Tuesday, August 27, 2013

အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူနှစ်ဦးက အမျိုးသမီး တစ်ဦး၏မျက်နှာကို ဓားဖြင့်လှီးရာ ၁၆ ချက်ချုပ်ရ





ရန်ကုန် ၊ ၂၇-၈-၂၀၁၃


ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် ယနေ့မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ အမျိုးသမီး တစ်ဦးအား အမည်မသိ အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူ နှစ်ဦးမှ မျက်နှာပြင် အား ဓားဖြင့်လှီးရာ (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရသည်။



ယင်းနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေသော ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်က ''ကျွန်မက ကလေး ကျောင်းကြိုဖို့ အာဿက(၂၂) လမ်းအအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ အသင့်ရပ်စောင့် နေတဲ့ အသားမည်းမည်း လူမျိုးခြားလို့ ထင်ရသူ အမည်မသိ အမျိုးသား (၂)ယောက်ကို အမှတ်မထင် တွေ့လိုက် ရပြီး အိက်ႌအျဖဴ ဝတ္ထားတဲ့ လူက ဆုိက္ကားကုိ တားၿပီး က်န္အိက်ႌ အျပာ ဝတ္ထားသူက အသင့် ယူဆောင်လာတဲ့ ခေါက်ဓားလို့ ထင်ရတဲ့ ချွန်ထက်သော အရာနှင့် ကျွန်မ ဝဲဘက်ပါးကို ဆွဲခြစ် လိုက်ပါတယ် ၊ ကျွန်မလည်း ပူကနဲ ဖြစ်သွားပြီး လက်နဲ့ပါးကို ကိုင်လိုက်မှ သွေးတွေ ရွှဲနေတာကို တွေ့ရပါတယ် ၊ အဲဒီအချိန်မှာ ကျွန်မနဲ့အတူလာတဲ့ အသက်(၆ဝ) အရွယ် ဆိုက်ကားသမား အဘိုးကြီးမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး ကျွန်မလည်း ဓားနဲ့လှီးတယ် . ဓားနဲ့လှီးတယ် ... ဟုအော်လိုက်ရာ အဲဒီ လူနှစ်ယောက် အတူတူ ထွက်ပြေးသွား ပါတော့တယ် ... '' ဟု ပြောကြားသည်။


ယင်းဖြစ်ပွားမှု နှင့်ပတ်သက်ပြီး တောင်ဥက္ကလာပ (၁ဝ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က '' ကျွန်တော်တို့ လည်း ယခုအချိန် ထိတော့ အတိအကျ မသိရသေးပါဘူး ၊ အသားမည်းမည်း လူမျိုးခြားလို့ ယူဆရသူ အမျိုးသား နှစ်ဦးက ဓားနဲ့ မျက်နှာလှီးပြီး ထွက်ပြေး သွားတယ်လို့ပဲ သိရသေးတယ် ၊ ဖြစ်စဉ်အမှန်ကို စုံစမ်းဆဲပါ ... ''ဟု ပြောကြားသည်။


ယင်းနှင့် ပတ်သက်၍ ဓားဖြင့်လှီးခံရသူ မချိုချိုဝင်းမှာ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့ရာ ဝဲဘက်ပါးပြင်တွင် (၁၆)ချက်ချုပ်လိုက် ရကြောင်း သိရသည်။ ထိုဖြစ်ပွားမှုကို တောင်ဥက္ကလာပ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များက ထွက်ပြေး တိမ်းရှောင် နေသူ အမျိုးသား နှစ်ဦးအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...