipad 4 wifi(64GB) –658000
Ipad 4 wifi(128GB) –755000
Ipad 4 4G(16GB) –620000
Ipad 4 4G(32GB) –690000
Ipad mini wifi(64GB) –530000
Ipad mini 4G(16GB) –470000
Ipad mini 4G(32GB) –560000
Ipad mini 4G(64GB) –658000
I Pod touch(32GB) –295000
AnyCall Mobile ဖုန်းဆိုင်မှ ဖုန်းဈေးနှုန်းများဖြစ်ပါသည်။ Thanks You Any Call Mobile for Your Information.

ဖုန်းလာရင် Floating Notification အနေနဲ့ ပြပေးမယ့် CallHeads


မကြာခင်က Facebook က သူ့ ရဲ့  Messenger App မှာ Chat Head Notification ကို မိတ်ဆက်ခဲ့ပြီးလူကြိုက်များခဲ့ပါတယ်။CallHeads ကလည်း Chat Head လို ပါပဲ။ ပုံမှန်အားဖြင့် သင် app တစ်ခုကိုသုံးနေတဲ့အချိန်မှာ ဖုန်းဝင်လာရင် အနှောင့်အယှက်ဖြစ်ရပါတယ်။CallHeads ကို သုံးရင် Floating Notification အနေနဲ့ ပြပေးမှာဖြစ်ပြီးသင်လက်ရှိလုပ်နေတဲ့အလုပ်ကို ဆက်လုပ်နိုင်တဲ့အတွက် အနှောင့်အယှက်မဖြစ်တော့ပါဘူး။ ဖုန်းဝင်လာရင် ဖုန်းကို လက်ခံပြောလို့ ရသလို decline လုပ်လို့ ရပါတယ်။ဒါ့အပြင်အချိန်ဘယ်လောက်ကြာမှ ဖုန်းကို answer လုပ်မယ် ဆိုပြီး postpone လုပ်ထားလို့ လည်းရပါတယ်။
App တစ်ခု ကို သုံးနေတဲ့အချိန် ဖုန်းဝင်လာရင်အောက်ကပုံမှာလို Floating Bubble အနေနဲ့ တွေ့ မြင်ရမှာဖြစ်ပြီး သင့်အလုပ်ကို အနှောင့်အယှက်မဖြစ်စေဘဲဆက်လုပ်နိုင်ပါသေးတယ်။ Bubble ကို ဖိပြီး ဘယ်ညာ drag ဆွဲပြီး accept,decline လုပ်ရမှာပါ။

အရေးတကြီးစာရိုက်နေတဲ့အချိန်မျိုးဆိုရင်လည်း Bubble လေးကို drag ဆွဲပြီးနေရာရွှေ့ ထားပြီးလုပ်လက်စအလုပ်ကို ဆက်လုပ်လို့ ရပါတယ်။Setting ထဲမှာ postpone time,sound , visualization,animation စတာတွေကို သင့်စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

ဓါတ်ပုံရိုက်နေတဲ့အချိန်ဖုန်းဝင်လာရင်လည်း သင့်စိတ်ကြိုက် ပုံရိုက်ပြီးမှ ဖုန်း ကိုင်လို့ ရပါသေးတယ်။

Note : တစ်ခုမှတ်ထားရမှာက ဖုန်း ကို Lock လုပ်ထားတဲ့သူတွေကတော့ Lock ဖြစ်နေတဲ့အချိန်မှာဖုန်းဝင်လာရင်တော့  default call application ကိုပဲတွေ့ မြင်ရမှာဖြစ်ပြီး CallHeads ရဲ့  Floating Noti ကိုမတွေ့ နိုင်ပါ။

ဒေါင်းဖို့လင့်ကတော့ >> ဒီမှာ

ဒါကလည်းဒေါင်းလို့ရပါတယ်>> zippyshare

မိမိဖုန်းကိုတတ်နိုင်သမျှအားခံအောင်ဘယ်လိုလုပ်ကြမလဲ








Android Touch ဖုန်းတော်တော်များရဲ့အားနည်းချက်က Battery ခံနိုင်မှု့

သက်တမ်းလို့ပြောရင်ရနိုင်ပါတယ်။ ဒါကလည်း LCD Display ရဲ့အဓိကသုံး

စွဲနေမှု့အပိုင်းပါပဲ၊ အဲဒီတော့ ဒီ Post မှာဘယ်အပိုင်းတွေကြောင့် Battery

စားနေသလဲဆိုတာကို ကိုယ်ဘာကိုယ် Monitor လုပ်တဲ့အပိုင်းရယ် .

အားခံအောင်ဘယ်လိုအချက်မျိုးတွေကိုရှောင်သင့်တယ်ဆိုတဲ့အချက်တွေ

ကိုပြောပြပေးသွားပါမယ်။

ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုသုံးနေသလဲ?
.............................................................................................

တကယ်တော့ Android ဖုန်းတွေရဲ့ Setting ထဲမှာဘယ်အပိုင်းကဘယ်
လောက်အတိုင်းအတာအထိ Battery စားနေလဲဆိုတာကိုအမြဲတမ်းစောင့်
ကြည့်ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင်လေ့လာကြည့်
မယ်ဆိုရင် Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery Informationအပိုင်းရှိပါတယ်။ အဲဒီနေရာမှာကြည့်လိုက်ရင် Screen က Battery ကို
ဘယ်လောက်ရာခိုင်နှုန်းလောင်းသုံးထားတယ် Voice Call ကဘယ်လောက်
ရာခိုင်နှုန်းလောက်သုံးထားတယ် စသည်ဖြင့်ပြနေပါလိမ့်မယ်။
အပေါ်ဆုံးမှာရာခိုင်နှုန်းအများဆုံးနဲ့သုံးနေတဲ့ App တစ်ခုရှိနေတယ်
ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာအကောင်းဆုံးပါပဲ။


Battery အားခံအောင်ဘယ်လိုထားကြမလဲ?
......................................................

Battery အားကိုတတ်နိုင်သမျှခံနိုင်ရုံကိုထိမ်းသိမ်းပေးတာကလွဲရင် ခံနိုင်တဲ့
အရေအသွေးထက်ပိုပြီးစွမ်းဆောင်နိုင်အောင်လုံးဝလုပ်လို့မရပါဘူး၊ ရခဲ့လျှင်
လည်း ၁နှစ်ခံမဲ့ Battery က ၅ လနဲ့ပျက်ပါပြီ။ အဲဒီတော့ အခုသုံးနေတဲ့
Battery Widget တွေ Battery App တွေက ပြောရရင်ပိုပြီးတော့တောင်
မိမိဖုန်းကိုအားကုန်စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ အချိန်နဲ့အမျှဘယ်
လောက်အတိုင်းအတာကျန်သေးလဲဆိုတာကို Notification Bar မှာ Update
ဖြစ်အောင်စောင့်ကြည့်ပေးနေရလို့ပါပဲ၊ ဒါဟာ CPU ကိုပိုမိုသုံးစွဲစေပြီး
အားကိုပိုကုန်စေတယ်ဆိုတာကျိန်းသေးပါတယ်။ မည်သည့်ဖုန်းမဆို
ဝယ်တည်းက Battery အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာကို
ပြသပေးတဲ့ဟာကပါထားပြီးသားပါ ဒါကိုမှထပ်တိုးပြီးနောက်ထပ် App
ထည့်တယ်ဆိုကတည်းက Battery ကိုပိုခိုင်းနေပြီဆိုတဲ့သဘောပါပဲ။
နောက်တစ်ခုက Battery Widget တွေတင်တာ ရှင်းလင်းရေး App
တွေတင်တာဟာ CPU ကိုပိုပြီးတော့ ခိုင်းစေနေတာဖြစ်တဲ့အတွက်
Battery Performance ကိုကျစေပါတယ်။ ဒီတော့ တတ်နိုင်သမျှမိမိ
ဖုန်းကိုအားခံအောင်ဘယ်လိုသုံးမလဲဆိုတာကတော့ အားသုံးစေမဲ့
အပိုင်းတွေကိုပိတ်ထားစေတဲ့နည်းပါပဲ။ အပေါ်ကပြောခဲ့သလိုဘယ်
အပိုင်းကြောင့် Battery စားနေလဲဆိုတာကိုကြည့်ပါ၊ ပြီးရင် အဲဒီအပိုင်း
တွေကိုပိတ်သင့်တဲ့အချိန်ပိတ်ထားပါ၊

ကျွန်တော်အနေနဲ့ကတော့အောက်ကအပိုင်းလေးတွေကိုအကြမ်းဖြင်း
ထိမ်းသိမ်းနိုင်မယ်ဆိုရင် Battery အားခံနိုင်ရည်ကိုပိုမိုကောင်းမွန်လာ
မယ်လို့ယူဆပါတယ်။

၁) GPS ကိုအမြဲဖွင့်မထားပါနဲ့

GPS ဆိုတာက Connection ကိုအမြဲလိုက်ဖမ်းနေတာဖြစ်တဲ့အတွက်ကြောင့်

GPS ကိုအမြဲဖွင့်ထားမယ်ဆိုရင် ဖုန်း Battery ပိုစားစေမှာဖြစ်ပါတယ်။

၂) Wifi ကိုမသုံးရင်ပိတ်ထားပါ

Wifi ကိုချိတ်ပြီးသုံးနေတယ်ဆိုရင်တော့ဖွင့်ထားရမှာဖြစ်ပေမဲ့၊ Wifi ကိုချိတ်သုံး

နေခြင်းမဟုတ်ဘဲဖွင့်ထားမယ်ဆိုရင်တော့ Wifi ဆိုသည့်အတိုင်းအနီးနားမှာရှိတဲ့

Connection တွေကိုနောက်ကွယ်မှာလိုက်လံဖမ်းယူနေတာဟာလဲ Battery အား

ပိုကုန်စေပါတယ်။



၃) Bluetooth ကိုမသုံးရင်ပိတ်ထားပါ

တစ်ချို့သော User တွေကအမှတ်မထင်ဖွင့်ထားမိတတ်တာမျိုးရှိပါတယ်။ သဘော

ကတော့ Wifi နဲ့အတူတူပါပဲ အနီးမှာရှိတဲ့ Bluetooth တွေနဲ့ Connection အနေ

အထားကိုအလိုလျောက် Scan ဖတ်နေတာမို့ Battery ကိုသုံးနေမှာဖြစ်ပါတယ်။

၎) Screen Brightness ကိုအဆုံးထိတင်မထားသင့်ပါ

အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Touch ဖုန်းတစ်လုံးရဲ့အဓိကသုံးစွဲတဲ့အပိုင်းဟာ

Screen ပဲဖြစ်ပါတယ်။ ဒါကြောင့် Screen အလင်းအမှောင်ကိုအဆုံးထိတင်

ထားမယ်ဆိုရင်တော့ Battery ကိုပုံမှန်ထက်ကိုပိုစားစေမှာဖြစ်ပါတယ်။

၅) Live Wallpaper များသုံးခြင်း

ဒါကတော့မိမိဖုန်းကိုအလှဆင်မှု့အပိုင်းဖြစ်တဲ့အတွက်မလုပ်သင့်ဘူးလို့တော့

ပြောလို့မရပါဘူး၊ ဒါမဲ့ ပြောလို့ရတာကတော့ Live Wallpaper ဟာ Battery

ကိုပိုသုံးစေတဲ့အထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ တစ်ချို့ Live Wallpaper တွေ

က Animation ကိုသိပ်သုံးမထားခဲ့ရင်တော့ပြသနာမကြီးပေမဲ့ တစ်ချို့ Live

Wallpaper တွေက animation ကိုတော်တော်များများကြီးသုံးတတ်ပါတယ်။

အဲလိုသုံထားပြီးဆိုရင်တော့ Battery Information ထဲမှာဝင်ကြည့်ကြည့်လိုက်

အားသုံးသည့် ရာခိုင်းနှုန်း ကိုအများဆုံးဆုံးမဟုတ်ရင်တောင် ဒုတိယနေရာ

တတိယနေရာလောက်မှာကျိမ်းသေရှိနေပါလိမ့်မယ်။

၆) အားကုန်ခမ်းအောင်အသုံးပြုခြင်း

ဒီအပိုင်းကတော့ Battery ပိုကုန်စေတာမဟုတ်ပါဘူး၊ Battery ရဲ့သက်တမ်းကို

တိုစေတာပါ။ Battery ရဲ့သက်တမ်းကိုကုန်ခမ်းသွားအောင်သုံးပြီးမှ အားပြန်သွင်း

တာကို ၁၀ ကြိမ်မှာတစ်ကြိမ်သက်သက်လုပ်ပေးသင့်ပါတယ်။ ဒါမဲ့အမြဲတမ်းဖြစ်

နေမယ်ဆိုရင်တော့ Battery သက်တမ်းကကျိန်းသေကျဆင်းသွားပါလိမ့်မယ်။

၁ နှစ်ကြာအောင်သုံးနိုင်တဲ့ Battery သက်တမ်းက ၅ လနဲ့ပျက်ဆီးပြီးလဲပစ်ရတာ

မျိုးရှိသလို၊ အားသွင်းလိုက်ရင်လည်းအရင်က ၁ နာရီခံတဲ့ဖုန်းက နာရီဝက်ပဲခံတော့

တာမျိုးပြသနာတွေကြုံလာရမှာဖြစ်ပါတယ်။

၇) Connection မရနိုင်တော့တဲ့နေရာ Airplane Mode ON ထားသင့်သည်

ဒါကတော့တစ်ခါတစ်ရံမှာကြုံရမှာပါ၊ အများဆုံးအဖြစ်များတာကတော့

ခရီးသွားတဲ့အခါမျိုးတွေမှာပေါ့၊ လိုင်းကမမိတော့ဘူးဆိုတဲ့အချိန်မှာ ဖုန်း Radio

ကလိုင်းဆွဲအားကိုပိုသုံးနေရပါတယ်။ လိုင်းလဲမိရောဖုန်းပြောစရာအားမရှိတာ

မျိုးကြုံတတ်ပါတယ်။ ဒါကြောင့်လိုင်းလုံးဝမမိတော့ဘူးဆိုရင် Airplane Mode

ON ထားလိုက်မျိုးပဲဖြစ်ဖြစ်၊ Power ပိတ်ပစ်လိုက်တာမျိုးပဲဖြစ်ဖြစ်လုပ်ထားရင်

အားကုန်သက်သာစေမှာဖြစ်ပါတယ်။



၈) Battery သုံးမဲ့ App တွေကိုလေ့လာစောင့်ကြည့်ခြင်း

တစ်ချို့တွေကမိမိဖုန်းထဲမှာ App များပြီးရောဆိုပြီးထည့်ထားတတ်ကြပါတယ်။

အဲလိုထည့်ထားလိုက်ရင် ဘယ် App တွေကဘာမှန်းမသိဘဲနောက်ကွယ်မှာ

Run နေတတ်တာမျိုးတွေရှိပါတယ်။ တစ်ချို့ App တွေဆိုနောက်ကွယ်မှာအမြဲ

တမ်း Run နေပြီးတော့ ဖုန်းတစ်လုံးရဲ့အခြေအနေကိုစောင့်ကြည့်နေတာမျိုး

တွေရှိပါတယ်။ ဥပမာ ရှင်းလင်းရေး လို App မျိုးပေါ့ သင့်ဖုန်းကိုအပြည့်အဝ

ကာကွယ်ပေးနေပါသည်ဆိုပြီး အပြည့်အ၀ Battery သုံးနေတာပါ။ သိသိသာကြီး

ဆွဲယူသုံးဆွဲနေတာမျိုးမဟုတ်ပေမဲ့ Battery အားကိုအသုံးပြုနေတာကတော့

အမှန်ပါပဲ။ အဲဒါတွေသုံးမှဖုန်းပိုလေးသွားတတ်ပါတယ်။ Android OS မှာကိုက

Memory Management တွေ Cache Management တွေပါပြီးသားပါ ဒါကို

App သုံးပြီးရှင်းတာဟာ မလိုအပ်တဲ့အချိန်မှာရှင်းရင်ပိုပြီးတော့လေးလံစေပါတယ်။

(ဒီအကြောင်းကိုဒီအပိုင်းမှာအကျယ်တပွင့်မရှင်းလိုပါ၊ သိလိုသူများရှိပါက

comment ထားခဲ့နိုင်ပြီး နောက်ပိုစ်တစ်ခုဖြင့်ရှင်းပြပေးပါမည်၊)

ဆိုလိုချင်တာက ဘယ် App ကြောင့်ရယ်တော့တိုက်ရိုက်စွဲဆိုပြီး List ထုတ်ပေး

လို့မရပါဘူး၊ ကိုယ် Phone ထဲက Battery Information မှာဝင်စစ်ကြည့်လိုက်ရင်

ဘယ် App တွေက အားပိုစားစေတဲ့ဆိုတဲ့အချက်ကိုတွေ့ရပါလိမ့်မယ်။

ကောင်းပါပြီ ... အကြမ်းဖြင်းအားဖြင့် ဒီအချက်တွေကိုသေချာအမြဲတမ်းသတိထားမယ်

ဆိုရင်တော့ မိမိ Android ဖုန်းမှာ Battery အားသုံးစွဲမှု့ကိုထိမ်းချုပ်နိုင်ပါလိမ့်မယ်။

တကယ်တော့ Factory Default ထက်ပိုမိုပြီးအားကိုသုံးလို့မရနိုင်ပါဘူး၊ အဲလိုရနိုင်တဲ့

App တွေဆိုတာကလည်း အပေါ်ကပြောတဲ့အချက်တွေကို Setting ထဲမှာအလို

လိုလိုက်ပြင်ပေးတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိဘာသာ Manage လုပ်မယ်

ဆိုရင်တော့ အကောင်းဆုံးနဲ့စိတ်အချရဆုံးမယ်ဖြစ်မယ်လို့ပြောချင်ပါတယ်။

အဆင်ပြေနိုင်ပါစေ

Asphalt 6 Adrenaline V1.3.3 For Android




Android စက်ရုပ်သမားတွေအတွက် နာမည်ကြီးဂိမ်းဖြစ်ပြီး 6 ခွေမြောက်ဖြစ်တဲ့ Asphalt 6 Adrenaline ကားပြိုင်ဂိမ်းလေး တင်ပေးလိုက်ပါတယ် ရုပ်ထွက်အရမ်းကောင်းမွန်ပြီး ဆော့လို့လည်းအရမ်းကောင်းပါတယ် မားကပ်မှာဒီဂိမ်းဟာ အရင်က $ 6.99 ကျပ်တန်ပါတယ် အခုတော့ $ .99 ကျပ်ဖြစ်သွားပါပြီ ကျနော်အခု နောက်ဆုံးထွက်ဖူးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် လိုချင်သူများ ( ဒီနေရာလေးမှာ ) ဒေါင်းယူပါ ။ ဆိုဒ်ကတော့ 2.23 MB ပဲရှိပါတယ် အင်စတောလုပ်ပြီးရင်တော့ ပထမဦးဆုံးအချိန် Open လုပ်တဲ့အခါ ဖုန်းမှာအင်တာနက်ရှိဖို့လိုပါတယ့်SD-ကဒ်ထဲကို 598 MB ရှိတဲ့ Dataမန်မိုရီကိုအွန်လိုင်းကနေ သူအင်စတောလုပ်ဦးမှာပါ ။ 598 MB မန်မိုရီဆိုပေမယ့် ဖုန်းနဲ့ကဒေါင်းတာပိုမြန်ပါတယ် PC နဲ့ဒေါင်းနေတဲ့ပုံနဲ့ မတူပါဘူး ။
Android တော်တော်များများထည့်ဆော့နိုင်ပါတယ် ။ samsung galaxy s3 မှာလည်း 100% အဆင်ပြေပါတယ် ။ အားလုံးပဲ အဆင်ပြေကြပါစေ.....။





ပစ်ကြခတ်ကြမယ်..တိုက်ကြမယ်

အပစ်အခက်ဝါသနာပါသော ဘော်ဘော်များအတွက် ဆော့၇တာ လန်းတယ်...
ရုပ်ထွက်လည်းကောင်းတယ်...
24 mb ဘဲရှိတယ်...

click here to download apk file








အားလုံးပဲ ပျော်ရွှင်စွာ ဆော့နိုင်ကြပါစေ... xD

The Amazing Spider Man V1.0.8 For Android

Android သမားတွေအတွက် အသစ်ထွက်ရှိလာတဲ့ နာမည်ကြီး The Amazing Spider Man ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ် အကိုတစ်ယောက်တောင်းထားလို့တင်ပေးလိုက်ပါတယ် မားကပ်မှာဆိုရင် $ 6.99 ကျပ်တန်ပါတယ် တင်ပေးလိုက်ပါတယ်







Whistle Locator PRO V3.0 For Android

Android စက်ရုပ်သမားတွေအတွက် ကိုယ့်ဖုန်းဘယ်နားထားမိမှန်း မသိလို့ ပျောက်နေရင် လေချွန်ခေါ်တဲ့ Whistle Locator PRO ဆိုတဲ့ ဆော့ဝဲလေးပါ ။
မားကပ်မှာ $.99 ကျပ်တန်လေးကို လိုချင်သူများအောက်မှာဒေါင်းယူပါ ။ဆိုဒ်က 3.4 MB ရှိပါတယ်




Tap4Call - free phone calls V1.3.4 For Android



Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။


သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။



မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။ ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ်

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်

Tap4Call - free phone calls V1.3.4 For Android ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ။

WhosCall-block calls texts V3.7.5 For Android

Android သမားတွေအတွက် ကိုယ်မကြိုက်တဲ့ ဖုန်းနံပါတ် မက်စေ့တို့ကို ကိုယ့်ဆီလာပြီးချိတ်ဆက်မရအောင် Block ထားချင်သူများအတွက် WhosCall-block calls, texts ဆိုတဲ့ ဆော့ဝဲအလန်းလေးကို တင်ပေးလိုက်ပါတယ် ။
Root ရှိထားဖို့ လုံးဝမလိုပါဘူး Android တိုင်း ထည့်ပြီးသုံးနိုင်ပါတယ် ။

သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ အရမ်းကိုကောင်းမွန်ပါတယ် Menu လေးကိုရေးပြထားပါတယ် လိုချင်သူများ အောက်မှာဒေါင်းယူပါ








@ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ဖုန်းနံပါတ်ကို သီးသန့်ရွေးခြယ်ပိတ်ထားနိုင်ခြင်း

@ ကိုယ်ပိတ်ချင်တဲ့ နံပါတ်ကိုရိုက်ပြီး ပိတ်ထားနိုင်ခြင်း

@ Call ဖုန်းခေါ်ဆိုမှုကိုပဲ သီးသန့်ပိတ်ထားနိုင်ခြင်း

@ SMS ပို့မှုကိုပဲ သီးသန့်ပိတ်ထားနိုင်ခြင်း

@ ကိုယ်ပိတ်ထားတဲ့နံပါတ်က ကိုယ့်ဆီဖုန်းခေါ်လာတဲ့အခါမှာ ကိုယ့်ဖုန်းကို Missed Call အဖြစ် တစ်ချက်တုန်ခါပြီး မည်သူဆိုတာကို ပြသပေးသွားခြင်း

@ ကဲ... အားလုံးမျှော်လင့်နေတဲ့ {{ မိမိပိတ်ထားတဲ့ တစ်ဘက်လူက ကိုယ့်ဆီဖုန်းခေါ်တဲ့အခါမှာ သူ့ဘက်ကခေါ်ဆိုမှုမှာ "တူတူ" ဆိုပြီး ဘာအသံမှ မမြည်သွားပါဘူး စက်သံပဲသူကြားရခြင်း }}

@ ထိုဆော့ဝဲကိုအသုံးပြူဖို့ရန် မိမိရဲ့ဖုန်းမှာ Root ရှိထားဖို့မလိုအပ်ခြင်း ။ အင်တာနက်မလိုအပ်ခြင်း ။ Android တိုင်း ထည့်ပြီးသုံးနိုင်ပါတယ် ။

ကျနော်ကိုယ်တိုင် စမ်းသပ်ထားပြီးသားပါ သုံးနေတာလဲကြာပါပြီ ကျနော်လက်ရှိသုံးနေတဲ့ ဗားရှင်းကိုတင်ပေးလိုက်တာပါ ။ အကောင့်တွေဘာတွေ လုပ်စရာမလိုပါဘူး ကျော်သွားလို့ရပါတယ် ။

WhosCall-block calls texts V3.7.5 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ။

( OR )

WhosCall-block calls texts V3.7.5 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ။

ကျနော် Samsung Galaxy Y ဖုန်းနဲ့အကြိမ်ကြိမ်စမ်းပြီးပါပြီ လုံးဝအသံမကြားသွားပါဘူး ။
Samsung Galaxy S III ဖုန်းမှာတော့ အစမှာCallဝင်နေတဲ့အသံလေးကြားလိုက်ရပါတယ် ။

ကျနော့်စိတ်အထင်တော့ Android 2.3.x အဆင့်နဲ့ 4.x.x အဆင့်မှာ ကွားခြားချက်ရှိနေမယ်လို့ထင်ပါတယ် ။
အဲတာကြောင့် အဆင်ပြေကြတဲ့သူနဲ့ မပြင်ကြတဲ့သူများ ကိုယ့်ဖုန်းအမျိုးအစားနဲ့ Android ဗားရှင်းလေးကို ကွန်မန့်လေး မန့်ခဲ့ကြပါဦး

အားလုံးပဲ အဆင်ပြေကြပါစေ.... :)

Post By : Djjoe Man (MMF)

Android 4.3 Camera App for all android devices





ဒီနေ့ ပေတူး ညွှန်းချင်တဲ့ ကင်မရာ apps လေးတစ်ခုကတော့ အခုအသစ်ထွက်လာတဲ့ android 4.3 Key Lime Pine firmware မှာပါတဲ့ ကင်မရာ apps လေးပါ။ photosphere camera app လေးပါ။



အခု camera apps လေးကို အင်စတော လုပ်လိုက်တာနဲ့ သူနဲ့အတူ gallery apps လေးပါ ရရှိမှာ ဖြစ်ပါတယ်။


အသစ်ထွက်လာတဲ့ photosphere camera လေးမှာ ဘာတွေထူးခြားလဲ ဆိုတာ သိရအောင် စမ်းသုံးကြည့်ကြပါအုံးခင်ဗျာ။


ကျတော် နုတ်တူးလေးမှာ အင်စတောလုပ်လိုက်တာ မူလကင်မရာ အပြင် အခု photosphere camera လေးပါ အသစ်ရရှိခဲ့ပါတယ်


android 4.1 နဲ့အထက် ဖုန်းတော်တော်များများမှာ အလုပ်လုပ်ပါတယ်


ဒေါင်းလုပ်လုပ်ရန်

Pro Myankey V2.0 Beta 5 For Android


Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့်ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )



" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "

Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး

ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ

Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ

သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့် ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည် ။

အကယ်၍ သင်ဟာ Myankey 10 Keys ကို ရွေးချယ်ပြီး အသုံးပြုမည်ဆိုပါက
သင်၏ကီးဘုတ်မှာ အောက်ပါပုံအတိုင်း ( ₪ ) ပုံလေးပါနေတာကို တွေ့ရပါမည် ။



သူ၏ လုပ်ဆောင်ချက်ကတော့ စာလုံးနှစ်လုံးဆင့် ရေးဖို့ရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ် ။

1 - ( ကိစ ) အကိုအရင်ရေးပြီး
2 - ( ₪ ) ကိုရေးလိုက်ပါ
3 - ပြီးနောက် ( စ ) ကို ရေးလိုက်ပါ

( ကိစ္စ ) ဆိုပြီး အတွဲလိုက်လေး ဖြစ်သွားတာကို သင်မြင်တွေ့ရပါလိမ့်မယ် ။

ဒေါင်း>> ဒီမှာပါ

Volume Ace V1.0.6 For Android



Android သမားများ Volume အသံနဲ့သက်ဆိုင်တဲ့ စက်တင်များကို ဆော့ဝဲတစ်ခုထဲမှာ အကုန်ချိန်ညိနိုင်တဲ့ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ် ။
မားကပ်မှာဆိုရင် $ 2.13 ကျပ်တန်ဆော့ဝဲဖြစ်ပါတယ် ။

Volume ခုလုတ်မကောင်းသူများ ခုလုတ်အမြဲသုံးသူများအတွက် အရမ်းကို အဆင်ပြေစေတဲ့ဆော့ဝဲပါ ။

ဖက်ရှင်တွေကတော့ ပုံမှာမြင်တဲ့အတိုင်းပါပဲ Home မျက်နှာစာမှာလဲ လိုရာတစ်ချက်နှိပ် Shotcut တွေလဲ ထုတ်ထားနိုင်ပါတယ် ။

ဒေါင်း>>ဒီမှာ

ငါတို့ရွာ

သူခိုးဖမ်းတဲ့ည (မသန်းတို့ရွာ)



အခုတလော ကျွန်တော် ပို့စ်တင်တာ ရက်ခြားဖြစ်နေပါတယ်...။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်
ကိုရီးယားကား ကြည့်နေလို့ပါ...။ အခု ပြီးသွားပြီဆိုတော့ အရင်လို တစ်ရက် တစ်ပုဒ် တင်နိုင်တော့
မှာပါ...။(ကျောင်းက အားရင်ပေါ့....)

ကျေးလက်ဒေသရဲ့ လမိုက်ညပေါ့...။ ခေတ်ကလည်း မကောင်းချိန်ဆိုတော့ သူခိုး က ပေါလွန်းလှပါ
တယ်...။ ညတိုင်း သူခိုးခိုးမှာ စိုးတဲ့အတွက် ဂရုတစိုက် အိပ်ရတာကတော့ ရွာသူ၊ ရွာသားတွေပေါ့...။
အိမ်ဝိုင်းစည်းရိုးတွေကို ဆူးတွေနဲ့ ပိတ်နေအောင်ကာ၊ နွားတဲကို ၀ါးလုံးတွေ အထပ်ထပ် ကန့်လန့်ထ
ားတာတောင်မှ သူခိုးက လွတ်အောင် ခိုးတာလည်းရှိရဲ့...။ ခက်တော့ ခက်သား သူခိုးဆိုတဲ့ အမျိုးက
လည်း ခေါင်းမှာ ဂျို ပေါက်မနေသလို၊ နောက်ကျောမှာ အမြီးမပါ ပြန်တော့ မကွဲပြား....။



“ဗျို့ ဦးရီးကောင်း ည ဂရုစိုက်အိပ်ဗျို့... ရွာအပြင်မှာ လူစိမ်း သုံးယောက် တွေ့ခဲ့တယ်... ဟိုဘက်အိမ်တွေကို လက်ဆင့်ကမ်းလိုက်ပါအုံး...”
အဲလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းပြီး ပြောလိုက်ကြတာ တစ်ရွာလုံး ပျံ့သွားရော
...။ တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက် ၊ တစ်မိုးအောက် အတူနေသူတွေဆိုတော့ သွေးစည်း
ညီညွတ်မှုကလည်း အထူးပြောစရာမလို...။

အဲလို ည မျိုးမှာ သူခိုး ယောင်လို့တောင် မကပ်ခဲ့လေနဲ့ တစ်ရွာလုံး ၀ိုင်းလိုက်တာလေ...။ သူခိုး ပြေး
ပေါက်မှားမယ်မှတ်...။ ဒါပေမယ့်လည်း သူခိုးကို လူကောင်းတွေက ကြောက်ကြရပေသည်။ ဘာကြေ
ာင့်လည်း ဆိုတော့ သူခိုးတွေက ခိုးရုံတင် မက၊ သူတို့ မလွတ်လို့ ချောင်ပိတ်မိတဲ့ အခါမျိုးမှာ ဆိုရင်
ဓါးနှင့် ပစ်တတ်လေသောကြောင့်ပါ...။

သူခိုးကပ်သံ ကြားတာနှင့် ကလေးတွေ၊ မိန်းမတွေကတော့ ကြောက်လန့်ကြပါတယ်...။ သူခိုးမကပ်
အောင်၊ လူမအိပ်သေးဘူးဆိုတာ သိအောင် ချောင်းဟန့်ကြသလို၊ မီးခွက်ထွန်းပြီး ငုတ်တုတ် ထိုင်နေ
တတ်ကြပေသည်။ တစ်ခါတစ်လေတော့လည်း တစ်ညလုံး ဂရုတစိုက် နေကြပေမယ့်လည်း သူခိုးက
မလာ...။ အဲဒီည ကုန်လို့ မနက်ရောက်ရင်တော့ သတင်းတွေက ကြားရပါသည်။ ဘယ်ရွာတော့ နွား
ဘယ်နှစ်ကောင် ပါသွားတာ၊ ဘယ်စည်းရိုးက ဖောက်သွားတာ ဆိုတဲ့ သတင်းတွေက လူသတင်း၊လူ
ချင်းဆောင်ပေါ့...။

“သိန်းတန် ဓါတ်မီး ညတုန်းက အားကုန်သွားတယ်နော်.. ဓါတ်ခဲတစ်စုံလောက်ဝယ်ခဲ့အုံး.. အခုချိန်က
သူခိုးက သောင်းကျန်းတယ်၊ ဓါတ်မီးမရှိလို့မဖြစ်ဘူး...”
အဲဒီလိုမျိုး အသံတွေက လူတိုင်း အမြဲပြောနေကြ စကားလုံးတွေ။

လက်ပံကျင်း တစ်ရွာလုံး အိပ်မောကြနေပြီ...။ တစ်အိမ်မှ မီးမရှိသလို၊ တစ်အိမ်မှ လူသံမကြားရ...။
လူစိမ်းတစ်ယောက် စည်းရိုးကို ဖောက်နေလေပြီ...။ ခွေးတစ်ကောင်ကတော့ ကျားစီးဝါးစီး ဟောင်
နေပေသည်။ ခွေးပိုင်ရှင် မသန်း မီးမထွန်းပဲ အမှောင်ထဲကနေ အကဲခတ်နေသည်။ လူစိမ်းကလည်း
စည်းရိုးးက ဆူးတွေကို တစ်ခုချင်း ဖယ်ရင်း လူတစ်ကိုယ်စာ အပေါက် ဖောက်နေလေသည်။

မသန်းတစ်ယောက် အသက်ရှုသံတို့ မမှန်ချင်၊ နှလုံးလည်း အရမ်းခုန်လာလေပြီ...။ ဒီနေ့မှ သူ့သား
က အခြားရွာကို အလုပ်ကိစ္စနဲ့ သွားလေသည်။ အိမ်မှာကလည်း မျက်မမြင် အမေ တစ်ယောက်ပဲ ရှိ
သည်။ မသန်း ဘာလုပ်ရတော့မည် မစဉ်းစားတက်၊ တစ်ကိုယ်လုံးလည်း ချွေးစီး တွေက ထွက်လာ
ပေပြီ...။ သူ့အတွက် အားကိုးရာကား ခွေးကလေး ငမဲ ပင်ဖြစ်တော့သည်။ ခွေးလေး ငမဲလည်း သရဲ
တစ်ကောင်ကို ဟောင်နေသည့်အလား...။ ခဏနေတော့ ခွေးကလေးငမဲ ဟောင်နေရာမှ အမြီးလေး
နံ့ပြီး အရာတစ်ခုကို ပါးစပ်မှာကိုက်ပြီး ထွက်သွားတာက မသန်းမြင်နေရသည်...။ သူခိုးလည်း မသန်း
တို့ စည်းရိုးကို ဖောက်နေလေသည်။ နောက်တော့ နွားခြံဆီသို့ ဦးတည်သွားလေတော့ မသန်းကြော
က်ကြောက်နဲ့ သူခိုးကပ်လို့ပါတော်၊ သူခိုးကပ်လို့ပါ....။ မသန်း အာခေါင်ခြောက်အောင် အော်လိုက်
တော့ သူခိုးလည်း လက်ထဲမှာ ပါတဲ့ ဓါးနဲ့ အသံလာရာကို မှန်းဆပြီး ပစ်လိုက်လေသည်။ မသန်း သူ့
ကို မှန်ပြီ ဆိုပြီး အော်လိုက်တာက...

“မသန်း ..သမီး... ညည်း ဘာဖြစ်တာတုန်း အမေ့ကို ပြောစမ်း...”
မသန်း တစ်ကိုယ်လုံး ချွေးစေး တို့ ပြန်နေလေပြီ... သူ့ရင်ဘတ်ကိုလည်း ဖိလို့... အဲတော့မှ သူ အိမ်
မက်မက်နေတယ်ဆိုတာ သိလိုက်တော့သည်။ ရေထသောက်ပြီး အပေါ့သွား၊ ပြီးမှ နွားတဲ ဘက်သွား
ကြည့်လိုက်တော့ နွားနှစ်ကောင် မရှိတော့...။

အဲဒီတော့မှ မသန်း သူကြီး အိမ်ကို ပြေးပြီး အကျိုးအကြောင်းပြောလေမှ...။
“ဒူ..ဒူ.ဒူ..ဒူ...................” သူကြီးလည်း မောင်းကို အဆက်မပြတ် ထုလေပြီ....။ ရွာသူ၊ ရွာသားတို့
လည်း နွားပျောက်တယ်ဆိုတာ တန်းပြီး သိလေသည်...။
“ဘယ်သူ့အိမ်လည်းဟေ့ ဘယ်သူအိမ်လည်းဟ...”။
“မသန်း တို့ အိမ်တဲ့ဟ...”
တစ်ယောက်နဲ့ တစ်ယောက် စကားလက်ဆင့်ကမ်းလိုက်တာ... မသန်းတို့ အိမ်တည်းကို လူတွေပြည့်
လာပါသည်။ လာတဲ့ လူတိုင်းကလည်း ဓါးတွေ ၊ လှံတွေ အပြည့်နဲ့...။ ယောက်ျား တစ်ချို့ ခြေရာခံကြ
သလို၊ သဲလွန်စ ရှာနေကြသည်။

“သူခိုးက ဒီကနေ ၀င်လာတာ... ဒီမှာ စည်းရိုးဖောက်ထားတယ်... ခြေရာက ဆင်ကြယ်ဖိနပ်ရာပဲ...”။
“ဟုတ်တယ်ဟ ဟုတ်တယ်” တစ်ယောက်ပြောတာကို ၀ိုင်းအုံကြည့်ပြီး ထောက်ခံကြလေသည်။
နောက်တစ်ယောက်က ဘေးနားမှာ ရှိတဲ့ နွားချေးပုံကို လက်နဲ့ ထိုးကြည့်လိုက်လေသည်။ အားလုံးက
လည်း ၀ိုင်းကြည့်နေကြပါသည်။ အဲဒီလူက ပြောလိုက်လေသည်...
“နွားက အခုပဲ ဆွဲသွားတာ ရွာထဲမှာပဲ ရှိနိုင်တယ် တစ်ရွာလုံးကို ၀ိုင်းထား...”
“ဘာလို့ အဲလို ပြောနိုင်တာလဲ... ခင်ဗျားက”
“ဒီမှာလေ နွားချေးပုံက ပူပူနွေးနွေးရယ် ၊ အငွေ့လည်း ထွက်နေတယ်...”
အဲလို ပြောလိုက်မှ ရွာသားတွေလည်း .....
“ဟုတ်တယ်ဟေ့ ဟုတ်တယ်... သူခိုးကွ..သူခိုး ..သူခိုးက ရွာထဲမှာပဲ ရှိနိုင်တယ်.. အပေါက်တွေ အား
လုံးပိတ်ထားဟေ့... ပိတ်ထား...”
တစ်ယောက်တစ်ပေါက် အော်နေသလို၊ မောင်းသံကလည်း တဒူဒူ နဲ့ ဆူညံ နေတုန်းပါပဲ... သူခိုးကဘ
ယ်လိုနေမယ်တော့ မသိ... ကလေးတွေနဲ့ မိန်းမတွေနဲ့ကတော့ ကြောက်နေပြီ... သူခိုး အိမ်ထဲ ၀င်လာ
မှာ စိုးရိမ်တဲ့ အတွက်...။

လူတစ်ယောက် အာပြဲကြီးနဲ့ အော်လိုက်လေသည်....
“နွားက ဒီမှာဟေ့ လူမလွတ်လို့ နွားတွေကို ထားသွားတယ်... နွားတွေကိုလည်း ရိုက်ထားလိုက်တာ ဒ
ဏ်ရာကြည့်ပဲ.. အဲဒီ သူခိုးကို မိအောင်ဖမ်း အသေသတ်မယ်ဟေ့...”
အဲလို အော်လိုက်တော့ နွားတွေကို အိမ်ပြန်ပို့တဲ့သူက ပို့... သူခိုးကို ဖမ်းဖို့ လုပ်တဲ့သူတွေက လုပ်နေ
နဲ့ တစ်ရွာလုံးကို ဆူညံနေတာပဲ...။

“သူခိုးက ဒီမှာဟေ့ ဒီမှာ... အရီးသင်တို့ အိမ်ဘက်ကို ပြေးသွားပြီ”
အဲလို အော်လိုက်တော့ အဲဒီ နားမှာ ၀ိုင်းထားလိုက်ကြပြန်သည်။ သူခိုးလည်း အမှောင်ထဲ ရမ်းသမ်း
ပြီး သစ်ပင်ပေါ်ကို တက်လိုက်လေသည်။ ၀ိုင်းထားသူ အားလုံးလည်း ခြေရာပြတ်သွားလေသည်...။

“ဒီနားမှာ ပျောက်သွားတာပဲ... ဒီနားမှာပဲ ရှိမယ် အလွတ်မပေးနဲ့ ဓါတ်မီးနဲ့ သေချာရှာကြ...” တစ်
ယောက်က အမိန့်ပေးလိုက်လေသည်။ အားလုံးလည်း ပြောတဲ့ အတိုင်း ရှာနေကြသည်...။ သူခိုးလည်း
သစ်ပင်ပေါ်မှာ အသံမကြားအောင် ကပ်နေလေသည်။ ဖြစ်ချင်တော့ သူခိုးလည်း ချောင်းက ဆိုးချင်လ
ာတဲ့ အတွက် အောင့်ထားရမှ ထွက်သွားတာဆိုတော့ အသံကြီးက အကျယ်ကြီး...။ ချောင်းဆိုးသံကြား
တဲ့ ဆီကို ကြည့်လိုက်တော့ သူခိုး...။

“ဟေ့... သူခိုး ဒီအပင်ပေါ်မှာဟေ့... ဒီအပင်ကိုဝိုင်း...” သူခိုးလည်း ခုန်ချပြီး ပြေးပြန်လေသည်။
ရွာသားတို့ ညီညွတ်မှုကြောင့် သူခိုးလည်း ပြေးပေါက်ကို မတွေ့.... ၀ိုင်းပြီး တိုက်ခိုက်ကြလေသည်...။
သူခိုးကို ဓါးထိသွားလေပြီ... သူခိုးလည်း သွေး တရဲရဲဖြင့် ပြေးရင်း သူဖောက်ခဲ့သော စည်းရိုးပေါက်ကို
ရောက်သွားလေသည်။ နောက်တော့ အဲဒီအပေါက်ကို တိုးပြီး ထွက်သွားလေသည်... အဲဒီမှာ သူခိုးရဲ့
အင်္ကျီက ချိတ်ပြီး ကျန်ခဲ့လေတော့ ...

“သူခိုးက ဒီမှာ သူဖောက်ခဲ့တာ ထင်တယ်.. စည်းရိုးပေါက်နေတယ် ဒီထဲမှာပဲ... ၀ပ်နေတယ် လုပ်ကြ
ကွာ...” တစ်ယောက်က အော်လိုက်တော့ ၀ိုင်းပြီး လှံနဲ့ ထိုးကြလေသည်။ မှောင်နေတာဆိုတော့ လူမှ
န်း၊ စည်းရိုးထဲက အကျီမှန်း မသိကြ ထိုးလိုက်ကြတာ... အဲဒီ အကျီ ကို သူခိုးဆိုပြီး ဆွဲထုတ်ကြလေ
သည်...။ အဲဒီတော့မှ သူခိုး အကျီမှန်းသိကြလေသည်။ အင်္ကျီ တစ်ခုလုံးမှာလည်း သွေးတွေက ရဲလို့..
...။

“သူခိုးးက ဒီအပေါက်က ထွက်သွားပြီ..သူမပြေးနိုင်ဘူး ဟိုဘက်နားမှာပဲ ရှိမယ်”..လိုက်ကြပြန်လေသ
ည်...။ သူခိုးကို လိုက်ရှာပေမယ့်လည်း မတွေ့တော့ အပုန်းကောင်းသွားတာလား၊ သူ့အဖော်တွေက
ပဲ ကယ်သွားတာလား မသိ...။

တစ်ရွာလုံးလည်း သူခိုးလိုက်ရတာ ပျော်နေပုံရပါသည်။ မသန်းလည်း ကျေးဇူးတင်လွန်းလို့ မျက်ရည်
များတောင် လည်လို့.. နောက်ပြီး သူ့ရဲ့ အိမ်မက်ကိုလည်း ပြောပြနေလေသည်။ လူတွေကလည်း အံ့သြ
နေကြပေသည်...။ တကယ်ခိုးသွားတာကို မသန်း အိမ်မက်ထဲမှာ သိတယ်ဆိုတော့... အားလုံး ထူးဆန်း
နေတာတော့ အမှန်...။

နောက် သုံးလေးလလောက်ကြတော့ သူတို့ရွာကို ခိုးတဲ့သူခိုး မိသွားပြီး ထောင်ကျသွားပြီဆိုတာ သိလို
က်ရပါသည်...။ အဲဒီသူခိုးက မသန်းတို့ရွာကို မခိုးဖို့၊ အဲဒီရွာက လူညီလို့်ခိုးဖို့ မလွယ်ကြောင်း သူ့ အပေါ
င်း အသင်းတွေကို ပြောပြသတဲ့...။

နောက်တော့ မသန်းတို့ ရွာကို ဘယ်သူခိုးတွေမှ မလာကြတော့ပါဘူးတဲ့ဗျာ...။


ရာဇာ(ကျေးလက်သားလေး)

ကျီးပေါင်းအတွက် သင်္ဘောရွက်......





ကျီးပေါင်းအတွက် သင်္ဘောရွက်......
( ကင်ဆာရောဂါအတွက်လည်း ကောင်းကြောင်း ထပ်တင်ပေးမည် )


သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံးသည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီး မသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။
အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။ အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။


အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။


ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။


သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစ အရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင် ခေါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။


သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန် စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။


ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကို ထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။


ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။


ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

ကြည်လွင်မြင့်(မုဒြာ)- 

လူသုံးများတဲ့ VLC Player အသစ်လေး 2.0.8






VLC Player လေးကတော့ လူအတော်များများသုံးကြမယ်လို့ထင်ပါတယ်
FLV ဖိုင်တွေကို အဓိက ဖွင့်သူများအတွက် အသုံးဝင်ပါတယ် နောက်ပြီး
format အတော်များများကိုလည်း အခြား Player ထက်သာပြီး
ဖွင့်နိုင်တော့ ရေပန်းစားနေတာပေါ့ အခုကတော့ အသစ်လေးထွက်လို့

တင်ပေးလိုက်တာပါ လိုချင်သူများဒေါင်းထားအုံးနော်

Download x32 bit


Download x64 bit


Features

Video


Rewritten video output core and modules, allowing subpicture blending in GPU.
Shader support in the OpenGL output, for colorspace conversion, including 10bits.
New video outputs for Windows 7, Android, iOS and OS/2.
New debanding, grain, denoising and anti-flickering filters.
New deinterlacing filter, including an Inverse Telecine algorithm.
Audio


New resamplers for higher quality audio.
New dynamic range compressor and karaoke filters.
Simplification of the audio core for faster processing.
New audio outputs for iOS, Android and OS/2.
Formats


Multi-threaded decoding for H.264, MPEG-4/Xvid and WebM.
Support for 10bits codecs, WMV image and some other codecs.
Rewritten support for images, including jpeg, png, xcf, bmp...
Important changes in RealVideo and Real Format support.
CrystalHD cards and Android OpenMAX support for hardware decoding.
Input and Devices
Experimental support for BluRay discs:
- Menus are deactivated in this release (will come soon).
- AACS and BD+ DRM libraries and keys are not shipped, for legal reasons.
Support for SDI capture cards and QTKit devices.
Support for new adaptive streaming protocols, like HLS and DASH.

For Anime Fans


Vastly improved MKV demuxer.
Rewritten linked segments and ordered chapter files support.
Correct support for FLAC, RV and Hi10p in MKV.
Rewritten seeking support in cue files.
Various ASS subtitles improvements.
For professional Users


Support for ProRes 422 and 4444, AVC/Intra.
Support for Jpeg-2000, Dirac and DNxHD/VC-3 in 10bits.
Support for EBU subtitles (stl) and EIA-608.
SDI and HD-SDI card support for input on Linux.
New Dirac/VC-2 encoder, faster than the previous one.
For Developers


libVLC, libVLCcore and libcompat have switched from GPL to LGPLv2.1+.
New libVLC examples are available: media player, photobooth and mediainfo clones.
New JSON requests on the web interface to control running VLC instances.
Implementation of the MPRIS2 interface to control media players.
VLC's web plugins have been rewritten for better integration and stability in all browsers
2.0.8 specific changes


Fix ISDB-S tunning on Linux.
Fix crash in QTsound.
Fix use-after-free in sgimb module.
Fix crashes in libavcodec module.
Fix invalid memcpy in MMS access module.
Improve resitance against malformed MKV files.
New Kannada translation.
**Quote by :



From> ဆော့ဝဲမြို့တော်

Related Posts Plugin for WordPress, Blogger...