Tuesday, August 27, 2013

ကြက်ခြေထောက်နှင့်ကြက်အရေခွံသုပ်၊စွန်တန်ဟင်းချို


ကြက်ခြေထောက်နှင့်ကြက်အရေခွံများကို ရေစင်အောင်ဆေး၍ ဆားနှင့်ရေအနည်းငယ်ထည့်ပြီးပြုတ်ပါ။ကြက်အရေခွံများနူးပြီးကျက်လျှင် အိုးထဲမှဆယ်ထုတ်ထား၍ ကြက်ခြေထောက်များကို နူးအောင်ဆက်ပြုတ်ထားပါ။ ကြက်အရေခွံများအရမ်းနူးမသွားအောင်ပြုတ်ပါ။ ကြက်အရေခွံများအရမ်းနူးသွားလျှင် စားမကောင်းပါ။
ကြက်ခြေထောက်များ နူးလျှင် အိုးထဲမှ ဆယ်ပြီး အအေးခံထား၍ အရိုးများထုတ်ထားပါ။ ဇလုံတခုထဲသို့ အရိုးများထုတ်ထားသော ကြက်ခြေထောက်များနှင့်ကြက်အရေခွံများကိုထည့်၍ ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ပူစီနံ(သို့)နံနံပင်၊ကြက်သွန်ဖြူကြော်၊ ငံပြာရည်အနည်းငယ်၊ငရုတ်သီးစိမ်း တို့ကိုထည့် ၍ သံပုရာရည် ညှစ်ကာ နှံ့အောင်ရောနယ်ပြီး အပေါ့၊အငံ၊အချဉ် မြည်းကာ ကောင်းမွန်သော ချဉ်ငံစပ် အရသာ ကြက်ခြေထောက်နှင့်ကြက်အရေခွံသုပ်ကို စွန်တန်ဟင်းချိုလေးနှင့်တွဲဖက်၍ သုံးဆာင်လို့ ရပါပြီရှင်။

စွန်တန်ဟင်းချို

စွန်တန်ဟင်းချို ချက်ရန်အတွက် ရေလိုသလောက် အိုးထဲထည့်ပြီး တည်ထားပါ။ရေများ ပွက်ပွက်ဆူလာလျှင် စွန်တန် ခြောက်ကိုရေဆေးပြီးထည့်ပါ။ ပြီးနောက် ခရမ်းချဉ်သီး၊ဆား၊ငရုတ်သီးစိမ်းနှင့် မညက်တညက်ထောင်းထားသော ပုစွန်ခြောက်၊ကြက်သွန်ဖြူနှင့်ဂျင်း တို့ကိုထည့်ပြီးတည်ထားပါ။ ဟင်းချိုများ ပွက်ပွက်ဆူလာပြီဆိုလျှင် အပေါ့၊အငံ၊အချဉ်၊အစပ် မြည်းကာ အရသာရှိသောချဉ်ငံစပ် ပုစွန်ခြောက်စွန်တန်ဟင်းချိုလေး သုံးဆာင်လို့ ရပါပြီရှင်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...