Saturday, August 24, 2013

အိပ်ပျော်စေမည့် အေရိုးဗစ် ကစားနည်း




လှေကားထစ်တက် သကဲ့သို့ အနိမ့်အမြင့် အားစိုက်လုပ်ရသော ကိစ္စရပ်များသည် ညဘက်ပိုမို အိပ်ပျော်စေ သည် ဟုဆိုပါသည်။ ဤကိစ္စမျိုးသည် နှလုံးက၇၅ ရာခိုင်နှုန်းထိ အမြင့်ဆုံးအား စိုက်ညှစ်ရသောကြောင့် Isomnia ခေါ်ညအိပ်မပျော်မှု သက်သာစေနိုင်ကြောင်း အီလီနွိုက် Northwestern University က သုတေသနသစ်တွင် အကြံပြုထားပါသည်။သုတေသီများ၏ တွေ့ရှိချက်၌ အင်တိုက်အားတိုက် ချွေးထွက် အောင် လုပ်ကိုင်ရသူများသည် အိပ်စက်မှုစမ်းသပ်ရာ၌ ၄ ဒသမ ၈ မှတ်ရ၏။ (ရမှတ်နည်းလေ ကောင်းစွာ အိပ်စက်ရလေ ဖြစ်သည်။) နှိုင်းယှဉ်ပါက ဖြည်းဖြည်းမှန်မှန်လုပ်ရသူများမှာ ၁ ဒသမ ၈ မှတ်သာသာရ၏ Sleep Disorders Center တက္ကသိုလ် ဒါရိုက်တာ Dr.Phyllis Zee က ဆေးဝါးမသုံးစွဲသူများနှင့် နှိုင်း စာလျှင် Aerobic ကစားခြင်းသည် လူနာများ၏အိပ်ချိန်ကို သိသာစွာ တိုးမြှင့်ပေးသည် ဟုဆိုပါသည်။ သက်လတ်ပိုင်း ၅ဝ ရာခိုင်နှုန်းနှင့် သက်ကြီးပိုင်း အများစုသည် အိပ်မပျော်လက္ခဏာများ ခံစားနေရပါသည်။ Dr.Zee က ''အိပ်စက်ခြင်းဟာ ကျန်းမာရေးကို ဖော်ပြတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက် ကောင်းကောင်း အိပ်မပျော်ရင် ကျန်းမာရေးကို များစွာထိခိုက်ပြီး သွေးတိုး၊ ဆီးချိုဖြစ်တတ်တယ်'' ဟု သူက ဆိုပါသည်။


Swe Son

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...