Thursday, July 25, 2013

သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာ

သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် ဟင်းသီးဟင်းရွက်များဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ ကျန်တာတွေလည်း ဖြည့်စွက်ပေးကြပါနော်…း)

၁။ ချဉ်ပေါင်ရွက် = Sour green, Roselle, Sorrel kenaf

၂။ ဂေါ်ရခါးသီး = Chayote/ Marrow/ Chaico

၃။ ဂေါ်ဖီထုပ် = Cabbage

၎။ ကညွတ် = Asparagus

၅။ ဟင်းနုနွယ် = Spinach

၆။ ခရမ်းသီး = Egg plant

ရ။ မျှစ် = Bamboo shoot/ elephant bamboo shoot

၈။ ဌက်ပျောပင် = Banana Stem

၉။ ပဲပြား = Bean Curds

၁၀။ ပဲပင်ပေါက် = Bean Sprouts

၁၁။ ခရမ်းချဉ်သီး = Tomato

၁၂။ ဗူးခါးသီး = Gourd

၁၃။ ဘူးသီး = Calabash

၁၄။ ကြက်ဟင်းခါးသီး = Bitter grout/ karalla fruit

၁၅။ မုန်လာဥနီ = Carrrot

၁၆။ မုန်လာဥဖြူ အကြီး = White radish, turnip

၁ရ။ ပန်းဂေါ်ဖီ = Cauliflower

၁၈။ မုန်ညှင်းဖြူ = Chinese Cabbage

၂၀။ သခွာသီး = Cucumber

၂၁။ သခွားသီးအငယ်စား = Gherkin

၂၂။ ကျောက်ဖရုံသီး = White Pumpkin

၂၃။ ရွှေဖရုံသီး = Yellow Pumpkin

၂၄။ ရုံးပတီသီး = Okra, Lady’s Finger

၂၅။ ခ၀ဲသီး = Ridged-gourd/ Ribbed gourd

၂၆။ ကြောင်လျာသီး = Trumpet flower fruit

၂ရ။ ဒညင်းသီး = Daga, Danvo fruit, Fithio clobium

၂၈။ ဒန့်ဒလွန်သီး = Drumstick

၂၉။ ရွှေပဲသီး = Green peas, snow peas

၃၀။ ဘိုစားပဲ = French Bean

၃၁။ ပဲစောင်းလျာသီး = Goa bean/ winged bean

၃၂။ ပဲကြာဇံ = Vermicelli

၃၃။ ဆန်ကြာဇံ = Rice Noodle

၃၄။ မြင်းခွာရွက် = Indian penny wort leaf

၃၅။ ကိုက်လန် = Chinese Kale

၃၆။ ကန်စွန်းရွက် = Water Spinach/ Water convolvulus

၃ရ။ ကစွန်းဥ = sweet potato

၃၈။ စိမ်းစားဥ = White potato

၃၉။ ပဲမြစ် = Gea Beam roots

၄၀။ ဂျူးမြစ် = Chive roots

၄၁။ အာလူး = Potato

၄၂။ ပြောင်းဖူး = Corn

၄၃။ မုန်ညှင်းရွက် = Mustard leaf

၄၄။ ဆလပ်ရွက် = Salad

၄၅။ ရေမုန့်ညှင်း = water cress

၄၆။ မှို = mushroom

၎ရ။ ငရုတ်သီးပွစိမ်း = Green Pepper

By Wutyee Food House

ကမ္ဘာပေါ်မှာ ဘယ်သတ္တ၀ါ အကြီးဆုံးလဲ… ကြည့်ရအောင်

Thursday, July 25, 2013



အပြာရောင်ဝေလငါး (blue whale) ကသာလျှင် ကမ္ဘာပေါ်မှာ အကြီးဆုံး သတ္တ၀ါတော့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့်လည်း အခု လောလောဆယ် တွေ့  ရှိခဲ့သမျှ သက်ရှိသတ္တ၀ါတွေထဲမှာ အကြီးဆုံးအဖြစ် ရပ်တည်နေဆဲပါ။

အပြာရောင်ဝေလငါး ( blue whale) ကို ကြည့်မယ်ဆိုရင် .. သူတို့ ဟာ ၃၃ မီတာ ( ၁၀၈ ပေ) အထိ ကြီးထွားတတ်ပြီး၊ အလေးချိန် အနေဖြင့် 181 metric tons (200 imperial tons) အထိ ရှိပါတယ်။ သူတို့ဟာ နှစ်ပေါင်း ၉၀ လောက်အထိ အသက် ရှင် ရပ်တည်နေနိုင်ပြီး၊ သူ့ ရဲ့ အစာအိမ်ကဆိုရင် တနေ့ ချင်းစီမှာ 3.6 metric tons (4 imperial tons) ကို စား သောက်နိုင်ပါ တယ်။

ကဲ.. ဒီလောက်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သတ္တ၀ါ အကြီးဆုံးလည်း ဆိုတာ သိလောက်ပါပြီ။

Kaung Zay Yan
Guide Magazine

သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခြင်းအတွက် နစ်နာကြေးတောင်းသူ ရေနံချောင်းတောင်သူ ၂ ဦးကို တရားစွဲ


ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းဖြတ်သန်းခြင်းအတွက် နစ်နာကြေး အသနားခံတင်ပြခဲ့သူ ရွှေတုတ်ကန် ကျေးရွာမှ တောင်သူ ၂ ဦးအား ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှ တရားလိုပြု ၍ ရေနံချောင်းမြို့နယ်တရား ရုံးသို့ တရားစွဲဆိုကြောင်း သတင်းရရှိ သည်။

''ကျွန်တော်တို့က အမှန်မို့လို့ အမှန်အတိုင်း တင်ပြတောင်းဆိုတာပါ။ ဘာမှ လိမ်လည်ခဲ့တာ မရှိပါဘူး။ လျော်ကြေးရဖို့ မြေတစ်ကွက် တစ် သောင်း ငါးထောင်နှုန်းနဲ့ တောင်းလို့ ဦးသူတော်က မပေးနိုင်လို့ မပေးခဲ့တာ။ ပေးနိုင် တဲ့ လက်ထုတ်ကန်ကွင်းနဲ့ ဝန် ရိုးကွင်းမြေယာပိုင်းအတွက် လျော်ကြေး ရတယ်ဗျာ။ မပေးတဲ့အပိုင်း မရဘူး။ ဒါ ကို အမှန်တင်ပြတာကို ကျွန်တော်တို့ကို ပြစ်မှု ဥပဒေပုဒ်မ (၁၈၂) နဲ့ တရားစွဲ တယ်'' ဟု တောင်သူကိုသန်းဦးမှ ပြော ပြသည်။ ပြစ်မှုကြီး အမှတ် (၅၂၆) ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၂) အရ ရွှေတုတ်ကန်ကျေး ရွာမှ တောင်သူ ဦး သန်းဦးနှင့် ဦးသူတော်တို့အား မြို့နယ် တရားရုံးတော်မှ ကြားနာစစ်ဆေးခံရန် လက်ခံခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုရခြင်းမှာ တောင်သူ ၂ ဦးမှ ၄င်းတို့၏ ယာမြေပေါ် တွင် တရုတ်မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း ဖြတ်သန်းရာတွင် အများနည်းတူ မြေယာနစ်နာကြေး မရရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် သက် ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြ တိုင်တန်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ တိုင် တန်းရာတွင် တင်ပြမှုများ တွင်မှန်ကန် မှု မရှိ မိမိရယူလိုမှု ဆန္ဒတစ်ခုတည်း ဖြင့် အာဃာတတရား ရှေ့ ထားပြီး လိမ် လည်တိုင်တန်းသည်ဟု ဆိုကာ မကွေး ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ (၇-၆-၂ဝ၁၂) နေ့စွဲပါစာအမှတ်၊ ၂/ ၂၈-၂/ဦး၎ (၂၆၁၉)ဖြင့် တရားစွဲဆိုရန် ညွှန်ကြားစာထွက်ရှိခဲ့သည်ဟု သိရသည်။

ထိုညွှန်ကြားစာအရ ရေနံချောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ၏ ကိုယ်စားမြို့နယ်ဒုဦးစီးမှူးမှ လက်မှတ်ရေး ထိုးကာ ရွှေတုတ်ကန်ကျေး ရွာ အုပ်ချုပ် ရေးမှူးဟောင်း၊ ရွာခွဲရွာ အိမ်မှူး၊ မြေစာ ရင်းဦးစီးဌာန မှ မြေတိုင်းစာရေး ၂ ဦး အားတရားလိုပြုလုပ်တိုင်ကြားရန်အမိန့် စာအမှတ် ၂/၁၃-၁/ဦး ၄ (၇၅၃) ဖြင့် ၂ဝ၁၂ ခုနှစ်ဇွန်လ ၁၄ရက်တွင်ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ၏ ညွှန်ကြားချက် စာ တစ်နှစ်အကြာတွင်မှ တရားစွဲဆိုခြင်း ဖြစ်သည်။ ယခုအခါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းလည်း စတင်ဆောင် ရွက်နေပြီ ဖြစ်သည်။

အမှုအား စတင်စစ်ဆေးကြားနာ နိုင်ရန်အလို့ငှာ ဇူလိုင် ၂၄ ရက် သို့ ပြန် လည် ဆင့်ဆိုလိုက်ပြီး တရားစွဲဆိုခံ တောင်သူများအနေဖြင့် မမှန်မကန် တရားစွဲဆိုထားခံရမှုအပေါ် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ တိုင်းခရိုင်ဌာန အသီးသီးသို့ အကူအညီတောင်းခံစာ များ ပေးပို့၍ တရားမျှတမှု ဖြစ်အောင် တင်ပြတောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးမင်း

အင်္ဂလန် ကမ်းခြေတစ်ခု၌ နဂါး ဦးခေါင်းရိုးတစ်ခု တွေ့ ရှိခဲ့သည်


တနင်္လာနေ့ မနက် ( ၁၅.၇.၂၀၁၃) က အင်္ဂလန် နိုင်ငံ၊ Jurassic ကမ်းခြေတစ်ခု မှာ နဂါး အရိုးဦးခေါင်ခွံ တစ်ခုကိုတွေ့ ခဲ့ရ လို့  အံ့သြမှင် သက်စွာ ကြည့်ရှု့ နေခဲ့ကြပါတယ်။ ဦးခေါင်းရိုးခွံရဲ့ အရွယ်အစာ ဘတ်စ် ကား တစ်စီးရဲ့ အရွယ်အစား လောက်ရှိပါတယ်။
တကယ့်နဂါး ဦးခေါင်းရိုးတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ UK နိုင်ငံမှာ ခေတ်းစားနေတဲ့ TV series တစ်ခုဖြစ်တဲ့ “Game of Thrones” season 3 အတွက် လူအများ စိတ်ဝင်စားလာမှု ရရှိအောင် ကြော်ငြာ ခြင်းပါ။
...
ဦးခေါင်းခွံရိုးက အရှည်ပေ ၄၀ ၊ အကျယ် ၈ ပေ နဲ့ အမြင့် ၉ ပေ ရှိပြီး၊ ပန်ပုဆရာ တစ်စု က အချိန် နှစ်လ ခန့် ကြာ အောင် ပုံဖော်ထုဆစ်ခဲ့ပြီး ဆေးခြယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကမ်းခြေကို လာရောက်အပန်းဖြေကြတဲ့ လူတွေ အံ့သြသွားစေရန် အတွက် ည သန်ခေါင်ကျော် အချိန်မှာ လန်ဒန် ကနေ သယ်ဆောင်လာပြီး Jurassic ကမ်းခြေမှာ တိတ်တဆိတ် ထားရှိ ခဲ့တာပါ။
ပန်းပုဆရာတွေက TV series ထဲမှ ဇာတ်ကောင် တစ်ဦးဖြစ်တဲ့ Arya Stark (Maisie Williams) ရှာဖွေ တွေ့ ရှိခဲ့တဲ့ နဂါး ဦးခေါင်းရိုး ကို ပုံတူပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Kaung Zay Yan
(August Myanmar Media Group)

လှိုင်သာယာ ပဒံကျေးရွာ လယ်သိမ်းခံလယ်သမားတို့ လျော်ကြေးညှိနှိုင်းပေးရန် တောင်းဆို

Thursday, July 25, 2013

လှိုင်သာယာမြို့နယ်၊ ပဒံကျေးရွာရှိ လယ်သမားတို့က ၀ါဝါ၀င်းကုမ္ပဏီသည် လယ်မြေများ သိမ်းယူသည်ဟု စွပ်စွဲကာ လျော်ကြေးကိစ္စအတွက် ညှိနှိုင်းပေးရန် ဇူလိုင်လ ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ ပဒံကျေးရွာရှိ အနော်ရထာစက်မှုဇုန်တွင် လယ်သိမ်းခံလယ်သမားတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုခြင်း ဖြစ်သည်။ သိမ်းဆည်းထားသည့် လယ်မြေများကို အပိုင်း ၁ နှင့် ၂ ဟူ၍ နှစ်ပိုင်းခွဲထားရာ အပိုင်း ၁ လယ်သမားများက လျော်ကြေးရယူလိုခြင်း ဖြစ်သည်။

လယ်မြေ အပိုင်း ၂ ဘက်မှ လယ်သမားတို့သည် ဂရုဏာကြေး ရရှိဆဲဖြစ်သော်လည်း အပိုင်း ၁ ဘက်မှ လယ်သမားတို့မှာ နစ်နာကြေး မရရှိသေးဟု ဆိုသည်။ “အမြန်ဆုံး ညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ။ သူတို့ ဘက်က လယ်သမားတွေကို နစ်နာကြေးပေးဖို့ ညှိနှိုင်းပေးခဲ့ပေမယ့် ခုချိန်ထိ မရရှိခဲ့ပါဘူး”ဟု အပိုင်း ၁ နယ်မြေမှ လယ်သမားကိုပေါက်က ပြောခဲ့သည်။

အပိုင်း ၁ တွင် အဆောက်အအုံဆောက်ထားသည့် လယ်ယာမြေများကို နစ်နာကြေး အမြန်ဆုံးပေးရန်၊ ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများအတွက် ညှိနှိုင်းရန်နှင့် လစ်လပ်နေသည့် လယ်ယာမြေများကို ပြန်ပေးရန်လည်း လယ်သမားတို့က တောင်းဆိုသည်။
လယ်မြေများ သိမ်းယူသည်ဟု စွပ်စွဲခံထားရသည့် ၀ါဝါ၀င်းကုမ္ပဏီကမူ လယ်မြေများ ပြန်ပေးရန်မှာ ၀ါဝါ ၀င်းနှင့် သက်ဆိုင်မှုမရှိဘဲ လယ်ယာမြေ သိမ်းဆည်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ အကြီးတန်းအရာရှိက မဇ္ဈိမကို ပြောသည်။

“လယ်ယာမြေတွေကို ပြန်ပေးဖို့က ၀ါဝါ၀င်းနဲ့ မဆိုင်တော့ပါဘူး။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်နဲ့ ညှိ နှိုင်းထားပြီးသားပါ။ မပေးတာ မဟုတ်ဘူး။ အတိုင်းအတာတစ်ခုထိ ပေးတယ်။ သူတို့လက်မခံတာတော့ မသိဘူး။ ဒီမြေကလည်း နိုင်ငံတော်ကပိုင်တဲ့မြေတွေပါ။ ပိုင်ဆိုင်မှုတွေ အကုန်ရှိပြီးသားပါ”ဟု ပြောသည်။

အပိုင်း ၁မှ အသိမ်းခံ လယ်မြေဧကပါင်း ၃၇၀ ကျော်ရှိပြီး လယ်သမားဦးရေ ၄၀ ကျော်ရှိကာ ၎င်းင်းတို့မှာ ဂရုဏာကြေး လုံးဝ မရရှိသေးဟု လယ်သမားတို့က ဆိုသည်။ ၀ါဝါ၀င်း အပိုင်း၂ မှ အသိမ်းခံ လယ်ဧက ပေါင်း ၃၀၀ နီးပါးရှိကာ ဧက ၁၀၀ ကျော်မှာ ဂရုဏာကြေး ရရှိပြီဖြစ်ပြီး ကျန်ဧကများကို ဆက်လက်၍ ဂရုဏာကြေး ပေးနေဆဲဖြစ်ကြောင်း အပိုင်း ၁ ဘက်မှ လယ်သမားဖြစ်သူ ကိုကြည်ရွှင်က ပြောသည်။

လယ်မြေ သိမ်းခံရမှုများအတွက် လယ်သမားတို့က ပြီးခဲ့သည့်နှစ်တွင် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြ သည်။

Mizzima News

အင်္ဂါဂြိုဟ်မှဟု ယူဆရသည့် အလွန်ကြီးမားသော ဗိုင်းရပ်စ်ပိုးသစ် တစ်မျိုး သိပ္ပံပညာရှင်များ တွေ့ရှိ


ပြင်သစ်သိပ္ပံ ပညာရှင်များသည် ကမ္ဘာပေါ်တွင် တွေ့ဖူးသမျှ ဗိုင်းရပ်စ် ပိုးများအနက် အကြီးမားဆုံးဟု ယူဆရသော ဗိုင်းရပ်စ်ပိုးသစ် တစ်မျိုးကို တွေ့ရှိထားကြောင်း သိရသည်။

၎င်းဗိုင်းရပ်စ်ပိုးကို Pandoravirus ဟု အမည်ပေးထားပြီး ၎င်း ဗိုင်းရပ်စ်ပိုး၏ အရွယ်အစားမှာ အခြားသော ဗိုင်းရပ်စ် ပိုးများ၏ အရွယ်အစား ဆယ်ဆခန့် အထိ ရှိသောကြောင့် အလွန်ကြီးမားသော ပိုးတစ်မျိုး ပင်ဖြစ်သည်။

၎င်းပိုး၏ မျိုးဗီဇ ၆ ရာခိုင်နှုန်းသည် ယခင်ကမ္ဘာတွင် တွေ့မြင်ခဲ့ဖူးသမျှ ဗိုင်းရပ်စ်ပိုးအရွယ်နှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ရှေးခေတ် ကာလတစ်ခု သို့မဟုတ် အင်္ဂါဂြိုဟ်ကဲ့သို့သော အခြားဂြိုဟ် တစ်ခုမှ ရောက်လာ ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင် များက ယူဆထားကြသည်။

Pandoravirus ပိုးများသည် ရေအောက်တွင် နေထိုင်တတ်ကြပြီး ၎င်းတို့ကို ချီလီကမ်းလွန် ရေပြင်များနှင့် သြစ တြေးလျရှိ ရေအိုင်တစ်အိုင်တွင်

Read More >> http://www.myawady.com.mm/knowledge/incredibleworld/other-case/item/20208-2013-07-22-13-49-35

မြန်မာ့ငွေဈေး(25.7.2013 3:00PM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 974(~) Ks 984(~)
1 စင်္ကာပူ SGD = Ks 763(~) Ks 775 (~)
1 ဥရောပငွေ EUR = Ks 1279(~) Ks 1297 (~)

ကမ္ဘာ့ငွေဈေး(25.7.2013 3:00PM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2673(-0.0005)
ထိုင်း Baht 31.0800(+0.0800)
မလေးရှား Ringgit 3.1960 (+0.0065)
တရုတ် Yuan 6.1357 (-0.0048)
အိန္ဒိယ Rupee 58.9950 (-0.1412)
ဘင်္ဂလားဒေ့ရှ် Taka 77.9100 (+0.0650)
တောင်ကိုရီးယား Won 1116.0400(+2.4401)
ထိုင်ဝမ် TWD 29.9370(-0.0330)
ဂျပန် Yen 99.9270 (-0.3425)
ဥရောပငွေ EUR 0.7568(-0.0008)
ၾသစေၾတးလ် AUD 1.0936 (+0.0028)
အင်္ဂလန် Pound 0.6505 (-0.0025)

ကမ္ဘာ့ရွှေဈေး(25.7.2013 3:00PM)
1 အောင်စ USD 1320.0400(-1.7600)
မြန်မာ့ရွှေဈေး(25.7.2013 3:00PM)
Ks 698,600 (~)
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(25.7.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1080

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814

SkyNet TV Browser

Related Posts Plugin for WordPress, Blogger...