Saturday, August 24, 2013

မိန်းကလေးများ အတုယူကြပါရန်



သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်းသည် အမျိုးသမီးတို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည်။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့်အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ်ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။
အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက်ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ်သို့ ရောက်လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာလည်း မကောင်း ဘာဖြစ်လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့ လိုက်ရှာတာပါ၊ သတင်းကြားတာကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေးပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။ အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုးထိုး ရေတွက်လို့တောင် မရနိုင်ပါဘူး။
တစ်ချိန်တုန်းက မိဦးလည်း သူ့အမေကို ဒီလိုပဲ ထားခဲ့သူ ဆိုတော့ ကလေးတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ခက်တာက ကလေးတွေက အသက် မပြည့်သေးဘူး။ နှစ်ဦးလုံး အလုပ်အကိုင် မရှိ၊ ကျောင်းနေတဲ့ အချိန်ဆိုတော့ ယောက္ခမ အိမ်မှာနေရင်း၊ ယောက္ခမ ကျွေးတာကို စားရင်း၊ ယောက္ခမ အလုပ်အကိုင်ကို ကူလုပ်ရင်း သူတို့ရဲ့ဘ၀ကို စခဲ့ကြသည်။ မိဦးတို့က စားရုံသောက်ရုံ တစ်နေ့လုပ် တစ်နေ့စားတွေ၊ သူ့သမီး အမျိုးသားရဲ့ အမေကလည်း အသင့်အတင့် ဆန်ဆိုင်လေး ဖွင့်နေတော့ နေရေး၊ စားရေး အဆင်မပြေဘူး ဆိုပါတော့။ ဒီလိုနဲ့ ကလေးတွေလည်း ပညာဆက် မသင်နိုင်၊ အမျိုးသား ဖြစ်သူကရတဲ့ ကျပန်းအလုပ်ကို လုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ မြေးမလေး ကံကောင်းစွာဖြင့် အလုပ်တစ်ခု ရခဲ့သည်။ ခံ့ခံ့ညားညား အမျိုးသမီး တစ်ယောက်က မြေးမလေးနဲ့ တွေ့၍ အလုပ်လုပ် မလား မေးသည်။ မြေးမလေးက ဆယ်တန်းဆိုတော့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်၊ အိမ်မှာ စီးပွား ရေး ကလည်း အဆင်မပြေ ဆိုတော့ ““ရေငတ်နေတဲ့သူ၊ ရေတွင်းထဲကျ””ဆိုသလိုပါပဲ မြေးမလေးက ၀မ်းသာအားရ လုပ်မယ် ပြောလိုက်သည်။ ခံ့ခံ့ညားညား အမျိုးသမီးကြီးက လိုအပ်တာ အားလုံးကို ပြုလုပ်ပေးသည်။ အလုပ်ကတော့ ဆေးကုမ္ပဏီ ဆေးဆိုင်မှာ လုပ်ရမယ်လို့ ပြောပါသည်။ လစာက တစ်လကို နှစ်သိန်းကျော် ပေးမည်ပြောသည်။
ဒီလိုနဲ့ မြေးမလေးလည်း လိုအပ်သည့် ဆေးဝါးပစ္စည်း များကိုထည့် ဘ၀၏ စားဝတ်နေရေး အတွက် ချစ်တဲ့ ယောက်ျားနှင့် မိဘများကို ခွဲခွာကာ ခံ့ခံ့ညားညား အန်တီခေါ်ရာသို့ လိုက်ပါ သွားခဲ့လေသည်။ ဒီနောက်ပိုင်း မြေးမလေးနှင့် မတွေ့ဖြစ်ခဲ့ပါ။ ရက် ၂၀ လောက်နေတော့ မြေးမလေး အိမ်ရောက်လာ၍ ကျွန်မ အံ့သြမိသည်။ ““ဟယ် မြေးလေး တရုတ်ပြည် အလုပ် သွားလုပ်တယ်ဆို အလုပ်ကိစ္စနဲ့ လာတာလား””ကျွန်မအံ့သြစွာ မေးမိသည်။ ““သမီးရဲ့ အကြောင်းတွေ ပြောချင်လို့ ဖွားဖွားဆီကို တမင်လာခဲ့တာ။ သမီးကို ခုလိုကျန်းကျန်း မာမာ တွေ့ရတာကိုက ဖွားဖွားအတွက် ကံကောင်းတယ်မှတ်””““ဟေ့ ဟုတ်လား ဘယ်လိုဖြစ်ခဲ့ လို့လဲ””““ဘာတွေ ဖြစ်ခဲ့လို့လဲ၊ ဖွားကို ပြောပြပါဦး””ပြောရမှာတော့ အရှည်ကြီးပဲ နောက်ဆုံး သမီးကို သမီးဗိုက်ထဲက သားလေးလား၊ သမီးလေးလား မသိရသေးတဲ့ ကလေးက ကယ်လိုက်တာပဲ ဖွားဖွားရေ””မြေးမလေး ပြောတော့ ကျွန်မ အံ့သြမိသည်။ ဗိုက်ထဲက ကလေးက ကယ်လိုက်သည်တဲ့။ အဖြစ်က ဒီလိုသမီးတို့ကို ခေါ်သွားတဲ့ အန်တီနောက်ကို သမီးတို့ လိုက်သွားတယ်။ ရန်ကုန်ဘူတာကြီး ကနေ ရထားစီးပြီး မန်္တလေးက တစ်ဆင့် လိုင်းကား စီးရပါသည်။
““ကဲ အားလုံးပဲ ဂိတ်ဆုံးပြီ””ကားသမား၏ အသံကို ကြားမှ ချစ်သဲ လန့်နိုးပြီး မျက်လုံး ဖွင့်ကြည့်မိသည်။ ““ကဲ သမီးချစ်သဲ ရောက်ပြီကွယ့်၊ သွားရအောင်””အန်တီလက်ဆွဲ ခေါ်သည့် နောက်ကို လိုက်လာမိသည်။ မြန်မာပြည်နှင့် တရုတ်ပြည် နယ်စပ်လို့ ကျွန်မသိ လိုက်ရသည်။ ခိုးဝင်ပေါက် ဆိုလား၊ တရားမ၀င် ၀င်တဲ့အပေါက် ဆိုလား၊ အဲဒီကနေ ချစ်သဲကို ခေါ်သွားသည်။ အန်တီကြီး အလုပ်ပေးမယ့် နေရာကို ရောက်ခဲ့ပြီ။
တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်းဆိုသလို အန်တီကြီး၏ အခန်းရှေ့က ဆိုင်းဘုတ်ကို ဖတ်ကြည့် မိရင်း ငါတော့ အလိမ်ခံရပြီနဲ့ တူတယ်။ ဒုက္ခပဲလို့ တွေးရင်း ခြေဖျားလက်ဖျားတွေ အေးလာပြီး အန်တီကြီးကို လှမ်းကြည့်မိသည်။ အန်တီကြီးကတော့ ပြုံးပြုံးနဲ့ပေါ့။ ““ဆေးဆိုင်မှာ ဆေးရောင်း ရမယ်ဆိုပြီး ခေါ်လာတဲ့ အန်တီကြီးရဲ့ ဆေးဆိုင်ဆိုတဲ့ နေရာမှာ အမှန်တကယ် တော့ ““အနှိပ်ခန်း””ဆိုပြီး ဆိုင်းဘုတ်တင် ထားတာ တွေ့လိုက်ရသည့် အတွက် ချစ်သဲ ရင်မှာ ဗလောင် ဆူခဲ့သည်။ ““အန်တီသမီးကို ပြောတော့ ဆေးဆိုင်မှာ ဆေးရောင်းဖို့ဆို အခု ဟာက ဘယ်လို ဖြစ်တာလဲ””
“အော် ချစ်သဲရယ် စမ်းလုပ်ကြည့်ပါ ဦးကွယ်၊ စီးပွားရေး အဆင်မပြေတဲ့ အတွက် ဒီမှာ လုပ်လို့ အဆင်ပြေသွားရင် အိမ်ကိုငွေပို့လို့ ရတာပေါ့ကွယ်””““ချစ်သဲ မလုပ်နိုင်ဘူး အန်တီ။ ချစ်သဲမှာ ယောက်ျားနဲ့၊ ချစ်သဲ ယောက်ျားကို သစ္စာ မဖောက်နိုင်လို့ ယဉ်ကျေး သိမ်မွေ့စွာ မွေးဖွားလာတဲ့ မိဘတွေရဲ့ ဂုဏ်သိက္ခာတွေကို အညှိုးနွမ်းခံပြီး ဒီအလုပ်ကို မလုပ်ပါရစေနဲ့ အန်တီ”” ““ချစ်သဲ မလုပ်ရင် ခုကုန်လာတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲ စဉ်းစား ပါဦး၊”” ““ရန်ကုန် ပြန်ရောက်ရင် ပြန်ရှာပေးပါ့မယ်၊ ချစ်သဲ မကြိုက်နှစ်သက်တဲ့ အတွက် ဒီအလုပ် ကိုတော့ မလုပ်ပါရစေနဲ့””““ခဏလေးတော့ ဆက်လုပ် ကြည့်ပါကွယ်၊ လောလော ဆယ် ပြန်ပို့ဖို့က မလွယ်လို့ပါ””သည်လိုနဲ့ ချစ်သဲလည်း မနေချင်ပေမဲ့ အန်တီကြီးရဲ့ တောင်းပန်မှုကြောင့် လောလောဆယ် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်က ရပေတော့မည်။
ဗဟုသုတ ရစရာတွေတော့ အများကြီး တွေ့ခဲ့ရသည်။ ပထမဦးဆုံး အန်တီကြီးတို့ဆီ စရောက်တဲ့ မိန်းကလေးတွေကို သင်တန်းပေးသည်။ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးပေါ့။ ဧည့်သည်လာရင် ဧည့်သည်တွေကို ဘယ်လိုပြုစု လုပ်ကိုင်ပေးရမယ် ဆိုတဲ့ အကြောင်း တွေပေါ့၊ ချစ်သဲတို့ မိန်းကလေးတွေ အကြောင်းကို တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်မိန်းကလေး အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်းတောင် ခုလိုမျိုးဖြစ်အောင် ပြုလုပ် ရက်ကြတဲ့ လူပွဲစားလို့ပဲ ခေါ်မလား၊ လူမှောင်ခိုလို့ ခေါ်မလား လုပ်ရက်လေခြင်းလို့ အပြစ်မြင် မိသလို တစ်ဖက်ကလည်း စားသောက် နေထိုင်ရေး အဆင်မပြေလို့ လုပ်ကိုင်စားသောက် နေရပါလားလို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ 'မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့မရ'' '' ခြေတစ်လှမ်း ကုဋေတစ်သန်း '' ''ခြောက်ပြစ်ကင်း သဲလဲစင်'' ''တော်ဝင်စံထား၊ မြန်မာ့အမျိုး သမီးများ''ဆိုတဲ့ ချစ်စရာ ကောင်းတဲ့ ချစ်သဲတို့လို မိန်းကလေးတွေ ရှားပါးသလောက် ဖြစ်နေပြီ လားလို့ စိုးရိမ်မိသည်။ ချစ်သဲကတော့ အန်တီကြီးကို အမြဲဘုကလန့် လုပ်သည်။ ဖောက်သည် ဧည့်သည်ဆိုတဲ့ လူတွေကိုလည်း အလိမ္မာနည်းနဲ့ မချေမငံ ဆက်ဆံပြသည်။ ဒီနည်းနဲ့ ချစ်သဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မရှိအာင် နေထိုင်သည်။ ဗဟုသုတ ရစရာ ပြောရဦးမယ်၊ အဲဒီ ဖောက်သည်ဆိုတဲ့ လူတွေက ဟိုင်းဝေးမောင်းတဲ့ ကားသမား အများစု ဖြစ်ကြသည်။ လူမျိုးစုံ ပါပဲ။ တစ် Section ကို ပိုင်ရှင်က ဘယ်လောက်ရသည် မသိ။ အဲဒီမှာ ခိုင်းစားခံရတဲ့ မိန်းကလေးတွေအတွက် တစ် Section ကို ငွေ ၆ဝဝ ပဲပေးသည်။ ပြီးလျှင် ၆ဝဝ ထဲမှ ထမင်းဖိုး ထပ်ဖြတ်သည်။ Section များများရတဲ့ သူကတော့ အဆင်ပြေပြီး Section မရတဲ့ သူက အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလုပ်ရှင် အန်တီကြီးက ဖောက်သည်များများ ရှာခိုင်းသည်။ များများရလေ သူတို့သူဌေး ဖြစ်လေပါပဲ။ ခိုင်းအစားခံ မိန်းကလေးတွေရဲ့ ဘဝ ကတော့ ဧည့်သည်များဆီက မုန့်ဖိုး ပေးခဲ့တာကို ရမှအဆင်ပြေ နိုင်သည်။ ခုလိုမိန်းကလေး ထဲမှာ ဘဝအစုံ ရှိလေသည်။ ဝါသနာပါ၍ လုပ်စားသူ၊ မထူးတော့ဘူး ဆိုပြီး ရေစုန်မှာ မျှောလိုက်သူ၊ ပြန်လို့မရတဲ့ အခက်အခဲကြောင့် ပြန်ခွင့်မရတဲ့သူ စသည့် အကြောင်း ကြောင်းတွေနဲ့ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟု သိရသည်။ ဘာပဲဖြစ်ဖြစ် ချစ်သဲ ကတော့ ချစ်သဲဘဝကို တန်ဖိုးထားသည်။ ထမင်းငတ် သေချင်သေပါစေ၊ သည်လို အလုပ်များတော့ တစ်သက်လုံး မလုပ်နိုင်ဘူး။ ဒါကြောင့် ချစ်သဲကတော့ မလုပ်နိုင်ဘူးလို့ဘဲ ငြင်းခဲ့သည်။ သည်လိုနဲ့ ဆယ်ရက်လောက် ကြာလာတဲ့အခါ ချစ်သဲရင်ထဲ မကောင်းဘူး။ အစား ပျက်လာသည်။ ပျို့အန်ချင်လာသည်။ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မရှင်းတာနဲ့ ဆီးစစ် ကြည့်သည်။ ဘာမှ မတွေ့ရ။ အန်တီကြီးကို ပြောပြတော့ အန်တီကြီးက သူကိုယ်တိုင် ဆေးစစ် ပေးသည်။ ကံကောင်းချင်တော့ ချစ်သဲမှာ ကိုယ်ဝန်ရှိသည်ဟု အတိအကျ သိခဲ့ရသည်။ ချစ်သဲ အရမ်းဝမ်းသာ မိတယ်။ ကြိတ်ပြီး ဝမ်းသာမိ နေတုန်း အန်တီကြီးဆီက စကားသံ ထွက်လာသည်။ ''ချစ်သဲ ကိုယ်ဝန်ရှိနေပြီ ဖျက်ချမှ ဖြစ်မယ်'' ''အိုအန်တီရယ် ပြောရက် လိုက်တာ၊ မဖျက်ချ နိုင်ပါဘူး။ ချစ်သဲကလေးကို ချစ်သဲ မွေးမှာနော်'' ''ရန်ကုန်သာ ပြန်ပို့ ပေးပါနော်'' ''အေး နင်ပြန်ရင် လွယ်လွယ်နဲ့ ပြန်လို့ရတာ မဟုတ်ဘူး၊ ခိုးဝင်ပေါက်က နေပြန်ရမှာ'' ''ရတယ် အန်တီ ကျွန်မ မှတ်ပုံတင်နဲ့ ကျောင်းသားကတ်သာ ပြန်ပေးပါ။'' ''နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်ရမှာနော်၊ အန္တရာယ် အရမ်းများတယ်။'' အန်တီကြီးက ချစ်သဲ ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေသည်။ နောက်ဆုံး ချစ်သဲကို မျက်နှာလွှဲ ခဲပစ်ပြန်လွှတ် လိုက်သည်။ ရထားခ၊ ကားခမှ လွဲ၍ ငွေပို တစ်ပြားမှ ထည့်မပေး လိုက်ပါဘူး။ ချစ်သဲမှာ အိမ်ကို ပြန်ချင်တဲ့ စိတ်နဲ့ ကြောက်ရကောင်းမှန်း မသိ၊ သူတို့ပြောတဲ့ နယ်စပ် ခိုးဝင်ပေါက် ကနေ ထွက်လာပြီး ကားစီး၍ မန္တလေး ဘူတာမှာ ရထားစီးပြီး ရန်ကုန်ကို ပြန်ရောက် ခဲ့လေသည်။ အိမ်ရောက်တော့ ချစ်သဲ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကာ အားပါးတရ ငိုချလိုက်မိသည်။ ခလုတ်မထိ ဆူးမငြိဘဲ မိခင်ကောင်း တစ်ယောက် ပီသတဲ့ စိတ်နဲ့အားမာန် အပြည့်နဲ့ အန္တရာယ်တွေ ကြားကနေ ကြိုးစားပြီး ပြန်လာခဲ့တဲ့ မြေးမ လေးချစ်သဲရဲ့ မိခင်စိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တန်ဖိုးထားတဲ့ စိတ်တွေကို ဂုဏ်ယူမိတယ်။ မြန်မာမလေးတွေ မြန်မာ မလေးတွေလို လှစေချင်သည်ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အေးမြတဲ့ မိခင်မေတ္တာ အစွမ်းကို ဖော်ပြနိုင်ခဲ့တာ ချီးကျူး အံ့သြဖွယ်၊ မှတ်တမ်းတင်ဖွယ် ကောင်းလှပေသည်။ ''ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည်'' ဆိုသည့် အတိုင်း မိခင်တိုင်းရဲ့ သတ္တိကို ဖော်ကျူးပြသ ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ဖြစ်သည်။
အရွယ်ရောက်နေတဲ့ မြန်မာ အမျိုးသမီးလေးတွေ အကြောင်းအမျိုးမျိုး၊ ဘဝ အမျိုးမျိုး၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ ခွဲခွာပြီး ဝေးလံတဲ့ အရပ်တွေမှာ အလုပ်လုပ်မယ် ဆိုပြီး ထွက်သွား ကြတဲ့ မြန်မာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ စိတ်မကောင်း များစွာ ဖြစ်မိသည်။ အကြောင်း အမျိုးမျိုးကြောင့် ဘဝကို ရေစုန်မျှော နေရသော မိန်းကလေး များလည်း ရှိကြောင်းကို သိရတော့ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မတို့ အနေနဲ့ ဘာများ လုပ်ပေးနိုင်မလဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၂ ခုနှစ်ခန့်က စပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနဲ့ ၂ဝဝ၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်''တို့ဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ စဉ်ဆက်မပြတ် အတူပူးပေါင်း ပါဝင် ဆောင်ရွက်နေသည်။ လူကုန်ကူးသူ တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးများထံ လူကုန်ကူးမှုရဲ့ သဘော သဘာဝ၊ နောက်ဆက်တွဲ ဆိုးကျိုး များနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မြေးမလေးရဲ့ မိခင်စိတ်ကိုလည်း ချီးကျူးမိသည်။ ကိုယ်ဝန်ရှိပြီ ဆိုတာ သိလိုက်တာနဲ့ မမြင် ရသေးတဲ့ ကလေးအတွက် အားတွေအပြည့် ရှိလာပြီး ကြောက်စိတ်တွေ ပျောက်ပြီး သူ့ကို ခေါ်လာတဲ့ အန်တီရှေ့မှာ သောင်းကျန်းပြ၊ မကြောက်မရွံ့ အတိုက်အခံလုပ်ပြီး ရန်ကုန်ကို တစ်ယောက်တည်း ရောက်အောင် ပြန်လာနိုင်ခဲ့သည်။ မြေးမလေးရဲ့ သိက္ခာ၊ အင်အား၊ မဟုတ်မခံတဲ့ စိတ်နဲ့ မမြင်ရသေးတဲ့ ရင်သွေးအပေါ်မှာ ဖြစ်ပေါ်သည့် မွန်မြတ်တဲ့ မိခင် စိတ်တွေ၊ တန်ဖိုးတွေကို ဂုဏ်ယူမိသည်။ မြန်မာ အမျိုးသမီးတို့၏ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးစောင့်တရားနှင့် ကြံ့ခိုင်သည့် အစဉ်အလာ၊ စွမ်းပကားနှင့် ဂုဏ်ရည်များကို တင့်တယ် ဝင့်ထည်စေခဲ့သည်။ မြန်မာ အမျိုးသမီးတို့ စွမ်းရည်သည် သာသနာမှာ အထင်အရှား တော်လေးဝဝင်ပမာ တင်စား ခံခဲ့ရခြင်း၏ ဂုဏ်ကို မြေးမလေး ချစ်သဲက ယုံကြည်မှု အပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့ ပေသည်။ ချစ်သဲလိုပဲ မြန်မာ အမျိုးသမီး ပေါင်းများစွာလည်း နွေးထွေးတဲ့ မိသားစု ရင်ခွင်သို့ ယုံကြည်မှု အပြည့်နဲ့ မြေးလေးလို အသိစိတ်တွေ ရပြီး မိသားစု ရင်ခွင်သို့ အမြန်ဆုံး ပြန်လာနိုင် ပါစေလို့ ဆုတောင်း လိုက်ပါ တယ်။


By လှလေးစိန်(ရွှေလုံမြေ)

ကြက်သွန်မွှန်ခြင်းကင်းဝေးစေရန်အတွက်




ကြက်သွန်မွှန်ခြင်းကင်းဝေးစေရန်အတွက် ကြက်သွန်များကို မသုံးခင်ရေခဲသေတ္တာထဲထည့်ပြီး အေးစေပြီးမှ ခွာပါ (သို့) ရေပိုက်ခေါင်းအောက်မှာ ထားပြီးမှခွာပါ။

တစ်ခါတစ်လေ ကြက်သွန်နီတစ်ဥလုံးသုံးစရာမလိုတဲ့ ဟင်းခွက်တွေ ရှိတယ်နော်။ ကျန်တဲ့တစ်ဝက်ကို ချက်ခြင်းလဲသုံးစရာမရှိပဲ ဒီတိုင်းထားတဲ့အခါ ပျက်သွားလေ့ရှိတာမျိုးကြုံဖူးမှာပါ။ အဲလိုအခြေအနေမျိုးဆိုရင် ကြက်သွန်တစ်ဝက်လှီးတဲ့အခါမှာ အမြစ်တွေကိုပါချန်ထားခဲ့ပါ။ ပိုပြီးကြာကြာခံပါတယ်။

သြဇာသီးအကြောင်းသိကောင်းစရာ (နှင့်ကျန်းမာရေး)



သြဇာသီးပင်တို့ ပေါက်ရောက်ရာဒေသမှာ အနောက်အင်ဒီယန်းကျွန်းစုတို့ ဖြစ်ပြီး၊ ယခုအခါတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျယ်ပြန့် စွာ တွေ့ ရှိရပါသည်။ အိန္ဒိယနိုင်ငံအနှံ့ တွင် သြဇာပင်ကို ဆေးပင်အဖြစ် အဓိကထားစိုက်ပျိုးကြပါသည်။ အထူးသဖြင့်  ပူနွေးစိုစွတ်သော မြေမျိုး တွင် ကောင်းစွာဖြစ်ထွန်းကြ၏။ 'ANNONA SQUAMOSA' ဟု ရုက္ခဗေဒအမည်ရသော ထိုသြဇာပင်တို့ သည် အစေ့မှ အပင်ပေါက်သလို၊ ကိုင်းကူးကိုင်းဆက်နည်းဖြင့်လဲ ရှင်သန်နိုင်ပါသည်။ ယေဘုယျအားဖြင့် အစေ့မှစိုက်သောအပင်သည် အသီးနောက်ကျတတ်ပြီး၊ ကိုင်းကူးကိုင်း ဆက်မှပေါက်သောအပင်သည် တစ်နှစ်သားအရွယ်မှစ၍ အသီးသီးပါသည်။ အကိုင်းရင့်ရင့်ကိုချိုးပြီးလဲ စိုက်နိုင်ပါသည်။ အကယ်၍အပင်က လောင်းရိပ်မိနေလျှင်၊ ၅-နှစ်သက်တမ်းကြာတဲ့အထိအသီးမသီးတတ်ပါ။ ရှင်သန်လွယ်သော အစိမ်းရောင်ချုံနွယ်မျိုးဝင် ရွက်ကြွေပင်ငယ် ငယ ဖြစ်ပြီး၊ ၁၅-ပေ မှ ၂၀-ပေ ထိ မြင့်တတ်ပါသည်။

သူရှင်သန်ရာ၊ ရေမြေရာသီဥတုသဘာဝပေါ်မူတည်ပြီး အသီး၏အရွယ်အစားမှာ ၃-လက္မခွဲမှ ၆-လက္မခွဲထိ ရှိတတ်ပါသည်။ အသီးကို ခပ်ဝိုင်းဝိုင်းပုံ၊ ရှည်မျောပုံပုံ၊ အသည်းပုံ၊ တစ်ဖက်ဖောင်းတစ်ဖက်ပိန် စသည်ဖြင့် ပုံစံမျိုးမျိုးတွေ့ ရ တတ်ပါသည်။ အခွံမှာပါးသော်လဲ၊ ရာဇမတ်ကွက်ပုံသဏ္ဍာန်တို့ ဖြင့် တော်တော်လေး ကြမ်းထော်ပါသည်။ အသီးတို့ ထုံးစံအတိုင်း မမှည့်ခင် စိမ်းဖန့် ဖန့် ရောင်ဖြစ်ပြီး၊ မှည့်သွာေးသာအခါမှာ ၀ါညစ်ညစ်ရောင် (သို့ မဟုတ်) အညိုရောင်ပြောင်းသွားတတ်ပါသည်။ မမှည့်ခင်အလွန်မာပြီး၊ မှည့်သောအခါမှာတော့ အခွံပျော့သီးဖြစ်သွားပါသည်။ ရှဥ့် နှင့် ကျေးဌက်သတ္တ၀ါများကလည်း သြဇာသီးကို ကြိုက်ကြသည့်ပြင်၊ သဘာဝအရ အမှည့်မြန်ပြီးကြွေကျတတ် တာကြောင့် အပင်မှာအက်ကွဲသည်အထိ မထားရပါဘူး။ အသီးတော်တော်ရင့်ပြီး မျက်စိကျဲလာတာနဲ့တပြိုင်နက် ခူးဆွတ်ပြီး အုပ်ထားရပါမည်။ အခွံ၏အောက်မှာ အရသာမွှေးချိုသည့် ကရင်မ်ဖြူရောင် အသားအနှစ်ပျော့များရှိပြီး၊ ထိုအသားတို့ က အနက် ရောင်တောက်ပြောင်သော အစေ့တို့ ကို ဖုံးအုပ်ထားပါသည်။ ထိုအစေ့က အဆိပ်ဖြစ်စေတတ်သဖြင်ဝါးစားလို့ မရပါဘူး။ ပရဆေးဝါး အဖြစ် လွန်စွာ အသုံးတဲ့၏။

မြန်မာပြည်မှာ *သြဇာ* ဟူသော အတိတ်နမိတ်ကိုကောက်ခါ၊ သြဇာတက္ကိမ ဘုန်းတန်ခိုးကြီးရန်ဟူသော ယုံကြည်မှုဖြင့် ဘုရား၊ သံဃာများ ကို သြဇာသီးဖြင့် လှူဒါန်းလေ့ရှိကြပါသည်။ ထို့ ပြင် သြဇာကိုင်းချိုး၍ အဆောင်လက်ဖွဲ့  ဆောင်ထားကြလေ၏။ သြဇာသီးကို “အဖေက အနူ..အမေက တရုတ်..သားက ကုလား...” ဟု စကားဝှက်တမ်း ကစားကြပါသည်။ သြဇာပင်တို့ သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် သဘာဝအလျောက် အလေ့ကျပေါက်ရောက်ကြပြီး၊ ပြင်ဦးလွင်၊ တောင်ကြီး နှင့် ကရင်ပြည်နယ်တို့ တွင်မိုးလယ်ကာလမှစ၍ သြဇာသီး၊ လှိုင် လှိုင်ထွက်ရှိ၏။ အထူးသဖြင့် ပုပ္ပါးမှထွက်သော သြဇာသီးသည် အရွယ်ပိုမိုကြီးမားကြပြီး၊ ပြည်မြို့ မှထွက်သော ခရမ်းရင့်ရောင်ဆန်ဆန် နီညိုညိုအသီးတို့ က အရသာပိုချိုသည်ဟု နံမည်ကြီးပါသည်။

ရိုးရိုးသြဇာသီးထက်အတော်အတန်ကြီးမားကာ၊ ဆူးပျော့ပျော့လေးများပါရှိပြီး၊ မျိုးရိုးကွဲပြားသော “ဒူးရင်းသြဇာ” လည်းရှိပါသည်။ ချိုချဉ်ချဉ် အရသာနှင့်အနံ့ နဲနဲပြင်းပြင်းကာ၊ အထဲကအတွင်းသားများသည် ပုံမှန်သြဇာသီးထက် ပျော့အိပြီး အစေ့လဲနဲပါး၏။ ၄င်းက ကင်ဆာရောဂါ အတွက်အလွန်ဆေးဘက်ဝင်သည်ဟု နံမည်ကြီးပြီး၊ မြန်မာပြည်မှာတွေ့ ရခဲသဖြင့် ဈေးလဲကြီး၏။ နောက်တစ်မျိုးရှိပါသေးသည်။ နီညိုရောင်ရှိ ကာ၊ ပုံမှန်သြဇာသီးများထက်အရွယ်ပိုကြီးပြီး၊ ပိန္နဲသီးရနံ့ ထွက်ရှိသဖြင့် “ပိန္နဲသြဇာ” ဟု ခေါ်ကြပါသည်။ ရှမ်းပြည်ဒေသတွင် အများအပြား တွေ့ ရတတ်၏။ အပေါ်ယံအခွံသည် သရက်သီးခွံကဲ့သို့ ပါးလွှားကာ၊ ပျားအုံကွက် ဒီဇိုင်းဖြစ်ပါသည်။ အစေ့ကမပါသလောက် အလွန်နဲပါးကာ၊ အနှစ်သားများဖြင့် ပြည့်နေပါသည်။ အချိုအရသာ နဲနဲပေါ့သော်လဲဘဲ၊ အရွယ်ကြီးမားကာ၊ အသားလဲထူသဖြင့် တစ်လုံးစား ပြီးတာနှင့်အီစိမ့် သွားမှာအမှန်ပါ။

သဘာဝသကြားဓာတ်ပါရှိလို့ ချိုလဲချို၊ မွှေးလဲမွှေးသောသြဇာသီးများကို မြန်မာပြည်တော့ သူ့ ချည်းသက်သက် သွားရည်စာ၊ အချိုပွဲအဖြစ်သာ စားလေ့ရှိပါသည်။ နိုင်ငံခြားတိုင်းပြည်များမှာတော့ သြဇာသီးကို နွားနို့ ဖြင့်ရောကာ၊ Milk Shake အဖြစ်လည်းကောင်း၊ ယို၊ ဂျယ်လီ၊ ရေခဲမုန့် ၊ ရှာရဘတ်ရည်(ဖျော်ရည်)အဖြစ်လည်းကောင်း၊ကိတ်မုန့်  တွင်အရသာရှိစေရန်အတွက်လည်းကောင်း၊စသည်ဖြင့် အမျိုးမျိုးလုပ်စားကြပါသည်။

သြဇာသီးနှင့်ကျန်းမာရေး။

သြဇာသီးသည် အရသာရှိသည့်ပြင်၊ လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရဓာတ်တို့  စုဝေးရာအရင်း အမြစ်ဖြစ်ပါ သည်။ သြဇာသီးသာမက၊ အရွက်၊ အစေ့၊ ပင်စည်၊ အမြစ် စသည်ဖြင့် တစ်ပင်လုံးဆေးဖက်ဝင်ပါသည်။ ၁၀၀ ဂရမ် အလေးချိန်ရှိသော သြဇာ သီးထဲတွင် ဗီတာမင်ဘီ (ခေါ်) သီအာမင် ၀-၀၇ မီလီဂရမ်၊ ဗီတာမင်အေ ၁ မီလီဂရမ်၊ ဗီတာမင်ဘီ ၂ (ခေါ်) ရီဘိုဖလာဗင် ၀.၀၉ မီလီဂရမ်၊ သဘာဝသကြားဓာတ် ၁၆ ဂရမ်၊ ဗီတာမင်ဘီ ၃ (ခေါ်) နီအာစင် ၀.၇ မီလီဂရမ်၊ ကစီဓာတ် ၂၃.၇၁ ဂရမ်၊ သံဓာတ် ၀.၇ မီလီဂရမ်၊ အက်ဆစ်ဓာတ်ပေါင်း ၀.၄ မီလီဂရမ်၊ ခွန်အား ၈၆ ကယ်လိုရီ၊ ပရိုတင်း ၃ ဂရမ်၊ ဇင့် ၁.၅ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၆၆ ဂရမ်၊ ကော့ပါး ၂.၄ မီလီဂရမ်၊ ပိုတက်စီယမ် ၄၅၀ မီလီဂရမ်၊ ဆိုဒီယမ် ၉ မီလီဂရမ်၊ ကယ်စီယမ် ၁၉ မီလီဂရမ်၊ ဗီတာမင်စီ ၃၃ မီလီဂရမ်၊ အမျှင်ဓာတ် ၂.၁ ဂရမ်၊ ပျော်ဝင်လွယ်သော Solids (Brix) ၂၂.၃% စသည်ဖြင့် အသီးသီးပါရှိကြပါသည်။

(၁)ဗီတာမင်ဘီ6၊ပိုတက်စီယမ် နှင့်မဂ္ဂနီစီယမ်ဓာတ်ပါရှိခြင်းကြောင့် နှလုံးကြွက်သားတွေကိုပြေလျော့စေပြီး၊
နှလုံးအားနဲ၍နှလုံးခုန်မမှန်ခြင်း နှင့် နှလုံးရောဂါ ဝေဒနာများအတွက်သြဇာသီးက ကောင်းကျိုးပြုပါသည်။
နှလုံးရောဂါနှင့် ဆက်စပ်လျက်ရှိသော၊ လေဖြတ်ခြင်း နှင့် သွေးတိုးရောဂါတို့ ကိုလဲ မဖြစ်စေပါ။

(၂) ဗီတာမင်ဘီဓာတ်ချို့ ယွင်းမှုကြောင့်၊ အရေပြားရောဂါ၊ လည်ချောင်းနာခြင်း၊ လျှာနာခြင်း၊ တက်ခြင်း၊ စိတ်ဓာတ်ကျ စိတ်အားငယ်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဗီတာမင်ဘီ ကြွယ်ဝသော သြဇာသီးကိုစားပေးခြင်းဖြင့် ထိုရောဂါ တို့ ကို ကြိုတင်ကာကွယ်ထားနိုင်ပါသည်။ နှစ်ခြိုက်စွာ အိပ်မောကျစေပါသည်။

(၃) သြဇာရွက်ကိုကြိတ်၍ သတ္တုရည်သောက်သုံးပေးခြင်းဖြင့်၊ သန်နှင့် တုတ်ကောင်များကို ကျစေနိုင်ပါသည်။

(၄) အမျှင်ဓာတ်အလုံအလောက် ပါရှိခြင်းကြောင့်၊ အစာချေစံနစ်ကိုကောင်းမွန်စေပြီး၊ ၀မ်းကိုလဲမချုပ်စေပါ။ ထမင်း စားပြီးတိုင်း အစာကျေစေ ရန်အတွက် သြဇာသီးစားပေးသင့်ပါသည်။ လေပူထိုးခြင်း၊ လေနာရောဂါများ နှင့် အစာအိမ်မကောင်း၍ မအီမသာဖြစ်ခြင်း၊ သွေးအန်ခြင်း တို့ကိုလည်း ပျောက်ကင်းစေပါသည်။

(၅) ၀မ်းသွားပါက သြဇာရွက်ပြုတ်ရည်ကိုသောက်သုံးနိုင်ပါသည်။ ၀မ်းလျောပြီးအားပြန်လည်ပြည့်စေရန်အတွက် သြဇာသီးပင် အခေါက်ပြုတ် ရည်က၊ အားကိုးလောက်ပါပေသည်။ အသီးစိမ်းသည် ကော့ပါးပါရှိသောကြောင့် ၀မ်းသွားခြင်းနှင့်ဝမ်းကိုက်ခြင်း တို့ ကို ကောင်းစွာကုသပေး နိုငိသည့်အတွက်၊ အသီးစိမ်းကိုအခြောက်လှမ်း အမှုန့် ကြိတ်ပြီးသောက်ပေးသင့်ပါသည်။

(၆) အမြစ်ကိုသွေး၍ သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်းစေပါသည်။

(၇) သြဇာသီးက၊ ဆေးလိပ်သောက်သူများ၏ အဆုတ်တွင် နီကိုဒင်းအဆိပ်ဓာတ်ကို ဖြေဖျောက်ပေးကာ၊ အဆုတ် ကိုသန့် စေပါသည်။

(၈)ဗိုက်တာမင်စီ နှင့်ဓာတ်တိုးဆန့် ကျင်ပစ္စည်းများပါရှိခြင်းကြောင့်၊ကိုယ်ခံစွမ်းအားကို
ကောင်းမွန်တိုးတက်စေကာ၊ ခန္ဒာကိုယ်ထဲရှိ မလို လားအပ်သော free radicals များကို နှိမ်နှင်းပေးပါသည်။

(၉) အသီးထဲတွင် ဗီတာမင်အေ ပါရှိသောကြောင့်၊ မှန်မှန်စားပေးခြင်းဖြင့် ဆံပင်၊ မျက်စေ့၊ ခြေသည်းလက်သည်း နှင့် အသားအရည်တို့ ကို ကောင်းကျိုးပြုပေးနိုင်ပါသည်။ သြဇာစေ့အမှုန့် ကို ညအိပ်ခါနီး ဆံပင်အနှံ့ လိမ်းကျံ ပေးပြီး၊ နောက်တစ်နေ့ နံက်ကြည့်လိုက်ပါ။
ဆံသားများ နက်မှောင်တောက်ပြောင်လာသည်ကို အံ့သြစွာ တွေ့ မြင်ရပါမည်။ (သို့ သော် သြဇာစေ့အမှုန့် မျက်စေ့ထဲမ၀င်ရန်အထူးသတိပြုပါ)

(၁၀) အသီးထဲတွင် ပြည့်ဝဆီ၊ ကိုလက်စထရော နှင့် ဆိုဒီယမ်တို့  ပါဝင်မှုနဲပါးပြီး၊ ကစီဓာတ်ကြွယ်ဝခြင်းကြောင့်လည်း ခွန်အားတိုးပွားစေပြီး၊ ကျန်းမာရေးကို ဘက်စုံကောင်းစေပါသည်။ နာလန်ထစလူနာများ သြဇာသီးစားပြီး အားပြန်ပြည့်စေပါသည်။

(၁၁) ခန္ဒာကိုယ်အရေပြားပေါ်ရှိ ပြည်တည်နာ၊ မွေးကျွတ်နာ နှင့် ဖက်ခွက်နာတို့ ဖြစ်ပွားပါက၊ သြဇာသီးအနှစ်သား (သို့ မဟုတ်) သြဇာရွက် ခြေပြီး ၄င်းသတ္တုရည်ဖြင့် ထိုအနာပေါ်အုံပြီးစည်းထားပေးခြင်းဖြင့် ပြည်ပုပ်များစုပ်ယူ ခမ်းခြောက်ကာ၊ အနာမြန်မြန် ကျက်စေပါသည်။

(၁၂) သြဇာသီးထဲတွင် ကော့ပါးဓာတ် အမြောက်အများပါရှိပေရာ၊ သွေးထဲရှိဟေမိုဂလိုဘင်ကိုတိုးပွားစေပြီး၊သွေးအား ကောင်းစေပါသည်။ ထို့ ကြောင့် သွေးအားနည်း ရောဂါသည်များ မှီဝဲစားသုံးသင့်ပါသည်။

(၁၃) သြဇာပင်အခေါက်သည် တစ်ရှုးများကိုကျုံ့ ကျဉ်း၍သွေးတိတ်စေနိုင်သော အာနိသင်ရှိခြင်းကြောင့်၊ အရေပြားပွန်ပဲ့ဒဏ်ရာများနှင့် ခွဲစိပ် ထားသောအနာများပေါ်တွင် ဖြူးပေးနိုင်ပါသည်။ သွားကိုက်သွားနာခြင်းများအတွက်လည်း သြဇာပင်ခေါက်အမှုန့် ဖြင့် သိပ်ပေးနိုင်ပါသည်။

(၁၄) အသီးထဲတွင် မဂနီစီယမ် အမြောက်အများပါရှိခြင်းကြောင့်၊ ခန္ဒာကိုယ်ထဲရှိရေဓာတ်ကိုမျှတစေသည့်ပြင်၊ အရိုးအဆစ်များမှ အက်ဆစ် များကိုဖယ်ရှားပေးနိုင်သောကြောင့် အဆစ်အမြစ်ယောင်နာ ရောဂါအမျိုးမျိုးနှင့် ဂေါက် ရောဂါတို့ ကို မဖြစ်လာစေပါ။

(၁၅) သြဇာစေ့ကအဆိပ်ရှိ၍ စားသုံးရန်မသင့်သော်လဲ၊ အင်းဆက်ပိုးကောင်တွေကိုသတ်ပေးနိုင်သဖြင့် ထိုအစေ့ကို ထောင်းကာ၊ ၀ဲနှင်းခူနာ များပေါ်ဖြူးပြီး ပိုးသတ်ပေးနိုင်ပါသည်။ မြန်မာ့ဆေးကျမ်းများတွင် သြဇာစေ့အတွင်းဆံကိုကြိတ်၍ မီးရှို့အခိုးမှိုင်းတိုက်ပြီး ရှုရိုက်ပေးပါက ၀က်ရူးပျံရောဂါ ပျောက်ကင်းသည်ဟုဆိုပါသည်။

(၁၆) အပူချိန်မကျဘဲ အပြင်းဖျားသောလူနာများကို သြဇာသီးအစိမ်း၊ အရွက်၊ အခေါက်၊ အမြစ် တို့ ကိုရော၍ ရေ ၁-လီတာဖြင့် ၅-မိနစ် ပြုတ်ပြီး တိုက်ပေးပါက၊ အဖျားများယူပစ်သလို ပျောက်ကင်းသွားစေပါသည်။

(၁၇) လူတစ်ဦးတစ်ယောက်အတွက် တစ်နေ့ တာ ကော့ပါးလိုအပ်မှုပမာဏမှာ ၉၀၀ မီလီဂရမ်ဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အတွက် တစ်နေ့ တာ ကော့ပါး လိုအပ်မှုပမာဏမှာ ၁၀၀၀ မီလီဂရမ် ဖြစ်ပါသည်။ ကော့ပါးဓာတ်ချို့ တဲ့သော မိခင်လောင်းသည် အချိန်မတိုင်မှီ မီးဖွား စေပြီး၊ ဆောက်ဆက်တွဲပြသနာများအနေဖြင့် သွေးဖြူဥအားနဲကာ၊ အရိုးကျိုးလွယ်ပါသည်။ကော့ပါးဓာတ်ကြွယ်ဝသော သြဇာသီးကို အားဖြည့် အစာအဖြစ် စားသုံးနိုင်ပါသည်။

(၁၈) သြဇာသီးတွင် ကယ်လိုရီပမာဏမြင့်မားစွာပါရှိပါသည်။ ခန္ဒာကိုယ်သေးသွယ်ပိန်လွန်းသူများ၊ ကိုယ်အလေးချိန် တက်လိုပါက၊ သြဇာသီး အနှစ်ကို ပျားရည်ဖြင့်ရော၍ စားသုံးပေးနိုင်ပါသည်။

(၁၉) သြဇာသီးထဲရှိ ပိုတက်စီယမ်အစွမ်းက၊ ကြွက်သားများ ကိုခွန်အားဖြစ်စေပါသည်။

(၂၀) အရွက်ကြိတ်၍ အုံကပ်ပေးပါက အကြောငုပ်ခြင်း နှင့် အကြောတက်ခြင်းများကို ပြေပျောက်စေပြီး၊ အရွက်ကို ချေ၍ရှုပေးပါက အမူး အမော် နှင့် ထိပ်ကပ်နာတို့ ကို ပျောက်စေပါသည်။

(၂၁) ယနေ့ ဆေးသိပ္ပံနည်းအရ၊ ကင်ဆာရောဂါတို့ ကို ခီမိုဆေးသွင်း၊ ကုသစေပါသည်။ ခီမိုဆေးစွမ်းက ခန္ဒာကိုယ် ထဲရှိ ဆဲလ်အကောင်း/ အဆိုးအားလုံးကို သတ်ပစ်ကြပြီး၊ သြဇာသီးမျိုးနွယ်ဝင် ဒူးရင်းသြဇာကတော့ ကင်ဆာဆဲလ်ကိုသာ ရွေးသတ်ပေးသည့်အပြင်၊ ကင်ဆာ အကျိတ်အခဲများကိုပါ ကောင်းစွာနှိမ်နှင်းပေးနိုင်စွမ်းရှိပါသည်။ ထို့ ကြောင့် မည်သည့်ကင်ဆာဝေဒနာသည်မဆို၊ ဒူးရင်းသြဇာ အရွက် ၂၀ ကို ရေ ၇-ခွက်ထဲ့ပြီး မီးအေးအေး ဖြင့် (၂)နာရီခန့် ကြာအောင်တည်ပေးပြီးနောက် တစ်ရက်လျှင် (၃)ကြိမ်နှုံးဖြင့် (၂)ခွက်စီ သောက်ပေးပါ။ ဤ နည်းအတိုင်း ၅-ရက်တိတိ သောက်သုံးပေးခြင်းဖြင့်သိသိသာသာ အကျိုးထူးခံစားရပါလိမ့်မည်။ (ထိုသို့  သောက်နေစဉ်အတွင်း ဒူးရင်းသြဇာ သီးကိုလဲ စားသုံးနိုင်ပါသည်)

အသားအရေထိန်းသိမ်းနည်း။

မိမိအိမ်မှာပင်မျက်နှာကို သြဇာသီးဖြင့်အလွယ်တကူ scrubs လုပ်လို့ ရပါသည်။ ဒီနည်းက မျက်နှာအသားအရေကို ဘေးထွက် ဆိုးကျိုးမဖြစ် စေပါ။ ရှေးဦးစွာမျက်နှာကို သန့် စင်ဆေးကြောပါ။ သြဇာသီး အစေ့ကိုဖယ်၍ အသားနှင့်အနှစ်တို့ ကို ဒိန်ချဉ် (သို့ မဟုတ်) ဗီတာမင်စီဓာတ် ပါသော မျက်နှာလိမ်းကရင်မ်ဖြင့် ရောသမမွှေပေးပါ။ ပြီးနောက် မျက်နှာတစ်ပြင်လုံးကို ညင်ညင်သာသာ ပွတ်လိမ်းပေးပါ။ မျက်စေ့ထဲမ၀င် အောင်ဂရုစိုက်ပါ။ လိမ်းပြီး၊ မိနစ် ၂၀ ခန့်  အကြာမှာ ရေအေးအေးဖြင့် သစ်ပေးပါ။ သြဇာသီး၏ အစွမ်းက၊ မျက်နှာအသားအရည်ကို ၀င်းလက် စိုပြည်စေပြီး၊ ဒိန်ချဉ် (သို့ မဟုတ်) ကရင်မ် ထဲတွင်ပါရှိ သော lactose အက်ဆစ်ဓာတ်က မမြင်ရသောပိုးမွှားများကိုသေစေကာ၊ မျက်နှာပေါ်ရှိ ချေးညှော်များ နှင့် မှဲ့ ခြောက်တို့ ကို ၁၀၀% သန့် စင်စေ ပါသည်။ ဤနည်းအတိုင်း တစ်ပတ်တစ်ကြိမ်လုပ်ပေးရုံဖြင့် လုံလောက်ပါသည်။

သတိပြုရန်။

(၁) ကလေးများက သြဇာသီးစေ့လေးမျာကို ဇယ်တောက်တမ်းကစားတတ်ကြပါသည်။ နား နှင့် နှာခေါင်းထဲ မတော်တဆ အစေ့ မ၀င်စေရ အောင် သတိပြုပေးသင့်ပါသည်။

(၂) သြဇာသီး နှင့် ပျားရည် ကို တွဲဖက်မစားသင့်ပါ။ အော့အန်တတ်ပြီး၊ အခန့်  မသင်ရင်သေစေနိုင်ပါသည်။

(၃) ၀က်သားသည် အအေးစာဖြစ်ပြီး၊ သြဇာသီးသည် အပူစာဖြစ်သဖြင့် တွဲဖက်၍မစားသင့်ပါ။ မူးဝေအော့အန် တတ်ပါသည်။

(၄) သဘာဝသကြားဓာတ်ကြွယ်ဝသဖြင့်၊ ဆီးချိုဝေဒနာသည်များ ရှောင်ရှားရပါမည်။

(၅) ချွဲ၊သလိပ်ကို အားပေးသဖြင့် ပန်းနာရောဂါသည်များ မစားသင့်ပေ။

မှတ်ချက်။

(၁) အသီးနုနုတို့ ကို အချိန်ကြာမြင့်စွာ အုပ်ထားသော်လဲ မမှည့်လာဘဲ၊ မှိုတက်ပြီးမည်းသွားတတ်ပါသည်။ ထို့ ကြောင့် သြဇာသီးကို ကိုင်ကြည့်သောအခါ၊ လက်ထဲတွင် အလေးချိန်စီးပြီး၊ မျက်ကွင်းကျယ်သော အသီးရင့်ရင့်တို့ ကိုသာရွေးဝယ်ပါ။ ၀ယ်ပြီးသော အသီးတွေ မပိပြားရလေအောင် အင်ဖက်တွေဖြင့် အထပ်လိုက် ဖုံးအုပ်ထားပါ (သို့ မဟုတ်) ဆန်အိုးထဲတွင် အမှည့်ခံပါ။

++++++++++++++++++++++++++++++++++++++++

“မသိသူကျော်သွား၊ သိသူဖော်စား” ဟူသော မြန်မာစကားပုံရှိပါသည်။ ဆေးပညာရှုထောင့်မှ ကြည့်ပါက သြဇာသီးတစ်ပင်လုံးက သိပံ္ပွနည်းအရသာမက၊ တိုင်းရင်းဆေးဝါးကုထုံးအတွက်ပါ အံ့မခန်း အသုံးဝင်နေပါသည်။ ထို့ ကြောင့်အရသာလဲရှိ၊ ကျန်းမာရေး အတွက်လဲ ကောင်းကျိုးပြုသော ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် သြဇာသီးကို လက်လွတ်မခံသင့်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

ဘာသာပြန်သူ (ပေါက်ပေါက်)

အဆစ်ရောင်ရောဂါ ပျောက်ကင်းစေရန် ဆောလျင်စွာ ကုသမှုခံယူသင့်


အဆစ်ရောင် ရောဂါသည် ပိုမိုဆိုးရွား လာပါက အဆစ်များ ရောင်ကိုင်း တောင့်တင်းပြီး နာကျင်မှု ဝေဒနာ ပြင်းထန်စွာ ဖြစ်ပေါ်စေသည်။ အဆိုပါ အဆ စ်ရောင် ရောဂါကို ဘဝတစ်လျှောက်လုံး ဖြစ်ပွားမှုမှ ကာကွယ်ရန် ကနဦး ရောဂါလက္ခဏာများ စတင် တွေ့ရှိသည့် အချိန်မှစ၍ နားလည် တတ်ကျွမ်းသော ဆရာဝန်များ ထံတွင် ဆောလျင်စွာ ဆေးစစ်မှုများ ပြုလုပ်ပြီး ကုသမှု ခံယူရန် လိုအပ်ကြောင်း ရှာဂျာမြို့ရှိ ဇူလီခါ ဆေးရုံမှ ကိုယ်ကာယ လေ့ကျင့် ခန်းဖြင့် ရောဂါ ကုသပေးသူ ဆန်ဟာရီဂျီ အစ်အာက ပြောကြားခဲ့သည်။

ကိုယ်လက် လှုပ်ရှားခြင်းသည် အဆစ်ရောင် ရောဂါ ကုထုံးတွင် အကောင်းဆုံး နည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆေးဝါးများ သောက်သုံးခြင်း အပါ အဝင်၊ အနားယူ အပန်းဖြေခြင်း၊ သင့်တင့် လျောက်ပတ် စွာ စားသောက်ခြင်း၊ ဆရာဝန်များ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းနှင့် အပူ၊ အအေး၊ လျှပ်စစ် နည်းပညာ အသုံးပြု၍ လှုံ့ဆော် ကုသသော နည်းလမ်းများသည်လည်း အဆစ်ရောင် ရောဂါ ကုထုံးအတွက် ကောင်းမွန် သော နည်းလမ်း တစ်ခု ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆစ်ရောင် ရောဂါ ခံစား ရသူများသည် ၎င်းတို့၏ အဆစ်အမျက်များကို ထိခိုက် ပျက်စီးစေနိုင် သောကြောင့် ကိုယ်လက် လှုပ်ရှားခြင်း များ မပြုလုပ်သင့်ဟု ယူဆ ထားကြ သည်။

ယခု လေ့လာ တွေ့ရှိချက်များအရ ကိုယ်လက် လှုပ်ရှားခြင်းများ လျော့နည်း ခဲ့ပါက အဆစ်အမျက်များ တောင့်တင်းခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ခန္ဓာကိုယ် ပင်ပန်းမှုများ ဖြစ်လာ စေနိုင်ပါသည်။ သို့ဖြစ်၍ သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှား ခြင်းများနှင့် အနားယူခြင်း တို့ဖြင့် သင့်တင့် လျောက် ပတ်စွာ နေထိုင်သွား သင့်သည်ဟု ထောက်ခံချက် ပေးထားကြောင်း၊ ပုံမှန် လေ့ ကျင့်ခန်း လုပ်ခြင်းဖြင့် အဆစ်များ တောင့်တင်း ရောင်ရမ်းမှုမှ ကာကွယ်ကာ ကြွက်သားများ သန်မာစေပြီး အဆစ်ရောင် ရောဂါ သက်သာမှုကို အထောက် အကူ ဖြစ်စေပါသည်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းများသည် နာကျင်မှုကို သက်သာစေကာ အဆစ်ရောင် ရောဂါအား သက်သာစေကြောင်း တွေ့ရှိရသည်။

ထက်မြက်စွန့်စားသည့် မိန်းကလေးများ လိင်စိတ်ပြင်းထန်




စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ စွာ ဆောင် ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။ရှီကားဂိုး တက္ကသိုလ် မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။

ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။

ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများ သည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ညစ်ညမ်းဝက်ဘ်ဆိုက်များ အမေရိကန်တွင် အဓိက အခြေစိုက်


အမေရိကန်သည် ကမ္ဘာပေါ်ရှိ ညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏ (၆၀)ရာခိုင်နှုန်း အခြေစိုက်ရာ နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။

ကမ္ဘာပေါ်တွင် ညစ်ညမ်း(Porn) ဝက်ဘ်ဆိုက်များ အများပြားဆုံး အခြေစိုက်သော နိုင်ငံအဖြစ် အမေရိကန်က ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။ အမေရိကန်နောက်တွင် ဥရောပ နှစ်နိုင်ငံဖြစ်သည့် နယ်သာလန်နှင့် ဗြိတိန်တို့က အစဉ်လိုက် ရပ်တည်နေသည်။ Daily Mail သတင်းစာက ဗြိတိန်နိုင်ငံတွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainပေါင်း (၅၁၂၀၀၀)မျှ ရှိနေကြောင်း ဖော်ပြခဲ့သည်။ ယင်းပမာဏသည် တစ်ကမ္ဘာလုံးမှ စုစုပေါင်း ညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏ (၇)ရာခိုင်နှုန်းနှင့် ညီမျှသည်။ သို့သော်လည်း အဆိုပါ ပမာဏသည် အမေရိကန်နှင့် ယှဉ်လျှင် ခပ်ပါးပါး အခြေအနေသာ ရှိသည်။ အမေရိကန်သည် ကမ္ဘာပေါ်ရှိ ညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏ (၆၀)ရာခိုင်နှုန်း အခြေစိုက်ရာ နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။

ဥရောပ၏ လိင်နှင့် မူးယစ်ဆေး မြို့တော်အဖြစ် တင်စားလေ့ရှိသော အမ်စတာဒမ်မြို့၏ မိခင်နိုင်ငံ နယ်သာလန်ကလည်း ကမ္ဘာ့ညစ်ညမ်းဝက်ဘ်ဆိုက် စုစုပေါင်း၏ (၂၆)ရာခိုင်နှုန်းအတွက် ဘူမိနက်သန် ဖြစ်နေသည်။ အမေရိကန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domain (၄.၂)သန်းမျှ ရှိနေပြီး (၃)ပုံ(၂)ပုံသည် ကယ်လီဖိုးနီးယားတွင် မှတ်ပုံတင်ထားကြောင်းလည်း သိရသည်။ နယ်သာလန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainအမည် (၁.၈)သန်း ရှိနေပြီး ညစ်ညမ်းဝက်ဘ်ဆိုက် စာမျက်နှာ (၁၈၇)သန်းကို သိုမှီးထားသည်။

အမေရိကန်၊ နယ်သာလန်နှင့် ဗြိတိန်တို့နောက်တွင် ဂျာမနီက စတုတ္ထနေရာမှ တန်းစီပြီး Domainအမည် (၈၀၀၀၀)၊ ဝက်ဘ်ဆိုက် စာမျက်နှာပေါင်း (၈)သန်းဖြင့် ကမ္ဘာ့ညစ်ညမ်းဝက်ဘ်ဆိုက် ဝေစု (၁.၁၆)ရာခိုင်နှုန်းကို ခွဲယူထားသည်။ ကလေးများ အင်တာနက် သုံးစွဲမှု လုံခြုံရေး အစိုးရ အကြံပေးအရာရှိ ဂျွန်ကားရ်က ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainများ တားဆီးမှုကို ယခုထက် ကြပ်မတ် ဆောင်ရွက်ရန် အကြံပြု တိုက်တွန်းခဲ့သည်။ "ကလေးတွေ အလွယ်တကူ ဝင်ကြည့်လို့ ရတာမျိုးကို ဘယ်လို ကန့်သတ်မလဲဆိုတာ အဖြေရှာဖို့ လိုပါတယ်"ဟု ၎င်းက ဆိုသည်။

ယခုစစ်တမ်းကို ကယ်လီဖိုးနီးယား အခြေစိုက် အင်တာနက် စီစစ်လေ့လာရေး ကုမ္ပဏီ MetaCertက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီသည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၁၃)ခုနှစ်၊ ဩဂုတ်လထိ အချက်အလက်များ စုဆောင်းကာ ယခုကဲ့သို့ ဖော်ပြထားခြင်းဟု သိရသည်။ ကုမ္ပဏီက Tabletနှင့် စမတ်ဖုန်းများမှတစ်ဆင့် ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုမှုတွင် ကလေးများနှင့် ကင်းကွာအောင် အစီအစဉ်များ ပြုလုပ်သင့်ကြောင်းလည်း မှတ်ချက်ပေးသွားသည်။

Planet Myanmar Network

ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်


ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။

အမေရိကန် ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက် (၁ဝဝဝ) ဖြင့် လေ့လာဆန်းစစ် ရာတွင် ထမင်းမစားမီ ဟင်းရည်ပူ သောက်သူသည် စားသောထမင်း နပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းစေသည်။ သာမန်အားဖြင့် ထမင်းစား မြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက် အတွင်းရှိ (အာသာ) ချဉ်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့် သတင်းရဖို့ အချိန်အနည်းငယ် ယူရသည်။ ထိုအချိန် ယူနေစဉ် အတွင်းတွင် အစားမြန်သောသူက ပိုလွန်သော အစားများ စားသုံးပြီး ဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ခြင်းဖြင့် ထမင်းအစား နည်းစေပြီး ဝခြင်းမှ ကာကွယ် ပေးနိုင်သည်။

ရိုးရာလေး ကျန်းမာရေး

သံဃာများ မဲပေးနိုင်တော့မည်

(နိုင်ငံသား အခွင့်အရေးအရ သံဃာများ မဲပေးပိုင်ခွင့် လွှတ်တော်တွင် ဆွေးနွေးနေ )
သာသနာရေးဆိုင်ရာ၊ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက်၊ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် မဏိရတနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမနှင့် အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အလိုတော်ပြည့် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လျှောက်ထားရာ ရဟန်းသံဃာများမှ မိန့်ကြားမှုများ ရှိလာတဲ့အတွက် နိုင်ငံသား တစ်ဦး၏ မူလ အခွင့်အရေးအရ သံဃာများ မဲပေးပိုင်ခွင့်ကို လွတ်လပ်ရေးရသည်မှ ယနေ့အထိ မည်သည့် အတွက်ကြောင့် ဆုံးရှုံးနေရသည်ကို လွှတ်တော်တွင် ပြန်လည်သုံးသပ် ဆွေးနွေးမှု ပြုလုပ်နေကြောင်း၊ ဆရာတော်များ၏ မကြာမီကာလက ဖြစ်ခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင် ထိန်းသိမ်းခဲ့မှုအပေါ် အသိအမှတ်ပြု မှတ်တမ်း တင်ထားကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆရာတော် သံဃာတော် များ၏ သြ၀ါဒကို ခံယူ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း လျှောက်ထားသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်က လျှောက်ထားရာ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲစဉ် ဂျပန်ခေတ်က ရှိခဲ့သည့် မဟာသံဃအဖွဲ့ချုပ် ဆရာတော်ကြီးများက ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် သံဃာများမှ လူမှုရေး ၀င်မစွက်နိုင်ရေး၊ သံဃာများမှ ဆန္ဒမဲ ပေးလိုက်သည့် အမတ်များက ဥပဒေပြုရာတွင် ဆရာတော်များ၏ ဆန္ဒပါနေ သည့်အတွက် အပြစ်ဖြစ်နိုင်သဖြင့် ရန်ကုန် တစ်မြို့လုံးရှိ သံဃာလုံးဆိုင်ရာ အစည်းအဝေး ပြုလုပ်၍ မဲမပေးရန် ကန့်ကွက်မှု ပြုလုပ်ကာ ၁၉၄၇ အခြေခံ ဥပဒေတွင် အသက် ၁၈နှစ် ပြည့်ပြီး သူတိုင်း နေရာတွင် ခြွင်းချက် အနေဖြင့် ရဟန်း၊ သာမဏေ၊ သီလရှင်များ မဲပေးခွင့် မရှိကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ မဲပေးပါက မဲလိုချင်သော ပုဂ္ဂိုလ်မှ ကျောင်း အတွင်း လာရောက် စည်းရုံးခြင်း၊ ၀ိနည်း သိက္ခာပုဒ်များနှင့် ငြိစွန်းမှုရှိကြောင်း တွေ့ရသဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများမှ မဲမပေးရ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းလျှောက်ထား ကြသည်။

အထက်ပါ လျှောက်ထားချက်များမှာ ယခင် ဥပဒေ ဟောင်းများတွင် အဘယ်ကြောင့် သံဃာတော်များ မဲပေးခွင့်မရခဲ့သည်ကို ရှင်းလင်း လျှောက်ထားခြင်း ဖြစ်ပါတယ်။
ယခုလွတ်တော်ထဲတွင် ဆွေးနွေးမှုမှာ သံဃာများ မဲပေးပိုင်ခွင့် အတွက် ဆွေးနွေးနေခြင်းဖြစ်ရာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သံဃာတော်များ မဲပေးပိုင်ခွင့်များ ရရှိလာနိုင်ပါတယ် ။

ထို့နောက် ဆရာတော်ကြီးများက သိရှိလိုသည်များ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးတို့က ရှင်းလင်း လျှောက်ထားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက် သည်။

ref : သာသနာရေး

Myanmar Journal

သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရင် ပိုလှတယ်လို့ခံစားရတယ်

Saturday, August 24, 2013

သင်ဇာက တက်တူးထိုးရတာ ကိုကြိုက်တယ်။ ကိုယ်ကတက်တူး ထိုးရတာကိုကြိုက်တဲ့သူမို့လို့လား မသိဘူး။ သူများထိုးထားတာမြင်ရင် လည်းကြိုက်တယ်။ ကိုယ့်ဘာသာ ကိုယ်လည်းကြည့်ပြီးကြိုက်တယ်။ ဆယ်တန်းပြီးလောက်ကတည်းက အိမ်ကတက်တူးထိုးဖို့ခွင့်မပြုတော့ တက်တူးစတစ်ကာတွေကိုကပ်ဖြစ် တယ်။ ကိုယ်တက်တူးထိုးထားတာ ကိုကြည့်ပြီး ကြိုက်သလိုမြင်ကြပါ စေ။ ဒါက ကိုယ့် personal လေ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သလိုလုပ်မှာပဲ။ လူ့ဘ၀ဆိုတာတိုတိုလေး။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ် ချင်တာကိုလုပ်ပြီး ပျော်အောင်အေး ဆေးနေ မယ်။

လူတွေပုတ်ခတ်တာ၊ ပြောဆိုတာ၊ ဝေဖန်တာကိုအမြဲနား ထောင်နေမယ်ဆို ခေါင်းကိုက်လို့ သေရင်တောင်သေသွားမယ်။ ဒီ တက်တူးထိုးတာကို ဘယ်လိုပဲလာ ပြောပါစေ။ ကောင်းတာပဲပြောပြော၊ မကောင်းတာပဲပြောပြော အပြောခံဖို့အသင့်ပဲ။ ကိုယ်ကထိုးပြီး သားလည်းဖြစ်တယ်။ ကြိုက်လည်း ကြိုက်နေတာကိုး။ တက်တူးထိုးရင် နာတယ်လို့သင်ဇာမထင်ဘူး။ အဲဒီ ဟာကို fell လို့ထင်တယ်။ အဲဒီလောက်ကြီးလည်းမနာပါဘူး။ တက်တူးထိုးရင် ငါလှသွားမယ်ဆိုတဲ့စိတ် ထည့်ပြီးထိုး အဲဒါဆိုအဆင်ပြေတယ်။ အခုချိန်ထိ သင်ဇာထိုးထား တဲ့တက်တူးတွေကို ရိုးတာမရှိဘူး။ မကြိုက်တော့တာမရှိဘူး။ သင်ဇာ မရိုးသေးဘူး။ ကြိုက်တုန်းပဲ။

တက်တူးအရုပ်အကြီးကြီးတစ်ပုံထိုးရတာထက်၊ သေးသေးလေးတွေအများ ကြီးထိုးရတာကိုပိုကြိုက်တယ်။ နောက်ထပ်တက်တူးထိုးဖို့အစီအ စဉ်ရှိတယ်။ ဘယ်နေရာမှာထိုးရ မယ်မသိသေးဘူး။ နေရာသေချာ ရွေးပြီး ပုံသေချာရွေးပြီးမှပဲထိုးတယ်။ အခုတက်တူးထိုးကြတာ တစ်ခါသုံးအပ်တွေပဲဆိုတော့ သိပ်စိုးရိမ်စရာလည်းမရှိပါဘူး။ ဆေး တွေ လည်းကောင်းတယ်၊ ကိုယ်က လည်းကျန်းမာနေတဲ့လူတစ်ယောက်ဆိုတော့ ဘာမှစိတ်ပူစရာကိစ္စ တော့မဟုတ်ပါဘူး။ တက်တူးထိုး ထားတဲ့မိန်း ကလေးတွေကိုမြင်ရင် ပိုလှတယ်လို့ခံစားရတယ်။ တက် တူးမထိုးထား တဲ့မိန်းကလေးတွေက ရိုးရိုးရှင်းရှင်းလှရင်လှနေမယ်။

တက်တူးထိုးထားတဲ့မိန်းကလေးတွေက ပိုပြီးလှနေတယ်။ အဲဒါကိုကြိုက် တယ်။ အရင်က တက်တူးကိုလူမမြင်တဲ့နေရာမှာထိုးတယ်။ အခု တော့ လူမြင်တဲ့နေရာမှာထိုးတယ်။ သင်ဇာက တက်တူးကြိုက်တဲ့သူ တစ်ယောက် ပါ။ သင်ဇာ့ပရိသတ် တွေထဲမှာ တက်တူးထိုးတဲ့သူဘယ် နှယောက်ပါလဲ မသိဘူး။ ဒါပေမဲ့ တက်တူးထိုးချင်စိတ်ရှိရင်ထိုးပါ။ တချို့က လှတော့လှ ချင်တယ်။ နာမှာကိုကြောက်တဲ့သူတွေရှိတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပေါ့။ ဒါပေမဲ့ ထိုးချင်တဲ့စိတ်ရှိရင်ထိုးပါလို့ သင်ဇာကတော့ပြော ချင်ပါတယ်။

8 DAYS JOURNAL

ရုပ်ရှင်အစည်းအရုံးနှင့် ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌများ နှုတ်ထွက်ပေးရန် ဆန္ဒဖော်ထုတ်



From : ..YPI

မြန်မာနိုင်ငံ ရှပ်ရှင်အစည်းအရုံးဥက္ကဌ သရုပ်ဆောင်လူမင်းနှင့် ဗီဒီယိုအခြေခံ (ဗဟို)အဖွဲ့ ဥက္ကဌ ဦးဝင်းကြည်အပါအ၀င် အမှုဆောင်များမှာအာဏာရှင်ဆန်ဆန်ပြုမူသည်ဟုစွပ်စွဲကာ အားလုံးနှုတ်ထွက်ပေးရန် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် ရုပ်ရှင်လောကသားများက ယနေ့ ၁၁ နာရီခန့်က ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံ အပြင်ဘက်တွင် ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင်ဟိန်းထက်စံဗီဒီယိုထုတ်လုပ်ရေးမှ ဦးညွန့်လွင်ဌေးက “ ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းမော်ကို ခိုးကူးခွေကိစ္စနဲ့ပတ်သတ်ပြီးတော့ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ထုတ်လိုက်တယ်… ဒါအာဏာရှင် ဆန်ဆန်ဆောင်ရွက်တာပါ”ဟုဆိုသည်။

ဥက္ကဌဟောင်း ဦးဇင်ဝိုင်းနှင့် လက်ရှိဥက္ကဌ ဦးလူမင်းတို့မှာကွာခြားခြင်းမရှိဟုလည်း ၎င်းကသုံးသပ်သည်။ မြန်မာနိုင်ငံ ရှပ်ရှင်အစည်း အရုံး နှင့် ဗီဒီယိုအခြေခံဗဟိုအဖွဲ့များကိုတရားမျှတသော လုပ်ငန်းကျွမ်းကျင်မှုရှိသောရုပ်ရှင် လောကသားများထဲမှ တရားမျှတစွာပြန်လည်ရွေးကောက်ပေးစေလိုကြောင်းဦးညွန့်လွင်ဌေးကရှင်းပြသည်။


Photo: Thet Oo Mon

ရုပ်ရှင်သရုပ်ဆောင် ကိုမင်းဇော်မှ“ အဓိကက ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမူး၊ ဗီဒီယိုအခြေခံအဖွဲ့ရဲ့ ဥက္ကဌ ဦးဝင်းကြည်ကရုပ်ရှင်အစည်းရုံးနှင့် အမှုဆောင်အဖွဲ့တွေကို လက်ကိုင်တုတ်လုပ် အသုံးပြုပြီး သူတို့အမြဲတမ်းချမှတ်နေကျဖြစ်တဲ့ ဖြုတ်၊ထုတ၊်ပယ်ဆိုတဲ့မှုတွေသုံးပြီး အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

ခိုးကူးခွေကိစ္စနှင့် အထုတ်ပယ်ခံရသောရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌဒေါ်စန်းစန်းမော်က “ဦးလူမင်းအနေနဲ့က အခုသူဥက္ကဌလုပ်ပြီးနှစ်လအကြာမှာပဲ ကျွန်မတို့တိုင်းဒေသကြီး အဖွဲ့ကို စုံစမ်းမေးမြန်းခြင်းမရှိပဲ ထုတ်ပစ်ပါတယ်။သမာသမတ်ရှိတဲ့ လူသာဆိုရင်ဒါမျိုးမလုပ်ပါဘူး အဲဒီအတွက်ကြောင့် ဦးလူမင်းအပါဝင်အဖွဲ့နဲ့ဦးဝင်းကြည်အပါဝင် အလုပ်အမှုဆောင်အဖွဲ့ အားလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာပါ ”ဟုဆန္ဒပြရသည့်အကြောင်းကိုရှင်းပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ဦးအနေဖြင့်ဆောင်ရွက်သည့်ကိစ္စအားလုံးတွင် တစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ရုပ်ရှင်လောကသားများ၏ဆန္ဒဖြင့် ရွေးချယ်ထားသော အလွှာအသီးသီးမှကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသည့် အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆုံးဖြတ်ခဲ့ပြီးအာဏာရှင်ပုံစံဖြင့် ဆောင်ရွက်ခဲ့ခြင်းမရှိဟု ယနေ့ထုတ် 7 Day နေ့စဉ်သတင်းစာတွင် လူမင်းကပြောကြားထားသည်။

ဆန္ဒပြသူများမှာ မကွေးတိုင်းနှင့်မွန်ပြည်နယ်မှကိုယ်စားလှယ်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများ လူအင်အား ၄၀ ကျော်ခန့်ရှိပြီး ၎င်းတို့မှအုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့၊ အိတ်ထဲထည့် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)ဥက္ကဌ (အလိုမရှိ)၊ကိုယ့်ခွေကိုယ်ရောင်း၊ လာဘ်စားတဲ့ ဗီဒီယို (ဗဟို) (အလိုမရှိ)၊ပြောတော့NGO ၊ လုပ်တော့ အာဏာရှင် အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး(အလိုမရှိ)၊ အလုပ်မလုပ် တရားမဲ့အုပ်ချုပ်တဲ့ဗီဒီယို(ဗဟို)အလိုမရှိ၊အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး (အလိုမရှိ)၊အလုပ်မလုပ်တဲ့ဗီဒီယို (အလိုမရှိ)စာသားများပါဝင်သော ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ကုလား အကြမ်းဖက်သဖြင့် ထွက်ပြေးလာသည့် ရခိုင်ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်

From : ..the voice

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

မောင်တောခရိုင် မြောက်ပိုင်း တောင်ပြို လက်ဝဲမြို့နယ်ခွဲသို့ သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသည့် အဆိုပါ ဒုက္ခသည် များကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် နေရာ ချထားပေးထားပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာ များကို ထောက်ပံ့ပေးထားကြောင်း၊ လတ်တလောတွင် အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်စသည့် အရေးပေါ် အထောက်အပံ့များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့်ရွာများမှ ထွက်ပြေးလာသူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ်မှ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။


ရောင်ရဲခြင်းဖြင့် ဘ၀တိုးတက်ကြီးပွာမှုကိုတည်ဆောက်ခြင်း


နိုင်ငံခြားသားအများစုနှင့် ပြည်တွင်းရှိအချို့သောလူတို့သည် မြန်မာနိုင်ငံဆင်းရဲရခြင်းမှာ ဗုဒ္ဓဘာသာကြောင့်ပင်ဖြစ်သည်ဟု ရည်ညွှန်းပြောဆိုကြသည်ကို ခဏခဏပင်ကြားခဲ့ရပါသည်။ ထိုသူတို့ထောက်ပြသည်မှာ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော သန္တုဋ္ဌီ (ရောင့်ရဲခြင်း=သန္တုဋ္ဌီ စ ကတညုတာ)ဟူသော မင်္ဂလာတရားတရားပင် ဖြစ်ပါသည်။

ဤစကားသည်-
Self Truth= ကိုယ်ပိုင်အမှန်တရား
General Truth= ယေဘုယျအမှန်တရား
Natural Truth= သဘာဝအမှန်တရား
Universal Truth= စကြ၀ဠာအမှန်တရား
Reallity Truth= တကယ့်အမှန်တရား
The Four Noble Truth= သစ္စာလေးပါးအမှန်တရားဟူသော ဘောင်များသို့ သွင်းချိန်နှိုင်းစလိုက်မည်ဆိုပါက ကိုယ်ပိုင်အမှန်တရားသာ ဖြစ်ပေသည်။ မြတ်ဗုဒ္ဓ၏တရားတော်နှင့်ပတ်သက်သော စာပေ၀မ်းစာနည်းပါးမှုကို ထိုသူတို့၏ယူဆချက်က သက်သေခံလျှက်ရှိပေသည်။

ဘာကိုရောင့်ရဲရမည်နည်း?
ဘယ်လိုရောင့်ရဲရမည်နည်း?
ဟူသော အခြေခံသဘောတရားတို့ကို ဦးစွာဆန်းစစ်ရပါမည်။ မြတ်ဗုဒ္ဓ၏ပင်မဆိုလိုချက်ကိုသဘောပေါက်နားလည်သည့်အထိ လေ့လာပြီးမှ ကိုယ့်အယူအဆကို တင်ပြသင့်ပေသည်။

ရောင့်ရဲတင်းတိမ်မှုသည် ကြီးပွားတိုးတက်ခြင်း၏အဟန့်အတားဖြစ်သည်ဟု လက်ခံကြသူများစွာရှိပေသည်။ ရောင့်ရဲခြင်းသည် တိုးတက်ခြင်း၏ ဆန့်ကျင်ဘက်ဟုတ်/မဟုတ် ဦးစွာစဉ်းစားရပေမည်။

ဥပမာအားဖြင့် ကုန်သည်တစ်ယောက်သည် မိမိရောင်းသောကုန်ကို အမြတ်ငွေ ဆယ့်ငါးရာခိုင်နှုန်းရမှ ရောင်းချမည်ဟု စိတ်ပိုင်းဖြတ်ကာ ကုန်သွယ်မှုလုပ်သည်။ ထို့ထက်ပို၍လည်း အလိုအာသာမကြီး ရောင့်ရဲသောစိတ်ဖြင့် ပုံမှန်လုပ်ငြားအံ့ စိတ်ချမ်းမြေ့မှုကိုရကာ တိုးတက်မှုအတွက် အဟန့်အတားမဖြစ်ပါ။

အချို့သောစီးပွားရေးလုပ်ငန်းရှင်တို့သည် မိမိစီးပွားရေးတွင် အို..ဒီလောက်ဆို လုံလောက်ပါပြီ..ဟု ပြောဆိုကာ လုပ်ငန်းကိုတိုးချဲ့ခြင်းမပြုကြတော့ပေ၊ ဤသည်မှာ ရောင့်ရဲမှုမဟုတ် ဆုတ်နစ်သောလုံ့လသာဖြစ်ပေသည်။ ဆုတ်နစ်ခြင်းသည် တင်းတိမ်ရောင့်ရဲမှု မဟုတ်ပါ။ ၀ီရိယလျော့ကာ စိတ်လျှော့ခြင်းသာဖြစ်ပါသည်။

အမှန်တကယ်အားဖြင့် ရောင့်ရဲမှုဟူသည်မှာ မိမိပိုင်ဆိုင်မှုကို သိမ်းဆည်းတတ်မှုကိုပင်ဖြစ်သည်။ စီးပွားရေးလုပ်သူသည် ရောင့်ရဲမှုရှိမှသာ ပစ္စည်းဥစ္စာကို စုဆောင်းနိုင်ပေမည်။ ရောင့်ရဲမှုမဲ့ကာ အလွန်အကျွန်သုံးစွဲအံ့ ငွေကြေးပြဿနာများ..ငွေကြေးအကျပ်အတည်းများ ပေါ်ပေါက်လာနိုင်ပေသည်။

မြတ်ဗုဒ္ဓဆိုလိုသော (သန္တုဋ္ဌီ စ ကတညုတာ)ဟူသည်မှာ မိမိပိုင်ဆိုင်မှုဖြင့် ကျေနပ်နှစ်သိမ့်မှု စိတ်ချမ်းမြေ့မှုတို့ကို ဖန်တီးနိုင်ခြင်း..မင်္ဂလာတရားပင်ဖြစ်ပါသည်။ ထို့ကြောင့် ဥစ္စာဓန-နှင့် ခိုင်းနှိုင်းကာ သန္တဋ္ဌီ ပရမံ ဓနံ..ရောင့်ရဲမှုသည် မြတ်သောဥစ္စာ..ဟု တင်းစားခြင်းဖြစ်ပေသည်။

သန္တုဋ္ဌီ-ရောင့်ရဲမှု၏ဆန့်ကျင်ဘက်ဖြစ်သော မဟိစ္ဆ-အလို..လောဘ.. ရမ္မက်ကြီးမှုသည်သာ တိုးတက်ကြီးပွားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပေသည်။

လူသည် ဘ၀တဏှာဖြင့် ဘ၀ကိုဖန်တီးခဲ့ကြသူများဖြစ်၍ လိုချင်တပ်မက်မှုများ အချိန်တိုင်းဖြစ်ပေါ်တတ်သော သတ္တ၀ါဖြစ်ပေသည်။ မိမိမပိုင်သေးသောအရာများကိုပိုင်ဆိုင်လိုသည့်အပြင် ပိုင်ဆိုင်ပြီးသောအရာများကိုလည်း ကောင်းသည့်ထက်ကောင်းအောင် တောင့်တတတ်သည်သာတည်း၊။

ရလိုမှုဖြင့်ရှင်သန်နေသောလူတစ်ယောက်သည် ငြိမ်းချမ်းခြင်းအရသာကို ထိတွေ့ခံစားခွင့်ရရန်မလွယ်ကူပေ။ လိုအပ်ချက်…လိုအပ်ချက်.. လိုအပ်ချက်တို့ဖြင့်သာ ကျင်လည်နေသူသည် ဘ၀တိုးတက်ရေးအတွက် မှားယွင်းသောနည်းလမ်းများစွာကို အသုံးမိခြင်းများကြုံတွေ့ရနိုင်သည်။

စစ်မှန်သောဘ၀တိုးတက်ချင်လျှင် သမ္မာအာဇီဝကျကျဖြင့် လမ်းမှန်လျှောက်လှမ်းကာ သိမ်းဆည်းတတ်သော လမ်းစဉ်ဖြင့်ကြိုးစားလျှင် မြတ်ဗုဒ္ဓအလိုကျသည့်အပြင် ရေရှည်လည်း တိုးတက်စည်ပင်နိုင်ပေသည်..ဟု ရှုမြင်သုံးသပ်မိပေသည်။။။။။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

တရုတ်နိုင်ငံတွင် သတင်းပေးသူ တစ်ဦး၏ အကူအညီဖြင့် ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့

တရုတ်နိုင်ငံတွင် သတင်းပေးသူ တစ်ဦး၏ အကူအညီဖြင့် ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေး ပြည်နယ် ဝူဟမ်မြို့တွင် ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းမှ အဖွဲ့ဝင်များဟု ယူဆရသူ ၁ဝ ဦးကျော်ကို တရုတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း


အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို အမျိုးသား တစ်ဦး၏ သတင်းပေးချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လီဝေအမည်ရှိ အမျိုးသားတစ်ဦးသည် ၎င်း၏အကြွေးများကို ပြန်လည် ပေးဆပ် လိုသောကြောင့် ၎င်း၏ ကျောက်ကပ်ကို ရောင်းချရန် ကြံရွယ်ခဲ့ကြောင်း၊ သို့သော် ခွဲစိတ် ကုသမှု လုပ်ပြီး နောက်ပိုင်းတွင် မျှော်မှန်းထားသည့် အတိုင်း ဖြစ်မလာခဲ့ကြောင်း၊ ကျောက် ကပ်ရောင်းရ ငွေမှာ ယွမ်ငွေ ၃ဝဝဝဝ သာ ရရှိခဲ့ကြောင်း၊ အဆိုပါ ခွဲစိတ်မှုကို ယခုနှစ် ဧပြီလ အစောပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အွန်လိုင်းပေါ်တွင် ရေးသား ဖော်ပြချက်အရ သိရသည်။

အွန်လိုင်းပေါ်တွင် ရေးသားထားသော လီဝေ၏ ဖော်ပြချက်များကို မစ္စတာရှု အမည်ရှိ အမျိုးသား တစ်ဦးက တွေ့ရှိခဲ့ပြီး ၎င်းအားခေါ်ယူ၍ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ကျောက်ကပ် မှောင်ခို ရောင်းဝယ်ရေး ဂိုဏ်းအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သ၀န်းတောကျေးရွာသူ/ သားများ စိတ်မကောင်းဖြစ်နေရ

https://mail-attachment.googleusercontent.com/attachment/?ui=2&ik=8670f950a6&view=att&th=140a9335504d9890&attid=0.1&disp=inline&realattid=f_hkou3mja0&safe=1&zw&saduie=AG9B_P-RO1g0ufWBkaT-UcTj413Z&sadet=1377343694641&sads=w1rKNjwDOaVukBiji8i0u1E_VTU&sadssc=1


ကျွန်တော်တို့ နေထိုင်တဲ့ရွာဟာ နှစ်ပေါင်း (100)ကျော် နေထိုင်လာခဲ့ကြခြင်းဖြစ်ပါတယ်။ ယခုအခါ စားကျက်မြေတွင် နေထိုင်သည်ဟုဆိုကာ (15)ရက်အတွင်းအိမ်တွေကိုဖျက်ပေးဖို့ Notice စာကို ရွာအုပ်ချုပ်ရေးမှူးထံရောက်လာပါသည်။ ကျွန်တော်တို့ နေထိုင်တဲ့ သ၀န်းတောကျေးရွာအုပ်စုတွင် စားကျက်မြေမှာနေထိုင် သူများဟာ အိမ်ခြေ(700)ကျော်ရှိပါတယ်။

ထိုအိမ်များဟာ ကျူးကျော်တဲများ မဟုတ်ကြပါဘူး။ အခိုင်အမာတည်ဆောက်ထားတဲ့ တိုက်တွေ၊ အိမ်တွေ၊ စပါးကျီးတွေ၊ ဆန်စက်တွေ ပါဝင်ပါတယ်။

အခုတော့ စားကျက်မြေမှာ နေထိုင်တယ်ဆိုပြီးတော့ ဖျက်သိမ်းခံရတော့မယ်အရေးနဲ့
ရင်ဆိုင်နေရပါတယ်။ ကျေးရွာနေ လူအဖွဲ့အစည်းမှာ အင်မတန် စိတ်ဆင်းရဲနေရပါတယ်။ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့နေရာတွေကို မဖျက်သိမ်းခံနိုင်ကြပါဘူး။ ကျွန်တော်တို့ ရွာသူရွာသားများကို တစ်ဖက်တစ်လမ်းက အကူအညီတောင်းခံရခြင်းဖြစ်ပါတယ်။

သ၀န်းတောကျေးရွာသားလေး

ADOBE ACROBAT PRO XI 11.0.0 FULL VERSION








Adobe Acrobat XI Pro 11.0.0 ကို အရင်တင်ပေးထားတာ အဆင်မပြေဘူးပြောလာလို့ အားလုံးအတွက် 2013 ထွက် Patch လေးနဲ့အတူ ပြန်တင်ပေးလိုက်ပါတယ်....:)




Adobe ® Acrobat ® Pro XI - it's not just convert your PDF. It contains many smart features that provide more opportunities for interaction. Easily, quickly and professionally. Combining a wide range of content including documents, spreadsheets, email, images, video, 3D-graphics and maps in one concise and structured portfolio PDF. Joint work in reviewing the documents to which granted total access. Creating interactive forms and rapid collection of data. Protect and control sensitive information. Advanced features
Acrobat software for users of Adobe Reader ®.

အောင်လံကျေးရွာအုပ်ချုပ်ရေးမှူး



လပ~့တ္တခရိုင်သစ်ပုတ်အုပ်စု အောင်လှိုင်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသော ဦးနိုင်ကြီးသည် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေချိန်တွင်ကျေးရွာရှိအိမ်များအား တစ်လလျှင်တစ်ကြိမ် 1000 ကျပ်စီဖြင့်တောင်းခံလျှက် မယက လူကြီးများအား ပေးကမ်းရန်ဟူသောခေါင်းစဉ်ဖြင့်လစဉ်ကောက်ခံလျှက်ရှိနေပါသည်။ ထိုသို့ကောက်ခံနေသည်မှာ ငါးလခန့်ရှိပါသည်။

ကျေးရွာတွင်လည်း ၀က်လေလံဆွဲရာတွင်လည်း လေလံအထောက်အထား သက်သေအခိုင်အမာ မရှိပါပဲ ကိုယ်တိုင် ၀က်လေလံကို ဆွဲပြီး ကျေးရွာတွင်းပြည်သူများကို အမြတ်ခွန်ကြီးကြီးဖြင့်ရောင်းချနေလျှက်ရှိနေပါသည်။ ၄င်း၏အမျိုးသမီးဖြစ်သူသည်လည်း အမိန့်ရအပေါင်ဆိုင်မဟုတ်ပါပဲ အပေါင်ဆိုင်ဖွင့်ထားလျှက်ရှိနေပါသည်။အုပ်ချူပ်ရေးမှူးသည်ကျေးရွာ တွင်အကြောင်းကြီးငယ်ပေါ်ပေါက်လာသောအခါတွင်လည်း ကျေးရွာတွင်ရှိမနေတတ်ပဲ ပင်လယ်ထဲထွက်ပြီး စီးပွားရှာနေလျှက်ရှိပါသည်။ကျေးရွာ ကိစ္စဆောင်ရွက်မည်ဆိုလျှင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်မရှိဖြစ်နေတတ်ပါသည်။



တာဝန်သိပြည်သူတစ်ဦး

HIGH QUALITY PHOTO RESIZER (ဓါတ်ပုံတွေ အရည်အသွေး မကျစေပဲ ခြုံ့/ချဲ့ ချင်ရင်)





ဓါတ်ပုံတွေကို မူလ အရည်အသွေး ကျမသွားစေပဲ ခြုံ့နိုင် ချဲ့နိုင်ပါတယ်.... ပြီးတော့ Photoshop မှာလို Effects အမျိုးမျိုးထည့်ပေးပြီး လန်းနိုင်ပါသေးတယ်... အရမ်းကောင်းတဲ့ Software လေးတစ်ခုပါ...



High Quality Photo Resizer is an easy-to-use freeware for batch resizing of digital photos. With High Quality Photo Resizer you may make high quality small photos for publication on the internet or to send to friends and family. It supports many input formats: BMP, DIB, EMF, GIF, ICB, JPG, JPEG, PBM, PCD, PCX, PGM, PNG, PPM, PSD, PSP, RLE, SGI, TGA, TIF, TIFF, VDA, VST, WBMP, WMF. And it supports 8 output formats: JPG, PNG, GIF, BMP, TIF, TGA, WMF, EMF.


It also enables you to add up to 37 effects (Sharpen, Mosaic, Tweak RGB, Colorize, Spray, Emboss, Blur, Gray Scale, Negative, Soften, Swirl, Tile, Wind, Contrast, Noise, Anti Alias, Fish Eye, Flip Horizontal, Flip Vertical, High Pass, Neontrace, etc.) to your photos.

အရမ်းလန်းတဲ့ ANIMATED WIDGET CONTACT PRO V1.7.0 APK




ဒီ apk လေးကကိုယ်မှတ်ထားတဲ့ contact တွေထဲက
အရေးကြီးတဲ့နံပါတ်တခုပဲဖြစ်ဖြစ် group လိုက်ပဲ
ဖြစ်ဖြစ် screen ပေါ်တင်ထားလို့ လဲရပါတယ်။
ပြီးတော့apkလေးတွေဖုန်းထဲမှာfolderဆောက်ပြီးခွဲလို့ 
ရပါတယ်။
ph version2.2,2.3 တွေဆိုရင်တော့ ph ရဲ့အပြင် wall ပေါ်ကိုထွက်
နေရာလွတ်လေးကိုလက်နဲ့ ကိုလက်နဲ့ ဖိထားရင်အောက်ကပုံအတိုင်း
ပေါ်လာမယ်။


version4.0 နဲ့ အထက်ဆိုရင်တော့ app ဘေးမှာ widgets လေး
ကိုနှိပ်ပါ။ widgets ကိုရွေးလိုက်ရင်အဲဒီထဲမှာ animated widget ကိုရွေးပါ။


ရွေးပြီးရင်အောက်ကပုံလေးအတိုင်းပေါ်လာမယ်။


ဒီလိုပေါ်လာရင် အညားကြီး ပဲ တွေ့လား ကိုယ်စိတ်ကြိုက်သာလုပ်တော့
အခုတော့ Contacts လေးပဲလုပ်ပြမယ်နော် စိတ်ဆိုးနဲ့
Contacts group ကို နှိပ်လိုက်ပါ Group လဲရတယ် တစ်ခုချင်းလဲရတယ်
တစ်ခုချင်ဆိုတာက ကိုဖန်တီးထားတဲ့ contact လေးကိုနှိပ်လိုက်ရင် ဖုန်းခေါ်တာ sms ပို့တာ
facebook စတာတွေပေါ့ ညားကြီးကျန်သေးတယ်
အောက်မှာ ပုံကိုကြည့်






သွေးအမျိုးအစားက လူ၏စိတ်သဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို တိတိကျကျညွှန်ပြနေ







''လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်'' ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ''တိုရှီတာကာနိုမီ'' ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။

သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။
အခြေခံ စိတ်နေသဘောထား
လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။
မိမိ၏ သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘဝပေး အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်အရ အနည်းနှင့် အများသာ ကွာခြား တတ်ကြသည်။
အိုသွေးပိုင်ရှင် တို့သည် လွန်စွာ ပြင်းပြင်းထန်ထန် တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သူများ ဖြစ်၍ ရည်မှန်းချက် ကြီးကြီးမားမား ထားတတ်ကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။ ထို့ပြင် အားသွန်ခွန်စိုက် ဆောင်ရွက် တတ်သူများ ဖြစ်သည်။
အေသွေး ပိုင်ရှင်တို့သည် စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်၍ ဝေဖန် ခံနိုင်မူ စွမ်းရည်နည်းသည်။ ဘီသွေး ပိုင်ရှင်တို့သည် မိမိတို့ စိတ်ချမ်းသာသလို နေထိုင်ပြုမူ တတ်ကြသည်။ ချုပ်ချယ်မှု မခံယူလိုဘဲ လွတ်လွတ်လပ်လပ် နေလိုစိတ် ပြင်းပြသူများ ဖြစ်၏။ အေဘီသွေး ပိုင်ရှင်တို့သည် အေနှင့်အို သွေးပိုင်ရှင်တို့၏ ကြား ဖြစ်၏။အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြ၏။ မိမိသဘောဆန္ဒ သက်သက်ကို မကြည့်ဘဲ အများ၏ သဘောဆန္ဒအရ ဆောင်ရွက်လေ့ ရှိကြသည်။
ငွေကြေးရှာဖွေသုံးစွဲခြင်း
ငွေကြေးရှာဖွေ သုံးစွဲခြင်းနှင့်ပတ်သက်၍ သွေးအမျိုးအစား အလိုက် မည်သို့ဆန္ဒ ရှိတတ်သည်၊ မည်သို့ ဆင်ခြင်သင့်သည်ကို အကြံပေး လမ်းညွှန်ထားသည်။
အိုသွေးပိုင်ရှင် တို့သည် ရည်မှန်းချက် အောင်မြင်လျှင် နောက်ရည်မှန်းချက် ကြီးကြီးသို့ ခြေလှမ်း ပြင်တတ်ကြသည်။ ရည်မှန်းချက် အတိုင်း မဖြစ်မနေ ငွေရှာရာ၌ လောင်းကစားခြင်း သို့မဟုတ် ထိုကဲ့သို့ ဆန်ဆန် ပြုမူရသည်ကို လုပ်ဆောင် တတ်ကြသည်။
ယင်းတို့ အနေဖြင့် ထိုအချက်များကို ဆင်ခြင်ပြီး တစ်ဖက်စွန်း မရောက်စေရန်၊မလွန်ကဲစေရန် သတိပြု သင့်ပေသည်။ အေသွေး ပိုင်ရှင်တို့သည် ငွေအသုံး လွယ်တတ်သည်။ အိုသွေးပိုင်ရှင် တို့ကဲ့သို့ ပြင်းပြင်းထန်ထန် ရှာဖွေ စုဆောင်းခြင်း ပြုလေ့ မရှိကြ။
ယင်းတို့အနေဖြင့် ငွေကိုကြိုတင် စုဆောင်းထားသော အလေ့အကျင့် မွေးမြူသင့်သည်။ ဘီသွေးပိုင်ရှင် တို့သည် ငွေသုံးစွဲပုံ နှစ်မျိုး ရှိတတ်ကြသည်။ မိမိကြိုက်နှစ်သက် ရာ ကိစ္စအတွက် သို့မဟုတ် ပစ္စည်းအတွက် ဆိုလျှင် ငွေမည်မျှ ကုန်ပါစေ၊ နှမြောတွန့်တိုခြင်း မရှိကြဘဲ မိမိအတွက် ပျော်ရွှင်မှု မပေးနိုင်သည့် အကြောင်းအရာများ အတွက်မူ ငွေကုန်ခံရန် လွန်စွာ တွန့်တိုတတ်ကြသည်။ ထိုသူများ အနေဖြင့် မျှမျှတတ စဉ်းစားချင့်ချိန်၍ ငွေသုံးစွဲတတ်ရန် လိုသည်။ အေဘီသွေး ပိုင်ရှင်တို့သည် ဝေငှသုံးရာတွင် များသောအားဖြင့် အေးအေးဆေးဆေး ချင့်ချိန်သုံးလေ့ ရှိကြသည်။
အချစ်ရေး
သွေးအုပ်စု အမျိုးအစားအလိုက် အခြေခံ၍ မိမိချစ်သူကို ရွေးချယ်ရန် မလိုပါ။ မိမိ မေတ္တာသက်ဝင် ချစ်ခင်သူ၏ အချစ်ရေးနှင့် ပတ်သက်သည့် အခြေခံ စိတ်နေ သဘောထားကို သိထားပါက သူနှင့် မိမိတို့၏ အချစ်ရေး ရေရှည်ခိုင်မြဲကာ သာယာဖြောင့်ဖြူး နိုင်ရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။
အိုသွေးပိုင်ရှင် တို့သည် မိမိကိုယ်ကို မိမိ အချစ်ကြီးသည်။ အစွဲအလမ်း ကြီးလွန်းသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပါ။ ချစ်သူနှင့် ခွဲခွာခဲ့ရလျှင် မကြာခင် ဖြေဖျောက်နိုင် ပါလိမ့်မည်။ အေသွေးပိုင်ရှင် တို့သည် အချစ်ကြီး တတ်သူများ ဖြစ်၏။ တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြ၏။ ချစ်သူနှင့် ခွဲရပြီ ဆိုလျှင် အခြားသူများထက် ပို၍ ခံစားရလေ့ရှိ၏။ ဘီသွေးပိုင်ရှင် တို့သည် တစ်ခါတစ်ရံ အချစ်ကို ပေါ့ပေါ့ဆဆ သဘောထား တတ်ကြ၏။ မိမိကိုယ် မိမိသာ ပိုမိုခင်တွယ်တတ် ဦးစားပေးတတ် သဖြင့် ချစ်သူ၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။ ထိုအချက်မျိုးကို ဘီသွေးပိုင်ရှင်တို့ ဆင်ခြင်သင့်သည်။ အေဘီသွေး ပိုင်ရှင်တို့သည် အချစ်ရေးနှင့် ပတ်သက်လျှင် စိတ်ကူးယဉ် အိပ်မက် မက်လွန်းသူများ ဖြစ်ကြ၏။ အခြေအနေ မှန်နှင့် ကင်းကွာ နေတတ်ကြ၏။ ထိုအချက်ကို ဆင်ခြင် သတိပြုသင့်သည်။
ဤသည်တို့မှာ ယေဘုယျအားဖြင့် မှန်ကန်ကြ၍ ထိုသွေးအုပ်စု ဝင်တိုင်း ထိုသို့ ဖြစ်ရမည်ဟု ပုံသေကားချပ် တစ်ယူသန် စွဲမှတ်ပြီး ဆက်ဆံကြရန် မလိုပါ။
ဖြစ်တတ်သည့် သဘောကိုသာ တင်ပြခြင်းဖြစ်သည်။

ကလေးယူမည့်ဖခင်များ ဆေးလိပ်ဖြတ်ရမည်





ကလေးယူရန် ကြိုးစားမည့် မိခင်လောင်းများသာမက ဖခင်လောင်းများသည်လည်း ဆေးလိပ်ဖြတ်ရန်လိုအပ်ကြောင်း ဆရာဝန်များက ရက်နေ့တွင် သတိပေးလိုက် သည်။ ဖခင်လောင်းများ ဆေးလိပ်သောက်သုံးခြင်းကြောင့် မွေးဖွားလာမည့်ကလေးတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်များသည် သုက်ပိုးတွင် ပါဝင်သော ဒီအန်အေကို ထိခိုက် ပျက်စီးစေသောကြောင့် ကလေးသန္ဒေတည်ချိန် ၌ပျက်စီးနေသော ဖခင်ဘက်မှ ဒီအန်အေကြောင့် ကလေးတွင် ကင်ဆာရောဂွ ဖြစ်ပွားနိုင်ခြေ များပြားသည်ဟုဆိုသည်။ သြစတြေးလျ နိုင်ငံ ပါ့သ်မြို့မှ သုတေတနပညာရှင် များသည် သွေးကင်ဆာ ရောဂါရနေသော ကလေး ၃၈၈ဦး၏ မိဘများကို စစ်ဆေးမေးမြန်းကာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ခဲ့ရာ ၌ ဖခင်ဖြစ်သူ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ၁၅ရာခိုင်နှိုင်း ပို၍ များပြားကြောင်း တွေ့ရှိခဲ့ရသည်။

ကြိုးဖြတ်ပြီး အစာကျွေးရမဲ့ GAME (CUT THE ROPE HD V2.3.2 APK )



ဒီ game လေးကတော့ အားလုံးလဲ ကစားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ android တွေစပြီးခေတ်စား လာတဲ့အချိန်မှာ ထူးခြားတဲ့ HD game လေးထဲမှာ တစ်ခုအပါဝင်ဖြစ်ခဲ့ပါတယ်ဗျာ။ သူ့ကို စကားပုံလေးကတော့ ရိုးရှင်းပါတယ်။ ဖားလေးကို အစာကျွေးရတာဖြစ်ပါတယ်။ သူ့ကိုအစာကျွေးဖို့အတွက် အစာကိုတော့ ကြိုးလေးနဲ့ချိတ်ထားတယ်ဗျ။ အဲဒီကြိုးလေးကိုဖြတ်ပြီးတော့ ဖားလေးကို အစာရအောင် ကျွေးရမှာဖြစ်ပါတယ်။ အားလုံကစားဖူးမှာပါ။ မကစားဖူးတဲ့ သူတွေအတွက် သာရေးပေး လိုက်တာပါ။ Review ရေးတယ်ဆိုတော့လည်း နည်းနည်းလေးတော့ အကြောင်းအရာစုံစုံလေးရေးပေးချင် လို့ပါ။ ဒီ game လေးကိုကစားဖို့အတွက် android version 1.6 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။











အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။

နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ တင်ပို့မှု ကျဆင်းလာ


မြန်မာ့ရော်ဘာ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တင်ပို့မှုပိုင်းမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက် အတွင်း ရော်ဘာအဆင့်စုံ ၁၃၂၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင် တင်ပို့မှုထက် ၁၃၁ တန်ကျော် လျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် နယ်စပ်စခန်း၊ ချင်းရွှေဟော် နယ်စပ်စခန်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြိတ် ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာတင် ပို့မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ဒုတိယပတ် အတွင်း နယ်စပ်စခန်း အသီးသီးမှ ရော်ဘာ တင်ပို့မှု အပိုင်းမှာ မူဆယ် ၁ဝ၅ မိုင်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၈၃ တန်ခန့်၊ ချင်းရွှေဟော် နယ်စပ်စခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်း တန်ဖိုး

ရှိ ရော်ဘာ RSS-3 ၆၅၉ တန်ကျော်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်း တန်ဖိုးရှိ RSS-5 ၈၉ တန်ခန့်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၁၄၂ တန်ခန့်နှင့် တာချီလိတ် နယ်စပ် စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၅သန်း တန်ဖိုးရှိ ရော်ဘာသုံး တန်ကျော်၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 တန် ၁ဝဝခန့်နှင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၁၃ တန်ဖိုးရှိ MSR 20 တန် ၅ဝ တို့ကို အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool




ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။




အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။ ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download ၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။

၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)

၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)

၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။

၅။ ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။



၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 9 ကိုရွေးချယ်ပါ။ (9 လို့ရိုက်ပြီး Enter ခေါက်ပါ။)

၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။



ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ (မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။

၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။

၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။

၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။

၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။

၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။

၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Searchထဲကို သွားပြီး Find ကိုရွေးပေးပါ။

၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)

၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)

၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)

၁၈။ ပြီးရင်တော့ အဲဒီ box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။


၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။ ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။

အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string> လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)

၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)

၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။

၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။

၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။

၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။

၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။

၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန်
၂၈။ 7zip software ဒေါင်းရန်၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။

၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။

၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။

၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။

၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။

နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။ ။
ဝှုးးးးး မောထှာ….:)







Note++ Software အားရယူရန်

Strike Fighters Attack v1.0 Mod All Planes Unlocked For Android




လေယာဉ် တိုက်ပွဲ ဂိမ်းလေးပါ 13 ရက်နေ့က အသစ် ထွက်လာတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

တိုက်ခိုက်ရတာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေ အတွက် အကြိုက်တွေ့မယ့် ဂိမ်းလေးပါ။



ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်


အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ယင်းသို့ နေရာဒေသအလိုက် ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့် မြေဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းပေါက်ဈေးအတိုင်း အခွန်အခများ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“မြေဈေးတွေ တစ်ပေနှုန်းသတ်မှတ်ရင် သတ်မှတ်တဲ့အတိုင်း အခွန်တော့ရမယ်၊ မြေဈေးတော့ ကျသွားမှာ မဟုတ်ဘူး။ ကြိုက်ရောင်းကြိုက်ဝယ် မြေမှောင်ခို ဈေးကွက်သဘောတွေ ရှိလာမယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က သုံးသပ်သည်။

မြေဈေးနှုန်းကို ယင်းသို့ သတ်မှတ်ပါက စာချုပ်ပေါ်တွင်သာ သတ်မှတ်နှုန်းဖြင့် စာချုပ်ချုပ်ဆိုသော်လည်း ဈေးနှုန်း ပိုပေးဝယ်ခြင်းမျိုးကို အစိုးရက ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီလိုဈေးနှုန်း သတ်မှတ်လို့ မြေဈေး မကျနိုင်ဘူး။ ဈေးကွက် သဘောအရဈေးက ဝယ်သူရှိရင် ဆက်တက်နေမှာပဲ” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယင်းသို့ သုံးသပ်နေသော်လည်း ယခုဆောင်ရွက်ချက်မှာ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး ကျဆင်းစေရေး အစိုးရ၏ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း၊ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး မြင့်တက်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးစေမှုတို့တွင် ကြီးစွာသော အဟန့်အတား ဖြစ်နေသဖြင့် အစိုးရက မြေဈေးကျဆင်းစေရန် ကာလအတန်ကြာကပင် စီစဉ်ထားသည်ဖြစ်ရာ ဆင့်ကဲလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပေါ်လာမည် ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

မြေဈေးနှုန်း ကြီးမြင့်မှုကို တားဆီးရာတွင် တဇွတ်ထိုး ဆောင်ရွက်၍ မရသည်ကို သိရှိကြောင်း၊ ယခုအခါ အခွန်အဖွဲ့ (Tax Monitoring Board) ကို ဖွဲ့စည်းထားပြီးနောက် အခွန်အခများ ပိုမို ကောက်ခံသည့် နည်းဖြင့်သာ မြေဈေးနှုန်းများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေနှေးတာ မြေဈေးကလည်း အဓိကအကြောင်း ဖြစ်နေတော့ အဲဒါ ပြန်စိစစ်ပြီး အခွန်နဲ့ ထိန်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာဈေးနှုန်း တွက်ချက်သည့် လုပ်ငန်းကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးစီ ပါဝင်သည့် ဈေးနှုန်းတွက်ချက်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

စီမံကိန်းသတင်းများနှင့် အခြားဆက်စပ် အကြောင်းအရာ များကြောင့် မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား ပြုလုပ်လိုသည့် အလေ့အထများကြောင့်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို ထိန်းသိမ်းရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် နေရာတစ်ခု ဖြစ်လာရေးအတွက် ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းတစ်ခုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေများကို ငွေပိုငွေလျှံ ရှိသူများက လုပ်ငန်းတစ်ခုသဖွယ် အကျိုးအမြတ်ရရှိရန် ဈေးကစားမှုကြောင့် ကာလအတန်ကြာကပင် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အစိုးရသစ်လက်ထက်တွင် ဝင်ရောက်လာရန်ရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဈေးကိုင်ထားနိုင်ရန် အတွက်လည်း ငွေပိုငွေလျှံ ရှိသူများက မြေကွက်များကို ဈေးမြင့်ပေးဝယ်ကာ ကိုင်ထားကြ၍ ပြည်တွင်းမြေဈေးများ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ


မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံးပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံးသွားပါက သွေးတိုးကျဆင်းစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြား သည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက်ပြောကြားခဲ့သည်။

Ref; medic-facts

ငါးပိ ဖိုဘီးယား ဖြစ်တော့မှာလား




ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုနေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ ပြီးခဲ့သည့်တစ်ပတ် အတွင်းက ထုတ်ပြန်ချက်က တစ်ရက် နှစ်နပ်ထက်မနည်း နိစ္စဓူဝ စားသုံးနေသူများကို တပ်လှန့်လိုက်သည်။

ငါးများ အလျင်အမြန် အရိုးဆွေးပြီး နူးလာစေရန် ငါးပိသိပ်ရာတွင် ယူရီးယားထည့်သွင်းခြင်း ဖြစ်ကြောင်း ယင်းအသင်းက ဆိုသည်။
ယခင် ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိသောဆိုးဆေးပါဝင်ခဲ့သည့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့် အစားအစာ များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ကြေညာထုတ်ပြန် ခဲ့ပြီးနောက် ယခုအကြိမ် ငါးပိပြဿနာသည် လေးနှစ်အတွင်း တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။

နေပြည်တော် မြို့မဈေးအနီးရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ငါးပိကြိုက်သူ ဒေါ်လှလှဝင်းအတွက်မူ ထို ငါးပိသတင်းက ငါးပိမစားချင် တော့လောက်အောင် ဖြစ်သွားသည်။
"လုပ်ငန်းရှင်တစ်ဦးက ငါးပိနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဧရာဝတီတိုင်းဘက်မှာ သွားရှာတာ အဲဒီဘက်က ငါးပိတွေမှာ ဓာတ်မြေသြဇာတွေ ထည့်ထားတာ သိခဲ့ရတယ်" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောဆိုသည်။

စားသုံးသူ ကာကွယ်ရေးအသင်း၏ ကြေညာချက်သည် ငါးပိလုပ်ငန်းရှင်များ အတွက် စိန်ခေါ်မှုသစ်အဖြစ် ထပ်မံပေါ်ပေါက်လာခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ် ငါးပိပြဿနာကြောင့် စီးပွားရေးထိခိုက်မှု သိသိသာသာ မဖြစ်ခဲ့သည့်အတွက် ယခု အကြိမ်အတွက်လည်း စိုးရိမ်ပူပန်စိတ် နည်းပါးကြောင်း ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကြေညာချက် ထုတ်ခဲ့ပြီးနောက် အသင်း၏ တာဝန်ရှိသူများကလည်း ဈေးကွက်တွင်းရှိ ငါးပိအမျိုးမျိုးကို ဓာတ်ခွဲစမ်းသပ်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ခံများက ရန်ကုန်မြို့တွင်းရှိ ဆူပါမားကက်ကြီးများနှင့် ဈေးများတွင် ငါးပိ အပါအဝင် အခြားသီးနှံ အစားအသောက် များကို သြဂုတ်လ ၂၀ ရက်နေ့တွင် လိုက်လံ စစ်ဆေးခဲ့သော်လည်း နှစ်ရက်ကြာသည် အထိ အဖြေမထွက်သေးပေ။

ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းရှင် အများစုသည် ငါးပိရည်ကျို ငါးအတွက် ငါးဆားနယ် အဆင့်ထိသာ အများစု လုပ်ကိုင်ကြပြီး ငါးပိရည်ကျိုဖြစ်သည် အထိကိုမူ သက်ဆိုင်ရာပွဲရုံကြီးများက ထပ်မံဆောင်ရွက်ကြကြောင်း၊ ငါးပိရည်ကျိုအဆင့် ရောက်ရှိရန် ငါးဆားနယ်များကို အနည်းဆုံးလေးလခန့်ထိ အိုးအတွင်းသိပ်ထားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ မှ မိရိုးဖလာ ငါးပိလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးမျိုးဦးက The Voice သို့ ပြောကြားသည်။
"ကျွန်တော်တို့ဘက်ကတော့ ငါးမြန်မြန်နပ်ဖို့ဆို ငါးဆားနယ်ကို နေကို သေချာမလှမ်းဘဲ ထမင်းစိုစိုနဲ့ တစ်ခါတည်း ရောသိပ်လိုက်တာပဲ။ ဓာတ်မြေသြဇာတွေ မသုံးကြသလို အလုပ်ရှုပ်မှာစိုးလို့ အိုးတောင် မသိပ်ဘဲ ပွဲစားတွေဆီ အပ်ကြတယ်" ဟု ၄င်းက ထပ်မံပြောဆိုသည်။

လေးထောင့်ကန် ငါးပိငါးခြောက်ရုံ (၃) ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းကလည်း မိမိ အတွေ့အကြုံအရ နယ်ဘက်မှ တစ်နိုင်တစ်ပိုင် ငါးပိလုပ်ကိုင်သူများသည် ရောင်းတမ်းဝင်အောင် မလိုလားအပ်သော ပစ္စည်းများ သုံးကာ ရန်ကုန်ဈေးသို့ လာရောက်ရောင်းချ ကြခြင်းဖြစ်ပြီး ယခင်နှစ်များက ယင်းကဲ့သို့ မကြားဖူးကြောင်း ပြောဆိုသည်။
"သက်ဆိုင်ရာက စစ်ဆေးမယ်ဆိုရင် ဈေးတွေမှာ ရှောင်တခင်စစ်ပြီး ဘာတံဆိပ်လဲ၊ ဘယ်ကဝယ်လဲဆိုတာ စစ်ဆေးပြီး အမြစ်ပြတ်အောင် ဆောင်ရွက်စေချင်တယ်" ဟု ၄င်းက အကြံပြုပြောဆိုသည်။

စားသုံးသူ ကာကွယ်ရေးအသင်း ကလည်း ဓာတ်ခွဲခန်းတွင် သွားရောက် စစ်ဆေးပြီး လာမည့်တစ်ပတ် အတွင်း စစ်ဆေးတွေ့ရှိချက်များကို ကြေညာသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

"စစ်ဆေးချက်အဖြေပေါ် မူတည်ပြီး စားသင့်၊ မစားသင့် စဉ်းစားရမှာက စားသုံးသူတွေ အပိုင်းပါ" ဟု အဆိုပါအသင်း တာဝန်ရှိသူ ဒေါ်စိုးကလျာထိုက်က ဆိုသည်။

ဓာတ်မြေသြဇာ ထည့်သွင်းထား သော ငါးပိများသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်သင့်စေနိုင်ပြီး ရေရှည်စားသုံးပါက ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်သည်။

ယူရီးယားဓာတ်မြေသြဇာတွင် ပါဝင်သော အမိုနီယမ်နိုက်ထရိုက် ကွန်ပေါင်းများသည် ရေရှည်စားသုံးပါက အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာနှင့် အူမကြီးကင်ဆာတို့ ဖြစ်ပွားစေကြောင်း၊ ကလေးငယ်များတွင်မူ သွေးကင်ဆာ၊ အမျိုးသမီးများတွင်မူ မျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါဆရာဝန် ဒေါက်တာဝမ်းထွဋ်က The Voice သို့ ရှင်းလင်းပြောကြားသည်။
ယင်းအပြင် အယ်ဇိုင်းမားရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါ နှင့် ပါကင်ဆန် ရောဂါ (ဦးနှောက်၏ အောက်ခြေတွင် ရှိသော အာရုံကြော အဖုများ ပျက်စီးသောရောဂါ) တို့ကို ဖြစ်ပွားစေနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ယူရီးယားကို အစားအစာများတွင် ထည့်သွင်းပါက ယူရီးယားအာနိသင် တဖြည်းဖြည်း လျော့ပါးသွားကြောင်း၊ ယူရီးယားသည် ပြင်ပတွင် ကြာရှည် မတည်မြဲနိုင်ဘဲ အမိုးနီးယားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ် ပြောင်းလဲသွားတတ်ပြီး ယင်းပြောင်းလဲသွားသော ဒြပ်ပေါင်းသည် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မဖြစ်စေကြောင်း ဒေါက်တာဝမ်းထွဋ်က ထပ်မံ ပြောကြားသည်။

မည်သို့ပင်ဆိုစေ ငါးပိကြောင့်သာမက အခြားအစားအစားများတွင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်သတ္တုများ ပါဝင်ခြင်းနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားမှုနှုန်း နှစ်စဉ်တိုးတက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သတိပေး ပြောကြားထားသည်။

"ပိုက်ဆံဘယ်လောက်ရရ အဲဒါမျိုးတော့ မလုပ်သင့်ဘူး" ဟု ဦးမောင်မောင် သိန်းက အကြံပြုပြောကြားသည်။

အစိုးရကလည်း ယင်းကဲ့သို့အစား အသောက်တွင် မသမာမှုများ အသုံးပြုမှု များကို အပြစ်ပေးရန် အမျိုးသား အစားအသောက်ဥပဒေတွင် ငွေဒဏ်သတ်မှတ် ချက်ကို အနည်းဆုံး ငါးထောင်မှ အများဆုံး ငါးသိန်းထိ တိုးမြှင့်ပြင်ဆင်ထားသည်။

သို့သော် လက်တွေ့ဆောင်ရွက်ချက် တွင်မူ မြန်မာနိုင်ငံရှိ စားသုံးသူများသည် အခွင့်အရေး ဆုံးရှုံးမှုများ ခံစားနေရသေးသည်။ နေ့စဉ်စားသုံးသော အစားအစာများသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိ သော်လည်း ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးက အလှမ်းကွာနေသေးသည်။
ငါးပိကဲ့သို့ နေ့စဉ်စားအစားအစာတွင် အန္တရာယ်ရှိပစ္စည်းများ ပါဝင်လေ့ ရှိသည်မှာ မဆန်းတော့သလို ဖြစ်နေသည်။

ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ် တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့် များတွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်း၊ မယ်လမင်းဓာတ်ပါ နို့မှုန့်များ ဝင်ရောက် လာခြင်း ဖြစ်သည်။
ယခု မြန်မာ့ဟင်းပွဲတွင် မပါမဖြစ် ငါးပိအလှည့်သို့ ရောက်လာပြီ။ လူအများ ငါးပိကြောက်ရောဂါ (ငါးပိ ဖိုဘီးယား) ဖြစ်တော့မလား။

"အရင်က မသိလို့စားတာ။ အခုသိတော့ မစားတော့ဘူး" ဟု ငါးပိချစ်သူ ဒေါ်လှလှဝင်းက ဆိုလေသည်။

(ရလေး၊ အောင်မျိုးထက်)The Voice

အိန္ဒိယအကျဉ်းသား ၃၆၅ ဦးအား ပါကစ္စတန် ပြန်လွှတ်ပေးမည်


နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သင်္ကေတကို ပြဆိုသောအားဖြင့် အိန္ဒိယနိုင်ငံသား အကျဉ်းသား ၃၆၅ ဦးအား ပြန်လွှတ်ပေးရန် ပါကစ္စတန်နိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း ပါကစ္စတန် ပြည်ထဲရေး ၀န်ကြီးဌာနက သြဂုတ် ၂၂ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ ယင်းအကျဉ်းသားဦးရေ ၃၆၅ ဦးထဲတွင် အိန္ဒိယရေလုပ်သားဦးရေ ၃၄၀ နှင့် ငါးဖမ်းရေယာဉ်အဖွဲ့သား ၂၅ ဦးတို့ ပါဝင်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ (ဆင်ဟွာ)

ပျော်ရွှင်စွာ နေတတ်သူတို့၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့ သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

၁။ အကောင်းမြင်တတ် ပါတယ်

ပျော်ရွှင်စွာ နေတတ်သူ တွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။

၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်

ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူး ရမယ့် အကြောင်းအရာ တွေကိုသာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ် ကြပါတယ်။

၃။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ်ကြ ပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့် နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ)ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါလိမ့်မယ်။

၎။ မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။

Photo credit: Han Su Mon

ဗန်ကောက်မြို့တွင် ဗုံးခွဲရန် ကြိုးစားသည့် အီရန်နိုင်ငံသားနှစ်ဦး တရားရုံးက ထောင်ဒဏ် ချမှတ်စီရင်


ဗန်ကောက်မြို့တွင် ဗုံးထောင် ဖောက်ခွဲရန် ကြိုးစားမှုဖြင့် အီရန်နိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးက ထောင်ဒဏ် စီရင် ချမှတ်လိုက်ကြောင်း သြဂုတ် ၂၂ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယင်းအီရန်နိုင်ငံသား နှစ်ဦးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ၄င်းတို့ နေထိုင်သော အိမ်၌ လက်လုပ်ဗုံး မတော်တဆ ပေါက်ကွဲပြီးနောက် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ယင်းတို့အနက်မှ တစ်ဦးသည် ထိုင်းရဲစခန်းကို ဗုံးဖြင့် ပစ်ဖောက်ရန် ကြိုးစားစဉ် ထိခိုက်မိပြီး ခြေထောက်များ ဖြတ်လိုက်ရသည်။ ယင်းတို့အား ဖမ်းဆီးပြီးနောက် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အိန္ဒိယနှင့် ဂျော်ဂျီယာတို့တွင် အစ္စရေး သံတမန်များအား ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး တစ်ရက်အကြာ ထိုင်းနိုင်ငံ၌ ၄င်းအီရန်နိုင်ငံသား တစ်ဦး မတော်တဆ ဗုံးပေါက်ကွဲမှု နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗန်ကောက်ရှိ အစ္စရေးသံတမန်များကို ဗုံးခွဲတိုက်ခိုက်လိမ့်မည်ဟု ထိုင်းတာဝန်ရှိသူများက ယုံကြည်ထားသည်။

 (ဘီဘီစီ)

Yangon’s yogis offer deeper, fuller path to health


“Health is a state of complete harmony of the body, mind and spirit. When one is free from physical disabilities and mental distractions, the gates of the soul open.” – BKS Iyengar, founder of the Iyengar school of yoga


Students taking part in one of Jenny's yoga classes. (Aung Htay Hlaing/The Myanmar Times)

It's 6pm on a Wednesday evening and I am rushing through Yangon’s traffic in a taxi.I’m worried that I am late – late for my yoga class, late for my effort to find some peace of mind and tranquility at the end of a stressful day. When we pull up I pay the taxi, check the address on the crumpled piece of paper in my pocket and then make my way down an alley toward an apartment building. I breathe a sigh of relief when I see others with yoga mats under their arms, marching – like me – toward their safe haven.

That safe haven is a small, cramped apartment six floors up. Inside, Siu Sue Mark, an international development consultant and yoga teacher from the United States, is rearranging her furniture to prepare for the onslaught of students. We arrive in pairs and alone, lay our mats down and take our places on the living room floor, avoiding the television and furniture now set aside. Initially, some of the other faces show concern – maybe it will be too crowded, awkward, or uncomfortable for a yoga class – but within five minutes the room is focused, all are engaged and the journey into the practice of yoga begins.

In many cities around Asia and throughout the world, finding a place to practise yoga is easy. But finding a qualified teacher and studio in Yangon often depends on which email list you belong to and whether you are an English or Myanmar speaker. The good news is Yangon’s yoga scene – like the city itself – has a character all its own, with authentic, dedicated teachers in both languages. Classes may take place in a studio or in a teacher’s cramped, sweaty apartment, and may not adhere to a consistent schedule, but prices are reasonable and students rarely leave dissatisfied.

For Ms Mark, the journey into yoga began nine years ago at a fitness centre in Washington DC. It was not her intention back then to become a “yogini” or female yogi, Ms Mark said. Rather, she was intrigued about yoga’s physical aspects. She began taking classes with a teacher who practised Iyengar yoga, a discipline which focuses on careful poise and mindful breathing. Ms Mark described Iyengar as being “a bit like classical ballet”, integrating anatomy and alignment. Compared with other types of yoga she has tried, she said, it is “more intellectual” and “requires more depth to understand”.

Mountain biking adventures made easy

Mini getaways from Yangon by Bike World Explores Myanmar offer offbeat adventures on a Sunday afternoon


A cyclist crosses a footbridge in Nga Su Taung. Photo: Douglas Long

Neither of us paid much attention to the bullock cart parked in the middle of the trail. It sat as if abandoned, with neither driver nor cows anywhere to be seen, so we simply pedalled past and continued down the narrow dirt path on our mountain bikes.

A few minutes later our two-way radio crackled to life. My cycling companion – Australian Jeff Parry, a longtime resident of Yangon – was carrying the device in the back pocket of his cycling jersey. The other radio was in the hands of a group of Myanmar cyclists with whom we were exploring the hilly terrain around Nga Su Taung village, about 40 kilometres (25 miles) north of Yangon.

We pulled over to answer the call. The other riders were somewhere behind us, and their shouted message wasn’t entirely clear through the radio static. We could only make out a few disjointed words – “elephant”, “hunting” and “come back” among them – which were enough to prompt us to turn around and hightail it out of there.

Turns out the cart had been parked on the path for a reason: It had been intended as a warning against proceeding farther down the trail. A farmer had seen me and Parry fly past on our bikes and had flagged down the following riders to tell them that heavily armed soldiers were tramping through the brush up ahead, hunting a wild elephant that had, over the course of the past few weeks, trampled several villagers to death.

Needless to say, we spent the rest of the day exploring in other directions.

The elephant incident occurred in 2006, when local cyclists had just discovered Nga Su Taung and its environs. Since then, the area’s dirt roads and pathways have been thoroughly explored by mountain bikers, and a handful of safe but challenging routes have been mapped out for riders to follow.

တရုတ် အရှေ့ မြောက် ရေကြီးမှု ၇၆ ဦးသေ ၈၈ ဦး ပျောက်ဆုံး


ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေဘေး ဒုက္ခ ကို တရုတ်ပြည်အရှေ့ မြောက် ဘက်ပိုင်းက Fushun မြို့ တစ်ဝိုက်မှာ အကြီးအကျယ် ခံစား နေရပါတယ်။

အရှေ့ မြောက်ပိုင်း ဒေသ အတော်များများမှာ သြဂုတ်လ ၁၈ ရက်နေ့ကစလို့ မိုး အဆက်မပြတ် ရွာသွန်းမှု ဖြစ်ပေါ်ပြီး ရေလှောင်တမံများပါ ပျက်ဆီး စေခဲ့ပါတယ်။ ဒါကြောင့် Fushan မြို့ တစ်ဝိုက်အပြင်၊ အခြားသော မြို့ များမှာပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဒုက္ခသည် အရေအတွက် ပေါင်း သိန်းချီ ရှိလာစေခဲ့ပါတယ်။

Fushan မြို့ ဝန်းကျင်မှာတင် သေဆုံးသူ အရေအတွက် ၇၆ ဦးအထိ ရှိခဲ့ပြီး ၈၈ ဦးပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ မနက် မှာပဲ ရေဘေးကြောင့် ကွယ်လွန်သွားခဲ့တဲ့ ကယ်ဆယ်ရေး ဝန်ထမ်းနဲ့ ပြည်သူ များကို ဝမ်းနည်းခြင်း အခမ်းအနားကို Fushan မှာ ကျင်းပခဲ့ ပါတယ်။ Fushan မြို့ ဝန်ကိုယ်တိုင် တက်ရောက်ပြီး ပျောက်ဆုံး နေသူများကို အမြန်ဆုံးရှာဖွေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကိုး တိုးမြင့်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
.
Ref:xinhua
ရိုးရာလေး နိုင်ငံတကာ

ပုသိမ်ခရိုင်တွင် သုံးရက်အတွင်း ဘင်္ဂါလီ ၃၀၀ ကျော် ဖမ်းမိ


From : ..the voice


ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲနှင့် ဟိုင်းကြီးမြို့နယ်ခွဲတို့တွင် သုံးရက်အတွင်း နိုင်ငံဖြတ်ကျော် ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး ၃၂၇ ဦးကို ဒေသခံများ သတင်းပေးချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု ဂေါ်ရန်ဂျီကျွန်းနှင့် ကိုက် ၃၀၀ ခန့် အကွာတွင် ပင်လယ်တွင်းမှ ရေကူးကာ ကမ်းခြေသို့ ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၅၃ ဦးကို သြဂုတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံများက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ လိပ်ကျွန်းတွင် ဘင်္ဂါလီလူမျိုး ၂၇၄ ဦး ထပ်မံရောက်ရှိလာသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းဘင်္ဂါလီများမှာ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ စက်လှေဖြင့် ထွက်ခွာလာခြင်းဖြစ်ကာ စက်လှေဝမ်းကွဲ၍ လိပ်ကျွန်း၌ ဆိုက်ကပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ဘင်္ဂါလီလူမျိုး ၃၂၇ ဦး ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အတည်ပြုနိုင်ရေး မေးမြန်းစုံစမ်းသော်လည်း သတင်းထုတ်ပြန်၍ မရသေးကြောင်းသာ ပြန်ကြားသည်။

“စီးပွားရေးလောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သိသင့်သောအခြေခံ အသိအမြင်နှင့်စီးပွားရေးနှင့် ပတ်သက်သော ယူဆချက်များ”

လေ့လာသင်ကြားရေးအတွက် တက်ကြွနေသော အဖွဲ.အစည်းဖြစ်ရေး – ပွင့်လင်းမှု ရှိခြင်း ၊ သင်ယူမှတ်သာလိုခြင်း နှင့် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုခြင်း တွေဟာအောင်မြင်တဲ့ ဦးစီးခေါင်း
ဆောင်တစ်ယောက်ထင်ရှားပေါ်လွင်စေမယ့် အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ အဖွဲ.အစည်းတွင်းမှာလည်းဒီလို အမှတ်အသားလေးတွေတွေ.နေရတယ်။
မိမိတို.တော်ကြောင်း ၊ ကောင်းကြောင်းတွေကို ပြောဆိုနေတတ်တဲ့ အဖွဲ.အစည်းတွေကိုသတိထားပါ။ သူတို.က အပြောစောသူတွေဖြစ်ပါတယ်။ ဒီလိုပါပဲ စီးပွားရေးလောကမှာပဲဖြစ်ဖြစ် ၊နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက် ကျွန်တော်၊ကျွန်မကို ယုံကြည်စိတ်ချစမ်းပါ ပြောလာရင် လူတွေကသိပ်ပြီးယုံလေ့မရှိကြပါဘူး။
လေ့လာသင်ကြားတဲ့ အဖွဲ.အစည်းဖြစ်ဖို. တိုးတက်ချင်စိတ်ရှိရုံနှင့် မလုံလောက်ပါဘူး။ ကျယ်ပြန်.တဲ့ အတွေးသစ်၊ အမြင်သစ်တွေရအောင်လည်း လေ့ကျင့်ပျိုးထောင်ပေးရမယ်။
မိမိတို.ဖြစ်ချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် အရည်အချင်းပိုတိုးလာအောင်ကြိုးစားကြရပါမယ်။

Building a Share Vision - ဒီအကြောင်းအရာကတော့ အများနဲ့ပေါင်းပြီး အနာဂတ်ကိုပုံဖော်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းရဲ့ရလဒ်ကတော့ စိတ်ဓာတ်တက်ကြွဖွယ် အသစ်အဆန်းတီထွင်မှုကို အားပေး
တတ်တယ်။ အောင်မြင်ရေးအတွက်လိုအပ်တာကတော့မိမိရဲ့အတွေးအမြင်သစ်တွေ ကိုလက်တွေ.အကောင်အထည်ဖော်အသုံးချခြင်းပင်ဖြစ်ပါတယ်။

Team Learning – မိမိ အသင်းအဖွဲ.မှာပါဝင်သူများရဲ့ စိတ်ကူး ၊ ဥာဏ်စွမ်းများကိုအသုံးချပြီး လိုချင်တဲ့ ရလဒ် ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ Personal Mastery နဲ့ Shared Vision တို.ကိုအခြေခံထားတာ
ဖြစ်ပါတယ်။ အဖွဲ.အစည်းရဲ့ စွမ်းအားကိုအသုံးပြုပြီး ရလဒ်ကောင်းများရစေရုံမက အဖွဲ.အတွင်းမှ တစ်ဦးတစ်ယောက်ချင်းစီလည်း ကျွမ်းကျင်မှုတွေပိုမို ရရှိလာမှာဖြစ်ပါတယ်။
လက်တွေ.ဆောင်ရွက်ရန်အချက်များ – မိမိရဲ့ လုပ်နေကျထဲ က ဘယ်ဟာတွေကိုဆက်ထိန်းထားမလဲ ။ဘယ်ဟာတွေကိုပြုပြင်လုပ်ဆောင်မလဲဆိုတာဆုံးဖြတ်ပါ။
တစ်နည်းတစ်ဖုံပြောင်းလဲတာဟာ ဈေးကွက်သစ်ရှာချင်တာလား ဒါမှမဟုတ် လက်ရှိဈေးကွက်မှာပဲ ပိုမိုပြီးစိတ်ဝင်စားအောင်လုပ်ချင်တာလားဆိုတာဆုံးဖြတ်ပါ။
တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆိုရင် ဘာကြောင့်လုပ်ချင်တာလဲ ၊ ကိုယ်ရည်ရွယ်တဲ့ဈေးကွက်မှာပေါက်ပါ့မလားဆိုတာအသေအချာစဉ်းစားပါ။
ဈေးကွက်သုတေသနလုပ်ပေးရင် တစ်နည်းတစ်ဖုံလုပ်ကိုင်ရေးအတွက်အကြံဥာဏ် တွေရနိုင်တယ်။လက်ရှိဝန်ဆောင်မှုတွေနဲ့ပတ်သက်လို.လူတွေက ဘာတွေကို မကြိုက်ဖြစ်နေကြတာလည်း၊
သူတို.က ဘယ်လိုဖြစ်စေချင် နေကြတာလဲ ၊ စီးပွားရေးလုပ်ငန်းကို ဘယ်လိုထိခိုက်နိုင် ၊ အကျိုးရှိနိုင်တာတွေ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။
ကျိန်းသေပေါက်အောင်မြင်အောင်ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းနားလည်ဖို့လိုပါတယ်။....

ads.com.mm

Related Posts Plugin for WordPress, Blogger...