Saturday, August 24, 2013

နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ တင်ပို့မှု ကျဆင်းလာ


မြန်မာ့ရော်ဘာ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တင်ပို့မှုပိုင်းမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက် အတွင်း ရော်ဘာအဆင့်စုံ ၁၃၂၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင် တင်ပို့မှုထက် ၁၃၁ တန်ကျော် လျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

သြဂုတ်လ ဒုတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် နယ်စပ်စခန်း၊ ချင်းရွှေဟော် နယ်စပ်စခန်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြိတ် ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာတင် ပို့မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ဒုတိယပတ် အတွင်း နယ်စပ်စခန်း အသီးသီးမှ ရော်ဘာ တင်ပို့မှု အပိုင်းမှာ မူဆယ် ၁ဝ၅ မိုင်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၈၃ တန်ခန့်၊ ချင်းရွှေဟော် နယ်စပ်စခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်း တန်ဖိုး

ရှိ ရော်ဘာ RSS-3 ၆၅၉ တန်ကျော်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်း တန်ဖိုးရှိ RSS-5 ၈၉ တန်ခန့်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၁၄၂ တန်ခန့်နှင့် တာချီလိတ် နယ်စပ် စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၅သန်း တန်ဖိုးရှိ ရော်ဘာသုံး တန်ကျော်၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 တန် ၁ဝဝခန့်နှင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၁၃ တန်ဖိုးရှိ MSR 20 တန် ၅ဝ တို့ကို အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...