Tuesday, August 27, 2013

အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲမိသူများ ကျပ်နှစ်သောင်းဒဏ်ရိုက်ခံရ



သျှမ်းပြည်အတွင်းရှိ လေဆိပ်ကြီးများတွင် အသက် ၁၈ နှစ်ပြည့်ပြီးနိုင်ငံသား ကဒ် (မှတ်ပုံတင်) အသစ် ပြန်မလဲသူအား ဒဏ်ငွေအနည်း ဆုံးနှစ်သောင်း ကျပ် ဒဏ်ရိုက်လေ့ရှိသည်ဟု ခရီးသွားများက ပြောပါသည်။


သျှမ်းပြည်မြောက်ပိုင်း လားရှိုးလေဆိပ်၊ တောင်ပိုင်း ဟဲဟိုးလေ ဆိပ်၊ အရှေ့ပိုင်း တာချီလိတ်လေဆိပ်၊ကျိုင်းတုံလေဆိပ်တို့တွင် ထိုသို့ ပိုက်ဆံတောင်းခြင်းပြု လုပ်နေကြကြောင်း ခရီးသွားများကပြောဆိုပါသည်။

ဟဲဟိုးလေဆိပ်တွင် မူ မှတ်ပုံတင်လဲလှယ်ပြီးသည့် အသက် ၁၈ နှစ်ပြည့် ခရီးသွား စိုင်းခမ်း အား အာဏာပိုင်များက ပိုက်ဆံ ၂ သောင်း ကျပ်တောင်း ခဲ့ကြောင်း ကာယကံရှင်ကပြောပါသည်။

“ ကျနော် ဒီလဆန်းတုန်းက ဟဲဟိုးကနေ တာချီလိတ်ကို လာတာ။ ကျနော် က ၁၈နှစ်ပြည့် မှတ်ပုံတင်လဲထားတာ မကြာ သေးဘူး။ ဒါပေ မယ့် လဝကရုံးက ကျနော်ထပ်လဲရမယ့် အသက်ကို ၁၈ နှစ်ပြည့် ရင်လဲလှယ်ပါ
လို့ထပ်ပြီးရေးမှားပေးထားတယ်။ ကျနော်က အဲတာကိုထောက်ပြတော့ ကျနော့်ကို ထောင်ချလို့ရတယ်လို့ပြောတယ်။ကျနော်မှတ်ပုံ တင်လဲပြီးပေ မယ့်အမှုမဲ့အမှတ်မဲ့နေတဲ့ အတွက် ပေးလိုက်ရတယ် ပိုက်ဆံ
၂ သောင်း” ဟု သျှမ်းသံတော်ဆင့်အား ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လေဆိပ်တွင်မူ အမျိုးသမီးငယ်များအား အသက် ၁၈ နှစ်ပြည့်၍ မှတ်ပုံတင်လဲလှယ်ခြင်းမပြုဟုဆို ကာ လည်းဒဏ်ငွေ ကျပ် ၂ သောင်းရိုက်ခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က ပြောပါ
သည်။

“ကျမတို့ အုပ်စု သုံးယောက်ရှိတယ်။ ၁၈ နှစ်ပြည့်ပြီးသူတွေချည်း ပါဘဲ။မှတ်ပုံတင်တွေ လဲသူတို့လဲထားကြတယ်။ ကျမက ကျန်းမာရေး မကောင်းဘူး၊ ဝင်ငွေလဲမရှိသေးဘူးဆိုတော့ သွားမလဲဘဲ နေလိုက်တယ်။
ရန်ကုန်သွားပြီး ဆေးစစ်မလို့လားရှိုးလေဆိပ်မှာ ငွေနှစ်သောင်း တောင်းခံလိုက်ရတယ် ” - ဟု အေးထွေး (အိမ်နာမည်) က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

၎င်းနှင့်ပတ်သက်၍ ကျားဖြူပါတီ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော် အမတ်နန်းခမ်းအေးက “ အသက် ၁၈နှစ်ပြည့်ပြီးတဲ့လူတွေကိုမှတ်ပုံ တင်လဲစေချင်ပါတယ်။ မှတ်ပုံတင်မလဲရင် အရေးယူခံရမယ်လို့ဥပဒေမရှိပေ
မယ့် ကိုယ်ကမလဲရင် အာဏာပိုင်တွေကို စာရိတ္တပျက်အောင်လုပ်ရာ ကျသလို ကိုယ့်ဘက်က လဲ ရှာဖွေစုဆောင်း ထားတဲ့ငွေတွေအာဏာ ပိုင်တွေကိုဘဲ ပေးဖို့ လုပ်ရာ ကျပါတယ် ” ဟုထောက်ပြပါသည်။

မြန်မာနိုင်ငံသားများ မှတ်ပုံတင်တွင် အချို့မှာ မှတ်ပုံတင်လဲရန် သတိပေး တံဆိပ် မပါဘဲ အချို့မှာလည်း၁၈ နှစ်ပြည့်၊ ၃၀ နှစ်ပြည့်၊ ၃၆နှစ်ပြည့် တို့တွင်လဲလှယ်ရန် သတိပေးသည့် တံဆိပ် ပါရှိကာလဲလှယ်ရမည့်
အသက်ကို လက်ရေးဖြင့်သာရေးသားထားသည်ကိုတွေ့ရသည်။

သျှမ်းသံတော်ဆင်.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...