Tuesday, August 27, 2013

ခေတ်ရေစီးကြောင်းနောက်က ကင်မရာဖုန်းနှင့် မြန်မာလူငယ်များ


ခေတ်က တစ်နေ့ထက် တစ်နေ့ပြောင်းလဲနေပါသည်။ ထိုနည်းတူစွာပဲ လူငယ်များသည်လည်း ခေတ်ရေစီးအကြောင်းအတိုင်း လိုက်ပြီး ၀တ်စားဆင်ယင်..နေထိုင်..ပြောဆိုမှုတွေ အကုန် တစစီ ခေတ်နဲ့လိုက်ပြီး ပြောင်းလဲလာခဲ့ကြပြီဖြစ်ပါသည်။ လွန်းခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်က ကျွန်တော်တို့နိုင်ငံတွင် လက်ကိုင်ဖုန်းကို လူတန်းစိမကိုင်နိုင်ကြပါဘူး..တစ်ချို့ကိုင်နိုင်သူများတွင်လည်း ကင်မရာပါသည့်အမျိုးအစားနည်းလှသည်ဟုပြောရပါမည်။

ခေတ်ပြောင်းလဲတိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းများသည်လည်း တစ်နေ့ထက်တစ်နေ့ အသစ်ပြီးအသစ် ထွက်ပေါ်လာခဲ့ပါပြီ...ထိုများထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံသည်လည်း ခေတ်ရဲ့ရေစီးကြောင်းအတိုင်း လိုက်ပါလာပါသည်။

ထိုများထဲတွင် လူငယ်များရေပန်းစားလာသည်က ကင်မရာပါသည့် လက်ကိုင်ဖုန်းပင်ဖြစ်လာသည်။ကင်မရာပါသည့်လက်ကိုင်ဖုန်းကို လူငယ်တွေအဘယ်ကြောင့်ကြိုက်နှစ်သက်သနည်းဆိုရင် ကိုယ်သွားနေရာဒေသများကို အလွယ်တကူ အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်သလို အပျော်တမ်း ဗွီဒီယိုမှတ်တမ်းများလည်း ရိုက်ကူးနိုင်ခြင်းကြောင့် လူငယ်များကြားထဲ ပိုမိုရေပန်းစားလာခြင်းဖြစ်သည်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...