Tuesday, August 27, 2013

အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံသားမဟုတ်သူများ ပါတီထောင်ခွင့်



သြဂုတ်  လ  ၂၆  ရက်နေ့  က  အမျိုးသား လွှတ်တော် အစည်းအဝေးမှာ  နိုင်ငံသား  မဟုတ်သူ  များနိုင်ငံရေး ပါတီ တည်ထောင်ခွင့် ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်ကြရာမှာ ကြံ့ခိုင်ရေးပါတီဝင်များ နဲ့  NLD  ပါတီဝင်   ကိုယ်စားလှယ်များ   ဟာ  ထောက်ခံခြင်းမပြုကြပဲတုံတိ ဘာဝေနှာစေးနေခြင်းကိုတွေ့ရပါတယ်။ ဒါကြောင့် ပြည်သူကရွေးချယ် ထားတဲ့နှစ်ပါတီဝင် ကိုယ်စားလှယ်တွေရဲ့ အမျိုးသားအကျိုးစီးပွား ကို အလေးအနက်ထားမှုအပေါ် အကျိုးသက်ရောက်စေတဲ့ ပြယုဂ် တစ်ခုပဲ ဖြစ်ပါတယ်။
    ဒီ အဆို ကို သြဂုတ်လ ၂၃ ရက်နေ့ ကကျင်းပတဲ့ အမျိုးသားလွှတ်တော် မှာယင်းဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ဒီ အဆိုကို တပ်မတော်သား ကိုယ်စားလှယ် အားလုံး နဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အနည်းသာစုတို့ က ထောက်ခံ ခဲ့ကြသော်လည်း NLD ပါတီ က တော့ တစ်ဦး တစ်ယောက်တောင် ထောက်ခံတဲ့ အရိပ်အယောင် မရှိခဲ့ပါဘူး။ဒီ အပြုအမူအပေါ်မှာလည်း အမျိုးသားနိုင်ငံရေးသုံးသပ်သူအချို့က..

“NLD ပါတီ က တစ်ယောက်မှ ထောက်ခံတဲ့ အရိပ်အယောင်တောင် မရှိလို့ စိတ်မကောင်း ဖြစ်မိတယ်။သူတို့ ပြောပြော နေတဲ့ ပြည်သူ့အသံ ကို အလေးထားပါတယ်ဆိုတာ စဉ်းစား စရာ ဖြစ်နေပါတယ်။မိတ္ထီလာ ကိစ္စတွေ ၊ ရခိုင်ကိစ္စတွေ ၊ အခုလက်ရှိ ကန့်ဘလူကိစ္စတွေမှာ NLD နဲ့ ၈၈ တွေအားလုံးငြိမ်နေကြတယ်။ပြီးတော့ ဒီ ဘင်္ဂလီအရေးမှာ ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် NLD ဟာ လုံးဝ  နှုတ်ဆိတ်နေပြီး   ၂ ၀၁၅   မတိုင်ခင်ပြည်သူတွေ  သိခွင့်ရလိုက်တာဟာကံကောင်းခြင်း တစ်ခုလို မှတ်ယူရမယ်”  ဆိုတဲ့သုံးသပ်မှုတွေလဲရှိနေပါတယ်။

        ဒီသုံးသပ်ချက်တွေ အပေါ်မှာရော NLD ပါတီ အနေနဲ့ တစ်စုံတစ်ရာ ဖြေရှင်းခြင်း ၊ ငြင်းချက်မထုတ်ခြင်းဟာ လဲ “တိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်း”ဆိုတဲ့ စကားပုံအရနှိုင်းယှဉ်စဉ်းစား စရာပါ။ ဒီလိုသာ အမျိုးသားအကျိုးစီးပွားကို လစ်လျှူရှုပြီး သမ္မတဖြစ်ရေး အာဏာရရေး ၊ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးသာ ကြိုးပမ်းနေမယ်ဆိုရင်တော့  NLD အနေနဲ့ ပြည်သူလူထု နဲ့ ဝေးကွာသွားမှာ အသေအချာပဲဖြစ်ပါတယ်။
  
 သားရွှေလူ
(၂၇.၈.၂၀၁၃)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...