Tuesday, August 27, 2013

သွားတိုက်ပါ




ဘာကြောင့် သွားတိုက်သင့်တာလဲဆရာ။

သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပစ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီးရီးယားအကွက်လွှာ (Bacterial Plaque) တွေ ဖြစ်လာပါတယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီးစေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်းစေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်းသန့်ရှင်းသွားပြီး သွားပိုးစားရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်းရောဂါနဲ့ ရေစီးကမ်းပြိုရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ခံတွင်းထဲမှာ Lactobacillus၊ Acidophilus၊ Streptoccocus နဲ့ Mutans အစရှိတဲ့ ပိုးတွေနဲ့ စားကြွင်းစားကျန်တွေ ဓာတ်ပြုရာက အက်စစ်ငရဲမီးကို ထုတ်ပေးပါတယ်။ အဲဒီငရဲမီးက သွားတွေကို ပိုးစားစေပါတယ်။ သွားဖုံးရောဂါ ဖြစ်စေတဲ့ တခြားအုပ်စုနဲ့ ဓာတ်ပြုသလို စားကြင်းစားကျန်တွေနဲ့ ဓာတ်ပြုပြီး အဆိပ်တွေ ထုတ်လိုက်ပါတယ်။ အဲဒီအဆိပ်တွေက သွားဖုံးကို စားပြီး သွားမြစ်ဝှမ်းရောဂါကို ဖြစ်စေပါတယ်။ ရေစီးကမ်းပြိုရောဂါကို ဖြစ်စေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယား အကွက်လွှာကို ဖယ်ရှားဖို့ စနစ်မှန် သွားတိုက်နည်းကို သုံးရပါမယ်။ ခံတွင်းသန့်ရှင်းရင် သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတို့ မဖြစ်စေနိုင်ပါဘူး။

ဘက်တီးရီးယား အကွက်လွှာက သွားမျက်နှာပြင် နေရာတိုင်းမှာ ရှိနေတတ်ပါသလား ဆရာ။

ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သွားနှစ်ချောင်းကြားနေရာတွေ၊ အစာဝါးတဲ့ သွားမျက်နှာပြင်ရှိ အဖုအချိုင့်တွေ၊ Fissure လို့ခေါ်တဲ့ သွားမျက်နှာပြင်ရှိ အရေးကြောင်းတွေပေါ်မှာ တွယ်ကပ်နေနိုင်ပါတယ်။ သွားမှာရှိတဲ့ အခေါင်း၊ အပေါက်၊ အသေစိုက်ထားတဲ့ သွားတု၊ အံကပ်အရှင်ရဲ့ အတွင်းသားပိုင်းတွေ၊ သွားမညီညာလို့ သွားညှိဖို့ တပ်ဆင်ထားတဲ့ ကိရိယာ (Orthodontic Fixed Appli-ance) တွေမှာလည်း ကပ်ညိနိုင်ပါတယ်။ သွားအလှဆင်တဲ့ စိန်တုတွေမှာလည်း တွေ့နိုင်ပါတယ်။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ မြင်နိုင်ပါသလားဆရာ။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ တိုက်ရိုက် မတွေ့မြင်နိုင်ပေမယ့် ဘက်တီးရီးယား အကွက်လွှာ ကပ်ငြိနေနိုင်တဲ့ သွားချေးတွေ၊ သွားကျောက်တွေနဲ့ စားကြွင်းစားကျန်တွေကိုတော့ တွေ့နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာလည်း ခံစားနိုင်ပါတယ်။ ဘက်တီးရီးယား အကွက်လွှာကို တွေ့ရှိချင်တယ်ဆိုရင် ပန်းရောင်ရှိတဲ့ အရောင်ဆိုးဆေးပြား (Disclosing Tablets) ကို အသုံးပြုလိုက်ရင် ရိုးရိုးသာမန်မျက်စိနဲ့ တွေ့နိုင်ပါတယ်။ အဲဒီဆေးပြားတွေကို ပါးစပ်ထဲထည့်ပြီးကြေညက်အောင် ဝါးစားလိုက်ပါ။ နှံ့စပ်အောင် ဝါးစားပြီးရင် ရေနဲ့ ပလုတ်ကျင်းပါ။

မှန်ကို ကြည့်လိုက်ရင် မှန်ထဲမှာ အနီရောင်စွန်းထင်နေတဲ့ သွားတွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ဘက်တီးရီးယား အကွက်လွှာတွေ များနေရင် ခံတွင်းတစ်ခုလုံး နီမြန်းနေပါလိမ့်မယ်။ ဘက်တီးရီးယား အကွက်လွှာ အနည်းငယ်ပဲ ရှိနေရင် ပန်းနုရောင် ဖြစ်နေပါလိမ့်မယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာတွေကို သွားတိုက်ရပါတယ်။ ဒါကြောင့် သွားတိုက်တယ်ဆိုတာက သွားဖြူစေဖို့ သက်သက်သာ မဟုတ်ဘဲ သွားမှာ တွယ်ကပ်နေတဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကို အသုံးပြုပြီးနောက် တစ်ကြိမ်မှာ အရောင်ဆိုးဆေးပြားတွေကို ဝါးစားပြီး မှန်ကြည့်လိုက်ပါ။ သန့်စင်တဲ့ အနေအထားကို တွေ့နိုင်ပါတယ်။

ခံတွင်းသန့်စင်ဖို့ ဘယ်လိုနည်းကို သုံးရမလဲ ဆရာ။

ခံတွင်းသန့်စင်ဖို့ရာ အတွက်-

(၁) လက်တွေ့ ပွတ်တိုက်သန့်စင်တဲ့နည်း (Mechanical Method)နဲ့

(၂) ဓာတုဆေးရည်အသုံးပြုပြီး သန့်စင်တဲ့နည်း (Chemical Method) ကို သုံးရပါမယ်။

လက်တွေ့ ပွတ်တိုက် သန့်စင်တဲ့ နည်းတွေကတော့ သွားတိုက်တာ (Tooth Brushing)၊ သွားကြားပွတ်ကြိုးထိုးတာ (Dental Flossing)၊ သွားကြားထိုးတာ Using Toothpick)နဲ့ သွားနှစ်ချောင်းကြား သန့်စင်တဲ့ ကိရိယာသုံးတာ (Interdental Cleaner) စတဲ့နည်းတွေ ဖြစ်ပါတယ်။ ဓာတုဗေဒနည်းကတော့ သွားနဲ့ခံတွင်း သန့်စင်စေတဲ့ ငုံဆေးတွေနဲ့ ပလုတ်ကျင်း ဆေးရည်တွေနဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။

သွားကို ဘယ်အချိန်တိုက်ရမလဲဆရာ။

နေ့စဉ် နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညစာစားပြီး အိပ်ရာမဝင်မီတစ်ကြိမ် သွားတိုက်ရပါမယ်။ သွားတိုက်ဖို့ ပိုပြီး အရေးကြီးတာက ညအိပ်ရာမဝင်ခင် ခံတွင်းကို စနစ်တကျ အချိန်ပေးပြီး တိုက်တာပဲ ဖြစ်ပါတယ်။ ဒါမှ တစ်နေ့လုံးစားထားတဲ့ စားကြွင်းစားကျန်တွေနဲ့အတူ ဘက်တီးရီးယား အကွက်လွှာ ကင်းစင်သွားမှာပါ။

သွားကို ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဆရာ။

သုံးမိနစ်- ငါးမိနစ်ခန့် တိုက်ပါ။ ကလေးငယ်တွေကို မိခင်က သွားပွတ်တံသေးသေး ဒါမှမဟုတ် လက်မှာ စွပ်ရတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ မူကြိုကလေးတွေကို မိခင်က ထိန်းပြီး အိမ်မှာ မှန်မှန်တိုက်ပေးပါ။ ကျောင်းမှာဆိုရင် ဆရာမတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုပါတယ်။

ဘယ်လို သွားပွတ်တံကို သုံးရမလဲဆရာ။

လက်ကိုင် ညီညာဖြောင့်ဖြူးတဲ့ သွားပွတ်တံနဲ့ မပျော့လွန်း၊ မမာလွန်းတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို သုံးရပါမယ်။ ဝက်မှင်ဘီးရဲ့ မျက်နှာပြင်က ညီညာနေရပါမယ်။ အချိုင့်နဲ့ အချွန်အတက်ပါတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို မသုံးရပါဘူး။

ဘယ်လို သွားတိုက်ဆေးမျိုး သုံးသင့်ပါသလဲ ဆရာ။

ရှေးယခင်က သာမန်သွားတိုက်ဆေးကို သုံးခဲ့ကြပါတယ်။ အခုအခါမှာတော့ ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို အသုံးများကြပါတယ်။ ဖလိုရိုက်က သွားပိုးစားရောဂါကို အဓိက ကာကွယ်ပေးပါတယ်။ ဖလိုရိုက်ဓာတ်နည်းပါးရင် သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သောက်ရေမှာ ဖလိုရိုက်အများကြီး ပါရင်တော့ သွားရဲ့ မျက်နှာပြင်ကို ပြောင်းလဲစေတဲ့ရောဂါ (Fluorosis) ဖြစ်စေနိုင်ပါတယ်။

သွားပွတ်တံကို ဘယ်နှလတစ်ကြိမ် လဲလှယ်အသုံးပြုရမလဲ ဆရာ။

အကြမ်းဖျင်းအားဖြင့် သွားပွတ်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုနိုင်ပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။ သွားပွတ်တံ ဝက်မှင်ဘီးက ဖွာလန်ကြဲပြီး နောက်ကို လန်လာရင် လဲရပါမယ်။ သွားပွတ်တံက ကျိုးပဲ့ပြီး ပျက်စီးသွားရင်လဲရပါမယ်။

အမျိုးသား၏ ချို့ယွင်းချက်ကြောင့် သားသမီးမရနိုင်လျှင်

သားသမီးမရနိုင်လျှင် (အမျိုးသား၏ ချို့ယွင်းချက်ကြောင့်) 


သြဂဲနစ်ထုတ်ကုန်တွေ ပိုစားပါ
သြဂဲနစ်နဲ့ ထုတ်လုပ်ထားတဲ့ အမျိုးသားတွေဟာ ပုံမှန်သမားရိုးကျ အစားအစာတွေ များများစားတဲ့ အမျိုးသားတွေထက် သုတ်ပိုးအရေအတွက်ပိုပြီး ထုတ်လုပ်နိုင်တယ်လို့ သုတေသီတွေက ပြောကြပါတယ်။
Denmarkမှ လေ့လာမှုအရ သြဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစားသူတွေဟာ သာမန်ရိုးကျနည်းနဲ့ စိုက်ပျိုးထားတဲ့ အစာစားသူတွေထက် သုတ်ပိုး၄၃ရာခိုင်နှုန်း ပိုထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။ ပိုးသတ်ဆေးတွေ မသုံးတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးယူမယ်လို့ စဉ်းစားရင် သြဂဲနစ်အစားတွေ များများစားပေးပါ။
စတော်ဘယ်ရီသီးစားပါ 

စတော်ဘယ်ရီသီးစားတာဟာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးမှာ မျိုးပွားစွမ်းရည်မြင့်တက်နိုင်တယ်လို့ တရုတ် တိုင်းရင်းဆေးဆရာတွေက ပြောပါတယ်။ မျိုးပွားဖို့အတွက် လိုအပ်တဲ့ Yin နဲ့ Yang စွမ်းရည်ညီမျှဖို့ စတော်ဘယ်ရီသီးကို ပုံမှန်စားပေးပါ။ Yin ကို အအေးစာနဲ့ Yang ကို အပူစာလို့ သတ်မှတ်ပြီး Yang စွမ်းရည် လိုအပ်ချက်အတွက် စတော်ဘယ်ရီသီးကို ပုံမှန်စားတာနဲ့ ကုပေးတာပါ။
အပ်စိုက်ကုထုံးသုံးပါ 

အပ်စိုက်ကုသတာကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို ပိတ်ပင်တားမြစ်တဲ့အရာနဲ့ ခန္ဓာကိုယ်မညီမျှ ဖြစ်စေတာတွေကို ပြုပြင်ပေးပါတယ်။ ခန္ဓာကိုယ်တွင်း မညီမျှတာတွေကြောင့် ကလေးမရနိုင်တာပါ။ အပ်စိုက်ကုထုံးကြောင့် ကလေးရဖို့ လွယ်ကူနိုင်ပါတယ်။
သွပ်ဓာတ်အားဖြည့်ပါ။ 

ကလေးမရနိုင်တာဟာ သုတ်ပိုးအရည်အသွေး မကောင်းတာကြောင့်လို့ထင်ရင် သွပ်ဓာတ်အားဖြည့်ပါ။ အမျိုးသားတွေကြောင့် ကလေးမရနိုင်သူတွေမှာ သွပ်ဓာတ်ချို့တဲ့နေတတ်ပါတယ်။ နေ့စဉ်သွပ်ဓာတ် ၄၀၀ မီလီဂရမ် စားပေးသူတွေရဲ့ သုတ်အရည်အသွေး ကောင်းမွန်တာကို တွေ့ရပါတယ်။
ဗီတာမင် C သောက်ပါ 

ကလေးမရနိုင်တဲ့ အမျိုးသားတွေမှာ သုတ်ပိုးတွေအုပ်စုဖွဲ့နေပြီး (Agglilination) ခဲနေတတ်ပါတယ်။ နေ့စဉ်ဗီတာမင် C ၁၀၀၀ မီလီဂရမ်ကို တစ်လတိတိ သောက်ပေးပါ။
ဆေးလိပ်ဖြတ်ပါ 

ပုံမှန်ဆေးလိပ်သောက်တဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ ဆေးလိပ်မသောက်သူတွေလောက် ထိထိရောက် Swin မလုပ်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့ပြင်ဆေးလိပ်သောက်သူတွေရဲ့ သုတ်cellဟာ အမျိုးသမီးရဲ့ ဥအပြင်ခွံကို မထိုးဖောက်နိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကလေးယူဖို့ စဉ်းစားရင် စောစောစီးစီး ဆေးလိပ်ဖြတ်ပါ။
အရက်မသောက်ပါနဲ့ အရက်သောက်တာကြောင့် အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးမှာ မျိုးပွားစွမ်းရည် ကျဆင်းတတ်ပါတယ်။ အရက်ကြောင့် အမျိုးသားတွေမှာ သုတ်ပိုးထုတ်လုပ်မှုထိခိုက်ပြီး အမျိုးသမီးတွေမှာ ဟော်မုန်းမညီမျှဖြစ်တတ်ပါတယ်။ အရက်သောက်တဲ့ ပမာဏနဲ့ မျိုးပွားမှုအကြား တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။


Ref: Good Health

Kegel Exercises အမျိုးသမီးများအတွက် လေ့ကျင့်ခန်း



လေ့ကျင့်ခန်း အမျိုးမျိုးရှိသည့်အနက် အမျိုးသမီးများ လုပ်ဆောင်သင့်သော ဆီးခုံတွင်း ကြွက်သားများနှင့် ပတ်သက်သည့် Kegel Exercises အကြောင်း ဖော်ပြပေးသွားပါမည်။ Kegel Exercises မှာ အမျိုးသမီးများ လုပ်ဆောင်သင့်သော လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။

Kegel Exercises မှာ ဆီးမထိန်းနိုင်ခြင်းနှင့် အခြားသော ပြဿနာအချို့အတွက် ကုစားရန်ဖြစ်သော်လည်း လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေကြောင်း တွေ့ရသည်။ ဆီးမထိန်းနိုင်သော အမျိုးသမီးများကို Kegel Exercises လုပ်ဆောင်စေခဲ့ရာတွင် လိင်ဆက်ဆံမှု၌လည်း ပိုမိုကျေနပ်မှု ရရှိနိုင်ခဲ့သဖြင့် လိင်ဆက်ဆံမှု ပြဿနာများ အတွက်လည်း ကျွမ်းကျင်ပညာရှင်များက Kegel Exercises ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။

အဆိုပါ လေ့ကျင့်ခန်းသည် သားအိမ်၊ ဆီးအိမ်နှင့် အူလမ်းကြောင်းတို့ကို ထိန်းသိမ်း ပေးထားသော ဆီးခုံတွင်း အောက်ခံကြွက်သားများ (Pelvic Floor Muscles) ကို သန်စွမ်းကြံ့ခိုင်စေသည်။
လေ့ကျင့်ခန်းကို အချိန်၊ နေရာမရွေး လုပ်ဆောင်နိုင်သည်။ ကားမောင်းရင်း၊ ထိုင်ခုံတွင် ထိုင်နေရင်း၊ လဲလျောင်းနေရင်း လေ့ကျင့်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်မှာပင် Kegel Exercises ကို လုပ်ဆောင်နိုင်သည်။

ဆီးခုံတွင်း အောက်ခံ ကြွက်သားများသည် အကြောင်း အမျိုးမျိုးကြောင့် အားပျော့ နိုင်သည်။ ကိုယ်ဝန်ဆောင်ခြင်း၊ သားသမီး မွေးဖွားခြင်း၊ အသက်အရွယ် ကြီးလာခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ကဲခြင်း စသည်တို့ကြောင့် ကြွက်သားများ အားနည်း လာနိုင်ပါသည်။ ဆီးခုံတွင်းရှိ အင်္ဂါအစိတ်အပိုင်းအချို့ အောက်သို့ကျွံကျလာခြင်း သို့မဟုတ် နိမ့်ကျလာခြင်းကြောင့် နေထိုင်ရသည်မှာ မအီမသာဖြစ်ခြင်းမှ ဆီးမထိန်းနိုင်ခြင်းမျိုးအထိ ဖြစ်နိုင်သည်။

နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ကုထုံးနှင့် Kegel Exercises တို့ ပူးပေါင်းလုပ်ဆောင်ပေးခြင်းဖြင့် ဆန္ဒပြီးမြောက်မှု မရှိနိုင်ခြင်းကိုပင် ကုသမှုပေးနိုင်သည်။ Kegel Exercises ကို လုပ်ဆောင်ရန်အတွက် ဆီးသွားပါ။ ပြီးလျှင် ထိုင်လျက် သို့မဟုတ် လဲလျောင်းလျက် အနေအထားတွင် နေပေးပါ။ ဆီးခုံတွင်း ကြွက်သားများကို ကျုံ့ညှစ်ပါ။ ညှစ်သည့် အနေအထားမှာပင် ငါးစက္ကန့်ကြာအောင် ထိန်းထားပေးပါ။ ပြီးလျှင် ကြွက်သားများကို လျှော့ဆန့်ပါ။ ငါးမိနစ်ကြာအောင် လျှော့ဆန်ပါ။

အထက်ပါအတိုင်း လေးငါးကြိမ် ဆက်လက်၍ ကျုံ့ညှစ်ခြင်းနှင့် လျှော့ဆန့်ခြင်းတို့ ပြုလုပ်ပါ။ နောက်တစ်ကြိမ်တွင် ကျုံ့ညှစ်ခြင်းကို ၁၀ စက္ကန့်ကြာအောင် ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်ဆောင်စဉ် အသက်ရှူ အောင့်မထားမိစေရန် လိုအပ်သည်။ အသက်ကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ် ပြုလုပ်နေရပါမည်။ တစ်နေ့လျှင် သုံးကြိမ်ခန့် လုပ်ဆောင် ပေးသင့်သည်။ အလုပ်လုပ်ရင်း၊ တီဗီကြည့်ရင်း၊ အခြားတစ်စုံတစ်ရာ ပြုလုပ်နေရင်း ဤလေ့ကျင့်ခန်းကို အချိန်နေရာမရွေး လုပ်ဆောင်သွားနိုင်ပါသည်။
ဆီးမထိန်းနိုင်ခြင်းကို သက်သာ ပျောက်ကင်းစေရုံ သာမက လိင်ဆက်ဆံမှု၌ ကောင်းမွန်သော အခြေအနေ ဖြစ်ပေါ်စေနိုင်သည်။

အမှည့်လွန်ငှက်ပျောသီးတွေနဲ့အိမ်တွင်းဖြစ်မျက်နှာပေါင်းတင်ခရင်မ်လုပ်ရအောင်




အမှည့်လွန်နေတဲ့ငှက်ပျောသီး တွေကို လွှတ်ပစ်တော့မလို့လား။ နေပါဦး ဒီမှာ အဲဒီအမှည့်လွန် ငှက်ပျောသီးတွေကို အကျိုးရှိစွာ သုံးနိုင်မယ့်နည်းတစ်ခုကို ပြောပြမလို့။

ငှက်ပျောသီးဟာ ရေဓာတ် ပြည့်ဝစွာပါဝင်တဲ့အတွက် မျက်နှာအသားအရေခြောက်တတ်တဲ့သူတွေ အတွက် အလွန့်အလွန်ကောင်းတဲ့ moisturizer တစ်မျိုးပါ။
ငှက်ပျော သီးအမှည့်လွန်တွေဟာ အရေပြားခြောက်သွေ့မှုကို လျော့နည်းစေရုံသာမက အရေပြားထဲမှာ ရေဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ရန်လည်း ကူညီပေးပါတယ်။

အဲဒီတော့ အမှည့်လွန်ငှက်ပျောသီးတွေနဲ့ မျက် နှာပေါင်းတင်ကြရအောင်။ လုပ်တဲ့ နည်းကတော့ လွယ်လွယ်လေးပါ။ သန့်စင်တဲ့ ပန်းကန်လုံးတစ်ခုရှာပါ။ အမှည့်လွန်နေတဲ့ငှက်ပျောသီးအချို့ ကို ချေလိုက်ပါ။ ပြီးနောက် ပျားရည် အနည်းငယ်ထည့်ပါ။ ဒိန်ချဉ် လက်ဖက်ရည်နှစ်ဇွန်းခန့် ထည့် ပါ။
ပြီးရင် အားလုံး ကြေညက်သွားသည်အထိ ချေပေးပါ။

အဲဒီနောက်မှာ မျက်စိတစ်ဝိုက်ကို ချန်ထားပြီး မျက်နှာနဲ့လည်ပင်းတစ်ဝိုက်ကို လိမ်းပါ။ ၁၅မိနစ်၊ မိနစ် ၂၀ ခန့်ထားပါ။ ပြီးတဲ့နောက်ရေဆေးချပါ။ တကယ်လို့ ရေဓာတ်ဖြည့်တင်းစေရုံသာမဟုတ်ဘဲဆဲလ်အသေတွေပါ ဖယ် ရှားပစ်လိုတယ်ဆိုရင်တော့ ယင်းအ နှစ်ထဲကို oats အုပ်စပါးနည်းနည်း ထည့်လိုက်ပါ။

၎င်းက သင့်မျက်နှာ ရဲ့ဆဲလ်အသေတွေကို ဖယ်ရှားပစ် နိုင်ရုံသာမက သင့်မျက်နှာရဲ့ဖြူစင် ဝင်းပမှုကို ကြာမြင့်စွာထိန်းပေးထား ပါလိမ့်မယ်။

မိုင်ကိ

ဂါဂါနဲ့ မယ်လီ တို့ ပြိုင်ခဲ့တဲ့ည


အများစု ထင်ထားတာက ကေတီပယ်ရီနဲ့ လေဒီဂါဂါတို့ VMA ရုပ်သံ တေးဂီတ ဆုပေးပွဲမှာ Performance အားပြိုင်မယ်လို့လေ။ သို့ပေမယ့် မဟုတ်ပါဘူး။ လေဒီဂါဂါနဲ့ မယ်လီဆိုင်းရက်စ် တို့ ဖြစ်ပါတယ်။

နဂိုကလည်း အဖော်အချွတ်ဝတ်ပြီး Performance လုပ်တာက လေဒီဂါဂါရဲ့  ထုံးစံပါ။ သူ့လိုပဲ နောက်တစ်ယောက် ပေါ်လာတယ်ဆိုရင်တော့ အားလုံး အံ့သြ ကြမှာပါပဲ။ မယ်လီဆိုင်းရက်စ် တစ်ယောက် လည်း Blurred Lines အမည်ရ သီချင်းအတွက် အသက် ၃၀ ကျော် Robin Thicket အမျိုးသား အဆိုရှင်နဲ့ စင်ပေါ်မှာ Sexy Dance ကခဲ့ပါတယ်။ ဝီလ်စမစ်တို့ မိသားစု မျက်လုံးပြုးကြည့်ရတဲ့ အထိကိုပါ။ လေဒီဂါဂါ ကတော့ နောက်ဆုံးထွက်ရှိ ထားတဲ့ Applause သီချင်းနဲ့ သီဆို ဖျော်ဖြေ တင်ဆက်ပါတယ်။

မယ်လီဆိုင်းရက်စ် တစ်ယောက်ကတော့ MTV ပွဲပြီး နောက်ပိုင်း သတင်းထူးသွားတဲ့ အဆိုတော် တစ်ဦး ဖြစ်သွားပါတယ်။ အသက် ၂၀ ကျော်သာ ရှိသေးတဲ့ မယ်လီ တစ်ယောက် ဝတ်စားထားပုံက ဂါဂါနဲ့ အပြိုင်ပါပဲ။ အပြင်မှာ ပါတဲ့ Out Fit ကိုတောင် ချွတ်ပြီးတော့ Sexy Dance ကလိုက်ပါသေးတယ်။ နောက် တစ်ရက်လည်း ရောက်ရော Twitter , Facebook နဲ့အခြားသော Social Media Page တွေမှာ သူ့ကို သရော်ထားတဲ့ ပုံတွေ၊ ကာတွန်းတွေ၊ စာတွေ ပလူပျံသွားပါတယ်။ သို့ပေမယ့် ကိစ္စမရှိပါဘူး။ ဒါကိလည်း မယ်လီဆိုင်းရက်စ်တစ် ယောက် တွက်ချက်ထားပြီးသားပါ။ ကေတီပယ်ရီကတော့ လက်ဝှေ့ စင် မှာ Peformance လုပ်ပြီး သီဆိုဖျော် ဖြေ ပါတယ်။

အမေရိကန်က တေးဂီတ အနုပညာရှင်အများစု တက်ရောက်တဲ့ ပွဲမှာ လေဒီဂါဂါ နဲ့ ဆယ်လီနာ ဂေါမက်ဇ် ကတော့ လူပြောအများဆုံး သတင်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
.
Ref: dailymail
Aung Kham (ရိုးရာလေး)

နေ့ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူတော့မည်


နေ့အချိန် ဖွင့်သည့်ကလပ်များ (Day Club) ကို အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ တာဝန်ရှိသူကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှတာဝန်ရှိသူက ” Day Club တွေရှိနေလို့ ကလေးတွေ၊ ကျောင်းသားတွေ ပိုပျက်စီးကြ တယ်ဆိုပြီး တိုင်တာ တောတာ တွေရှိလာတယ်။ ဒါကြောင့် Day Club တွေကို အရေးယူဖို့လုပ်နေ တယ်။ တကယ်တော့ နိုက်ကလပ် ကလဲ တရားဝင်ဖွင့်ခွင့်ပေးထား တာမဟုတ် ပါဘူး”ဟု ပြောသည်။

ကျောင်းသားလူငယ်များ ကိုပျက်စီးစေသည့် အတွက် Day Club များကိုအရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံ တိုင်ကြားမှုများရှိနေကြောင်း၊ ယင်းကြောင့် Day Club များကို အရေးယူရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

Day Club တစ်ခုရှိ ဝန်ထမ်း တစ်ဦးက ”ကလပ်ကိုလာတဲ့သူ တွေက ဆယ်ကျော်သက်ကလေး တွေများတယ်။ ၁၃နှစ်ကနေ ၁၉၊ ၂ဝအရွယ်တွေပဲ လာတာ။ ၂၀ ကျော်နည်းတယ်။ ဆယ်ကျော်သက် ကလေးသာသာဆိုပေမယ့် ကောင် မလေးတွေ ဝတ်တာ လန်ထွက်နေ တာပဲ။ ကျွန်တော်တို့ကလပ်ဆို တက္ကစီအဝင်မခံဘူး။ ကိုယ်ပိုင် ကားနဲ့လာမှရတာဆိုတော့ သူဌေး သား၊ သမီးတွေပဲ လာကြတာ”ဟု ပြောသည်။

နိုက်ကလပ်များကို ည ၁၁ နာရီအထိသာဖွင့်ခွင့်ပေးပြီး သတ် မှတ်ချိန် ထက်ကျော် လွန်ပါက အ ရေးယူမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

မြန်မာမိန်းကလေးနဲ့ တက်တူး မလိုက်ဖက်ဘူးလို့ ဆိုတဲ့ တင်မိုးလွင်


မြန်မာမိန်းကလေးနဲ့ တက်တူး မလိုက်ဖက်ဘူးလို့ ဆိုတဲ့ တင်မိုးလွင်တက်တူး ထိုးတာဟာ တစ်ဦး တစ်ယောက်ချင်း စီရဲ့စိတ်ခံစားချက် ဖြစ်တာကြောင့် ကောင်းသည်၊ ဆိုး သည်ကို မမိုးမပြော လိုပါဘူး။ မမိုး တို့အလုပ်နဲ့ပ တ်သက်ပြီး ပြောရရင် မမိုးက တက်တူးထိုးတာကို အားမ ပေးပါဘူး။ အခြေအနေ အချိန်အ ခါတစ်ခုမှာကြည့်ကောင်းတာရှိပေ မယ့် အခြေအနေ အချိန်အခါပြောင်း သွားရင် တက်တူး ထိုးတာဟာကြည့် မကောင်းတာလည်း ရှိပါတယ်။ လူ မြင်တဲ့နေရာမှာ ထိုးထားတဲ့ တက်တူး က အမြဲတမ်းကြည့်ကောင်းနေတယ် ဆိုတာ ရှားတယ်။ မမိုးရဲ့အမြင်ကို ပြောတာနော်။ လူတိုင်းလည်း တက် တူးကို မခံစားနိုင်ကြဘူး။ ကိုယ့်ခံစား ချက်နဲ့ကိုယ် တက်တူးထိုးတာ ကိုယ့် ရဲ့လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင် မခံစားနိုင်တော့ရင် ဒါဟာ စိတ်ရှုပ် စရာဖြစ်လာနိုင် ပါတယ်။ မြန် မာမိန်းကလေး တစ်ယောက် အနေနဲ့ တက်တူးနဲ့ လိုက်ဖက်တယ်လို့ မမိုး မြင်မိလား ဆိုတော့ ခံစားချက်အရ တော့ သူတို့ခံစားချက်ပေါ့။ အမြင် အရတော့ မြန်မာမိန်းကလေးက တက်တူးနဲ့ အရမ်းကြီး လိုက်တယ်လို့ မမိုးမထင်ဘူး။ ဥပမာ-ဇာအင်္ကျီအ ပါးဝတ်ထားပြီး တက်တူးပေါ်နေရင် ခေတ်စားနေချိန်မှာ မိုက်တယ်။ sexy ဖြစ်တယ်ပေါ့။ ခေတ်မစားရင်တော့ တစ်မျိုးကြီးပဲ။
စိတ်ခံစားမှုနဲ့စပ် လျဉ်းတဲ့ အနုပညာလို့ တက်တူးကို မြင်မယ် ဆိုရင်တော့ နည်းနည်းလေး ကောင်းကောင်း လေးချပြတာ ကောင်းတယ်လို့ မမိုးယုံကြည်တယ်။ တစ်ခါတလေကျရင် အများကြီးနဲ့ မကောင်းတာကို ချပြလိုက်ရင် ကိုယ့် ပိုက်ဆံနဲ့ကိုယ် အသားအနာခံထိုး ထားပြီး လူမကြိုက်ကြ တော့ဘူး။ ဒါ ပေမဲ့လည်း လူကြိုက်ခံ ချင်လို့တက် တူးထိုးတာ မဟုတ်ဘူး။ ကိုယ်ကြိုက် လို့ကိုယ်ထိုးတာ ဆိုရင်လည်း ပြီးတာ ပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လည်း အရင်ခေတ် တုန်းက HIV AIDS တက်တူးထိုးတာက တစ် ဆင့် ကူးစက်တာပါ။ ဒါပေမဲ့ တက် တူးယဉ်ကျေးမှုကခေတ်စားလာ တယ်။ လူတွေလည်းစိတ်ဝင်စား လာတော့ ထိုးတဲ့ဆေးတွေနဲ့အပ် တွေက ခေတ်မီလာတယ်လို့တော့ ကြားပါတယ်။ မမိုးအကြံပေးချင် တာကတော့ သေသေချာချာ အ ဆင့်မြင့်မြင့်နဲ့ Quality ကောင်းတဲ့ တက်တူး ပညာရှင်နဲ့ဆို စိတ်ချရမှာ ပါ။ မိန်းကလေး တစ်ယောက်ရဲ့အ လှကိုရော တက်တူးက ဘယ်လောက် ထိပံ့ပိုးပေးနိုင်လဲ ဆိုတော့ အမှန်တ ကယ်တော့ အနုပညာ ခံစားမှုနဲ့ပတ် သက်တဲ့ကဏ္ဍ တစ်ခုဖြစ်တဲ့ အတွက် ကြောင့် ခံစားတတ်သူသာ ခံစားနိုင် မှာဖြစ်ပါတယ်။ ခံစား တတ်သူကပဲ အရမ်းလှတဲ့ တက်တူးလို့ ပြောမှာပါ။ မခံစားတတ်တဲ့သူတွေ ကတော့ရှုပ် တယ်၊ မအပ်စပ်ဘူးလို့ ပဲထင်မှာပေါ့။
အခုခေတ်ကလည်း တက်တူးကို ကိုယ်တိုင်ခံစားချင်တဲ့ သူနဲ့ အချင်း ချင်းအားပေးတဲ့ သူတွေအားပေးကြ တာပဲ။ တော်တော်များများကတော့ တက်တူးကို သိပ်မခံစား တတ်သေး ဘူး။ အနုပညာရှင် ဆိုတာက အများ ကိုစိတ်ဓာတ်တက်ြွကအောင် စည်း ရုံးလှုံ့ဆော်စေနိုင်တဲ့သူ၊ ပညာပေး မျှဝေပေးနိုင်တဲ့သူ၊ မှန်တဲ့ဘက်က ရပ်ပြီး ရှေ့ကရဲရဲ့ဝံ့ဝံ့ရင်ဆိုင်ပေးနိုင် တဲ့သူလို့ စာအုပ်တွေထဲမှာဖော်ပြ တယ်။ အဲဒီတော့ တကယ်ကိုမှန် ကန်တဲ့လုပ်ရပ်တွေ၊ အကျိုးရှိတဲ့ လုပ်ရပ်တွေကိုလုပ်ပြနိုင်ရင် ပို ကောင်းတာပေါ့။ အနုပညာရှင်တွေ တက်တူးထိုးတာကို အနောက်က လူတွေလိုက်ထိုးလို့ အကျိုးမရှိဘူးလို့ မမိုးဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့် ရဲ့နောက်က လိုက်လုပ်တဲ့ သူရှိရင် တစ်ခါတလေကျရင် လူတိုင်းက ဂုဏ်ယူတတ်ကြပါတယ်။
ဒီတော့ အနုပညာရှင်တွေရှေ့ကသွားရင် နောက်က follower ရှိတယ်ဆို တာကိုကြိုက်ကြတယ်။ ဒါကိုမမိုးက မဝေဖန်လို ပါဘူး။ အပြစ်တစ်ခုအ နေနဲ့မပြောလို ပါဘူး။ ဘာလုပ်လုပ် လိုက်လုပ်မယ့် ပရိသတ်ရှိနေတယ် ဆိုတာရှိတဲ့အတွက် ဘာပဲလုပ်လုပ် အကျိုးအကြောင်း၊ အဆိုးအ ကောင်းလေးတွေ ယှဉ်တွဲပြောပြပြီး လုပ်တာပိုကောင်း ပါတယ်။ မမိုးအ ကြံပေးချင် တာကတော့ တက်တူး ထိုးပြီးသား မိန်းကလေးတွေလည်း ဆက်မထိုးပါနဲ့တော့။ မထိုးရသေး တဲ့မိန်းကလေး တွေလည်း လုံးဝမ ထိုးပါနဲ့လို့ပဲ ပြောချင်ပါတယ်။

အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံသားမဟုတ်သူများ ပါတီထောင်ခွင့်



သြဂုတ်  လ  ၂၆  ရက်နေ့  က  အမျိုးသား လွှတ်တော် အစည်းအဝေးမှာ  နိုင်ငံသား  မဟုတ်သူ  များနိုင်ငံရေး ပါတီ တည်ထောင်ခွင့် ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ကြရာမှာ ကြံ့ခိုင်ရေးပါတီဝင်များ နဲ့  NLD  ပါတီဝင်   ကိုယ်စားလှယ်များ   ဟာ  ထောက်ခံခြင်းမပြုကြပဲတုံတိ ဘာဝေနှာစေးနေခြင်းကိုတွေ့ရပါတယ်။ ဒါကြောင့် ပြည်သူကရွေးချယ် ထားတဲ့နှစ်ပါတီဝင် ကိုယ်စားလှယ်တွေရဲ့ အမျိုးသားအကျိုးစီးပွား ကို အလေးအနက်ထားမှုအပေါ် အကျိုးသက်ရောက်စေတဲ့ ပြယုဂ် တစ်ခုပဲ ဖြစ်ပါတယ်။
    ဒီ အဆို ကို သြဂုတ်လ ၂၃ ရက်နေ့ ကကျင်းပတဲ့ အမျိုးသားလွှတ်တော် မှာယင်းဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ဒီ အဆိုကို တပ်မတော်သား ကိုယ်စားလှယ် အားလုံး နဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အနည်းသာစုတို့ က ထောက်ခံ ခဲ့ကြသော်လည်း NLD ပါတီ က တော့ တစ်ဦး တစ်ယောက်တောင် ထောက်ခံတဲ့ အရိပ်အယောင် မရှိခဲ့ပါဘူး။ဒီ အပြုအမူအပေါ်မှာလည်း အမျိုးသားနိုင်ငံရေးသုံးသပ်သူအချို့က..

“NLD ပါတီ က တစ်ယောက်မှ ထောက်ခံတဲ့ အရိပ်အယောင်တောင် မရှိလို့ စိတ်မကောင်း ဖြစ်မိတယ်။သူတို့ ပြောပြော နေတဲ့ ပြည်သူ့အသံ ကို အလေးထားပါတယ်ဆိုတာ စဉ်းစား စရာ ဖြစ်နေပါတယ်။မိတ္ထီလာ ကိစ္စတွေ ၊ ရခိုင်ကိစ္စတွေ ၊ အခုလက်ရှိ ကန့်ဘလူကိစ္စတွေမှာ NLD နဲ့ ၈၈ တွေအားလုံးငြိမ်နေကြတယ်။ပြီးတော့ ဒီ ဘင်္ဂလီအရေးမှာ ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် NLD ဟာ လုံးဝ  နှုတ်ဆိတ်နေပြီး   ၂ ၀၁၅   မတိုင်ခင်ပြည်သူတွေ  သိခွင့်ရလိုက်တာဟာကံကောင်းခြင်း တစ်ခုလို မှတ်ယူရမယ်”  ဆိုတဲ့သုံးသပ်မှုတွေလဲရှိနေပါတယ်။

        ဒီသုံးသပ်ချက်တွေ အပေါ်မှာရော NLD ပါတီ အနေနဲ့ တစ်စုံတစ်ရာ ဖြေရှင်းခြင်း ၊ ငြင်းချက်မထုတ်ခြင်းဟာ လဲ “တိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်း”ဆိုတဲ့ စကားပုံအရနှိုင်းယှဉ်စဉ်းစား စရာပါ။ ဒီလိုသာ အမျိုးသားအကျိုးစီးပွားကို လစ်လျှူရှုပြီး သမ္မတဖြစ်ရေး အာဏာရရေး ၊ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးသာ ကြိုးပမ်းနေမယ်ဆိုရင်တော့  NLD အနေနဲ့ ပြည်သူလူထု နဲ့ ဝေးကွာသွားမှာ အသေအချာပဲဖြစ်ပါတယ်။
  
 သားရွှေလူ
(၂၇.၈.၂၀၁၃)

မေ.ဆေးနှင်.ထုံဆေး ၏ ဆိုးကျိုးများ




မေ.ဆေးနှင်.ထုံဆေးတို.ကြောင်.ရရှိတတ်သောဘေးထွက်ဆိုးကျိုးများ
ခွဲစိတ်မှုအတွင်း နာကျင်မှုနဲ့ မသက်မသာ ဖြစ်မှုတွေ လျော့ပါးစေဖို့ လူနာတွေကို မေ့ဆေးပေးလေ့ ရှိပါတယ်။ ခွဲစိတ်ချိန်အတွင်း ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာပေါ် မူတည်ပြီး မေ့ဆေး၊ ထုံဆေး အမျိုးအစားကို ရွေးချယ်သုံးလေ့ ရှိကြပါတယ်။ အကြမ်းအားဖြင့် General anesthesia၊ Local anesthesia နဲ့ Regional anesthesia ဆိုပြီး မေ့ဆေး၊ ထုံဆေး အမျိုးအစား သုံးမျိုးရှိပါတယ်။ ဒီမေ့ဆေး ဒါမှမဟုတ် ထုံဆေးတွေကို သုံးရတာကြောင့် လူနာတွေမှာ ယေဘုယျအားဖြင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ရရှိနိုင်ပါတယ်။

လည်ချောင်းနာခြင်း

လည်ချောင်းနာတာက မေ့ဆေးနဲ့ ထုံဆေးသုံးတာကြောင့် အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လည်ချောင်းနာတာက အသေးအမွှား ပြဿနာဖြစ်ပြီး နှစ်ရက်လောက်ပဲ ခံစားရတတ်ပါတယ်။ လည်ချောင်းနာတာ သက်သာစေဖို့ ငုံဆေးပြားတွေကို ငုံလို့ရပါတယ်။

ပျို့ချင်အန်ချင်ဖြစ်ခြင်း

မေ့ဆေးနဲ့ ထုံဆေးတို့ကြောင့် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေက ပျို့ချင်အန်ချင် ဖြစ်တာနဲ့ ပျို့အန်တာတွေပဲ ဖြစ်ကြပါတယ်။ လူအများစုဟာ ခွဲစိတ်ပြီးချိန်မှာ ပျို့ချင်အန်ချင်တဲ့ ဝေဒနာ ရတတ်ပါတယ်။ အဲဒီအချိန်မှာ အန်တာရပ်သွားစေဖို့ ဆရာဝန်တွေက လူနာကို အအန်ပျောက်ဆေး ပေးလေ့ရှိပါတယ်။

ချမ်းတုန်ခြင်း

မေ့ဆေးနဲ့ ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ တချို့လူတွေက ချမ်းတုန်တဲ့ ဝေဒနာရတတ်ပါတယ်။ ခွဲစိတ်မှု ခံယူတာကြောင့် စိတ်ဖိစီးမှုများကာ လူနာတချို့ဟာ ချမ်းတုန်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ လူနာတွေကို စောင်ခြုံပြီး နွေးနွေးထွေးထွေး နေခိုင်းလေ့ရှိပါတယ်။

သွေးပေါင်ကျခြင်း

မေ့ဆေးနဲ့ ထုံဆေးကြောင့် ရရှိနိုင်တဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးကတော့ သွေးပေါင်ကျတာပဲ ဖြစ်ပါတယ်။ မေ့ဆေးပြယ်ပြီး နိုးလာချိန်မှာ ထိုင်လိုက်ရင် လူနာတချို့ဟာ သွေးပေါင်ကျပြီး မူးဝေတတ်ပါတယ်။ သွေးပေါင်ကျတဲ့အတွက် အမြင်ဝေဝါးတတ်ပါတယ်။

မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်း

မေ့ဆေး၊ ထုံဆေးကြောင့် အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးက အိပ်ငိုက်တာနဲ့ သတိလက်လွတ်ဖြစ်ကာ မူးဝေတာမျိုး ဖြစ်တတ်ပါတယ်။ ခွဲစိတ်ပြီး ၁၅ မိနစ်အတွင်းမှာ မှတ်ဉာဏ်ထိခိုက်ပြီး မေ့တာမျိုးလည်း ယာယီ ဖြစ်တတ်ပါတယ်။

ပုံမှန်မဟုတ်သော ဘေးထွက်ဆိုးကျိုး

လူနာအများစုဟာ တစ်ခါတစ်ရံ ဓာတ်မတည့်မှု ဒါမှမဟုတ် ပုံမှန်ဖြစ်နေကျ မဟုတ်တဲ့ မေ့ဆေး၊ ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတတ်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ မေ့ဆေးနဲ့ ထုံဆေးတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မရရှိစေဖို့အတွက် ခွဲစိတ် ဆရာဝန်ကြီး ပါမောက္ခ ဦးအေးမွန်က “မခွဲစိတ်ခင်မှာ ခါးကို Spinal ဆေးထိုးပေးပါတယ်။ အဲဒဆေးထိုးထားတာကြောင့် ခွဲပြီးစ ၈-၁၀ နာရီအတွင်းမှာ ခေါင်းမထောင်ရပါဘူး။ လှဲအိပ်နေရပါတယ်။ ခေါင်းထောင်လိုက်ရင် ခေါင်းကိုက်ရောဂါ စွဲသွားတတ်ပါတယ်။ အဲဒီအချက်ကိုတော့ ဂရုတစိုက် လိုက်နာပေးသင့်ပါတယ်။ နောက်ရက်တွေမှာ Spinal ဆေးပြယ်သွားရင် ခန္ဓာကိုယ်ကို စောင်းပေးတာ၊ ထိုင်ပေးတာ၊ လမ်းလျှောက် ပေးတာတွေကို လုပ်ပေးရင် ပိုကောင်းပါတယ်။ ဒီလိုလှုပ်ရှားမှုလေးတွေ လုပ်ပေးမှ လေမြန်မြန်လည်မှာပါ။ လေလည်မှ အရည် စသောက်လို့ရမှာ ဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဇွန်

တရားမ၀င် သစ်တန် ၂၀ ခန့် ဖမ်းဆီးရမိ


ခိုလမ် ၊ ၂၇-၈-၂၀၁၃

ရှမ်းပြည်နယ် ( တောင်ပိုင်း ) လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့နယ်ခွဲ ၌ မိုးနဲ မြို့နယ် သစ်တော ဦးစီးဌာနမှူး ဦးလှမြင့် နှင့် ခိုလမ် မြို့နယ်ခွဲမှ သစ်တော ၀န်ထမ်းများ ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ခိုလမ် - ကျိုင်းတောင်း ကားလမ်းပေါ် ရှိ လွယ်ဖွီး ကျေးရွာ အနီးတွင် တရားမ၀င် သစ်များ သယ်ဆောင် လာသည့် ယာဉ်အမှတ်မပါ နစ်ဆန်း UD ၁၂ ဘီးယာဉ် တစ်စီးအား သစ်များနှင့် အတူ ပိုင်ရှင်မဲ့ သိမ်းဆည်း ရရှိခဲ့ပြီး ယာဉ်ပေါ်တွင် တရားမ၀င် ပိတောက်သစ် စကွဲယားတုံး ၅၂ တုံး ( ၁၉ ဒသမ ၀၄၅ တန် ) ၊ ကျွန်း တံခါးရွက် ၅၆ ချပ် အား သိမ်းဆည်း ရမိခဲ့ပြီး နစ်ဆန်း UD သစ်တင်ကား မှာ စက်ချို့ယွင်း နေသဖြင့် ဖမ်းဆီး ရမိ သစ်များအား ထော်လာဂျီ ယာဉ်ဖြင့် ခိုလမ် မြို့နယ်ခွဲ သစ်တောဝင်း အတွင်းသို့ သယ်ယူ ထားရှိပြီး ဖမ်းဆီး ရမိ သစ်နှင့် ယာဉ်အား ခိုလမ်မြို့နယ်ခွဲ ရဲစခန်း မှ တရား ဥပဒေအရ အရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ရမှာ နေရာအတွက်လားဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ်ဘူး


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ကိုလူချော အဖွဲ့မှ ဆန္ဒထုတ်ဖော်သွားမည်ဟူသော သတင်းများ နှင့်ပတ်သက်၍ ကိုလူချောအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က

''ကိုလူချောအဖွဲ့ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့သတင်း တွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘာကိုမကျေ နပ်လို့ ဆန္ဒပြရမှာလဲ။ ဆန္ဒပြတယ်ဆိုတာက သူတို့ မှာမရှိတဲ့နေရာတစ်ခုကိုလိုချင်လို့ဆန္ဒပြကြတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ကိုလူချောအဖွဲ့ ဆန္ဒ ပြမယ်ဆိုပြီးလျှောက်ဖွနေတာ ဘယ်သူလဲဆိုတာလဲ ကျွန်တော်တို့သိပါတယ်။ သူတို့ပြောသလိုမျိုး ကိုလူချော အဖွဲ့ဆန္ဒထုတ်ဖော်ရအောင် ကိုလူချောအဖွဲ့က ဘယ် အတွက် ဆန္ဒထုတ်ဖော်ရမှာလဲ၊ နေရာအတွက်လား၊ နေရာအတွက်ဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ်ဘူးလို့ ထင်တယ်။ ကျွန်တော်တို့မှာ ရသင့်ရ ထိုက်တဲ့ နေရာတစ်ခုက ရှိနေပြီးသား။ ဘယ်နေရာကို ရမှဆိုတဲ့စိတ် ကိုလူချောအဖွဲ့မှာမရှိဘူး။ ကိုလူချော အဖွဲ့ဆိုတာက ရုပ်ရှင်သရုပ်ဆောင်လူကြမ်းတွေစုပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ လေ။ ကိုလူချောအဖွဲ့က လူကြမ်းတွေကြီးပဲ ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် စိတ်ဓာတ်တွေက တော့ အောက်တန်းမကျဘူးဆိုတာကို သိစေချင်တယ်။ ကိုလူချောအဖွဲ့ကလူတွေ ဘယ်သူမှ စိတ်ဓာတ်အောက် တန်းမကျဘူးဆိုတာကို ကျွန်တော်လုံးဝ အာမခံရဲပါ တယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပြိုကွဲအောင် လုပ်နေတဲ့သူတွေ ပျက်စီးစေချင်တဲ့ ဆန္ဒရှိနေကြတဲ့ သူတွေကို အနုပညာရှင်အစစ်အမှန်တွေက ဒီအ တိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ အဲဒီလို အနုပညာ ရှင်အစစ်အမှန်ထဲမှာလဲ စီးပွားရေးသမားတွေ မပါ ပါဘူး''

Yangon Media Group

အရိုက်ခံချင်လွန်းသော ကိုကိုချစ်၊ မမချစ်များ


ရေးသားသူ- ဘစီ

သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက အထင်ကရဆရာအချို့ကွယ်လွန်သွားကြတယ်မို့လား။ ရက်စက်လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီးတစ်ယောက်လိုက်သွား ကြရရှာတယ်။

“ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန်တုန်းက ဆရာတင်မိုးက ၀မ်းနည်းမှတ်တမ်းရေးပါသေးသကော။ သွေးထွက်အောင်မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ရက်စက်သွားမှန်းမသိတဲ့ သြဂုတ်လကြီးထဲမှာ သေမင်းက ကျုပ်တို့ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။
ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊
အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။

ဘာပဲပြောပြော မုန်းသူတွေကို ကျုပ်တို့ ဆက်မုန်းနေရဦးမှာပေါ့ဗျာ။ အသက်တိုကြရှာတဲ့ ချစ်ရသော သူများအတွက်တော့ လွမ်းတေးကို
ဆက်၍ သီကုံးရပေဦးမပေါ့။ ပြည်သူအားလုံး လွမ်းမဆုံးရှိနေကြမယ်ဆိုတာလည်း ကျုပ်ယုံတယ်။ ကျုပ်မောင်ဘစီအဖို့ ကြေကွဲစွာ
နောက်ဆုံးလိုက်ပါပို့ဆောင်ခဲ့တာကတော့ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးပဲဖြစ်သဗျ။

နေပြည်တော်အမြန်လမ်းကို သက်စွန့်ဆံဖျားဖြတ်သန်းခဲ့ပြီး သကာလပျဉ်းမနားက ဗိုလ်ချုပ်ကြီးများရဲ့ အိမ်နားကဖြတ်ပြီး ရှမ်းတောင်တန်းကို တက်ခဲ့တာပေါ့ဗျာ။ ဆရာကြီးဟာ သူနေချင်တဲ့၊ ပျော်ချင်တဲ့ မဲဇာကျေးလက်မှာပဲ ခေါင်းချသွားတာကိုး။ မြို့ကြီးပြကြီးက ဆရာကြီးကို ချစ်လှပါ တယ်ဆိုသူတွေလည်း ခရီးလမ်းပန်းအခက်အခဲကြောင့် မဲဇာအောင်ပန်းဆီ အရောက်မလှမ်းနိုင်ကြဘူးထင်တယ်ခင်ဗျ။

အောင်ပန်းက ဆရာကြီးနေ အိမ်ရှေ့ကိုရောက်တော့ ခေါင်းပေါင်းတွေနဲ့၊ ပလိုင်းကလေးတွေ ပခုံးမှာသိုင်းထားတဲ့ ဒေသခံတိုင်းရင်းသားတွေသာ စုရုံးနေတာပေါ့။ရိုးရိုးသားသားမျက်နှာကလေးတွေနဲ့ဗျာ။ ရန်ကုန်တို့၊ မန္တလေးတို့က ရောက်လာကြတဲ့ ဧည့်သည်တော်များရဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ ကင်မရာမီးတဖျပ်ဖျပ်အကြားမှာ မနေတတ်၊ မထိုင်တတ်ဖြစ်နေပုံပဲဗျ။

ဒေသခံတွေကသာ အနေရခက်နေတာမောင်။ ဆရာကြီးရဲ့ နောက်ဆုံးခရီးကို တစ်ခေါက်တစ်ခါအရောက်လာကြတဲ့ မြို့ပြကနိုင်ငံရေး တက်ကြလှုပ်ရှားသူအချို့ (သူတို့ထဲမှာ ဆရာကြီး အသက်ထင်ရှားရှိစဉ်တုန်းက တစ်ခေါက်တစ်ကျင်းတောင်မှ အရောက်အပေါက်မရှိသူတွေ၊ ဆရာရေးတဲ့စာတွေ မဖတ်ဖူးတဲ့သူတွေ၊ နာမည်ကိုတောင်မှ မှန်အောင်မရေးတတ်တဲ့သူတွေပါသဗျ)ကတော့ အုပ်စုဖွဲ့ပြီးတော့ လမ်းမပေါ်မှာ ဖြန့်ခင်းထားတဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေအကြားမှာ..။ နံရံမှာ ချိတ်ထားတဲ့ ဆရာဒဂုန်တာရာရဲ့ ပုံတူပန်းချီကားအမျိုးမျိုးကိုနောက်ခံထား ပြီးဓာတ်ပုံတွေ အရိုက်ခံနေလိုက်ကြတာကလား။
အသုဘလား၊ မင်္ဂလာဆောင်လား၊ နိုင်ငံရေးအခမ်းအနားလား ဝေခွဲမရ အမှတ်မှားနေကြပုံရပါရဲ့။ ပြုံးလိုက်ကြ၊ ရယ်လိုက်ကြနဲ့ပါဗျာတို့ရဲ့။ တစ်ယောက် ပခုံးတစ်ယောက်ဖက်ပြီး ဓာတ်ပုံတဖျပ်ဖျပ်ရိုက်လို့ပါခင်ဗျ။ အောင်မယ်။ ဒါတင်ကရိုးလားဗျာ။ ဆရာကြီးရဲ့ ရုပ်အလောင်းကို သူထမ်းမယ်၊ ငါထမ်းမယ်ဆိုသူတွေကလည်း ဆိုကြရဲ့။ အများပြည်သူဂါရ၀ပြုဖို့ ရာ ဘောလုံးကွင်းထဲကို ယူဆောင်သွားမယ်လို့ အဆိုတင် သူကတင်ရဲ့။ အလံလွှမ်းပြီး သဂြုဟ်မယ်ဆို သူကဆိုရဲ့။ အနှီလို အဝေမတည့်ဖြစ်ကြတဲ့အခါ သူတစ်မင်းငါတစ် လူငြူငြူစူစူတွေ ဖြစ်ကုန်သဗျ။

သို့ကလို အဝေမတည့်ဖြစ်နေတုန်းမှာ ရန်ကုန်ကအချိန်မီ ရောက်တော်မူလာတဲ့ အဖွဲ့အစည်းဆိုလား၊ ကွန်ရက်ဆိုလား အသင်းအပင်းများ ကလည်း မသိသားဆိုးရွားစွာ သူတို့လည်း အလောင်းကို ထမ်းပါရစေလို့ ဆိုလာပြန်ရော။ အိမ်အပေါ်ထပ်က ပြင်ဆင်ထားတဲ့ခုတင်ပေါ်မှာ ထာဝရအိပ်စက်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆိုကြီးကတော့ သူ့ဈာပနကို အကြောင်းပြုပြီး အိမ်အပြင်မှာ မငြိမ်းမချမ်းဖြစ်နေတာကို သိမှာမဟုတ်ဘူးပေါ့ဗျာ။ သြော် ဆရာကြီးရေ.. ဆရာကြီး ကို ချစ်ပါတယ်ဆိုသူများ ဖြစ်ပျက်နေပုံကိုထပြီး ကြည့်ပါဦး၊ မြင်ပါဦး၊ ဆိုဆုံးမပါဦးလို့ ကျုပ်မှာ အော်ချင်စိတ်တွေ တဖျင်းဖျင်း ဖြစ်မိသဗျ။


ဘောလုံးကွင်းထဲယူပြီး သကာလအများပြည်သူ အသုဘရှု၊ ဂါရ၀ပြုခွင့်ပေးရမယ်ဆိုသူကတော့ နေရာမှားရောက်လာတာလား။ အခြေအနေမှန်ကို မရိပ်မိတာလား မသိပေါင်ဗျာ။ အောင်ပန်းလို မြို့ကလေးကျဉ်းကျဉ်းမှာ အခု ဆရာကြီးအိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေဟာ မြို့မှာရှိတဲ့ လူအကုန်လောက်နီးပါးရှိတယ်ဆိုတာ ရိပ်မိပုံရရဲ့လား မပြောတတ်ဘူးဗျာ။ အင်း မရိပ်မိဆိုလည်း အပြစ်မ တင်ပါဘူး။ သူတို့က အမေရိကားက လာကြတာကိုးခင်ဗျ။

နောက်ဆုံးတော့ ဆရာကြီးရဲ့ ခေါင်းတလားကို အိမ်ရှေ့လူမြင်ကွင်းမှာ နေရာရွှေ့ပြီး ပြင်ပေးထားလိုက်ပါတယ်။ ဒီတော့မှ အသုဘရှုလာကြတဲ့ ပရိသတ်နဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံတွေရိုက်ရတာပေါ့ဗျာ။ ဒီမှာကျုပ်ပြောချင်တာ ရောက်လာပြီဗျ။ အနှီလို ဓာတ်ပုံတွေရိုက်ကြတဲ့
အခါ အခုနနိုင်ငံရေးတက်ကြွ လှုပ်ရှားအဖွဲ့အစည်းအချို့က သကောင့်သား၊ သကောင့်သမီးများရဲ့ ဖြစ်ပုံပါ။
ကျုပ်လည်း အိတ်ထဲက ကင်မရာအစုတ်ကလေးကိုထုတ်၊ ဆရာကြီးကို အမှတ်တရဓာတ်ပုံ ရိုက်မယ် လုပ်တာပေါ့ခင်ဗျာ။ ဆရာကြီးရဲ့တူ၊ တူမ၊ မြေးများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ရာဇာနေ၀င်းတို့၊ အဆိုတော်ဟေမာနေ၀င်းတို့ကလည်း သူတို့အဘိုးလေး ဈာပနမှာ ရှိနေကြတော့ ခေါင်းတလားကို လူမြင်ကွင်းမှာ ထားတဲ့အခါ သူတို့လည်း ရှိနေတာပေါ့။ ဒီမှာတင် တက်ကြလှုပ်ရှားနိုင်ငံရေးသမားအချို့ဟာ ဓာတ်ပုံကင် မရာချိန်တဲ့နေရာမှာ အခန့်သားလိုက်ပြီး နေရာရွှေ့ရပ်နေတာဗျ။ အချို့တက်ကြွလှုပ်ရှားသမီးပျိုကလေးများက ရာဇာနေ၀င်း နောက်မှာ မသိမသာကလေးရပ်လို့။

အသုဘဆိုတော့လည်း ဣနြေသိပ်ပျက်လို့မရတော့ ဒိုင်လျှိုကလေးပေါ့ဗျာ။ ကျုပ်ကလည်း ကင်မရာမှန်ဘီလူးကြားက သူတို့ဖြစ်နေပုံကိုကြည့်ပြီး မပြုံးဘဲ ၀ါးလုံးကွဲရယ်ချင်လိုက်တာဗျာ။ နောက်တစ်ခါတက်ကြွလှုပ်ရှားသူအချို့ကျပြန်တော့လည်း ဆရာကြီးရဲ့ခေါင်းတလားကို ဓာတ်ပုံရိုက်ရာ မှာ ဘေးမှာနေလိုက်၊ ထိပ်မှာနေလိုက်နဲ့ သတင်းသမားတွေရဲ့ ဓာတ်ပုံထဲပါအောင် လုပ်နေကြတာပြောပါတယ်။

ဓာတ်ပုံသမားတွေက ဆရာကြီးရဲ့ ညာဘက်ကနေရိုက်နေရင် သူတို့ကဘယ်ဘက်ကို ရောက်သွားတယ်။ တစ်ခါဓာတ်ပုံသမားတွေက ခြေရင်းဘက်ရောက်ရင် သူတို့က ခေါင်းရင်းဘက်ရောက်သွားတယ်။ ဆရာကြီးအလောင်းစင်နားမှာ ၀ိုင်းကြီးပတ်လည်လှည့်ပြီး ဓာတ်ပုံထဲမှာ ပါဖို့ရာ အားထုတ်နေကြတာ ရုပ်ပျက်ဆင်းပျက်ဗျာ။ ခက်ရချည်ရဲ့။

ကျုပ်မှာ အသုဘမှာ အနှီလိုရှုခင်းမျိုးကို မြင်နေတော့ ၀မ်းနည်းရမလား၊ ၀မ်းသာရမလား မိသိန်းကြည်ဆိုသလို ဖြစ်နေတာပေါ့ဗျာ။ ငို၍ ရယ်၍မရသော မျက်နှာနဲ့ပေါ့ဗျာ။ ဒီကြားတဲ့ အသုဘပို့မယ်ဆိုတော့ လွမ်းသူ့ပန်းခြင်းကို နာမည်ကြီးတွေရဲ့ လွမ်းသူ့ပန်းခြင်းမှ ရွေးကိုင်ကြတဲ့ တက်ကြလှုပ်ရှား လူငယ်အချို့ကလည်း ရောဂါတစ်မျိုးထနေပြန်သဗျ။ မိမိတို့ အဖွဲ့အစည်းရဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေကို ဓာတ်ပုံ သတင်းထောက်တွေ၊ ရုပ်သံသတင်းထောက်တွေမြင်အောင်မြှောက်ပြတာတစ်မျိုး၊ သုသာန်သို့ သွားရာလမ်းမှာ အုပ်စုလိုက်ဓာတ်ပုံ အရိုက်ခံတာတစ်မျိုးနဲ့ ပျော်ပွဲစားထွက်လာသလိုလို..။

မင်းသား ရာဇာနေ၀င်းကတော့ ဆရာကြီးဒဂုန်တာရာရဲ့ ပုံတူပန်းချီကားကြီးကို တစ်ဖက်တစ်ချက်ကကိုင်ပြီး လိုက်သဗျ။ သူကမင်းသားဆိုတော့ သတင်းဓာတ်ပုံသမားတွေကလည်း ဓာတ်ကျတာပေါ့ဗျာ။ ဒေသခံတွေကလည်း အိမ်ရှေ့ထွက်ကြည့်သူကြည့်ပေါ့ဗျာ။ ဘာမှမဆန်းဘူး။
ဆန်းတာက သူ့အနားမှာနေရင် သတင်းဓာတ်ပုံထဲမှာ မလွဲမသွေပါမှာပဲဆိုတာ ရွှေဉာဏ်တော်စူးရောက်စွာ သဘောပေါက်ကြတဲ့ ကိုကိုချစ်များ ကလည်းတမှောင့်။ ရာဇာနေ၀င်းအနားက တစ်ဖ၀ါးမှမခွာ။ ငါသည်လည်း ခေသူမဟုတ်ဆိုတဲ့ လုပ်ပေါက်တွေနဲ့ခင်ဗျ။

အဲ နိုင်ငံရေးလှုပ်ရှားတဲ့သူများဆိုလားပဲ။ အနှီခါတော်မီလှုပ်ရှားတက်ကြွသူများကလည်း တမှောင့်ခင်ဗျ။ သူတို့ခင်ဗျာ မြို့ကြီးပြကြီးက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေလို လူအများအာရုံစိုက်တာပဲ မခံရလို့လား။ သို့တည်းမဟုတ် မြို့ပြမှာနိုင်ငံရေးလုပ်ကွက်မရကြရှာလို့ပဲလား မသိပါဘူး။

အသုဘ ယာဉ်တန်းလည်း ထွက်ကရော သူတို့ကလည်း ကားပေါ်ကနေ အုပ်စုလိုက်လက်သီးလက်မောင်းတန်းကြလေရဲ့။ ပြီးတော့ “ဒီမိုကရေစီရရှိရေး.. ဒို့ အရေး”လို့ အော်ကြပါရောဗျာ။ ကျုပ်တို့မယ် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဒေသခံတွေကလည်း ပါးစပ်အဟောင်းသားနဲ့ ငေါင်လို့။ အောင်ပန်းမြို့ကလေးမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေချိန်နဲ့ ဆရာကြီးအသုဘကြုံကြိုက်တိုက်ဆိုင်နေ လို့လားပေါ့။ ပြီးမှမဟုတ်ဘူး သိရသဗျ။ ခွကျတယ်ဆိုတာ အဲဒါပြောတာ။

အသုဘရှုသူတွေ၊ မိသားစုဝင်တွေကတော့ ကိုယ့်အပူနဲ့ကိုယ်ပေါ့ခင်ဗျာ။ ဘယ်မှာဒါတွေလိုက်ကြည့်နေနိုင်ပါမလဲ။ ကျုပ်ကတော့ နဂိုကမှ ဒါမျိုးစပ်စပ်စုစုဆို တော့ကာ ဟိုကြည့်ဒီကြည့်မို့ မြင် မိကြားမိတာပါ။ အခြားသော အသုဘပို့လာကြတဲ့ ဧည့်သည်တော်များလည်း စိတ်မသက်မသာဖြစ်ရတာပေါ့ခင်ဗျ။ ဆရာကြီးအသုဘနဲ့ ဒီမိုကရေစီရရှိရေး ဆန္ဒပြတာနဲ့ ဘာဆိုင်တုံးဗျာ။ နောက်ဆုံးတော့ သူတို့ကလည်း သတင်းသမားတွေ၊ ပရိသတ်တွေရဲ့ အာရုံစိုက်မှုရရှိအောင်လုပ်တာပဲလို့ ကျုပ်ထင်သဗျ။ အဲသလိုဆိုရင်လည်း ငြိမ်းချမ်းရေးစာဆိုကြီးရဲ့ နောက်ဆုံးခရီးမှာ သူဘ၀တစ်လျှောက်လုံး တောင်းဆိုသွားတဲ့ ငြိမ်းချမ်းရေးကို ကျုပ်တို့ ရွှေပြည်ကြီးမှာ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံကလေးဆိုရင် နည်းနည်းများလိုက်ဖက်ညီမလားလို့။ ခုတော့ နေရာမှားလာကြပုံပါပဲဗျာတို့။

ကျုပ်တော့ ဆရာကြီးရဲ့ ဈာပနမှာ အနှီလိုသော ရောဂါကြီးကြရှာတဲ့ လူပုဂ္ဂိုလ်အကြီးအငယ်၊ မောင်မယ်သစ်လွင်များကို ကြည့်ပြီးသကာလ တရားကျမိပါရဲ့။ ဆရာကြီးအသက်ထင်ရှားရှိစဉ်ကတော့ ချဉ်းကပ်မေးမြန်း၊ သူရေးတဲ့စာပေတွေလေ့လာ မလုပ်ကြဘဲနဲ့ ကွယ်လွန်ခါမှ အသုဘ မှာ နိုင်ငံရေးအမြတ်ထုတ်ခါ ချစ်ပြလာကြတဲ့ တက်ကြွလှုပ်ရှား ကိုကိုချစ်၊ မမချစ်များကို ဆလံပေးပါတယ်ဗျာ။

စာပေဖခင်ကြီး၊ ကဗျာဖခင်ကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးလို့ တ စီစီကြွေးကြော်နေကြပေသိ ဆရာ ကြီးဈာပနကိစ္စနဲ့ ပတ်သက်ပြီး တုတ်တုတ်မျှ မလှုပ်ကြတဲ့ အဖွဲ့ အစည်းတွေလည်းရှိသဗျ။ အစကတော့ သူတို့ပဲ ချစ်လှပါချည်ရဲ့၊ လေးစားလှပါချည်ရဲ့ ပြောခဲ့ကြ တာ။ အနှီလူကြီးများကလည်း မသိမသာ ခပ်ခွာခွာကလေးဗျ။ ဦးဦးချစ်၊ ဒေါ်ဒေါ်ချစ်တွေပေါ့လေ။ သူတို့နဲ့စာရင် ဈာပနနေ့ တုန်းက ဓာတ်ပုံအရိုက်ခံချင်ကြ လို့ ဆရာ့ခေါင်းတလားကို ပတ်လည်လှည့်နေတဲ့ ကိုကိုချစ်၊ မမချစ်တို့ကမှ တော်သေး။

ငြိမ်းချမ်းရေး စာဆိုကြီးအပါအ၀င် ဒီသြဂုတ်လထဲမှာ ကြွေလွင့်သွားတဲ့ ဆရာသမားများအားလုံး နောင်ဘ၀ဆက်တိုင်းမှာ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ မတွေ့ပါစေနဲ့ လို့ ကျုပ်တို့ ဆုတောင်းပေးလိုက်ကြရအောင်လားဗျ။ ကျုပ်တို့ အသက်ရှင်ကျန်ခဲ့သူတွေကတော့ ဒီလူတွေနဲ့ ဒီခေတ်ကြီးမှာ ဒီမိုး၊ ဒီလေတွေကို ဖြတ်သန်းရဦးမှာပါ။ ငို၍ ရယ်၍မရသော မျက်နှာတွေနဲ့ပေါ့ခင်ဗျာ။(ဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏
အာဘော်သာဖြစ်ပါသည်)

7 Day News

အရက်ကြောင့် စိတ်ရောဂါ ဖြစ်ပွားနှုန်း ထိပ်ဆုံးတွင်ရှိနေ



စိတ်ကျန်း မာရေးဆေးရုံသို့ ရောက်ရှိလာ သောလူနာများတွင် အရက်ကြောင့် ဖြစ်ပွားမှုနှုန...်းမှာ လွန်ခဲ့သောသုံး နှစ်တာကာလအတွင်းမှစ၍ ထိပ် ဆုံးနံပါတ်တစ်နေရာတွင် ရောက် ရှိနေကြောင်း သိရသည်။

''ဆေးရုံကိုရောက်လာကြ တဲ့အထဲမှာ အရက်နဲ့မူးယစ်ဆေး ဝါးသုံးစွဲမှုရယ်၊ ဦးနှောက်အမြှေး ပါးရောဂါကြောင့်ရယ်၊ ကလေး မွေးတဲ့အခါ ဦးနှောက်ထိခိုက်သွား တာတို့ကြောင့်လဲ ဖြစ်နိုင်သလို စိတ်ခံစားချက်ကြောင့် ဖြစ်သွား တာကြောင့်လဲ စိတ်ရောဂါဖြစ် သွားကြတာပဲ။ အဲဒီလိုဖြစ်လာ တဲ့အများစုမှာ အရက်ကြောင့် ပိုဖြစ်ကြတာများတယ်။ အရက် ကြောင့်ဖြစ်တာက ထိပ်ဆုံးရောက် နေပါတယ်''ဟု စိတ်ကျန်းမာရေး ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်စိုးကပြောသည်။

စိတ်ရောဂါဖြစ်ပွားနှုန်းမှာ လွန်ခဲ့သည့်ငါးနှစ်မှစတင်ကာ တစ်နှစ်ထက်တစ်နှစ်မြင့်မားလာ နေပြီး နေ့စဉ် ဆေးရုံတွင်ရှိနေ သော အတွင်းလူနာမှာ ၁၁၇၂ ဦးထက်လျော့နည်းသွားခြင်းမျိုး မရှိကြောင်း စိတ်ကျန်းမာရေး ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်စိုးက ပြောကြားလိုက် သည်။

စိတ်ကျန်းမာရေးဆေးရုံ သို့တက်ရောက်သူလူနာများမှာ ၂၀၀၉ ခုနှစ်တွင် ၆၀၆၀ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၆၃၇၆ ဦး၊ ၂၀၁၁ ခုနှစ် တွင်မှာ ၇၄၆၂ ဦး၊ ၂၀၁၂ ခုနှစ် မှာ ၈၇၇၂ ဦး၊ ယခုနှစ်တွင်မူ လေး လတာ ကာလအတွင်း ၃၀၀၀ ကျော် ခန့်ရှိနေပြီဖြစ်ရာ တစ်နှစ် တာကာလတွက်ချက်ကြည့်လျှင်အကြမ်းဖျင်းအားဖြင့် ၉၀၀၀ ကျော် ခန့်ရှိနိုင်မည်ဖြစ်ရာ ယခင်နှစ်ထက် ပိုမိုများပြားနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

ယင်းကဲ့သို့ စိတ်ရောဂါဖြစ် ပွားနှုန်းသည် တစ်နှစ်ထက် တစ် နှစ် ပိုမိုများပြားလာရခြင်းမှာ အ ရက်ကြောင့် အများဆုံးဖြစ်နေ ကြောင်း ပြောကြားခဲ့သည်။

အရက်အလွန်အကျွံသောက် သုံးမှုကြောင့် စိတ်ဖောက်ပြန်မှုရော ဂါများကိုခံစားရသူများမှာ ပိုမို များပြားနေပြီး စိတ်ဖောက်ပြန် ရခြင်း၏ နံပါတ်တစ်အဆင့်တွင် အရက်မှာရပ်တည်နေကြောင်း သိရသည်။

''အတွင်းလူနာတွေ တစ်နေ့ ထက်တစ်နေ့များလာတာ ပြန် ကြည့်လိုက်တော့ အရက်သောက် သုံးမှုကြောင့် စိတ်ဖောက်ပြန်မှု ရောဂါတွေရလာတာ နံပါတ်တစ် ထိပ်ဆုံးက တက်လာတာတွေ့ရ တယ်။ ပြီးခဲ့တဲ့ သုံးနှစ်တောက် လျှောက် ထိပ်ဆုံးနံပါတ်တစ်နေ ရာမှာဖြစ်နေတာ အရက်ကြောင့် ပါပဲ''ဟု ဆေးရုံအုပ်ကြီးက ဆက် လက်ပြောကြားခဲ့သည်။

ထိုသို့ အရက်ကြောင့် စိတ် ကျန်းမာရေးဆေးရုံသို့ရောက်လာ ကြသူများထဲတွင် အနီးနားဝန်း ကျင်မှရောက်လာကြသူများရှိ သကဲ့သို့ မြန်မာနိုင်ငံတစ်ပြည်လုံး အတိုင်းအတာမှ လာရောက်ကု သကြသူများလည်းရှိကာ ယင်း တို့အထဲတွင် အမျိုးသမီးများပါ ပါဝင်ကြောင်း သိရသည်။

ဇင်မျိုးထက်၊ သြဂုတ်(၂၀)၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ဘဝရှင်သန်မှုနဲ့ ဂီတအကြောင်း ထက်ထက် (Bobby Soxer) သုံး သ ပ် ချ က်



ဟစ်ဟော့ပ်ဂီတလောကမှာ ပရိ သတ် တွေရဲ့အားပေးမှုကို ရရှိထားသူ ဟစ်ဟော့ပ် အဆိုရှင်ကတော့ ထက်ထက် (Bobby Soxer) ပဲဖြစ်ပါတယ်။ ဘယ်ဂီတ မဆို သူ့ လွတ်လပ်မှုနဲ့သူ ရှိပါတယ်လို့ ပြောလာတဲ့ ထက်ထက် Bobby Soxer ကို ဟစ်ဟော့ပ်ဂီတတွင်ကျယ်လာမှုနဲ့ ပတ်သက် ပြီး ဘယ်လို သုံးသပ်လဲလို့ မေးကြည့်တော့ “ဟစ်ဟော့ပ် ဂီတဆိုတာများ လာတဲ့အပေါ် ပြောရင် ထက်ထက်တို့ Underground မှာ သီချင်းစဆို ကတည်းက ဟစ်ဟော့ပ်ကဆိုရတာ လွယ်တယ်ပေါ့နော်။

လွယ်တယ်ဆိုတာ ထက်ထက် အထင် ဟစ်ဟော့ပ်ဂီတက ဆော့ဝဲလ်နဲ့ သီချင်းကို ဖန်တီးရတာပေါ့နော်။ အဲလိုကျတော့ သီချင်းဖန်တီး သူတွေဘက်က သူတို့အတွက် တီးလုံးတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရှာနိုင်တယ်။ အဲဒီလိုရွေးရဆိုရ ခပ်လွယ်လွယ်နဲ့ လုပ်လို့ရတာ ပေါ့။ အဲဒါမျိုးလေးတွေကြောင့် အလွယ်တကူနဲ့ ကိုယ်ဝါသနာပါ တဲ့ မြူးဇစ်ကို လက်ဆင့်ကမ်းလို့ရတဲ့ အနေအထားပေါ့။ လွယ်ကူတယ်လို့တော့ အားလုံး ပြောမရဘူး။ band တစ်ခုနဲ့ သီချင်းတစ်ပုဒ်လုံးလုပ်ရတာ ထက်စာရင်ဆော့ ဝဲလ်ပိုင်းဖြစ်တဲ့ အတွက်ပါ။

ရော့ခ်သီချင်းဆိုရင် ဒီသီချင်းတစ်ပုဒ်လုံးကို အကြမ်းနားထောင် ကြည့်မယ် ဆိုရင် ဒီသီချင်းထဲမှာ ပါတဲ့အစိတ်အပိုင်းတွေက အများကြီးပဲ။ ဟစ်ဟော့ပ်ကျတော့ အဓိကမြူးပြီး၊ စာသားပဲ။ ဆော့ဝဲလ်နဲ့ လုပ်တဲ့အတွက် သီချင်းအကြမ်းတစ်ခုဖြစ်ဖို့ လွယ်တယ်။ ဒါကြောင့်ဆိုတဲ့ လူတွေ ပိုများ လာတယ်” လို့ ပြောပြခဲ့ပါတယ်။

လူတစ်ယောက် အသက်ရှင်နေ ထိုင်မှုပေါ်မှာ ဂီတပုံစံတစ်ခုက ဘယ် လောက် ထိ သက်ရောက်မှုရှိလဲလို့ မေး ကြည့်တော့ “ဂီတပုံစံတစ်ခုနဲ့ လူတစ် ယောက်ရဲ့ ရှင်သန်ေ နထိုင်မှုရဲ့ ပတ်သက်ချက်ကတော့ အကြီးကြီးတော့ ဆက်စပ်မနေပါဘူးလို့ ထင်ပါတယ်။ ဘဝရှင်သန်မှုနဲ့ ဂီတဟာ တိုက်ရိုက်တော့ ဆက်စပ်မယ်မထင်ပါဘူး။ ထက်ထက် နားလည်သလောက် ပြောရင်တော့ လူတွေရဲ့ စားဝတ်နေရေး နဲ့ပတ်သက်လို့ရုန်းကန်လှုပ်ရှားရင်း မောပန်းနေရင် တော့ ဆေးလေးတစ်ခုလို့ပဲမြင်တယ်” လို့ ပြောပြ ခဲ့ပါတယ်။

ဟစ်ဟော့ပ်ဂီတစာသားတချို့က လူငယ် လူထုပရိ သတ်တွေကြား မှာ ခေတ်စား ပြောဆိုသုံးနှုန်း ကြတယ်။ ဒါကြောင့် ဂီတဖန်တီးမှုတစ်ခုမှာ သံစဉ်နဲ့စာသားအရေးပါပုံ၊ ကွာခြားမှုကို ထက်ထက်ဘယ် လိုနားလည်ပါသလဲလို့ မေး ကြည့်တော့..

“သီချင်းတစ်ပုဒ် ပရိသတ်ကြားမှာ အောင်မြင်ဖို့ ပါးစပ်စွဲဖို့ ဘာတွေလိုအပ်လဲဆိုရင် အဓိကကတော့ သီချင်းတစ်ပုဒ်ဆိုမယ်ဆိုရင် စဉ်းစားရတယ်။ ပရိသတ်ကြား မှာ ပေါက်အောင် ဆိုရင်ဘယ်လိုအသုံး အနှုန်းတွေသုံးမလဲ။ ဘယ် လို အကြောင်းအရာကို သုံးမလဲ။ ဘယ်လို ပါးစပ်စွဲလွယ်တာတွေ သုံးမလဲ ဒါ အမြူးမှာ အကြမ်းဖျဉ်ြးေ ပာပြတာပါ။ အချစ်သီချင်း ဆိုရင်လည်း များသောအားဖြင့် လူတွေနဲ့ တိုက်ဆိုင်တဲ့အချစ်ပုံစံမျိုး ပိုစဉ်းစားဖြစ် တယ်။ ကျန်တဲ့ စာသား၊တီးလုံးအရေး ကြီးတယ်။ လိုအပ် တယ်။ စာသားနဲ့ သံ စဉ်နှစ်ခုလုံး အာပေါက်နေတဲ့ သီချင်း တစ်ပုဒ်ထွက်မှာ အရေးကြီးပြီး လိုအပ် တာမဟုတ်ပါဘူး။ သီချင်း တစ်ပုဒ်လုပ် ပြီဆိုရင် သံစဉ်ရော၊ စာသားရော အရေးကြီးတယ်။ သူ့ဟာနဲ့ သူရှိ တယ်။ သံစဉ်မကောင်းဘဲနဲ့ စာသားဘယ် လောက်ကောင်းကောင်းလူတွေ နှုတ်ဖျားမှာစွဲမှာမဟုတ်ဘူး။ သံစဉ် လှလှလေးတစ်ခုနဲ့ အဓိ ပ္ပာယ် မရှိတဲ့ ပေါပေါပဲပဲ စာသားသုံး မယ် ဆိုရင်လည်းလူတွေ လက်ခံမှာ မဟုတ် ဘူး။နှစ်ခုလုံး ညီမျှအောင် သုံးရင်ပရိသတ် တွေပိုပြီး လက် ခံမှာပါ” လို့ ပြော ပြခဲ့ပါတယ်။

ထူးထူး

popular

မြန်မာတွေ တိုက်စစ်မဆင်သေးပါ


ရခိုင်မှာ မသီတာထွေး မုဒိမ်းကျင့်ပြီးအသတ်ခံရတော့ ရခိုင်တိုင်းရင်သားတွေ တုန့်ပြန်ရာက မီဒီယာတွေ
လက်ချက်ကြောင့် မြန်မာတွေပဲ နာမည်ပျက်ခဲ့ရတယ်။

မိတ္ထီလာမှာ ရွှေဆိုင်ကိစ္စဖြစ်တော့ စလုပ်တာ မွတ်စလင်ပါ။ မြန်မာတွေလူစုခွဲတဲ့ အချိန်ရောက်မှ သံဃာတစ်ပါးအသတ်ခံ ရတော့ မျိုးချစ်စိတ်နဲ့ တုန့်ပြန်ရာက မီဒီယာတွေလက်ချက်နဲ့ မိတ္ထီလာက NLD အမတ်တစ်ယောက် အမေကျော်ဒွေးတော် လွမ်းမှုကြောင့် မြန်မာတွေ အကြမ်းဖက်သမားဖြစ်ခဲ့ရတယ်။
လာရှိုးမှာ မွတ်စလင်က မြန်မာတိုင်းရင်းသူကို အသားလွတ် ဓါတ်ဆီလောင်း မီးရှို့တော့ မခံနိုင်လို့ တုန့်ုပြန်ရာက “မသမာတဲ့လူတစ်စုကြောင့်” ဆိုတဲ့စကားနဲ့ မီးစရှို့တဲ့ မွတ်စလင်ကုလား မင်းသားစာရင်း ၀င်ခဲ့ရတယ်။

ဥက္ကံမှာ စော်ကားခံလိုက်ရတဲ့ ကိုရင်လေးကြောင့် မခံနိုင်ပဲ တုန့်ပြန်ကြတော့ “မသမာတဲ့လူတစ်စုကြောင့်” ဆိုတဲ့ စကားနဲ့ပဲ မြန်မာတွေ နာမည် ပျက်ခဲ့ရတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသောပညာတတ် အမယ်အိုကြီးရဲ့ နိုင်ငံတကာရောက် မွတ်စလင်ချစ်ကြောင်း မိန့်ခွန်းတွေကြောင့် ကမ္ဘာမှာ အကြမ်းဖက် သမားမျိုးရိုး မွတ်စလင်တွေ မြန်မာနိုင်ငံမှာ “လူ့အခွင့်အရေး” လက်မှတ်ရခဲ့တယ်။

အမယ်အိုကိုချစ်တဲ့ ခေါင်းပေါင်းဖြူတစ်ယောက် အမေရိကန် ရောက်တော့ ငြိမ်းချမ်းတဲ့ “၉၆၉” အကြမ်းဖက်ခေါင်းစဉ် အတပ်ခံခဲ့ရတယ်။

ကုလားသတ်လို့ ဘုန်းကြီးသေတာမဖော်ပြ ကုလားသေမှ ဓါတ်ပုံရိုက်တင်တဲ့ မြန်မာနိုင်ငံက မီဒီယာတွေ ကြောင့် မြန်မာတွေ အကြမ်းဖက်သမား စာရင်းဝင်ခဲ့ရတယ်။

အဲ့ဒီစာရင်းတွေ အားလုံးပေါင်းလိုက်တော့ အမျိုးချစ်တဲ့၊ အမျိုးကိုကာတဲ့ ဗုဒ္ဓဘာသာသံဃာတော်တစ်ပါး အကြမ်းဖက်သမားလို့ ကမ္ဘာသိအောင် ဖော်ပြခံခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် စလုပ်ခဲ့တဲ့ မွတ်စလင်တွေကတော့ “စစ်အာဏာကို လိုလားသူ လူတစ်စုရဲ့ သွေးထိုးလှုံ့ဆော်မှု” ဆိုတဲ့ စကားရဲ့ အကာအကွယ်အောက်မှာ ဒီနေ့ထက်တိုင် မြန်မာတွေကို စော်ကား
ခွင့်လက်မှတ် ရနေခဲ့တယ် ....

ကျနော်တို့ မြန်မာဗုဒ္ဓဘာသာတွေဟာ အင်္ဂလိပ်လက်ထက်က စလို့ ယနေ့တိုင် “ခံစစ်” ပါ။ မြန်မာတွေဟာ မွတ်စလင်တွေကို “တိုက်စစ်” မဆင်ရသေးပါဘူး။ ယနေ့တိုင် ခံစစ်နဲ့ပဲ နေထိုင်နေရတုန်းပါ။ ကျနော် တို့မြေပေါ်ကို မဖိတ်ခေါ်ပဲရောက်လာတဲ့ သာသနာဖျက်မယ့် မိစ္ဆာဒိဌိတွေလက်က ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ မပျောက်ပျက်အောင် ကာကွယ်နေရတဲ့ “ခံစစ်”သမားသက်သက် တွေပါ။

မြန်မာတွေ တိုက်စစ်မဆင်သေးပါဘူး။ မြန်မာတွေတိုက်စစ်ဆင်ရင်လဲ မွတ်စလင်တွေ ပျောက်ဖို့မကြာ ပါဘူး။ လူလိုနားလည်ကြပါ .........

ကမ္ဘာ့နောက်ဆုံးပေါ် ထီးဒီဇိုင်းသစ် တီထွင်



 

လက်ရှိ အသုံးပြုနေသော ထီးများနှင့် ဒီဇိုင်းပိုင်း အတွေးအမြင် လုံးဝ ကွဲပြားသော ထီးသစ် တစ်မျိုးကို ပညာရှင်များက တီထွင်လျှက် ရှိနေကြောင်း သိရှိရသည်။ Rainshaderဟု အမည်ပေးထားသော ထီးသစ်သည် အားပြင်းသော လေဒဏ်ကြောင့် ထီးရွက် လန်သွား သည့် ပြဿနာမျိုး မပေါ်ပေါက်အောင် တားဆီးနိုင်သလို ထီးရွက်ကြောင့် အသုံးပြုသူ၏ မြင်ကွင်းပိုင်း မရှင်းလင်းမှုမျိုး မဖြစ်နိုင်အောင် ဖန်တီးထား သည်။ ယင်းထီးကို ကိုင်ဆောင်ခြင်းဖြင့် မိုးလုံအောင် ငိုက်ငိုက်ဆောင်း ထားခြင်းကြောင့် လူချင်း ဝင်တိုက်သည့် ကိစ္စမျိုးကိုလည်း အလိုလို ရှောင် လွှဲနိုင်မည် ဖြစ်သည်။ ခေါင်းဆောင်းတစ်ခု သဏ္ဍန်နှင့် ဆင်တူသည့် Ranishaderထီးတွင် ထီးကိုင်းများအား ဖိုင်ဘာဂလက်စ်ဖြင့် တည်ဆောက် ထားသည်။

ယင်းထီးကို ကိုင်ဆောင်ထားရာတွင် တစ်နာရီ မိုင်(၄၀)မျှ လေတိုက်နှုန်း ၌ပင် ထီးရွက် လန်ထွက်မသွားနိုင်ကြောင်း သိရသည်။ Rainshaderကို ဝါးဝစ်ခ်ရှိုင်းယားရှိ Hospitality Umbrellas ထီးကုမ္ပဏီက ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပိုလီစတာ ထီးရွက်တွင် ထီးကိုင်း (၁၀)ချောင်း ကို ယှက်ဖြာကာ တည်ဆောက်ထားသည်။ ပြီးခဲ့သည့်နှစ်က Wet and Windy Grand Nationalတွင် ရရှိလာသည့် စိတ်ကူးဖြင့် အဆိုပါ ထီးကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ဒီဇိုင်း ပညာရှင် စတီဖင် ကိုလင်းက ဆိုသည်။ ၎င်းက မိမိသည် လူကြားထဲတွင် ထီးဆောင်းထား ရင်း အားကစားပွဲ တစ်ခုကို ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်မည့် ထီးမျိုးကို တီထွင်ရန် စိတ်ကူးမိခဲ့ခြင်းဟု ရှင်းပြခဲ့သည်။

"သာမန် ထီးတစ်ချောင်းမှာ ရှေ့ကိုမြင်ဖို့အတွက် လူတွေက ထီးကို မြှောက်ကိုင်ရတယ်။ Rainshaderမှာက ရှေ့ပိုင်းက မြင်ကွင်း ရှင်းပြီးသားလေ။ လေဒဏ်ကိုလည်း သူက ခံနိုင်ရည် ပိုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းအရ ပိုသွယ်လျတာကိုး။ ကျွန်တော်တို့ စမ်းသပ်ပြီးသား အခြေအနေအရ တစ်နာရီ မိုင်(၄၀)လောက် တိုက်ခတ်နေတဲ့ လေဒဏ်ကို ဥမင်တစ်ခုထဲမှာ ကောင်းကောင်း ခံနိုင်ရည်ရှိတယ်"ဟု ကိုလင်းက ပြောကြားခဲ့သည်။ Rainshaderကို တစ်လက်လျှင် (၂၄.၉၉)ပေါင်ဖြင့် ရောင်းချသွားရန် ကုမ္ပဏီက စီစဉ်နေကြောင်းလည်း သိရှိရသည်

နေခရမ်း

ဆီပူလောင်နာကို သက်သာစေမည့်နည်းလမ်းများ



(၁) မင်သော်သွားတိုက်ဆေး

မည်သို့သော မင်သော်ပါဝင် သည့် သွားတိုက်ဆေးမျိုးမဆို ထိ ရောက်စေသည်။ ယင်းက ပူလောင် ကျိန်းစပ်သော ဝေဒနာကို အေးမြစေ ပြီး အနာကျက်စေခြင်း၊ အမာရွတ် ကျန်ခြင်းကို ကာကွယ်ပေးခြင်းတို့ ဖြစ်စေသည်။

(၂) ဆားနှင့် ရေခဲ

အပူလောင်နာအပေါ် ဆား တင်ခြင်းသည် ရုတ်တရက် ဘာမှ မဆိုင်သလို ထင်စေနိုင် သည်။သို့သော် ဆားကရောဂါပိုးမွှားကိုသေ စေနိုင်ပြီး အပူလောင်ခြင်းမှ နောက် ဆက်တွဲဖြစ်တတ်သော အရေပြား ရောဂါကို ကာကွယ်ပေးသည်။ အနာ ပေါ်ကို ဆားအနည်းငယ်မျှသာ ဖြူး ပြီး (၁၅)မိနစ်ခန့် ရေခဲတင်ပေးပါ။

(၃)ရှားစောင်းလက်ပတ်

အရေပြားတစ်သျှူးကို စေ့သွား စေသည်။ အကယ်၍ ရှားစောင်းလက် ပတ် အိမ်တွင်စိုက်မထားပါက ယခု အခါတွင် ရှားစောင်းနှင့် လုပ်သော ခရင်၊ gel များ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ် သည်။ အရေပြားအတွက် အကောင်း ဆုံးတစ်လက်ဖြစ်သည်။

(၄)သခွားသီး

သခွားရည်ဖြင့် အပူလောင်နာ ကို သုတ်လိမ်းပေးပြီး သက်သာစေနိုင် သည်။

(၅)နနွင်း

အိန္ဒိယ ရိုးရာသုံးပစ္စည်းဖြစ်ပြီး နနွင်းနှစ်ကို အုံပါက အနာရွတ်မကျန် ပဲရောင်ရမ်းခြင်းသက်သာစေသည်။

(၆)ပျားရည်နနွင်း

အပူလောင်နာကို အမြန်ကျက် စေခြင်း၊ နာကျဉ်မှုသက်သာစေခြင်း၊ အမာရွတ်မပေါ်စေခြင်းတို့ကို ပေး စွမ်းနိုင်သည်။

(၇)သံလွင်ဆီနှင့် လာဗင်ဒါဆီ

၎င်းသည်လည်း အပူလောင်နာ ကို အမြန်ကျက်စေပြီး အမာရွတ်ပေါ် ခြင်းကို လျော့နည်းစေသည်။ ရက် သတ္တပတ် အနည်းငယ်ကျော်မှန်မှန်လိမ်းပေးပါ။ အမဲကွက်ဒဏ်ရာကို မကြာခဏ လိမ်းပေးခြင်းဖြင့် ဖြူစင် ချောမွတ်စေသည်။

(၈)ရှာလကာရှည်

ရှာလကာရည်ကို အဝတ်တွင် စွတ်၍ အပူလောင်နာ၏ ပတ်ဝန်း ကျင်နေရာတစ်ဝိုက်ရှိြွကက်သားများ ကိုတို့လိမ်းပေးပါ။ အနာလုံးဝပျောက် သည်အထိ ထပ်ခါထပ်ခါ လိမ်းပေး ခြင်းဖြင့် ဝေဒနာသက်သာစေသည်။

အနာကို ပတ်တီးမစည်းပါနှင့် အပူလောင်နာသည် ပတ်ဝန်းကျင် လေဖြင့်ပင်အနာကို သက်သာစေ သည်။

ဒေါန

Eleven Media ၏ ဖော်ပြမှု မြစ်မခ အထိနာ


မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောကြောင်း Eleve Media Group စာမျက်နှာတွင် ဖော်ပြထားသည်။ ဆက်လက်ပြီး Eleven က မြိတ်မြို့မ ရဲစခန်းမှလည်း အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း၊ ဖောက်ခွဲရေး သမားများ ဖမ်းမိထားခြင်း မရှိကြောင်း ထို့ပြင် သတင်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံ စုံစမ်းမေးမြန်းသော်လည်း ဖောက်ခွဲရေး သမားများကို ဖမ်းမိသည်မှာ မဟုတ်ကြောင်း၊ သတင်းမှားယွင်းနေကြောင်း အတည်ပြု ပြောကြားခဲ့ကြောင်း ရေးသား ထားသည်။

ထို့ပြင် မြိတ်မြို့နယ် အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းမိပြီ ဟု သတင်းဖော်ပြခဲ့သည့် မြစ်မခ အွန်လိုင်း မီဒီယာသည် သတင်းအေဂျင်စီ တစ်ခုအဖြစ် သတင်း များ ပြန်လည် ရောင်း ချကြောင်း၊ ထိုသတင်းကိုပင် သြဂုတ် ၂၆ ရက်တွင် ထုတ်သည့် ပြည်တွင်း ပုဂ္ဂလိ က နေ့စဉ်ထုတ် သတင်းစာများဖြစ်သော စံတော်ချိန် နေ့စဉ် သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ် သတင်း စာနှင့် ပြည်မြန်မာ နေ့စဉ် သတင်းစာတို့တွင် ရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်ဟူ ၍ ရေးသား ထား သည်။

Eleven ၏ အဆိုပါသတင်းမှားကြောင်း ဖော်ပြမှုသည် မြစ်မခ သတင်းအေဂျင်စီအပါအ၀င် သတင်း တစ်ခု ကို သေချာမစုံစမ်းဘဲ ဖြန့်ဝေခဲ့သည့် စံတော်ချိန် နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ် သတင်း စာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ Eleven မှ ထိုသတင်း ကို မိမိတို့ နေ့စဉ်ထုတ် သတင်းစာတွင် မဖော်ပြဘဲ ထိုသတင်းမှန်မမှန် ကို သေချာစွာ စုံစမ်းခဲ့သည်။ Elven ၏ရေးသားချက်တွင် မြစ်မခ၏ အဆိုပါသတင်းသည် သက်ဆိုင်ရာ သတင်း ရင်းမြစ် လုံးဝမပါရှိ ဘဲ ရေးသား ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် သက်ဆိုင်ရာ ရဲမှူး၊ တာဝန်ရှိသူများ အဆင့်ဆင့် သို့ စုံစမ်းမေးမြန်း၍ မြစ်မခနှင့် သတင်းစာသုံးစောင် ၏ သတင်းမှား ယွင်းဖော်ပြမှု ကို ဝေ ဖန်ထောက်ပြ ထားသည်။ Eleven ၏ အချက်ကျကျ ထောက်ပြမှုသည် မြစ်မခ သတင်းအေဂျင်စီနှင့် သတင်းစာ သုံးစောင်အပေါ် နေ့စဉ်သတင်းစာဝယ်ဖတ်သူပြည်သူများ၏ ယုံကြည် မှုကို ကျ ဆင်းစေခဲ့ သည်။

ယနေ့ စာပေလောကသည် ပွင့်လင်းမြင်သာလာသည်နှင့် အမျှ သတင်းမျိုးစုံကိုလည်း လွတ်လွတ် လပ်လပ် ရေးသားဖော်ပြလာနိုင်ကြသည်။ နေ့စဉ်ထုတ်သတင်းစာများ အပြိုင်အဆိုင် ထုတ်လာကြ သည်။ မျိုးစုံတိုးပွားလာသည့် သတင်းစာများသည်ပြည်သူများ မျက်စိပွင့်နားပွင့် ဖြစ်လာစေသည့် အတွက် ကောင်း သည်ဟု ဆိုနိုင်သည်။ သို့သော် သတင်းစာထုတ်ဝေသူများအဖို့ ဈေးကွက်ရအောင် ပြိုင်ဆိုင်ဖို့ ဖြစ်လာသည်။ အမျိုးမျိုးသော သတင်းစာများအကြား မိမိတို့ သတင်းစာနာမည်ရ ဖို့လိုလာ သည်။ သို့မှသာ ရောင်းအားတက်မည်ဖြစ်သည်။ ရောင်းအားတက်မှ ငွေရလမ်းဖြောင့်မည် ဖြစ်သည်။ ထို့ကြောင့် သတင်းဦး သတင်းထူးကို သတင်းစာတိုင်းမှ သူ့ထက်ငါဦးအောင် လုကြသည်။ ဒါကတော့ သူတို့၏ လုံ့လ၊ ၀ိရိယ၊ ကြိုးစားမှုနှင့်ဆိုင်သည်။

သို့သော် တချို့ကြတော့ မိမိသတင်းစာ နာမည်ရရေး အတွက် လူပြိုန်းကြိုက်သတင်း၊ အပုပ်အညှီ သတင်းများ ထည့်ကြသည်။ တချို့က အောက်လမ်းနည်း ကိုသုံးလာကြသည်။ မိမိသတင်းစာနာမည်ရရန် မိမိနှင့် အပြိုင် ထုတ်ဝေနေသော သတင်းစာများ နာမည်ပျက်ဖို့ လိုသည် ဆိုသည့် ဘယ်သူသေသေ ငတေမာ ရင်ပြီးရော လုပ်လာကြသည်။ ဒါကတော့ မကောင်း။ ငွေမျက်နှာ တစ်ခုတည်းကြည့် သ လို ဖြစ်နေသည်။ ပြည်သူ့အတွက် စတုတ္ထမဏ္ဍိုင် သည် ငွေမျက်နှာတစ်ခု သာကြည့် လို့မ ရ။ တော် တည့် မှန်ကန်ရမည်။ ပြည်သူ့ဆီသို့ မှန်ကန်သော သုတ၊ရသ၊ သတင်း များ ဖြန့်ချပြနိုင်ရမည်ဖြစ်သည်။

ယခုကဲ့သို့ Eleven မီဒီယာ၏ သတင်းတစ်ခုအပေါ် တိတိကျကျစုံစမ်းမှုသည် စာဖတ်ပြည်သူများအ တွက် မှန်ကန်သော သတင်းများကို ရရှိစေသည့်အတွက် ကောင်းသည်ဟု ပြောရမည်။ မြစ်မခ သတင်း အေဂျင်စီ အပါ အ၀င် စံတော်ချိန်နေ့စဉ် သတင်း စာ၊ ရွှေနိုင်ငံသစ်နေ့စဉ် သတင်း စာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာ တို့၏ သတင်းတစ်ခုကို တိကျစွာမစုံစမ်းဘဲ သတင်း ဦး၊ သတင်းထူး ဆိုပြီး ဖော်ပြမှုသည် Eleven ၏ သတင်း မှားဖြစ်ကြောင်း ထောက်ပြဝေဖန် မှုကြောင့်စာဖတ် ပြည်သူများ ၏ ယုံကြည်မှုကို လျော့ကျစေခဲ့သည်။ စာဖတ်သူယုံကြည်မှုမရှိပါက အဆိုပါသတင်းစာ သုံးစောင်အ တွက် ရောင်းအား မှာ ကျဆင်းသွားမည်မှာ အမှန်ဖြစ်သည်။ Eleven အနေဖြင့် ပြည်သူများ အား တိကျသည့် သတင်းအား ပေးလိုသည့် စေတနာ အမှန်ကြောင့်လား။ ဒါမှမဟုတ် ခဲတစ်လုံးတည်းဖြင့် ငှက်လေးကောင်ပစ်ခဲ့သည်လား ဆိုတာ ကတော့………………..

myanmarpyi

မြန်မာတိုင်းမ် ရပ်ဆိုင်းရန် ဒေါက်တာ တင်ထွန်းဦးတို့ ဇနီးမောင်နှံ တရားရုံးသို့ လျှောက်တင်


အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေလျှက်ရှိသော မြန်မာတိုင်းမ် ဂျာနယ်ကို ရပ်ဆိုင်းရန်နှင့် ယင်းဂျာနယ် ထုတ်ဝေနေသော Myanmar Consolidated Media (MCM) Co., Ltd. ကုမ္ပဏီကို ဖျက်သိမ်းရန် အဆိုပါ ကုမ္ပဏီမှ ဒါရိုက် တာများ ဖြစ်ကြသော ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက် ထားလိုက်ကြောင်း သိရသည်။

ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးသို့ ၂၀၁၃ ခုနှစ် တရားမ အထွေထွေ အမှုအမှတ် ၁၅၁ ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျာနယ်ကိုရပ်ဆိုင်းရန်အတွက် တားမြစ်အမိန့်ပါ တပါတည်း တင်ထားပြီးဖြစ်ကြောင်း လျှောက်ထားသူများ ဘက်မှ အကျိုးဆောင်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။

“တရားရုံးကို ရောက်တယ်ဆိုကတည်းက အားလုံး ချေပခွင့် ရှိပါတယ်။ ဒီတားမြစ်အမိန့်ကိုရော၊ ကုမ္ပဏီဖျက်သိမ်းဖို့ လျှောက်တာ ကိုရော တဘက်ကလည်း ချေပခွင့်ရှိပါတယ်။ ကျနော်တို့ကို ကုမ္ပဏီ ဖျက်သိမ်းချင်တယ်လို့ တရားစွဲခိုင်းလို့ စွဲတာပဲ။ ဥပဒေ အတိုင်းပဲ လုပ်သွားတာပါ။ ကျနော်တို့က တရားရုံးကိစ္စတွေ ဆိုတော့ သိပ်ပြောလို့မရပါဘူး။ ကျနော်တို့ ပြောလိုက်လို့ တရား ရုံးဘက်ကရော၊ အမှုရင်ဆိုင်ရမယ့် တခြားဘက်တွေကရော တမျိုးမြင်သွားမှာ မလိုလားပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့ ကြွေးမြီးရှင် ဘက်မှ စာရင်းရှင်း၊ ကုမ္ပဏီ ဖျက်သိမ်းလိုကြောင်း ကြေညာချက်ကိုသာ သိထားပြီး မည်သို့ လျှောက်ထားသည် ဆိုသည့် အသေးစိတ်ကို မသိရသေး သောကြောင့် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို မပြောနိုင်သေးကြောင်း MCM Co., Ltd. ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ရှေ့နေ ဦးမင်းစိန်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ အနေဖြင့် မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေမှုကို ရပ်ဆိုင်းရန် တဘက်က တင်ပြထားသည်ကိုလည်း မသိရ သေးကြောင်း၊ တဘက်ရှေ့နေထံမှ လျှောက်ထားမှု အသေးစိတ်ကို သိရပြီးမှသာ မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကုမ္ပဏီ နည်းဥပဒေအရ ကျနော်တို့ လျှောက်ထားမှု အသေးစိတ်ကို တောင်းရဦးမယ်။ သတင်းစာထဲ ပါသလောက်ကတော့ အကြွေးရစရာရှိလို့ စာရင်းရှင်းမယ့် သဘောမျိုးလောက်ပဲ ရှိသေးတယ်။ အဲဒီလျှောက်လွှာကို တိတိကျကျ သိရတော့မှ သူတို့မှာ ဂျာနယ်ထုတ်ဝေမှုကို တားမြစ်ခွင့်ရှိ၊ မရှိ၊ ကုမ္ပဏီ ဖျက်သိမ်းကိစ္စကိုလည်း ဘယ်လို ဆက်လုပ်မယ်ဆိုတာ ပြောလို့ ရမယ်။ အခုအချိန်အထိ ကျနော်တို့ဘက်က အသေးစိတ် ဘာမှ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ဆက်ဆိုသည်။

မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သော မိမိ တို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်းဆိုင်သော နိုင်ငံခြားသား မစ္စတာ ရော့စ် ဒန်ကလေတို့ အကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်း ဆောင်ရွက်၍ မရတော့သောကြောင့် ကုမ္ပဏီကို တရားရုံး၏ အဆုံးအဖြတ်ဖြင့် ဖျက်သိမ်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ဧရာဝတီသို့ ပြောသည်။

မိမိတို့ လက်ဝယ် ပိုင်ဆိုင်ထားသော ရှယ်ယာများကိုလည်း ရောင်းချ၍ မရသည့်အတွက် ထိုသို့ ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ရှယ်ယာများကို မစ္စတာ ရော့စ် ဒန်ကလေ ဘက်မှ ရှင်းလင်းပေးရန် လက်တွေ့ ဖြစ်မလာသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ညှိလို့ရခဲ့ရင်တော့ ဒီအခြေအနေ ဘယ်ဖြစ်လာမလဲ။ အခုတော့ တရားရုံး ဆုံးဖြတ်ချက် မကျသေးခင်မှာ စကားဦးသန်းတဲ့ စကားမျိုး မပြောချင်ဘူး။ တရားရုံးကို စော်ကားသလို ဖြစ်မှာစိုးလို့။ ကုမ္ပဏီကို အပြီး ဖျက်သိမ်းလိုက်ချင်တဲ့ ဆန္ဒတော့ မရှိပါ ဘူး။ ဒီလောက်ကောင်းတဲ့ အလုပ်တခုကို မဖြစ်လွန်းလို့သာ လုပ်ရတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ကုမ္ပဏီကိုပါ ဖျက်သိမ်းရန်အထိ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်တခု မဟုတ်ကြောင်း၊ တကယ် ဖျက်သိမ်းသည် ဖြစ်စေ၊ မဖျက်သိမ်းသည် ဖြစ်စေ ၀င်ရောက် လုပ်ကိုင်နေသော ၀န်ထမ်းများ၏ စိတ်ဓာတ် ရေးရာများကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းဌာနကို စတင် တည်ထောင်သူများထဲတွင် တဦး အပါအ၀င် ဖြစ်သည့် ဦးဆန်နီဆွေက ဧရာဝတီသို့ ပြောသည်။

ဦးဆန်နီဆွေသည် ၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေး လက်ထက်တွင် စာပေစိစစ်ရေး၏ ခွင့်ပြုချက် မယူဘဲ ဂျာနယ်တွင် သတင်းဖော်ပြမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ် ဧပြီတွင် ၎င်းကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရကာ ယခုနှစ် ဧပြီတွင် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

၎င်းအနေဖြင့် ၂၀၀၅ ခုနှစ်ကတည်းက မြန်မာတိုင်းမ် တွင် ရှယ်ယာပိုင်ဆိုင်မှု မရှိခဲ့သောကြောင့် အကျဉ်းကျ နေမှုမှ လွတ်မြောက်လာပြီး နောက်ပိုင်း ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် ကြိုးစားခဲ့ရာ ဈေးနှုန်း ကိုက်ညီမှု မရှိခြင်းကြောင့် မ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။

“ကျနော်က မြန်မာတိုင်းမ်ကို တည်ထောင်သူ တယောက်အနေနဲ့ အများကြီး သံယောဇဉ်ရှိတယ်။ ဒီလိုမျိုး ပိတ်သိမ်းတာ၊ ဖျက်သိမ်းတာအထိပါ လုပ်တာမျိုးကတော့ အလုပ်သမားတွေ အတွက်ပါ အများကြီး ကသောင်းကနင်းဖြစ် စေတာပေါ့။ ဒီလိုမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ကျနော်ကိုယ်တိုင် စတင် ပျိုးထောင်ခဲ့တဲ့အတွက် တော်တော် စိတ်မကောင်း ပါဘူး။ ရှယ်ယာတွေ ပြန်ဝယ်ဖို့ ဘာ့ကြောင့် မအောင်မြင်တာလဲတော့ ကျနော်မသိဘူး။ မရောင်းချင်လို့ မရောင်းတာ ဖြစ်မှာပေါ့” ဟု ဦးဆန်နီဆွေက ပြောသည်။

မြန်မာတိုင်းမ် ရှယ်ယာ ကိစ္စနှင့် ပက်သက်ပြီး ယခုနှစ် ဇန်န၀ါရီလ အတွင်းကလည်း ရှယ်ယာရှင်များ အချင်းချင်း စကားများ၍ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟု ဆိုကာ အမှုဖွင့်သည် အထိ ဖြစ်ခဲ့ကြကြောင်း သိရသည်။

မြန်မာတိုင်းမ် သတင်း ဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးဆန်နီဆွေနှင့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ တို့က စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ် ဘာသာ တမျိုးတည်းဖြင့် စတင် ထုတ်ဝေခဲ့သည်။ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေး အဖွဲ့သည် ဂျာနယ် ထုတ်ဝေမှုတွင် ကျောထောက် နောက်ခံပြုမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ထုတ်ဝေခဲ့သည်။

မြန်မာတိုင်းမ် ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား ဝင်ရောက် လုပ်ကိုင်နေမှု၊ ရော့စ် ဒန်ကလေနှင့် ပတ် သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြားသည် ၂၀၁၀ ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် ကာလများတွင် သတင်းများ ရယူ ဖော်ပြခဲ့မှုများကြောင့် ထိုကာလက ပြန်ကြား ရေးဝန်ကြီး ဦးကျော်ဆန်း၏ မျက်မုန်းကျိုးမှု ခံရကာ ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ ပြဿနာ ဖြစ်ပွား ခဲ့သေးကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနစ် ဇန်န၀ါရီလ ကတည်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့သော ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ အကြား ပြဿနာများ စတင်ဖြစ် ပွားခဲ့ကြောင်း၊ ယခု ဖြစ်ပွားခဲ့သော ပြဿနာမှ စတင်၍ ရှယ်ယာရှင်များ အချင်းချင်း သတင်းစာ ထုတ်လုပ်မှု ကိစ္စတွင် သဘောထား ကွဲလွဲနိုင်ကြောင်း၊ ရှယ်ယာ ထုတ်ယူသည်အထိပင် ဖြစ်လာနိုင်ကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

irrawaddy

ဝအောင်ဘယ်လိုလုပ်မလဲ



ဝ လာ ဖို့ အတွက်လို့ ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ၀ လာဖို့ လိုအပ်ပါတယ်။
လူ ၀ လာတာနဲ့ အမျှ သွေးတိုး၊ ဆီးချို၊ လေးဘက်နာတွေကလည်း ဖြစ်နိုင်ချေ ပိုများလာမှာပါ။
အဲ့ဒီ အတွက် ကျွန်တော်တို့ ဘေးဥပဒ်ကင်းစွာ ၀ ဖို့ကြိုးစားရအောင်။

၁။ အစား ပုံမှန်စားခြင်း။
အစားကို အချိန်မှာ စားတာဟာ ကျန်းကျန်းမာမာနဲ့ ၀ လာစေဖို့ အတွက် နည်းလမ်းကောင်းတစ်ခုပါ။ ဆိုလိုတာကတော့ ဆာတဲ့ အချိန်မှာ လှိမ့်ပိမ့် စား၊ အသားကုန်စားပြီး မဆာတဲ့ အချိန်မှာတော့ ဘာမှ မစားဘဲ နေတာမျိုးဟာ မကောင်းပါဘူး။ ကျန်းမာစွာ ၀ လာစေဖို့ အတွက် အစာကို အချိန်နဲ့ အချိန် စား ဖို့ ကလည်း အရေးကြီးပါတယ်။
၂။ ပုံမှန် အိပ်ခြင်း။

အိပ်ရေးပျက်တဲ့လူတွေက အ၀လွန်ရောဂါ ဖြစ်နိုင်ချေများပါတယ်။ ထို့ အတူပဲ အလွန်အကျွံ အိပ်တဲ့လူအတွက်လည်း အစာစားချင်စိတ်လျော့နည်းပြီး ပိန်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာဖို့ အတွက်ဆိုရင် အချိန် နဲ့ အချိန် ပုံမှန် အိပ်ဖို့ လည်း လိုအပ်ပါတယ်။
၃။ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု ပြုခြင်း
လူကတော့ ၀လာပါရဲ့ အဆီတွေချည်းသာဆိုရင် ရောဂါများမယ်။ လေးလံ ထိုင်းမှိုင်းမယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါ။ တစ်နေ့ ကို အနည်းဆုံး နာရီဝက်လောက် လမ်းလျှောက်ပေးခြင်းအားဖြင့် လှ ပ ၀ဖြိုးလာပါလိမ့်မယ်။

ဝ စေသော အစားအစာများ

၁။ အဆီ
တိရစ္ဆာန်ဆီ၊ ဆားအုန်းဆီ၊ အုန်းဆီ၊ပြည့်ဝဆီတွေဟာ ၀ စေတဲ့ အဆီတွေပါ။ ဒါပေမယ့် ဒါတွေကို စားရင် ကိုလက်စထရော တက်မယ်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆီဖုံး၊ အသည်း အဆီဖုံးရောဂါတွေ ဖြစ်မယ်။ ဒါ့ကြောင့် မစားသင့်ပါဘူး။
ပဲ ဆီစစ်စစ်၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ ၊ ဟင်းသီးဟင်းရွက်ဆီ စတာတွေကတော့ မပြည့်ဝဆီတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ခြွင်းချက်အနေနဲ့ ပင်လယ်ငါးကြီးဆီ၊ အဆီပါတဲ့ ငါး ၊ ငါးဆီ ကတော့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်ပြီး ဥင်္ီးနှောက်ကို အထောက်အကူ ပြုတဲ့ အတွက် စားသုံးသင့်ပါတယ်။

၂။ အသား
အသားအမျိုးမျိုး၊ ငါး အမျိုးမျိုးတို့ မှာ ပရိုတိန်းလို့ ခေါ်တဲ့ အသားဓာတ်ပါဝင်တဲ့ အတွက် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပါတယ်။

၃။ ဥ
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ လိပ်ဥ စတဲ့ ဥ အမျိုးမျိုးကလည်း ၀ စေပါတယ်

၎။ နို့
နွားနို့၊ ကျွဲနို့ ၊ ဆိတ်နို့ ၊ ပဲ နို့

၅။ ပျားရည်
ပျားရည်ဟာ စွယ်စုံသုံးလို့ ရတဲ့ ပစ္စည်းပါ။ ပိန်ချင်ရင် ထမင်း မစားခင် ပျားရည်ကို သောက်ပြီး ၀ ချင်ရင်တော့ ထမင်း စားပြီး ပျားရည်ကို သောက်ရပါတယ်။

၆။ Pollen ပန်းဝတ်မှုန်
ပိုလန် ဆိုတာ ပန်းတွေရဲ့ ၀တ်မှုန်ပါ။ ပျားရည်ထဲမှာ ပိုလန်ပါ ပါတယ်။ ပိုလန်ကို Capsule တောင့် ပုံစံလေးနဲ့ ရနိုင်ပါတယ်။
ပိုလန်ဟာလည်း ပျားရည်လိုပဲ အစွမ်းထက်ပါတယ်။ စနစ်တကျ ထုတ်လုပ်ထားတဲ့ အတွက် ဘေးဥပါဒ်လည်း မဖြစ်နိုင်ပါဘူး။ ဓာတ်မတည့်လို့ Allergy ထ တာမျိုး မရှိနိုင်ပါ။
ပိုလန်ကို အလုံး ၁၅၀ ပါ ဘူးကြီး တစ်ဘူးလျှင် ၂၄၀၀၀ ကျပ်နှုန်းနဲ့ ၀ယ်နိုင်ပါတယ်။

ကျားမေမေနှင့် ဝက်ကလေးများ






ထိုင်းနိုင်ငံက တိရစ္ဆာန်ဥယျာဉ် တစ်ခုမှာ ကျားမ တစ်ကောင် ကျားပေါက်စ လေး သုံးကောင် မွေးဖွားပါတယ်။ အရွယ်အရမ်းငယ်ပြီး ကိုယ်ခံအားနည်းတဲ့အတွက် မွေးပြီး ရက်ပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။

ဒါကြောင့် ကျားမလေးမှာ စိတ်ကျရောဂါ တစ်ခုစွဲကပ်သွားပြီး သေလုနီးနီး အထိတောင် ဖျားနာလာပါတယ်။ ဒါကို ကုသဖို့အတွက် ဆေးလည်း မရှိပါဘူး။ အခြားကျားပေါက်စ ငယ်ငယ်လေးများလည်း ဘယ်လိုမှ ရှာ မတွေ့ တော့ စိတ်ထိခိုက်နေတဲ့ ကျားမကို ကယ်ဖို့ ခက်နေပါတယ်။

နောက်ဆုံးတော့ ဖြေရှင်းနိုင်သွားပါတယ်။ ဝက်ပေါက်စလေး ငါးကောင်ကို ကျားလိုခြယ်၊ ဝတ်ဆင်ပြီး လွတ်ပေးလိုက်တာ သူ့သားသမီးရင်းလေးလိုပဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပါတယ်။ ဥပုပ်စောင့်တဲ့ကျား မရှိပေမယ့် ဝက်ပေါက်စလေးတွေကို သားသမီးလို ဆက်ဆံပြီး အတူနေထိုင်တဲ့ ထိုင်းနိုင်ငံ ကျားမလေးဟာ ကမ္ဘာကျော်သွားရ ပါတယ်။
--
Ref: maze-facts

တရုတ်အစိုးရအတွက် ရတက်မအေးစရာ ပျိုကျန်ရစ်ကြီးများ


အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင်ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့အမျိုးသမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန်ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်တရုတ်အမျိုးသမီးတချို့က အပျိုကြီးတစ်ကိုယ်တည်းအခြေအနေမျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနေကြသည်။

ဘေဂျင်းအသံလွှင့်ရုံတစ်ခု၌ တာဝန်ထမ်းဆောင်နေသော ဟွန်ယွမ်ယွမ်ဆိုသည့်အမျိုးသမီးမှာ အချိန်လွန်သည်အထိ အလုပ်၌နစ်မြုပ်နေသည်။ သူမအနေနှင့် နောက်လာမည့်ရက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့ ရမည့် အရာတစ်ခုအတွက်လည်း ရတက်မအေးဖြစ်နေရသည်။ မကြာမီရက်ပိုင်းအတွင်း သူမ၏အသက်က ၂၉ နှစ်ပြည့်တော့မည်ဖြစ်သည်။

 

““တကယ့်ကိုတုန်လှုပ်စရာပါပဲ။ ကျွန်မအသက်က နောက်ထပ်တစ်နှစ် ကြီးလာတော့မယ်။ ကျွန်မအတွက်တော့ စိတ်မသက်မသာဖြစ်စရာပါ””ဟု သူမကဆိုသည်။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။
““ဘာဖြစ်လို့လဲဆိုတော့ အခုထိ ကျွန်မက တစ်ကိုယ်တည်းလေ။ ကျွန်မမှာ ရည်းစားမရှိဘူး။ အိမ်ထောင်ပြုဖို့အတွက် ကြီးကြီးမားမားဖိအားပေးတာတွေ ကျွန်မ ခံနေရတယ်””
ဟွန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုတော့ရှိသည်။ သူမသည် လုပ်ခလစာမြင့်မြင့်မားမားရရှိသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားသောအမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမတွင် အိုးပိုင်အိမ်ပိုင်ရှိသည်။ တရုတ်ထိပ်တန်းတက္ကသိုလ်တစ်ခုမှ မဟာဝိဇ္ဇာဘွဲ့ရရှိထားသည်။ သူမသည် ချမ်းသာသောမိသားစု အသိုင်းအ၀ိုင်းမှ ဖြစ်သည်။

သို့ပေမဲ့ ယခုအချိန်အခါတွင် တရုတ်နိုင်ငံ၌ သူမကဲ့သို့ မြို့ပြ၌နေထိုင်သော ပညာတတ် တစ်ကိုယ်တည်း အမျိုးသမီးများကို ရှင်နု (ပျိုကျန်ရစ်ကြီးများ)ဟူ၍ ခေါ်ဆိုသမုတ်ကြသည်ကိုလည်း သူမသိရှိထားသည်။ ထိုသို့ ခေါ်ဝေါ်ခံရခြင်းက သူမကို စူးနစ်နာကျင်စေသည်။ လူလွတ်တစ်ယောက်ဖြစ်နေခြင်းအတွက် မိတ်ဆွေ သူငယ်ချင်းများနှင့် မိသားစုတို့၏ဖိအားပေးမှုကိုလည်း သူမခံနေရသည်။ ပတ်ဝန်းကျင်၏ ဖိအားပေးမှု ခံရသည့်ကြားထဲမှာပင် အစိုးရပိုင်မီဒီယာ၏စကားလုံးများဖြင့် ထိုးနှက်လာသည့်ဒဏ်ကိုလည်း ခံလိုက်ရခြင်း ဖြစ်သည်။

တရုတ်အစိုးရက အထောက်အပံ့ပြုထားသည့် အမျိုးသမီးရေးဝါဒီ အုပ်စုဖြစ်သော တရုတ်အမျိုးသမီး ထုဖက်ဒရေးရှင်း၏ ၀က်ဘ်ဆိုက် စာမျက်နှာမှာပင် ပျိုကျန်ရစ်ကြီးများအကြောင်း ဆောင်းပါးရေးသားကာ ဝေဖန်ထားသည်။ တရုတ်အစိုးရပိုင်မီဒီယာတွင်မူ တရုတ်ဘာသာစကားဖြင့် ရှင်နု(ပျိုကျန်ရစ်ကြီးများ) ဟူသည့်အသုံးအနှုန်းကို ၂၀၀၇ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ယင်းနှစ်မှာပင် တရုတ်နိုင်ငံ၌ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ မညီမျှမှုအပေါ် အစိုးရက သတိပေးခဲ့သည်။

တရုတ်နိုင်ငံ၌ လူဦးရေတိုးပွားမှုကိုထိန်းချုပ်သော တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကြောင့် သားယောက်ျားလေးရရှိရန် မိဘများက ကြိုးပမ်းလာကြရာမှ ယင်းသို့မညီမျှမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်လူ့အသိုင်းအ၀ိုင်း၌ သားယောက်ျားလေးကို ပိုမိုတန်ဖိုးထားလိုချင်ကြပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း မိန်းကလေးမှန်းသိရပါက ကလေးဖျက်ချ သည့်အဖြစ်အပျက်များကြောင့် အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုမိုလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူဦးရေမညီမျှမှုမှာ တရုတ်နိုင်ငံအတွက် အထူးအလေးထားစရာပြဿနာတစ်ရပ် ဖြစ်နေသည်။
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှထုတ်ပြန်သော အချက်အလက်များ၌ လက်ရှိအနေအထားတွင် အသက်၃၀အောက် အမျိုးသမီးဦးရေမှာ အသက် ၃၀ အောက်အမျိုးသားဦးရေထက် သန်း၂၀ခန့် ပိုများနေသည် ဟု ဖော်ပြထားသည်။

၂၀၀၇ခုနှစ်ကတည်းကပင် တရုတ်အစိုးရမီဒီယာများမှတစ်ဆင့် ပျိုကျန်ရစ်ကြီးများဟူသော အသုံးအနှုန်းဖြင့် ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းများကောက်ယူဖော်ပြ၍လည်းကောင်း၊ သတင်း ပေးပို့ချက်များဖြင့်လည်းကောင်း၊ ပုံမှန်ကဏ္ဍများ ဖွင့်လှစ်ရေးသား၍လည်းကောင်း ပျိုကျန်ရစ်ကြီးများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖြန့်ဝေခဲ့ကြောင်း၊ အသက် ၂၇နှစ်ကျော် သို့မဟုတ် ၃၀ကျော် တစ်ကိုယ်တည်းအပျိုကြီးပညာတတ်အမျိုးသမီးများကို စောင်းမြောင်းကဲ့ရဲ့သော ကာတွန်းနှင့်ဓာတ်ပုံများကိုလည်းဖော်ပြခဲ့ကြောင်း ဘေဂျင်းရှိဆင်ဂွာတက္ကသိုလ်၌ လူမှုဗေဒဒေါက်တာဘွဲ့အတွက်ပြင်ဆင်နေသူ အမေရိကန်အမျိုးသမီး လေတာဟောင်ဖင်ချာက ပြောပြသည်။

တရုတ်နိုင်ငံ၏ သန်းခေါင်စာရင်းအချက်အလက်များ၌ အသက် ၂၅ နှစ်မှ ၂၉နှစ်ကြားအမျိုးသမီးငါးဦးတွင် တစ်ဦးခန့်မှာ အိမ်ထောင်မရှိသူ ဖြစ်သည်ဟုဖော်ပြသည်။ ယင်းထက်အသက်ပိုကြီးသော အိမ်ထောင်မရှိ သည့်အမျိုးသားဦးရေနှင့် နှိုင်းယှဉ်ပါက အိမ်ထောင်မဲ့အမျိုးသားသုံးဆပိုသည်။ လွယ်လွယ် စဉ်းစားလိုက်မည်ဆိုလျှင် အိမ်ထောင်မရှိသေးသော အမျိုးသမီးများအားလုံးကို အိမ်ထောင်မဲ့အမျိုးသားများနှင့် ပေးစားလိုက်ခြင်းဖြင့် ပြေလည်သွားဖွယ်ရှိသည်ဟု ထင်မှတ်ရသည်။ သို့သော် တရုတ်အမျိုးသားများက သူတို့ထက်အသက်ရော၊ ပညာအရည်အချင်းပါ တစ်ဆင့်နိမ့်သည့်မိန်းကလေးမျိုးကိုသာ လက်ထပ်ရန် ရည်ရွယ်ကြသည်။
““ပထမတန်းစားဆိုတဲ့ယောက်ျားတွေက ဒုတိယတန်းစားမိန်းမကို ရှာတယ်။ ဒုတိယတန်းစားယောက်ျားက တတိယတန်းစား မိန်းမလောက်ကိုပဲရှာတယ်။ တတိယတန်းစားယောက်ျားတွေကတော့ စတုတ္ထတန်းစား အမျိုးသမီးလောက်ကိုပဲ မှန်းကြတာ။ အဲဒီတော့ အိမ်ထောင်မကျဘဲ ကျန်ရစ်ဖြစ်နေသူအများစုက ပထမတန်းစားမိန်းမတွေနဲ့ စတုတ္ထတန်းစား ယောက်ျားတွေပဲပေါ့။ တကယ်လို့ ရှင်ဟာ ကျန်ရစ်ဖြစ်နေတဲ့ အမျိုးသမီးဆိုရင်သေချာတယ်။ ရှင်ဟာ ပထမတန်းစားထဲကပဲ”” ဟူ၍ ဟွန်ယွမ်ယွမ်က သုံးသပ်သည်။

သို့သော် တရုတ်အစိုးရအနေနှင့်မူ ဉာဏ်ပညာကြီးမား၍ ပညာတတ်သော ပထမတန်းစားအမျိုးသမီးများကို မျိုးဆက်သစ်များမွေးထုတ်စေလိုသောဆန္ဒရှိနေကြောင်း လေတာဟောင်ဖင်ချာ၏အဆိုအရ သိရသည်။ သူမက ၂၀၀၇ခုနှစ်တွင် တရုတ်အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီက ထုတ်ပြန်သည့် လူဦးရေဆိုင်ရာ ကြေညာချက်ကိုရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်သည်။ ယင်းကြေညာချက်တွင် တရုတ်နိုင်ငံမှာ မကြုံစဖူး ဖြစ်သောလူဦးရေဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ လူဦးရေ တစ်ရပ်လုံးကို ခြုံငုံသုံးသပ်ကြည့် ပါက နိုင်ငံသားများအရည်အသွေး မှာများစွာနိမ့်နေကြောင်း၊ သို့အတွက် နိုင်ငံသားများထဲတွင် အရည်အချင်း ထက်မြက်သူ ပိုမိုပါဝင်လာရေးအတွက် လူဦးရေဆိုင်ရာအရည် အသွေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံရှိ အချို့သော ပြည်နယ်အစိုးရများက ငယ်ရွယ်သည့်ပညာတတ်အမျိုးသမီးများကို သင့်တော်သည့်ကြင်ယာဖက် လူမျိုးများနှင့်တွေ့ဆုံနိုင်ရန် ဖူးစာရှင်အောင်သွယ်ပွဲများကို စီစဉ်ကျင်းပ လေ့ရှိသည်။ ယင်းသို့လုပ်ဆောင် ခြင်း၏ရည်ရွယ်ချက်မှာ ပိုမိုထက်မြက်သောမျိုးဆက်သစ်များ ပေါ် ထွက်လာရေးသက်သက်မဟုတ်ဟု ဖင်ချာကယူဆသည်။

လူမှုရေးဆိုင်ရာ ကသောင်းကနင်းများစွာဖြစ်ပေါ် လာစေ နိုင်သည့် ဂနာမငြိမ်ဖြစ်နေသော လူပျိုလူလွတ်များစွာကို တတ်နိုင်သမျှ အရေအတွက်လျှော့ချနိုင်ရေး အတွက် အဆိုပါအမျိုးသားများကို လက်တွဲဖော်ရှာဖွေပေးရန်နှင့် အိမ်ထောင်တစ်ခု၌ အကျဉ်းချခြင်းဖြင့် လူမှုရေးဆိုင်ရာ အရှုပ်အထွေးများကို လျှော့ချရန်ရည်ရွယ်ပုံရသည်ဟု သူမကရှုမြင်သည်။
သို့သော် တရုတ်နိုင်ငံ၌ အရွယ်လွန်အပျိုဟိုင်းများအပေါ် အထင်အမြင်သေးသည့်သဘောထားများက အစိုးရ၏လှုံ့ဆော်တိုက်တွန်းမှုတစ်ခုတည်းကြောင့် ပေါ်ထွက်လာခြင်းတော့မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသော ချင်ဟူသောအမျိုးသမီး (အမည်ရင်းမဟုတ်)က ယင်းအချက်ကို ကောင်းစွာသဘောပေါက် နားလည်ထားသည်။ သူမက ဘေဂျင်းမြို့တော်တွင် တစ်ကိုယ်တည်းဘ၀ဖြင့် ပျော်ရွှင်မွေ့လျော်နေသူဖြစ်သည်။ သို့သော် သူမမိဘများက ဘေဂျင်းမြို့တော်မှအလှမ်းကွာသည့် ရှေးရိုးစွဲသောတောင်ပိုင်းမြို့ကြီးတစ်မြို့တွင် နေထိုင်ကြသူများဖြစ်သည်။

မိဘများမှာ လက်မထပ်ရသေးသော ၃၈ နှစ် အရွယ်သမီးတစ်ဦးဖြစ်သည့်သူမကြောင့် အရှက်ရနေကြသည်ဟု သူမကဆိုသည်။““ကျွန်မမိဘတွေက လူကြားသူကြားထဲ ကျွန်မကိုခေါ်မသွားချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့သမီး အိမ်ထောင်မကျသေးဘူးဆိုတာကို တခြားသူတွေသိသွားမှာစိုးလို့လေ။ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေက ကျွန်မကို ပုံမှန်မဟုတ်ဘူးဆိုပြီး အထင်အမြင်သေးသွားမှာလည်း သူတို့ကြောက်တယ်။ ကျွန်မမိဘတွေက သူတို့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေ သိပ်မကြာခင်ပဲ မြေးတွေချီနေရပြီဆိုတာသိရတဲ့အခါ လည်းကျရော သူတို့တွေ လုံးဝကိုမျက်နှာထားစရာမရှိအောင် ဖြစ်သွားရရှာတာ””ဟု သူမကပြောပြသည်။
ချင်၏မိဘများက သူတို့၏သမီး အိမ်ထောင်ကျနိုင်ရေးအတွက် ကြင်ဖက်တွေ့ဆုံမှုကိုလုပ်ပေးပြီး ကြိုးပမ်းအားထုတ်နေခဲ့ကြသည်။ နောက်ဆုံးတွင် သူမ၏ဖခင်က သူမအနေနှင့် နှစ်မကုန်ခင်အိမ်ထောင်ပြုနိုင်ခြင်းမရှိပါက သားသမီးအဖြစ်မှစွန့်လွှတ်တော့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ သည်။

ယခုအခါ မိဘများက သူမကို ယောက်ျားတစ်ယောက်ရအောင် မရှာနိုင်လျှင် အိမ်ပြန်လာ၍ သူတို့နှင့်အတူနေထိုင်ရန် ပြောဆိုလာသည်။ ချင်အနေနှင့် သူမလိုချင်သောအရာ၊ ဖြစ်ချင်သောဆန္ဒကို ကိုယ်တိုင်သိရှိ ပြီးသားဖြစ်သည်။ ရိုးသား၍ တာဝန်ယူမှုရှိသည့် အဖော်မွန်ကောင်းတစ်ဦးကို သူမ ရည်မှန်းထားသည်။ သို့မဟုတ်ပါက မည်သူမျှမရလည်း နေပါစေတော့ဟူ၍ စိတ်ပိုင်းဖြတ်ထားသူဖြစ်သည်။
ယင်းအခြေအနေမှာပင် အစိုးရထိန်းချုပ်သော မီဒီယာများက ဇီဇာကြောင်သော ပညာတတ်အမျိုးသမီးများကို ရည်ရွယ်သောဝေဖန်ပြောဆိုမှုများ တရစပ်ဖော်ပြလာခဲ့သည်။

၂၀၁၁ခုနှစ် မတ်လတွင် တရုတ်အမျိုး သမီးထု ဖက်ဒရေးရှင်း၏ ၀က်ဘ်ဆိုက်စာမျက်နှာ၌ ရေးသားထားသော ဆောင်းပါးတွင် ““လှပသောအမျိုး သမီးများမှာချမ်းသာ၍ သြဇာကြီးမားသော မိသားစုအတွင်းမှ အမျိုးသားနှင့်ကြင်ဖက် ဖြစ်နိုင်ရေးအတွက် ပညာများစွာတတ်ရန် မလိုအပ်ပေ။ သို့သော် သာမန်ရွက်ကြမ်း ရေကျိုအဆင့်နှင့် ရုပ်ရည်မပြေပြစ်သော မိန်းကလေးများမှာမူ ယင်းကဲ့သို့အဆင့်အတန်းမြင့်သော အမျိုးသားကို ရှာဖွေရန်ခက်ခဲမည်ဖြစ်သည်””ဟု ဖော်ပြထားသည်။
““အဆိုပါအမျိုးသမီးများမှာ သူမတို့၏(အိမ်ထောင်ဖက်ရှာရာ၌)ပြိုင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ရန် ပညာအရည်အချင်းကိုအသဲအမဲ တွန်းတင်လာကြသည်။ သို့သော်ငယ်ရွယ်စဉ် လက်ထပ်ရန်အခါ ကောင်း၌ပညာဖြင့်လုံးပန်းနေပြီး မဟာဘွဲ့၊ ဒေါက်တာဘွဲ့များရရှိချိန်တွင် အရွယ်လွန် တစ်စိတ်ဟိုင်း၍ တစ်ကိုယ်တည်း အပျိုကြီးများဖြစ်ရကုန်၏””ဟု ယင်းဆောင်းပါးတွင် ရေးသားထားသည်။ ယင်း ၀က်ဘ်ဆိုက်စာ မျက်နှာတွင် ““ပျိုကျန်ရစ်ကြီးများ””ဟု၎င်းတို့ သုံးနှုန်းခေါ်ဝေါ်သည့် အချိန်တန်အိမ် ထောင်မပြုသေးသော အမျိုးသမီးများအကြောင်း ရေးသားထားသည့် ဆောင်းပါးပေါင်း၁၅ပုဒ်ထက် မနည်းဖြင့် လှုံ့ဆော်ပညာပေးရန် အားထုတ်ထားသည်။

ဆောင်းပါးများတွင် အမျိုးသမီးများ လူကြားထဲ ပေါ်လွင်ထင်ရှားအောင်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အောင်သွယ်အကြံပေးချက်များအပြင် အရွယ်လွန်မှအိမ်ထောင်ပြုချင်စိတ်ပေါက်လာသော (ကြီးမှဝက်သက်ပေါက်သော)စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပေါ်လေ့လာဆန်းစစ်ချက်များပင် ပါဝင် သည်။ လွန်ခဲ့သောလအနည်းငယ်က အဆိုပါဝက်ဘ်ဆိုက်စာမျက်နှာမှ ““ပျိုကျန်ရစ်ကြီးများ””ဟူသော အသုံးအနှုန်းကို ဖယ်ရှားခဲ့သည်။ ယခုအခါ ယင်းနေရာတွင် လက်မထပ်ရသေးသော “အရွယ်လွန်”အမျိုးသမီးများ (အသက်၂၇နှစ် ကျော်၊ တစ်ခါတစ်ရံ ၃၀ ကျော် အရွယ်ကိုရည်ညွှန်း၍) ဟူ၍ အစားထိုးဖော်ပြသည်။ သို့သော်မူလ အသုံးအနှုန်းဖြစ်သော““ပျိုကျန် ရစ်ကြီးများ””ကို အခြားနေရာများ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။

““ဒီအသုံးအနှုန်းကို ပေါ်ပင်တစ်ခုလို သုံးနေကြတယ်။ ဒါဟာ လက်မထပ်ရသေးတဲ့ အရွယ်လွန်အမျိုးသမီး တွေကို အမြင်သေးသိမ်အောင်လုပ်တာပါ။ဒါကြောင့် မီဒီယာတွေအနေနဲ့ ဒီအသုံးအနှုန်းကို မသုံးသင့်တော့ ပါဘူး။ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကိုလေးစားသင့်ပါတယ်””ဟု တရုတ်အမျိုးသမီးထု ဖက်ဒရေးရှင်း၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သော လွတ်လပ်သောအုပ်စုတစ်စုဖြစ်သည့် အိမ်ထောင်ရေး နှင့်မိသားစုရေးရာ လေ့လာရေးအဖွဲ့အထွေထွေအတွင်းရေးမှူး ဖန်အိုင်ဂူယိုကဆိုသည်။
အသက် ၂၇နှစ် သို့မဟုတ် ၃၀နှစ် အရွယ် အမျိုးသမီးများကို““ပျိုကျန်ရစ်ကြီး များ”ဟု ခေါ်ဝေါ်မှုမှာ ရှေးတုန်းကတရုတ်နိုင်ငံ၏ ဓလေ့အရဆိုလျှင် လျော်ကန်သင့် မြတ်လှပေမည်။ တရုတ်နိုင်ငံ၌ အမျိုးသမီး ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်သားမွေး သောဓလေ့က ရှည်ကြာစွာတည်ရှိခဲ့သည်။ သို့သော် ပညာတတ် အမျိုးသမီးများပြားလာနေသည့်ဒေသများ၌ အမျိုးသမီးများ အိမ်ထောင်ပြုသည့်ပျမ်းမျှအရွယ်မှာ မြင့်မြင့်လာ နေသည်။

၁၉၅၀တွင် တရုတ်မြို့ပြမှ အမျိုးသမီးများ၏ အိမ်ထောင်ပြုသည့် ပျမ်းမျှအသက်အရွယ်မှာ၂၀အနီးသို့ ပထမဆုံးအကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင်မူ ပျမ်းမျှအရွယ်မှာ ၂၅နှစ် အထိဖြစ်သွားပြီး ယခုမျက်မှောက် ၌မူ ၂၇ နှစ်ဝန်းကျင်ခန့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဲလစ်ဆာဟု အင်္ဂလိပ်နာမည် ပေးထားသော ၂၉နှစ်အရွယ် ဈေးကွက်အမှုဆောင်အရာရှိအမျိုးသမီးက သူမ၏အရွယ်နှင့်အိမ်ထောင်မရှိဖြစ်နေခြင်းမှာများစွာ မဆိုးလှကြောင်း ပြောကြားသည်။
““တစ်ယောက်တည်းနေတော့ ကျွန်မကြိုက်တာကျွန်မလုပ်နိုင်တယ်။ ကြိုက်တဲ့အချိန် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလို့ ရတယ်။ ကျွန်မရဲ့အလုပ်ကို ကျွန်မချစ်တယ်။ ကျွန်မဘာသာကျွန်မလုပ်နိုင်တဲ့ အရာတွေမှ အများကြီးပဲ။ စာဖတ်တာ၊ ရုပ်ရှင်သွားကြည့်တာစသဖြင့်ပေါ့။ ကျွန်မ ပတ်ဝန်းကျင်မှာလည်း တစ်ကိုယ်ရေနေ ထိုင်တဲ့သူငယ်ချင်းတွေ အများကြီးရှိတယ်။ ဒါကြောင့်လည်း ကျွန်မတို့တွေ အချင်းချင်း အချိန်တွေအများ ကြီးဖြုန်းနေလို့ရတယ်လေ””ဟုသူမကပြောဆိုသည်။

သို့သော် သူမ၏မိဘများက နေ့လည် စာစားချိန် ခဏတာအား လပ်သည့်အတောအတွင်း ကြင်ယာဖက်ရှာစေလိုကြသည်။ သူမအနေနှင့်လည်း မိဘများ ဆန္ဒအရ ကြင်ယာဖက်တွေ့ဆုံမှုများကို ပြုလုပ်ခဲ့ဖူးသည်။ သို့သော် သူမတွေ့ဆုံခဲ့ရသည့်သူများမှာ မစွံကြောင်းသူမကဆိုသည်။ သူမအနေနှင့် ယင်းသို့မလုပ်ချင်ကြောင်း၊ သို့သော် မိဘများ၏စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးလိုကြောင်း၊ သို့သော်သူမအနေနှင့် ကြင်ဖက်တွေ့ဆုံမှုအပေါ် ယုံကြည်မှုမရှိကြောင်း အဲလစ်ဆာကဆိုသည်။

အဲလစ်ဆာက သူမအနေနှင့်သင့်တော်သည့် အမျိုးသားကို တွေ့ဆုံချစ်ကြိုက်ရန် ရည်မှန်းထား သော်လည်းဆောက်ဖြစ်မှသာ ကျောင်းဒကာဟု ဆိုနိုင်တော့မည်ဖြစ်ကြောင်းပြောဆိုသည်။

ထူးထူးခြားခြား ကမ္ဘာ့မြေအောက် ဆေးရုံ


မြေအောက်မှာဆောင်ထားတဲ့ ဆေးရုံ ဆိုပဲ...


ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။ ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။ ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။



ဒီဆေးရုံကိုတော့ လေပြွန်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊ အသက်ရှုမ၀တာတို့စတဲ့ ရောဂါတွေအတွက် ကုသပေးပါသတဲ့။ ဆေးရုံကဆရာဝန်တွေကတော့ ဒီလို ဆားငွေ့တွေပါတဲ့အတွက် အနုဇီဝ ပိုးမွှားတွေကို သေစေနိုင်ပြီးတော့ အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ဆိုပေမယ့် အခြားဆရာဝန်တွေကတော့ ဒီအဆိုကို သိပ်ပြီးတော့ မထောက်ခံပါဘူး။

သို့ပေမဲ့လည်း နှစ်စဉ် လူနာပေါင်း ၅၀၀၀ လောက်ကတော့ ဒီဆေးရုံမှာ လာရောက်ပြီး ကုသနေကြပါသတဲ့။ တစ်ခေါက်ကုသလျှင် လူနာ ၂၀၀ လောက်ကို ဆားငန် လေတွေရှိတဲ့ လှိုင်ဂူထဲမှာ နေ့လည် လောက်အထိ ဒါမှမဟုတ်ရင်တော့ တစ်ညအိပ်စေပါသတဲ့။ လူနာတွေရဲ့ သုံးပုံတစ်ပုံကတော့ ကလေးတွေဖြစ်ပါတယ်။ ကုထုံးကတော့ ၂၄ရက်ကြာမြင့်ပါသတဲ့။


ဒီမှာ ဆေးကုသရင်တော့ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးနေနိုင်ပေမယ့် အန္တရာယ်တော့ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဆေးကုသနေတဲ့ အချိန်မှာ ကလေးငယ်လေးတွေဆိုရင် Safety ဦးထုပ်တွေ၊ လှိုင်ဂူ မျက်နှာကျက်တွေကနေ ယိုစိမ့်လာတဲ့ ရေတွေကို ကာကွယ်ပေးဖို့ ပလပ်စတစ်တွေနဲ့ ကာကွယ်ပေးထားပါသတဲ့......
ကဲ…. ရင်ကျပ်ပန်းနာ၊ အသက်ရှုကျပ်၊ လေပြွန်ရောင်သူများလည်း သက်သာလို သက်သာငြား အဆိုပါ မြေအောက် ဆေးရုံလေးသို့ သွားရောက် စမ်းသပ်နိုင်ပါကြောင်း…..။ မှတ်ချက်။ ။ပျောက်မပျောက် အာမ မခံပါ။

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား?




"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏အကူအညီတောင်းသံသည်သားဖြစ်သူ၏အော်ငေါက်သံနောက်တွင်
တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏အတွေးများသည်လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်..ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားကမတော်တဆသားအရိုးစူးသည့်အခါအရိုးမြန်မြန်ကျစေဖို့ငှက်ပျောသီးချော့ကျွေး၍
သား၏ရင်ဘတ်လေးကိုကြင်ကြင်နာနာသပ်ပေးပြီးမိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်
အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့်သူမ..ခု ရေချိုးခန်းထဲရှိရေညှိများဖြင့်
ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....
သားလက်သည်းခြေသည်းလေးတွေကိုတပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်
ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....


သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ"ဟူ၍တွတ်တီးတွတ်တာ မေးတတ်သည်....မိမိအတွက်သားမေးတိုင်းကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသောပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...

သားကိုဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျားမှထွက်ကျလာသည့်"ဒီလောက်စာလုံးကြီးကြီးနဲ
့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲနားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသောသူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်....

သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...မိမိ၏လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....အကူအညီပေးသောထိုသူတစ်ပါးသည်မိမိရင်မှမွေးဖွားခဲ့သောတစ်ဦးတည်းသောသားလေး
ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..
သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော်အထီးကျန်ဆန်လှသောသူမ၏ဘ၀သည်သူမ၏စိတ်ကူးနှင့်လွန်စွာခြားနားလှသည် မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူးဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
FROM - FB

အမေ.

အမေရိကန်ရောက် ဗီယက်နမ် ယဉ်ကျေးမှု



အမေရိကန် ပြည်ထောင်စု မက်ဆာချူဆက်ပြည်နယ် Braintree မြို့ ရှိ ဗီယက်နမ်-မဟာယန ဘုန်းတော်ကြီး ကျောင်းတွင် Ullambana Ceremony ပွဲကို သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ပါတယ်။အဲဒီ့ ပွဲတော်ကို မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား ၊ လာအို၊ သီရိလင်္ကာ၊ နီပေါ နှင့် ဗီယက်နမ် နိုင်ငံတွေ က ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကိုလည်း ပင့်ဖိတ် ခဲ့ပါတယ်။ 


သံဃာတော်တွေနဲ့ ဧည့် ပရိသတ်တွေကို ဗီယက်နမ် ရိုးရာ အသက်သတ်လွတ် အစားအစာတွေနဲ့ တည်းခင်း ဧည့်ခံကြပါတယ်။ဗီယက်နမ် ရိုးရာ အဝတ်အစားတွေ ဝတ်ဆင်လာကြပြီး ဗီယက်နမ် အဆိုတော်တို့က ဂီတတေး သီချင်းတွေနဲ့ အခမ်းအနားတွင်သီဆိုဖျော်ဖြေဧည့်ခံခဲ့ကြပါတယ်။

မဟာယန ကျောင်းထိုင်ဘုန်းကြီးက ဧည့်ပရိသတ်ကို တရားဟောပြောအပြီး ထေရဝါဒ ရဟန်းတော်များမှ ပါဠိ ဘာသာအားဖြင့် ဘုရားရှိခိုး ဆုတောင်းဂါထားများ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပါတယ်။ သံဃာတော်များကိုလည်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြင့် အခမ်းနားပြီးဆုံးခဲ့ပါတယ်။ 


မြန်မာနိုင်ငံ အတွင်း ထေရဝါဒ နှင့် မဟာယာနာ အပြန်အလှန် ပင့်ဖိတ်မှု ဆိုသည်မှာ မရှိသလောက် ဖြစ်သော်လည်း အမေရိကန်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ထေရဝါဒနှင့် မဟာယာန အချင်းချင်း ကူလူး ဆက်ဆံမှု ကြီးကြီးမားမား တည်ရှိနေပါတယ်။



ဗီယက်နမ် မဟာယနကျောင်းဟာ ကျယ်ဝန်ပြီး ဗီယက်နမ်နဲ့ အမေရိကန် လူမျိုးတွေနဲ့ စည်းကား သိုက်မြိုက် နေတာကြတာပါ။ တချို့သော မြန်မာဘုန်းတော်ကြီးကျောင်း တို့ထက် ပြည့်စုံပါသေးတယ်။ဗီယက်နမ် ဘုန်းတော်ကြီးက " ငါတို့တွေ ထေရဝါဒ ၊ မဟာယန ကွဲသော်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အတူတူပဲ" လို့ ဘုန်းတော်ကြီးတွေကို ပြောကြားတာဟာ ညီညွတ်မှုကို ပြသရာလည်း ရောက်ပါတယ်။

ဓာတ်ပုံတွေထဲက နေရာဟာ အမေရိကန် ရောက် ဗီယက်နမ်လူမျိုးတွေရဲ့ အစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ကို မပျောက်ပျက်ရအောင် ထိမ်းသိမ်းပေးနေသော ယဉ်ကျေးမှု စင်တာတခု အဖြစ်တည်ရှိနေတာပါ။

ဗီယက်နမ်တွေက အမေရိကန်ပြည်ထောင်စုကို ရောက်နေကြပေမယ့် သူတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်း ကွာကွယ် မြှင့်တင်ဖို့ အစဉ်ကြိုးစားနေတာဟာ လေးစားစရာ ကောင်းပါတယ်။ 


Irrawaddy

ခေတ်ရေစီးကြောင်းနောက်က ကင်မရာဖုန်းနှင့် မြန်မာလူငယ်များ


ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေပါသည်။ ထိုနည်းတူစွာပဲ လူငယ်များသည်လည်း ခေတ်ရေစီးအကြောင်းအတိုင်း လိုက်ပြီး ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲလာခဲ့ကြပြီဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကို လူတန်းစိမကိုင်နိုင်ကြပါဘူး..တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့်အမျိုးအစားနည်းလှသည်ဟုပြောရပါမည်။

ခေတ်ပြောင်းလဲတိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းများသည်လည်း တစ်နေ့ထက်တစ်နေ့ အသစ်ပြီးအသစ် ထွက်ပေါ်လာခဲ့ပါပြီ...ထိုများထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံသည်လည်း ခေတ်ရဲ့ရေစီးကြောင်းအတိုင်း လိုက်ပါလာပါသည်။

ထိုများထဲတွင် လူငယ်များရေပန်းစားလာသည်က ကင်မရာပါသည့် လက်ကိုင်ဖုန်းပင်ဖြစ်လာသည်။ကင်မရာပါသည့်လက်ကိုင်ဖုန်းကို လူငယ်တွေအဘယ်ကြောင့်ကြိုက်နှစ်သက်သနည်းဆိုရင် ကိုယ်သွားနေရာဒေသများကို အလွယ်တကူ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်သလို အပျော်တမ်း ဗွီဒီယိုမှတ်တမ်းများလည်း ရိုက်ကူးနိုင်ခြင်းကြောင့် လူငယ်များကြားထဲ ပိုမိုရေပန်းစားလာခြင်းဖြစ်သည်

လတ်တလော ဂုဏ်ရှိန်ဝင့်ထည်

Tuesday, August 27, 2013

ဂုဏ်ရှိန်ဝင့်ထည်ကစင်ကာပူမှာအလင်းကောက်ကြောင်း ဓာတ်ပုံ အဖွဲ့နဲ့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့သလို သူ့ရဲ့ ညှို့စီးရီးကို လည်း အဲဒီအဖွဲ့က ဗီစီဒီ ၂ပုဒ် ရိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။ စင်ကာပူမှာတော့ ခပ်ဟော့ဟော့ပုံတွေပဲ ရိုက်ဖြစ်ခဲ့တယ်လို့ ပြောပြီး ကြော်ငြာ ၂ခုကိုလည်း စင်ကာပူမှာ လက်ခံရိုက်ကူး ခဲ့တယ်လို့သိရပါတယ်။စင်ကာပူ မှာကျော်ကျော်ဗိုနဲ့ ဓာတ်ပုံ ရိုက်တာတွေ့လို့မေးကြည့် တော့"ကိုကျော်ကျော်ဗို ကစင်ကာပူ ကိုသူ့အလုပ်ကိစ္စနဲ့လာတာပါ။ အလင်းကောက်ကြောင်း က အစ်ကိုတွေနဲ့ သူကခင်တော့ကူညီတဲ့အနေနဲ့ ရိုက်ပေးခဲ့တာပါ" လို့ ပြောပါတယ်။

၉လပိုင်းမှာ စင်ကာပူကို နောက်တစ်ခေါက်ထပ်သွား ဖို့ရှိပြီး နောက်တစ်ခေါက်ထပ်သွားမှာကတော့အလင်းကောက် ကြောင်းအဖွဲ့နဲ့ မြန်မာဆန်တဲ့ဝတ်စုံတွေနဲ့ဓာတ်ပုံ ရိုက်ဖို့ပါပဲလို့ဂုဏ်ရှိန်ဝင့်ထည် ကပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်ရဲ့ပုံတွေကို ဖေ့စ်ဘုတ် ပရိသတ်ဆီ ကဘာသံတွေကြားရလဲမေးတော့ "ပရိသတ်တွေ ကတော့ အားပေးကြ တာရှိသလို၊ ဝေဖန်ကြတာ လည်းရှိပါတယ်။အားပေးတဲ့လူတွေကြောင့် ပျော်
ရသလိုဝေဖန်တဲ့လူတွေတချို့ကြောင့် စိတ်မကောင်း ဖြစ်မိတာရှိပါတယ်" လို့ ပြောပါတယ်။ ဂုဏ် ရှိန်ဝင့်ထည်က သူ့ရဲ့ညှို့ဗီစီဒီကိုလည်း ၉ လပိုင်း မှာ ထွက် နိုင်ဖို့ကြိုးစားနေပြီး ၉ လပိုင်း အမီထွက်ရင်တော့ စင်ကာပူမှာလည်း ပရို မိုးရှင်းပွဲလုပ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ တချို့အဆိုတော်တွေက ဗီစီဒီလုပ်မယ့် ငွေကို ဗီစီဒီမလုပ်တော့ဘဲ နောက်ထပ် တစ်ခွေလုပ်ကြ တာရှိတယ်။ ဂုဏ်ရှိန် ဝင့်ထည်ကောဘာလို့ ဗီစီဒီလုပ်တာ လဲလို့ မေးတော့ "ရှိန့်ကို ပြောကြ တဲ့လူတွေတော့ရှိတယ်။ အဲဒီ လိုပါလားပေါ့။ ဒါပေမဲ့ ကိုယ်က လည်းအနုပညာကို သေချာ လေးလုပ်ထားတာ မို့ပရိသတ်ကို ချပြချင်လို့ လုပ်ဖြစ်တာပါ" လို့ပြောပါတယ်။ ဂုဏ်ရှိန်ဝင့်ထည်ကို ဆွီဒင် က မြန်မာဓာတ်ပုံ အဖွဲ့ကလည်း ဓာတ်ပုံ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်လို့ သိရပါတယ်။

နေကွန်းထင်
Popular Journal

Related Posts Plugin for WordPress, Blogger...