Tuesday, August 27, 2013

ဂါဂါနဲ့ မယ်လီ တို့ ပြိုင်ခဲ့တဲ့ည


အများစု ထင်ထားတာက ကေတီပယ်ရီနဲ့ လေဒီဂါဂါတို့ VMA ရုပ်သံ တေးဂီတ ဆုပေးပွဲမှာ Performance အားပြိုင်မယ်လို့လေ။ သို့ပေမယ့် မဟုတ်ပါဘူး။ လေဒီဂါဂါနဲ့ မယ်လီဆိုင်းရက်စ် တို့ ဖြစ်ပါတယ်။

နဂိုကလည်း အဖော်အချွတ်ဝတ်ပြီး Performance လုပ်တာက လေဒီဂါဂါရဲ့  ထုံးစံပါ။ သူ့လိုပဲ နောက်တစ်ယောက် ပေါ်လာတယ်ဆိုရင်တော့ အားလုံး အံ့သြ ကြမှာပါပဲ။ မယ်လီဆိုင်းရက်စ် တစ်ယောက် လည်း Blurred Lines အမည်ရ သီချင်းအတွက် အသက် ၃၀ ကျော် Robin Thicket အမျိုးသား အဆိုရှင်နဲ့ စင်ပေါ်မှာ Sexy Dance ကခဲ့ပါတယ်။ ဝီလ်စမစ်တို့ မိသားစု မျက်လုံးပြုးကြည့်ရတဲ့ အထိကိုပါ။ လေဒီဂါဂါ ကတော့ နောက်ဆုံးထွက်ရှိ ထားတဲ့ Applause သီချင်းနဲ့ သီဆို ဖျော်ဖြေ တင်ဆက်ပါတယ်။

မယ်လီဆိုင်းရက်စ် တစ်ယောက်ကတော့ MTV ပွဲပြီး နောက်ပိုင်း သတင်းထူးသွားတဲ့ အဆိုတော် တစ်ဦး ဖြစ်သွားပါတယ်။ အသက် ၂၀ ကျော်သာ ရှိသေးတဲ့ မယ်လီ တစ်ယောက် ဝတ်စားထားပုံက ဂါဂါနဲ့ အပြိုင်ပါပဲ။ အပြင်မှာ ပါတဲ့ Out Fit ကိုတောင် ချွတ်ပြီးတော့ Sexy Dance ကလိုက်ပါသေးတယ်။ နောက် တစ်ရက်လည်း ရောက်ရော Twitter , Facebook နဲ့အခြားသော Social Media Page တွေမှာ သူ့ကို သရော်ထားတဲ့ ပုံတွေ၊ ကာတွန်းတွေ၊ စာတွေ ပလူပျံသွားပါတယ်။ သို့ပေမယ့် ကိစ္စမရှိပါဘူး။ ဒါကိလည်း မယ်လီဆိုင်းရက်စ်တစ် ယောက် တွက်ချက်ထားပြီးသားပါ။ ကေတီပယ်ရီကတော့ လက်ဝှေ့ စင် မှာ Peformance လုပ်ပြီး သီဆိုဖျော် ဖြေ ပါတယ်။

အမေရိကန်က တေးဂီတ အနုပညာရှင်အများစု တက်ရောက်တဲ့ ပွဲမှာ လေဒီဂါဂါ နဲ့ ဆယ်လီနာ ဂေါမက်ဇ် ကတော့ လူပြောအများဆုံး သတင်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
.
Ref: dailymail
Aung Kham (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...